YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

April, Come She Will.2024.1080p.AMZN.WEB-DL.HEVC (CM).mkv

1.57 GB N/A video/x-matroska 174 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Partners in Crime
2

IMDB - 6.5/10 ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီး ရုပ်သံတင်ဆက်သူဖြစ်တဲ့ Vice Ganda နဲ့အတူ မင်းသမီးချော Ivana တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖိလစ်ပိုင် ပေါ့ပေါ့ပါးပါး ဟာသကားလေးပါ။ ဇာတ်လမ်းအကျဉ်းအရ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဖြစ်ရပ်လေးကို အရင်ပြောပြချင်ပါတယ်။ ဂျက်ဆိုတဲ့ မိန်းမလျှာလေးက လူပြက်လေးပေါ့ မြို့ထဲမှာ ပွဲပေါင်းစုံ အစီအစဉ်ပေါင်းစုံ လျှောက်လုပ်နေရာကနေ ရိုစ့်နဲ့ အမှတ်မထင် ဆုံမိပြီး ပါတနာတွေဖြစ် နှစ်ယောက်အတူတူတွဲလုပ် အောင်မြင်နေကြတာပေါ့။ ရိုစ့်ကလည်း တစ်ဖက်သတ် ကြိတ်ကြိုက်နေရရှာတာပါ ဟိုက မိန်းမလျှာဆိုတာ မရိပ်မိပဲပေါ့။ ဒီလိုနဲ့ နာမည်ကြီးရုပ်သံလိုင်းကနေ သူတို့နှစ်ယောက်ကို တင်ဆက်သူလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ တကယ်တမ်းဖြစ်ချင်တော့ ရုပ်သံလိုင်းက ဂျက်ကိုပဲခေါ်ပြီး ရိုစ့်ကိုပစ်ထားတော့ ရိုစ့်တစ်ယောက်က ဂျက်ကို နာကျည်းချက်တွေနဲ့ မုန်းတီးခဲ့ရပါတော့တယ်။ ခုအချိန်ကို ရောက်လာတော့ ဂျက်က ဖန်အပြည့်နဲ့ နာမည်ကြီးတင်ဆက်သူ ဖြစ်နေခဲ့ပါပြီ ဒါပေမဲ့ လည်ပင်းက ဒုက္ခပေးပြီး အသံပြဿနာဖြစ်လာတဲ့အချိန် တစ်ဖက်မှာလည်း သူ့နေရာကို လုမယ့်လူပေါ်လာပါတယ် အဲဒါက ရိုစ့်ပါပဲ အရမ်းတွေမိုက်ပြီး သူကလည်း နာမည်ကြီးနေသူတစ်ယောက်ပေါ့။ အဲဒီမှာ ဘုနဲ့ဘောက် မတည့်တဲ့လူနှစ်ယောက်ကို ရုပ်သံလိုင်းသူဌေးကလည်း ခဏခဏ လုပ်ကြံခံရလို့ (၉၉ ကြိမ်) မသေသေးပဲ အိမ်မှာအောင်းနေတဲ့ ဖိလစ်ပိုင် အချမ်းသာဆုံး သူဌေးကြီးကို သွားပြီး ရအောင် အင်တာဗျူးနိုင်တဲ့လူ နေရာပေးမယ်ဆိုပြီး ပြောလိုက်တဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်ကြရမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အမောပြေစေမယ့် ဟာသကားလေးပါ။ File size…2.81GB / 1.14GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ..... Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Fantasy • Thriller
2 2022 109 mins
Partners in Crime
{18+}Where the Truth Lies
6.2

