YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Artificial.City.S01E03..720p(CM).mp4

710.76 MB N/A video/mp4 1582 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Baby at Any Cost
6.1

ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် ကလေးမရနိုင်တော့တဲ့ မော်နီကာဆိုတဲ့ ရှေ့နေ့အမျိုးသမီးနဲ့ သူ့ခင်ပွန်းဘရက်တို့ဟာ လီလီ ဆိုတဲ့ အငှားကိုယ်ဝန်ဆောင်မိန်းကလေးကျေးဇူးနဲ့ အိုလစ်ဗီယာဆိုတဲ့ သမီးလေးတစ်ယောက်ရလာခဲ့ပြီး မိသားစုဘဝမှာ အရာအားလုံး ပြီးပြည့်စုံနေခဲ့ပါတော့တယ်။ တစ်ဖက်မှာတော့ သူ့ရဲ့ညီမဖြစ်သူ ဂျန် နဲ့သူ့ခင်ပွန်းတို့ ကွာရှင်းဖို့လုပ် နေပြီး ကလေးအုပ်ထိန်းခွင့်အတွက် ရှေ့နေ့လိုက်ပေးပြီး တရားရင်ဆိုင် နေရတာပေါ့။ မော်နီကာက တည်ငြိမ်ပြီး ထက်မြက်သလောက် ညီမဖြစ်သူ ဂျန် ကတော့ အမြဲလိုလို ဒေါသကြီးပြီး သူ့စိတ်သူမထိန်းနိုင်တဲ့ ဆန့်ကျင်ဘက်ညီအစ်မ နှစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ညီမရဲ့အပြုအမူတွေကို သဘော မကျတဲ့ မော်နီကာဟာ သူတို့အတွက် ကလေးထိန်းလုပ်ပေးဖို့ကို ဂျန် ကို မခေါ်တော့ဘဲ အငှားကိုယ်ဝန်ဆောင်မိန်းကလေး လီလီ့ကို ခန့်လိုက်ပါ တော့တယ်။ သူ့အစ်မမိသားစုနဲ့ လီလီနဲ့ အဆင်ပြေနေတာကို မြင်ရတဲ့အခါမှာတော့ သမီးဖြစ်သူနဲ့ ခွဲနေရပြီး အိမ်ထောင်ရေးဘဝ မသာယာခဲ့တဲ့ ဂျန် တစ်ယောက် မနာလိုစိတ်နဲ့အတူ ပူလောင်နေတော့တာပေါ့။ဒီလိုနဲ့ပဲ ကလေးနဲ့မိသားစုဘဝကို လိုချင်တဲ့ ဒီမိခင်သုံးယောက်ကြားက လျှို့ဝှက်ချက်တွေနဲ့အတူ ကလေးကိုရဖို့ တစ်ယောက်က စည်းကျော်မိသွားတဲ့အခါတော့ ..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Robin ဖြစ်ပါတယ်) File Size..........(1.74 GB) / (622 MB) / (390 MB) Quality............WEBRip 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Robin Encoder...........SWM

