YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Arthur.2011.720p.CM.mp4

802.13 MB N/A video/mp4 342 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Red Heat
6.2

အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆို‌တော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။ အခုတင်ဆက်မယ့်ကားက‌တော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ဂျက်ကီချန်းရဲ့ Rush Hour တွေကို သတိရကြပါလိမ့်မယ်။ နိုင်ငံမတူတဲ့ရဲနှစ်ယောက် အမှုအတူလိုက်ရတဲ့ မှုခင်းဟာသလေးတွေပေါ့။ ရုရှားက ရာဇဝတ်ကောင် အမေရိကန်ကိုပြေးလာလို့ လိုက်ဖမ်းတဲ့ ရုရှားရဲကြီးနဲ့ နယ်ခံချီကာဂိုရဲတစ်ကောင်တို့ တိုင်ပတ်ကြ၊ ခွကျကြနဲ့ အမှုစုံထောက်ရပုံပါ။ Cast တွေကတော့ အဲဒီခေတ်ကာလ Legend တွေပါ။ Arnold Schwarzenegger ရယ်၊ James Belushi ရယ်တို့က ခေါင်းဆောင်မင်းသားနှစ်လက်‌ပေါ့။ ဗီလိန်နေရာမှာလည်း ဗီလိန် Legend ကြီး Ed O'Ross ပါဝင်သရုပ်ဆောင်ထားပါတယ်။ CM မှာ old but goodies တွေ တောင်းဆိုရတာခက်လို့ စောင်သည်းပေါက်နေကြတဲ့ လူကြီးမင်းများအတွက် ကြိုးစားပြီး တင်ဆက်ပေးလိုက်ပါတယ်ဗျို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1GB Quality - Blu-ray 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 44Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Crime • Drama
6.2 1988 104 mins
Red Heat
Asteroid City
6.7

ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီး ဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင် အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့ အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။ Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright, Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody, Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။ စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့ အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီရုပ်ရှင်မှာ အပိုင်း ၃ ပိုင်းပါဝင်တာကို သိထားရင်တော့ မျက်စိလည် သက်သာပါတယ်။ ပထမအပိုင်းက ပြဇာတ်ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးနေတဲ့ တင်ဆက်သူအနေနဲ့ ဇာတ်လမ်း၊ ဒုတိယက ပြဇာတ်ရဲ့နောက်ကွယ်က သရုပ်ဆောင်တွေ ပုံရိပ်တွေနဲ့ဇာတ်လမ်း၊ တတိယကတော့ ရုပ်ရှင်ရဲ့အချိန်အများစုကိုနေရာယူထားတဲ့ ပြဇာတ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက လှပေမဲ့ အဓိပ္ပါယ်ကတော့တစ်ခုမက ထွက်တဲ့ဇာတ်ကားမျိုးမို့ ကိုယ့်အတွေးနဲ့ကိုယ် ကြည့်ရမဲ့ ဇာတ်ကားပါပဲ။ File Size : (1.9GB) and (536MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:45:00 Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Mr.Anderson Encoded by Phyo Pyae

Action • Crime • Drama
6.7 2023 105 mins
Asteroid City
Roadkill

ဒါရိုက်တာ Alexander Whitrow ကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်နဲ့သည်းထိုက်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း….. ကော်နာရှယ်ဘီဟာ လူပြတ်တဲ့လမ်းမပေါ်မှာဓားပြတိုက်နေကျ ဓားပြငယ်လေးဖြစ်ပြီး သူ့မှာတခြားမကောင်းတဲ့ရည်ရွယ်ချက်လည်းမရှိခဲ့ပါဘူး။ သူ့မှာချစ်ရတဲ့ကောင်မလေးလည်းရှိတဲ့အပြင် သာယာတဲ့ဘဝလေးကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ ကော်နာက တခြားဘာဒုက္ခမှမပေးဘဲ ရိုးရိုးသားသားဓားပြပဲတိုက်ပေမဲ့ လတ်တလောဖြစ်နေတဲ့ကွင်းဆက်လူသတ်မှုတွေကြောင့် ရဲတွေကသူ့ကိုပါသံသယဝင်လာပါတော့တယ်။ ရဲတွေကသူ့ကိုလူသတ်သမားအမှတ်နဲ့လိုက်ဖမ်းနေတဲ့အချိန်မှာ တကယ့်လူသတ်သမားအစစ်ကဘယ်သူဖြစ်မလဲ ဘာလို့သူ့ကိုလူသတ်သမားလို့စွပ်စွဲရတာလဲ ကော်နာတစ်ယောက် ရဲတွေလက်ကပြေးလွတ်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်…… File size…(2.4 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Drama, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn

0 2022 93 mins
Roadkill
After Sundown
5.7

နေကွယ်ပြီးနောက် ရောက်သည့်အခါ (၂၀၂၄) ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ မူဗီလေးကတော့ CM ပရိသတ်ကြီးတို့အကြိုက် ထိုင်း BL ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ၁၉၆၁ ခုနှစ်ကာလကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဆန်ရာဝီဆိုတဲ့ ကောင်လေးဟာ ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာတဲ့ လိမ္မာပြီး နူးညံ့သိမ်မွေ့တဲ့ ၂၁ နှစ်အရွယ်ကောင်လေးပါ ရည်ရွယ်ချက်ကြီးမားပြီး စာပေလေ့လာချင်တဲ့ကလေးမို့ တစ်နေ့မှာ သူ့ဆရာတော်ရဲ့မိတ်ဆွေဟောင်းဖာလစ်ရဲ့တောင်းဆိုချက်အရ သူ့ရဲ့ ပညာရေး နဲ့ အနာဂတ်အတွက် ဖာလာနန်ကွန်ကို လိုက်သွားခဲ့ရပါတော့တယ် တစ်ဖက် အဘိုးဖာလစ်ကလည်း မြေးဖြစ်သူ ဖရာဖလန် ၂၅ နှစ်မှာ ကံကြမ္မာဆိုးနဲ့ကြုံတွေ့ရမယ်ဆိုတဲ့ဟောကိန်းကြောင့် သူ့မြေးနဲ့ ကံကြမ္မာပေါင်းစည်းဖို့ ကြမ္မာလက်တွဲဖော်ကို ရှာနေတဲ့အချိန်မှာ အဘက်ဘက်က ကိုက်ညီနေတဲ့ ရာဝီတစ်ယောက် ဖရာဖလန်ရဲ့ ဖူးစာဖက်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ် သူတို့နှစ်ဦးရဲ့ကံကြမ္မာပေါင်းစည်းမှုကရော အဆင်ချောလှပပါ့မလား အတိတ်က အာဃာတတွေကရော သူတို့အားလုံးကို ဘယ်လိုလောင်မြိုက်စေဦးမလဲဆိုတာကို Horror Vibe လေးနှောပြီးကြည့်ရမှာမို့ မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ရှင် အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Horror Quality…. 1080p | 720p File size… 1.2GB | 485MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin, Cali, Mary, Char Ou Encoder ….. Aaron

Romance • Comedy • Drama
5.7 2023
After Sundown
Sherina’s Adventure
7.8

Sherinas Adventure 2000 အညွှန်း ဒီတစ်ခေါက် အင်ဒို musical ကားလေးကတော့ ၂၀၀၀ ခုနှစ်ကာလမှာ ထွက်ရှိခဲ့ပြီး ဘတ်ဂျက် ရူပီအာ ၂ ဘီလီယံရင်းနှီးထားကာ ရုံတင်ငွေ ရူပီအာ ၁၀ ဘီလီယံပြန်လည်ရရှိခဲ့တာကြောင့် မနည်းတဲ့ပမာဏလို့ဆိုရမှာပါ။ (မြန်မာငွေ ၁ကျပ် = ၀.၁၃ ရူပီအာ) ကုလားကားတွေမှာပဲ ကတာကြည့်ရတာ ရိုးနေပြီလား ။ ဒီအင်ဒို musical ကားလေးကတော့ တမျိုးတဖုံရသလေးပေးစေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာဆိုတဲ့ ကလေးမလေးက ဖျတ်လတ်တက်ကြွပြီး ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ အပေါင်းအသင်းဝင်ဆံ့‌တဲ့ ကလေးတစ်ယောက်ပါ။ ဖြစ်ချင်တော့ သူ့အဖေက နယ်ဘက်က စိုက်ခင်းတစ်ခုကို အလုပ်ပြောင်းလိုက်ရပြီး ရှယ်ရီနာတစ်ယောက် နယ်ဘက်ကို ရောက်လာပါတယ်။ ရှယ်ရီနာတစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာတဲ့အခါမှာ အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ကျောင်းသားတစ်စုကို သွားတွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ အဲကျောင်းသားတွေရဲ့ခေါင်းဆောင် (ဆဒမ်) က ရှယ်ရီနာအဖေလုပ်နေတဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ သားဖြစ်နေတဲ့အခါမှာတော့…… ဆိုးသွမ်းနေတဲ့ ဆဒမ်ရဲ့ နောက်ကွယ်ကအကြောင်းတွေက ဘာဖြစ်မလဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့ရဲ့ အတိုက်အခံတွေကရော ပြေလည်သွားမှာလား။ သီချင်းမြူးမြူးလေးတွေနဲ့တူတူ မင်းသမီးလေးရဲ့ ချစ်စရာကောင်းပြီး သာယာနာပျော်ဖွယ်ရှိလှတဲ့ အသံလေးနဲ့တူတူ ကခုန်လိုက်ရအောင်လားနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Comedy, Drama Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

