YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Assassins Guild 2024 720p HEVC WEB-DL [RMC].mp4

1.01 GB 720p video/mp4 16 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alcarràs
6.9

~ IMDb - 7.1/10, RT - 90%, Meta - 85% ~ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Palme d’Or ဟာ အမြင့်ဆုံးဆုဖြစ်သလို ဒီရုပ်ရှင်ဟာ ဘာလင်ရုပ်ရှင်ပွဲတော်ကြီးရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Golden Bear ဆုကို ဆွတ်ခူးထားတဲ့ ရုင်ရှင်ပဲဖြစ်ပါတယ်။ ဒီကားထဲက ထူးခြားမှုတစ်ခုက ဘာလဲဆိုတော့ သရုပ်ဆောင်အစစ်တစ်ယောက်ကလွဲရင် ကျန်တဲ့ ပါဝင်သမျှသရုပ်ဆောင်တွေအားလုံးဟာ အဲဒီရိုက်တဲ့နေရာက ဒေသခံတွေချည်းပဲဖြစ်ပါတယ်။ ဒေသခံမဟုတ်တဲ့ တစ်ဦးတည်းသော သရုပ်ဆောင်ကလည်း ဒါရိုက်တာရဲ့ ညီမဖြစ်သူပဲဖြစ်ပါတယ်။ ကျေးလက်ဒေသနဲ့ ခြံသမားတွေအပေါ် ဇာတ်လမ်းတည်ထားတာဖြစ်တဲ့အလျောက် သရုပ်ဆောင်မဟုတ်သူ (Non-Actors) တွေကို သုံးထားတာက တကယ့်ကို လက်တွေ့ဆန်စေပြီး ရုပ်ရှင်ဆိုတာကို မေ့သွားစေပါတယ်။ သရုပ်ဆောင်မဟုတ်လို့ဆိုပြီး သဘာဝမကျ တောင့်တောင့်ကြီးတွေ ဖြစ်နေမယ်လို့တော့ မထင်လိုက်ပါနဲ့၊ ဘာလို့ဆို Best New Actor/Actress အတွက် Nomination တွေ အများကြီး ဝင်ခဲ့သေးတာမို့လို့ပါ။ ဇာတ်လမ်းအကြောင်းကို သွားရမယ်ဆိုရင်တော့ အဘိုးဖြစ်သူလက်ထက်ကတည်းက မက်မွန်ခြံစိုက်ပြီး အသက်မွေးလာခဲ့တဲ့ မိသားစုကြီးတစ်စုဟာ မြေပိုင်ရှင်အသစ်ဖြစ်လာသူက တစ်ရက်မှာ ဖယ်ခိုင်းလာပါတယ်။ စာချုပ်စာတမ်းမရှိခဲ့ဘဲ လက်ရှိမြေပိုင်ရှင်ရဲ့ အဘိုးတို့ အဖေတို့ ခေတ်အဆက်ဆက်က နှုတ်ကတိစကားနဲ့ ပေးစိုက်လာခဲ့တဲ့ မြေဖြစ်တာကြောင့် ပိုင်ဆိုင်မှုသက်သေမရှိဘဲ အခက်ကြုံရတဲ့ အနေအထားဖြစ်လာပါတယ်။ ခေတ်စနစ်၊ လူတန်းစား၊ ဓလေ့ထုံးစံ၊ သဘာဝတရား၊ မိသားစုရေးရာ... ဒါတွေအပြင်ကို ကျေးလက်လူမှုဘဝမှာ လိုအပ်နေတဲ့ ခွန်အားကို သိမ်သိမ်မွေ့မွေ့ပုံဖော်ထားတဲ့ နွေးထွေးကြည်နူးစရာကောင်းသလောက် ဝမ်းနည်းခံပြင်းဖို့လည်းကောင်းတဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 850MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Drama • Thriller
6.9 2022 120 mins
Alcarràs
Bones and All
7.2

Call Me by Your Name ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Luca Guadagnino ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်မှာလည်း တင်မိုးသီးကိုပဲ ပြန်သုံးထားပါတယ်။ လူငယ်ဒရာမာကိုမှ ဟော်ရာနဲ့ သွေးသံရဲရဲတွေထည့်သွင်းထားတဲ့အပြင် လူသားစားတဲ့ဇာတ်လမ်းဖြစ်လို့ အသည်းငယ်သူတွေမကြည့်သင့်သလို မိသားစုနဲ့မကြည့်သင့်တာတွေလည်းပါဝင်နေပါတယ်။ မူရင်းစာအုပ်တုန်းက နာမည်ကျော်ခဲ့သလို အခုရုပ်ရှင်မှာလည်း စာအုပ်ထဲကဇာတ်လမ်းကိုအနည်းငယ်သာပြောင်းပြီး ရိုက်ကူးထားခဲ့တာပါပဲ။ ဇာတ်ပို့အနေနဲ့လည်း Bridge of Spies နဲ့ အော်စကာရခဲ့တဲ့ မင်းသားကြီး Mark Rylance ပါဝင်ထားပါသေးတယ်။ လူငယ်တွေရဲ့ လူ့အသိုင်းအဝိုင်းနဲ့ဝင်မဆန့်ပုံတွေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရတာတွေရှာဖွေရတာတွေကို နိမိတ်ပုံအနေနဲ့ ဒီလူသားစားစုံတွဲကို ကြောက်စရာ အချစ်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးပြထားတာမျိုးပဲဖြစ်ပါတယ်။ ရသမျိုးစုံခံစားရတာကလွဲရင် ဘာမှတော့ ပညာယူစရာ ဗဟုသုတယူစရာမပေးပါဘူး။ ဖီးချင်ရာဖီးဖို့သက်သက်ပဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲမှာ သူတို့ကိုယ်သူတို့ Eater လို့ ခေါ်ပါတယ်။ စားသူပေါ့။ ဒါကို ပါဠိလို အဒ လို့ပဲ ပြန်ပေးထားပါတယ်။ ပေါရိသာဒဆို (ပုရိသ-ယောက်ျား၊ အဒ-စားသူ ပေါင်းထားသလိုပေါ့) File size…1.85GB  / 895MB Quality…1080p WEB RIP / 720p  Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Mr Anderson