IMDb Rating/(6.4) ဒီဇာတ်ကားလေးကတော့ Genie awardနဲ့ Directorဆုရပြီး Nomination တွေအများကြီး ဝင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဟာသလောကရဲ့တွဲဖက်နှစ်ဦးဖြစ်တဲ့ ဗင့်စ်ကောလင်းနဲ့ လန်နီမော်ရစ်တို့နှစ်ယောက် ဒိတ်ဒိတ်ကြဲအောင်မြင်နေချိန်မှာ ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရပါတယ်။ သူတို့နဲ့အသိအကျွမ်းဖြစ်တဲ့ မော်ရေးအိုဖလဲတ်တီတစ်ယောက် သူတို့ရဲ့ဟိုတယ်ခန်းထဲမှာ ဆေးလွန်ပြီးသေဆုံးနေတာကိုတွေ့ရှိလိုက်ပြီး နှစ်ယောက်သားတွဲဖက်တွေအဖြစ်ကနေ ခွာပြဲခဲ့ကြပါတယ်။ ဆယ်ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကယ်ရန်ဆိုတဲ့ဂျာနယ်လစ်‌တစ်ယောက်က စာအုပ်ရေးဖို့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ လျှို့၀ှက်ဆန်းကြယ်နေတဲ့ ကောင်မလေးရဲ့သေဆုံးမှုကရော ရိုးရဲ့လားဆိုတာကို နောက်ကြောင်းပြန်လိုက်ရင်း အတိတ်ကကိစ္စတွေက ထင်သလိုရိုးရှင်းရဲ့လားဆိုတာကို စိတ်၀င်တစားနဲ့ခံစားရမှာဖြစ်ပါတယ်။ (၂၀၀၅)ခုနှစ်ကထွက်ထားပြီး Imdb rating 6.4ရထားတဲ့ ဒီcrime/thriller/mystery ဇာတ်လမ်းလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ Kevin Baconနဲ့ Colin Firthတို့အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးချော Alison Lohmanနဲ့ Rachel Blanchardတို့ရဲ့နုပျိုလတ်ဆတ်တဲ့အလှအပတွေကို ရင်သပ်ရှုမောဖွယ်ခံစားရဦးမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့မကြည့်ရှုမိဖို့ သတိချပ်လိုစေပါတယ်) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Soe Thiri Sweပဲဖြစ်ပါတယ်။) File size…(1.4 GB)/(666 MB) Quality….WEB-DL-1080p/ 720p Format…mp4 Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Soe Thiri Swe

Action • Crime • Drama • Thriller
6.2 2005 107 mins
{18+}Where the Truth Lies
Conspiracy Theory
6.6

ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:15:00 Genre... Action / Mystery /  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

6.6 1997 135 mins
Conspiracy Theory
The Wonder
6.7

IMDb Rating - 6.7/10 ဒီတစ်ခါမှာတော့ Little Women ထဲကမင်းသမီး Florence Pugh ပါဝင်ထားတဲ့ The Wonder ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အချိန်ကတော့ ၁၈၆၂ခုနှစ်ကာလကို အခြေတည်ထားပါတယ်။ မစ္စစ်ရွိုက် ဆိုတဲ့ အင်္ဂလန်က ကျွမ်းကျင်သူနာပြုတစ်ယောက်ဟာ အိုင်ယာလန်ရွာငယ် လေးတစ်ရွာကို အလုပ်ကိစ္စနဲ့လာခဲ့ပါတယ်။ ဟ...သူနာပြုပဲ အလုပ်ကိစ္စပါဆိုနေမှ ဆေးကုဖို့ပေါ့လို့ထင်ရင်တော့ နည်းနည်းလွဲပါတယ်။ တကယ်က ကောင်မလေးတစ်ယောက်ကို စောင့်ကြည့် ပေးဖို့ ရွာကကော်မတီဝင်‌တွေက ခေါ်တာပါ။  အဲ့ကောင်မလေးက အစာမစားဘဲ အသက်ရှင်နေနိုင်ပါတယ်။ ဆိုတော့ ရွာမှာ သူ့ကိုလာကြည့်တဲ့လူတွေကြောင့် ရွာလူကြီးတွေက စိတ်ရှုပ်ရလို့ ကျွမ်းကျင်သူနာပြုဖြစ်တဲ့ မစ္စစ်ရွိုက်ရယ်နဲ့ ဝါရင့် သီလရှင်တစ်ပါးရယ်ကိုခေါပြီး ကောင်မလေးကို စောင့်ကြည့်ခိုင်းတာပါ။ စောင့်ကြည့်ကာလကတော့ နှစ်ပတ်ပါ။ မစ္စစ်ရွိုက်တစ်ယောက် နှစ်ပတ်အတွင်း ကောင်မလေးကိုစောင့်ကြည့်ရင်း ဘာတွေကြုံတွေ့ရမလဲ။ ကောင်မလေးကရော တကယ်အစာမစားတာ ဟုတ်ရဲ့ လား။ တကယ်မစားဘူးဆိုရင် သူဘယ်လိုအသက်ရှင်နေနိုင်တာလဲ။ နောက်ဆုံး ရွာကော်မတီဝင်တွေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.95 GB) / (842 MB) / (467 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery, Thriller Translator.......CM Team Encoder..........SWM

