YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

As.the.Crow.Flies.S01E01.1080p.NF.WEB-DL.AAC5.1CH.YK(CM).mp4

695.97 MB N/A video/mp4 73 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Notes on a Scandal
7.1

ဇာတ်လမ်း အကျဥ်း‌ပြောရင် အိမ်ထောင်ရေးကို ငြီးငွေ့နေတဲ့ ဆရာမနဲ့ လက်တည့်စမ်းချင် အသက်မပြည့်သေးတဲ့ကျောင်းသားကားပါ။ ဆရာမဟာ ငယ်ရွယ်လှပပေမယ့် အသက်ကြီးတဲ့ ယောကျာ်းနဲ့အိမ်ထောင်တစ်ခုတည်ဆောက်ထားသူဖြစ်ပြီး ကလေးတွေကို ထိန်းကျောင်းရင်း ဇနီးသည်တာဝန်၊ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကြားထဲနစ်မြှုပ်နေကာ ဘဝကိုငြီးငွေ့မှန်းမသိငြီးငွေ့နေရပါတယ်။ ဒီလိုနေထိုင်ရင်းနဲ့ပဲ စာသင်ကျောင်းတစ်ခုမှာ ဆရာမလုပ်ဖို့ရောက်ရှိသွားချိန် ၁၅နှစ်အရွယ်ကျောင်းသားလေးကြောင့် အနည်ထိုင်နေတဲ့ရင်ခုန်သံတွေ လှုပ်ခတ်လာပြီး အချစ်တွေတစ်ဖန်ဆန်းသစ်ခဲ့ရပါတယ်။ မဖြစ်သင့်မှန်းသိကြပေမယ့် သောက်လေငတ်မပြေနဲ့ ရှေ့ဆက်တိုးရင်းတိုးရင်းက... ဇာတ်လမ်းက ဒီတစ်ပုဒ်တည်းမဟုတ်သေးပါဘူး။ ဒီဖောက်ပြားမှုကို အခြေပြုပြီး ဆရာမအပေါ် ကူညီသယောင်ယောင်၊ အားပေးသယောင်ယောင်နဲ့တိတ်တဆိတ် မေတ္တာသက်ဝင်နေသူလည်းရှိပါသေးတယ်။ ကိုယ်ချစ်တဲ့သူကို အပိုင်သိမ်းဖို့ အကြံကြီးကြံရင်း၊ အချစ်ကြီးရင် အမျက်ကြီးပြီး မျက်ကန်းဘဝရောက်နိုင်တာကိုလည်း ရိုက်ကူးပြထားပါတယ်။ အချစ်ဟာ အသက်အရွယ်မရွေး၊ ကျားမမရွေးပေါက်ဖွားလာနိုင်သလို ပိုင်ဆိုင်လိုမှုတွေ၊ တပ်မက်မှုတဏှာတွေလည်း မျက်စိမရှိဘူးဆိုတာ ထုတ်ပြသွားတဲ့ဇာတ်ကားလေးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 3.2GB, 920MB, 456MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 32mins Genre              : Drama, Romance, Crime Translated by Themes Encoded by Kinnov

Drama
7.1 2006 92 mins
Notes on a Scandal
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
Good Deal
6.3

ဇာတ်ကားလေးရဲ့ နာမည်က Good Deal ဆိုတဲ့အတိုင်း အပေးအယူ အရောင်းအဝယ်တွေ လုပ်ကြတဲ့ ကားလေးပေါ့။ ဘယ်သူတွေက ဘာအတွက်ကြောင့် ရောင်းပြီး ဘယ်သူတွေက ဘာလို့ ဝယ်ခဲ့ကြတာလဲ ဆိုတဲ့ အချက်က ဒီဇာတ်ကားကို စိတ်ဝင်စားစရာ ကောင်းစေတယ်။ အပေးအယူ အရောင်းအဝယ်လုပ်ကြတဲ့ ပစ္စည်း ၅မျိုးအ‌ကြောင်းကို တစ်ခန်းပြီး တစ်ခန်းစီ ပြပေးထားတာက သာမန် ဒရာမာတွေနဲ့ မတူဘဲကွဲပြားနေတဲ့အချက်ဖြစ်ပြီး မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထားတာကြောင့် အပေးအယူတစ်ခုပြီးသွားတိုင်း စိတ်ထဲ တစ်မျိုးလေး ခံစားရစေမယ့် ဇာတ်ကားမျိုးပါ။ ပုံမှန်နဲ့ မတူညီတဲ့ ပြောပြရခက်တဲ့ ရသတစ်မျိုးကို အသစ်အဆန်း ခံစားကြည့်ချင်တဲ့သူတွေအနေနဲ့ ဒီကား‌ကို သေချာပေါက် ကြည့်သင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Miri ပါ။) File Size          : 2.1GB, 723MB, 364MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 58mins Genre              : Drama Translated by Miri Encoded by Kinnov