6.1 2022 85 mins
A Baby at Any Cost
A Twelve-Year Night
7.4

ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ရှင်သန်လာတဲ့ လူတွေမှာ ဘာတွေတွေးခေါ်နိုင်မလဲခင်ဗျား စဉ်းစားကြည့်။ လူတစ်ယောက်မှာ လွတ်လပ်စွာရှင်သန်ခွင့်ဟာအရမ်းအရေးကြီးတယ်၊ ကိုယ်နေထိုင်တဲ့ လူ့အသိုက်အဝန်းအဖွဲ့အစည်းကိုယ်၌က လွတ်လပ်မှ ကိုယ့်အတွေးအခေါ်တွေဟာ လွတ်လပ်မယ်။ ဒီလိုပဲ အညမည သဘောအနေနဲ့ ကိုယ့်အတွေးအခေါ်တွေ လွတ်လပ်မှ ကိုယ့်အသိုက်အဝန်းလွတ်လပ်မယ်။ လွတ်လပ်မှုဟာ လုံခြုံမှုကိုဦးတည်တယ်၊ လုံခြုံမှုကနေမှ သန့်ရှင်းတိုးတက်တဲ့ အဖွဲ့အစည်းတစ်ခုနိုင်ငံတစ်ခုကို ဖော်ဆော်နိုင်မယ်။ ဒီလိုသဘောတရားတွေဟာ ဒီမိုကရေစီနိုင်ငံသားတွေရဲ့စိတ်ထဲမှာစိမ့်ဝင်ထားပြီးသား။ ဥရုဂွေးနိုင်ငံဟာ ဆယ်စုနှစ်များစွာ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်နေရာကနေ အာဏာရှင် လက်အောက်ကို ကျရောက်သွားတယ်။ ဒီလိုအာဏာသိမ်းမှုမျိုးကို လက်မခံနိုင်တဲ့ လူတွေဝိုင်းဝန်းတော်လှန်ကြပြီး တူပါမာရိုတော်လှန်ရေးဆီကိုဦးတည်သွားတော့တယ်။ သို့ပေမဲ့ စိတ်မကောင်းစွာပဲ ရှုံးနိမ့်ခဲ့ရပြီး ကျန်ရစ်သူတွေကတော့ထောင်ကျခဲ့ပါတယ်၊ ဒီတော်လှန်ရေးကြီးကနေပြီး တစ်ချိန်မှာ ဥရုဂွေးနိုင်ငံရဲ့သမ္မတဖြစ်လာမယ့်သူ၊ အထက်လွှတ်တော်အမတ်ဖြစ်လာမယ့်သူတွေဟာ ထောင်ထဲမှာ ၁၂ နှစ်ကြာ တိုက်နန်းစံရတဲ့ အိမ်ရှေ့မင်းသားရာထူး ရခဲ့ကြပါတယ်။ ဒီ ၁၂ ကြာကာလဖြတ်သန်းရပုံကို ကိုယ်ခံစားနေရသလို ခံစားရတဲ့အထိရိုက်ပြနိုင်တဲ့ကားပါပဲ။ " မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောခွင့်မရှိသလို ဘယ်သူနဲ့မှလည်း စကားမပြောရဘူး "တဲ့။ စိတ်သတ်ကွင်းဆိုတာ အဲဒီလိုနေရာမျိူးပါပဲ၊ စိတ်နဲ့ခန္ဓာ မအပ်စပ်တော့အထိ နှိပ်စက်ခဲ့ကြပြီး ဒီ တူပါမာရိုအကျဉ်းသား‌တွေရဲ့အပေါ့အလေးကိစ္စဟာလည်း မြောက်ကိုရီးယား နျူထိန်းချုပ်ရေးကိစ္စထက် ပိုအရေးကြီးခဲ့ကြပါတယ်။ စိတ်သတ်ကွင်းမှာ သားရဲတွင်းက လွတ်လာတဲ့ သူတစ်ဦးကလည်း ၂၀၁၀ ကနေ ၂၀၁၅ အထိ ဥရုဂွေးနိုင်ငံကြီးကို ဦးဆောင်ပြသွားခဲ့ပါတယ်။ ဆိုတော့ ဒီစာကို ဂျိုဆေးမူဂီကာရဲ့အမေပြောထားတဲ့စကားလေးနဲ့အဆုံးသတ်ပါရစေ။ " တိုက်ခိုက်နေတာကို ရပ်လိုက်တဲ့သူက ရှုံးနိမ့်သွားတာပဲ... " (ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်) Size - 1.97GB, 790MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 2Min Genre - Adventure, Biography, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Murphy Encoded by Y

7.4 2018 122 mins
A Twelve-Year Night
Maamanithan
7.3

ဒီတစ်ခေါက်တော့ IMDB မှာ 7.7 ရရှိထားပြီး တောင်ပိုင်းနာမည်ကြီးမင်သား ဗီဂျေးစည်သူပသီ ပါဝင်သရုပ်ဆောင်ထားတဲ့ Maamanithan ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကရစ်ရှနာဆိုတာ ရွာလေးတစ်ရွာမှာ သုံးဘီးလေးမောင်းရင်း အသက်မွေးဝမ်းကြောင်းတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ကူးအိမ်မက်လေးကတော့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ပြီး သူကိုယ်တိုင် စိတ်ကြိုက်ဆောက်လုပ်ထားတဲ့ စိတ်ကူးယဉ်အိမ်လေးထဲမှာ နေချင်သူဖြစ်ပါတယ်။ ဒီလိုနဲ့ သဘောကျတဲ့ အမျိုသမီးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးကို တည်ထောင်တဲ့အခါမှာ သူအနေနဲ့ အလုပ်ကိုပိုကြိုးစားဖို့ဖြစ်လာပါတော့တယ်။ သုံးဘီးမောင်းရင် တစ်ဖက်တလမ်းကနေပြီး ပွဲစားအလုပ်ကို တွဲဖက်လုပ်ကိုင်တဲ့အခါမှာတော့ သူ့ရဲ့ဘဝမှာ ထင်မှတ်မထားတဲ့ အပြောင်းလဲနဲ့ကြုံရပါတော့တယ်။ ယုံကြည်လို့ရမယ်ထင်ထားသူရဲ့ သစ္စာဖောက်မှုကြောင့် သူရဲ့သာယာတဲ့မိသာစုလေးဟာ နေ့ချင်းညချင်းပဲ လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ခံရပါတော့တယ်။ ကရစ်ရှနာတစ်ယောက် လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? သူ့ရဲ့မိသားစုကရော ပြသနာတွေကို ဖြေရှင်းရာမှာသူ့ဘက်က ရပ်တည်ပေးမှာလား? သစ္စာဖောက်တဲ့သူကရော ဘယ်သူလဲ? အစရှိတဲ့ မေးခွန်းတွေကို အဖြေရှာရင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

Adventure • Comedy • Family • Fantasy
7.3 2022 122 mins
Maamanithan
Ready, Steady, Ommm!
5.2