Drama • Romance
7.2 2022 131 mins
Bones and All
Maneater
4.6

လက်ထပ်ပွဲပျက်ထားတဲ့ ဂျက်စီနဲ့ သူမကို နှစ်သိမ့်ပျော်ရွှင်စေချင်တဲ့ သူငယ်ချင်းတစ်သိုက်ဟာ ကမ်းခြေကို ဟန်းနီးမွန်းအစား အဖွဲ့လိုက် ခရီးထွက်လာကြပါတယ်။ သူတို့မသိထားတာကတော့ ကမ်းခြေမှာ လွန်ခဲ့တဲ့တစ်ပတ်က ငါးမန်း ကိုက်ခံရလို့ မိန်းကလေးတစ်ယောက် ‌သေထားရတာကိုပါ။ ကျွန်းရဲ့အာဏာပိုင်တွေကလည်း ဒီအရေးကိစ္စကို အရေးမကြီးသလို ထားပြီး ဖြေရှင်းရှာဖွေရှင်းလင်းတာတွေလည်း မလုပ်ထားခဲ့ပါဘူး။ အာ့လို မဖြေရှင်းပေးကြတော့ သေဆုံးသူမိန်းကလေးရဲ့ဖခင်ဖြစ်သူ ဝါရင့်မာလိန် မှူးကြီးက သူ့ရဲ့ သမီးအတွက် လက်စားချေချင်နေသူပါ။ ဂျက်စီတို့သူငယ်ချင်းတစ်သိုက်ရဲ့ ပေါ့ပါးလွတ်လပ်နေရမဲ့ အပန်းဖြေခရီး ကလည်း ထင်သလိုဖြစ်မလာတဲ့အခါ . မာလိန်မှုးကြီးနဲ့ ပေါင်းစည်းပြီး ပြန်လည်ကလဲ့စားချေတာကိုတွေ့မြင်ရမှာပါ။ တစ်ဖက်မှာလည်း ငါးမန်းကားတို့ရဲ့ထုံးစံအတိုင်း သွေးသံတရဲရဲနဲ့  သဝာ် ဖြတ်မှုတွေပါရှိတာမလို့ ဘယ်သူကရှင်ကျန်သူဖြစ်မလဲ။ ခွန်အားကြီးမားတဲ့ ငါးမန်းက အနိုင်ရရှိသူဖြစ်မလား၊ ဉာဏ်ပညာရှိတဲ့ လူသားတွေကပဲ ဒီငါးမန်းကို လက်စတုံးပစ်နိုင်မလား ရင်ဖိုဖိုနဲ့ ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ NaNa Yuni ဖြစ်ပါတယ်) File Size..........(1.69 GB) / (900 MB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, Thriller Translator.......NaNa Yuni Encoder..........SWM

