YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Arcane_S01E03.1080p AAC5.1CH (CM).mp4

541.99 MB N/A video/mp4 2942 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Dark Knight
8.5

IMDb Rating 9.0/10 မှာ ဗိုလ်စွဲထားတုန်းပါပဲ။ ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။ The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel Schumacher ရဲ့ ကလေးကြိုက် Batman Forever နဲ့ ဘယ်သူမှမကြိုက်တဲ့ Batman & Robin (၁၉၉၇မှာထွက်ခဲ့ပြီး Batman ကို ရုပ်ရှင် လောက ကနေ ခဏတာကွယ်ပျောက်သွားစေပါတယ်။) ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာ Batman Begins နဲ့အတူ Batman နဲ့ Comic Book ရုပ်ရှင်တွေ ရုပ်ရှင်လောကကိုတကျော့ပြန် ဝင်လာခဲ့ပြီး ၂၀၀၈ ခုနှစ် ရဲ့ The Dark Knight ကတော့ ဘယ်သူမှမငြင်းပယ်နိုင်တဲ့ အကောင်းဆုံး Batman ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Batman Begins မှာ Gotham မြို့ကို ကယ်တင်ခဲ့ပြီးတဲ့နောက်မှာ Batman/Bruce Wayne အနေနဲ့ သူ့ရဲ့ အဆိုးဝါးဆုံး ရန်သူ ဖြစ်တဲ့ Joker နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ The Dark Knight ကားက Joker နဲ့ Batman ကို တမူထူးခြားတဲ့ ရှု့ထောင့်ကနေတင်ဆက်ထားပြီးတော့၊ Joker အဖြစ်သရုပ်ဆောင်တဲ့ Heath Ledger ကလည်း၊ လူတကာကို ဒုက္ခပေးဖို့က လွဲရင်၊ ဖျက်လိုဖျက်ဆီးလုပ်ဖို့ကလွဲရင် ဘာကိုမှ မလိုချင်တဲ့ ဇာတ်ရုပ်အဖြစ် ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ Joker က ပိုက်ဆံ၊ အာဏာ၊ ရာထူး ဘာကိုမှ မမက်ပဲ၊ ဖျက်လိုဖျက်ဆီးလုပ် ဖို့နဲ့ Gotham မြို့တစ်မြို့လုံးကို သူလိုပဲ လူဆိုး လူရမ်းကားတွေဖြစ် လာအောင် လုပ်ဖု့ိ ရည်ရွယ်ချက်နဲ့ လုပ်နေတာတွေကို တားဆီးဖို့ Batman အနေနဲ့ လုပ်ရိုးလုပ်စဉ် ထဲက နေခွဲထွက်ပြီး Joker ကို ဖမ်းဖို့ကြိုးစားရပုံကို တကယ့် စုံထောက်ကား ကောင်းတစ်ကား အနေနဲ့ တင်ဆက်ထားပါတယ်။ Batman ရဲ့ Character မိတ်ဆက်ထဲမှာ ပြောထားသလိုပဲ Batman က Comic Hero တွေအားလုံးထဲမှာ The World Greatest Detective ဆိုတဲ့ ဘွဲ့ကိုရထားတဲ့ အတိုင်း ဒီကားမှာ သူ့ရဲ့ စုံထောက် စွမ်းရည်၊ ဉာဏ်ရည်ဉာဏ်သွေး သာမက သူ့ရဲ့ တိုက်ရည်ခိုက်ရည်၊ စွန့်လွှတ်စွန့်စား နိုင်မှုတွေ ကိုပါ ပရိတ်သတ် ကြီး ကြည့်ရှုခံစားနိုင်မှာပါ။ ဒါ့အပြင် ဒီကားမှာ အဓိကသရုပ်ဆောင် Christian Bale ရဲ့ ပြီးပြည့်စုံတဲ့ Batman သရုပ်ဖော်မှု၊ ဒါရိုက်တာ ရဲ့ ရိုက်ကူးတင်ဆက်မှု၊ ထူးခြားတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံ၊ နက်နဲတဲ့ ဇာတ်အိမ်တည်ဆောက်မှုတွေနဲ့ ကွင်းဆက်မိမိ တက်ဆက်ထားနိုင်မှုတွေထက် ပိုပြီး ပြောစရာတစ်ခုရှိပါတယ်။ ဒါကတော့ Heath Ledger ရဲ့ နောက်ဆုံး သရုပ်ဆောင်မှုလည်းဖြစ်သလို အကောင်းဆုံး ဇာတ်ကောင်လည်းဖြစ်တဲ့ Joker ပါ။ Heath Ledger ရဲ့ The Joker က တကမ္ဘာလုံးက ပရိတ်သတ်တွေကို တုန်လှုပ်စေခဲ့ပြီး၊ ဗီလိန် တွေထဲမှာ ဆရာတစ်ဆူဖြစ်စေခဲ့ပါတယ်။ ဒီကားက Batman ရဲ့အကောင်းဆုံးကားဆိုရင် Joker က အကောင်းဆုံး ဗီလိန် ဖြစ်ပါတယ်။ Heath Ledger လည်း ဒီကားနဲ့ အကယ်ဒမီရခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားပါလို့ပြောလို့ရသလို၊ The Bourne Trilogy ထက်တောင် မှာ ပိုကောင်းတယ်ဆိုရင် ငြင်းမယ့်သူမရှိလောက်ပါဘူး။ ဒီကားက Batman Fan တွေနဲ့ Comic Book ပရိတ်သတ်တွေကို စိတ်ကျေနပ်မှု့အပြည့်အဝပေးနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာ ဟာကွက် အနည်းငယ်ရှိပေမယ့် Batman, Gordon, The Joker နဲ့ Harvey Dent (Two Face) တို့ရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်လမ်းထဲမှာ မျောပါသွားပြီး ၂နာရီခွဲလုံး စိတ်လှုပ်ရှားစွာကြည့်ရမှာဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးနှစ်ယောက်ဖြစ်တဲ့ Michael Caine နဲ့ Morgan Freeman တို့ကလည်း ဇာတ်လမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။ ဒီကားက ကလေးကြိုက် Batman ကားမဟုတ်သလို၊ ဖန်စီ အက်ရှင်ကားမဟုတ်ပါဘူး။ Crime/Action/Drama ကားဖြစ်ပြီး ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။ မကြည့်ရသေးတဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ #Sololay (ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြပါသည်။) 4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။ Batman:The Dark Knight Trilogy ဇာတ်ကား ၃ ကားလုံးကို https://channelmyanmar.org/?s=batman+dark+knight   မှာကြည့်ပါ။ File size…(5.5 GB)/(2.2 GB)/(1.1 GB) Quality….IMAX 4K  HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….02:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Idiot MyoKo