Ready, Steady, Ommm! (2013) ====================== IMDb Rating – 5.2/10 2013ခုနှစ်က ထွက်ရှိထားတဲ့ ဆွစ်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စစ်တပ်ထဲမဝင်ချင်တဲ့ ယောဂဆရာ အဲလက်စ်နဲ့ သူ့ရဲ့ မိန်းမ သူနာပြု အန်နာတို့ဟာ သူတို့ရဲ့ သားဦးလေးအတွက် တိုက်ခန်းကောင်းကောင်းလေးတစ်ခု ရှာဖို့လိုအပ်လာပါတယ်။ နောက်ဆုံးကြံရာမရတဲ့အဆုံး အန်နာရဲ့ဖခင်ဖြစ်သူ ဒု-ဗိုလ်မှူးကြီး ရိုင်ကာ အိမ်မှာ နေရဖို့ဖြစ်လာပါတော့တယ်။ ရိုင်ကာဟာလည်း စစ်တပ်မွန်းမံရေးသင်တန်းလုပ်ဖို့ ကြိုးစားနေတဲ့ အချိန် ဆိုတော့ အလဲအလှယ်အနေနဲ့ အိမ်ပေးပြီး သမက်ကိုတပ်ထဲ ခေါ်လာခဲ့ပါ တယ်။ တပ်ထဲမှာ အဲလက်စ်တစ်ယောက် ဘယ်လိုဗရုတ်သုတ်ခတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ဟာသဆန်ဆန် မြင်တွေ့ရမှာမို့ စိတ်အပန်းဖြေလို သူတွေ ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size……….(1.89 GB) / (854 MB) / (495 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Zaw Myo Thu Encoder……….SWM

Mystery • Science Fiction • Thriller
5.2 2013
Ready, Steady, Ommm!
Kamu Tidak Sendiri
5.2

Kamu Tidek Sendiri (2022) -အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊ ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကို အရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။ ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။ မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။ -ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကိုစကားပြောဖို့ဝန်လေးသူ ။ အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့သူ။ တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန် ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်းအလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံ ဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရာ ကြုံရဆုံရ လူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thrillee Quality…. 1080p | 720p | 480p File size…778MB | 398MB | 219MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. August

5.2 2022
Kamu Tidak Sendiri
What to Expect When You’re Expecting
5.7

ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ် ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ် ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါ နောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူး နောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ် နောက်စုံတွဲကတော့ ကိုယ်ဝန်မဆောင်နိုင်လို့ ကလေးမွေးစားဖို့ ကြိုးစားနေတဲ့ ဟော်လီနဲ့ အဲလက်စ်ပါ ဟော်လီက ကလေးအရမ်းလိုချင်နေပေမဲ့ အဲလက်စ်ဘက်ကတော့ သိပ်မသေချာပါဘူး စိုးရိမ်စိတ်တွေများနေပါတယ် နောက်ဆုံးစုံတွဲကတော့ ကျောင်းတော်က ရန်စဟောင်း ရိုစီနဲ့ မာကိုပါ မာကိုက ရိုစီကို အထက်တန်းတုန်းက ပလေးသွားခဲ့ဖူးပါတယ် အခုလည်း စီးပွားရေးချင်း အပြိုင်အဆိုင်တွေဖြစ်ပြီး ရန်စောင်နေကြပါတယ် ဒီစုံတွဲတွေမှာ တူညီတာတစ်ခုက မိဘဖြစ်ဖို့ ပြင်ဆင်နေကြတာပါ ဒါပေမဲ့ ဘဝဆိုတာ ထင်မထားတာတွေ ဖြစ်လာတတ်တော့ အရာအားလုံး သူတို့စီစဉ်ထားသလို ဖြစ်မလာပါဘူး ဂျွမ်းထိုးမှောက်ခုံနဲ့ အလွဲလွဲ အချော်ချော်ဖြစ်ကြတာတွေကို ရိုက်ပြထားပါတယ် ပေါ့ပါ့ပါးပါး ဇာတ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်) File size…1.79 GB/ 781.1 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