6.3 2022 118 mins
Good Deal
In Our Prime
7.9

ကိုရီးယားရဲ့ အထင်ကရမင်းသားကြီး Choi Min-sik ဟာ Nameless Gangster: Rules of the Time မှာ လန့်စရာကောင်းတဲ့ ဂန်းစတားပုံမျိုးပီပြင်သလို The Admiral: Roaring Currents လို သူရဲကောင်းဆန်ပြီး သနားစရာကောင်းတဲ့ စစ်သူကြီးစရိုက်ဆိုလည်းရတယ်။ I Saw the Devil လို့ TV ပြေးရိုက်ခွဲချင်လောက်အောင် ကျက်သရေတုံးသမားကြီးစရိုက်လည်း ရတယ်။ ဒီကား In Our Prime မှာလည်း လျှို့ဝှက်အေးဆေးတဲ့ သင်္ချာပညာရှင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ မင်းသားကြည့်ပြီး ဇာတ်လမ်းရွေးသင့်တဲ့အထဲမှာ သူထိပ်ဆုံးကပါတယ်။ ဒီ In Our Prime ရုပ်ရှင်ဟာ South Korea Box Office မှာ နံပါတ်တစ် ချိတ်ခဲ့ပါတယ်။ ကျော်ကြားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုက အပယ်ခံ Ji Woo ဟာ သူ့ အတန်းဖော်တွေနဲ့ မတူညီတဲ့ လူမှုရေး နောက်ခံကြောင့် အံဝင်ခွင်ကျ ဖြစ်မနေခဲ့ပါဘူး။ ကျောင်းရဲ့ လုံခြုံရေး အစောင့်တစ်ဦးဖြစ်တဲ့ Hak Sung ဟာ သင်္ချာဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ပြီးတော့ မြောက်ကိုရီးယားမှ ပြောင်းလာခဲ့တဲ့သူတစ်ဦးဖြစ်ပြီး အခုချိန်မှာ သူဟာသူ့ရဲ့ အတိတ်ကို ပိတ်လှောင်ကာ နေထိုင်နေပါတယ်။ Ji Woo တစ်ယောက် ရင်ဆိုင်ရတဲ့ အခက်အခဲတွေများလှတာကြောင့် သင်္ချာဘာသာရပ်မှာ လက်လျှော့ဖို့အထိ စဉ်းစားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အမှတ်မထင် Hak Sung နဲ့သိခွင့်ရပြီး သူ့ကို သင်္ချာသင်ပေးဖို့ တောင်းဆိုကြည့်လိုက်တဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းကိုတော့ Ei Shoon က ရေးပေးထားပါတယ်။) File Size          : 1.8GB, 725MB, 358MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 57mins Genre              : Drama Translated by Ei Shoon & Lwin Lwin Aung Encoded by Kinnov