7.8 2000
Sherina’s Adventure
Typist Artist Pirate King
5.8

ကိုယ့်ကိုကိုယ် လက်နှိပ်စက်စာရေးမ ပန်းချီဆရာမ ပင်လယ်ဓားပြဘုရင်ရယ်ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေတဲ့ အဖွားအိုအော်ဒရီအေမစ်က သံသယလွန်ကဲစိတ်ရောဂါဝေဒနာသည်တစ်ယောက်ဖြစ်တယ်… တစ်နေ့မှာ အော်ဒရီက ဆန်ဒါလန်မှာရှိတဲ့ပန်းချီပြခန်းကို သွားချင်ခဲ့ပြီး သူနာပြုဆန်ဒရာကိုဖိအားပေးပို့ခိုင်းခဲ့တယ်။ လန်ဒန်ကနေ ဆန်ဒါလန်အထိက မိုင်၂၈၀ကွာဝေးတဲ့ခရီးပါ။ ဒီလိုနဲ့ ပန်းချီပြခန်းအထိအတူသွားကြရင်း လမ်းမှာကြုံရတဲ့သူတွေအပြင် တစ်ကားလုံးမှာ အော်ဒရီရဲ့စိတ်ဖောက်ပြန်တဲ့လက္ခဏာတွေကို အဓိကတွေ့ရမှာပါ။ စိတ်ရောဂါသည်တွေရဲ့စိတ်က သာမန်လူတွေနဲ့ဘယ်လိုကွာခြားတယ်ဆိုတာအဓိကကြည့်ရမှာဖြစ်ပြီး ရောဂါသည်အော်ဒရီက ညီမဖြစ်တဲ့ဒိုရိုသီကို နှစ်ပေါင်းများစွာ အဆက်သွယ်မလုပ်တာက ဘာကြောင့်ဆိုတာနဲ့… အဆုံးမှာသူတို့ညီအစ်မရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်မယ်၊ ဆန်ဒါလန်ခရီးစဥ်ကြောင့် အော်ဒရီနဲ့ သူနာပြုဆန်ဒရာကရောပိုပြီးရင်းနှီးလာမလားဆိုတာကိုကြည့်ရမှာပါ။ ဇာတ်ကားကပေးချင်တဲ့အဓိကမက်ဆေ့က စိတ်ဝေဒနာသည်တွေကိုပိုပြီးနားလည်လာစေဖို့ပါပဲ။ ထင်ယောင်ထင်မှားဖြစ်တာ သံသယလွန်ကဲတာတွေက ဆက်ဆံရေးကိုပျက်ပြားစေတယ်ဆိုတာအပြင် သံသယလွန်ကဲတတ်တဲ့ဝေဒနာသည်အော်ဒရီအေမစ်ကရော ဒီမကောင်းတဲ့သံသယစိတ်တွေနဲ့ ဘယ်လိုနေနေရတယ်ဆိုတာကို စိတ်ရောဂါသည်တွေရဲ့ပင်ကိုယ်သဘာဝစရိုက်ဗဟုသုတအနေနဲ့ ပိုပြီးသိလာရတဲ့ဇာတ်ကားမျိုးပါ။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