5.7 2012
What to Expect When You’re Expecting
MyCorona (A Wall Away)
5.1

ဒီကားကတော့ ကိုဗစ်ကာလကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ Romance ကားလေးပဲဖြစ်ပါတယ်။ ကိုဗစ်ကာလဇာတ်ကားဆိုပေမဲ့ တခြားကားတွေလို အနိဌာရုံတွေ၊ စိတ်မချမ်းမြေ့စရာတွေ မပါဝင်ဘဲ ပုံမှန် Romance ကားတစ်ကားလိုပဲ စိတ်အေးလက်အေး ကြည့်ရှုနိုင်မှာပါ။ ကိုဗစ်ကြောင့် အယ်လ်အေက တိုက်ခန်းတစ်ခုအတွင်းမှာ မနေချင်ချင်၊ နေချင်ချင် အတူရှိနေကြရတော့တဲ့ အိမ်နီးချင်းတွေ၊ တစ်အိမ်တည်းနေ မိသားစုတွေနဲ့ ချစ်သူတွေက ပုံမှန်ကာလမှာ မမြင်နိုင်၊ မသိနိုင်တဲ့ အမှန်တရားတွေ၊ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ခြင်းရှိမရှိနဲ့ ကပ်ရောဂါဆိုးကြီးကို ကျော်ဖြတ်ပြီး အဆုံးထိ နားလည်မှုရှိရှိ အတူရှိနေနိုင်သွားကြမလား ဆိုတာကို ကြည့်ရှုခံစားကြရမှာပါ။ အလုံပိတ်အခန်းတွင်း အချိန်ပေါင်းများစွာ နေလာရတဲ့အခါ အရင်ကမတွေးဖူးတာတွေ၊ မသိမမြင်ခဲ့တာတွေကို ကိုယ်ကိုယ်တိုင်အကြောင်းကအစ ကိုယ့်ဘေးကလူရဲ့ အကျင့်စရိုက်အသေးလေးတွေကအထိ မြင်လာကြတာမို့ အသွားအလာတွေ ပိတ်လိုက်တဲ့အခါ နှလုံးသားတံခါးတွေ ပွင့်လာနိုင်၊ မလာနိုင်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(995 Mb)/(471 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.1 2022 89 mins
MyCorona (A Wall Away)
Legend of the Lost Locket

IMDB 6.9/10 ရရှိထားတဲ့ အချစ်ဇာတ်ကား အသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ အမ်မီလီယာက မိခင်ဖြစ်သူ မဆုံးပါးခင်က ဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့ လော့ကတ်လေးတစ်ခုကို ရှာဖွေဖို့ ကြိုးစားနေသူပါ။ ဒဏ္ဍာရီတွေအရ အဲဒီလော့ကတ်လေးရဲ့ နာမည်က အချစ်စစ်လော့ကတ်ဖြစ်ပြီး ဝတ်ဆင်သူကို အချစ်စစ်နဲ့ဆုံဆည်းရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ ဒါပေမဲ့ ကံမကောင်းအကြောင်း မလှစွာနဲ့ နှစ်ခြမ်းကွဲနေရှာတဲ့ လော့ကတ်လေးက တစ်ကွဲစီဖြစ်နေခဲ့ပြီး တစ်ခြမ်းကိုတော့ အမ်မီလီယာရဲ့အမေက ငွေအမြောက်အမြားပေးပြီး ဝယ်ယူသိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ မိခင်ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့လော့ကတ်တစ်ခြမ်းကို ရှာဖွေဖို့ လမ်းစတွေရှာရင်းနဲ့ နောက်ဆုံးမှာတော့ အမ်မီလီယာက ဝယ်လ်မာတန်ဆိုတဲ့ မြို့ငယ်လေးကို ရောက်ရှိလာခဲ့ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက သမိုင်းရှိခဲ့တဲ့ မြို့ငယ်လေးမှာ သူ့ကို ကူညီပေးတဲ့ ရဲမှူး မားကတ်စ်နဲ့အတူ ပျောက်ဆုံးနေတဲ့ လော့ကတ်ကို ရှာရင်း မထင်မှတ်ထားတဲ့ အခက်အခဲတွေကြုံတွေ့ခဲ့ရာမှာ အမ်မီလီယာတစ်ယောက် အခက်အခဲများစွာကိုကျော်ဖြတ်ပြီး တကယ်ပဲ အချစ်စစ်လော့ကတ်တစ်ခြမ်းကို ရှာဖွေတွေ့ရှိသွားနိုင်မှာလား၊ အဲဒီလော့ကတ်ကရော တကယ်ပဲ ဒဏ္ဍာရီတွေထဲလို ဝတ်ဆင်သူကို အချစ်စစ်နဲ့ ဆုံဆည်းအောင် ပေါင်းစည်းပေးနိုင်တာလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်က Emily ပါ) File size…(1.4 GB)/(823 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance,TV Movie, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2024
Legend of the Lost Locket
Nahir

