YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Arthur.and.the.Invisibles.2006.1080p.BluRay.(CM).mp4

2.1 GB N/A video/mp4 526 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Maalai Nera Malipoo
7

Maalai Nera Malipoo(2023) လက်တွေ့ကျကျ ဘဝကိုမှအစ်အမှန်အတိုင်းရိုက်ပြတာကြိုက်တဲ့ CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးချင်တာကတော့ IMDb 9.5/10 ရရှိထားတဲ့ အသစ်စက်စက် ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ပြည့်တန်ဆာမလေးတစ်ယောက်ရဲ့ ရုန်းလေနစ်လေတဏှာသားကောင်ဘဝထဲကနေ သားလေးတစ်ယောက်ကို ပျိုးထောင်ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်ဆိုတာကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ နိုင်သူအကုန်စားတဲ့ လောင်းကစားဆန်ဆန်လောကကြီးမှာ ဘူမသိကိုးမသိနဲ့ ဒုက္ခတောထဲ ဒိုင်ပင်ထိုးဝင်မိရာက ဘာတွေဖြစ်လာလဲ... ဒုက္ခတောထဲကနေ မိခင်မေတ္တာကြောင့် ဘယ်လိုတွေ စွန့်စားခဲ့ရလဲ... ခြေကျွံလက်ကျွံပြီး ဝင်သွားမိတဲ့ဒီလမ်းကနေ ပြန်ရောလှည့်နိုင်ပါ့မလား... စတာတွေကိုတော့ မိုးအေးအေးမှာ ကြည့်လို့ကောင်းမယ့် ခပ်ငြိမ်ငြိမ်ဇာတ်လမ်းလေးမို့ CM ပရိသတ်ကြီးကြည့်ရှုဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော် ။ (အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီ ဘာသာပြန်တွေကတော့ Aditi ~ BpL ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.54GB  / 688MB Quality…1080p TRUE WEB-DL /720p Format…mp4 Duration….1 h 59 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi ~ BpL ~ Zwe ~ Yunni