Horror • Thriller
8.5 2008 152 mins
The Dark Knight
Detective Dee and Nine Dragon Coffin
2

Detective Dee ပရိသတ်တွေအတွက် နောက်တစ်ကားကို CM မှတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ၆၇၆ခုနှစ်ခန့်ကာလမှာ သင်္ချိုင်းသူခိုးတစ်သိုက်ဟာ လူသားစားတဲ့အခေါင်းတလားကိုတူးဖော်ခဲ့မိပါတယ်။ ရွှေနဂါးကြီးဟာအခေါင်းအတွင်းကနေပျံထွက်လာခဲ့ပြီး ပြုစားခံထားရတဲ့အလောင်းဟာ အခေါင်းထဲကထွက်လာပြီး ဘုရင်ကြီးနဲ့ဘုရင်မကြီးကိုလုပ်ကြံဖို့ကြိုးစားခဲ့ရာ ကိုယ်ရံတော်အရာရှိလီက တားမြစ်ကယ်တင်ခဲ့ပါတယ်။ ထုံးစံအရ တရားရေးဌာနက Di Ren Jie ဟာ အမိန့်တော်အရ အမှုကိုစစ်ဆေးတော့တာပေါ့။ လူသားစားပြီးဓားလှံတွေကိုမကြောက်တဲ့အလောင်းကောင်တွေဟာ လွန်ခဲ့တဲ့နှစ်၂၀တုန်းက နယ်နှင်ဒဏ်ပေးခံခဲ့ရတဲ့ မိဖုရားကြီးဝမ်ရဲ့မျိုးဆက်ရဲ့လုပ်ရပ်ပဲဆိုတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့ မီးပုံးပွဲညမှာ လူတွေစည်းကားနေတဲ့အချိန်မှာ ထူးဆန်းတဲ့ပုလွေသံနဲ့အတူ အလောင်းကောင်တွေဟာ Chang An မြို့ထဲကိုဝင်လာပါတော့တယ်။ အလုံးအရင်းနဲ့ဝင်လာတဲ့ အလောင်းကောင်တွေ လူတွေကိုကိုက်လိုက်တိုင်းတိုးလာတဲ့အလောင်းကောင်တွေကို ဆရာဒီးတို့နှိမ်နင်းနိုင်ပါ့မလား ဘယ်အချိန်အထိများတောင့်ခံနိုင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ပြီးခံစားလိုက်ပါနော်. Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK

Horror • Mystery • Thriller
2 2022 70 mins
Detective Dee and Nine Dragon Coffin
Batman: The Killing Joke
6.6