Imdb – 4.7/10 အာဂျင်တီးနားတစ်နိုင်ငံလုံးကို ဂယက်​ရိုက်​သွားခဲ့တဲ့ မှုခင်းကို ပြန်လည်​ရိုက်ကူး​ထား​တဲ့ ဖြစ်ရပ်​မှန်​ရုပ်ရှင်​ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်​မှ ထွက်​ရှိထားပြီး Crime/ Drama ရုပ်ရှင်​အမျိုးအစား​ဖြစ်​ပါတယ်။ စပိန်စကား​ပြော အာဂျင်တီးနား ရုပ်ရှင်​ဖြစ်​ပြီး Nahir Galarza ဆိုတဲ့​ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ ကျူးလွန်​ခဲ့တယ်ဆိုတဲ့ မှု​ခင်း​တစ်​ခုကို​ အခြေ​ပြု​ထား​ပြီး ဖြစ်​ရပ်​မှန်​ကို စိတ်​ကူး​ယဥ် element အချို့​ ထည့်​သွင်း​ထား​တဲ့ ဇာတ်လမ်း​ဖြစ်​ပါတယ်။ ဇာတ်လမ်းအကျဥ်း​ကတော့​ Nahir က Gualeguaychú မြို့​မှာ ဖခင်​ဖြစ်သူ​ ရဲအရာရှိ၊ မိခင်နဲ့ မောင်​လေးတစ်ဦးနဲ့ အတူနေထိုင်တဲ့ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ဖြစ်ပါတယ်။ ရည်းစားဖြစ်သူ Fernando နဲ့ တကျက်ကျက် စကား​များ​လေ့ရှိ​ရာမှ တစ်​နေ့မှာ​ Fernando သေနတ်​နဲ့အပစ်ခံရပြီး ဆုံး​ပါးသွားပါတယ်။ Nahir​ က သူ့လက်ချက်ဖြစ်ကြောင်း ဝန်​ခံရာကနေ ဒီရုပ်ရှင်​ကိုအစပြုထားပါတယ်။ Nahir​ Galarza​ အမှုဟာ အာဂျင်တီးနား တစ်​နိုင်ငံ​လုံးကို​ အငြင်းပွားစေခဲ့တဲ့ နာမည်ကြီးမှုခင်းတစ်ခုဖြစ်ပြီး ယနေ့အထိ လူငယ်​များအကြား မှုခင်း​တွေ၊ ရာဇဝတ်​မှု​တွေကို ငြင်း​ခုံရာမှာ အကိုးအကားအဖြစ် အသုံးပြု​နေကြဆဲပါ။ Nahir​ အပေါ်​ အမြင်​တွေကလည်း တစ်ဦးနဲ့တစ်ဦး ကွဲလွဲနေကြဆဲပါ။ တစ်နိုင်​ငံလုံးကတော့ Nahir​ ကို ကရုဏာ​သက်ခဲ့ပြီး အာဂျင်တီးနား​ရဲ့ တရား​ရေးစနစ်ကို မေးခွန်း​ထုတ်​ခဲ့ကြပါတယ်။ ဒီအမှုကနေတဆင့် အမျိုးသမီး​ငယ်​တွေအတွက်​ တက်​ကြွလှုပ်ရှားသူများက တရား​ရေး​စနစ်​က အမျိုးသမီး​ငယ်​တွေအပေါ်​ ဆက်​ဆံ​ပုံ မမျှတခြင်းကို ပြုပြင်ဖို့ လှုံ့ဆော်​ခဲ့ကြ​ပါသေးတယ်။ ဒီ​ရုပ်ရှင်က Nahir ရဲ့ Unreliable Narrative ကို​ အခြေ​ပြု​ထား​ပြီး​ ကြည့်​ရှု​သူ ပရိသတ်​တွေကို ထင်​မြင်​ချက်၊ ဝိဝါဒ အမျိုး​မျိုး​ကွဲပြား​စေမဲ့ ဇာတ်လမ်း​မျိုးဖြစ်ပါတယ်။ File size…(1.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2024
Nahir
50 First Dates
6.8

50 First Dates (2004) IMDb Rating (6.8) – ” မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် ” – ” ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်” Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။ လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် အစွဲကြီးစွဲရှာပြီ။ ဒါဟာ သူ့ရဲ့ ဘဝလက်တွဲဖော်ပဲ၊ သူအတည်တကျပေါင်းသင်းလက်ထပ်ရမယ့် အိမ်ထောင်ရှင်မပဲလို့ တစ်ထစ်ချယုံကြည်လိုက်ပြီ။ နောက်တစ်နေ့မနက်မှာ Henry က Hukilau ကော်ဖီဆိုင်လေးကို ခပ်စောစောရောက်အောင်လာပြီး ကောင်မလေးကို မျှော်ပြီ။ ကောင်မလေးရောက်လာတော့ သူက ဝင်ရောပြီး သူ့ကိုယ်သူမိတ်ဆက်။ အခြေအနေက ခပ်ကောင်းကောင်း။ ကောင်မလေးက မနက်ဖြန်ကျရင်လည်း လာခဲ့ပါဦးလား။ ထပ်တွေ့ကြရအောင်ဆိုတော့ Henry တစ်ယောက်အဖို့ ဝမ်းသာလုံးတွေစို့လို့။ မနက်ဖြန်ဆိုတာကိုတောင် မြန်မြန်ရောက်ချင်လှရှာပြီပေါ့။ တကယ်တမ်းထပ်တွေ့ကြတဲ့အခါ ကောင်မလေးက သူ့ကိုလုံးလုံးမမှတ်မိ။ မနေ့ကတွေ့ဖူးတယ်ဆိုတာကို ဘယ်လိုရှင်းပြရှင်းပြ လက်မခံ။ ဘာတွေဖြစ်ကုန်တာလဲ။ သူ့ကိုများ ကောင်မလေးက အကြောင်ရိုက်တာလား။ ဆိုင်ရှင်အဒေါ်ကြီးက ကောင်မလေးရဲ့ ထူးဆန်းတဲ့ရောဂါအကြောင်းကို ရှင်းပြလိုက်တဲ့အချိန်မှာတော့….။ ဘယ်လောက်ပဲ ပွေရှုပ်တဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ မိန်းမတွေကို ဘယ်တော့မှ အတည်တကျမတွဲဘူးဆိုတဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ တစ်နေ့မှာတော့ သူ့နှလုံးသားက တကယ်ရူးရူးမူးမူးချစ်ရတဲ့ မိန်းကလေးတစ်ယောက်တော့ ပေါ်လာစမြဲပဲဆိုတာ ဒီဇာတ်ကားလေးက ပြသနေပါတယ်။ ဒီဇာတ်ကားမှာ Henry ရဲ့ အချစ်က ဘယ်လောက်ဖြူစင်ပြီး ဘယ်လောက်ကြီးမားတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားမှာ မင်းသားအဖြစ် Adam Sandler က သရုပ်ဆောင်ထားပြီး မင်းသမီးနေရာကိုတော့ Drew Barrymore က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Peter Segal ရိုက်ကူးတဲ့ ဒီ 50 First Dates ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းကို Movie Locos FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Thriller
6.8 2004
50 First Dates
Babu
6.7

