YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

April In Autumn.2018.WEB-DL.480P.PP.mp4

318.9 MB N/A video/mp4 30 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sid is Dead
6.2

High School Comedy ကားတွေကြိုက်တတ်တဲ့သူတွေအတွက် American High School Theme အပြည့်ဝခံစားရမဲ့ ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အထက်တန်းကျောင်းသားဘဝဆိုတာ ထင်တာထက်ဖိအားတွေ အများကြီးရှိတာပါ။ ၁၀ တန်းပြီးမှသာ ၁၀ တန်းကဘာမှမဟုတ်ဘူးပြောကြပေမဲ့ ၁၀ တန်းတုန်းကတော့ တကယ့်ဖိအားတွေနဲ့နေခဲ့ရသလို အမှတ်တရတွေလဲများခဲ့ကြသူတွေချည်းပါပဲ။ ဒုက္ခဆိုတာ နောင်တချိန်ကျရင်တော့ ရယ်စရာတွေပါ ဆိုသလိုပေါ့။ ခုဇာတ်ကားလေးမှာလဲ အမေရိကန်ရဲ့ ပညာရေးပုံစံတွေကို သရော်ထားတာတွေ။ ကျောင်းသားတွေရဲ့ဘဝကို ကျောင်းကပဲဖျက်ဆီးနေတာတွေ ကျောင်းသားဘဝကြုံရ ဆုံရအလွဲတွေကို တခွီးခွီးရယ်ရအောင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆစ်ဒ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက် အရာရာကိုရင်မဆိုင်ရဲပဲ အမြဲရှောင်ပြေးပုန်းရှောင်နေခဲ့ပါတယ်။ သူ့ကိုယ်သူအထက်တန်းကျောင်းမှာ ရှင်သန်နိုင်ဖို့ စည်းကမ်းတွေပါ ထုတ်ထားပါတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူသွားရှုပ်လို့မရတဲ့ လူတကာကို အနိုင်ကျင့်နေတဲ့ အကောင်ကြီးကြီးရဲ့ သားတစ်ကောင်ကို သွားရှုပ်မိပါတယ်။ အဲ့လိုရှုပ်မိရာမှ ဟိုကောင်ကကျောင်းနှစ်ပတ်နားလိုက်ရပါတယ်။ အဲဒီအအတ္ပက် သူ့မှာ အသက်ရှင်ဖို့ရာ နှစ်ပတ်ပဲကျန်တော့ရာမှ မသေခင်စာရင်းလုပ်မယ်ဆိုပြီး မလုပ်ခဲ့ရတာတွေအကုန် လျောက်လုပ်ခဲ့ရာကနေ ဘယ်လိုတွေတလွဲဖြစ်ပြီး ဘယ်လိုပြဿနာတွေတက်မလဲဆိုတာတော့ တခွီးခွီးနဲ့ ကြည့်ရှုလိုက်ကြပါဦး။ *** စကားလုံးအသုံးနှုန်းလေးတွေကြမ်းတာတော့ သတိချပ်စေချင်ပါတယ်*** အညွှန်း နဲ့ ဘာသာပြန်ကဗတာ့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Dram Quality…. 1080p | 720p | 480p File size… 1.4GB | 690MB | 337MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Drama
6.2 2023 90 mins
Sid is Dead
Throne of Blood
8