Romance
7.9 2022 117 mins
In Our Prime
Night Blooms
5

ရုပ်ရှင်ဆိုတာ မက်ဆေ့တစ်ခုခုပေးနိုင်ရပါတယ်။ ဘာမက်ဆေ့မှ မပေးတဲ့ ခံစားရုံသက်သက်လို့ ဂျင်းထည့်ကြတာတွေက ဇာတ်ညွှန်းမရှိ ဘတ်ဂျက်မနိုင်လို့ အဆင်ပြေသလိုရိုက်ပြီး အဓိပ္ပာယ်မရှိမှ လျှောက်အာရွှီးတာတွေပါပဲ။ အကောင်းဆုံးရုပ်ရှင်တွေကိုကြည့်ပါ။ IMDb ထိပ်ဆုံးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူ့ထက်ကောင်းတဲ့ကား ဘာမှမရှိတဲ့ Shawshank Redemption ကနေဆို မျှော်လင့်ချက်ထားသင့်ကြောင်း မက်ဆေ့အကြီးကြီးရသလို Star Wars တို့မှာဆိုလည်း ယူတတ်ရင် မက်ဆေ့တွေချည်းပါပဲ။ ကျွန်တော်အသည်းစွဲ တစ်နေ့၂ကားအထိ ကြည့်နေကျ ဘောလိဝုဒ်နဲ့ တမီးလ်ကားတွေမှာလည်း မက်ဆေ့မပါတဲ့ ကားလုံးဝမရှိသလို ဒိုင်ယာလော့တွေနဲ့ ထိထိမိမိကို မက်ဆေ့ပေးနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။ ကြည့်ဖူးတဲ့သူတွေ သိကြမှာပါ။ အခုရုပ်ရှင်ကလည်း မက်ဆေ့ကို ထိထိရောက်ရောက်ပေးနိုင်တဲ့ Coming Of Age ရုပ်ရှင်တစ်ကားပါပဲ။ သိပ်ချစ်ကြတဲ့ သူငယ်ချင်းမလေးနှစ်ယောက်ရှိတယ်။ သူတို့အတူတူ တီးဝိုင်းထောင်ထားပြီး တစ်ယောက်အိမ် တစ်ယောက် ဝင်နေထွက်နေကျဆိုတော့ သိပ်ခင်ကြတာပေါ့။ တစ်နေ့ကျတော့ တစ်ယောက်က တစ်ယောက်ရဲ့ အဖေကို ကြိုက်မိသွားပြီး တစ်ယောက်ရဲ့ အဖေနဲ့ အိပ်ရဖို့ ကြံတယ်။ နောက်ဆုံး ပါသွားတာပေါ့။ အဲဒီနောက်ဆက်တွဲတွေအကြောင်းပါပဲ။ ပညာပေးကားလား ဘာလားတော့ မသိပေမဲ့ လိင်ဆက်ဆံခန်းတွေ ၃ခန်းလောက်ပါတာမို့ မိသားစုနဲ့တော့ ကြည့်ဖို့မသင့်ပါဘူး။ Jessica Clement ဆိုတဲ့ မင်းသမီးချောလေးက သရုပ်ဆောင်ထားပါတယ်။ လောကကြီးမှာ မဖြစ်သင့်တာတွေကို လုပ်မိတဲ့အခါ ဘာတွေဖြစ်တတ်လဲ အားလုံးပညာယူနိုင်ရန်အလို့ငှာ မက်ဆေ့အကြီးကြီးပေးသွားတဲ့ ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ မက်ဆေ့ယူဖို့ပဲမဟုတ်လား။ ဇာတ်ကားကောင်းကောင်းလေးလားဆိုတာတော့ အာမ,မခံပေမဲ့ မက်ဆေ့‌ကောင်းကောင်းလေးတော့ရဖို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___"မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 555MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 38Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Horror • Music
5 2022 98 mins
Night Blooms
The Siege
4.7

The Siege (2023) ============ အက်ရှင်ကား ကြိုက်သူများအတွက် ၂၀၂၃ ခုနှစ်မှာ အသစ်ထွက် ရှိလာတဲ့ အက်ရှင်ကားအသစ် တင်ဆက်ပေးလိုက်ပါတယ်။ ဘက် ဂျက်အကြီးကြီး ရုပ်ရှင်မျိုးတော့ မဟုတ်ပေမယ့် သူ့ဘက်ဂျက်နဲ့ နိုင်သလောက် လုပ်ပြထားတဲ့ ပုံစံမျိုးပါ။ တစ်ချို့ပြကွက်တွေမှာ John Wick လို ရုပ်ရှင်မျိုးကိုမှ မတူတဲ့ပုံစံတစ်မျိုးနဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ ဝေါ်ကာဟာ ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ပါ။ မစ်ရှင် တစ်ခုမှာ သူ့ရဲ့ ရုပ်ကိုမြင်သွားလို့ ခဏလောက် ခြေရာဖျောက်နေရင်း အထောက်အထားအသစ်လုပ်ဖို့အတွက် ပြန်လည်ခန့်အပ်ရေးစင် တာကို ရောက်လာခဲ့ပါတယ်။ ပြန်လည်ခန့်အပ်ရေးစင်တာဆိုကတော့ John Wick ထဲက Continental Hotel လိုမျိုးပဲ လုပ်ကြံရေးသမား တွေအတွက် ညအိပ်ဖို့၊ အထောက်အထားအသစ်တွေ လုပ်ဖို့ ကူညီ ပေးတဲ့နေရာတစ်ခုပါ။ စင်တာမှာ ဝေါ်ကာရောက်နေတုန်း လူဆိုးအဖွဲ့တစ်ဖွဲ့က သူတို့သူဌေး ဖမ်းဆီးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ့ကို ကယ်ထုတ်သွားတဲ့ အယ်လ်ဒါ့ကို ဝင်ရှာဖို့အတွက် စင်တာကို ဝင်စီးပါတော့တယ်။ အယ်လ် ဒါလည်း ဝေါ်ကာ့အကြောင်းကို သိထားပြီးသားဆိုတော့ သူတို့ကို ကူညီဖို့အတွက် ဝေါ်ကာ့ကို အကူအညီတောင်းပါတော့တယ်။ ဝေါ်ကာ လည်း ပဲလှော်ကြား ဆားညှပ်ဆိုသလိုပဲ လူဆိုးဂိုဏ်းလက်ထဲကနေ အမျိုးသမီး နှစ်ယောက်ကို ကယ်ရင်းနဲ့ တစ်ညတာရှင်သန်နိုင်ဖို့ ကြိုး စားရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.11 GB) / (413 MB) / (231 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1H 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action Translator.......Leonard Lin Encoder..........SWM