Thriller
4.6 2022 86 mins
Maneater
Renoir
6.4

အဆိုပါရုပ်ရှင်သည် အမြင်အာရုံတွင် စွဲမက်ဖွယ်ကောင်းပြီး စိတ်ခံစားမှုများကို လှုံ့ဆော်ပေးသည့်ရုပ်ရှင်မျိုးဖြစ်ပါတယ်။ French Riviera ၌ဇာတ်အိမ်တည်ထားသောရုပ်ရှင်၏ ဇာတ်ကြောင်းကား Impressionist ပန်းချီဆရာ Pierre-Auguste Renoir ရဲ့ နောက်ဆုံးနှစ်များ၏ အနှစ်သာရကို လှပစွာဖမ်းယူရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ Gilles Bourdos သည် အချစ်၊ အနုပညာနှင့် ခေတ်အပြောင်းအလဲများကြားတွင် ကွဲအက်နေသော မိသားစုတစ်ခု၏ ပြင်းထန်သောပုံတူပန်းချီကိုရေးဆွဲထားသည့်နှယ်ရိုက်ကူးပုံဖော်ထားပါတယ်။ လှပတဲ့ ကင်မရာရိုက်ချက်များအားအသုံးပြုကာ Renoir ၏ အနုပညာစတိုင်ကို ပဲ့တင်ထပ်စေမယ့် ဇာတ်ဝင်ခန်းများကို ရုပ်ရှင်ထဲ၌ ပြန်လည်တည်ဆောက်ဖန်တီးပြခဲ့ပါတယ်။ စိမ်းလန်းစိုပြေသောရှုခင်းများ၊ နေရောင်ဖျော့ဖျော့နှင့် တောက်ပလှသော အရောင်များသည် ရူနွာ ၏ ကမ္ဘာပေါ်ရှိ ပရိသတ်များကို ဖမ်းစားထားသည်များဖြစ်ပါတယ်။ ရုပ်ရှင်၏ အသေးစိတ်နှင့် အချိန်တိကျမှုအပေါ် အာရုံစူးစိုက်မှုသည် ကြည့်ရှုသူများကို အနုပညာနှင့် သဘာဝ ချောမွေ့စွာ ပေါင်းစပ်ထားသည့် 20ရာစုအစောပိုင်းသို့ ပြန်လည်ပို့ဆောင်ပေးသကဲ့သို့ဖြစ်နေပါတော့တယ်။ ရုပ်ရှင်ရဲ့အဓိကဆွဲဆောင်ထားတဲ့အချက်က လူမှုဆက်ဆံရေးအား သိမ်မွေ့စွာရှာဖွေဖော်ထုတ်တာပဲဖြစ်ပါတယ်။ Renoir တစ်ယောက် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုကို တွန်းလှန်ရင်း၊ သူ၏ အနုပညာဝါသနာဟာလည်း မယိမ်းယိုင်သွားဘဲ ဆက်လက်တည်နေပြီး၊ နောက်ပိုင်းတွင် နာမည်ကြီးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်လာမည့် သားဖြစ်သူဂျွန်၏ ငယ်ရွယ်နုပျိုသောစွမ်းအင်နှင့်လည်း လှပစွာ ဆန့်ကျင်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အဖေနှင့်သား အကြား နူးညံ့သော ဆက်သွယ်မှုကို သိမ်မွေ့စွာ သရုပ်ဖော်ထားပြီး ၎င်းတို့၏ ဘဝအပေါ် နက်နဲသော အနုပညာ၏ လွှမ်းမိုးမှုများအား တစေ့တစောင်း ပြသထားပါတယ်။ Renoir ရုပ်ရှင်သည် စိတ်ကူးယဉ်ဆန်ပြီး ကဗျာဆန်သော ခရီးတစ်ခု၊ အနုပညာအမွေနှင့် ဘဝများကို ပုံဖော်ပေးသည့် ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။

Comedy • Drama • Science Fiction
6.4 2012 111 mins
Renoir
I Met a Girl
6.4

ကိုယ့်စိတ်ကိုယ်တောင် အနိုင်နိုင် ထိန်းနေရတဲ့ကြားထဲကနေ မိုင်ပေါင်း ၂၄၀၀ ကျော် ခရီးကြမ်း ဖြတ်သန်းပြီး ချစ်တဲ့လူကို သွားတွေ့မယ့် ဂေါက်သီးလေးတစ်ယောက်အကြောင်းပေါ့။ ဟုတ်ပါတယ် မင်းသားက ဂေါက်သီးလေးပါ စိတ်ကစဉ့်ကလျား ရောဂါကို ငယ်စဉ်ကတည်းက ခံစားနေရပြီး သူ့ ခေါင်းထဲမှာ လူ ၂ ယောက် လာလာ စကားပြောနေကြပါတယ် တစ်ယောက်က မစ္စတာရော့ကတ်ဖြစ်ပြီး သဘောကောင်းတဲ့ စူပါဟီးရိုးကြီးပါ လမ်းကောင်းကိုသာ ညွန်ပေးပါတယ် နောက်တစ်ယောက်ကတော့ မစ္စနီဒယ်ဆိုတဲ့ ကြောက်စရာဘွားတော်ကြီးပါ သူကတော့ ဆန့်ကျင်ဖက်ဖြစ်ပြီး မကောင်းတာတွေပြော စိတ်ဓာတ်ကျ အောင်လုပ်ပြီး သေဖို့အထိပါ တိုက်တွန်းတတ်သူပါ။ ဒါပေမဲ့ ရောဂါအခြေအနေက အရမ်းမဆိုးတဲ့အတွက် ဆေးလေးပဲ သောက်ရင် နေလို့ရတယ်ပေါ့လေ ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်တယ်ပေါ့။ အဲဒီလိုပြောလို့လည်း မရပြန်တာက အစ်ကို့ မင်္ဂလာဆောင်မှာ အချစ်တွေပေးချင်တယ်ဆိုပြီး ပုလင်းကွဲနဲ့ ရင်ဘတ်ကို ထိုးပစ်တာတို့ အလုပ်လုပ်နေတဲ့ အိမ်မွေးတိရစ္တာန်ဆိုင်က ငှက်လေးကို နှိပ်စက်နေ ကြပါတယ်ဆိုပြီး လွှတ်ပေးပစ်တာတို့တွေလည်း ရှိတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ အဆုံးစီရင်ဖို့ထိ တွေးမိသွားပြီး သေကြောင်းကြံ လိုက်တဲ့အခါမှာတော့ ထူးခြားစွာနဲ့ လူစီ ဆိုတဲ့ မိန်းကလေးတစ်ယောက် ပေါ်လာပြီး သူ့ကို ကယ်တင်ပေးသွားပါတယ်။ သူ့ဘဝကို ပြောင်းလဲ ပေးသွားတယ် သူနဲ့ ရှိနေရတာကို ပျော်ရွှင်လာတယ် နောက်ဆုံး သူ ချစ်မိသွားတယ် ဒါတောင် တစ်ရက် တစ်ညပဲ တူတူ ရှိလိုက်ကြတာနော် ဒါပေမဲ့ မနက်နိုးလာတော့ကြ ကောင်မလေးဟာ မရှိတော့ပဲ ပျောက်ဆုံး သွားတော့ လိုက်ရှာဖို့ ကြုံဆုံလာပါတော့တယ်… စိတ်ကျန်းမာရေး မကောင်းတဲ့လူ ဖြစ်နေတဲ့အတွက် ဒီကောင်မလေးဟာ တကယ်ရော ရှိရဲ့လား စိတ်ကနေ ထင်နေတာလားဆိုတာတော့ ဆက်လက်ပြီး ခံစားကြည့်လိုက်ကြပါ။ မင်းသားနေရာက Pirate of the Carribean ရေသူမကားတို့ Gods of Egypt တို့မှာ ပါဝင်ထားပြီး Titan စီးရီးမှာ Nightwing နေရာက သရုပ်ဆောင်ထားတဲ့ သြစတြီးယားမင်းသားချော Brenton Thwaites ဖြစ်ပြီး မင်းသမီးကတော့ မကြာခင်ထွက်ထားတဲ့ Evil Dead နောက်ဆုံး ကားထဲမှာ သရဲမကြီး ညီမနေရာက သရုပ်ဆောင်ထားတဲ့ Lily Sullivan ဖြစ်ပါတယ်။ ဇာတ်ရုပ်က အနုပညာ ဂီတသမားဆိုတော့ ဇာတ်ကားထဲမှာ ပါဝင်တဲ့ သီချင်းလေးတွေကလည်း တော်တော်ကောင်းတာကို တွေ့ရမှာပါ။ ဘယ်လောက်ပဲ စိတ်ကျန်းမာရေး မပြည့်စေကာမူ အချစ်ဆိုတာ လူမရွေးပါဘူးဆိုတာလေးကို မီးမောင်းထိုးပြသွားတဲ့ အချစ်နဲ့ ဒရမ်မာကားလေး ဖြစ်ပါတယ်။ မင်းသားရဲ့ အစ်ကိုကြီး သံယောဇဉ် မေတ္တာတရားကိုလည်း ဖော်ပြထားတာ တော်တော်ကောင်းပါတယ်။