~ IMDb - 8.1/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။ တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ မက္ကဘတ်ကို ရိုက်ချင်နေတာကြာပြီ။ Rashomon (1950) ကို ရိုက်ပြီးတဲ့နောက် ရိုက်ဖို့ လုပ်ခဲ့ပေမဲ့ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာသိတော့ ခဏနောက်ဆုတ်လိုက်တယ်။ ၁၉၅၆ရောက်တော့ Throne of Blood, The Hidden Fortress နဲ့ Revenge ကို သူပရိုဂျူဆာလုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ အခန့်မသန့်ချင်တော့ သူခန့်ချင်တဲ့ ဒါရိုက်တာတွေက အကြောင်းအမျိုးမျိုးနဲ့မရိုက်ဖြစ်တော့ သူကိုယ်တိုင်ပဲရိုက်လိုက်ရတယ်။ ဒီလိုနဲ့ ခမ်းနားလှတဲ့ Throne of Blood ထွက်လာတာပါပဲ။ Throne of Blood ဟာ မက္ကဘတ်ကိုပဲယူတယ်ဆိုပေမဲ့ Ozymandias ကဗျာအငွေ့လည်း သွင်းထားတယ်လို့ ထင်ရပါတယ်။ "The Most Successful Film Version of Macbeth" လို့လည်း ဝေဖန်ရေးသမားတွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရတယ်။ ကူရိုဆာဝါဟာ ဒီဇာတ်ကို အကြောင်းမဲ့ရိုက်ပြခဲ့တာတော့မဟုတ်ဘူး။ သူ့အမြင်မှာ အလယ်ခေတ်ကာလအတွင်း စကော့တလန်နဲ့ ဂျပန်မှာဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ပြဿနာတွေဟာ ဆင်တူခဲ့သလို ဒီပြဿနာတွေက ဒီနေ့ခေတ်အတွက် သင်ခန်းစာပေးစရာတွေရှိနေတယ်လို့ သူယုံခဲ့တယ်။ ဒါကြောင့်လည်း သူ ဒီရုပ်ရှင်ကို ထွက်လာစေချင်ခဲ့တယ်။ နောက်ဆုံး သူပဲရိုက်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ သူကားပေါင်းများစွာမှာ ထည့်သုံးနေကျဖြစ်တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားတွေဖြစ်သွားကြတဲ့ Toshiro Mifune, Takashi Shimura တို့ကို သုံးထားတယ်။ Throne of Blood ဟာ နောက်ပိုင်း ဒါရိုက်တာတွေ Homage ခဏခဏပေးခံရတဲ့ ဂျပန်ဂန္ထဝင်ကားလည်းဖြစ်လာခဲ့တယ်။ အန်နမဲဆရာတစ်ပါးဖြစ်တဲ့ စတိုရှိခွန်ရဲ့ Millennium Actress မှာဆို သိသိသာသာကိုမြင်နိုင်ပါတယ်။ ဇာတ်ကတော့ မက္ကဘတ်ဇာတ်ဆိုတော့ တော်တော်များများသိပြီးသား ဇာတ်လမ်းပါပဲ။ ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းဘူး။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မက္ကဘတ်ထဲဆိုရင်တော့ စုန်းမ၃ကောင်ပေါ့။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။ ဒီလိုနဲ့ တစ္ဆေပြောတဲ့ ရာထူးတွေ မြောက်စားခံရတော့ ဝါရှိဇုရဲ့မိန်းမက ဒီကိစ္စကို အရှင်သိသွားရင် ဒီတိုင်းထားမှာမဟုတ်တာရော မိခိကို မယုံတာရော သူ့ယောက်ျားကို ကြီးကျယ်စေချင်တာရောပေါင်းပြီး အရှင့်ကိုသတ်ပြီး ပင့်ကူအိမ်ရဲတိုက်ရဲ့ အရှင်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းတယ်။ ဝါရှိဇုဟာ စစချင်းတော့ တွေဝေနေပေမဲ့ အခြေအနေကလည်းပေးနေ ဆန္ဒကလည်းရှိနေ မိန်းမစကားကိုလည်း နားဝင်နေတဲ့အခါ သူ့အရှင်ကိုသတ်ချလိုက်တယ်။ ဒီကစပြီး ထီးရေးနန်းရေးအရှုပ်အထွေးတွေဖြစ်လာတယ်။‌ ဒီဇာတ်ကိုမှ ကူရိုဆာဝါစတိုင်နဲ့ ဂျပန်အငွေ့အသက်နဲ့ မြင်ရမှာပါ။ ရှိတ်စပီးယားဇာတ်ကို ပြန်ရိုက်ထားတယ်ဆိုပေမဲ့ သူပြန်ရိုက်ထားတဲ့ကားတွေဟာ သူ့နည်းသူ့ဟန် သူ့အလှနဲ့သူ လှပနေတာကို မျက်ဝါးထင်ထင်မြင်ကြရမှာပါပဲ။ သေချာတာတော့ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲဆိုတာကို ဘယ်သူမှငြင်းဆိုနိုင်မယ်မထင်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 840MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 50Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime
8 1957 108 mins
Throne of Blood
The Cinderella Addiction
6.6