Drama • Thriller
7 2023 119 mins
Maalai Nera Malipoo
Thirteen Lives
7.9

~ IMDb - 7.9/10, Rotten Tomatoes - 88% ~ "Directed by Ron Howard" ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ တန်းစီရခဲ့တဲ့သူ။ တခြားကားကောင်းတွေအများကြီးလည်းရိုက်ထားတဲ့သူပါပဲ။ ဒီလိုလူက ဘာလို့ ဒီလိုကားရိုက်လဲ ဆိုတာတော့မသိပေမဲ့ ဒီကားလည်း IMDb - 7.9/10 , Rotten Tomatoes - 88% နဲ့ ရပ်တည်နေတာဆိုတော့ ပရိသတ်တွေရော ဝေဖန်ရေးသမားတွေရော သဘောကျတဲ့ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားတွေကလည်း Colin Farrell တို့ Joel Edgerton တို့လို နာမည်ထက် အရည်အချင်းက ပိုသာနေတဲ့ မီးခဲပြာဖုံးတွေအပြင် Viggo Mortensen ကြီးပါပါသေးတယ်။ သူ့ကိုတော့ Lord of the Rings ထဲက အာရဂွန်အဖြစ် လူသိများပြီး တခြားကောင်းပေ့ဆိုတဲ့ ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ထားတဲ့သူပါပဲ။ ဒါရိုက်တာရော မင်းသားတွေရောက အကောင်းကြိုက်တွေဆိုတော့ ဒီကား ကောင်းမကောင်းပြောဖို့မလိုပါဘူး။ အဆစ်အနေနဲ့ ထိုင်းရဲ့ နာမည်ကြီး Bad Genius ထဲက Teeradon Supapunpinyo ပါပါသေးတယ်။ (ဟာသပြောရရင်တော့ ဒီရုပ်ရှင်ထဲက Colin Farrell ရဲ့ဇာတ်ကောင်ဖြစ်တဲ့ John Volanthen က မစ္စတာဘင်းကြီး ရိုဝန်အက်ကင်ဆန်ကို သူ့နေရာက သရုပ်ဆောင်ခိုင်းဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ရွန်ဟောင်းဝတ်ကြီးက ငါတို့အဲဒီလိုကားမျိုးရိုက်တာမဟုတ်ဘူးကွဆိုပြီး ငြင်းပြီး Colin Farrell ကိုရွေးလိုက်ပါတယ်။ Volanthen ကတော့ Colin ကို သိတောင်မသိပါဘူးတဲ့...) ရွန်ဟောင်း၀တ်ဟာ အနောက်ကလူပေမဲ့ အရှေ့အကြောင်းကို အဓိကထားပြီး ရိုက်တဲ့ကားမှာ အရှေ့တိုင်းယဉ်ကျေးမှု ထိုင်းယုံကြည်မှုကို မပစ်ပယ်ဘဲ သေချာထည့်သွင်းရိုက်ကူးခဲ့တာကိုလည်း ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ နတ်ကိုင်သလိုလို ထင်နေကြတာမို့ နတ်ပုံကိုလည်း သေချာကြက်သီးထစဖွယ်ရိုကိခဲ့သလို ဆုတောင်းတာတို့ ကလေးတွေအတွက် အဆောင်ထည့်ပေးတာတို့ကို သေချာပြခဲ့သလို အင်္ဂလိပ်တွေရဲ့ တုံ့ပြန်ပုံကိုပါ သေချာပြခဲ့ပါတယ်။ တကယ့် ဝါရင့်ဆရာကျတဲ့ ဒါရိုက်တာပီသစွာ နှစ်ဖက်စလုံးကအမြင်ကို အခြေအနေတော်တော်များများမှာ ရိုက်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီအားလုံးသိပြီးသားဇာတ်ကို ရွန်ဟောင်းဝတ်ဟာ အတော်လေး အီမိုရှင်နယ်ဖြစ်အောင်ရိုက်ပြခဲ့သလို ဒီဖြစ်ရပ်မှာပါဝင်ကူညီခဲ့တဲ့ လယ်သမားအစ နိုင်ငံခြားသားအဆုံးရဲ့ အားထုတ်မှုတွေကိုလည်း တလေးတစားဖော်ပြထားခဲ့ပါတယ်။ ပရိသတ်အချို့က ဒါမျိုးမှ စူပါဟီးရိုးကားအစစ်ဆိုတဲ့ သဘောမျိုးတောင် ချီးကျူးကြပါတယ်။ လူကိုလူချင်းကူညီတာထက် စူပါဟီးရိုးဆန်တာ ရှိဦးမလား။ ထူးတာကတော့ မိဘတွေရဲ့ပူပန်မှုကို ဖော်ပြတဲ့နေရာမှာ မြန်မာနိုင်ငံသူ ထိုင်းမှာနေပြီး နိုင်ငံပျောက်နေတဲ့ ရှမ်းအမျိုးသမီးကိုပဲ အဓိကဖော်ပြထားခဲ့ပါတယ်။ အဆုံးမှာတော့ သူတို့ကို ထိုင်းဘက်က နိုင်ငံသားခံယူခွင့်ပေးခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဒိုကူလား ရုပ်ရှင်လား မသည်းကွဲရလောက်အောင် ပီပြင်သလို Colin ကလည်း ဒီရုပ်ရှင်ကို ရိုက်ရင်းစိတ်မသက်မသာဖြစ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ သေချာတာကတော့ ဒီဖြစ်ရပ်ကို သရုပ်ဖော်ခဲ့တဲ့ထဲ ရုပ်ရှင်တွေထဲ ဒီကားအကောင်းဆုံးဖြစ်ဖို့များသလို ကယ်ဆယ်သူတွေဘက်က စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ခရေစေ့တွင်းကျ ခံစားရမယ့် ရုပ်ရှင်လည်းဟုတ်ပါတယ်။ ကားအသစ်ထွက်ရင် ကြည့်ကိုကြည့်သင့်တဲ့ ဆရာ့ဆရာ ဒါရိုက်တာကြီးတွေထဲက တစ်ယောက်ရဲ့ လက်ရာဆိုတော့လည်း ဒီလောက်တော့ရှိမပေါ့။ ဒီရုပ်ရှင်ဟာ ၂၀၂၂ထဲ ခင်ဗျားကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ရာလောက်ကို စာရင်းလုပ်မယ်ဆို တစ်ဝက်လောက်မှာ ပါကိုပါနေမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.33GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 2H 27Min Genre - Action, Adventure, Biography Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Mystery • Thriller
7.9 2022 147 mins
Thirteen Lives
The Foggy Mountain
2