ဒီလောကကြီးထဲမှာ လူရယ်လို့ဖြစ်လာခဲ့ပြီဆိုရင် လောကဓံရဲ့ရိုက်ချက်တွေကံတရားရဲ့ ကစားကွက်တွေ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ခံစားမှုရဲ့ ဒဏ်တွေကို တစ်ခုမဟုတ်တစ်ခုကတော့ အလူးအလဲခံစားကြဖူးကြမှာပါပဲ ဒီလို နာကျင်မှုတွေ ထိုးနှက်ချက်တွေကြားမှာ လူသားတစ်ယောက်အနေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ပါ့မလား ဒါမှမဟုတ်အရှုံးပေး လက်မြှောက်လိုက်မလား...? ဒါမှမဟုတ် အရာအားလုံးကို နာကျည်းမုန်းတီးသွားမလား…? ဒီဇာတ်ကားထဲမှာတော့ Batman ရဲ့ အဓိကရန်သူတော် Villain ကြီး Joker ဟာ သူဖြတ်သန်းခဲ့ရတဲ့ လောကဓံရဲ့ ရိုက်ချက်တွေ သူ့အပေါ် ပြင်းထန်ခဲ့တဲ့ အခါမှာ သူ့ရဲ့ကျရှုံးမှုတွေ နာကျင်မှုတွေ ကနေ အရာအားလုံးကို နာကျည်း မုန်းတီးသွားခဲ့ပြီး ရူးသွပ်စွာ ရက်စက်တတ်တဲ့ သူတစ်ယောက်အဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါတယ် နောက်ပြီး Joker ဟာ သူ့လိုပဲ လူတိုင်းဟာ စိတ်ဒါဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ ရင် ရူးသွပ်သွားမှာပဲဆိုတဲ့ အချက်ကို သက်သေပြဖို့အတွက် ဘယ်လို ဘယ်ပုံတွေ ရက်စက် အကွက်ချ လုပ်ပြမလဲဆိုတာကတော့ ဒီဇာတ်ကားရဲ့အဓိက ဇာတ်အိမ်ပဲဖြစ်ပါတယ် မြင်ရခဲတဲ့ Jokerရဲ့နောက်ကြောင်းရာဇဝင်ကို ဒီကားထဲ မှာမြင်တွေ့ရမှာဖြစ်ပြီး Batman နဲ့ Joker ရဲ့ကြားထဲက relationship ကို လေးလေးနက်နက်ပုံဖော်ပြထားပါတယ် 1988 ခုနှစ်ကထွက်ရှိခဲ့တဲ့The Killing Joke comicကိုအခြေခံပြီးရိုက်ကူး ထားတဲ့ဒီဇာတ်ကား ဟာ အချိန်ကန့်သတ်ပြသပေမယ့်လဲ ပြသခဲ့တဲ့ နှစ်ရက်အတွင်းမှ3.8သန်းအထိဝင်ငွေရရှိခဲ့ပြီး Box-Office ရဲ့ တတိယနေရာမှာ ခေတ္တရပ်တည်နိုင်ခဲ့ပါတယ် IMDb rating အနေနဲ့ 6.4/10ရရှိထားလို့ ဇာတ်ကားကောင်းတစ်ကားအနေနဲ့ညွှန်းပေးပါရစေ ဇာတ်ကားကို အသေအချာ ဘာသာပြန်ပေးထားပြီး (အထူးသဖြင့် Joker ရဲ့ ဒဿန ဆန်ဆန်ဒိုင်ယာလော့ခ် တွေ) အညွှန်းရေးပေးသူကတော့ ကိုHan Htoo Zaw ပဲ ဖြစ်ပါတယ်။ ********************** File Size : 575 MB Quality : Blu-Ray 720p Running Time : 1h 16min Format : Mp4 Genre : Animation, Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Han Htoo Zaw Encoded by Kaung Myat Thu

Action & Adventure • Drama • Sci-Fi & Fantasy
6.6 2016 76 mins
Batman: The Killing Joke
Kingslayer
4.1

Kingslayer (2022) ============== အင်္ဂလန်ပြည်ကြီးရဲ့ မင်းသားတစ်ပါး ဖြစ်တဲ့ ရစ်ချတ်ဟာ ရှေးအစဉ်အလာတွေနဲ့ ဆန့်ကျင်ပြီး မြင်းဇောင်းက အစေခံမလေး လီယာနဲ့ ချစ်ကျွမ်းဝင်နေသူပါ။ ဖခင်ဖြစ်သူ ဒုတိယမြောက် ဟင်နရီ ဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက် ရစ်ချတ်ဟာ အင်္ဂလန်ပြည်ရဲ့ ထီးနန်း ကို ဆက်ခံဖို့ ဖြစ်လာပါတယ်။ လီယာကို တမ်းတမ်းစွဲဖြစ်နေတဲ့ ရစ်ချတ်ဟာ နန်းတက်ပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ Kingswood လို့ခေါ်တဲ့ တော်ဝင်မျိုးနွယ်တွေပဲ အမဲ လိုက်ခွင့်ရှိတဲ့ တောအုပ်ထဲမှာ ချစ်သူ လီယာနဲ့ ချိန်းတွေ့ပြီး ချစ်ကြည်နူး ကြပါတော့တယ်။ ထီးနန်းကိုချောင်းနေတဲ့ ရစ်ချတ်ရဲ့ ညီဖြစ်သူ ဂျွန်က အဲဒီအခွင့်အရေးကို အမိအရ အသုံးချပြီး Kingswood တောအုပ်ထဲ ကြေးစားတွေလွှတ်ပြီး ရစ်ချတ်ကို အပြတ်ရှင်းဖို့ ကြံစည်တဲ့အခါမှာတော့။ 1189 ခုနှစ်ကနေ 1199 ခုနှစ်အထိ အင်္ဂလန်ပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ Lionheart လို့ အမည်တွင်ခဲ့တဲ့ ပထမမြောက် ရစ်ချတ်ဘုရင်ရဲ့ Kingswood တောအုပ်ထဲက စွန့်စားခန်းတွေကို ရှုစားကြရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman NoX ဖြစ်ပါတယ်) File Size……….(1.7 GB) / (704 MB) / (417 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action Translator…….Roman NoX Encoder……….SWM