Alice in Borderland မှာ Usagiအနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Tsuchiya Taoနဲ့ မင်းသား Tanaka Keiတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ငယ်ငယ်တုန်းက Disney Princessပုံပြင်တွေမှာဆိုရင် မြင်းဖြူစီးလာတဲ့မင်းသားလေးနဲ့ အခက်အခဲကြုံနေရတဲ့မင်းသမီးတို့ တွေ့ဆုံချစ်ကြိုက်ပြီးလက်ထပ်လို့ Happily ever afterဆိုတဲ့ပုံပြင်တွေကို အသည်းစွဲခဲ့ကြဖူးပါတယ်။ ဘဝမှာလည်း ကံကောင်းစွာနဲ့ ကိုယ့်ကိုကယ်တင်ပေးမဲ့သူပေါ်လာပြီး ဘဝများပြောင်းလဲသွားလေမလားလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်သင့်ပါတယ်။ ကလေးတွေကို တိုင်ပင်စောင့်ရှောက်ပေးတဲ့ဌာနက ဝန်ထမ်းမလေး "ကိုဟရု"ကတော့ ငယ်ငယ်တည်းက မိခင်စွန့်ပစ်တာကိုခံခဲ့ရသူပါ။ ၁၂နှစ်သမီးတည်းက မိခင်ဖြစ်သူထွက်ပြေးသွားပြီး မိခင်မေတ္တာငတ်ခဲ့သူမို့ တာဝန်ယူလိုစိတ်ကင်းမဲ့တဲ့အမေကိုမုန်းပြီး အမေလိုလူတစ်ယောက်မဖြစ်ချင်တဲ့သူပါ။ သူ့အဖေကတော့စက်ဘီးဆိုင်လေးဖွင့်ထားပြီး ညီမဖြစ်သူက အထက်တန်းတက်နေပါတယ်။ တစ်နေ့မှာတော့ အဘိုးဖြစ်သူက ရေချိုးခန်းထဲမှာမူးလဲတာကြောင့် ဆေးရုံပို့ဖို့ ကားနဲ့အပြေးသွားတုန်း အိမ်မှာထွန်းခဲ့တဲ့ခြင်ဆေးခွေကနေ မီးစွဲပြီး အိမ်မီးလောင်ပါတော့တယ်။ အိမ်မီးလောင်သွားတာကြောင့် ရည်းစားဖြစ်သူရဲ့အိမ်မှာ ခဏတည်းဖို့သွားပြန်တော့လည်း ရည်းစားဖြစ်သူက ဖောက်ပြန်နေတာနဲ့ ပက်ပင်းတိုးပါရော။ အိမ်ဆုံးရှုံးပြီး ရည်းစားသစ္စာဖောက်လို့စိတ်ပျက်ပျက်နဲ့လမ်းလျှောက်လာတုန်း ရထားသံလမ်းပေါ်မှာ လူတစ်ယောက်လဲနေလို့ ကယ်ခဲ့ပါတယ်။ အဲဒီလူကတော့ ကိုယ်ပိုင်ဆေးရုံပိုင်တဲ့ ဒေါက်တာ ဒိုင်ဂေါ့ အိဇုမိဇဝပါပဲ။ အရာရာမှာ အနှုတ်ပြနေတဲ့"ကိုဟရု"တစ်ယောက် ရည်းစားနဲ့လည်းပြတ် အလုပ်မှာလည်းအဆင်မပြေတဲ့အချိန် သူ့သူငယ်ချင်းတွေ အကြံပေးတာက ယောက်ျားကောင်းကောင်းယူပြီး အိမ်ရှင်မကောင်းလုပ်ဖို့ပါတဲ့။ကိုဟရုတစ်ယောက်ကတော့ သူ့အခြေအနေအတွက် perfectဖြစ်နေတဲ့ မြင်းဖြူစီးလာတဲ့မင်းသားလေးနဲ့တူတဲ့ ချမ်းသာတဲ့ဒိုင်ဂေါ့ကိုဆက်သွယ်လိုက်ပါတယ်။ ဒိုင်ဂေါ့မှာ ၈နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပြီး မိန်းမဖြစ်သူကတော့ ဆုံးသွားခဲ့တာကြာပါပြီ။ဒိုင်ဂေါ့ရဲ့ သမီးလေးကလည်း ကိုဟရုနဲ့တည့်ပြီး အရမ်းချစ်ပါတယ်။ ပနံသင့်လှတဲ့သူတို့နှစ်ယောက်ကတော့ တစ်လအတွင်းမှာပဲ လက်ထပ်လိုက်ကြပါတော့တယ်။ သာမန်ဆိုရင်တော့ မင်းသားနဲ့စင်ဒရဲလားလေး လက်ထပ်ပြီး ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုဖြစ်သွားမယ်လို့ထင်ချင်စရာပါ။ သမီးလေးအပေါ်မှာမိခင်တစ်ယောက်လိုချစ်ပေးပြီး အိမ်ရှင်မကောင်းဖြစ်အောင်ကြိုးစားပေမဲ့ စိတ်ဒဏ်ရာကိုယ်စီရှိကြတဲ့သူတို့တွေကြားမှာ ပြဿနာမီးပွားတွေ စပေါ်လာပါတယ်။ ကောင်းမွန်တယ်လို့ထင်ရတဲ့ဘဝကို လိုချင်လို့ မြန်မြန်တည်ဆောက်ခဲ့တဲ့ဆက်ဆံရေးဖြစ်တာကြောင့် ကိုဟရုမသိခဲ့ရတဲ့လျှို့ဝှက်ချက်တွေ အမှောင်ခြမ်းတွေကို တွေ့လိုက်ရတဲ့အခါ... စင်ဒရဲလားလေးရဲ့ အိမ်ထောင်ရေးက ပုံပြင်ထဲကလို ရထားလုံးလေးစီးပြီး ဖြောင့်ဖြူးတဲ့လမ်းမဟုတ်တာသေချာပါတယ်။ ဒီကားကြည့်ပြီးရင်တော့ ချမ်းသာတဲ့လူကိုလက်ထပ်ပြီး စင်ဒရဲလားဖြစ်ချင်စိတ်တွေ တစ်ဝက်လောက်လျော့သွားမယ်လို့ ထင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (1GB) Quality__Blu-Ray_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__01:55:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama
6.6 2021 114 mins
The Cinderella Addiction
[18+]Rang Rasiya
6.2