Drama • Romance
6.7 2022 108 mins
The Wonder
Run Rabbit Run
5.2

Netflix​ ရဲ့နောက်ဆုံးထွက် Psychological Horror ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Run Rabbit Run က​ သြစတြေးလျ​ရုပ်​ရှင်​ဖြစ်ပြီး​ ဇွန်​ 28​ ရက်နေ့မှာ Netflix​ မှာ​စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Sundance ရုပ်ရှင်​ပွဲတော်​မှာလည်း​ premier အဖြစ်​ပြသခဲ့ပါသေးတယ်။ Succession မှာ​ ပါဝင်ခဲ့တဲ့ Sarah Snook က​ အဓိက​ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Sarah က​ မျိုး​ဥနဲ့သားအောင်ခြင်းဆိုင်ရာ​ ဆရာဝန်တစ်ဦးဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကိုမယုံကြည်သူ လက်တွေ့ကျသူတစ်ဦးဖြစ်ပါတယ်။ Sarah မှာ​ Mia လို့ခေါ်တဲ့သမီးလေးနဲ့အတူရှိပြီး ခင်​ပွန်းဖြစ်သူ​ Pete​ နဲ့ကွာရှင်းထားပါတယ်။ တစ်နေ့​မှာတော့​ သမီးဖြစ်သူ Mia က​ ထူးထူးဆန်းဆန်းအပြုအမူတွေကို​ ပြုမူလာပြီး​ တစ်နေ့​တခြား​ Mia ရဲ့အခြေအနေက ပိုမိုဆိုးရွားလာချိန်မှာတော့ Sarah တစ်ယောက်​ သူမေ့ထားတဲ့အတိတ်ဟောင်းတစ်ခုရဲ့​ခြောက်လှန့်မှုကို​ ရင်ဆိုင်​ရပါတော့တယ်။ Run​ Rabbit​ Run​ ဇာတ်ကား​က​ စိတ္တဇ​ Horror ဇာတ်ကား​မျိုးဖြစ်ပြီး​ တခြားသော သြစတြေးလျ​ Horror ရုပ်ရှင်များဖြစ်တဲ့ The​ Babadook,​ Relic, Bloody Hell တို့လို Theme မျိုးဖြစ်ပါတယ်။၊ Horror ကားပေမဲ့ ဝုန်း​ဒိုင်းခြောက်လှန့်တဲ့ Jump​scare​ တွေလုံးဝမပါဘဲ Hereditary လိုမျိုး ဖြည်းဖြည်းချင်း​ ဇာတ်​ရှိန်မြှင့်သွားတဲ့ပုံစံမျိုးပါ။ သားအမိ​နှစ်ဦးရဲ့​ အထီးကျန်​ဆန်​တဲ့​ ဆက်နွယ်​မှုအကြားမှာ tension တွေတဖြည်းဖြည်းပေါ်လာပြီး ရုပ်ရှင်​ရဲ့နောက်ဆုံးပိုင်းတွေမှာ ဖြစ်ရပ်​မှန်နဲ့ ထင်ရာမြင်ရာစိတ်ကူးယဥ်မှုတွေအကြား ဝေခွဲ​မရဖြစ်လာတဲ့​ မိခင်​တစ်ဦး​နေရာမှာ​ သရုပ်ဆောင်​တဲ့​ Sarah Snook​ ကို​ ဝေဖန်​သူများက​ ချီး​ကျူးခဲ့ကြပါတယ်။ Horror ကား​ဖြစ်​ပေမဲ့​ Chilling​ ဖြစ်ပြီး​ ပြင်း​ထန်တဲ့စိတ်ခံစားမှုတွေ၊ နောင်တ​တရားနဲ့​ အတိတ်​ရဲ့ခြောက်လှန်မှုတွေအကြား​ လွန်​ဆွဲရုန်းကန်နေရတဲ့ မိခင်တစ်ဦးအကြောင်းကို တင်ဆက်​ထားတဲ့​ Run Rabbit​ Run ဟာ​ Black Swan လို​ Psychological​ Horror ရုပ်ရှင်​မျိုးကို​နှစ်သက်သူတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။