Drama • Romance • TV Movie • Thriller
6.4 2020 108 mins
I Met a Girl
Dragged Across Concrete
6.6

သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားတွေကို ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက် ၂၀၁၈ခုနှစ်ထွက် Dragged Across Concrete ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်… IMDb -7.3/10 နဲ့ Rottem tomatoes 73 တောင်ရရှိထားပြီး ရင်တမမနဲ့ တကယ်မိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ရစ်ဂျမန်းနဲ့ အန်သနီဆိုတဲ့ ရဲအရာရှိနှစ်ယောက်တို့ဟာ တရားခံဖမ်းတဲ့နေရာမှာ ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့တာတွေကို အရပ်သားတစ်ဦးက ဗီဒီယိုရိုက်ယူခဲ့အပြီးမှာတော့ တီဗီသတင်းထဲအထိ ဟိုးလေးတကြော်ကြော်ဖြစ်ပြီး အလုပ်ကနေ လစာမဲ့ လေးပတ် ခေတ္တရပ်စဲခံရပါတယ်။ စုံထောက်ရစ်ဂျမန်းဟာ နောက်လမှာ အသက် ၆၀ပြည့်ပင်စင်ယူရတော့မှာဖြစ်ပြီး ပင်စင်ယူချိန်ရောက်ရင် နေမကောင်းတဲ့ ဇနီးနဲ့ ဆယ်ကျော်သက်သမီးလေးကို ထောက်ပံ့ဖို့ ငွေရေးကြေးရေး အခက်အခဲရှိနေသူပါ။ အန်သနီကလည်းမကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သူ့ရှေ့ရေးအတွက် နဲ့ ရည်းစားကို ရွှေပေါ်မြတင်ထားချင်သူအနေနဲ့ သူကလည်း ပိုက်ဆံတစ်နည်းနည်းနဲ့ လိုအပ်နေပါတယ်။ ပိုက်ဆံလိုနေကြတဲ့ အလုပ်လက်မဲ့ ရဲစုံထောက်နှစ်ယောက်ဟာ တစ်နေ့မှာ မသင်္ကာတဲ့ ကားတစ်စီးနောက်ကိုလိုက်ရင်း ရာဇဝတ်မှုတစ်ခုထဲ ခုန်ဆင်းလျက်သားဖြစ်နေပါတော့တယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (1.20 GB) and (550 MB) Quality : WEB-DL 720p Running Time : 2h 39min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-CMRG Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
6.6 2018 159 mins
Dragged Across Concrete
Theri
7.3

