YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Aporia.2019.TURKISH.720p.WEBRip(CM).mp4

620.22 MB N/A video/mp4 273 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ran
8.1

~ IMDb - 8.2/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါရဲ့ Ran ဟာ ရှိတ်စပီးယားရဲ့ King Lear ပြဇာတ်ကို ပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ပါပဲ။ ၁၉၈၆ အော်စကာမှာ ဂျပန်က လူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် Best International Feature အတွက် နိုင်ငံကိုယ်စားပြု အရွေးမခံခဲ့ရပေမဲ့ Main Categories တွေထဲက Best Director, Best Cinematography, Best Art Direction-Set Decoration, Best Costume Design ဆုတွေ ဆန်ခါတင်ဝင်ခဲ့တယ်။ ကူရိုဆာဝါအတွက် ပထမဆုံး Best Director ဆန်ခါတင်ဝင်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ ကံဆိုးချင်တော့ Best Costume Design ဆုပဲရသွားခဲ့တယ်။ သိပ်တော့လည်း အရေးမကြီးလှပါဘူးလေ။ ဘာနေနေ Ran ဟာ တခြားဆုရခဲ့တဲ့ ရုပ်ရှင်တွေထက်ပိုပြီး ဒီနေ့ထက်ထိ ရှင်သန်နေတဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ The Greatest Films Ever Made တွေထဲက တစ်ကားလည်းဖြစ်ခဲ့တယ်။ Ran ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ နောက်ဆုံး Epic Film ဖြစ်ခဲ့သလို သူ့အတွက် ငွေကုန်ကြေးကျအများဆုံးကားလည်း ဖြစ်ခဲ့တယ်။ အဲဒီကာလက ဂျပန်ရုပ်ရှင်သမိုင်းမှာ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဆိုလည်း မမှားဘူး။ Ran ဟာ ကူရိုဆာဝါရဲ့ ရှိတ်စပီးယားပြဇာတ်ကိုပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးကားပေမဲ့ ဒီကားကို ရိုက်ဖို့အကြံရတာကတော့ ရှိတ်စပီးယားဝတ္တုကနေတော့ မဟုတ်ခဲ့ဘူး။ ၁၉၇၅လောက်မှာ သူက စစ်နယ်ရှင်တွေ အပြိုင်အဆိုင်အားပြိုင်နေခဲ့တဲ့ စင်းဂိုခုခေတ်က မိုရိမိုတိုနာရိဆိုတဲ့ စစ်နယ်ရှင်တစ်ပါးအကြောင်း ဖတ်မိရာကနေ ဒီကားရိုက်ဖို့ သူအတွေးပေါက်သွားတာ။ ဘယ်လိုတုန်းဆို မိုတိုနာရိမှာ သား၃ယောက်ရှိတယ်။ အဲဒီသားသုံးယောက်စလုံးက လိမ္မာပြီး သစ္စာရှိပြီး တော်ကြလို့ မိုတိုနာရိဟာ သားလိမ္မာတွေရဲ့အဖေဆိုပြီး ကျော်ကြားခဲ့တယ်။ ဒီမှာ ကူရိုဆာဝါက အဲဒီသားတွေသာ သားဆိုးတွေဖြစ်နေခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မလဲဆိုပြီး စိတ်ကူးကြည့်ရာကနေ Ran ကို ရိုက်ဖို့ အကြံပေါ်လာတာပါပဲ။ စစချင်းကတော့ ကင်းလီယာဇာတ်သုံးဖို့ မရည်ရွယ်ထားပေမဲ့ သူ့စကားအရတော့ မိုတိုနာရိနဲ့ ကင်းလီယာတို့ရဲ့ ဇာတ်လမ်းဟာ ဘာလို့လဲ သူ လုံးစေ့ပတ်ပေ့ မပြောပြတတ်ပေမဲ့ တစ်နည်းနည်းနဲ့တော့ သူ့ဘာသာတစ်သားတည်းဖြစ်သွားတယ်လို့ ဆိုတယ်။ ၁၉၇၅မှာ ကူရိုဆာဝါဟာ Ran အတွက် ဇာတ်ညွှန်းရေးပြီး နောက်နှစ်တွေမှာလည်း သူ့ထုံးစံအတိုင်း သူရိုက်ချင်တဲ့ ဇာတ်ဝင်ခန်းပုံစံအတိအကျကို စတိုရီဘုတ်တွေ ဆွဲခဲ့တယ်။ အဲဒီ စတိုရီဘုတ်တွေကိုကလည်း ပန်းချီကားတွေလို့ ပြောလည်းမမှားပါဘူး။ Ran အတွက် ကူရိုဆာဝါဟာ တော်တော်လေး အားစိုက်ထုတ်ခဲ့တယ်။ ၁၉၈၀မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Kagemusha ကိုတောင် သူက Ran အတွက် ဇာတ်ဝတ်ဇာတ်စား ရီဟာဇယ်လုပ်တဲ့ ရုပ်ရှင်လို့တောင် ပြောဖူးတယ်။ ၁၉၈၃မှာမှ အခက်အခဲများစွာကြားကနေ Ran ကို သူစရိုက်နိုင်ခဲ့တယ်။ Ran ထဲက ကင်းလီယာတဖြစ်လဲ မိုတိုနာရိတဖြစ်လဲ ဇာတ်ကောင်ကတော့ ဟိဒဲတိုရပါပဲ။ ဟိဒဲတိုရမှာ သားသုံးယောက်ရှိတယ်။ တစ်နေ့ သူအိုပြီဆိုပြီး သားတွေကို အမွေခွဲပေးဖို့လုပ်တာမှာ သားအငယ်ဆုံး စဘုရိုက သူ့ကိုကလန်ကဆန်လုပ်လာတာကြောင့် အမွေဖြတ်စွန့်လွှတ်ပြီး ကျန်တဲ့သား၂ယောက်ကိုပဲ မြှောက်စားလိုက်တာပါပဲ။ သူ့ရဲ့သစ္စာရှိအမတ်ကိုပါ သူ့သားငယ်ဘက်က ဝင်ပါလို့ဆိုပြီး ပြည်နှင်ဒဏ်ပေးပစ်လိုက်တယ်။ ကင်းလီယာအတိုင်းပါပဲ။ မတူတာကတော့ ကင်းလီယာက ဇာတ်ကောင်တွေမှာ အတိတ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တွေက အတိတ်ရှိပြီး ပုဂ္ဂလိက အမြင်အရတော့ Ran ထဲက ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေက ပိုပြီးကျိုးကြောင်းဆီလျော်ပါတယ်။ နောက်တစ်ချက်ကတော့ ကင်းလီယာထဲက လီယာမင်းကြီးဟာ သူခံစားခဲ့ရတဲ့ ဝေဒနာတွေနဲ့ မထိုက်တန်ဘူးလို့ ယေဘုယျသတ်မှတ်လို့ရပေမဲ့ ဟိဒဲတိုရရဲ့ အတိတ်ကို Ran မှာ ကျွန်တော်တို့ကို တဖြည်းဖြည်းပုံဖော်ပေးသွားတာအရတော့ ဟိဒဲတိုရက သူ့ကြမ္မာနဲ့ သူထိုက်တန်တယ်လို့ ပြောရမှာပါပဲ။ ဒါပေမဲ့လည်း ကူရိုဆာဝါဟာ ကင်းလီယာထဲကလို မထိုက်တန်တဲ့ ဝေဒနာတွေကိုလည်း ဇာတ်ကောင်အသစ်တွေဖန်တီးပြီး ထည့်သွင်းပေးထားပါသေးတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ် ကျောရိုးယူထားပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ဇာတ်ကောင် ဟိဒဲတိုရက သူကိုယ်တိုင်ပဲလို့ သူပြောဖူးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကလည်း ကူရိုဆာဝါရဲ့ ရန်ဟာ ကင်းလီယာကို မှီးထားပေမဲ့ သူ့ဘဝအကြောင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုဖူးတယ်။ သူသေပြီးနှောင်းခေတ်တွေမှာ သူဟာ အကျော်ကြားဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူမသေခင်မှာ သူ့တိုင်းပြည်အတွက်တော့ သူက ဂုဏ်ယူစရာမဖြစ်ခဲ့ဘူး။ သူ့ကားတွေအတွက်လည်း ငွေထုတ်ပေးမယ့်လူ မရှိသလောက်ရှားခဲ့တယ်။ သူ့ဒါရိုက်တာသက်တမ်းရှည်ကြီးရဲ့ ၁၅နှစ်တာကာလမှာပဲ သူလုပ်ချင်တာ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ၁၉၅၀ ရဲ့ "Rashomon" ကနေ ၁၉၆၅ ရဲ့ "Red Beard" အထိအတွင်းပါပဲ။ ဒီကာလတွေအတွင်းမှာ "The Seven Samurai", "The Throne of Blood", "Ikiru", "The Hidden Fortress", "High and Low" တို့လို မာစတာပိစ်ကားတွေ သူထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကနေမှ သူနောက်ဆုံးရိုက်ခဲ့တဲ့ ၁၉၉၃အထိ ၂၈နှစ်အတွင်းမှာတော့ ၆ကားလောက်ပဲ ထွက်နိုင်တော့တယ်။ အဲဒီကာလဟာ သူ့အတွက် အဖြူအမဲနဲ့ ရောင်စုံရုပ်ရှင်အကူးအပြောင်း ကာလလည်း ဟုတ်တယ်။ ၁၉၆၅နောက်ပိုင်းမှာတော့ ကူရိုဆာဝါရဲ့ ဒါရိုက်တာဘဝဟာ အဆင်မပြေလှတော့ပါဘူး။ သူရိုက်ချင်တဲ့ကားတွေအတွက် ဘတ်ဂျက်ရှာကြည့်ပေမဲ့ ဂျပန်ကလူတွေက သူ့ကိုမပေးကြသလို နိုင်ငံခြားဘတ်ဂျက်ရှာပြီး ရိုက်တဲ့အခါမှာလည်း ပြည်တွင်းက မကျေနပ်ချက်တွေကို ခံခဲ့ရပြန်တာပါပဲ။ ၁၉၇၅မှာ သူ ကင်းလီယာကို ဆာမူရိုင်းကားအနေနဲ့ ပြန်ရိုက်ချင်တယ်လို့ ‌ကြေညာခဲ့ပေမဲ့ ရန်ပုံငွေမရခဲ့ပါဘူး။ ၁၉၈၃ ကျမှ ပြင်သစ်ပရိုဂျူဆာက ငွေထုတ်ပေးလို့ ရိုက်နိုင်ခဲ့တယ်။ ဒီအချိန်မှာ သူ့အသက်၇၅ရှိနေပြီဖြစ်သလို သူ့မျက်လုံးကလည်း မကောင်းတော့ပါဘူး သတ်သေဖို့တောင် ကြိုးစားပါသေးတယ်။ Ran ကို သူ့နောက်ဆုံးရုပ်ရှင်အဖြစ်လည်း ကြေညာခဲ့သေးပါတယ်။ သူ့မိန်းမဟာလည်း ရုပ်ရှင်ရိုက်နေတုန်း သေသွားသလို သူ့နဲ့တွဲလုပ်နေကျ အသံဖမ်းအင်ဂျင်နီယာကလည်း ရုပ်ရှင်ပြီးလုဆဲဆဲမှာ သေသွားပါတယ်။ ဒါကြောင့်မို့ပဲ Ran မှာ ကူရိုဆာဝါရဲ့ အကြောင်းကိုပါ တွေ့နိုင်တယ်လို့ တချို့က ဆိုကြပါတယ်။ Ran ဟာ လောကကြီးရဲ့ ရက်စက်မှုတွေကို ခါးစည်းခံနေရတဲ့ လောကကြီးထဲ ပြန်မလာချင်လောက်တော့တဲ့ လူအိုကြီးတစ်ယောက်အကြောင်းဆိုလည်း မမှားပါဘူး။ အဲဒီလူအိုကြီးဟာ ကင်းလီယာဖြစ်သလို ဟိဒဲတိုရဖြစ်သလို အဲဒီလူအိုကြီးဟာာ ကူရိုဆာဝါလည်း ဟုတ်ပါတယ်။ ကူရိုဆာဝါဟာ ဒီရုပ်ရှင်အတွက် ဆယ်စုနှစ်နဲ့ချီပြီး အားစိုက်ထုတ်ခဲ့ရတာနဲ့အညီပဲ Ran ဟာ တော်တော်လေးခမ်းနားခဲ့သလို မာစတာပိစ်ရုပ်ရှင်တစ်ကားလည်းဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်မတိုင်ခင်မှာ ကူရိုဆာဝါကို သူ့ရုပ်ရှင်တွေထဲ သူ့အကြိုက်ဆုံးရုပ်ရှင်က ဘာကားလဲမေးတိုင်း ကူရိုဆာဝါက နောက်ရိုက်မယ့်ကားပေါ့လို့ ဖြေတတ်ပေမဲ့ Ran ကို ရိုက်ပြီးတဲ့နောက် ကူရိုဆာဝါဟာ သေတဲ့အထိ ဒီမေးခွန်းမေးတိုင်း Ran လို့ပဲ ဖြေတော့တဲ့အထိ သူ့ကိုယ်သူလည်း အားရခဲ့ပုံပါပဲ။ ခေတ်အဆက်ဆက်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေရဲ့ စာရင်းထဲလည်းဝင်ခဲ့ပါတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ်တွေကို သုံးကားယူသုံးခဲ့ရာမှာ အဲဒီသုံးကားလုံးနီးပါး အဲဒီဇာတ်တွေကိုရိုက်တဲ့ထဲ အကောင်းဆုံးကားတွေဖြစ်ခဲ့ကြပါတယ်။ Ran ကတော့ ဒီထဲကမှ အကောင်းဆုံးကားလို့ ပြောရင်လည်းရပါတယ်။ ဒီကားကိုမကြည့်ခင် မင်းသုဝဏ် ဘာသာပြန်ထားတဲ့ ကင်းလီယာစာအုပ်ကို ကျွန်တော်ဖတ်ကြည့်ရသလောက်တော့ Ran က အကျိုးအကြောင်းပိုပြည့်စုံတယ်လို့လည်း ခံစားရပါတယ်။ ကူရိုဆာဝါဟာ ရုပ်ရှင်လောကရဲ့ ဗင်းဆင့်ဗန်ဂိုးလိုပါပဲ။ ကူရိုဆာဝါဟာ သူ့ဘက်မရှိခဲ့တဲ့ လောကကြီးအတွက် အခမ်းအနားဆုံး အနုပညာတွေချန်သွားပေးခဲ့တဲ့ သူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.3GB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 42Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Western
8.1 1985 160 mins
Ran
August: Osage County
6.8