Action • Fantasy
5.2 2023 100 mins
Run Rabbit Run
Outside the Wire
6.4

ဒီနေ့အတွက် Netflix ကထွက်ရှိလာတဲ့ အလန်းစား Action, Fantasy ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ Anthony Mackie ပါဝင်ထားပြီး . Damson Idris နဲ့အတူ ဒိတ်ဒိတ်ကြဲအပြိုင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ . ဒီကားအတွက်လည်း ဘတ်ဂျက်ကို အတော် အကုန်ကျခံရိုက်ကူးထားတယ်လည်းသိရပါတယ်။ 2021 ရဲ့ အစဟာ မူဗီချစ်ပရိသတ်တွေအတွက်တော့ အတော်လေးကျေနပ်စရာကောင်းလောက်မယ့်ကား ကောင်းလေးတစ်ချို့ထွက်ရှိလာတာကိုလည်းတွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဟာ့ပ်ဆိုတဲ့ drone pilot တပ်သားတစ်ယောက်ဟာ drone ပစ်ခေတ်မောင်းနှင်ရာမှာအတော်လေးကျွမ်းကျင်ပြီး ပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Mission တစ်ခုမှာ သူ့ရဲ့ စိတ်လောပြီး တဇွတ်ထိုးနိုင်တဲ့စိတ်ကြောင့် အမှားတစ်ခုကျူးလွန်မိပြီး . မိမိတပ်ဘက်ကစစ်သားတစ်ချို့ရဲ့ အသက်ပါ ပေးဆပ်လိုက် ရတာကြောင့် ဒဏ်ပေးခံရတဲ့အနေနဲ့ စစ်ဇုံတစ်ခုကိုအပို့ခံရပါတော့တယ်။ အဲ့ဒီ စစ်စခန်းရောက်မှ လီယိုနဲ့တွေ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ Mission ကို ရပ်တန့်ရင်ဆိုင်ရမှာကို ပစ်ကွင်းပစ်ကွက် အတိုက်အခိုက်တွေနဲ့ ရိုက်ပြသွားတာကို ကြည့်ရှုရမှာပါ။ Anthony ဖန်တွေကတော့ အကြိုက်ဖြစ်ဦးမှာမလွဲပါဘူး။ (ဒီဇာတ်ကားရဲ့ အညွှန်းကို Yoon Sandi Aungကရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Jerrica, MTA တို့က ဘာသာပြန်ပေးထားပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 54min Subtitle – Myanmar Hardsub Format – Mp4 Genre :  Action, Adventure, Fantasy Source : 1080p.WebRip Translator –  MTA, Jerrica, Yoon Sandi Aung Encoder – SWM

Drama • Sci-Fi & Fantasy
6.4 2021 116 mins
Outside the Wire
Snow and the Bear
6.8

~~IMDb 6.7~~ ဘဝမှာ ကိုယ်တစ်ယောက်တည်း အဖြူရောင်ဟာလာဟင်းလင်းအခန်းထဲမှာ ပိတ်ခံထားရမယ်ဆို ဘယ်လိုခံစားရမလဲ၊ ဘယ်လိုအတွေးတွေများတွေးနေမိမလဲ။ ကိုယ်နဲ့ မရင်းနှီးနဲ့နေရာမှာ မျက်နှာစိမ်းတွေနဲ့ ဒေသရဲ့အခြေအနေတွေ အနှောင့်အယှက်ဆိုတာ မျက်စိအမြင်ထက် နားနဲ့ပဲကြားရပြီ ပုံပြင်သယောင် ဒဏ္ဍာရီသယောင် အဖြေဘာလဲထက် ဘာမေးရမှန်းတောင်မသိဖြစ်နေချိန်တွေ ကို ကိုယ်တိုင်မကြုံဖူးလည်း နှာဖူးတွေ့ဒူးတွေ့ တွေ့ရမယ့်ကားပါ။ ဇာတ်လမ်းကတော့ နယ်ဘက်က ခေါင်ဖျားလှတဲ့ဒေသမှာ တာဝန်ကျလို့ ဆင်းလာရတဲ့ သူနာပြုမလေးကို အဓိကဇာတ်အိမ်တည်ထားပါတယ်၊ ဇာတ်လမ်းက အေးအေးလေးသွားတာဆိုပေမဲ့ မင်းသမီးရဲ့ မျက်နှာ အနေအထား နဲ့ တခြားဇာတ်ဆောင်တွေရဲ့ ပံ့ပိုးမှုကြောင့် အချိန်ကုန်မှန်းမသိတောင်ဖြစ်သွားရမယ့် ကားပါ၊ နားနားနေနေ အချိန်ဖြုန်းချင်လို့ပဲဖြစ်ဖြစ် ပုံမှန်ကြည့်နေကျနဲ့မတူတဲ့ ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် ဒီဇာတ်ကားလေးကို recommend ပေးပါရစေ။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Comedy • Romance
6.8 2022 93 mins
Snow and the Bear
Nebraska
7.7