Theri (2016) “အတိတ်က မီးခိုးငွေ့အမျှင်တန်း” IMDb 7.3 မင်းသား ဗီဂျေးရဲ့ ၂၀၁၆ က ထွက်ရှိခဲ့တဲ့ ကြမ်းကြမ်းရမ်းရမ်း ကားဟောင်းလေးကို တက်ဆက်ပေးလိုက်ပါတယ်… ဗီဂျေးရဲ့ ရုပ်ရှင်ဆိုတဲ့အတိုင်း ကြမ်းပေ့ဆိုတဲ့ တမီလ်း action/thriller ဖြစ်ပြီး ရုံတင်ငွေ ၂ ဆ ပြန်လည် ရရှိရုံသာမက အခုဆိုရင် တီဗီချန်နယ်တွေက ပြန်လည်ပြသမှုကြောင့် ဗီဂျေးရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုအဖြစ် နာမည်ရနေပြီပဲ ဖြစ်ပါတယ်… လတ်တလော ထွက်ရှိထားတဲ့ ဗီဂျေးရဲ့ Leo ကို ကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့်လိုက်ကြပါ ဇာတ်လမ်းအကျဥ်းကတော့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပေါင်မုန့်ဖုတ်ပြီး ဖြတ်သန်းနေတဲ့ ရိုးသားကြိုးစားဖိုးသခွား ဂျိုးဆပ်ကူရူဗီလာဆိုသူတစ်ယောက် သမီးငယ်လေး နီဗီနဲ့ နေ့တိုင်း အတူသွား အတူလာ ကျောင်းပို့ကျောင်းကြိုနဲ့ ပျော်ရွှင်နေလျက်ရှိပါတယ်… နီဗီ့ရဲ့ ဆရာမချောချော အန်နီကလည်း ဂျိုးဆပ်ကို အထာတွေ ပေးလို့ သာယာနေတဲ့ သူတို့ရဲ့ ဘဝလေးမှာ တစ်နေ့မှာတော့ လူမိုက်တစ်စုရဲ့ နှောင့်ယှက်မှုကို ကြုံရပါတယ်… ရဲစခန်းမှာ ဆရာမက တိုင်ချက်ဖွင့်တော့ ရဲစခန်းမှာ လက်မှတ်ထိုးဖို့ လိုလာတဲ့အခါမှာ ဂျိုးဆပ်တစ်ယောက် မလုံမလဲတွေဖြစ်နေပါတော့တယ်… ဒါကို ရိပ်မိသွားတဲ့ အန်နီက ဂျိုးဆပ်တစ်ယောက် အတိတ်မှာ ရဲမှူးတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာကို သိသွားခဲ့ပြီး အန်နီ့ကို ဖြစ်ကြောင်းကုန်စင်ပြောပြရပါတော့တယ် တချိန်က သောက်ကြမ်းကြီးတစ်ယောက် ဘာဖြစ်လို့ လူမသိသူမသိ ဇာတ်မြှုပ်ပေါင်မုန့်ဖုတ်နေရသလဲ နိုင်ငံရေးသမားတွေနဲ့ အထိ ပတ်သက်နေခဲ့ပြီး ရန်ငြိုးတစ်ချို့ရဲ့ ရိုက်ခတ်မှုက အန်နီလေးရဲ့ အမေ့ကိုပါ ထိခိုက်ရတဲ့အထိ ဘယ်လိုများ ရှုပ်ထွေးခဲ့သလဲ ကိုယ်က ဘယ်လောက်ပဲ ကင်းအောင်နေနေ တချိန်က ရန်ငြှိုးတွေက မီးခိုးကြွက်လျှောက်သလို ပါလာနေသေးတဲ့အခါမှာ ဂျိုးဆပ်တစ်ယောက် သူ့သမီးကို အန္တရာယ်တွေကြားက ဘယ်လိုကာကွယ်မလဲ ချစ်ခြင်းတရား ဒေါသ နဲ့ ကလဲ့စားချေခြင်းဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဘယ်လို အကွဲကွဲအပြဲပြဲ ဖြစ်ခဲ့ကြမှာလဲ ဆိုတာကတော့… အက်ရှင်ပြကွက် ကြမ်းကြမ်းနဲ့ ဒီရုပ်ရှင်မှာ ဆက်လက်ရှုစားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Saii ~ Yunni ~ ToMo ~ KKKZ တို့ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.3 2016 157 mins
Theri
RedLife
6.9

Redlife 2023 အညွှန်း ‌ဒီတစ်ခေါက်မှာတော့ Hormones S2 S3 မှာ စပြီးပါဝင်ခဲ့ပြီး၊ My Ambulance၊ Mind Game ထဲက မင်းသား Bank Thiti Mahayotaruk နဲ့ BNK48 ရဲ့ 2nd Generation မန်ဘာဟောင်း, Queendom Puzzle မှာတုန်းက တစ်ဦးတည်းသော ထိုင်းမန်ဘာအဖြစ်ပါဝင်ခဲ့တဲ့ Fye တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားလေးကတော့ ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစားဘ၀ကနေ ရုန်းထွက်ကြမယ့် လူငယ်နှစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေက နှစ်ပိုင်းခွဲကြည့်ရပါလိမ့်မယ်။ မဟုတ်ရင် အစပိုင်းမှာ လည်ထွက်နေမှာပါ။ Ter (Bank) ကြိုက်နေတဲ့ကောင်မလေးကတော့ ပြည့်တန်ဆာ တစ်ယောက်ပါ။ Ter ကိုယ်တိုင်ကလည်း သူခိုးတစ်ယောက်ဆိုတော့ Mild အတွက် တင့်တောင့်တင့်တယ်မထားနိုင်တဲ့အပြင် ကောင်မလေးအဲလိုလုပ်နေတာကိုပါ မြင်တွေ့နေရတာပါ။ ‘Ter က Mild ကိုလက်ထပ်ချင်တဲ့အတွက် သူ့အနေနဲ့ Mild ကို အဲလိုဘဝကနေ ရုံးထွက်ရအောင် ကြိုးစားရပါတော့တယ်။ တစ်ဖက်ကဇာတ်လမ်းကလည်း ဆင်တူပါပဲ။ မတူတာကဘာလဲဆိုတော့ Som ကို သူ့အမေက ပြည့်တန်ဆာလုပ် ပိုက်ဆံရှာပြီးကျောင်းထားပေးနေတာပါ။ အဲလိုလုပ်နေတာကို Som ကမကြိုက်တဲ့အပြင် ကျောင်းမှာလည်း ဆင်းရဲလို့ သူ့ကိုအပေါင်းအသင်းမလုပ်ကြပါဘူး။ အဲလိုနဲ့ တစ်နေ့ သူ့ကိုဂရုစိုက်တဲ့သူ Peach (Fye) ပေါ်လာပါတော့တယ်။ အဲလိုနဲ့ သူ့ရဲ့ဘဝကြီးက သာယာသွားမလား သူ့အမေရဲ့ အရိပ်မည်းကြီးအောက်က ရုန်းထွက်နိုင်မလား။ ရုန်းထွက်ချင်တဲ့ လူငယ်နှစ်ယောက် Ter နဲ့ Som နှစ်ယောက်တို့ရဲ့ ဇာတ်လမ်းက ဘယ်တွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်ကား၏ အပြုအမူနှင့် အပြောအဆိုများသည် အရမ်းကြမ်းတမ်းလွန်းပြီး ဝတ်စလစ်ခန်းများ ပါဝင်သောကြောင့် မိသားစုနဲ့ ကြည့်ရှုရန် မသင့်တော်ပါကြောင်း) အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1.3GB | 574MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