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။ မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။ သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ရာဂျာရဗီဗာမာ့နေရာမှာ သရုပ်ဆောင်ပေးထားလို့ ဆက်လက်ရှုစားကြည့်ကြပါဦးလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။ File size…2.3GB / 1.1GB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy • Drama • Romance
6.2 2008 132 mins
[18+]Rang Rasiya
Playground

ဒီကားက စာရေးဆရာ-ဒါရိုက်တာ Laura Wandel ရဲ့ ပွဲဦးထွက်ဇာတ်ကားလေး တစ်ခုဖြစ်ပြီး Best International Film – Academy award အတွက် ရွေးချယ်ခံထားရတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဒီကား‌ထဲမှာ မူလတန်းကျောင်းရဲ့ နေ့စဉ်ကြုံတွေ့ရတာတွေ၊ ကလေးအချင်းချင်း အနိုင်ကျင့်တာ နှိမ်တာတွေကို ကလေးငယ်တစ်ဦးရဲ့ view ကနေ မြင်တွေ့နိုင်ရမှာပါ။ အသက် ၇နှစ်အရွယ် နိုအာ ဆိုတဲ့ကလေးမလေးနဲ့ သူမရဲ့ အစ်ကို ဖြစ်ရပ်ကို ရိုက်ကူးပြထားပါတယ်။ နိုအာက ကျောင်းမှာ အံဝင်အောင် နေဖို့ ကြိုးစားနေရင်း သူမအစ်ကို အနိုင်ကျင့်ခံနေရတာကို တွေ့လိုက်ရတယ်။ သည်းမခံနိုင်တဲ့အဆုံး အစ်ကိုနဲ့ကတိကိုဖျက်ပြီး အဖေနဲ့တိုင်လိုက်တယ်။ ပိုပြီး အနိုင်ကျင့်ခံလာရတယ်။ မောင်နှမနှစ်ဦးကြား အသက်၇နှစ်အရွယ်ကလေးတွေ ပြဿနာကို ဘယ်လိုရင်ဆိုင်ခဲ့ရတယ်၊ လူကြီးတွေရဲ့ ဂရုစိုက်မှုတွေ ဘယ်လို fail ခဲ့တယ်ဆိုတာကို ပြသပေးသွားမှာပါ။ ကလေးတွေမှာလည်း ခံစားချက်တွေ အရှက်အကြောက်တရားတွေ ရှိတာမို့ လူကြီးမိဘတွေအနေနဲ့ အထူးဂရုပြု ကိုင်တွယ်ရမှာဖြစ်ကြောင်း ပြောကြားရင်း ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အဆုံးထိကြည့်လိုက်ကြရအောင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ) File Size          :  (744MB) & (370MB) Quality            : 720p WEBRip & 480p Format            : mp4 Duration         : 1hr & 12mins Genre              : Drama Translated by  Kit Encoded by Kinnov