Babu (2024) “ဘာဘူ” မာရသီစကားပြော ရိုမန့်တစ် အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် တစ်ခါတုန်းက နယ်တစ်နယ်မှာ တရားမဝင်လုပ်ငန်းတွေခွင့်ပြုတဲ့ ခရိုင်မှူးတစ်ယောက်ရှိပြီး သူ့ကိုဆန့်ကျင်တဲ့လူတွေထဲမှာ ချာရူဆိုတဲ့ ရဲရင့်လှပတဲ့ ကောင်မလေးလည်း အပါအဝင်ပါ ခရိုင်မှူးရဲ့သားက သတ္တိခဲမလေး ချာရူကိုမှ သဘောကျသွားခဲ့ပြီး အချစ်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တယ် ခရိုင်မှူးကို ထောက်ခံတဲ့လူတစ်ယောက်က သတင်းပေးလိုက်တဲ့အခါမှာတော့ ခရိုင်မှူးက သူ့သားနဲ့ ချာရူတိုရဲ့ ချစ်ခြင်းကိုခွဲခဲ့ပြီး ချာရူရဲ့အဖေကလည်း ထူးဆန်းစွာနဲ့ သေဆုံးသွားတဲ့အခါမှာ ဘယ်လို လက်စားချေဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာလဲ ခံစားကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Comedy
6.7 2024 139 mins
Babu
Supernova
4.8