Drama • Thriller
6.9 2023
RedLife
Dragonfly
6.1

Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့ အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာ သူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့ ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကို ပြန်လာခဲ့ပါတယ်။ တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့ အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါ လိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကို ကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။ အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ “အမ်မလီရဲ့ ဂျိုး” လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီး ဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ နှလုံးရပ်သွားပြီးတဲ့နောက် ဟိုဘက်ခြမ်းမှာ အလင်းရောင်တစ်ခု၊ ဂျိုးရဲ့ ဓာတ်ပုံကိုပြနေတဲ့ အမျိုးသမီးတစ်ယောက်၊ သက်တံ့ရဲ့အဆုံးမှာ ကြက်ခြေခတ်ပုံကို တွေ့ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ခဏအကြာမှာတော့ နောက်ကလေးတစ်ယောက်ရဲ့ အခန်းမှာလည်း ကြက်ခြေခတ်ပုံတွေ တွေ့ခဲ့ပြီး ဂျိုးကို ချက်ချင်းမှတ်မိကာ “သက်တံ့ဆီကို သွားရမယ်” လို့လည်း ပြောခဲ့ပါတယ်။ အိမ်မှာလည်းပဲ ဇနီးသည်ရဲ့ အမှတ်အသားလို ဖြစ်နေတဲ့ “ပုစဉ်း”နဲ့ ပတ်သက်ပြီး အရိပ်အယောင်တွေ၊ နိမိတ်တွေ ကြုံတွေ့ခဲ့ရပြန်ပါတယ်။ ထူးခြားဆန်းကြယ်မှုတွေ အလုပ်မှာရော၊ အိမ်မှာပါ ဆက်တိုက်ကြုံတွေ့ပြီးတဲ့ နောက်မှာတော့ ဂျိုးအနေနဲ့ သိပ္ပံနည်းကျ ဖြေရှင်းလို့မရတဲ့ ဒီပြဿနာကို ဆေးရုံမှာ ကလေးငယ်တွေကို သေရွာပြန်အတွေ့အကြုံတွေအကြောင်း အင်တာဗျူးခဲ့ဖူးသူ စစ္စတာမက်ဒဲလိုင်းဆီကို အဖြေတစ်ခု ရှာဖွေဖို့ မရမက တွေ့ဆုံခဲ့ပါတယ်။ စစ္စတာမက်ဒဲလိုင်းကတော့ အမ်မလီအနေနဲ့ ဂျိုးကို တခြားဘက်က ဆက်သွယ်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ နောက်ဆုံး ဦးနှောက်သေနေတဲ့ လူနာတစ်ယောက်ဆီက သူ့ဇနီးရဲ့ ခေါ်သံကို ကြားရပြီး ဆေးရုံမှာ အုတ်အော်သောင်းတင်း အခြေအနေတစ်ခု ဖြစ်ပွားခဲ့ပြီးချိန်မှာတော့ ဂျိုးအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ မဖြစ်နိုင်တော့ဘဲ အလောင်းလုံးဝရှာမတွေ့နိုင်တဲ့ သူ့ဇနီးရဲ့မတော်တဆဖြစ်ရပ်ကို အသေးစိတ်စုံစမ်းဖို့ သူ့မိန်းမ သေဆုံးခဲ့ရာ တောင်အမေရိကနယ်မြေကို ခရီးဆက်ခဲ့ပါတယ်။ မသိခြင်းများစွာကနေတစ်ဆင့် ပဟေဠိတစ်ခုကို အဖြေညှိရှာဖွေနိုင်မလားဆိုတာကို လျှို့ဝှက်ဆန်းကြယ်ကြိုက် ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.2 GB / 809 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.1 2002
Dragonfly
The Little Comedian
6.8