ဒါကတော့ 2020 လောက်ကထွက်ထားတဲ့ Vietnam action ကားလေးဖြစ်ပါတယ်။ IMDb မှာတော့ 5.9/10 ရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းမှကြည့်ချင်တယ်ဆိုသူများအတွက် သင့်တော်မယ့် ဇာတ်ကြမ်းကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အငြိမ်းစားယူပြီး မျက်မမြင်မိန်းမနဲ့ပဲ အချိန်ပေးနေတဲ့ ဖိုက်တာဟောင်းကြီးတစ်ယောက်အကြောင်းပါ။ မိန်းမဖြစ်သူရဲ့မျက်လုံးကိုရအောင်ကုပေးဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ အလုပ်ရှင်ဟောင်းမှပေးတဲ့ တာဝန်ကို ငြင်းပယ်လိုက်တဲ့အတွက်ကြောင့် အလုပ်ရှင် ဂိုဏ်းစတားခေါင်းဆောင်ဟာ ဖိုက်တာဟောင်းကြီးရဲ့ မိန်းမကို သတ်လိုက်ပါတာ့တယ်။ ဒီအတွက် သူ သူ့မိန်းမအတွက် ဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါခင်ဗျ။ အက်ရှင်ခန်းတွေအများကြီးနဲ့ ဇာတ်ကြမ်းကားပီသတဲ့အတွက်ကြောင့် Actionသမားတွေအတွက် တင်ပေးလိုက်ပါတယ်ခင်ဗျ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre..... Action Quality…. 1080p | 720p | 480p File size… 1.4GB | 758MB | 359MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier Zy Encoder ..... August

Drama
2 2020 87 mins
The Foggy Mountain
Morbius
6.1

မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။ မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီး ဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။ ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲ သိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုး ဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကို ပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ File size…3.6GB / 1.6GB / 900MB Quality… 4k HEVC WEB DL  SDR AAC5.1Ch /1080p BLU RAY 5.1CH / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson

Action • Mystery • Thriller
6.1 2022 105 mins
Morbius
The Walk
5.7

The Walk (2022) ဇာတ်လမ်းကတော့ ၁၉၇၄ခုနှစ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်အကြောင်းအရာကို တစ်ခုကို အခြေပြု ဇာတ်အိမ်တည်ထားတယ်။ လူဖြူတွေ လူမဲတွေရဲ့ ပြဿနာတွေနဲ့ တိုင်ပတ်နေတဲ့ ကာလပေါ့။ ဘော်စတွန်တောင်ပိုင်းမှာ လူဖြူတွေချည်းတက်တဲ့ ကျောင်းရှိတယ်။ ပြောရရင် လူမျိုးရေးခွဲခြားတဲ့ စနစ်ကျင့်သုံးတဲ့ကျောင်း။ အဲဒီကျောင်းကို အစိုးရကနေ အဲဒီစနစ်ဖျက်သိမ်းဖို့ အမိန့်ချပြီး လူဖြူလူမဲချစ်ကြည်ရေးအနေနဲ့ လူမဲတွေအနေများတဲ့ တစ်ဘက်မြို့က လူမဲတစ်ဝက်ကို ဘော်စတွန်ကကျောင်းမှာ တက်စေပြီး လူဖြူတစ်ဝက်ကို လူမဲတွေနေတဲ့မြို့ကို ပို့လိုက်တယ်။ ဒီတော့ လူမဲတွေကြားမနေချင်တာရော ကျောင်းပြောင်းခံလိုက်ရတာရော ပေါင်းပြီး လူဖြူလူမဲ အဓိကရုဏ်းတွေဖြစ်ကုန်တယ်။ Justin Chatwineနဲ့ မူလ war machine Terrence Howardတို့ရဲ့ သရုပ်ဆောင်စကေးကောင်းကောင်လေးကိုကြည့်ရမယ့် ရုပ်ရှင်ပါ။ သူတို့သရုပ်ဆောင်ကောင်းသလို ဇာတ်ကလည်း emotionalဖြစ်စရာလေးတွေပါလို့ ကြည့်ကောင်းတဲ့ ဒရာမာရုပ်ရှင်တစ်ကားပါပဲ။ လူမဲတွေရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ လူဖြူတွေရဲ့ အမြင်တွေကို နှစ်ဘက်လုံးကို ပြထားတဲ့ လူဖြူလူမဲအရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.9GB) / (920MB) Quality__WEB-DL_1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:45:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Comedy • Fantasy • Romance
5.7 2022 105 mins
The Walk
Trees of Peace
6.5