သင်အိုမင်းလာပြီး ဇရာထောင်းလာတဲ့အချိန်မှာ သင့်ကိုယ်သင် ဘယ်လိုဖြစ်နေမယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားကတော့ အမေရိကန်မြောက်ပိုင်းဒေသမှာ အသက်အရွယ်ရလာပြီး စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ တစ်ယောက်တည်းအထီးကျန် မေတ္တာမပေးတတ်တဲ့ ဘောက်ဆတ်ဆတ်အဖိုးကြီးတစ်ယောက်နေရာကနေ စီးမြောခံစားရမှာပါ။ ဝူဒီဂရန့်ဆိုတဲ့ အဖိုးကြီးဟာ နေထိုင်လာတဲ့တစ်လျှောက်မှာ သားနှစ်ယောက်နဲ့ ဇနီးအပေါ် လင်ဝတ္တရား ဖခင်ဝတ္တရား မကျေပွန်တဲ့ အရက်ဂျိုး ယစ်ထုပ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကနေ သင်ဟာ ဆုကြေးငွေကို ကံထူးပါတယ် ဆိုတဲ့လက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့ပြီး အသက်ကြီးပြီး အတိတ်မေ့ချင်ချင်ဖြစ်နေတဲ့ ဝူဒီဟာ သူ့ကိုယ်သူ ဒေါ်လာတစ်သန်းပေါက်တယ်ဆိုပြီး ခံယူလိုက်ပါတော့တယ်။ သူဟာ မိသားစုက ဒေါ်လာတစ်သန်းပေါက်တာ မဟုတ်ကြောင်း ဘယ်လိုပဲရှင်းပြရှင်းပြ ဒီစာရွက်ကိုယူပြီး မွန်တားနားပြည်နယ်ကနေ နဲဗရာစကာပြည်နယ်အထိ ခြေကျင်သွားပြီး ဆုကြေးငွေသွားထုတ်ဖို့ တာဆူနေပါတော့တယ်။ တားမရတဲ့နောက်ဆုံး သားငယ်ဖြစ်သူ ဒေးဗစ်ဟာ အဖေစိတ်ချမ်းသာပါစေဆိုပြီး ကားနဲ့လိုက်ပို့ပါတော့တယ်။ ဒီလိုနဲ့ နဲဗရာစကာသွားတဲ့လမ်းမှာ ဝူဒီငယ်မြို့လေးကို လမ်းကြုံနေတာနဲ့ ဝင်လည်ပါတော့တယ်။ ဒီအချိန်မှာ ဝူဒီတစ်ယောက် ငယ်တုန်းက ဘော်ဒါတစ်ယောက်ဖြစ်တဲ့ ပီဂရင်းကို ဒေါ်လာတစ်သန်း ပေါက်ကြောင်းပြောပြလိုက်တဲ့အချိန်မှာ ဒီသတင်းက တစ်မြို့လုံးကို ပျံ့သွားပါတော့တယ်။ ဒီအချိန်မှာ အသိခေါက်ခက်အဝင်နက်တဲ့ ဝူဒီတစ်ယောက် ဒေါ်လာတစ်သန်း တစ်ကယ်ပေါက်တာမဟုတ်ဘဲ နာမည်ကြီးထမင်းငတ်ဖြစ်နေတဲ့အမှန်တရားကို ဘယ်လိုလက်သင့်ခံရမလဲ၊ သူ့ရဲ့ဆွေမျိုးသားချင်းတွေက ဒေါ်လာတစ်သန်းပေါက်တယ်မှတ်ပြီး သူ့ဆီက ငွေဘယ်လိုတောင်းကြမလဲ၊ သားဖြစ်သူဒေးဗစ်တစ်ယောက် ဒီအချိန်မှာ ယစ်ထုပ်အရှုံးသမားဖြစ်နေတဲ့ ဘယ်တော့မှ မေတ္တာမပေးတဲ့ သူ့အဖေရဲ့ငယ်ရွယ်စဉ်ဘဝကို တဖြည်းဖြည်းနဲ့ သိရှိလာပြီး သားအဖနှစ်ယောက်ကြား ဘယ်လိုနားလည်လာမလဲဆိုတာကို ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.7 2013 115 mins
Nebraska
A Christmas Spark
6