Genre - Comedy, Drama IMDB Rating - 7.2/10 ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီ မင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့ Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatch တောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်း ကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့ မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာ ကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာ အရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေ စွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုး အတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက် သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကို ပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့ သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏ ပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက် စိတ်ကူးအသေယဉ်တတ်တဲ့ သမီးအငယ်ဆုံးရယ် ပြန်ဆုံကြပါတော့တယ်။ ဒီမှာ အဒေါ်မိသားစုလည်း ပါလာပါတယ်၊ အဒေါ်က ဦးလေးကို ပေါက်ပေါက် ဖောက်ပြီး ပြဿနာရှာနေကြ နောက်ပြီး သားမွေးထားတာကိုလည်း ကျပ်မပြည့်တာဆိုပြီး အမြဲနှိမ်နေကြ ဦးလေးကတော့ သားကိုချစ် ဒါမျိုးမကြိုက်ဘူးပေါ့။ ကဲ ဒါမျိုးတကယ့်ဆရာတွေချည်းပဲ ဒီအိမ်မှာ လာဆုံစည်းပြီး အမေနဲ့သမီးတွေကြားကပြဿနာ၊ ညီအစ်မတွေကြားက ပြဿနာ၊ လင်မယားတွေကြားကပြဿနာ၊ သားအမိကြားကပြဿနာ၊ မောင်နှမဝမ်းကွဲရဲ့ပြဿနာ စသဖြင့် မိသားစုပြဿနာပေါင်းစုံတက်ကြတာကို သရုပ်ဆောင်တွေကောင်းကောင်းနဲ့ ပျော်ပျော်ပါးပါးကြီး စိတ်ညစ်ညစ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကောင်းချက်ဆိုတာလည်း ကင်ဆာဖြစ်ဆေးစွဲနေတဲ့မိခင်နေရာက Meryl Streep ဆို ဆေးတွေကောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ တည့်ပြောတာတွေ အမေနဲ့ အပြိုင် ရန်ဖြစ်ပေးရတဲ့ ပြဿနာပေါင်းစုံနဲ့ သမီးအကြီး Julia Robert တို့တွေက ဇာတ်ကို အဓိက သယ်ဆောင်သွားတယ်လို့ပဲ ပြောရမယ်။ ဒီဇာတ်ကားထဲက မိသားစုညစာစားကြတဲ့ အခန်းဆိုရင် ကြည့်နေရင်းနဲ့တောင် မွန်းကျပ်လွန်းလို့ ရုပ်ရှင်ကြီးပိတ် ထပြေးချင်တဲ့အထိ ဖြစ်လာရတယ်။ ဆက်ပြောနေရင် အရသာပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါတော့ဗျာ...။ File size…1.31GB / 511MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 1m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Fantasy
6.8 2013 121 mins
August: Osage County
[18+] 5 in 1
6.5