Trees of Peace (2022) လူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်း ရုပ်ရှင်တွေ စီအမ်မှာ တော်တော်လည်း မနည်းတော့ပါဘူး။ ကမ္ဘာကြီးဟာ ကျွန်တော်တို့ထင်တာထက် ရက်စက်တဲ့နေရာတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့တဲ့အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပေါ့။ ဒီတစ်ခါ လူမျိုးသုဉ်းသတ်ဖြတ်မှုကတော့ အရှေ့အာဖရိကက ရဝမ်ဒါဆိုတဲ့နေရာလေးမှာ ၁၉၉၄မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်းပါ။ ဟူးတူးနဲ့ တက်စီဆိုပြီး အဓိကလူမျိုးစုနှစ်ခုရှိနေရာက ဟူးတူးတွေက တက်စီတွေကိုသာမက ဟူးတူးပဲ ကျန်ရမယ်ဆိုပြီး အစွန်းမရောက်တဲ့ဟူးတူးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်မှုကြီးပါ။ ဒီလိုသတ်ဖြတ်မှုတွေစစချင်းမှာ မတူညီတဲ့နောက်ခံ မတူညီတဲ့အခြေအနေအမျိုးမျိုးက အမျိုးသမီးလေးယောက်ဟာ မြေတိုက်ခန်းတစ်ခုမှာပုန်းနေခဲ့တယ်။ အန်းဖရန့်လိုပေါ့။ ဒီအခန်းကျဉ်းလေးမှာ ရက်ပေါင်းများစွာပုန်းနေရခြင်း သူတို့စိတ်တွေကို တတိတိလှိုက်စားခဲ့တာတွေကိုပြထားတယ်။ အမေရိကန်ရယ် ဟူးတူးရယ် တက်စီရယ် လူမျိုးစုတွေ အယူဝါဒတွေမတူကြတော့ ပြဿနာတွေလည်း တက်တယ်။ အပြင်က ရက်ရက်စက်စက်သတ်ဖြတ်မယ့်လူတွေရယ် အထဲကပြဿနာတွေရယ်ကြား ဘေးကြပ်နံကြပ်နဲ့နေနေရတဲ့ အကြောင်းတွေပါပဲ။ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ရက်ပေါင်းများစွာနေလိုက်ရတဲ့နောက် အပြစ်ရှိစိတ်တွေ ယုံကြည်ချက်တွေကြား စိတ်တွေပါ ရူးမလိုလိုဖြစ်ကုန်ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။ ပြီးတော့ လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်အကြေင်းရောပေါ့။ ဒီကာလမှာ အမျိုးသမီး၅သိန်းဝန်းကျင်လည်း မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်မှာတော့ ကံကောင်ခဲ့းတဲ့ အမျိုးသမီးလေးယောက်ကို ပြထားတာပါ။ သူတို့ကံကောင်းတယ်ဆိုတာတောင် ဘယ်လောက်ခက်ခဲခဲ့လဲ ကောင်းကောင်းကြီး ပြထားတဲ့ ရုပ်ရှင်ဆိုတော့ ကံဆိုးခဲ့တဲ့အမျိုးသမီး ၅သိန်းအကြောင်းကိုတော့ ကျွန်တော်တို့ ကြည့်ရက်စရာမရှိဘူးပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size…1.4GB | 479MB | 236MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. August

Action & Adventure • Animation • Comedy • Family
6.5 2022 97 mins
Trees of Peace
Mother, May I?
5.5