Drama
4.7 2023 97 mins
The Siege
As a Prelude to Fear
4.2

ဆယ်နှစ်ကြာပြီးတဲ့အချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ လူပျောက်မှုသုံးမှု… ဒီအမှုတွေရဲ့ သံသယတရားခံ ဂီတပညာရှင်လူဂွစာကြီး ဂျားလ်စ်ကာ့ကရွန် သက်သေမပြနိုင်လို့ အခုထိမဖမ်းနိုင်ဖြစ်ခဲ့ရလို့ အခဲမကျေတဲ့ ရဲမှူးကြီး… နှစ်အတော်ကြာနေပြီဖြစ်တဲ့ သူတို့နှစ်ဦးကြားက မီးပွားလေးက အိဗ်တေလာဆိုတဲ့ကျောင်းသူတစ်ယောက် ထပ်မံပျောက်ဆုံးချိန်မှာ ပြန်ပေါ်လာတဲ့အချိိန်မှာတော့…. ဒီပျောက်ဆုံးမှုတွေဟာ သူတို့နဲ့ဘယ်လိုပတ်သက်နေတာလဲ။ အမှုမှန်ရော ပေါ်ပေါက်နိုင်ပါ့မလား။ ဒီရုပ်ရှင်ကိုတော့ မြန်မာပရိသတ်များရင်းနှီးနေပြီးသားဖြစ်တဲ့ ဘရိုက်တန်(Brighton)မြို့တစ်ဝိုက်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့သိရပြီ။ independence movie ဖြစ်လို့ နည်းနည်းလိုအပ်ချက်တွေတော့ရှိတာတွေ့ရမှာပါ။ ကြည့်ပြီး ဝေဖန်ပေးကြပါဦးခင်ဗျာ။ File size…(1.1GB)/(541MB)/(310MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by …SPK

Drama • Thriller
4.2 2022
As a Prelude to Fear
WWII: The Long Road Home
4.9

WWII: The Long Road Home (2017) ========================== ဒီဇာတ်လမ်းက ဆယ်ကျော်သက်ဒါရိုက်တာတစ်ယောက်ရဲ့ သူ့အဘိုး ဒုတိယကမ္ဘာစစ်မှာ ထွက်ပြေးလွတ်မြောက်တာကို ရိုက်ထူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချာလီတို့တပ်ဖွဲ့ကို ကပ္ပတိန်တစ်ယောက်နဲ့အတူ ဂျာမနီစစ်တပ် ကိုစုံစမ်းဖို့အတွက် ဂျာမနီနိုင်ငံကိုသွားရမယ်လို့အထက်ကအမိန့် ချလာပါတယ်။ စုံစမ်းဖို့သွားနေရင်းနဲ့ လမ်းတစ်ဝက်မှာအဖမ်းလိုက် ခံရပါတယ်။ နောက်တော့ ကပ္ပတိန်နဲ့အတူ မဟာမိတ်တပ်တွေ လာကယ်တာကိုစောင့်ဆိုင်းကြတာပေါ့။ဒါပေမယ့် ချာလီဟာ ရန်သူ့နယ်မြေမှာဖြစ်တဲ့အတွက် စောင့်နေရင် ပိုဆိုးလာမယ့် အန္တရာယ် များကိုသိတဲ့အတွက် သူတစ်ယောက်တည်း မဟာမိတ်နယ်မြေကို ရောက်အောင်သွားရင်းနဲ့လမ်းမှာ ကြုံရတဲ့အခက်အခဲတွေကိုရိုက် ကူးထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size……….(1.7 GB) / (822 MB) / (530 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 20Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History Translator…….Tin Myo Lwin Encoder……….SWM

