YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Arthdal Chronicles (2019) S1E14 WEB-DL 1080P (CM).mp4

1.68 GB 1080p video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
You People
5.8

နှစ်ဦးနှစ်ဖက်စလုံးမှာ ယောက္ခမမရှိကြတာမို့ အာဒမ်နဲ့ ဧဝဟာ ကမ္ဘာမှာအပျော်ဆုံးအတွဲပဲတဲ့။ ရံဖန်ရံခါဆိုသလို အသိုင်းအဝိုင်းဆိုတာ အိမ်ထောင်ရေးရဲ့ ပြဿနာတစ်ခု ဖြစ်လာတတ်တာပဲ။ ဒီလိုနဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ညဖြစ်ကြတဲ့ ဇာတ်တွေလည်း မနည်းဘူး။ အခုဇာတ်ကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။ Jonah Hill နဲ့ Eddie Murphy တို့လို သရုပ်ဆောင်ကောင်းတွေ ပါဝင်ထားပြီး The X-Files စီးရီးနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား David Duchovny လည်းပါပါတယ်။ နောက် ဒီကားရဲ့အလှတရားအနေနဲ့တော့ တော်တော်ချစ်ဖို့ကောင်းတဲ့ Molly Gordon လေးလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.1GB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 57Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
5.8 2023 117 mins
You People
The Witch: Part 1. The Subversion
7.8

ဒီဇာတ်ကားက ကျွန်တော်တို့ထင်မထားလောက်အောင် ကြမ်းပြီးကောင်းတဲ့ ကားထဲမှာပါတယ်...BOX OFFICE လည်းဝင်ခဲ့သလို ဆန်းပြားတဲ့ဇာတ်အိမ်နဲ့ အက်ရှင်ခန်းအမိုက်စားတွေကြောင့် ကျားပရိတ်သတ်ရော မပရိတ်သတ်ပါ အတော်လေးနှစ်ခြိုက်ခဲ့ကြပြီး Part 2 ကို မျှော်နေကြသလို များမကြမှီလည်း ရုံတင်တော့မှာပါ... ဒါ့ကြောင့် Part 2 လေးမထွက်ခင် BLU-RAY1080P5.1CH လေးနဲ့ ပြန်လည် တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ စမ်းသပ်မှုတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို ကလေးဆုံးရှုံးထားတဲ့ လင်မယားက ခေါ်ယူမွေးစားလိုက်ပါတယ်။ ကောင်မလေးကလည်း အတိတ်မေ့နေတဲ့အတွက် အရင်က အကြောင်းတွေမမှတ်မိပါဘူး။ ကောင်မလေး အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ စီးပွားရေးအဆင်မပြေတဲ့အတွက် ဆုကြေးငွေ အများကြီးရနိုင်တဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ထူးခြားချက်တစ်ခုကိုပြရာမှာ အများအံ့အားသင့်စရာဖြစ်လာပါတယ်။ အဲဒါနဲ့ သူ့ရဲ့ အကြောင်းကိုလူတွေသိသွားပြီး အတိတ်က အရိပ်ဆိုးက ပြန်လိုက်လာတဲ့အခါမှာ.... File Size : (1.7GB)(721 MB)&( Quality :BLU-RAY1080P5.1CH,720p Format…mp4 Duration…02:06:00 Genre :Crime, Sci-Fi & Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae

Action • Drama • Thriller
7.8 2018 125 mins
The Witch: Part 1. The Subversion
Justin Bieber's Believe
7.2

ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့ Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကို ရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။ မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့ သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရော သီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါ ပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက် Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီး Tour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလို ဝေဖန်မှုများစွာ ခံရပြီး career ရှေ့ဆက်ဖို့ ရုန်းကန်နေရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ပါပါရာဇီနဲ့ရန်ဖြစ်လို့ ပြိုင်ကားမောင်းလို့ စသည်ဖြင့် ပြဿနာမျိုးစုံတက်ပြီး မီဒီယာတွေနဲ့ အတော်လေး အခြေအတင်ဖြစ်ခဲ့တာပါ။ ဒီအကြောင်းတွေကိုလည်း ထည့်သွင်းဖော်ပြထားပြီး အောင်မြင်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ဘဝအလှည့်အပြောင်းအပြင် Believe Tour မှာ ဖျော်ဖြေခဲ့တဲ့ အမိုက်စား performance တွေကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ငယ်ဘဝကို အနည်းနဲ့အများ လွှမ်းမိုးမှုရှိခဲ့တဲ့ Justin Bieber ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ CM က တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…2GB / 1GB Quality…1080p BluRay AAC5.1CH /  720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu

Action • Adventure
7.2 2013 92 mins
Justin Bieber's Believe
Last Survivors
5.5

တတိယကမ္ဘာစစ်ကြီးဖြစ်ပြီးလို့ ပျက်ကပ်ဆိုက်နေတဲ့ကမ္ဘာကြီးမှာ ထရွိုင်နဲ့ဂျိတ်တို့ သားအဖနှစ်ယောက်တည်း တောထဲကအိမ်ကလေးမှာနေကြပါတယ်။ဂျိတ်ငယ်ငယ်လေးတည်းက တောထဲမှာအမဲလိုက်ပြီးဖြစ်သလိုနေထိုင်ကြပြီး သူ့အဖေက သူစိမ်းမှန်သမျှကို ရန်သူလို့သတ်မှတ်ကာ ပစ်သတ်ပါတယ်။အပြင်‌လောကမှာ လူဆိုးတွေပဲကျန်တာဖြစ်လို့ ဘယ်သူ့ကိုမှမယုံဖို့ သူ့အဖေက ဂျိတ်ကိုသင်ကြားထားပါတယ်။ တစ်ရက်မှာတော့ သူ့အဖေဒဏ်ရာရတာကြောင့် ဂျိတ်တစ်ယောက် ဆေးရှာထွက်ရင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ပါတယ်။သူ့အဖေက အပြင်လူမှန်သမျှသတ်ဖို့ညွှန်ကြားပေမယ့် ဂျိတ်ကစူးစမ်းချင်စိတ်‌ကြောင့်ဒီအမျိုးသမီးနဲ့နီးစပ်လာပါတယ်။ သူစိမ်းတစ်ယောက်ကိုဘယ်လောက်ယုံနိုင်မလဲ။ ကိုယ့်ကိုတစ်သက်လုံး ကာကွယ်နေတဲ့၊ကိုယ့်ကိုချစ်တဲ့သူကိုရော ဘယ်လောက်ယုံနိုင်မလဲ။ ဒါရိုက်တာ Drew Mylrea ရိုက်ကူးထားတဲ့ Survival Thriller အမျိုးအစားဖြစ်ပြီး မင်းသမီးချော Alicia Silverstone နဲ့ အတူ Stephan Moyer,Drew Van Acker တို့ပါ၀င်ပေးထားပါတယ်။ File size…(1 GB)/(400 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Scifi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Drama • Mystery
5.5 2021 98 mins
Last Survivors
Free State of Jones
6.7

ဒီ Free State of Jones ဇာတ်ကားဟာဖြင့်အမေရိကန်ပြည်တွင်းစစ်အတောအတွင်းဖြစ်ပွားခဲတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကိုအခြေခံထားတဲ့ကားကောင်း တစ်ကားပါပဲ။ဒီဇာတ်လမ်းမှာ ဆင်းရဲသားတွေနဲ့လူချမ်းသာတွေရဲ့ တဖြည်းဖြည်းကွာဟလာတဲ့ ဘဝတွေကိုပေါ်လွင်အောင်ပြထားနိုင်တယ်လို့ချီးမွမ်းကြပါတယ်။ ဒီဇာတ်လမ်းမှာNewton Knight ဆိုတဲ့ ဆင်းရဲသားလယ်သမားတစ်ယောက် ဦးဆောင်တဲ့ လွတ်မြောက်လာတဲ့ကျွန်တွေ၊ဆင်းရဲသားတွေရဲ့ တော်လှန်ပုံ ကိုပီပီပြင်ပြင်ပုံဖော်ထားလို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောရမှာပါ (ဇာတ်လမ်းအညွန်းကိုတော့ Shocking Pink မှရေးသားပေးထားတာဖြစ်ပါတယ်) File Size : 1 GB /500 MB Quality : Blu ray 720P Running Time : 2hr 15 minute Format : Mp4 Genre : Action, Biography, Drama Encoder : Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.7 2016 140 mins
Free State of Jones
God’s Petting You