၅၂၈ မေတ္တာဆိုတာက ကမ္ဘာပေါ်မှာအကြီးမားဆုံးချစ်ခြင်းမေတ္တာ တရားပဲဖြစ်ပါတယ်။ ဘယ်လိုပဲကိုယ်ဆိုးဆိုး ကိုယ့်မိဘတွေကတော့ကိုယ့်ကို အချစ်စစ်နဲ့ မစွန့်ပစ်သွားပဲချစ်နေတုန်းပါ။ဒါပေမယ့်ဒီကားထဲက အမ်မက်ဆိုတဲ့ သူကတော့ အဲ့ဒီ ၅၂၈ မေတ္တာကိုအပြည့်အဝမခံစားခဲ့ရပါဘူး။သူငယ်စဉ်က သူ့အမေက သူ့ကိုစွန့်ပစ်သွားခဲ့ပြီးသေဆုံးတဲ့အချိန်အထိ သူ့ကိုအဆက်အသွယ် မလုပ်ခဲ့ပါဘူး။သေတမ်းစာထဲမှာသူ့အတွက်အိမ်တစ်လုံးပဲချန်ထားပေးခဲ့ပါတယ်။ ဒီလိုနဲ့ အမ်မက်လဲ သူ့ရဲ့ဇနီးလောင်းဖြစ်သူနဲ့အဲ့ဒီအိမ်ကိုသွားကြည့်ပြီး ရောင်းဖို့အတွက် စီစဉ်ရင်းနဲ့အဲ့ဒီအိမ်မှာခဏတာနေခဲ့ကြပါတယ်။အဲ့ဒီအိမ်မှာက သူ့အမေရဲ့အငွေ့အသက်တွေပြည့်နှက်နေပြီး ခြောက်ခြားစရာလဲကောင်းလှပါတယ်။ အဆိုးဆုံးကတော့ သူ့ဇနီးလောင်းအန်ညာက အိမ်ပြင်မှာမေ့လဲသွားပြီးနောက်ပိုင်း သူ့အမေလိုမျိုးစတင်ပြုမူလာတာပါပဲ။လုပ်ပုံကိုင်ပုံပြောပုံဆိုပုံတွေက အစသူ့အမေနဲ့ တစ်ထပ်တည်းတူနေပြီးတော့ ရေမကူးတတ်ရာကနေ ချက်ချင်းတွေရေကူး တတ်သွားလို့ အမ်မက်တစ်ယောက်လဲရူးချင်သလို ဖြစ်လာပါတော့တယ်။ အဲ့ထက်ပိုဆိုးတာကအဲ့လိုဖြစ်ပြီး သိပ်မကြာခင်မှာပဲချက်ချင်းကြီး အန်ညာ တစ်ယောက်အရင်ပုံစံပြန်ဖြစ်သွားတာပါပဲ။ဒီလိုနဲ့အမ်မက်နဲ့အန်ညာနှစ်ယောက် အဲ့ဒီအိမ်ကြီးထဲမှာဘာတွေဆက်ဖြစ်ကြမလဲ။အဲ့ဒီအိမ်ကြီးထဲမှာရောဘယ်လိုအရာ တွေရှိနေတာလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်သည်းထိပ်ရင်ဖိုဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.09GB/ 460MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023
Mother, May I?
Outpost

စိတ္တဇ Horror ဇာတ်လမ်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb Rating 4.8 ပဲရရှိထားပေမဲ့ အေးအေးဆေးဆေးစိတ်လှုပ်ရှားပြီးကြည့်လို့ရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိုက်ခ်ဆိုတဲ့သူ့ယောက်ျားရဲ့ရိုက်နှက်နှိပ်စက်မှုတွေကို အမြဲတမ်း ခံစားနေရပြီး မခံနိုင်တဲ့အဆုံးမှာတော့ သူ့သူငယ်ချင်းနစ်ကီကို အကူအညီတောင်းခဲ့ပါတယ်။ဒီလိုနဲ့ နစ်ကီကသူနဲ့စကားမပြောတာကြာနေပြီ ဖြစ်တဲ့ သူ့အစ်ကိုအားလ်ဆီကို သူငယ်ချင်းဖြစ်သူအတွက်ဆက်သွယ်ပေးခဲ့ပြီးတော့ တောင်ပေါ်မှာအလုပ်တစ်ခုပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။အားလ်က သစ်တောစောင့်ရှောက်ရေး ဌာနမှာအလုပ်လုပ်နေတာဖြစ်ပြီး သူတို့ဆီက ဟိုးအမြင့် တစ်နေရာက ကင်းစင်မှာမီးဘေးစောင့်ကြည့်ဖို့ မျှော်စင်တစ်ခုမှာကင်းသမားလိုနေတာပါ။ အဲ့ဒါကြောင့်ပဲ ကိတ်လည်းသူ့ယောက်ျားနဲ့ဝေးရာမှာနေဖို့အတွက် အဲ့ဒီမျှော်စင်မှာ ကင်းစောင့်ဖို့ တာဝန်ယူခဲ့ပါတော့တယ်။စစချင်းမှာ စိတ်ဂယောင်ချောက်ခြားမှုတွေ များစွာခံစားခဲ့ရပြီးနောက်မှာ တဖြည်းဖြည်းချင်း အဆင်ပြေလာခဲ့ပါတော့တယ်။ ဒါပေမယ့် သူနေထိုင်တဲ့မျှော်စင်နဲ့ အနီးအနားမှာရှိတဲ့ ရက်ဂျီဆိုတဲ့လူတစ်ယောက်နဲ့ သွားပတ်သတ်မိတဲ့အခါမှာ ဖြစ်ရပ်ဆိုးတွေရင်ဆိုင်လာရပါတော့တယ်။ အဲ့ဒီဖြစ်ရပ်ဆိုးတွေကဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဝင်ရောက်ခံစား ကြည့်ရှုကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.89GB / 763MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2022 84 mins
Outpost
White Bird
7.3