Action • Crime • Drama • Thriller
4.1 2022
Kingslayer
Clouds of Chernobyl
5.8

1986ခုနှစ် ရိုမေးနီးယားမှာ ကွန်မြူနစ်အစိုးရအုပ်ချုပ်ခဲ့တုန်းက နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကို နောက်ခံထားရိုက်ထားတဲ့ မိသားစုဇာတ်ကားဖြစ်ပါတယ်။ဓာတ်ပေါင်းဖိုကနေယိုစိမ့်လာတဲ့ ရေဒီယိုဓာတ် ရောင်ခြည်တွေက လေကနေတဆင့် ချာနိုဘယ်မြို့ရဲ့ တိမ်တွေထဲမှာစုနေပါတယ်။ ပြည်သူပြည်သားတွေက ကွန်မြူနစ်အစိုးရကြောင့်ဒုက္ခရောက်ကြရတဲ့အထဲ အဆိပ်သင့်ဓာတ်ငွေ့တွေကိုလေကတဆင့်ရှူမိကြလို့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြပါတယ်။ ဒီနျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲတဲ့ဖြစ်ရပ်ဟာ သမိုင်းမှာရှိတဲ့ဟီရိုရှီးမား ဗုံးပေါက်ကွဲမှုပြီးရင်အထင်ရှားဆုံးဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အီရီနာဆိုတဲ့ အမျိုးသမီးဟာ ခေတ်ပျက်ထဲမှာ ကိုယ်ဝန်ရသွားပြီး ဖိအားတွေကြားထဲကနေ အသက်ရှင်ဖို့ရုန်းကန်ရပုံကိုကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်း ဇာတ်လမ်းအေးမယ်လို့ ထင်ရနိုင်ပေမယ့် တစိမ့်စိမ့်နဲ့အရှိန်တက်ပြီးကြည့်လို့ကောင်းတဲ့ကားမျိုးဖြစ်ပါတယ်။ မိဘမေတ္တာနဲ့အဲဒီခေတ်က victimတွေအတွက်ရည်ရွယ်ရိုက်ကူးထားတဲ့ကားဖြစ်လို့ political drama ကောင်းကောင်းကြည့်ချင်နေသူတွေအတွက် ကွက်တိပါပဲ။ File size…(1.2 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre…Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni

Romance • Drama • History
5.8 2022
Clouds of Chernobyl
Barfi!
8.1

Barfi (2012) IMDb Rating (8.1) / Rotten Tomatoes (80%) မင်းသား Ranbir Kapoor ၊ မင်းသမီး Priyanka Chopra နဲ့ Illeana D’ Cruz တို့ ပါဝင်ထားတဲ့ Barfi ရုပ်ရှင်ကားဆိုတာ Bollywood ရဲ့ ကြီးကျယ်စွာအောင်မြင်ထားတဲ့ Romance Comedy ဇာတ်ကားဖြစ်ပါတယ်…ပန်းချီကားတစ်ချပ်လို ရှုခင်းတွေနဲ့ ဓာတ်ပုံပညာပါပါ ရိုက်ကူးထားမှု၊ သရုပ်ဆောင်မှု၊ဇာတ်လမ်း ဇာတ်အိမ်ပိုင်းတွေမှာ ဘာမှအပြစ်ပြောစရာမရှိအောင် လှပလွန်းတဲ့ ရုပ်ရှင်ကားပါ။ ၂၀၁၂ခုနှစ်မှာပြသခဲ့တဲ့ အိန္ဒိယရုပ်ရှင်Barfiဟာ ဟာသdramaရုပ်ရှင်ဖြစ်ပေမယ့် ဒီရုပ်ရှင်ကြောင့်အိန္ဒိယဆွံ့အနားမကြား လူ့အဖွဲ့အစည်းကို အစိုးရမှဥပဒေသစ်၂ရပ်ထပ်တိုးပေးခဲ့ပြီး ကမ္ဘာပေါ်ကဆွံ့အနားမကြားတွေရဲ့ဘဝကိုကိုယ်ချင်းစာစေဖို့နဲ့ဆွံ့အနားမကြားသူတွေဟာ လူ့ဘာင်လောကမှာ အနှိမ်ခံလူတန်းစားတွေမဟုတ်ကြောင်းများစွာထောက်ပြခဲ့ပါတယ်။ Barfiရုပ်ရှင်ကြောင့်အိန္ဒိယပြည်နယ်၆ခုမှာ ဆွံ့အနားမကြားကျောင်း၄၈ကျောင်းထိ တစ်နှစ်တည်းမှာထပ်မံဖွင့်လှစ်ပေးခဲ့သလို ဆွံ့အနားမကြားတွေအတွက်ခရီးသွားလာရေးမှာ အခမဲ့လိုက်ပါနိုင်ဖို့သယ်ယူပို့ဆောင်ရေးပုဂ္ဂလိကပိုင်လိုင်း၁၉လိုင်းမှ ချမှတ်ခဲ့ကြပါတယ်။ ဆွံ့အ နားမကြားကောင်လေးနဲ့ ဉာဏ်ရည်ချို့တဲ့ကောင်မလေးကြားက အချစ် သံယောဇဉ် ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့မှု သေသည့်တိုင်လက်တွဲမဖြုတ်ခဲ့မှုတွေ ဆွံ့အနားမကြားကောင်လေးကို ပြန်ပေးစွဲတရားခံအဖြစ်ခုတုံးလုပ်ခဲ့မှု ဆွံ့အနားမကြားကောင်လေးနဲ့ လူကောင်းမိန်းကလေးကြားက ကွဲကွာခဲ့ရတဲ့မပြည့်စုံခြင်းတွေ အချစ်ဟာလောကမှာ ဘယ်လောက်ထိခမ်းနားကြောင်း ပြသထားမှု စတဲ့ရသများစွာကို Barfi ဟာပေးနိုင်ခဲ့ပြီး Oscar Listမှာ ဆန်ကာတင်ခံခဲ့ရတဲ့အိန္ဒိယရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ထူးခြားမှုကတော့ Barfi ရုပ်ရှင်မှာ နာမည်ကြီး လူငယ်မင်းသားRanbir Kapoor နဲ့ ကမ္ဘာကျော်အိန္ဒိယမင်းသမီး Priyanka Chopraတို့ဟာ တစ်ကားလုံးမှာ”Barfi”ဆိုတဲ့Dialogueကိုသာ အများဆုံးပြောခဲ့ရပြီး တစ်ကားလုံးရဲ့သရုပ်ဆောင်မူဟာ Slient Acting Methodကိုသာအခြေခံရိုက် ကူးခဲ့တာဖြစ်ပါတယ်။ Ranbir Kapoorဟာ Barfi အတွက် ဒေလီက ဆွံ့အနားမကြားကျောင်း “Vari School”မှာ ၂ပတ်တိတိသွားရောက်နေထိုင်ကာ သရုပ်ဆောင်မှုတွေအတွက် ဆွံ့အနားမကြားတွေရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုအတိုင်းနေခဲ့ပြီး မင်းသမီးPriyanka Chopra ဟာ Barfiရုပ်ရှင်အတွက် ၁၅ပေါင် Weightချကာ ဆံပင်ပါညှပ်ခဲ့ပြီး ကျပ်မပြည့်တဲ့မိန်းကလေးဇာတ်ကောင်အတွက် ကျကျနနပြင်ဆင်ခဲ့ပါတယ်။ Barfiရဲ့ အောင်မြင်မူကတော့ ရူပီကုဋေ၄၀သာ ရင်းခဲ့ပေမယ့် ရူပီ၁၇၂ကုဋေထိပြန်ရကာ highest-grossing Bollywood films of 2012 အပြင် filmfare award မှာလဲရုပ်ရှင်ဆုများစွာရရှိခဲ့ပါတယ်။ Barfi ဟာ ရှားရှားပါးပါး ဂျပန်Film Industryမှာ၂ပတ်တိတိရုံတင်ခံရတဲ့ အိန္ဒိယရုပ်ရှင်လည်းဖြစ်ခဲ့ပါသေးတယ်။ (ရုပ်ရှင်အညွှန်းကို Htet Wa Na Facebook မှ ကူးယူဖော်ပြပါသည်။)