Romance • Drama
5.8 2022 108 mins
Typist Artist Pirate King
Snow Valley

Heath နဲ့ Laura က အသစ်စက်စက် စေ့စပ်ထားတဲ့ မောင်နှံ နှစ်ယောက်ပါ။ Laura က ကလေးတွေရဲ့ စိတ်ပညာကို လေ့လာရင်း ဒေါက်တာဘွဲ့ရအောင်လုပ်နေတာပါ။ Heathကလည်း ကိုယ်ပိုင် နှင်းလျှောစီးစကိတ်ကို ဒီဇိုင်းထွင်ပြီး ဖြန့်ချီမယ့်အရေး အလုပ်ရှုပ်နေတာဖြစ်ပါတယ်။ ဒီတော့ နှစ်ယောက်လုံး အနားရအောင် Heath မိဘတွေ ပိုင်ဆိုင်တဲ့အပန်းဖြေအိမ်ကြီးဆီ ခရီးထွက်လာခဲ့ကြပါတယ်။ ပထမဆုံး ညမှာပဲ Laura က ထူးဆန်းတဲ့ အသံ တစ်သံ ကြားခဲ့ပါတယ်။ နောက်တစ်ရက် နိုးလာတော့ အနားမှာ Heath မရှိတဲ့အတွက် လိုက်ရှာရင်း တံခါး Bell မြည်သံကြောင့် ဖွင့်ပေးခဲ့တဲ့အခါမှာ အမျိုးသမီးကြီး တစ်ယောက်ကို တွေ့ပါတယ်။ ထို အမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်ပြီး သူက အိမ်အကူဖြစ်ကြောင်း ပြောပြတယ်။ နောက်ရက်မှာ သူတို့ကို ဂုဏ်ပြုပေးဖို့ သူငယ်ချင်း စုံတွဲကလည်း ရောက်လို့လာပါတယ်။ ဒါပေမယ့်လည်း မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ဦး ထပ်ရောက်လာခဲ့တဲ့ အခါ အိမ်ရဲ့ သဘာဝလွန် စွမ်းအားတွေ နိုးထလာခဲ့ပါတယ်။ Heath ရဲ့ အပန်းဖြေ အိမ်ကြီးမှာလည်း ရာဇဝင် ရှိနေခဲ့ပါတယ်။ Mystery/Horror ကြိုက်သူတွေ သဘောကျမယ့် ရုပ်ရှင်တစ်ကားပါ။ File size…(1 GB)/(541 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
Snow Valley
Alicia in Terrorland

မိဘနှစ်ပါးလုံး ကွယ်လွန်သွားပြီးနောက် ခိုကိုးရာမဲ့ဖြစ်နေတဲ့ Alice ဟာ သူမရဲ့အဖွားဖြစ်သူ Beth ရှိတဲ့ Wonderland က မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့အိမ်ကြီးမှာ ပြောင်းနေဖို့ အကြောင်းဖန်လာတယ်။ ခမ်းနားကြီးကျယ်တဲ့ တောအုပ်ထဲက အိမ်ကြီးကိုကြည့်ပြီး အံ့ဩဘနန်းဖြစ်နေပေမဲ့ မကြာခင်မှာပဲ Alice တစ်ယောက် အိမ်ကြီးထဲမှာ ထူးဆန်းတာတွေကို စပြီးမြင်ယောင်လာတယ်။ အဖွားဖြစ်သူကတော့ အိမ်နားက တောအုပ်ဆီကို မသွားဖို့မှာထားပေမဲ့ အိပ်မက်သယောင်ယောင်နဲ့ ယုန်လေးတစ်ကောင်နောက်လိုက်ရင်း တောအုပ်ထဲကိုဝင်သွားပြီး ယုန်တွင်းပေါက်ကနေတစ်ဆင့် တခြားကမ္ဘာက Wonderland ကို ရောက်သွားသောအခါ… Alice တစ်ယောက် သူရောက်သွားတဲ့ Wonderland မှာ ဘာတွေကြုံတွေ့ရမှာလဲ။ Wonderland ကနေရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကိုတော့ Alice in Wonderland ကိုမှ Horror Vibe ရနိုင်မဲ့ Alice in Terrorland ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(820 Mb)/(350 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

0 2023
Alicia in Terrorland
The Twisters
2.3

The Twisters (2024) ဂျိမ်းစ်ဂါးလန်းနဲ့ အယ်ရစ်ကာဂါးလန်းတို့မောင်နှမဟာ မုန်တိုင်းလိုက်သူတွေဖြစ်ခဲ့ပြီး အဲ့ဒီလိုခရီးစဉ်တစ်ခုမှာဖြစ်ရပ်ဆိုးတစ်ခုကြုံခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာနေနေကြတဲ့အချိန်ပါ။ ဂျိမ်းစ်ကတော့ TINA ဆိုတဲ့ AI မော်ဒယ်တစ်ခုကိုဖန်တီးခဲ့ပြီး အဲ့ဒီ AI နဲ့ လေဆင်နှာမောင်းတွေရဲ့ဖြစ်ပေါ်လာနိုင်ချေလားရာလမ်းကြောင်းအစရှိတာတွေကိုတွက်ချက်ခန့်မှန်းနေခဲ့ပါတယ်။ အဲ့ဒီ AI ဟာ အယ်ရစ်ကာရဲ့အာရုံခံကိရိယာတွေနဲ့ပေါင်းစပ်လိုက်ပါမှ အကောင်းဆုံးရလဒ်တွေထွက်ပေါ်လာနိုင်မှာဖြစ်တဲ့အတွက် ဒါဇင်နဲ့ချီတဲ့လေဆင်နှာမောင်းကြီးတွေတစ်ပြိုင်တည်းဖြစ်ပေါ်လာနိုင်ပြီး အဲ့ဒီပေါင်းစည်းဖြစ်ပေါ်မှုဟာ အမေရိကန်ရဲ့အနောက်အလယ်ပိုင်းဒေသတစ်ခုလုံးကိုပျက်စီးစေနိုင်တဲ့အထိ အဖျက်စွမ်းအားကြီးနေနိုင်တာကိုသိလိုက်ရချိန်မှာတော့ သူတို့မောင်နှမနှစ်ယောက်ဟာ မတူညီတာတွေကိုခေတ္တဘေးချိတ်ပြီးအတူတူအလုပ်လုပ်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ File size…(1.6 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:26:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Horror • Mystery • Science Fiction
2.3 2024 87 mins
The Twisters
Enemy at the Gates
7.5

Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့ တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကို လက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကို အင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေ အတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလို သူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။ သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်က မီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။ Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။ Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေက ဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီး အမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကို သူရဲကောင်းဆန်ဆန် ရေးသားပြီး ပြည်သူတွေအားလုံး စိတ်ဓာတ်တက်ကြွလာအောင် ဝါဒဖြန့်ခဲ့တယ်။ အဲဒီလက်ဖြောင့်တပ်သားက ဒီတိုက်ပွဲရဲ့အရေးအပါဆုံး နာမည်အကျော်ဆုံး တပ်သားတစ်ယောက်ဖြစ်ခဲ့သလို တစ်ချိန်တည်းမှာပဲ ဒီတိုက်ပွဲရဲ့ အလေးဆုံးဝန်ကို ထမ်းထားရတဲ့ စစ်သားလည်းဟုတ်ခဲ့တယ်။ သူ့အလေးဆုံးဝန်က တကယ်တမ်း ရာထူးတွေ တာဝန်တွေထက် အားလုံးအချစ်ခံနေရ ချီးကျူးခံနေရတာဖြစ်ခဲ့တယ်။ တလောက ဇာတ်လမ်းတွဲတစ်ခုထဲက မှတ်မှတ်ရရရှိလိုက်တဲ့ ဒိုင်ယာယော့လိုတစ်ခုအတိုင်းပါပဲ။ ချီးကျူးခံရတာက ချီးကျူးခံရတဲ့သူဘက်ကပဲ ဝန်လေးတာဖြစ်ပြီး ချီးကျူးလိုက်ရတဲ့သူဘက်က ဘာမှ မဆုံးရှုံးသွားဘူးတဲ့။ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုတွေကြားမှာ အဲဒီလက်ဖြောင့်တပ်သားက ကျရှုံးလို့မဖြစ်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ်နေနေရမယ့် ဝန်ကြီးကို ထမ်းထားရတယ်။ ပြောရရင် ဒီရုပ်ရှင်ဟာ စစ်ပွဲတစ်ပွဲအကြောင်းဆိုတာထက် အလေးဆုံးဝန်ကို ထမ်းထားရတဲ့တပ်သားတစ်ယောက်အကြောင်းပဲ။ သာမန်စစ်သားတစ်ယောက်လို ရဲရဲတိုက် ရဲရဲသေလိုက်တာကမှ သူ့အတွက်ပိုလွယ်နေသေးပေမဲ့ သူကျရှုံးသွားရင် အားလုံးစိတ်ဓာတ်ပျက်ပြားသွားနိုင်တယ်ဆိုတဲ့အချက်ကြောင့် သူက ဒီဝန်ကြီးကို သူထမ်းနေရတယ်။ ဒီလိုနဲ့ သူ့ဂုဏ်သတင်းကြောင့် ပျက်ပြားလာတဲ့ ဂျာမန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပြန်အဖတ်ဆည်ဖို့ ဂျာမန်ဘက်ကလည်း သူတို့ရဲ့ နာမည်ကျော်စနိုက်ပါသမားကို လွှတ်လိုက်တယ်။ သူ့ထက်ပညာအရာမှာသာနေတဲ့ ဂျာမန်စနိုက်ပါသမားကို ရုရှစနိုက်ပါသမားလေးက ရှုံးလို့မဖြစ်တဲ့ဝန်ကြီးကို သယ်ပြီး ရင်ဆိုင်ခဲ့ရတယ်။ Enemy at the Gates ( 2001 )ဟာ စစ်ပွဲတစ်ပွဲမှာ ဝါဒဖြန့်ချီရေး စိတ်ဓာတ်စစ်ဆင်ရေးက အရေးအပါဆုံးဖြစ်ကြောင်း တင်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ စစ်ကားတစ်ကားဆိုတာထက် လူ့စရိုက်တွေ လူတန်းစားကွာဟမှုတွေကို ပေါ်လွင်အောင် တင်ပြထားတဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Enemy at the Gatesရဲ့ ဒါရိုက်တာ Jean-Jacques Annaudဟာ The Lover (1992)တို့ Seven Years in Tibet (1997)တို့လို ဒီမှာလူသိများတဲ့ ကားတွေအပြင် တခြားကားကောင်းတွေကိုလည်း ရိုက်ခဲ့သလို ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် စနိုက်ပါသမား၂ယောက်နေရာမှာ Ed Harrisနဲ့ Jude Lawတို့လို သရုပ်ဆောင်ကောင်းတွေကိုသုံးထားပေးတယ်။ ဘာမှတော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အတွက် သိပ်လှတဲ့အခန်းက ဘွဲ့ရပညာတတ်ပေမဲ့ ရှေ့တန်းမှာပဲ မရမကတိုက်ချင်နေတဲ့ ကောင်မလေးကို လက်ဖြောင့်တပ်သားလေးက တစ်ဖက်လှည့်နဲ့ သူ့နေရာသူပြန်သွားဖို့ နားချတဲ့အခန်းပဲ။ ” တောထဲမှာ ဝံပုလွေတွေက သုံးနှစ်ပဲ အသက်ရှင်နိုင်ပေမဲ့ မြည်းတွေကတော့ ကိုးနှစ်ရှင်နိုင်တယ်။ မြည်းတွေက ပိုအသုံးဝင်လို့ ကြာကြာရှင်ရတယ်”လို့ လက်ဖြောင့်တပ်သားလေးကပြောတော့ ကောင်မလေးက ” အဓိပ္ပာယ်မရှိတာကြီး တောထဲမှာ မြည်းမရှိဘူးလေ”လို့ ပြန်ပြောလိုက်တယ်။ ခဏတော့တွေသွားပြီးမှ ကောင်မလေးထပ်ပြောခဲ့တဲ့စကားက “ရှင်က ကျွန်မကို မြည်းလို့ပြောချင်တာလား”တဲ့။ File size… 8.9 GB / 2.6 GB / 895 MB Quality… BluRay HEVC 4K / 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Horror • Thriller
7.5 2001
Enemy at the Gates
Hotel Salvation aka Mukti Bhawan
7