ဒီဇာတ်ကားကတော့ မင်းသမီးကြီး Helen Mirrenပါဝင်ထားပြီး IMDb 7.3/10 ရရှိထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ဇာတ်အိမ်က ယနေ့ခေတ်မှာတည်ထားပေမယ့် အဓိကကတော့ ပြင်သစ်ကို နာဇီတွေမင်းမူနေပြီး သိမ်းပိုက်ထားတဲ့အချိန်မှာ ဂျူးလူမျိုးကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်ကြောင်းပြန်ပြောပြတဲ့အနေနဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ယနေ့ခေတ်မှာ ဂျူလီယန်ဟာ အရင်ကျောင်းအဟောင်းကနေအထုတ်ခံခဲ့ရပြီး ကျောင်းအသစ်ကိုရောက်ခဲ့ပေမယ့် အရင်ကျောင်းကအတိတ်တွေကြောင့် သူ့စိတ်ထဲမှာ အမြဲတမ်း တစ်ခုခုဆိုရင်သေချာမဆုံးဖြတ်နိုင်ပဲ လမ်းပျောက်နေခဲ့တာပါ။ ဒါ့ကြောင့်ပဲ သူ့ရဲ့အဖွားဟာ ဂျူလီယန်ရဲ့ဘဝကိုပြောင်းလဲစေနိုင်ဖို့ သူမရဲ့ငယ်ဘဝအကြောင်းကိုပြောပြခဲ့ပါတယ်။ သူမရဲ့ငယ်ဘဝကတော့ ဂျာမန်တွေအပိုင်သိမ်းထားတဲ့ပြင်သစ်မှာ သူမဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်နေခဲ့တာကြောင့်ထွက်ပြေးရင်းနဲ့ ကောင်လေးတစ်ယောက်က သူမကိုကယ်ခဲ့ပါတယ်။ အဲဒီကနေ သူတို့က အချစ်ဦးတွေဖြစ်ခဲ့ကြတာတွေ၊ စပါးကျီထဲမှာပုန်းနေရတဲ့သူမအတွက် စိတ်ကူးယဉ်ကမ္ဘာကိုဖန်တီးကြတာတွေ၊ ဂျာမန်တွေကိုပုန်းရှောင်ခဲ့ရတာတွေနဲ့ ကောင်လေးရဲ့မိဘတွေဟာ သွေးမတော်သားမစပ်ပေမယ့် သူမကိုအတတ်နိုင်ဆုံးစောင့်ရှောက်ခဲ့တာတွေကို ပုံပြင်ရှည်ကြီးတစ်ခုလို ပြောပြသွားတာကြောင့် မိတ်ဆွေတို့လဲ လိုက်ပါစီးမြောမိမှာပါ။ ဒီတော့ ဒုတိယကမ္ဘာစစ်ထဲက ဇာတ်လမ်းလေးတစ်ပုဒ်ကို အခုပဲကြည့်ရှုခံစားလိုက်ကြတာပေါ့။ File size…(1.9 GB GB)/(930 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre… Adventure, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