ကားနာမည်ကြားတာနဲ့တင် ဆွဲဆောင်မှုအပြည့်ရှိနေတာကတော့ ဒီဇာတ်ကားပါပဲ ဒီဖိလစ်ပိုင်ကားမှာတော့ Johnny Dick Jordi ဆိုတဲ့ ဘဲကြီးက 5 in 1 coffee ဆိုပြီး သောက်ဆန်းကြီးကို‌တည်ထောင်ပြီး ဥစ္စာပေါရုပ်ချောရေလျှံနေတဲ့ ဘဲကြီးတစ်ပွေဖြစ်ပါတယ်။ ဒါပေမဲ့ ရေလျှံတဲ့ဘဲတွေထုံးစံအတိုင်းသူက ကော်ဖီကိုတင် 5 in 1 လုပ်ခဲ့တာမဟုတ်ပါဘူး ဒီလိုနဲ့ဖိလစ်ပိုင်ကျော်ကြီးတစ်ယောက် ကံဆိုးစွာနဲ့ ရောဂါကြောင့်ငယ်ငယ်ရွယ်ရွယ်သေဆုံးသွားချိန်မှာတော့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုအမွေဆက်ခံဖို့ သူ့ရည်းစားဟောင်း ၅ ဦး ဖြစ်တဲ့ လာနာ ရို့စ်၊ မီယာ ကာလီဆာ၊ မာရီယာ အိုဆာကာ၊လက်ဆီ လောရိုက်စ်၊ ရီလေ ရတ်ပါဆိုတဲ့ ဆော်အလန်းလေးတွေကို သူ့အသုဘကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ထဲက ဘယ်သူကများ မစ္စတာ Dick ရဲ့ အမွေကိုဆက်ခံနိုင်မှာလဲ... ဒီလိုနဲ့ စားဘဲကြီးနဲ့ သူတို့ရဲ့အမှတ်တရအတိတ်နေ့ရက်လေးတွေကို ပြန်ပြောပြရင်း စားဘဲကြီးရဲ့ဆော် ၅ယောက်ကို တစ်ပြိုင်နက်ထဲဘယ်လို အ‌ကွက်ရွှေ့ပြီးတွဲသွားလဲ ဘယ်လိုတော်ကီတွေ tactics တွေသုံးသွားလည်းဆိုတာကို ညိုကီတို့နည်းနာယူရမှာပဲဖြစ်ပါတယ် ဒါပေမဲ့လည်း ‌စားဘဲကြီးဖြစ်ပေမဲ့ စားဖို့လောက်ပဲသိတဲ့ ဘဲကြီးလို့တော့မထင်လိုက်ပါနဲ့ ‌ အမျိုးသမီးတွေရဲ့ဘဝဒုက္ခကိုကူညီပေးရင်း အလင်းလမ်းကိုပြသတဲ့ ကျော်ကြီးရဲ့ဖြူစင်တဲ့နှလုံးသားကူညီတတ်ပုံတွေကိုလည်း မြင်တွေ့ရမှာပါ ဒါပေမဲ့ ၁၈ အပေါင်း မြင်ကွင်းတွေလည်း ၅ ဆ ပါဝင်တာကြောင့် မိသားစုလူကြီးသူမတွေနဲ့ကြည့်ရှုဖို့မသင့်တော်ပါခင်ဗျ အကိတ်အလန်း ဖိလစ်ပိုင်သူလေးတွေ ပါဝင်တာကြောင့် အကိတ်ကြိုက်တဲ့ဘရိုတို့အတွက် recommend ပါတယ်ဗျာ ။ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Dark Knight ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.3GB | 673MB | 340MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dark Knight Encoder ..... Blank

Romance
6.5 2022 102 mins
[18+] 5 in 1
[18+]Rolling on the Road
4.3

လူတွေက လိင်ရဲ့သားကောင်တွေလား အောင်မြင်ခြင်းရဲ့နောက်ကွယ်မှာ ဘာတွေဆက်ပြီး တပ်မက်စရာရှိလဲ တပိုင်းတစအောင်မြင်မှုတွေနဲ့ ရော့ခ်အဆိုတော် ဂျော့ချ် အောင်မြင်မှုရဲ့နောက်ကွယ်မှာ ကပ်လိုက်ပါလာလေ့ရှိတဲ့ အမျိုးသမီးထုကြီး သူ့မှာ တရားဝင် အသက်ကြီးကြီး မိန်းမရှိနေပါတယ် သိသိကြီးနဲ့ လာလာတိုးနေတဲ့ မိန်းကလေးတွေ အဲဒီထဲမှာအချောဆုံးက သူနာပြုမလေးပဲဗျ သူကအတော်လေးကိုချစ်ဖို့ကောင်းတယ် အပြောအဆို အမူအရာ ချွဲချွဲနွဲ့နွဲ့လေးတွေ ဒါပေမဲ့ မိန်းမတွေကိုတော့ အထင်မသေးမိစေနဲ့နော် သူတို့ဘယ်လောက် အငြိုးကြီးတယ် ဘယ်လောက် ရင်းပြီး အသုံးချတက်တယ်ဆိုတာ ဇာတ်ကားလေးကြည့်ရင် သိနိုင်ပါလိမ့်မယ် မိန်းမတွေရင်ထု လင်လုတဲ့ခေတ် ဆိုတဲ့ရသတွေ့ရပါလိမ့်မယ် အရွယ်စုံ အလှစုံ အမူရာစုံ နဲ့ လိင်အသားပေး ဖော်ပြထားတာဖြစ်တဲ့အတွက် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.6GB / 723MB Quality…1080p  /720p Format…mp4 Duration….1h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi

Comedy • Drama • Romance
4.3 1981 83 mins
[18+]Rolling on the Road
Where Hands Touch
8

ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ဂျာမနီမှာ အခြေတည်ထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ Layna ဟာ ဂျာမန်လူဖြူအမေနဲ့ ပြင်သစ်လူမည်း အဖေတို့ ပေါင်းစပ်ပြီး မွေးလာတဲ့ (၁၆)နှစ်အရွယ် ကလေးမလေးပါ။ Rhineland မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေက Leyna လို သွေး နှောလူမည်း ကလေးတွေကို ရှင်းလင်းပစ်ဖို့ ကြိုးစားနေတာကြောင့် ဘာ လင်မှာများ အန္တရာယ်ကင်းနိုင်မလားဆိုပြီး Leyna ရဲ့ အမေ Kerstin တစ်ယောက် သားနဲ့သမီးကို လက်ဆွဲပြီး ဘာလင်ကို ထွက်လာခဲ့ပါတယ်။ ပိုကောင်းတဲ့ ဘဝတစ်ခု ရနိုင်ဖို့ Leyna ကို ကျောင်းပို့ပြီး စာသင်ပေးခဲ့ပေမဲ့ နီဂရိုးတစ်ယောက် စာသင်ဖို့ မလိုဘူးဆိုပြီး ကျောင်းကနေဆွဲထုတ်ပြီး စက်ရုံ မှာ အလုပ်လုပ်ဖို့ ပို့လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ Leyna တစ်ယောက် ထင်ရှားတဲ့ SSအရာရှိတစ်ဦးရဲ့ သားဖြစ်ပြီး ကိုယ်တိုင်လည်း လူငယ်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lutz နဲ့ တွေ့ပြီး အချစ်ဇာတ်လမ်း အစပျိုးမိပါတော့တယ်။ ဟစ်တလာဟာ Gestapo လို့ ခေါ်တဲ့ လျှို့ဝှက်ရဲတွေကို အမိန့်ပေးပြီး Rhineland ဒေသက ဂျာမန်-လူမည်း သွေးနှောကလေးတွေကို နောက်ထပ်ဂျာမန်တွေနဲ့ သွေးမနှောနိုင်အောင် သားကြောဖြတ်ဖို့ လျှို့ဝှက်အမိန့်ပေးခဲ့ပါတယ်။ မှတ်တမ်း တွေအရ ကလေးပေါင်း ၈၀၀ ကျော် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီရုပ်ရှင်မှာ ဂျာမန်- လူမည်း မိန်းကလေးတစ်ယောက် ဂျာမန်အလုပ်ကြမ်း စခန်းတွေမှာ အသက်ရှင်ဖို့ ရုန်းကန်ရပုံတွေ၊ ကြုံတွေခဲ့ရတဲ့ ဖိနှိပ်မှုတွေကို တွေ့မြင်ရမှာပါ။ ဖျောက်ဖျက်ခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်တာ ကြောင့် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe မှဖြစ်ပါတယ်) File Size..........(1.42 GB) / (588 MB) / (343 MB) Quality............WEB-DL 1080p / 720p / 480p Duration.........2Hr 2Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance, War Translator.......Phu Myat Thwe Encoder..........SWM

Drama • Romance
8 2018 122 mins
Where Hands Touch
Widows
6.5

IMDb....7.2,,,,Rotten...91% 2018 ထွက် Widows ဆိုတဲ့ စိတ်လှုပ်ရှား အံ့အားသင့်စရာ ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်… IMDb -7.2 Rottem Tomatoes 91% စတဲ့ အကောင်းစား Rating ကြီးတွေရထားလေတော့ ကားကောင်းနဲ့ ဒေါင်းကြည့်ဖို့တော့ပြောစရာလိုမယ်မထင်ဘူး... သို့ပေမယ့်  ဇာတ်လမ်းအကြောင်းအနည်းငယ်တော့လိုအပ်မယ်ထင်လို့ပြောပါရစေ.... ဒုစရိုက်လုပ်ငန်းတွေကို အာဏာရှင်တွေ ကျောထောက်နောက်ခံနဲ့ဆောင်ရွက်နေတဲ့ ဟယ်ရီ ရောလင်း (Liam Neeson)ဟာ လူမည်းလုပ်ငန်းရှင်တစ်ဦးထံက အမေရိကန်ဒေါ်လာ တစ်သန်းလုယူအပြီး အပြန်လမ်းမှာ ရဲတွေနဲ့ပက်ပင်းမိတာကြောင့် ပစ်ကြခတ်ကြရင်း သူအပါအဝင် နောက်လိုက်နှစ်ယောက်လည်း သေဆုံးသွားပါတော့တယ်... သူတို့နဲ့အတူ လုယူလာတဲ့ ဒေါ်လာ တစ်သန်းလည်း ကားပေါက်ကွဲ မီးလောင်တဲ့အထဲပါသွားပါတယ်… သေတဲ့လူတွေကသေသွားပြီဖြစ်ပေမယ့် ဒေါ်လာတစ်သန်းကိစ္စဟာ ကျန်ရစ်သူ ဟယ်ရီရဲ့မိန်းမ ဗရော်နီကာထံ ပြဿနာခေါင်းပုံကျလာပါတော့တယ်... အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက်ကြောင့် ဗရော်နီကာဟာ ပေါက်ကွဲမှုမှာသေဆုံးသွားသူတွေရဲ့ ဇနီးတွေထံဆက်သွယ်ပြီး မုဆိုးမသုံးယောက် ဒီပြဿနာကို ဘယ်လိုများဖြေရှင်းကြမလဲ...... ဒုစရိုက်ဂိုဏ်းကြီးနဲ့မှ ပတ်သက်မိတော့ မိန်းမသားတွေအဖို့ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား..... အားနွဲ့တဲ့မိန်းမသားတွေလား ကျားသစ်မတွေလားဆိုတာကိုတော့ .....ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size : (1GB) and (376MB) Quality : Blu-Ray 720p Format…mp4 Duration…02:39:00 Genre :  Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae

Comedy • Drama
6.5 2018 129 mins
Widows
Rakshak – India’s Braves
8.8

Rakshak-India’s Braves 2023 အိန္ဒိယရဲ့သူရဲကောင်းများတဲ့ ယူနီဖောင်းနဲ့ခန့်နေတဲ့ Jalebi မင်းသား Varun Mitra နဲ့ အပြုံးချိုချိုမင်းသမီးလေး Kanika Mann တို့အဓိကပါဝင်ထားပါတယ် ဇာတ်လမ်းအစမှာ သမီးဖြစ်သူကိုဘူတာလိုက်ပို့ရင်း ဖုန်းအားပြည့်ရဲ့လား မုန့်နဲ့ရေကပါရဲ့လားနဲ့ သဲသဲလှုပ်ဂရုစိုက်အချစ်ပိုနေကြတဲ့ မိသားစုလေးကိုကြည်နူးဖွယ်မြင်တွေ့ရမှာပါ အဲဒီချိန်မှာပဲ မထင်မှတ်တဲ့ပေါက်ကွဲမှုတစ်ခု ….. ဆိုနူးကတော့ခါးပတ်ညိုရထားတဲ့ ဗိုလ်ကြီးတစ်ဦးပါ ခွင့်ရက်ပြန်လာချိန် အပြုံးချိုချိုမာလာလေးနဲ့ စေ့စပ်ပေးဖို့ အိမ်ကစီစဉ်ထားတာနဲ့တန်းတိုးတာပေါ့ အပြုံးချိုလေးဘယ်လောက်စွမ်းလဲဆို တစ်သက်လုံးမကြိုက်တဲ့ ခရမ်းသီးချက်တောင်စားမယ် ဖြစ်သွားသည်ထိပါပဲ ခွင့်ရက်မစေ့ခင်မှာပဲ တာဝန်ကျလို့ပြန်သွားရချိန်မှာတော့…. သာမန်အရပ်သားဘဝမှာ မေတ္တာအပြည့်ကြည်နူးနေတဲ့သူတစ်ယောက် တာဝန်ဝတ္တရားနဲ့ နိုင်ငံ့အကျိုးသယ်ပိုးရချိန်မှာလည်း နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်နေရသူ မေတ္တာဖွဲ့ ၊ စိတ်ခွန်အား ၊ အက်ရှင်တို့ကို တစ်စုတစ်စည်းတည်းမြင်တွေ့ရမဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ V ~ Yunni တို့ပဲဖြစ်ပါတယ်)

8.8 2023
Rakshak – India’s Braves
Satanic Hispanics
5.7

Satanic Hispanics (2022) ~ IMDb – 5.7/10, Rotten Tomatoes – 91% ~ “Satanic Hispanics” ဆိုတဲ့နာမည်မှာ Hispanics ဆိုတာက စပိန်ဘာသာစကားကို အခြေခံထားတဲ့ လူမျိုးတွေကိုပြောတာပါ။ ဥပမာ ကျူးဘား၊ မက္ကဆီကန် လူမျိုးတွေပေါ့။ ဒီဇာတ်ကားရဲ့ခေါင်းစဉ်ကတော့ စေတန်နှင့်ပတ်သက်သော စပိန်များ လို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ စပိန်နိုင်ငံရဲ့ အယ်လ်ပါဆိုတဲ့ဒေသမှာရှိတဲ့ အိမ်တစ်ခုကိုဝင်စီးတဲ့အချိန်မှာ ရဲတွေဟာအလောင်းပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ “သွားလေသူ” လို့ သူ့ကိုယ်သူခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲရှင်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းပဲ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်ကျန်နေတဲ့သွားလေသူဆိုတဲ့သူကို လူသတ်တရားခံအတွက် သံသယရှိတဲ့သူဆိုပြီး စခန်းကိုဖမ်းသွား၊ မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသူတွေက သမားရိုးကျပုံစံမျိုးနဲ့သေဆုံးတာမဟုတ်ဘဲ အားလုံးက သွေးတွေခန်းတဲ့အထိစုပ်သတ်ခံရပြီးမှ နဖူးထဲသေနတ်ရာပေါက်ပြီး သေသွားကြရပါတယ်။ ရဲတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တိုင်း သူက တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးပြောပြောလာပါတယ်။ အဲဒီမှာပဲ သွားလေသူဟာ သူ့ရဲ့ဇာတ်လမ်းတွေကို ပြောလာပါတော့တယ်။ တကယ်ပဲ ဒီမှုခင်းဟာ သမာရိုးကျအစွန်းရောက်လူသတ်သမားတစ်ယောက်ရဲ့ လုပ်ရပ်ပဲလား၊ ဒါမှမဟုတ် သွေးရိုးသားရိုးမဟုတ်တဲ့ ဂမ္ဘီရအတတ်၊ အောက်လမ်းနည်းတွေပါနေတဲ့ လူသတ်ကွင်းဆက်ကြီးများလားဆိုတာကို ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ပြန်အကျဉ်းချုပ်ရရင်တော့ ရှုထောင့်ပေါင်းစုံနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလို့ပြောနိုင်ပါတယ်။ သွားလေသူပြောပြခဲ့တဲ့ ဇာတ်လမ်းတွေဟာ ရယ်ရ၊ မောရတဲ့အပြင် ထိတ်လန့်ချောက်ချားပြီး မထင်မှတ်ထားတဲ့ပုံစံတွေပါဝင်နေတဲ့အတွက် သာမန် Horror ကားတွေလိုမျိုး အမြဲလန့်နေရမှာမဟုတ်ဘဲ ရသမျိုးစုံကိုပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 900MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 45Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.7 2022 113 mins
Satanic Hispanics
How the Gringo Stole Christmas