Drama • History
null 2021 72 mins
Playground
Look Both Ways
6.4

Look Both Ways (2022) ================= IMDb Rating – 6.4/10 ဘဝအတွက် ရေရှည်စီမံကိန်းတွေဆွဲပြီး စနစ်တကျ တည်ဆောက် ထားပေမယ့် ကံကြမ္မာအပြောင်းအလဲတစ်ခုကြောင့် စီမံကိန်းတွေ ပျက်စီးသွားပြီး မထင်မှတ်ထားတဲ့ လမ်းကြောင်းပေါ် ရောက်သွားရတဲ့ အဖြစ်မျိုးက အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်မှာပါ။ ဘဝမျှော်မှန်းချက်တွေအပြည့်နဲ့ နက် ဆိုတဲ့ ကောင်မလေးတစ်ယောက် ကလည်း ဘွဲ့ရရင် အယ်လ်အေမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ငါးနှစ်တာ စီမံကိန်းတွေနဲ့ လူငယ်တစ်ယောက်ပါ။ နက် တို့ ဘွဲ့ရတဲ့ ပါတီညမှာ သူငယ်ချင်းဖြစ်သူ ဂေ့ဘ်နဲ့ လူငယ်သဘာဝ ကျူးလွန်မိကြပြီး အကာအကွယ်သုံးကြပေမယ့် မမျှော်လင့်ဘဲ နက် တစ်ယောက် ကိုယ်ဝန်ရှိသွားခဲ့တယ်။ ဗိုက်ထဲမှာ လူမမည်ကလေးလေးတစ်ယောက် ကပ်တွယ်နေပြီဆိုတာ သိလိုက်ရတဲ့ နက် အတွက် သူ့ရဲ့ ငါးနှစ်တာ စီမံကိန်းကို ပစ်ပြီး မိဘတွေ အိမ်ကိုပြန် ဂေ့ဘ်နဲ့တူတူ ကလေးကို စောင့်ရှောက်ဖို့ ကြိုးစားရပါတော့တယ်။ မိခင်တစ်ဖြစ်လဲ နက်ဟာ သူငယ်ချင်းတွေ အယ်လ်အေမှာ အလုပ်လုပ် နေကြတဲ့ ပုံတွေကို မြင်တိုင်း အဲဒီမှာ ရှိနေသင့်တဲ့ သူ့ရဲ့ဘဝနဲ့ လက်ရှိမိခင် ဘဝကို ယှဉ်တွေးကြည့်ပုံတွေကို မြင်တွေ့ရမှာပါ။ တစ်ခါတရံမှာ ဘဝဟာ ကိုယ်ထင်ထားသလို ဖြစ်မလာပေမယ့်လည်း ရတဲ့ဘဝမှာ ဘယ်လို အကောင်းဆုံးကြိုးစားရပ်တည်သင့်လဲဆိုတဲ့ အရာ တွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးမို့ လူငယ်ပရိသတ်တွေ အကြိုက် တွေ့ကြမယ်လို့ ထင်ပါတယ်။ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ IMDb Rating 6.4/10 ရထားတဲ့ လူငယ်ကိုယ်စားပြုဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နက်အဖြစ် မင်းသမီးချောလေး Lili Reinhartက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soeမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ May Thet Khine Soe, Khant Sett Naingတို့ဖြစ်ပါတယ်)

Comedy • Family
6.4 2022
Look Both Ways
Beans
6.9

Beans (2020) ========== IMDb Rating – 6.9/10 “ကမ္ဘာပေါ်မှာ မျိုးနွယ်တစ်ခုပဲရှိတယ် လူသားမျိုးနွယ်ပါ” တဲ့။ ဒီဇာတ်ကားက တကယ့်သမိုင်းဝင်အဖြစ်အပျက်ပေါ် အခြေခံ ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ ၁၉၉၀ခုနှစ်မှာ Oka မြို့က သူတို့ဂေါက်ကွင်းကိုချဲ့ဖို့အတွက် Mohawk တိုင်းရင်းသားတွေ အထွတ်အမြတ်ထားတဲ့မြေကို ထိဖို့ကြိုးစားပါတယ်။ အဲဒီမှာပဲ ၇၈ရက်ကြာ အရေးအခင်း ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေး ဆရာဖြစ်တဲ့ Tracey Deer က ၁၂နှစ်အရွယ် Mohawk သူ လေးပါ။ Tracey Deer က ဒီဇာတ်လမ်းကို Meredith Vuch- nich နဲ့အတူ ၂၀၁၂မှာ စရေးခဲ့ပေမဲ့ အရေးအခင်းကာလရဲ့အချိန် တွေကို ပြန်စဉ်းစားရတာက သူ့အတွက် ခက်ခဲလို့ ၇နှစ်တိတိ ကြာပြီးမှ ဒီဇာတ်လမ်းကိုအဆုံးသတ်နိုင်သွားတာပါတဲ့။ ပင်ပန်း ခဲ့ရတာနဲ့တန်အောင်ပဲ ဒီဇာတ်ကားက ဆုပေါင်း၁၅ဆုရရှိထား ပါတယ်။ Oka အရေးအခင်းကာလ အဖြစ်အပျက်တွေ၊ Mohawk တွေရဲ့ တိုက်ပွဲ နဲ့ ဇာတ်လိုက်ဖြစ်တဲ့ ဘင်းစ်ဆိုတဲ့ ဆယ်ကျော်သက်ကောင် မလေးရဲ့ စိတ်ထား၊အကျင့်စရိုက်ပြောင်းလဲမှုတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.52 GB) / (640 MB) / (365 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….EL Encoder……….SWM