Mukti Bhawan _Hotel Salvation 2016 (ခေါ်သံ) Imdb 7/10 လူတွေက သေဆုံးဖို့မွေးဖွားလာတာပဲမဟုတ်လား ဒီနေ့ကိုနောက်ဆုံးလို့သဘောထား မသေချာသေးတဲ့ မနက်ဖြန်တွေအတွက်တွေးပူမနေဘဲ မသေခင်လေးလုပ်ချင်တာတွေလုပ်ပြီး နေထိုင်သွားကြဖို့ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် ထပ်ကာထပ်ကာမက်နေတဲ့ အိပ်မက်တစ်ခု အိပ်မက်ထဲတစ်ရွာလုံးမှာလူမရှိပေမဲ့ သူ့နာမည်ခေါ်သံကိုကြားနေရတယ် အသံဘယ်နားကလာမှန်းလည်းမသိ တစ်ရွာလုံးပတ်ရှာတော့လည်းလူမတွေ့ဘူးပေါ့ ဒီအိပ်မက်ကိုမက်တာ အကြိမ်ရေမနည်းတော့တဲ့ အဘိုးတစ်ယောက် သေခြင်းကလက်တစ်ကမ်းရောက်နေလို့ သူ့ကိုနိမိတ်ပြတာပဲလို့သတ်မှတ်ပြီး မသေခင်လေး ဗာရာဏသီက မြင့်မြတ်တဲ့နေရာတွေအလည်သွားချင်တယ်လို့ဆိုတော့ သားဖြစ်သူက အဖော်အဖြစ်နဲ့လိုက်ပါပို့ဆောင်ပေးတဲ့ဇာတ်လမ်းပါ ဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ လမ်းခရီးမှာတွေ့ကြုံရမဲ့အရာတွေနဲ့ ပညာပေးတွေကြောင့် ကြည့်ရတာမဆိုးလှတဲ့ဇာတ်ကားပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ KKKZ ~ V ~ ToMo တို့ပဲဖြစ်ပါတယ် )