The Little Comedian (2010) IMDb Rating (6.8) 2010 တုန်းက ထုတ်လွှင့်ခဲ့တဲ့ GDH Production ရဲ့ ဒီရုပ်ရှင်က Rating မြင့် Quality Product ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအစမှာ *တော့*က သူတို့မျိုးရိုးစဉ်ဆက် လူရွှင်တော်လုပ်ကိုင်ခဲ့တဲ့ကြောင်းနဲ့ သူ့ဘဝဇာတ်ကြောင်းကို ပြောပြထားပါတယ်။ အသက် ၁၂နှစ်အရွယ် *တော့*ဟာ လူရွှင်တော်မျိုးရိုးကဖြစ်ပေမယ့် မည်သူ့ကိုမှ ရယ်အောင်မလုပ်နိုင်သူဖြစ်တဲ့အတွက်လည်း အားငယ်နေသူလည်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူကဲ့သို့ လူရွှင်တော်ဖြစ်ချင်ရှာသူ *တော့* တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ ဝက်ခြံပေါက်လာမှုအကြောင်းပြုပြီး အရေပြားအထူးကုဆရာဝန်လေးမချောချောလေးနဲ့ ဆုံတွေ့ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဆရာမချောချောလေးက သူပြောတဲ့ ဟာသအပေါ်မှာ သဘောကျပြီး ပြုံးရယ်ခဲ့တဲ့အတွက် ဟာသတွေ လုပ်နိုင်ဖို့ ပိုကြိုးစားပါတော့တယ်။ သူ့အပေါ် စာနာနားလည်ပေးတဲ့ အသက်အရွယ်ကွာခြားလွန်းတဲ့ ဆရာဝန်မလေးအပေါ် *တော့*တစ်ယောက် တွယ်တာမိသွားပါတယ်။ ဒီလိုနဲ့ ဆရာဝန်မလေးရဲ့စိတ်ဝင်စားမှုရအောင် သူ မတတ်စွမ်းတဲ့ ဟာသတွေနဲ့ကြိုးစားလုပ်ရင်း ချဉ်းကပ်ခဲ့ပါတယ်။ မနူးမနပ်အရွယ် အချစ်ကို မြည်းစမ်းချင်မိတဲ့သူ *တော့* ဖခင်ရဲ့ချစ်ခင်ဦးစားပေးမှုကို လိုချင်နေရှာတဲ့ *တော့* ချစ်ရသူတွေအတွက် မဆုတ်မနစ်ကြိုးစားတတ်တဲ့ *တော့* မိသားစု၊ သံယောဇဉ်၊ တွယ်တာမှုနဲ့ ဟာသသရုပ်ဖော်တင်ဆက်မှုတွေပါ ပေါင်းစုံပါဝင်နေပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီးလူကြိုက်များတဲ့သရုပ်ဆောင်များအပြင် တက်သစ်စ ကလေးငယ်လေးများရဲ့ အံ့မခန်းသရုပ်ဆောင်နိုင်မှုတွေပါ ကြည့်ရှုခံစားနိုင်မှာဖြစ်မှာတယ်.. (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Dao Phyo မှ တင်ဆက်ထားပါတယ်) File size…(1.4 GB) / (3.8 GB ) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:07:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dao Phyo

Comedy • Drama • Music
6.8 2010
The Little Comedian
[18+] Mama’s Boy

Mama’s Boy (2024) ဂလင်က အဘွားဖြစ်သူနဲ့အတူကြီးပြင်းခဲ့တဲ့ မိတဆိုးသားတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက အဝေးမှာအလုပ်သွားလုပ်နေခဲ့ပါတယ်။ အခုချိန်မှာတော့ ဖခင်ဖြစ်သူပြန်ရောက်လာခဲ့ပြီး သူနဲ့မတိမ်းမယိမ်း ဇနီးလောင်းတစ်ယောက်ကိုပါ ခေါ်လာတဲ့အခါမှာတော့ ဂလင်ဒေါသတွေပေါက်ကွဲခဲ့ပါတယ်။ ဂလင်က သူ့မိခင်ဖြစ်သူရဲ့သေဆုံးမှုဟာ သူ့အဖေကြောင့်လို့စွဲမှတ်ထားခဲ့တာပါ။ သူ့မိထွေးလောင်းဟာတစ်ယောက်တည်းမဟုတ်ပဲ ညီမဖြစ်သူကိုပါခေါ်တင်လာမှာကိုသိလိုက်ရတဲ့နောက်တော့ သူအမုန်းကြီးမုန်းနေတဲ့ ဖခင်ကိုဒုက္ခပေးဖို့မကြံကောင်းမစည်ရာအကြံတစ်ခုကို ဂလင် ကြံစည်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (510 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:17:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Drama • Thriller • Horror
0 2024
[18+] Mama’s Boy
The Buildout
5

သဲကန္တာရတွေထဲမှာ သီးသန့်နေထိုင်ပြီး အခြေချဖို့ကြိုးစားနေတဲ့ ခရစ်ယာန်ဂိုဏ်းအဖွဲ့တစ်ခုရှိတယ်။ ဒေလန် ဟာ အဆိုပါ ခရစ်ယာန်ဂိုဏ်းရဲ့ အဖွဲ့ဝင် တစ်ယောက်ပေါ့။ ဒေလန် နဲ့ ကမ်မရွန်တို့ဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။ ကမ်မရွန်ရဲ့ အစ်မဖြစ်သူ ဒါကိုတာ ဟာ ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ဒါကိုတာ ရဲ့ ဆုံးပါးမှုကြောင့် ဒေလန် ရော ကမ်မရွန်ရောဟာ ပူဆွေးသောကရောက် နေခဲ့ကြတာပါ။ ဒီလိုနဲ့ ဒေလန်တစ်ယောက်လည်း သဲကန္တာရထဲမှာ သီးသန့် နေထိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ နောက်ဆုံးအကြိမ်အဖြစ် ကမ်မရွန်ဖြစ်သူဟာ သူငယ်ချင်းဒေလန်ကို လိုက်ပို့ခဲ့ပါတယ်။ ဒီ ရုပ်ရှင်လေးကတော့ ဇာတ်ကားတစ်ကားလုံးကိုပေါ့ပေါ့ ပါးပါးလေးပဲတင်ဆက်ထားပြီး စွန့်စားခန်းခရီးကို အတူတူ ထွက်လာကြတဲ့ သူငယ်ချင်းနှစ်ယောက်နေရာကနေ ခံစား ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပါ။ သူငယ်ချင်းနှစ်ယောက် ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လို စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြရအောင်။ File size… (945 MB) / (483 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 10m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