Horror • Thriller
4.9 2017 90 mins
WWII: The Long Road Home
The American President
6.8

The American President (1995) ~ IMDb – 6.8/10, Rotten Tomatoes – 91% ~ အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။ ၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ချီးကျူးအခံရဆုံးပေါ့။ ဒါရိုက်တာ Rob Reiner ဆိုရင် ၁၉၈၄ ကနေ ၁၉၉၂ အထိ ၈ နှစ်အတွင်း ဆောင်သမျှအောင်တယ်လို့ပြောရလောက်အောင် အောင်မြင်တဲ့ ရုပ်ရှင် ၅ ကား ရိုက်ပြခဲ့တဲ့လူ။ သူ့အနေနဲ့ ဒီလိုတောက်ပနေတဲ့ကာလမှာ ဒီရုပ်ရှင်ကိုရိုက်တယ်။ နိုင်ငံရေးဇာတ်လမ်းတွေကို ပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တဲ့သူ့အတွက် ဒီရုပ်ရှင်က သူ့ရဲ့ The West Wing စီးရီးအတွက် အများကြီး လွှမ်းမိုးမှုရှိခဲ့တယ်။ ဒီရုပ်ရှင်မှာ အထူးတလှယ် ချီးကျူးခံခဲ့ရတဲ့သူတွေက Michael Douglas နဲ့ Anette Bening ပဲ။ သူတို့ ၂ ယောက်လုံးက Golden Globe မှာ အကောင်းဆုံး မင်းသားဆုကော မင်းသမီးဆုပါ ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ရံတွေအနေနဲ့လည်း Martin Sheen တို့ Michael J. Fox တို့ ပါတယ်ဆိုတော့ သရုပ်ဆောင်အပိုင်းက ကြည့်ရတာ အရသာရှိပါတယ်။ ဇာတ်လမ်းက‌ အမေရိကန်သမ္မတဖြစ်တဲ့ Andrew Shepherd က သက်တမ်းသစ်ရွေးကောက်ပွဲအတွက် မဲဆွယ်‌နေတဲ့ကာလကိုရောက်နေတယ်။ သူမဲနိုင်ဖို့အတွက် လွှတ်တော်ကို ဥပဒေမူကြမ်းတစ်ခုတင်သွင်းဖို့လိုတယ်။ ရွေးစရာ ၂ ခုက လက်နက်ကိုင်မှုလျှော့ချဖို့ ရာဇဝတ်မူကြမ်းနဲ့ သဘာဝပတ်ဝန်းကျင်အသင်း ဂျီဒီစီက တောင်းဆိုတဲ့ ရုပ်ကြွင်းလောင်စာအသုံးချမှု ၂၀% လျှော့ချရေး စွမ်းအင်မူကြမ်း။ အမေရိကန်လွှတ်တော်မှာ မူကြမ်းတစ်ခုအတည်ပြုခွင့်ရဖို့ဆိုရင် အမတ်တွေရဲ့ မဲလိုတယ်။ အဲဒီမှာ ဂျီဒီစီဘက်က နိုင်ငံရေးနည်းလမ်းနဲ့ဝင်ဖို့ ‌ဆစ်ဒနီကို ငှားတယ်။ သမ္မတနဲ့ ဆစ်ဒနီညှိရင်း စွမ်းအင်မူကြမ်းအတွက် ၂၄ မဲရှာနိုင်ရင် အိမ်ဖြူတော်ဘက်က မူကြမ်းတင်သွင်းပေးမယ်လို့ ညှိလို့ရသွားတယ်။ အဲဒီမှာ သမ္မတကြီးနဲ့ ဆစ်ဒနီ စတွေ့ဖြစ်ရင်း ချစ်ကြိုးလေးတွေသီတာပေါ့လေ။ နိုင်ငံရေးလောကက အချစ်ဇာတ်လမ်းဆိုတော့ သိပ်တော့လည်းမလွယ်ကူဘူး။ သမ္မတကလည်း သူ့ဇနီးကင်ဆာနဲ့ဆုံးသွားတော့ Single Father အဖြစ်နေနေတဲ့လူ။ သူ့အနေနဲ့ အချစ်ကိုတွေ့တော့ မအားလပ်တဲ့ကြားကနေ အလုံးစုံတိုင်ပတ်ခံပြီး နီးစပ်ဖို့ကြိုးစားခဲ့တာပေါ့လေ။ “If he wants to, he will” ဆိုသလိုပါပဲ။ အချစ်နဲ့တွေ့ရင် လူတိုင်းက‌ ဆယ်ကျော်သက်ဆိုတော့ သမ္မတကြီးကလည်း သူ့သမီးသူ မိန်းကလေးတွေဘာကြိုက်လဲမေးရတဲ့အခြေအနေပါရောက်သွားတယ်။ သေချာတာကတော့ ဒီရုပ်ရှင်ဟာ သက်လတ်ပိုင်းအချစ်ကို လှလှပပ ချပြရင်း နိုင်ငံရေးအရ အတုယူစရာတွေကိုပါ ထည့်ရိုက်ထားတဲ့ ဟောလိဝုဒ်ခေတ်ပြောင်းကာလရဲ့ ရုပ်ရှင်‌ကောင်းတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 685MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 54Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.8 1995
The American President
My Oni Girl
6