Supernova (2000) ဒီတစ်ခါတော့သိပ္ပံစိတ်ကူးယဥ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။Supernova ဆိုတာက ကြယ်ပေါက်ကွဲမှုဖြစ်ပါတယ် ။ ကြယ်ဆိုတာကနေပါပဲ။နေတွေမှာသက်တမ်းရှိပါတယ်။လက်ရှိကမ္ဘာရဲ့နေကကြယ်ဝါပု( yellow dwarf)ပါ။ ကြယ်တွေမှာဟိုက်ဒရိုဂျင်တွေလောင်ကျွမ်းပြီးလောင်စရာကုန်တော့ ဟီလီယမ်တွေပါ ဆက်fusionဖြစ် ပိုလေးလံတဲ့အောက်ဆီဂျင် ကာဘွန်နဲ့တစ်ခြားလေးလံတဲ့ဒြပ်စင်အဖြစ်ဆက်fuseဖြစ်ပြီး စွမ်းအင်တွေအများကြီးထွက်လာပြီးကြယ်တွေရဲ့အပြင်လွှာကအပြင်ကိုအရှိန်အဟုန်နဲ့ပြန့်ကားထွက်လားထွက်လာပါမယ်။ အနီးအနားကဂြိုလ်တွေလတွေကိုဝါးမြိုသွားမှာပါ။အဲဒီအဆင့်က ကြယ်နီကြီး(Red Giant)ပါ ။ပြန့်ကားတာကြာလာတဲ့အခါဒြပ်ဆွဲအားသက်ရောက်တာနည်းပြီးစကြာဝဠာထဲကိုလွတ်ထွက်သွားပါမယ်။ အရွယ်အစားကအဆပေါင်းများစွာသေးတဲ့ ကြယ်ဖြူပုဖြစ်လာပြီးအဲဒီကြယ်ဒြပ်ထုတစ်ဝက်ကအပြင်ခွံလွှာမှာပါသွားပြီးအဲဒီဒြပ်မှုန်လွှာတွေကဓါတ်ငွေ့ဖုန်မှုန့်အစုအဝေး planetry nebulaဖြစ်လာပါမယ်။ အဲဒီနက်ဗျူလာက ကြယ်ဖြူပုကိုပတ်နေပါမယ်။နှစ်ဘီလီယံ ထရီလီယံကြာပြီးနောက်တော့ တောက်လောင်တာချုပ်ငြိမ်းပြီးကြယ်ပုမည်းဖြစ်ပြီးအပြီးပျောက်ကွယ်သွားပါမယ်။ လက်ရှိ ကမ္ဘာဂြိုလ်ရဲ့နေထက် အဆ ၂၅ဆ ၃၀ဆကြီးတဲ့ ကြယ်တွေသေဆုံးရင်တော့ Supernova အဖြစ်ပေါက်ကွဲပါတယ်။ ပေါက်ကွဲမှုကထွက်လာတဲ့ရောင်စဥ်တွေက ဂလက်ဆီတစ်ခုလုံးကိုလင်းလက်တောက်ပသွားနိုင်ပါတယ်။ပေါက်ကွဲမှုပြီးရင် မြို့တစ်မြို့စာအကျယ်ရှိတဲ့ နျူထွန်ကြယ်သေအဖြစ်ရှိနေပါမယ်။ အဆ၃၀နီးပါးကြီးတဲ့ကြယ်တွေက အာကာသတွင်းနက်တွေအဖြစ်ရှိနေပါမယ်။ကြယ်တာရာသချိုင်းမှာရှိတဲ့ ရုပ်ကြွင်းနက်ဗျူလာတွေ ဓါတ်ငွေ့တိမ်တိုက်အစုအဝေးတွေကစကြာဝဠာထဲခရီးဆက်သွားပြီး စုမိပေါင်းမိပြီးကြယ်တွေကိုထပ်မွေးဖွားပါမယ်။ စကြာဝဠာထဲက ဒြပ်စင်တွေ ကမ္ဘာပေါ်ကဒြပ်စင်တွေ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ ဒြပ်စင်တွေက ကြယ်သေဆုံးမှုကလွင့်လာတဲ့အမှုန်အမွှားတွေလို့ဆိုပါတယ်။ ဒီအကြောင်းလေးကိုဘာလို့ ပြောပြရသလဲဆိုတော့ ဒီသဘောတရားတွေကိုရုပ်ရှင်ထဲမှာ ပြောပြထားလို့ပါပဲ။ဒါတွေကိုသိထားရင် ရုပ်ရှင်ရဲ့ အနှစ်သာရကလည်း ပိုကောင်းလာနိုင်ပါတယ်။ ဇတ်လမ်းအကျဥ်း ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးအာကာသယာဥ် နိုက်တင်းဂေးလ်ဟာ အာကာသထဲမှာတစ်ရက်မှာအက်စ်အိုအက်စ်(အရေးပေါ်အကူညီတောင်းခံခြင်း)ဆစ်ဂနစ်တစ်ခုကိုတိုက်ရိုက်လက်ခံရရှိပါတယ် ။ အဲဒါက အလင်းနှစ်၃၄၃၂ ကွာဝေးတဲ့တိုင်တန်လပေါ်ကမိုင်းတွင်းဟောင်းတစ်ခုကလာတာပါ။ အကူညီတောင်းခံတဲ့ ကားလ်လာဆန်ဆိုတဲ့လူကို ဒေါက်တာ ခေးလာအဲဗားစ်(အိန်ဂျယ်လာ ဘက်စ်ဆက် Angela Basset)ကသိပါတယ်။ အဲဒီကိုသွားကယ်ဖို့ဆိုရင်သူတို့တွေကhyperspaceလို့ခေါ်တဲ့ဒိုင်းမန်းရှင်းမတူတဲ့နေရာမှာဒိုင်မန်းရှင်းဒရိုက်ရဲ့အကူနဲ့အလင်းထက်မြန်အောင်သွားနိုင်မှရောက်မှာဖြစ်ပါတယ် ။ ဒိုင်းမန်းရှင်းခုန်(အလင်းထက်မြန်အောင်ခရီးသွား)ပြီးတိုင်တန်လနားကိုရောက်တဲ့အခါ အခက်အခဲတွေကြုံရပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ယာဥ်မှုး သေသွားသလိုလပါတ်လမ်းထဲက အမှုန်တွေအခဲတွေနဲ့တိုက်မိပြီး လောင်စာကန်ပေါက်ပြီးလောင်စာတွေလည်းတော်တော်ဆုံးရှုံးသွားပါတယ်။ လနဲ့လည်းတိုက်မိမလိုဖြစ်ပါတယ်။ အဲဒါနဲ့ ခဏအစမ်းခန့်တဲ့သဘောနဲ့ ယာဥ်ပေါ်ကိုရောက်နေတဲ့ဒုပိုင်းလော့နစ်ခ်ဗန်ဇန့်(ဂျိမ်း စပက်ဒါ James Spader) က ယာဥ်မှူးတာဝန်ကိုယူလိုက်ရပါတယ်။ တိုင်တန်လကနေ ယာဥ်တစ်စင်းရောက်လာပြီးယာဥ်ပေါ်ကလူကသတိမေ့နေပါတယ်။အကူညီတောင်းတဲ့ ကားလ်လာဆန်လည်းမဟုတ်ပါဘူး ။သူ့ရဲ့သားထရွိုင်လို့ဆိုပါတယ်။ ထရွိုင်ရဲ့ ယာဥ်ပေါ်ကိုရှာတဲ့အခါထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုသွားတွေ့ပါတယ်။ ထရွိုင်က တိုင်တန်လ မိုင်းတွင်းဟောင်းထဲမှာ လောင်စာတွေရှိတယ်ပြောတာကြောင့်နစ်ခ်က ကယ်ဆယ်ရေးယာဥ်တစ်စင်းနဲ့ သွားယူပါတယ်။ အဲဒီထူးဆန်းတဲ့စ္စည်းကဘာလဲ ထရွိုင်ရဲ့လျို့ဝှက်ချက်ကဘာလဲ နစ်ခ်တိုင်တန်ပေါ်ကနေလောင်စာတွေရမလား ယာဥ်အမှုထမ်းတွေကမ္ဘာမြေကိုပြန်ရောက်မလားဆိုတာကိုတော့ဆက်လက်ပြီးဖန်သားပြင်ပေါ်မှာကြည့်နိုင်ပါတယ်။ ဒါရိုက်တာက Walter Hill ပါ။ ဒီဇာတ်ကားမှာ သဘောကျတာက ရူပဗေဒနဲ့ဆိုင်တဲ့ သဘောတရားတွေ ကြယ်တာရာတွေဂြိုလ်တွေကိုပါ။ ဇတ်ကောင် ထရွိုင်ပြောတာက “ကိုယ့်ကိုအခုထိတူညီတဲ့ပစ္စည်းတွေနဲ့ပဲဖွဲ့စည်းထားတာ ကယ်လဆီယမ် အိုင်းရွန်း ဇင့်ဒြပ်စင်တွေအားလုံး ဒါအကုန်လုံးကကြယ်တွေရဲ့ဖုန်တွေ ကိုယ်တို့တောင်မှပဲကြယ်တွေသေလို့ကိုယ်တို့အသက်ရှင်နိုင်တာပြီးတော့ကိုယ်တို့သေတယ်အဲဒါကြောင့်ကြယ်တွေကိုပြန်မွေးဖွားနိုင်တယ်” ရုပ်ရှင်ကြည့်ရင်း ဒြပ်စင်တွေနဲ့ဖွဲ့စည်းထားပြီးစကြာဝဠာထဲက ဖုန်တစ်မှုန့်နဲ့တူတဲ့လူတွေရဲ့မမြဲတဲ့သဘောတရားလေးကိုပြေးမြင်မိလိုက်တာက ကိုယ့်အတွက်တော့အနှစ်သာရပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (1.6 GB) / (860 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Sci-Fi, Thriller Duration….01:31:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Drama
4.8 2000 91 mins
Supernova
Vena
7.4