6.9 2020 92 mins
Beans
The Wrong Son
5.6

The Wrong Son (2018) ================= ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Nick Everhart ရိုက်ကူး ထားတဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိတ် နဲ့ ဆာရာ တို့မိသားစုဟာ တစ်ခု ကမ်းခြေမှာပျော်ပွဲစားထွက်လာခဲ့ပါတယ်။ သူတို့ရဲ့သားနှစ်ယောက် ဖြစ်တဲ့ အီအာ နဲ့ မတ် တို့ညီအစ်ကိုဟာ ရေထဲမှာကစားနေရင်း ရုတ်တရက် မတ် ကပျောက်သွားပါတော့တယ်။ နောက်ဆယ်နှစ် အကြာမှာတော့ ယာဉ်မတော်တဆမှုကြောင့် ဂျိတ် ဆုံးသွားပြီး အမွေခွဲနေတဲ့အချိန်မှာ မတ် ကတိုက်တိုက်ဆိုင်ဆိုင်ပြန်ပေါ်လာ ပါတယ်။ အဲဒီလိုနဲ့ မိသားစုကြားမှာ သဘောထားကွဲလွဲမှုတွေရှိ လာပြီး မတ်ကိုသံသယတွေစ၀င်လာပါတော့တယ်။ အဲဒီနောက် ဆယ်နှစ်အကြာမှပြန်ပေါ်လာတဲ့ မတ် က ဆာရာ တို့ရဲ့သားအစစ်လား၊ ဂျိတ် ရဲ့ယာဉ်တိုက်မှုကရော တကယ်ပဲမတော် တဆမှုဟုတ်ရဲ့လားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Thriller ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.9 GB) / (616 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Theo Kat Encoder……….SWM

5.6 2018 85 mins
The Wrong Son
Bicentennial Man
6.9

Bicentennial Man (1999) ဒီကားလေးကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ခေတ်ဟောင်းစက်ရုပ်ကားလေးပါ။ အခုခေတ်ကားတွေလို စက်ရုပ်တွေ အကြမ်းဖက် လူသတ် ကမ္ဘာသိမ်းဇာတ်လမ်းမျိုးမဟုတ်ဘဲ စက်ရုပ်တစ်ရုပ်ရဲ့ ဘ၀ဇာတ်ကြောင်းကို အလွမ်းအဆွေး တွေးစရာတွေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ဟာသမင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံးကားတစ်ကားလို့ရည်ညွှန်းကြတဲ့အတွက် အချိန်ပေးရတန်စေမယ့်ကား၊ သူ့အလွမ်းပြေကြည့်ရမယ့်ကားဆိုလည်း မမှားပါဘူး။ မာတင်မိသားစုက မီးဖိုချောင်သုံးစက်ရုပ်တစ်ရုပ်ကို၀ယ်ခဲ့ပြီး အန်ဒရူးလို့နာမည်ပေးခဲ့ပါတယ်။ အန်ဒရူးက သာမန်စက်ရုပ်မဟုတ်ဘဲ ခံစားချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေရှိနေတဲ့အချိန်မှာတော့ မာတင်မိသားစုက မီးဖိုချောင်မှာမခိုင်းတော့ဘဲ သိသင့်သိထိုက်တာတွေသင်ပေးပြီးတဲ့နောက်မှာတော့ အန်ဒရူးတစ်ယောက် စက်ရုပ်အဖြစ်ကနေမှ လူသားအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာပြီး အချစ်ကိုထိတွေ့ခံစားမိပုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.15GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 12Min Genre – Drama, Romance, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.9 1999 131 mins
Bicentennial Man
Red Right Hand
5.3

Red Right Hand (2024) ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90’s Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။ ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်”ဘစ်ကတ်”ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။ ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ‌ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 51Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.3 2024
Red Right Hand
Ithuvare