ဇာတ်လမ်းအစမှာတော့ ချာလီတယောက် စိတ်ကုထုံးဆရာ‌၀န်နဲ့ တိုင်ပင်စကားပြောနေတာကနေ စထားပါတယ်။ ချာလီက သူ့ဘ၀ဟာ ကူညီရေးစင်တာမှာ လိပ်ပြာပုံတူတက်တူးနဲ့ မိန်းမတယောက်နဲ့တွေ့ပြီး ဘယ်လိုဒစ်လည်သွားခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြနေပါတယ်။ ချာလီဟာ ဘိန်းဖြူစွဲနေတဲ့ ဆေးသမားတယောက်ပါ။ တနေ့ကျ ကူညီရေးစင်တာက အရက် မူးယစ်ဆေး အစရှိတဲ့အရာတွေကို စွဲလမ်းနေတဲ့သူတွေကို ကူညီပေးတဲ့ စကားဝိုင်းမှာ လိင်ကိစ္စကိုစွဲလမ်းနေတဲ့ မိန်းမတယောက်နဲ့တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ဘိန်စားချာလီတယောက် လိင်ကိစ္စစွဲလမ်းနေတဲ့မိန်းမကို စွဲလမ်းသွားပြီးနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ရာဇ၀တ်မှုတခုကို အတူကျူးလွန်ဖို့ တိုင်ပင်ကြပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဘယ်လိုအလွဲတွေတွေ့ရမလဲ နောက်ဆုံး ဘာတွေဖြစ်သွားမလဲ သူတို့နှစ်ယောက်ရဲ့ရာဇ၀င်က ဘာတွေလဲဆိုတာ ရယ်မောရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဟိုဒင်းဟိုဟာအခန်းတွေနဲ့ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေ တပုံကြီးပါ၀င်တာကြောင့် ၁၈နှစ်အောက်ကြည့်ဖို့ မသင့်ပါဘူး) File size…(1 GB)/(521 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Action • Drama • Thriller
0 2022
God’s Petting You
Jack Strong
7

ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာ အရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။ သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့ စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့ သူ့မိသားစုရဲ့လုံခြုံရေးအတွက် “Jack Strong” ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီး အမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာ တရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာ ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။ စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့ သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.1 GB / 895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ….. Thriller , Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7 2014 123 mins
Jack Strong
Breathless
7.7