7 2016
Hotel Salvation aka Mukti Bhawan
Butterfly Shadow
5.7

တရုတ်နိုင်ငံမှာ နေရာအနှံ့မှာ စစ်ဗိုလ်မှူးတွေ အုပ်ချုပ်တဲ့ခေတ် ဖြစ်ပါတယ်။ အရိပ်နက်အဖွဲ့ဝင် တျဲယင်ဟာ မာဂိုဏ်းဓားပြတွေကို ချေမှုန်းဖို့ အမိန့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူတကယ်သတ်လိုက်တာက အနောက်မြောက်ပိုင်းဒေသရဲ့ သူရဲကောင်းစစ်သူကြီး ယန်ကျန့်ရှင်းဖြစ်ကြောင်းသိလိုက်ရပါတယ်။ သူ့ရဲ့ အမှားကို ပြန်ပေးဆပ်ဖို့ ယန်ကျန့်ရှင်းရဲ့ တစ်ဦးတည်းသော သမီးလေးကို ကယ်တင်ပြီး မွေးစားထားခဲ့ပါတယ်။ ၁၈ နှစ်ခန့် ကြာတဲ့အခါမှာ တျဲယင်ဟာ စူးကျွေ့ဆိုတဲ့ နာမည်ပြောင်းနဲ့ နယ်စပ်မြို့လေးတစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ယန်ကျန့်ရှင်း သေဆုံးသွားပြီး နောက်ပိုင်းမှာ အနောက်မြောက်ပိုင်းဒေသက လူတွေရဲ့ဘဝတွေက ပိုပြီး ခက်ခဲလာတာကို နေ့စဉ်နဲ့အမျှ တွေ့နေရပါတယ်။ သမီးလေးရှောင်ချန်ကလည်း အရာရာကို သည်းမခံနိုင်ဘဲ သိချင်စိတ်အပြည့်ရှိတဲ့ အရွယ်ရောက်နေတာ ဖြစ်တဲ့အတွက် တျဲယင်တစ်ယောက် ခေါင်းကိုက်နေရပါသေးတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အရိပ်နက်အဖွဲ့ ပြန်လည်နိုးထလာပြီဆိုတဲ့ သတင်းက တျဲယင်ကို တုန်လှုပ်စေခဲ့ပါတယ်။ ရှောင်ချန်ကို ကယ်ခဲ့တဲ့အတွက် သူ့ကို သစ္စာဖောက်လို သဘောထားတဲ့ အရိပ်နက်အဖွဲ့က တစ်ချိန်ချိန်မှာ သူ့ဆီ ရောက်လာမယ်ဆိုတာကို သူသိနေပါတယ်။ သမီးလေးရှောင်ချန်နဲ့အတူ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့ပါတယ်။ တျဲယင်တစ်ယောက် အရိပ်နက်အဖွဲ့ရဲ့ လိုက်လံသတ်ဖြတ်ခြင်းရန်က လွတ်မြောက်နိုင်မလား…… ရှောင်ချန်ကရော သူ့မိဘအရင်းကို သတ်တဲ့လူကို ၁၈ နှစ်လုံးလုံး အမေလို့ခေါ်ခဲ့ရတာကို သိသွားမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2023
Butterfly Shadow
Dosen Ghaib: It’s Nighttime or You Already Know Dosen Ghaib: Sudah Malam atau Sudah Tahu
4.3