ဒီတစ်ခါမှာတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပါ။ မိုလီဆိုတဲ့အမျိုးသမီးဟာ အပြောင်းအလဲကို မကြိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါ သူရဲ့ ခင်ပွန်းဟာလည်း လွန်ခဲ့တဲ့ ၂နှစ်က ဆုံးပါးသွားတာဖြစ်ပြီး သူ့သမီးဟာလည်း တခြားမြို့မှာ သူ့မိသားစုနဲ့ အတူနေထိုင်နေတာပါ။ မိုလီတစ်ယောက် အတိတ်ကို လက်မလွှတ်နိုင်ဘဲ နေအိမ်မှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေရတာပေါ့။ တနှစ်မှာတော့ မိုလီရဲ့ သမီးမိသားစုဟာ သူ့အိမ်ကိုလာပြီး ခရစ္စမတ်ပွဲကို မကျင်းပနိုင်တာကြောင့် သူကိုယ်တိုင် သမီးဖြစ်သူရဲ့ နေအိမ်ကိုသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ လေဆိပ်မှာ မိုလီနဲ့ တွေ့ခဲ့သူကတော့ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်ပြီး အသစ်အဆန်းတွေ အမြဲလုပ်ချင်နေတဲ့ ဟန့်ခ်ဆိုတဲ့သူပါ။ အကြောင်းအမျိုးမျိုးနဲ့ သမီးရဲ့မြို့မှာ ကျင်းပမယ့် ခရစ္စမတ်ပြဇာတ်အတွက် မိုလီဟာ ဒါရိုက်တာ တာဝန်ယူလိုက်ရပြီး သက်ကြီးပိုင်းထဲမှာ ရေပန်းစားနေတဲ့ ဟန့်ခ်နဲ့ ထပ်တွေ့ရပါတော့တယ်။ အပြောင်းအလဲမကြိုက်တဲ့ မိုလီတစ်ယောက် အသစ်အဆန်းတွေ စိတ်ဝင်စားတဲ့ ဟန့်ခ်နဲ့တွေ့ပြီး ရှောင်လွှဲလို့မရတဲ့ အပြောင်းအလဲတွေ ကြုံလာရင်း သူကိုယ်တိုင်ရော ပြောင်းလဲနိုင်ပြီး အတိတ်ကို လွှတ်ချနိုင်မလားဆို‌တာကိုတော့ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။ File size…(1.6 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Horror
6 2022 85 mins
A Christmas Spark
Hide and Seek (Lapachhapi)
7.6

Lapachhapi 2017 (တူတူပုန်းတမ်း) တူရှာနဲ့နီဟာတို့ဟာ အရမ်းကိုချစ်ကြတဲ့လင်မယားတွေပေါ့။ လင်မယားတွေ ချစ်ချစ်ခင်ခင်နေလာကြရင်း နီဟာရဲ့ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာတော့ တူရှာဟာ အကြွေးကိစ္စတွေနဲ့ ပုန်းဖို့ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာတော့ တူရှာရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဘာဟူရောဝ်က သူ့ရွာက ခေါင်တဲ့နေရာမှာရှိတာဖြစ်လို့ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းတဲ့အခါမှာ တူရှာတို့လင်မယားနှစ်ယောက် ဘာဟူရောဝ်တို့ရွာကို လိုက်ပါနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဘာဟူရောဝ်တို့ရွာကိုရောက်လာတဲ့အခါ ရွာက ကြံခင်းတွေနဲ့ပဲပြည့်နေပြီး လူနေအိမ်ရယ်လို့ မမြင်ရပါဘူး။ ဒီလိုနဲ့ နေလာရင်း နီဟာတစ်ယောက် အိမ်နားမှာ ကလေးတွေလာရောက်ဆော့ကစားတာကို ရုတ်တရက်မြင်လိုက်မိတာမျိုးရှိပေမယ့် သေချာကြည့်ရင် ပျောက်ပျောက်သွားတာမျိုးကြုံတွေ့လာရပါတော့တယ်။ အဲဒီလိုနဲ့ ရွာမှာလူဆိုလို့ ဘာဟူရောဝ်နဲ့ သူ့မိန်းမကလွဲရင် မမြင်ရတဲ့နေရာကြီးမှာ တူရှာတို့လင်မယား ဘယ်လိုတွေ တွေ့ကြုံရမလဲ …….. ရုတ်တရက်တွေ့တွေ့နေရတဲ့ ကလေးတွေကရော ဘယ်သူတွေဖြစ်မလဲ ……. ဒီရွာကြီးရဲ့ နောက်ကွယ်က ကိစ္စတွေကရော ဘာတွေလဲ…. ဆိုတာတွေကို ကြည့်ရှုရမယ့် ဒရာမာဟော်ရာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ToMo~Alex~KKKZ~Linn Lunnတို့ပဲဖြစ်ပါတယ်)