Breathless (1960) ~ IMDb – 7.7/10, Rotten Tomatoes – 96% ~ ပြင်သစ်နယူးဝေ့ရဲ့ အခရာအကျဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Breathless ကို ရိုက်ခဲ့တဲ့ Jean-Luc Godard ကို ပြင်သစ်နယူးဝေ့ဖလင်အရွေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်လို့ ဆိုကြတယ်။ Breathless ဟာ Godard ရဲ့ အကျော်ကြားဆုံးကားဆိုလည်း ဟုတ်တယ်။ ပြင်သစ်နယူးဝေ့မှာ ရိုက်ကူးရေးပုံစံတွေကိုပြောင်းလဲပြီး ခေတ်ကိုထင်ဟပ်တဲ့ဇာတ်လမ်းတွေ လက်တွေ့ရိုက်ကွင်းတွေကို သုံးခဲ့တာတွေအပြင် Existential Themes ကို အသားပေးခဲ့တဲ့အချက်ကလည်း ပြင်သစ်နယူးဝေ့ရဲ့ လက္ခဏာတွေထဲပါခဲ့တယ်။ ဂိုးဒတ်ကိုယ်တိုင်ကလည်း Existentialism နဲ့ Marxist Philosophy ကို သဘောကျတဲ့လူဆိုတော့ သူ့ရုပ်ရှင်တွေမှာ ဖြစ်တည်မှုပဓာနဝါဒနဲ့ မက်စ်ဝါဒအငွေ့က တော်တော်လေးသန်းနေတယ်။ Breathless ရဲ့ ဒိုင်ယာလော့တွေမှာရော ဇာတ်ကောင်ရဲ့လုပ်ရပ်တွေမှာရော ဒီအငွေ့အသက်တွေက တော်တော်သန်းနေခဲ့တယ်။ အမေရိကန်တွေးခေါ်ပညာရှင် Hubert Dreyfus စကားအရတော့ Breathless ဟာ နစ်ရှေးရဲ့ Nihilism ကို စံနမူနာပြထားတဲ့ ရုပ်ရှင်လို့လည်း ဆိုတယ်။ Breathless က ဇာတ်လမ်းဇာတ်အိမ်ထက် ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်ထားတဲ့ ဇာတ်မျိုးပဲ။ ဇာတ်ကောင်ရဲ့ ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေ ပြဿနာတစ်ရပ်အပေါ် တုံ့ပြန်ပုံတွေကိုပဲ ဦးတည်ထားတယ်။ Breathless ရဲ့ဇာတ်ကောင်လုပ်သမျှတွေမှာ အကြောင်းရင်းတော်တော်ပျောက်နေတာတွေ များတယ်။ ဒီကောင် ဒီလိုလုပ်တာတော့ မဟုတ်သေးပါဘူးလို့ ပြောရမယ့်အရာတွေ များတယ်။ ဒါတွေကိုကလည်း ဒီကောင်ရဲ့ ဖလော်ဆော်ဖီကို မြင်သာစေတယ်။ ဒီလိုဆိုပေမဲ့ ဂိုးဒတ်ကို ကျွန်တော်တို့ ချီးကျူးရမယ့်တစ်ချက်က ဒီဇာတ်ထဲက ဇာတ်ကောင်ရဲ့လုပ်ရပ်ကို ကျွန်တော်တို့ကို နားလည်အောင်တစ်ဖက်လှည့်နဲ့လုပ်ပြသွားတာပဲ။ ဇာတ်ကောင်က သူ့အဖြစ်နဲ့ခပ်ဆင်ဆင် သူကြားဖူးနားဝဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသွားတယ်။ ဒီလိုပဲ ဇာတ်ကောင်တွေပြောတဲ့ဇာတ်လမ်းတွေနဲ့ ကြည့်ရှုသူကို နားလည်အောင်လုပ်ပေးသွားတဲ့ အခန်းတွေမနည်းဘူး။ ဒါကြောင့်လည်း သူတို့လုပ်ရပ်တွေကို ကျွန်တော်တို့ပမာဏတစ်ခုအထိ နားလည်နိုင်တယ်။ အဲဒီလိုနားလည်နိုင်လို့ပဲ ဒီဇာတ်က ပိုအရသာရှိနေတာပဲ။ ဂိုးဒတ်ဟာ နယူးဝေ့ရဲ့ ရိုးစင်းတဲ့အရွေ့မှာ သူနဲ့ခေတ်ပြိုင်တွေထက် ဒိုင်ယာလော့တွေကိုတော့ တော်တော်အားကိုးသွားတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားထဲက လူတစ်ယောက်ကို ဘဝရဲ့အကြီးဆုံးရည်မှန်းချက်ကဘာလဲမေးတော့… “To become immortal and then die” လို့ဖြေသွားတယ်။ တော်တော်လေးလှတဲ့အဖြေပဲ။ ဒီလိုတွေ ဂိုးဒတ်သုံးသွားတာ နည်းတော့မနည်းဘူး။ Breathless ဟာ ကျွန်တော့်အမြင်တော့ စည်းအပြင်ကလူလို ဇာတ်မျိုးကို ကြိုက်တဲ့လူတွေ ကြိုက်မယ့်ဇာတ်ပဲ။ မတူတာက ဒီကဇာတ်ကောင်ကတော့ သူ့အကျိုးဆက်နဲ့သူလို့ ပြောရမယ်။ ဒါပေမဲ့ အဲဒီအကျိုးဆက်တွေဖြစ်လာအောင် သူလုပ်ခဲ့တဲ့ရွေးချယ်မှုတွေကို သူရွေးချယ်သွားပုံတွေကတော့ စိတ်ဝင်စားစရာကောင်းနေတယ်။ Breathless ရဲ့ ဇာတ်က ပြောပြရင် စာတစ်ပိုဒ်လောက်နဲ့ပြီးသွားမှာပေမဲ့ ကြည့်ရင်တော့ တော်တော်အရသာရှိတယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။ ဒီလိုဇာတ်မျိုး ဒီဘဲဘယ်လိုများ အိုင်ဒီယာရလဲတော့ မသိဘူး။ သူပြောခဲ့သလို “I pity the French Cinema because it has no money. I pity the American Cinema because it has no ideas.” “ပြင်သစ်ရုပ်ရှင်လောကကို ငွေမရှိလို့ သနားတယ်။ အမေရိကန်ရုပ်ရှင်လောကကိုတော့ အိုင်ဒီယာမရှိလို့ သနားတယ်” ဆိုတဲ့ သူ့စကားအတိုင်း သူတို့ပြင်သစ်ရုပ်ရှင်လောကမှာ အိုင်ဒီယာကောင်းတွေ များခဲ့ပုံပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့အခါ ဇာတ်ညွှန်းရေးတဲ့အပိုင်းမှာလည်း ဂိုးဒတ်က ဆန်းသစ်ခဲ့တယ်။ ရိုက်ကွင်းမစခင်မှ ကောက်ရေးတဲ့ စတိုင်ကိုသုံးပြီး သရုပ်ဆောင်တွေကို ကြိုတင်ပြင်ဆင်ခွင့်မပေးဘဲ ဒိုကူမန်ထရီတစ်ခုရိုက်ကူးသလို အငွေ့အသက်မျိုးရအောင်ဖန်တီးခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့လည်း ဂိုးဒတ်ဟာ သူ့ရှေ့က ရုပ်ရှင်လောကကလူတွေကို Homage တော်တော်ပေးတဲ့သူလို့ နာမည်ကြီးပါတယ်။ သူနဲ့ခေတ်ပြိုင်တွေထဲ သူ Homage အပေးဆုံးလို့ ဆိုကြတယ်။ ဒီရုပ်ရှင်မှာလည်း အမေရိကန်ရုပ်ရှင်တွေကို Homage ပေးထားတာ မနည်းပါခဲ့ပါတယ်။ ဒီရုပ်ရှင်တစ်ကားနဲ့တင်ကို ဂိုးဒတ်ဟာ သူ့ကားထဲက ဒိုင်ယာလော့အတိုင်း Immortal ဖြစ်ပြီးမှ သေသွားတယ်လို့ ကျွန်တော်ရဲရဲကြီး အာမခံရဲတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.05GB Quality – BluRay 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 30Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.7 1960
Breathless
Sijjin 5 (or) Siccin 5
5