Dosen Ghaib: It’s Nighttime or You Already Know (2024) IMDb Rating (4.3) ဒီအင်ဒိုနီးရှားဇာတ်လမ်းက ​နာမည်ကြီးခဲ့တဲ့ သရဲကျောင်းဆရာအကြောင်းကို inspire ယူပြီး ကျောင်းပညာရေးစနစ်အတွင်းက အကြမ်းဖက်မှုကို ရိုက်ကူးထားပါတယ်။ Plot summary: Amelia (Ersya Aurelia), Emir (Rayn Wijaya), Maya (Annette Edoarda) နဲ့ Fattah (Endy Arfian) တို့ သူငယ်ချင်းလေးယောက်အဖွဲ့က စည်းကမ်းအရမ်းတင်းကြပ်လို့ ကျောင်းသားတိုင်းကြောက်ကြတဲ့ ဆရာ Pak Bakti ရဲ့ စိတ်ပညာအတန်းစာမေးပွဲကို ကျလို့ ​အတန်းပြန်တက်ကြရတယ်။ ဆရာ Bakti ရဲ့ စာသင်နှစ် 20 သက်တမ်းတစ်လျှောက်မှာ သူတို့လေးယောက်က ပထမဦးဆုံး စာမေးပွဲကျဖူးတဲ့ ကျောင်းသားတွေဖြစ်လို့ Bakti က မကျေနပ်ဘူး။ အတန်းပြန်တက်ဖို့ သူတို့လေးယောက်တည်းကို စာပြန်သင်ရတဲ့အခါ ဆရာ Bakti က ချိန်းထားတဲ့ ည 7 နာရီထက် နောက်ကျပြီးမှ ရောက်လာခဲ့တယ်။ ဘယ်တော့မှ နောက်မကျတတ်တဲ့ဆရာက ထူးထူးဆန်းဆန်း အတန်းလာတာနောက်ကျနေပေမဲ့ Amelia တို့ သူငယ်ချင်းအဖွဲ့လည်း ဆရာစာသင်တာကို ဆက်နားထောင်နေခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် Group chat မှာ ဆရာ Bakti အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားပြီဆိုတဲ့ သတင်းတက်လာတော့ Amelia တို့ လေးယောက်လုံး သူတို့ရှေ့မှာ ရပ်နေတဲ့ဆရာရဲ့ မူမမှန်ထူးခြားမှုတွေကို မြင်လာပြီး အတန်းထဲကထွက်ပြေးဖို့ ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက Jump scares နဲ့ သည်းထိတ်စရာအခြေအနေတွေကို ကောင်းကောင်းအသုံးချထားကြောင်း Critics တွေက မှတ်ချက်ချထားပြီး သရုပ်ဆောင် Egi Fedly ရဲ့ နက်နဲမှုရှိတဲ့ ဆရာ Bakti ကာရိုက်တာကို ပေါ်လွင်အောင်သရုပ်ဖော်ပြနိုင်မှုအတွက်လည်း ချီးကျူးထားကြပါတယ်။ ဒီ horror ဇာတ်လမ်းမှာ ဆရာတွေရဲ့ ကျောင်းသားတွေအပေါ် စာသင်နည်းစနစ်က ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကြီးမားတာကို ဖော်ပြထားပြီး ဆရာ- တပည့်ကြားက ဆက်ဆံရေးကိုမြှင့်တင်ပြီး ကျောင်းသားတွေရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ တင်းကြပ်တဲ့ စာသင်နည်းစနစ်တွေကို ပယ်ဖျက်ဖို့ သင်ခန်းစာပေး ရိုက်ကူးထားတဲ့ သရဲကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.1 GB) / (590 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:35:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Romance • Comedy • Drama
4.3 2024 96 mins
Dosen Ghaib: It’s Nighttime or You Already Know Dosen Ghaib: Sudah Malam atau Sudah Tahu
Bad Psychiatrist
6.1

Bad Psychiatrist (2025) IMDb Rating (6.1) ဒီရုပ်ရှင်က စိတ်‌ကုထုံးဆရာဝန်လို့ သူ့ကိုယ်သူထင်နေတဲ့ အဘိုးကြီးနဲ့ စိတ်ရောဂါကုထုံးမေဂျာကို ကျောင်းတက်ပြီး လေ့လာနေတဲ့ ကောင်လေးတစ်ယောက်ကြားက ဇာတ်လမ်းပါ။ ဒီဇာတ်က အင်ဒီးလို့ပြောကောင်းပြောလို့ရတယ်။ ကိုယ်ထူကိုယ်ထရိုက်ထားတဲ့ ဇာတ်ပဲ။ ရှင်းရှင်းလင်းလင်း ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပဲ။ ဇာတ်အိမ်က နိုင်သလားဆိုတော့ မဆိုးပါဘူး။ ဒိုင်ယာလော့တော့ တော်တော်အားနည်းတယ်။ ပြဿနာက မနိုင်ဘဲ ဒိုင်ယာလော့အကြီးကြီးတွေလျှောက်ထည့်လိုက်ရင်လည်း ပေါတောတောဇာတ်ကြီး ဖြစ်သွားမှာဆိုတော့ ဒီလောက်နဲ့ ဒီအနေက အံကိုက်ပဲလို့ ပြောချင်လည်းရတယ်။ ဒါပေမဲ့ လိုအပ်ချက်များနေတာကတော့ များနေတာပါပဲ။ ဒါပေမဲ့လည်း အိမ်ခြေရာမဲ့အဘိုးကြီးတစ်ယောက် အပေါင်းအသင်းမရှိဘဲ အပေါင်းအသင်းလိုက်ရှာနေတယ်။ ဘောင်မဝင်တဲ့ဘဝကြီးမှာ လုပ်မိလုပ်ရာတွေ လုပ်မိနေမယ်။ အဲဒီလိုလူကြီးက သူ့ကို အဖက်လုပ်တဲ့ တစ်ဦးတည်းသောကျောင်းသားလေးကိုပါ တိုင်ပတ်အောင်လုပ်နေတဲ့ ဘလက်ကော်မဒီဆန်ဆန် ရယ်စရာလည်းကောင်း ဝမ်းနည်းစရာကြီးလည်းဖြစ်နေတဲ့ အဖြစ်မျိုးကို ရိုးရိုးလေးပြထားတာကို စိတ်ဝင်စားရင်တော့ ကြည့်သင့်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (760 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:26:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Family • Drama • Comedy
6.1 2025 85 mins
Bad Psychiatrist