My Oni Girl (2024) “ကျွန်တော့်ရဲ့ဘီလူးမလေး” ================ မိုးအေးအေးနဲ့ ခံစားလို့ကောင်းမယ့် old school ဆန်ဆန် အသစ်ထွက် အန်နီမေးရုပ်ရှင်လေးတစ်ပုဒ် ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးက ချစ်ဖို့ကောင်းပြီး တောတောင်ရှုခင်းတွေ၊ မြို့ပြပုံရိပ်တွေကို အန်နီမေးရှင်းပြုထားတာတွေက တော်တော်လေးလှတာကြောင့် ကြည့်ရတာနွေးနွေးထွေးထွေးဖြစ်စေမယ့်ရုပ်ရှင်လေးပါပဲ။ ရုပ်ရှင်ရဲ့ နာမည်ထဲက အိုနီဆိုတာကတော့ ဂျပန်ဒဏ္ဍာရီတွေထဲက ဘီလူးအနွယ်ဝင် Yokai တစ်မျိုးပါ။ My Oni Girl ဆိုတော့ ဘာသာပြန်ရရင် ကျွန်တော့်ဘီလူးမလေးပေါ့။ ဇာတ်လမ်းကတော့.. တဖက်သားကို အင်မတန်ကူညီတတ်တဲ့ ယာဆူစဲဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ တစ်နေ့မှာတော့ လမ်းမှာဒုက္ခရောက်နေတဲ့ ဆူမူဂီဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆူမူဂီကတော့ သူ့အမေကိုလိုက်ရှာဖို့အတွက် တောင်ပေါ်ကနေဆင်းလာတဲ့ အိုနီဘီလူးမလေးတစ်ကောင်ပါ။ ယာဆူစဲဟာ သူ့အမေကိုလိုက်ရှာဖို့အခက်တွေ့နေတဲ့ ဆူမူဂီကိုကူညီပေးရင်း သူတို့နှစ်ယောက် လူသားချင်းကူညီတတ်သူတွေ၊ စိတ်ထားဖြူစင်တဲ့သူတွေ၊ စွန့်စားခန်းတွေ ကြုံတွေ့ရပုံကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ။ (ဒီရုပ်ရှင်လေးကိုတော့ ToMo နဲ့ Zwe Yan တို့က ဘာသာပြန်၊ ညွှန်းဆိုပေးထားပါတယ်။)

Drama • Fantasy • Romance
6 2024 112 mins
My Oni Girl
The Extraordinary Journey of the Fakir
7.2