Ithuvare 2024 အနိုင်အရှုံး Imdb 8.4 သဘာဝပတ်ဝန်းကျင်ကောင်းမှ စားဝတ်နေရေးတွေ အဆင်ပြေပြီး ကျန်းမာရေးကောင်းကောင်းနဲ့ ကျရာတာဝန်ကိုထမ်းဆောင်နိုင်မှာမဟုတ်ပါလား သတိမထားမိတတ်ပေမဲ့ သ‌ဘာဝပတ်ဝန်းကျင်ကြီးကျန်းမာဖို့ကအရေးအကြီးဆုံးပါပဲ လေထုညစ်ညမ်းတာ ကမ္ဘာကြီးပူနွေးလာတာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ကြရတာပဲမဟုတ်လား စွန့်ပစ်အမှိုက်မီးရှို့စက်ရုံကနေထွက်လာတဲ့အနံ့ဆိုးတွေကြောင့် ပြည်သူတွေမှာအလူးအလဲခံစားနေကြရတယ် မိုင်အတော်ကွာဝေးတဲ့အိမ်တွေ ရုံးတွေမှာတောင် မက်စ်ချွတ်ရင်မနေနိုင်လောက်တဲ့အထိ ပြတင်းပေါက်တွေအကုန် တံခါးမကြီးတွေပိတ်ထားရင်တောင် ဒီအနံ့ဆိုးကပျံ့နှံ့နေဆဲပါပဲ ညစ်ညမ်းလေရှုရှိုက်မိရင်း ချောင်းဆိုးနာတာရှည်လို့ ဆေးခန်းပြေးကြရသူတွေလည်း များလာခဲ့တယ် အဝေးကလူတွေတောင် ဒီလိုအခြေအနေဆိုတော့ စက်ရုံနားနေတဲ့လူတွေဘဝက ဆိုးဝါးနေတာပေါ့ ဒီတော့ပြောင်းတဲ့လူကပြောင်း ရွှေ့တဲ့လူကရွှေ့နဲ့ စွန့်ခွာသူအရေအတွက်ကပိုများလာခဲ့တယ် ဒီလိုဖြစ်ရပ်မျိုး လွန်ခဲ့တဲ့၃နှစ်ကကြုံဖူးလို့ဆန္ဒပြခဲ့ကြပေမဲ့ မအောင်မြင်ခဲ့တာလည်းရှိခဲ့ဖူးတာကိုး ပြောင်းတဲ့လူများလာတော့ ရွာသူကြီးကမနေနိုင်တော့လို့ အကုန်အစည်းအဝေးခေါ်ပြီး ဒီတစ်ခါတော့အင်တိုက်အားတိုက် ဆန္ဒပြဖို့ဆုံးဖြတ်ကြပါတော့တယ် ဒီတစ်ခါရော တရားရုံးထိတက်ပြီးအောင်မြင်နိုင်မလား ကိုယ့်ဌာနေကိုမစွန့်ခွာဘဲအဆင်ပြေနိုင်ကြမလားဆိုတာကိုတော့… ( အညွှန်းကို Yunni ကရေးသား‌ထားပြီးဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex ~ KKKZ တို့ပဲဖြစ်ပါတယ် )

0 2024
Ithuvare
Happy Together
6

Happy Together (2018) *********************** ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ Park Sung-woong, Song Sae-byeok, Cho Ro-woon, Han Sang-Hyuk တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၈ မှာထွက်ခဲ့တဲ့ Happy Together ဆိုတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း- သားဖြစ်သူ ဂန်ဟာနူး (Choi Ro-woon) ကြောင့် အနုပညာအိပ်မက်ကို လက်လျှော့ခဲ့ရတဲ့ ဆက်ဆိုဖုန်းတူရိယာတီးမှုတ်သူ ဂန်ဆော့ဂျင် (Park Sung-woong)။ ဖခင်ဖြစ်သူက အတော်ဆုံး ဆက်ဆိုဖုန်းပညာရှင်လို့ အမြဲပြောလေ့ရှိတဲ့ ဆင်းရဲနွမ်းပါးပေမဲ့ အမြဲပျော်နေတတ်တဲ့ ဆက်ဆိုဖုန်းပါရမီရှင် ဂန်ဟာနူး (Choi Ro-woon)။ ကြည့်ရှူသူတွေရဲ့ စိတ်ကို ညှို့ယူဖမ်းစားနိုင်တယ်ဆိုပြီး ဝံ့ကြွားနေပေမဲ့ နောက်ကွယ်မှာ မိမိရဲ့ပရိသတ်အဖြစ် သရုပ်ဆောင်ဖို့ လူငှါးလေ့ရှိတဲ့ ဘတ်ယောင်းဂေါလ် (Song Sae-byeok)။ တစ်နေ့ ဂန်ဆော့ဂျင်ဟာ ကလပ်တစ်ခုမှာ လူစားဖျာ်ဖြေဖို့သွားရင် ဘတ်ယောင်းဂေါလ်နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး မထင်မှတ်ဘဲ မထင်မှတ်တဲ့နေရာမှာ နောက်တစ်ခါ ပြန်ဆုံးတဲ့အချိန်မှာတော့..။ ဒီကားလေးဟာ အဆင်မပြေမှုတွေကြားက မိသားစုတွေရဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ရောက်အောင် ကြိုးစားကြပုံ၊ ချစ်ရသူတွေအတွက် ပေးဆပ်အနစ်နာခံမှုစတာတွေကို ဟာသလေးနှောရင်း ကြည့်ရှုရမဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တာမလို့ လက်မနှေးဘဲ ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Emily Lynn မှ ရေးသားပေးထားပါတယ်။) File size…1.60GB / 700MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Music, Comedy, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Emily Lynn