How the Gringo Stole Christmas (2023) ရှေးရိုးဆန်ပြီး ရိုးရာဓလေ့တွေကို ထိန်းသိမ်းတဲ့ လက်ပေါက်ကပ် မက်ဆီကန်လူကြီး ဘန်နီနဲ့ လူဖြူသားမက်လောင်း လိက်ဖ်တို့ကြားက အလွဲတွေ ကတောက်ကဆလေးတွေကို ပုံဖော်ထားတဲ့ ခရစ္စမတ်ကားလေးပါ။ ဘန်နီက မက်ဆီကန်ဓလေ့တွေကို ထိန်းသိမ်းပြီး အမေရိကန်တွေကို အတိတ်က ဖြစ်ရပ်တွေကြောင့် သဘောမကျတဲ့ သူပါ။ ဘယ်လောက်တောင် အစွဲကြီးလဲဆို ခရစ္စမတ်ကိုလည်း မက်ဆီကန်ဓလေ့အတိုင်း နှစ်စဉ်လုပ်ပြီး ခရစ္စမတ်သစ်ပင်ကိုတောင် မက်ဆီကိုက ရှားစောင်းပင်ပုံစံ ညှပ်တတ်ပါတယ်။ ဒီလိုလူကြီးကိုမှ တစ်ဦးတည်းသောသမီးဖြစ်သူ ကလော်ဒီရာက ခရစ္စမတ်အားလပ်ရက်မှာ သူ့ချစ်သူ လူဖြူကောင်လေး… မက်ဆီကန်တွေ ဂရင်ဂိုလို့ခေါ်ကြတဲ့သူကို ခေါ်လာတဲ့အခါ… သမီးဖြစ်သူကို ချစ်ပြီး အစိုးရိမ်လွန်တတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဘန်နီ သဘောကျအောင် ဂရင်ဂိုကောင်လေး လိက်ခ် ဘယ်လိုတွေ ကြိုးပမ်းအားထုတ်မလဲဆိုတာ… မက်ဆီကန်ရိုးရာဓလေ့တွေနဲ့အတူ ခရစ္စမတ်အမီ ခွီရင်း ကြည့်နိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p Format – mp4 Duration – 1H 21Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023 81 mins
How the Gringo Stole Christmas
Lantrani
5.3

Lantrani (2024) (မြေနိမ့်ရာလှံစိုက်) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ anthology အမျိုးအစားလို့ပဲပြောရမယ်။ အိန္ဒိယနိုင်ငံအတွင်း မြို့ငယ်လေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အကြောင်းအရာလေး၃ပုဒ်နဲ့ ဖွဲ့စည်းထားတဲ့ကားလေးပဲဖြစ်ပါတယ်။ မြို့ကြီးပြကြီးနဲ့အလှမ်းဝေးပြီး တော်ရုံဥပဒေမစိုးမိုးနိုင်တဲ့ နယ်မြို့လေးတွေမှာ အရာရာကို ခက်ခက်ခဲခဲနဲ့ကြိုးစားရင်ဆိုင်နေရပြီး လူ့သဘာဝ လူ့ဘောင်အဖွဲ့အစည်းက နှိမ်ကွပ်ပုံတွေ… လောကနိယာမတရားအရအားနည်းသူ ရှုံးတတ်ရပုံတွေကို ဖေါ်ပြထားပါတယ်။ လူရယ်လို့ဖြစ်လာပြီး လောကအလယ်မှာ ရင်ဘောင်တန်းနိုင်ဖို့ လူလူချင်းကိုတောင် လူမဆန်စွာဆက်ဆံကြပုံတွေကိုလည်း သေချာရိုက်ကူးတင်ဆက်ထားပါတယ်နော်။ လူ့အခွင့်အရေးရရှိဖို့အရေး မလျှော့သောဇွဲနဲ့ တွန်းလှန်ကြမယ့် ဒီဇာတ်လမ်းတိုလေးသုံးပုဒ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုလို့ရပါပြီနော်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