Siccin 5 (2018) IMDB : 5 Genre: Horror/Thriller Siccin Film Series ရဲ့ ၅ ကားမြောက်ဖြစ်တဲ့ Siccin 5 ဟာအတော်လေးကိုကြည့်ကောင်းတဲ့ တူရီကီစကားပြော Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Siccin ရဲ့ထုံးစံအတိုင်း ကြည့်တဲ့လူကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။ ဇာတ်ညွှန်း ဟေလာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မွေးလာကတည်းက ထူးဆန်းမှုတွေနဲ့ကြုံနေရတဲ့ကလေးဖြစ်ပါတယ်။ မွေးကတည်းက အဖေမရှိ၊ အဘိုးမရှိတဲ့ ဖတဆိုးလေးဖြစ်ပါတယ်။ သူ့မှာ အဒေါ်တစ်ယောက်ရှိပါတယ်။ သူ(မ)ရဲ့အဒေါ်ဟာ ဆီလင်း ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်နေပြီး မကြာခင်ယူတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ယူမှာကို တားမြစ်ချင်နေတဲ့လူတွေရှိပါတယ်။ သူတို့ကဘယ်သူများလဲ။ ဘာကြောင့်တားချင်တာလဲ။ Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းက မရိုးဘူးလို့ပြောချင်ပါတယ်။ File size… 1.2 GB / 616 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