7.6 2017
Hide and Seek (Lapachhapi)
CID Ramachandran Retd SI
7.3

CID Ramachandran Retd.SI (2024) ပင်စင်စားရာမာချန်ဒရန် လေးတန်းအောင် ရုပ်ရှင်သမား တစ်ပတ်ရိုက်တာခံရတဲ့ Drishyamကားထဲရဲမြညွန့်ကြီးကို အရမ်းထက်မြက်တဲ့ ဦးရဲကြီးအဖြစ်ပြန်တွေ့ရမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။ ရာမာချန်ဒရန်က သိပ်တော်တဲ့အရာရှိတစ်ယောက်၊ ရဲအလုပ်ကိုသိပ်မြတ်နိုးသလို တာဝန်ကိုသိပ်ချစ်တဲ့ အမှန်တရားဘက်တော်သားရဲသားကြီးပေါ့။ တာဝန်ကိုဘယ်လောက်ချစ်လဲဆို ပင်စင်ယူလို့ နှုတ်ဆက်ပွဲလုပ်တဲ့ညမှာတောင် ဂျူတီချိန် ၃ နာရီကျန်သေးတယ်ဆိုပြီး တရားခံသွားဖမ်းလို့ မိန်းမကပွားတာခံရတဲ့အထိပါပဲ။ ဒီလိုနဲ့ပဲ ပင်စင်ယူပြီး နောက်တစ်ရက်မှာ ဘုရားကျောင်းအလှူငွေပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီး စုံစမ်းရဖို့ဖြစ်လာတော့ စုံထောက်ပိုးမသေသေးတဲ့ရာမာချန်ဒရန်တစ်ယောက် အတူလိုက်သွားပြီး စုံစမ်းရာကနေ သူသိပ်ချစ်တဲ့ ရဲယူနီဖောင်း ပြန်ဝတ်ရဖို့ဖြစ်လာတဲ့အခါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7.3 2024
CID Ramachandran Retd SI
Tom and Jerry: The Magic Ring
Journey to the End of the Night
4.2

Journey to the End of the Night (2024) IMDb Rating (4.2) CM ပရိတ်သတ်ကြီးအတွက် ထူးထူးဆန်းဆန်းနဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ 3 Body Problem လိုမျိုး မရောက်လာသေးတဲ့ရန်သူကကိုယ့်ကိုအရင်လက်ဦးအောင် တိုက်ခိုက်ထားရင် ဆိုတဲ့ခံစားချက်မျိုး ဘယ်နေရာသွားသွားမလုံခြုံဘူး အကုန်စောင့်ကြည်နေတယ်ဆိုတဲ့ ဇာတ်လမ်းမျိုးသဘောကျတဲ့သူတွေအတွက် ကြည့်ကောင်းစေမဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၀၂၉ ခုနှစ်မှာ အမေရိကန်နိုင်ငံကို တရုတ်ကဓာတ်အားတွေပြတ်တောက်သွားအောင်လုပ်ပြီး ဘာသတင်းအချက်လက်မှမရပဲ သတင်းအမှောင်ဖုံးလိုက်ပါတယ်။ ဒါပေမဲ့အမေရိကန်စစ်တပ်ကနေ လူငယ်တွေကိုစစ်ထဲထည့်ပြီးတော့ ပြန်လာခုခံဖို့ကြိုးစားပေမဲ့ ဓာတ်အားတွေလုံးဝမရှိတော့ ကျောက်ခေတ်ပြန်ရောက်သွားသလိုပဲ လူတွေကအစာရေစာငတ်ပြတ်လာတယ်။ ဒီလိုဝရုန်းသုန်းကားအခြေအနေကနေ ထိန်းချုပ်ဖို့ဘယ်လိုမှမတတ်နိုင်တော့တဲ့အခြေအနေမှာ အမေရိကန်စစ်တပ်လဲတကွဲတပြားစီဖြစ်ကုန်ပါတယ်။ ဒီလိုကမ္ဘာပျက်သလိုအခြေအနေမျိုးမှာမှ လူတွေကလဲပုံမှန်မဟုတ်ပဲ ထူးဆန်းလာကြပါတယ်။ လူတွေက စစ်တပ်ကလူတွေကို ပြန်ပြီးတိုက်ခိုက်လာကြပါတယ်။ ကျူးကျော်လာတဲ့ တရုတ်တွေကလဲပုံမှန်လိုမျိုးမဟုတ်ကြပါဘူး။တရုတ်တွေလဲဒီလို ဓာတ်အားပြတ်တာတွေကြုံနေရတာကို ဘာလို့အမေရိကန်ကိုကျူးကျော်လာတာလဲဆိုတာ ဘယ်သူမှရှင်းမပြနိုင်ကြဘူး။ အမေရိကန်စစ်တပ်ထဲမှာတင်ကို ကျောက်ခေတ်လိုဖြစ်သွားတော့ဘယ်လိုမှတခြားနေရာတွေမှာဖြစ်ပျက်နေတာတွေကို မသိနိုင်ကြပါဘူး။ ဘာလို့ဒီလို ကိုယ့်လူအချင်းချင်း ပြန်တိုက်နေရတာလဲလူတွေကလဲ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုအခြေနေကြီးမှာ ပုံမှန်မဟုတ်တာတွေဖြစ်လာရတာလဲဆိုတာကိုတော့ စိတ်ဝင်စားစရာကောင်းအောင်လို့ ဆက်လက်ပြီးကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်။) File size…(2.9 GB) / (1.3 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Science Fiction Duration….01:57:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by K.Hein