5.3 2024
Lantrani
Monday
5.7

Genre – Drama,Romance IMDb – 5.7/10 ဂရိ ကမ်းခြေတစ်ခုမှာ ဖင်တုံးလုံးနဲ့ အဖမ်းခံလိုက်ရတဲ့ လူငယ်နှစ်ယောက်ကနေ ဇာတ်လမ်းစတယ်။ အေသင်ကို ခဏတာ လာရောက်တဲ့ ခလိုဝီနဲ့ ဂရိမြေမှာကုန်ဆုံးတာ ခုနစ်နှစ်ကြာပြီ ဖြစ်တဲ့ မစ်ကီ တို့ အမေရိကန် နှစ်ယောက် ဖူးစာဆုံကြတယ်။ နှစ်ယောက်ချင်း ရေမြေသင့်ပြီး အပျော်ကြီး ပျော်လိုက်ကြတာကနေ တကယ် ချစ်မိသွားရော ဇာတ်လမ်းလေးက စလာရော။ မစ်ကီကတော့ ပေါ့ပေါ့ပါးပါး အလေးအနက် မထားချင်တဲ့ သူမျိုး။ တစ်ဖက်မှာတော့ ထိုအရာတွေကို ညှိပေးနိုင်ပေမဲ့ အရက်ကလေးဝင်လာရင် ဂြိုဟ်ကြွလာတတ်တဲ့ ခလိုဝီ နှစ်ယောက်ပေါင်း ရည်းစားဘဝကို တက်လှမ်းကြပါလေရော။ နှစ်ယောက်သား ဘဝတည်ထောင်တော့ အခြေအနေတွေက မတူတော့ဘူး။ မစ်ကီမှာက ၆ နှစ်သား ကလေးလေး ရှိနေတယ်။ သူ့ဟာနဲ့သူ အလေးအနက် မနေတတ်တဲ့သူက ကလေးအ‌ဖေဘဝနဲ့လည်း အဆင်မပြေပါ။ ဒါတွေကို အသက်ကြီးတဲ့ ခလိုဝီက လိုက်စီမံ ပေးပြန်တော့ သူ့ဘက်က ရည်းစားဟောင်း ပြဿနာက ဝင် သရုပ်ဆောင်ပြန်လေရော။ ဒီလိုနဲ့ နှစ်ယောက်သား ကိုယ်ဖောက်တစ်လှည့် သူဖောက်တစ်လှည့် သမီးရည်းစား ဘဝကို ထူထောင်ကြတာကို မြင်တွေ့ရမှာပါ။ အမေရိကန်တွေရဲ့ နေထိုင်မှု ပုံစံနဲ့ စိတ်သဘောထား စတာတွေကို မြင်ရမှာပါ။ Body Positivity လို့ဆိုရမလား လိင်မှုပွင့်လင်းတဲ့ သဘောကိုလည်း သေချာရိုက်ပြထားတာကို တွေ့ရပါတယ်။ ကလေးကြည့်ဖို့တော့ မသင့်တော်ပါဘူး။ MONDAY ဆိုတဲ့ ဇာတ်လမ်းနာမည်နဲ့ ပတ်သက်ရင်တော့ စဉ်းစားရရင် ဇာတ်ကားထဲမှာ တောက်လျှောက်ပြသမျှက FRIDAY ပဲ ဖြစ်နေပြီး နှစ်ယောက်သား ပျော်ပါး လွတ်လပ်ချိန် ဘာမှ ပူပင်မှု မရှိတဲ့ ကာလကို ပြချင်တယ်။ အတည်တကျ ရည်းစားဘဝ ကိုလည်းရောက်ရော အရင်လို ဟေးလားဝါးလား လုပ်မနေနိုင်တော့ဘူး။တနင်္လာမှာ တာဝန်ယူမှုတွေရှိလာပြီ။ FRIDAY လို Carefree မနေနိုင်တော့တဲ့ သဘောကို ဆောင်တယ်။ ဒါကို‌ တော့ MONDAY အဖြစ် တင်စားပြီး ဆက်ဆံရေးဘဝ အပြောင်းအလဲကို ရက်သတ္တပတ်တွေအမည်နဲ့ ဥပမာကြွယ်ထားတယ်လို့ အတွေး ပေါက်မိပါတယ်။ File size… 2.3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Nwe Hnin Thazin

Comedy • Music
5.7 2020
Monday
The King’s Letters
6.4

The King’s Letters (2019) ************************** IMDb… 6.4 Song Kang-Ho , Park Hae-Il , Jeon Mi-Sun အစရှိတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုရီးယားအက္ခရာဖန်တီးပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂျိုဆွန်းဘုရင် ဆယ်ဂျုံးလက်ထက်မှာ ကိုယ်ပိုင်အက္ခရာမရှိခဲ့တဲ့အတွက် တရုတ်အက္ခရာများကိုသာ အသုံးပြုခဲ့ကြရပါတယ်။ သို့သော်လည်း တရုတ်အက္ခရာတွေက မှတ်သားရခက်ခဲတဲ့အတွက် သာမန်ပြည်သူ အများစုက စာမတတ်ပေမတတ် ဘဝပဲ ဖြစ်ကျန်နေပြီး သူတို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကိုတောင် ဘုရင်ဆီ ရေးသားလျှောက်တင်ဖို့ အခွင့်မရခဲ့ကြပါဘူး။ ဒီအတွက် ဆယ်ဂျုံးဘုရင်က ပြည်သူအားလုံး ‌သင်ယူဖို့လွယ်ကူတဲ့ ကိုယ်ပိုင်အက္ခရာကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပြီး ဘုန်းကြီးရှင်းမီဆိုသူနဲ့အတူ နှစ်ယောက်အင်အားပေါင်းပြီး ဂျိုဆွန်းရဲ့ကိုယ်ပိုင်အက္ခရာကို ကြိုးစားဖန်တီးကြရာမှာတော့… ကိုးရီးယားသမိုင်းကြောင်းနဲ့ သွေဖည်နေတဲ့ အကြောင်းအရာများ ပါဝင်နေသော်ငြား ဇာတ်လိုက်သရုပ်ဆောင်များရဲ့ သရုပ်ဆောင်ချက်များကတော့ အံ့မခန်းလောက်အောင် ကောင်းမွန်တာမို့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားလို့ အကြံပြုပါရစေရှင်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 1.12GB / 400MB Quality… WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo

6.4 2019 110 mins
The King’s Letters