5 2018
Sijjin 5 (or) Siccin 5
You Are My Diamond aka Tu Mano Deimantas

Tu Mano Deimantas/ You are my Diamond (2023) Genre – Thriller 2023 ခုနှစ်ထွက် လစ်ယူနီးယန်း သည်းထိပ်ရင်ဖိုကားလေးပါ ပွင့်လင်းမြင်သာသော အိပ်ရာခန်းများ ပါဝင်သဖြင့် ၁၈ ယောက် စုကြည့်ကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။ Jacob ဆိုတဲ့လူက စိန်ကုန်သည်တစ်ယောက် လုပ်ငန်းအောင်မြင်ပြီး မိန်းမမရှုပ် ဘာမရှုပ်နဲ့ ဘော်ဒါတွေက မြှောက်ပေးတာတောင် တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် လုပ်ချင်သူ ကိုရိုးသားကြီးပေါ့။ ဒီအချိန်မှာ တွေ့ထားတာ မကြာသေးတဲ့ ချစ်သူလေး Catherine ဆိုတာ ရှိပါတယ်၊ သူနဲ့ပဲ ဘဝကို ရိုးမြေကျ ဖြတ်သန်းတော့မယ်ပေါ့။ တစ်ရက်ကျ Jacob ဆီကို ပြဿနာရှိတဲ့ စိန်ထုပ်လေး လာရောင်းပါတယ် ထူးဆန်းတယ်ထင်ပေမဲ့လည်း ဝယ်ယူလိုက်ပြီး ပိတ်ရက်မှာ ချစ်သူလေးနဲ့ သူခေါ်ဆောင်ရာကို လိုက်ပါသွားတဲ့အချိန် နောက်ကနေ ထူးဆန်းတဲ့လူ ၂ ယောက်က နောက်ယောင်ခံလာပြီး ဘယ်လိုတွေ ကြမ္မာဆိုးငင်တော့မလဲဆိုတာ ဆက်လက်ရှုစားရမှာပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

0 2023
You Are My Diamond aka Tu Mano Deimantas
Fireflies in the Garden
6.4

ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ – ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံချပြီး အားလုံးရဲ့အမုန်းကိုလက်ခံခဲ့တယ် ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ။ သူ့ရဲ့အထီးကျန်မှုကလည်း သူစိုက်ပျိုးသမျှ သူရိတ်သိမ်းရတာပဲကိုး။ သူတို့ ၂ ယောက်ဘယ်သူမှန်သလဲဆိုရင် ကျနော်က မိုက်ကယ်မှန်တယ်လို့မြင်တယ်။ ဒီအမြင်က ကျနော်အဖေနေရာမရောက်သေးလို့လည်းဖြစ်ပါလိမ့်မယ်။ ရောက်ခဲ့ရင်လည်း ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးတွေကို လိပ်ပြာလုံလုံနဲ့ လေးဖြူရဲ့ အဖေသီချင်းကို နားထောင်စေချင်တယ်။ ဒါပါပဲ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thant Bo