8.1 2012 151 mins
Barfi!
The Last Family
7.4

ဒီတစ်ခါ ဖြစ်ရပ်မှန်အပေါ်ပြန်လည်အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ပိုလန် ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ ဇဂျီစွာဗ် ဘက်စင်စကီဟာ သူ့ရဲ့ စိတ္တဇဆန်ဆန် အိပ်မက်ဆန်ဆန် ပန်းချီကားတွေကြောင့် နာမည်ကျော်ကြားခဲ့သူတစ်ဦးပါ။ ပန်းချီဝါသနာပါသူတွေနဲ့ ပန်းချီကားတွေအကြောင်း လေ့လာရတာသဘောကျသူတွေကတော့ သူ့လက်ရာပန်းချီကားတွေကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဇဂျီစွာဗ်ရဲ့ပန်းချီကားတွေဟာ ခေတ်သစ် အနုပညာလက်ရာတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ပြောရင်လည်း မှားမယ်မထင်ဘူးဗျ။ Horrorဆရာတစ်ဆူဖြစ်တဲ့ Guillermo del Toroကလည်း သူ့ရဲ့ပရိတ်သတ်တစ်ဦးဖြစ်တယ်လို့ ပြောဖူးပါသေးတယ်။ ဒါကြောင့်မို့လို့လည်း သူတို့ရဲ့ဖန်တီးမှုတွေဟာ ပဟေဠိဆန်ပြီး ခြောက်ခြားဖို့ကောင်းနေတာလို့ ထင်တယ်ဗျ။ ဒီရုပ်ရှင်ကတော့ ဇဂျီစွာဗ် ဘက်စင်စကီရဲ့ ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဇဂျီစွာဗ် ဘတ်စင်စကီရဲ့ ဘဝဟာလည်း သူဆွဲခဲ့တဲ့ ပန်းချီကားတွေလိုပဲ ရှုပ်ထွေးပြီး ထူးဆန်းပါတယ်။ သူ့မှာ ဇိုရှာလို့ခေါ်တဲ့ မိန်းမတစ်ယောက်ရှိပြီး တောမက် ဘက်စင်စကီဆိုတဲ့ သားတစ်ယောက်လည်း ရှိပါသေးတယ်။ တောမက်ကတော့ ပြဿနာခဏခဏရှာတတ်တဲ့ စိတ်ဝေဒနာသည်လေးတစ်ဦးလို့ပဲ ပြောရမယ်ဗျ၊ ဒါပေမယ့် သူကလည်း ရုပ်ရှင်ဘာသာပြန်နဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ဦး ဖြစ်ခဲ့ပြန်ပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီမိသားစုဝင်တွေရဲ့ သေဆုံးပုံတွေကလည်း တစ်မျိုးစီ ထူးခြားပြီး စဉ်းစားစရာဖြစ်နေတာပါပဲ။ ဒီလိုအဖြစ်ဆိုးတွေကပဲ ဇဂျီစွာဗ်ရဲ့ ပန်းချီတွေကို ခြောက်ခြားဖို့ကောင်းစေခဲ့တာလား၊ ပန်းချီကားတွေရဲ့ အဓိပ္ပာယ်ကရော ဘာလဲ စတာတွေက အဖြေရှာရခက်တဲ့ မေးခွန်းတွေပါ။ ဒီလိုထူးဆန်းတဲ့ပန်းချီတွေကိုဆွဲခဲ့တဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ ဘဝအကြောင်းကို နားလည်ချင်ရင်တော့ ဒီရုပ်ရှင်ကိုသာကြည့်လိုက်ပါဗျ။ ရိုက်ကူးထားသူကလည်း ပိုလန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jan P. Matuszyńskiဖြစ်ပါတယ်။ Ratingရလဒ်ကောင်းတွေလည်း ရရှိထားတာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ညွှန်းချင်ပါတယ်ဗျာ။ File size… 1.5 GB / 750 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato

7.4 2016
The Last Family
Kung Fu Panda 4

ကွန်ဖူးပန်ဒါ ၄ ကားမြောက်ရုပ်ရှင်ထွက်လာပါပြီ မင်းသား ဂျက်ဘလက်ပဲ အသံသရုပ်ဆောင်ထားပြီး မင်းသမီး Awkwafina က ကျန်းအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။ အရင်ထွက်ခဲ့တဲ့ ၃ ကားလုံးကိုလည်း ချန်နယ်မြန်မာ web နဲ့ app တွေမှာ ကြည့်နိုင်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီ ၄ ကားမြောက်မှာတော့ ပိုဟာ ရန်သူပေါင်းစုံကိုနိုင်ပြီး နဂါးစစ်သည်တော်လည်းဖြစ်နေတာကြာပြီဆိုတော့ ပိုခက်တဲ့ ရန်သူနဲ့ တာဝန်တွေ ပေါ်လာပါပြီ။ ပိုဟာ ဆရာအူးဂွေးရဲ့ ပညာရှိခေါင်းဆောင်နေရာကို ဆက်ခံရတော့မှာဖြစ်ပြီး သူ့ရဲ့ နဂါးစစ်သည်တော်နေရာမှာ ဆက်ခံဖို့လည်း လူသစ်ရွေးရတော့မှာဖြစ်ပါတယ်။ အပြောင်းအလဲတွေမလုပ်ချင်တဲ့ ပိုအတွက်တော့ တကယ့် ပြဿနာကြီးပါပဲ။ အဲဒီအချိန်မှာပဲ ခမီလီရန် ဆိုတဲ့ မှော်ဆရာမကလည်း ပိုရဲ့ ရန်သူအားလုံးပေါင်းထားတဲ့အစွမ်းတွေကို ရအောင်ကြိုးစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတယ်။ ခမီလီရန် နဲ့ ရင်ဆိုင်ရင်း ပိုတစ်ယောက် ဘယ်လိုထပ်ပြီး အလင်းတွေရအဆင့်တွေမြင့်လာမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 3.4 GB / 1.8 GB / 874 MB Quality… Web-Rip 4K / 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thiha Yan Naing