7.3 2024
White Bird
Metamorphosis aka Roopanthara
7.6

Roopanthara 2024 အသစ်ပြန်လည်မွေးဖွားခွင့် လူတိုင်းမွေးပြီးရင် သေရမှာပဲဆိုပေမဲ့ ဘဝမှာ ပေါက်ဖတ်လိုပဲ ပိုးအိမ်ထဲမှာပဲရှင်သန်မလား လှပတဲ့လိပ်ပြာငယ်လေးအဖြစ် လောကတစ်ခွင်မှာ လှပမလားဆိုတာတော့ ရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ လိပ်ပြာလိုဝံ့ကြွားနိုင်မယ့်ဘဝကို ရွေးချင်တာဆိုရင်တော့ ပေးဆပ်ရမယ့် တန်ကြေးနဲ့ အခက်အခဲတွေကတော့ရှိမှာပါပဲ။ အခုဒီရုပ်ရှင်လေးထဲမှာတော့ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲကိုရင်ဆိုင်နေရတဲ့ လူလေးယောက်အကြောင်း ဇာတ်လမ်းလေးပုဒ်ကို တင်ဆက်ပေးသွားမှာပါ။ ကပ်ဘေးဆိုက်ပြီး ပျက်စီးနေတဲ့‌ကမ္ဘာကြီးမှာ ကြီးနိုင်ငယ်ညှင်းဝါဒက ကြီးစိုးနေတော့ အင်အားကြီးတွေက အားနွဲ့သူတွေကို လက်နက်အားကိုး ဗလအားကိုးနဲ့ အနိုင်ကျင့်နေတာပေါ့။ ဒီလိုနဲ့ အဘိုးကြီးတစ်ယောက်လည်း နေရာလုရင်း အသတ်ခံရခါနီးဆဲဆဲမှာ သူကပုံပြင်ပြောကောင်းသူဖြစ်ကြောင်း သူ့ရဲ့ပုံပြင်နဲ့အသက်ကိုလဲမယ်ဆိုပြီး တစ်ဖက်ကခေါင်းဆောင်ကို ပြောလိုက်တော့တာပေါ့။ ဒီလိုနဲ့ပဲ အာရေဗျတစ်‌ထောင့်တစ်ညပုံပြင်ထဲမှာ ဘုရင်ကြီးကို ပုံပြင်ပြောပြသလိုပဲ အဘိုးကြီးကလည်း သေနတ်နဲ့ချိန်ခံထားရင်းနဲ့ပဲ သူ့ရဲ့ အကောင်းဆုံးပါဆိုတဲ့ ဇာတ်လမ်းလေးပုဒ်ကို စပြီးပြောပြပါတော့တယ်။ သူ့အသက်နဲ့လဲနိုင်တဲ့အထိ အဖိုးတန်ပါတယ်ဆိုတဲ့ ဒီဇာတ်လမ်းလေးခုက ဘာဖြစ်မလဲဆိုတာကတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ Thura ~ BpL ~ ToMo ~ Vတို့ပဲဖြစ်ပါတယ်။)

7.6 2023
Metamorphosis aka Roopanthara
Average Joe
3

Average Joe (2024) ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျိုးဟာ ငယ်စဥ်က အင်မတန်မှ ပြဿနာရှာတဲ့ ကောင်လေး တစ်ယောက်ပါ။ ပြဿနာရှာလွန်းအားကြီးလို့ ဂေဟာကို ပို့ရတဲ့ အထိပါပဲ။ သူ့မှာ ငယ်ချစ်ဦး ဒီနိ့စ်ဆိုတာ ရှိပါတယ်။ ဒီနိ့စ်ကလဲ အိမ်မှာ ပြဿနာလေးတွေနဲ့ နေရတာပါ။ နောက်ပိုင်း ဂျိုးဟာ မရိန်းတပ်ထဲ နှစ်၂၀လောက် ရောက်သွားခဲ့ပါတယ်။ အချစ်ဟောင်း ဒီနိ့စ်နဲ့ အိမ်ထောင်ကျပြီး ဒီနိ့စ်ကျန်းမာရေးမကောင်းတဲ့ နောက်ပိုင်း မရိန်းတပ်က ထွက်ပြီး အထက်တန်းကျောင်းတစ်ခုမှာ ဘောလုံးနည်းပြ (American Football) ဖြစ်လာခဲ့ပါတယ်။ ဂျိုးက ဘုရားသခင်ကို ကတိခံထားတာရှိပါတယ်။ အဲဒါကတော့ သူတို့ အိမ်ထောင်ရေးကို ကယ်ဆယ်ပေးမယ်ဆိုရင် ဘုရားအလိုကျ နေပေးမယ် ဆိုတာပါပဲ။ ကစားပွဲပြီးတိုင်း ကွင်းလယ် ကိုက် ၅၀စည်းမှာ ဆုတောင်းဝတ်ပြုလေ့ရှိတယ့် သူ့ကို ဝေဖန်မှုတွေ ရှိလာပါတယ်။ ဘာသာရေး သွတ်သွင်းမှုတွေ ရှိတယ်လို့ စွတ်စွဲခံရပြီး အလုပ်ပါ ပြုတ်သွားခဲ့ပါတယ်။ တစ်သက်လုံး တိုက်ခိုက်လာတဲ့ ဂျိုး တစ်ယောက် တိုက်ခိုက်မှုတွေကို ပြန်လည် ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Boomer ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Family Duration….01:40:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Boomer

Adventure • Action • Thriller
3 2024 110 mins
Average Joe
Taken at a Basketball Game
6.5