TV Movie • Comedy • Romance
5 2024 75 mins
The Buildout
Crazxy
5.3

Crazxy(2025) “အတိတ်ရဲ့အရိပ်” IMDb – 7.3/10 ဒီရုံတင်ကားကတော့ ခွဲစိတ်ဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာအဘီမန်ယူရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပေါ့ ရုံတင်ငွေအနေနဲ့လည်း ၁၅ကုဋေ ပြန်ရထားပါတယ် ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့ သမီးဖြစ်သူ ဉာဏ်ရည်မမီဘဲမွေးဖွားလာမှာမို့ မလိုချင်တဲ့ထိဖြစ်ပြီး ဇနီးဖြစ်သူနဲ့ပါ ကွာရှင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ကားမောင်းနေရင်းက သမီးဖြစ်သူကို ပြန်ပေးဆွဲထားတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့တယ်။ သမီးနဲ့ဇနီးပေါ်မှာ သံယောဇဉ်သိပ်မရှိသူမို့ နောက်ပြောင်ပြီးခေါ်ဆိုတယ်လို့ပဲ ထင်ခဲ့တာပေါ့။ အဘီမန်ယူတစ်ယောက် သူ့သမီးကို ပြန်ကယ်ဖို့ရာ ဘယ်လိုတွေရင်ဆိုင်ဖြတ်သန်းရမှာလဲ။ ပိုပြီးထူးခြားတာက ဒီကားမှာ ဒေါက်တာအဘီမန်ယူက တစ်ယောက်တည်းသော ဇာတ်ကောင်ပါ။ သူ့ရဲ့ အတွင်းစိတ်ခံစားချက်တွေ ရုန်းကန်လှုပ်ရှားမှုတွေကို နက်နက်ရှိုင်းရှိုင်း မြင်ရမယ်။ သူ့သမီးကို ပြန်ပေးဆွဲသွားတဲ့လူက ဘယ်သူလဲ၊ သူကရော အချိန်မီကယ်တင်နိုင်မလား၊ ပြန်ပေးသမားနဲ့ သူနဲ့က ဘယ်လိုပတ်သက်မှုတွေရှိနေမလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာဖွေရင်းနဲ့ ဒတ်ပူးမင်းသားကြီး ရိုင်ယန်ရေးနိုးရဲ့ Buried (2010)လို ibeမျိုး ခံစားရမလားဆိုတာအားပေးကြည့်ရှုလိုက်ကြပါဦး။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

5.3 2025 94 mins
Crazxy
Dating My Past
7.1

အသည်းကွဲနေသူတွေ၊ toxic relationship ထဲက ရုန်းမထွက်နိုင်သူတွေ၊ အချစ်ရေးနဲ့ပတ်သတ်လို့ မိမိကိုယ်ကိုယ်‌မေးခွန်းထုတ်မိသူတွေအတွက် ဒီရုပ်ရှင်လေးကြည့်ဖို့ Recommend ပေးပါရစေခင်ဗျာ။ ဇာတ်လမ်းအကျဥ်းချုပ်ကတော့ လက်ဆီဂျက်ဆန် ဆိုတဲ့ သမီးရည်းစားဆက်ဆံရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးပေးတဲ့ ပညာရှင်တစ်ယောက်ဆီ ဆက်ဆံရေး အဆင်မပြေဖြစ်လို့ လာရောက်ဆွေးနွေးတဲ့ စုံတွဲနှစ်ယောက်တို့ ဆွေးနွေးမှုလေးနဲ့ စတင်ထားပါတယ်။ ကြုံတွေ့နေရတဲ့ ပြဿနာတွေပြောပြအပြီးမှာတော့ လက်ဆီ က သူမ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ရည်းစားဟောင်းအမျိုးမျိုးနဲ့ သင်ခန်းစာအဖုံဖုံကို ပြန်ပြောင်းပြောပြပါတယ်။ ဒီလိုနဲ့ ဇာတ်လမ်းထဲ စီးမျောခံစားကြည့်လိုက်တဲ့အခါ သမီးရည်းစားဆက်ဆံရေးတွေမှာ ကြုံတွေ့နေကျ ဖြစ်တဲ့ ပြဿနာတွေ၊ အခက်အခဲ စိန်ခေါ်မှုတွေ၊ မိမိကိုယ်မိမိ အားမလိုအားမရဖြစ်မှုတွေကို မသိမသာတဖြစ်ရော၊ သိသိသာသာပါ မီးမောင်းထိုးပြသွားပါတယ်။ ဒီလိုပြသနာတွေထဲကနေ ဘယ်လိုရုန်းထွက်ကြမလဲ… ဘယ်လိုတွေကုစားကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်။ File size… (1.55 GB) / ( 772 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Fantasy • Horror
7.1 2025 99 mins
Dating My Past