6.4 2008 108 mins
Fireflies in the Garden
They
4.8

They (2002) ကလေးဘဝ တုန်းက ခြောက်အိပ်မက် မက်ခဲ့ဖူးတဲ့ ကလေးတွေရှိကြမှာပါ။ ဒီရုပ်ရှင်ဟာ ဒီလို ခြောက်အိပ်မက်မက်ခဲ့တဲ့ ကလေးတွေ အသက်ကြီးလာတဲ့ အချိန်မှာ ငယ်ဘဝ ရဲ့ အရိပ်ဆိုးကြီးတွေ ပြန်ခြောက်လှန့်လာတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ အဓိက ဇာတ်ကောင် ဂျူလီယာဆို တဲ့ ကောင်မလေးဟာတစ်နေ့မှာတော့ သူ့လိုပဲ ငယ်ဘဝတုန်းက ခြောက်အိပ်မက်တွေ ခံစားခဲ့ရတဲ့ သူငယ်ချင်းဟောင်း ဘီလီ နဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ ဘီလီ ရဲ့ပြောချက်အရ သူတို့လို ခြောက်အိပ်မက် မက်ခဲ့တဲ့ ကလေးတွေကို အမှတ်အသားလုပ်ပြီး အမှောင်ထဲပြန်ခေါ်သွားချင်နေတဲ့ အရာ တွေရှိတယ်လို့ဆို ပါတယ်။ ဘီလီက အဲဒီအရာတွေဟာ အမှောင်ထဲမှာပဲ နေပြီး အလင်းကို ကြောက်တယ်လို့ ပြောပြပြီး သူ့ကိုယ်သူ သတ်သေသွားပါတယ်။ ဘီလီ သေဆုံးသွားပြီးမကြာခင်မှာပဲ ဂျူလီယာကိုယ်တိုင် ခြောက်အိပ်မက်တွေ ပြန်မက်လာပြီး သူ့လို လူမျိုးတွေနဲ့လည်း မိတ်ဆွေ တွေဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ဘီလီပြောတဲ့ အမှတ်အသားမျိုး ဂျူလီယာဆီမှာလည်း ပေါ်လာပြီး သူ့ကို အမှောင်ထဲ ခေါ်သွားဖို့ကြိုးစားနေတဲ့ အရာတွေနဲ့ ကိုယ်တိုင် ရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.1 GB) / (550 MB) Quality….Bli-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:30:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Marco

4.8 2002 90 mins
They
Twelve

Twelve (2010) ************* ဒီဇာတ်ကားက ဝှိုက်မိုက်ဆိုတဲ့ မူးယစ်ဆေးရောင်းတဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်… အရင်ကတော့ သူက အရမ်း ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ ကျောင်းထွက်ပြီး သူ့အရင်က အတန်းဖော်တွေကို ဆေးခြောက်ရောင်းရင်း အသက်မွေးနေရတဲ့ သူတစ်ယောက် ဖြစ်သွားပါပြီ… သူ့အမေ သေဆုံးသွားတဲ့နောက်မှာ သူ့ဘဝက အောက်ကို ပိုပြီး ထိုးကျခဲ့တော့တာပါပဲ… သူ့ရဲ့ ဝမ်းကွဲညီဖြစ်သူကလည်း ဆေးရောင်းတဲ့ကောင်တစ်ယောက်ဆီမှာ အသတ်ခံလိုက်ရပါတယ်… အဲဒီမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကအနေနဲ့ မူးယစ်ဆေးက လူငယ်တွေရဲ့ ဘဝကို ဘယ်လောက်ထိ ဖျက်ဆီးပစ်နိုင်လဲဆိုတာကို ပြောထားတာဖြစ်လို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ လို့ ပြောလိုက်ပါရစေ… အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်… File Size : 1.64GB / 700MB Quality : BluRay 1080p 5.1ch / 720p Duration : 1 hr. 38 min. Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by BZW Encoded by Heather Oo

0 2010 93 mins
Twelve