The Extraordinary Journey of the Fakir (2018) IMDb Rating (6.8 ) ဒီရုပ်ရှင်ကားကတော့ The Boys ထဲက Starlight အဖြစ် လူသိများတဲ့ မင်းသမီး Erin Moriarty နဲ့ အိန္ဒိယတောင်ပိုင်းမင်းသား Dhanush တို့ပါဝင်ထားတာကြောင့် ထူးခြားတဲ့ အတွဲအဖက်နဲ့ Adventure Comedy Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ အာဂျာအဖြစ် ဒနွတ်ရှ်ဟာ ငယ်စဉ်ကတည်းက ဆင်းရဲလို့ အမေဖြစ်သူရဲ့ လိုအင်နဲ့ ဆန့်ကျင်ဖက်အဖြစ် ခါးပိုက်နှိုက်တလှည့် မျက်လှည့်ဆရာတလှည့်ဘဝနဲ့ မွေးရပ်ဇာတိ အိန္ဒိယနိုင်ငံမှာပဲ အချိန်ကုန်ကြီးပြင်းခဲ့ရပါတယ်။ ဒါပေမယ့်သူ့မှာ ပြင်သစ်ကိုသွားဖို့ အိမ်မက်တစ်ခုရှိပါတယ်… ဘာလို့လဲဆိုတော့ အဖေဖြစ်သူကို ရှာဖွေဖို့ပါ…. ဒါကြောင့်မလို့ အမေဖြစ်သူဆုံးသွားတဲ့နောက်မှာတော့ သူ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပဲရစ်မြို့ကို ချီတက်လာခဲ့ပါတော့တယ်။ ပဲရစ်က အီဖယ်တာဝါမှာ ချစ်စရာကောင်းတဲ့ Starlight မလေး မေရီနဲ့ တွေ့ဆုံပြီး မြင်မြင်ချင်းချစ်မိသွားခဲ့ပေမယ့် အိန္ဒိယနိုင်ငံသား တစ်ယောက် ကမ္ဘာတခွင်မှာ ဘယ်လိုတွေအလွဲလွဲအချော်ချော် ဖြစ်မလဲဆိုတာ….။

7.2 2018 96 mins
The Extraordinary Journey of the Fakir
Manhole

Manhole (2014) ************** Hospital Playlist ထဲမှ Jung Kyung-ho၊ The School Nurse Files ထဲမှ Jung Yu-mi၊ Mirror of the Witch ထဲမှ Kim Sae-ron နဲ့ တခြားသရုပ်ဆောင် များစွာပါဝင်ထားတဲ့ Manhole ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားအညွှန်း- မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကို အစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီး နှစ်ယောက်တည်း ‌ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက တစ်နေ့တခြား ပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်း စုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလို ပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။ တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကို ဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီး ဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့… ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။ ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။ (ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေပါလို့ အသက်မပြည့်သေးတဲ့သူများ မကြည့်ရလို့ သတ်မှတ်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။) File size…1.30GB / 550MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Thriller, Mystery, Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by MMyo

0 2014
Manhole
Into the Deep
5.5

နာမည်ကျော်ငါးမန်းရုပ်ရှင် Jaws ရဲ့မင်းသားကြီး Richard Dreyfuss ပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ထပ်ငါးမန်းရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ငါးမန်းကားဆိုပေမယ့် အက်ရှင်ခန်းတွေ၊ တိုက်ခိုက်တာတွေနဲ့ ပစ်ခတ်တာတွေကို အသားပေးရိုက်ကူးထားတဲ့ အက်ရှင်ကားဖြစ်ပါတယ်။ ကတ်ဆီဒီဟာ ကလေးဘဝတုန်းက မျက်စိရှေ့တင် ငါးမန်းကိုက်ခံ ရပြီးသေဆုံးခဲ့တဲ့ဖခင်ကြောင့် ရေကိုလုံးဝကြောက်သွားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဏ္ဏဝါဗေဒပညာရှင်ဖြစ်တဲ့ အဘိုးဖြစ်သူရဲ့ လေ့ကျင့်ပေးမှုကြောင့် ကတ်ဆီဒီတစ်ယောက် ငါးမန်းတွေကို လေ့လာတဲ့ အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာ လန်ဒန်အမျိုးသားပြတိုက်မှာအလုပ်လုပ်တဲ့ခင်ပွန်း ဖြစ်သူဂရက်က သမုဒ္ဒရာအောက်က သမိုင်းဝင်ရွှေပြားတွေကို ဆယ်ယူဖို့ ပြင်သစ်ကိုခရီးထွက်လာတဲ့အခါ ကတ်ဆီဒီလည်း လိုက်ပါလာခဲ့ပါတယ်။ ကိုယ့်အကြောက်တရားကိုယ် ရင်ဆိုင် ကျော်လွှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လိုက်လာတဲ့ကတ်ဆီဒီတစ်ယောက် ဂရက်တို့အုပ်စုနဲ့အတူ လိုက်ရေငုပ်ချိန်မှာတော့ ငါးမန်းဖြူကြီးတွေနဲ့ တည့်တည့်တိုးပါတော့တယ်။ တစ်ချိန်တည်းမှာပဲ မှောင်ခိုသမားတွေရဲ့လှေက ကတ်ဆီဒီတို့ကို ဖမ်းထားလိုက်ပြီး ငါးမန်းတွေရှိနေတဲ့ ရေအောက်ကမူးယစ်ဆေး အထုပ်တွေကို အတင်းအကြပ်ဆယ်ယူခိုင်းချိန်မှာတော့ ငါးမန်းတွေ အကြောင်းလေ့လာခဲ့တဲ့ကတ်ဆီဒီတစ်ယောက် သူလေ့လာထားတာတွေကို အသုံးချပြီး ငါးမန်းဖြူကြီးတွေလက်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ။ မှောင်ခိုသမားတွေလက်ကရော ဘယ်လိုရုန်းထွက်မှာလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.88GB) / (1.04GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Mystery • Animation • Family • Comedy
5.5 2025 90 mins
Into the Deep
Sujo
7.1