Crime • Drama • Thriller
4.2 2024 122 mins
Journey to the End of the Night
Horia
7.4

Horia (2024) IMDb Rating (7.4) ဒီဇာတ်ကားလေးကတော့ အချစ်ရူးဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ရဲ့ အချစ်အတွက်စွန့်စားခန်းဆိုတာကို ကြည့်ရှုရမယ် လူငယ်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဟိုရီယာလို့ ခေါ်တဲ့ကောင်လေးက သူ့အမေမရှိတော့တဲ့နောက်ပိုင်း စက်ပြင်ဆရာ သူ့အဖေနဲ့ အတူတူနှစ်ယောက်ထဲ နေထိုင်နေကြပါတယ်။ သူ့အဖေက ငယ်ကတည်းက Bikerဆိုတော့ သူ့သားရဲ့ ၁၈နှစ်ပြည့် မွေးနေ့မှာ ဆိုင်ကယ်အဟောင်းလေးတစ်စီး လက်ဆောင်ပေးလိုက်ပါတယ်။ ဟိုရီယာ့မှာ ဖုန်းထဲကနေပဲ အဝေးရောက်ချစ်သူလေး ဖြစ်နေရတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ ကောင်မလေးက မြို့ကြီးမှာနေတော့ မြို့ကြီးသူနဲ့ တောသားလေး ဇာတ်လမ်းဖြစ်နေပါတယ်။ ပိုပြီးဆိုးတာက ဟိုရီယာကသာ တစ်ဖက်သက်တွေဖြစ်နေပေမဲ့ အဲ့ကောင်မလေးကတော့ သူ့ကို သူငယ်ချင်လေးလိုပဲ သဘောထားပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အချစ်ရူးလေးဟိုရီယာကတော့ ကောင်မလေးနဲ့ နီးဖို့ တက္ကသိုလ်တူတူတက်ဖို့ ကြံစည်ရုံတင်မက သွားတွေ့ဖို့ပါ ကြံနေပါတယ်။ ဒီလိုနဲ့ပဲ သူ့အဖေနဲ့ ရန်ဖြစ်ပြီး တစ်မနက်မှာပဲ ဟိုရီယာက အချစ်အတွက်စွန့်စားခန်းထွက်ပါတော့တယ်။ မွေးနေ့လက်ဆောင်ဆိုပြီး ရထားတဲ့ ဆိုင်ကယ်တစ်စီးနဲ့အတူ ကောင်မလေးကို စပရိုက်အနေနဲ့ သွားတွေ့ဖို့ ခရီးနှင်ပါတော့တယ်။ ဒါပေမဲ့လည်း တောသားငတုံးလေးဖြစ်တဲ ဟိုရီယာတစ်ယောက် လမ်းမှာ အမျိုးစုံနေတဲ့ ပြသာနာပေါင်းစုံကြုံရပါတော့တယ်။ အဲ့အပြင်ကိုပဲ လမ်းမှာတင် သူနဲ့မတူဘဲ တက်တက်ကြွကြွနဲ့ ခပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်ကပါ ရောပြီး သူနဲ့ပါလာပါတော့တယ်။ ဒီလိုနဲ့ပဲ အချစ်အတွက် စွန့်စားသူလေး ဟိုရီယာတစ်ယောက် ကောင်မလေးနဲ့တွေ့နိုင်မလား အသည်းပဲကွဲမလားဆိုတာကို ကြည့်ကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (1.7 GB) / (910 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure Duration…. 01:44:26 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lwin

Comedy • Crime • Thriller
7.4 2024 108 mins
Horia