0 2024
Kung Fu Panda 4
Sex Tape
5.1

Sex Tape (2014) မင်းသမီး Cameron Diaz နဲ့ မင်းသား Jason Segel တို့ပါဝင်ပြီး ပွဲကြမ်းထားတဲ့ ဟာသဇာတ်ကားလေးပါ။ ဇာတ်လမ်းကတော့ လင်မယားတွေဖြစ်ကြတဲ့ Jay နဲ့ Annie တို့ဟာ ကလေးတွေမရှိတုန်း ငယ်မူပြန် ပွဲကြမ်းကြတာကို Video ရိုက်ထားမိကြပါတယ်… ဒီ Video ကြီးကို အမှတ်မထင်ဘဲ iPad တွေကို Sync လုပ်မိရာကတစ်ဆင့် Cloud ကနေ တခြားလူတွေဆီ ရောက်သွားပါတော့တယ်။ အစက ဒါကို သတိမထားမိသေးပဲ Jay ဖုန်းကို တစ်စုံတစ်ယောက်က အဲ့ဒါနဲ့ပတ်သတ်ပြီး စာပို့တော့မှ သတိထားမိတာပါ။ ဘယ်သူပို့လည်းတော့ မသိပါဘူး။ ဒါကြောင့် Annie နဲ့ Jay တို့ နှစ်ယောက် iPad ပေးထားတဲ့သူတွေဆီသွားပြီး အဲ့ဒီ ဗီဒီယိုဖိုင်ကို ဖျက်ဖို့ကြိုးစားကြရင်း message ကို ဘယ်သူပို့လည်းဆိုတာ စုံစမ်းပါတော့တယ်။ သူတို့နှစ်ယောက် iPad တွေ ပြန်ယူဖို့ကြိုးစားကြပုံကို ဟာသရောနှောကာ ရိုက်ကူးတင်ဆက်ထားပြီး အဲ့ဒီ စာပို့သူဟာ သူတို့ မထင်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး ဘယ်လိုတွေဖြစ်ပျက်မလည်းဆိုတာကို ရယ်ကာမောကာကြည့်ကြရမှာပါ။ (R Rated ဇာတ်ကားမလို့ မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေလောက်ပါဘူး။)

5.1 2014 94 mins
Sex Tape
Funny Birds Au fil des saisons
5.6

Funny Birds (2024) IMDb Rating (5.6) ဒီဇာတ်ကားရဲ့ ခေါင်းစဉ်ကတော့ မြူးမြူးထူးထူးနဲ့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ဟန်ပေါက်နေပေမယ့် တကယ်တော့ဒရာမအပြည့်နဲ့ ရင်သပ်ရှုမောဖွယ်အခိုက်အတန့်တွေကို ပေါင်းစပ်ပေးထားပါ့တယ်။ ဇာတ်အိမ်ရဲ့ သဘောသဘာဝကိုပြောရမယ်ဆိုရင် ကျေးငှက်သာရကတွေဟာ ငယ်စဉ်မှာအမိရဲ့ ပြုစုပျိုးထောင်ပေးမှုအောက်နေရပါတယ်။ အတောင်စုံကာမှ ကိုယ့်အသိုက်ကိုစွန့်ပြီး ကိုယ့်ရဲနောက်မျိုးသစ်တစ်ခုအတွက် အိုးအိမ်ဖြစ်ပေးရပါတယ်။ ဒီဇာတ်လမ်းမှာတော့ ခင်ပွန်းဖြစ်သူဆုံးသွားတဲ့ လော်ရာဆိုတဲ့အမျိုးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သမီးဖြစ်သူက အရွယ်ရောက်လို့ အဝေးမှာကျောင်းသွားတဲ့အချိန် ရုတ်ရက်ကြီးကင်ဆာဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူဟာ ဘဝကြီးရဲ့ ခက်ခဲကြမ်းတမ်းတဲ့လောကဓံတရားကြားထဲ မရုန်းကန်တော့ဘဲ သူ့ရဲ့နယ်ဘက်က အိမ်လေးမှာပဲကျန်နေတဲ့အချိန်လေးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ တစ်နိုင်တစ်ပိုင်နေရင်း အရိုးထုတ်ဖို့ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ သမီးဖြစ်သူကလည်း သူ့ရဲ့စာသင်သားဘဝကို အနာခံပြီး မိခင်ကို ပြုစုပေးဖို့ရောက်လာပါတယ်။ အစကဒီတိုင်းပဲရှိရာအသက်ကိုပဲဆက်တော့မယ်လို့ဆုံးဖြတ်ထားတဲ့ လော်ရာကလည်း သမီးကြောင့် စိတ်ခိုင်ခိုင်ထားပြီး ကင်ဆာကိုတိုက်ဖျက်ဖို့ ဓာတ်ကင်ဖို့အားမွေးခဲ့ပါတယ်။ ဖြစ်ချင်တော့ ကုထုံးခံနေရင်း လေးလအကြာမှာပဲ​ ဘယ်ကနေဘယ်လိုမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်က လော်ရာ့ရဲ့အမေပါဆိုပြီး ရောက်ချလာပါတယ်။ မိခင်နဲ့အတိတ်ဆိုးရှိခဲ့လို့ သမီးကိုတောင် အဘွားဖြစ်သူအကြောင်း မပြောပြထားတဲ့လော်ရာဟာ ဘဝအတွက်ရုန်းကန်နေရချိန်မှာ မီးစဟောင်းနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.4 GB) / (900 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:36:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Drama • History
5.6 2024 93 mins
Funny Birds Au fil des saisons
Condor Hero
6

ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့ The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ် ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ရန်ကော်အဖြစ် Zhao Huawei ၊ ရှောင်လုံနွီ (ဂူးဂူး) အဖြစ်နဲ့ Wang Zijun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် သိုင်းဇာတ်လမ်းစစ်စစ် တွေရှားပါးနေတဲ့ခေတ်မှာ အခုလို နာမည်ကြီး Novel တစ်ပုဒ် ကို Movie Version အဖြစ် ပြန်လည်တင်ဆက်လာတဲ့ ဒီဇာတ်လမ်းလေးအပေါ်မှာ သိုင်းချစ်သူတို့ သဘောကျမကျ ကတော့ ကိုယ်တိုင်သာ ဇာတ်လမ်းလေးကိုကြည့်ပြီး ဆုံးဖြတ်ကြရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကိုပြောင်းပြန်ကျင့်ခဲ့လို့ရူးသွပ်သွားတဲ့ အနောက်ပိုင်းအဆိပ်ဘုရင်အိုးရန်ဖုန်းက ရန်ကော့ကို မွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။ အိုးရန်ဖုန်းမွေးစားထားတဲ့ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့ ချွမ်ကျန်းဂိုဏ်းမှာသိုင်းပညာသင်ဖို့အပ်ခဲ့တယ်။ ရန်ကော့ရဲ့အဖေရန်ခန်းရဲ့လုပ်ရပ်တွေကြောင့် ရန်ကော့ကိုမုန်းနေကြတဲ့ချွမ်ကျန်းဂိုဏ်းသားတွေကြောင့် ရန်ကော့ကလူသတ်မှုနဲ့အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့ တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ရန်ကော့ရဲ့ဘဝခရီးကိုစတင်ပါတော့တယ် ရုပ်ရှင်ဗားရှင်းမှာ ဘယ်လိုကွဲပြားတဲ့တင်ဆက်ပုံတွေနဲ့ တင်ဆက်မလဲ…ဒီထဲမှာရော 2025 ရသေ့က မျက်စိစည်းသွားဦးမလားဆိုတာ……။

Comedy • Romance
6 2025
Condor Hero
Hello Stranger
6.5

Hello Stranger (2010) ********************* ATM , One Day လို ဇာတ်ကားမျိုးနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Chantavit Dhanaseviနဲ့ မင်းသမီးချောလေး Nuengthida Sophon ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို CM ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်း ************** ထိုင်းကနေ ကိုရီးယားကို ချစ်သူလေးနဲ့အတူ ခရီးသွားအဖွဲ့နဲ့လိုက်ဖို့ အကုန်ပြင်ဆင်ပြီးတော့မှ ချစ်သူနဲ့ပြတ်ပြီး တစ်ယောက်တည်းပဲ ထွက်လာခဲ့ရတဲ့ ဒန်ဆိုတဲ့ ကောင်လေး… ကိုရီးယားက သူငယ်ချင်းဖြစ်သူ မင်အာရဲ့ မင်္ဂလာပွဲကို ချစ်သူက သွားခွင့်မပေးလို့ သူငယ်ချင်းနဲ့အတူ ခရီးထွက်တာပါဆိုပြီး လိမ်ပြီး ထွက်လာခဲ့တဲ့ မေဆိုတဲ့ကောင်မလေး… သူတို့နှစ်ယောက်ဟာ ထိုင်းလူမျိုးတွေဖြစ်ပေမဲ့ ထူးထူးခြားခြား ကိုရီးယားမှာ လာပြီးဆုံတွေ့ကြပါတော့တယ်… အချင်းချင်း နာမည်တောင် မသိကြပေမဲ့ တခြားနိုင်ငံမှာတွေ့ရတဲ့ ထိုင်းလူမျိုးအချင်းချင်း ကူညီဖေးမကြရင်း ဘာတွေဆက်ဖြစ်သွားကြမလဲ… နှစ်ယောက်သားချစ်ရသူတွေကိုယ်စီရှိကြပေမဲ့ အချစ်ရေးကိစ္စမှာ ဘယ်လိုလွဲချော်မှုတွေဖြစ်လာဦးမလဲ… ဘယ်လိုအဆုံးသတ်မျိုး ကြုံရမလဲဆိုတာကိုကြည့်ရှုရမဲ့ အချစ်ဟာသ ဇာတ်လမ်းလေးဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Char Ou ဖြစ်ပါတယ် File Size : 1.95GB / 852MB Quality : WEB-DL 1080p / 720p Duration : 02:10:00 Genres: Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by Heather Oo

Romance • Comedy
6.5 2010 125 mins
Hello Stranger
Phantom Youth / Bota Jone