6 2018 111 mins
Happy Together
Ek Chalis Ki Last Local
7.3

Ek Chalis Ki Last Local (2007) “နောက်ဆုံးရထား” IMDb – 7.3/10 Zindagi Na Milegi Dobara (2011)မှာ လက်ပွားမင်းသားရဲ့ သူငယ်ချင်းနေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းဆုံးဇာတ်ပို့ဆုရခဲ့တဲ့ မင်းသား Abhay Deolရဲ့ ရုပ်ရှင်ကားဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကတော့ 2002ခုနစ်က အိန္ဒိယမယ်စကြဝဠာဖြစ်ခဲ့တဲ့ Neha Dhupia။ မိနစ်ပိုင်းဆိုတဲ့ အချိန်လေးတစ်ခုက လူတစ်ယောက်ရဲ့ဘ၀ကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့တာ။ တိတိကျကျပြောရရင် နီလက်ရှ်ဆိုတဲ့ ကောလ်စင်တာတစ်ခုက ရုံးဝန်ထမ်းတစ်ယောက်ရဲ့ဘ၀ကိုပေါ့။ ရထားစီးဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ကျသွားပြီး နောက်ဆုံးရထားကို လွတ်သွားခဲ့တဲ့ နီလက်ရှ်နဲ့ မာဒူ။ သူတို့နှစ်ယောက်က ရထားမရှိတော့လို့ သုံးဘီးငှားဖို့လုပ်ရင်း သိသွားရာကစ သွားလိုရာခရီး တူနေတဲ့အတွက် နှစ်ယောက်အတူငှားဖို့ကြိုးစားနေကြချိန်။ မြို့ထဲမှာ သုံးဘီးတစ်စီးဗုံးပေါက်ကွဲရာက သုံးဘီးသမားနဲ့အတူမိသားစုပါ အဖမ်းခံထားရတဲ့အတွက် သုံးဘီးသမားတွေကလည်း ခရီးသည်မပို့ဘဲ သပိတ်မှောက်နေကြချိန်။ ညနှစ်နာရီဝန်းကျင်မှာ ဘူတာကနေထွက်လာပြီး သုံးဘီးငှားဖို့ကြိုးစားကြတဲ့ သူတို့နှစ်ဦး တွေ့ကြုံရမဲ့ အရာတွေကို မြင်တွေ့ခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

War • Animation • Comedy
7.3 2007
Ek Chalis Ki Last Local
Takers
6.5

Takers (2010) လူ(၄)ယောက် အခန်းတစ်ခုထဲမှာ ဆုံကြတယ်… စကားအနည်းငယ်ပြောပြီးတာနဲ့ အသင့်ပါလာတဲ့ အနက်ရောင်ဝတ်စုံတွေလဲလိုက်ကြသလို မျက်နှာဖုံးစွပ်အနက်တွေလည်း ဝတ်ဆင်လိုက်ကြတယ်… M4A1 Carbine နဲ့ Glock စီးရီးအလိုက် လက်နက်ငယ်တွေလည်း ကိုင်ဆောင်ထားကြတယ်… သူတို့ကြည့်ရတာ အချိန်အကြာကြီးစီစဉ်ထားကြသလို အကုန်လုံးကလည်း သွေးအေးတည်ငြိမ်လွန်းနေကြတယ်… သိပ်မကြာဘူး.. လောစ့်အိန်ဂျလိစ်မြို့တွင်းက ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ကြတယ်…. ဘယ်လောက်တောင် ရဲတင်းလွန်းသလဲဆိုတော့ ဘဏ်စာရေးမကိုတောင် ရဲစခန်းကို ဓားပြတိုက်ခံနေရကြောင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်…. ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…. ဘဏ်ဓားပြတွေက ဘယ်သူတွေဖြစ်မလဲ…. LA ရဲတွေကရော အမိဖမ်းနိုင်ပါ့မလား… ဒီလောက်သွေးအေးပြီး အစီအစဉ်တကျ ဓားပြမှုကျူးလွန်နိုင်လောက်အောင် ဒီလူတွေဘယ်လောက်တော်နေလဲ… ဒီကားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Fast & Furious မင်းသား Paul Walker နဲ့ Idris Elba တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်…. အမိုက်စား ဘဏ်ဓားပြကားထဲက တစ်ကားအပါအဝင်ဖြစ်လို့ ခပ်လန်းလန်း စဆုံး Tempo မကျတဲ့ကားတွေမှ သဘောကျတဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ…. File Size : 2.33GB & 880MB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:47:00 Genre : Action , Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thithtoo Zaw Encoded by Tiff

6.5 2010 107 mins
Takers