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ တုန်းက ထွက်ရှိထားတဲ့ Drama Thriller ဇာတ်ကားလေးပါ။ ဒါရိုက်တာ Ruba Nadda က ရိုက်ကူးထားပြီးတော့ D.B. Woodside, Claire Qute, L.A. Sweeney, Moni Ogunsuyi တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဘတ်စကတ်ဘောပွဲကို သွားကြည့်ကြတဲ့ အဖေနဲ့သမီး သားအဖနှစ်ယောက်ထဲက သမီးဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အထူးရဲတပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အဖေဖြစ်သူဟာ ပြန်ပေးဆွဲသွားတဲ့သူကို ခြေရာခံလိုက်ရင်း မမျှော်လင့် ထားတဲ့အခြေအနေတွေ အခက်အခဲတွေကို ကျော်ဖြတ်ကာ သူ့သမီးကို ဘယ်လိုပြန်လည်ကယ်တင်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။ သမီးဖြစ်သူအတွက် အတိတ်ကစိတ်ဒဏ်ရာတွေကို ကျော်လွှားရင်း အဖေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို လှလှပပလေး ပုံဖော်ထားပါတယ်။ ဇာတ်လမ်းအသွားက စိတ်ဝင်စားဖို့ကောင်းပြီးတော့ ကြည့်ရှုသူတွေကို အစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ IMDb မှာ rating ကောင်းကောင်းရထားပြီးတော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ File size… (904 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 28m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Comedy • Drama • Family
6.5 2025 88 mins
Taken at a Basketball Game
The Ghost Trap
6.5

The Ghost Trap ဟာ ကျောက်ပုဇွန်ဖမ်းသမားတစ်ယောက်ရဲ့ လောကဓံတွေရင်ဆိုင်ရပုံကို ငြိမ့်ငြိမ့်လေး စီးမြောခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ ဇာတ်ကား နာမည်အတိုင်းပဲ ပင်လယ်ထဲပိတ်မိပြီး ပင်လယ်ထဲက သတ္တဝါလေးတွေကို လှိုက်စားပစ်တဲ့ ပျောက်ကွယ်သွားတဲ့ ထောင်ချောက်တွေလို ဘဝမှာ အဘက်ဘက်က ပိတ်မိနေပြီး ထွက်ပေါက်မဲ့နေတဲ့သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ရရှိခဲ့တဲ့ ဆုများ – the Vermont Film Festival’s “Best Feature Drama” – Valley Film Festival’s “Ten Degrees Hotter Best Feature” – Vacationland’s “Best of the Fest” သရုပ်ဆောင်များ – Zack Stenier (Jame Eugley အဖြစ်) – Greer Grammer (Anja အဖြစ်) – Sara Katherine (Happy အဖြစ်) – Taylor Takahashi (Thongchai အဖြစ်) ဇာတ်လမ်းအကျဉ်း ++++++++++ ယူဂလီ ဆိုတဲ့ ကျောက်ပုဇွန်ဖမ်းသမား တစ်ယောက်ဟာ သူလိုကိုယ်လိုပဲ ကျောက်ပုဇွန်ဖမ်းရင်း အကြွေးတွေပိနေတဲ့ သာမာန်ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ ချစ်သူကောင်မလေး အန်ယာနဲ့အတူ အလုပ်တွေ ကြိုးစားရင်း တစ်နေ့မှာ အန်ယာ့ကိုလက်ထပ်ယူဖို့ မျှော်လင့်ထားသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာ ယူဂလီ့ကိုကူရင်း အန်ယာတစ်ယောက် ရေထဲကျပြီး ခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါတယ်။ အန်ယာ့ရဲ့ရောဂါဟာ ၃ နှစ်ကြာပြီးတဲ့အထိပြန်မကောင်းလာတဲ့အခါမှာတော့ ယူဂလီလည်း အန်ယာ့ဆေးရုံစရိတ်တွေနဲ့ အကြွေးတွေ ပိသထက်ပိလာပါတော့တယ်။ အဲ့အချိန်မှာ ဟက်ပီးဆိုတဲ့ တစ်နယ်သူ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိပြီး ယူဂလီဟာ သစ္စာနဲ့စိတ်လှုပ်ရှားမှု၊ တာဝန်ဝတ္တရားနဲ့လွတ်လပ်မှုတို့ကြား ဗျာများရပါတော့တယ်။ တစ်ဖက်မှာလည်း ကျောက်ပုဇွန်သမားအချင်းချင်းကြားက ပဋိပက္ခတွေကို ရင်ဆိုင်ဖြေရှင်းရင်း ပျောက်ကွယ်သွားတဲ့ ထောင်ချောက်တွေထဲက ပင်လယ်သတ္တဝါလေးတွေလို ပိတ်မိနေတဲ့ ယူဂလီတစ်ယောက် နောက်ဆုံးမှာ ဘယ်သူ့ကို တကယ်ရွေးချယ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File Size… (1.50GB) / ( 902MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 46m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

6.5 2024 106 mins
The Ghost Trap