Vena (2024) IMDb Rating (7.4) ဂျန်နီဟာ သူ့ရဲ့အတူနေချစ်သူနဲ့မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်။ မိသားစုဘ၀ကိုလိုချင်ပေမယ့်လည်းငယ်ရွယ်သူဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်အမှားတွေတစ်ခုပြီးတစ်ခုအပြင် မိခင်ဖြစ်သူရဲ့အုပ်ထိန်းမှုအောက်က သူ့ရဲ့သားဦး၊လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကနေ ရှောင်ထွက်ဖို့အလွယ်လမ်းကိုလိုက်ရင်း မူးယစ်ဆေးရဲ့သားကောင်အဖြစ်ကလည်းရုန်းမထွက်နိုင်တဲ့အတွက် သူ့ဘ၀ဟာ ထွက်ပေါက်မဲ့ မွန်းကြပ်စရာအတိပါပဲ။ ဒါပေမယ့်လည်း ဘယ်တုန်းကသူ့ဆီမှာရှိနေမှန်းမသိတဲ့ မိခင်စိတ်တစ်ချို့ရုန်းကြွလာချိန်မှာတော့ ဂျန်နီတစ်ယောက်အတိတ်ကအမှားတွေမှန်သမျှကိုပြုပြင်ဖို့ကြိုးစားရင်း၊ သူ့အနာဂတ်အတွက် သူ့ကလေးလေးအနာဂတ်အတွက်မကောင်းနိုင်တဲ့ပတ်ဝန်းကျင်ကသူတွေကိုပါရှောင်ဖယ်ရုန်းထွက်ချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ မျှော်လင့်ချက်ရောင်ခြည်တွေ၊ ထင်မှတ်မထားသူတွေဆီကအကူအညီနဲ့ ကြိုဆိုမှုတွေကို မြင်တွေ့ရမှာပါ။ သူ့အတွက် ပြင်ဆင်ချိန်ဟာ တကယ်တမ်းမှီနိုင်သေးရဲ့လား? ဘာလင်မြို့မှာကျင်းပခဲ့တဲ့ First Steps Awards ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု ဓာတ်ပုံဆုတွေ ရရှိခဲ့ပြီးဝေဖန်ရေးဆရာတွေရဲ့အကောင်းမြင်မှတ်ချက်တွေရရှိထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။ကလေးမွေးတဲ့အခန်းကိုကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ပြထားတာတွေနဲ့ လိင်ဆက်ဆံခန်းတစ်ချို့၊မူးယစ်ဆေးအသုံးတွေကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေနိုင်ပါ။ 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (810 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:56:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Comedy • Romance • Action
7.4 2024 117 mins
Vena