Sujo (2024) IMDb Rating (7.1) / Rotten Tomatoes (93%) ရုပ်ရှင်ရဲ့အဆုံးမှာတော့ ဒီရုပ်ရှင်ဟာ မီးဟုန်းဟုန်းတောက်နေတဲ့ နိုင်ငံတော်ထဲက မိဘမဲ့ကလေးတွေအတွက်လို့ ရေးထားခဲ့တယ်။ အဖေက အဖေမရှိ သားက အဖေမရှိတဲ့ မျိုးအဆက်ဆက် မိဘမဲ့အထပ်ထပ်ပြန်ဖြစ်ခဲ့ရတဲ့ မရှင်သန်ချင်စရာ နိုင်ငံတော်ကြီးထဲက ဘဝတွေအကြောင်းပေါ့။ ကမ္ဘာစ-စ်ဦးတုန်းကတော့ လန်ဒန်မြို့ကြီးပေါ် ဗုံးတွေအလီလီကျလာတော့ မိဘတွေက သူတို့ကလေးတွေကို ဘေးကင်းရာ ကျေးလက်မြို့တွေဆီ ပို့ခဲ့ကြတယ်။ မီးဟုန်းဟုန်းတောက်နေတဲ့နိုင်ငံကြီးထဲ မိဘနဲ့ခွဲခဲ့ရတဲ့ ကလေးတွေက သနားစရာတော်တော်ကောင်းပါတယ်။ ဒီရုပ်ရှင်မှာတော့ စစ်ကြီးမပါဘူး။ စစ်ကြီးမပါတိုင်း စစ်ကြီးမဖြစ်နေတာတော့မဟုတ်ဘူးမလား။ စစ်ကြီးမဖြစ်ဘဲ စစ်ကြီးဖြစ်နေတာတွေလည်းရှိတယ်။ စစ်ကြီးမဖြစ်ဘဲ မီးဟုန်းဟုန်းတောက်နေတဲ့ နိုင်ငံတော်တွေလည်းရှိတယ်။ အခုတော့ အဲဒီမီးတွေထဲ မိဘပါမရှိတဲ့ ကလေးတွေအကြောင်းပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (940 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:07:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

7.1 2024 127 mins
Sujo
Angels in the Outfield
6.2

Roger Boman ဆိုတဲ့ မိဘစွန့်ပစ်ခံထားရတဲ့ ကလေးလေးတစ်ယောက်က Baseball အသင်းတစ်ခုကို စိတ်နှစ်နှစ်နဲ့ အားပေး‌နေတဲ့ ကလေးတစ်ယောက်ပါ။ ဒီကလေးက နတ်သားတွေကို မြင်ရပါတယ်။ Roger တစ်ယောက် အားပေးတဲ့အသင်းက သူသာအားပေးနေရတာ အမြဲရှုံးနေတဲ့အသင်းပေါ့။ အဲဒီလိုနဲ့ Roger က အသင်းရဲ့ မန်နေဂျာနဲ့ တွေ့ပြီး အသင်းထဲကို ရောက်လာတယ်။ အမြဲရှုံးနေတဲ့ ၎င်းအသင်းကို Roger က သူ မြင်နေရတဲ့နတ်သားတွေ အကူအညီနဲ့ ဘယ်လိုမျိုး နိုင်အောင် ကြိုးစားသွားမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ File size… 2.36 GB / 1.37 GB Quality… WED-RIP 1080p / 720p Format… mp4 Audio… AAC Duration…. 1h 42m Genre ….. Comedy/Drama/Family/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Darth Stephen

Comedy • Drama
6.2 1994 102 mins
Angels in the Outfield