YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Anthracite_S01E04_Levia Borelis_new.720p.(CM).mp4

439.98 MB N/A video/mp4 54 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The 'Burbs
6.7

ဒါကတော့အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ရဲ့လူသိပ်မသိကြတဲ့ဟာသကားလေးပါ။ ရေးပီတာဆင်ဟာ ဆင်ခြေဖုံးရပ်ကွက်လေးမှာနေသူဖြစ်ပြီး အလုပ်ကနေတပတ်အားလပ်ရက်ရထားပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့ဘေးအိမ်က အိမ်နီးနားချင်းအသစ်တွေဆီက ညဘက်ကျရင်ထူးဆန်းတဲ့အသံတွေထွက်လာတတ်ပါတယ်။ အဲဒီအိမ်ကိုလူအသစ် ပြောင်းလာတာတစ်လရှိပေမယ့် သူတို့ကိုဘယ်သူမှသေချာမမြင်ဖူးပါဘူး။ သူတို့အပြုအမူတွေကလည်း ထူးဆန်းတာကြောင့် ရေးနဲ့နောက်မိတ်ဆွေနှစ်ယောက်တို့က တဖြည်းဖြည်း မသင်္ကာဖြစ်လာပါတယ်။နောက်ဆုံးတော့ ရေးတို့တသိုက် အဲဒီအိမ်ကိုအတင်းစုံစမ်းဖို့ကြိုးစားရင်းရယ်စရာတလွဲတွေဖြစ်လာပုံကို ပြသထားပါတယ်။ Star Warsမင်းသမီး Carrie Fisher နဲ့Bruce Dern,Henry Gibson တို့လည်းပါ၀င်ထားပြီး ဒါရိုက်တာကတော့ JoeDanteဖြစ်ပါတယ်။ Tom Hanksနဲ့အတူရယ်မောရင်းအပန်းဖြေလိုက်ကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Action • Comedy • Thriller
6.7 1989 102 mins
The 'Burbs
RRR
7.8

IMDb Rating -8.4/10 (ခုဗားရှင်းကတော့ အကြည်ဆုံး WEB DL ဗားရှင်းကို Audio 5.1CHနဲ့ 4k Qualityထိ တင်ဆက်ပေးထားပါတယ်) ဘိုင်ယာဘာမင်းသား Konidela Ram Charan Teja နဲ့ ဂမ်ဂုဘိုင် မင်းသမီး Alia Bhatt တို့ရဲ့ ပါဝင်ထားပြီး မင်းသားကြီးအာဂျေးလို ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးကပါ ပါဝင်အားဖြည့်ပေးထားပါတယ်) 1920 ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့ အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့ ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ် မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေရင်း တစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ် သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့ ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါ ရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိ နှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ် ဘင်းနဲ့ ရမ်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်မှာလဲ... ရမ်နဲ့ စီသာ (မင်းသမီး Alia Bhatt) ကကော ဘယ်လိုဆက်နွယ်မှုရှိနေတာလဲ.... IMDb 8.4/10 ရရှိထားပြီး ဗြိတိသျှအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ အဖိနှိပ်ခံပြည်သူတွေရဲ့ ဇာတ်ကြောင်းနဲ့ ဘဝတွေကို အကောင်းဆုံးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တာကြောင့် အခုပဲ ကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ (4k Quality ထွက်လာရင်လဲ အမြန်ဆုံး Updateပေးသွားပါမယ်) File size…12GB / 5.3Gb / 3GB

Action • Comedy • Crime
7.8 2022 187 mins
RRR
Army of the Dead
6.3

ဆရာ ဇက် စနိုက်ဒါရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဇွန်ဘီး အက်ရှင်ကားပါပဲ။ သီချင်းကောင်းမယ်၊ အက်ရှင်ကောင်းမယ်၊ ဇာတ်လမ်းကောင်းမယ်၊ ရိုက်ချက်တွေကောင်းမယ်ဆိုတာ သိပြီသားပါ။ ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ ဇာတ်လမ်းက ဒီလိုပါ ..... လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။ အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။ အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ တွေးလို့မရပါဘူး။ တရားဝင်ငွေ မဟုတ်လို့ပါ။ ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ.. ဒန် .... တန့် ..... တန် ..... ပွဲဦးထွက်မှာတင် IMDb - 7.5/10 ဆိုတော့ ဘာမေးနေစရာ လိုဦးမလဲဗျာ။ Review and Translated by : Mr.Anderson Encoded by : August File size…3.3 GB and 1.5 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 28min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action & Adventure • Crime • Drama
6.3 2021 148 mins
Army of the Dead
tick, tick... BOOM!
7.7

IMDb Rating - 8.6/10 စပိုက်ဒါမန်းနိုးဝေးဟုမ်းမှာ မပါပါဘူးဆိုတဲ့ လူလိင်ကြီး အန်ဒရုး ဂါဖီးရဲ့ Musical ရုပ်ရှင်အသစ်ထွက်ပါပြီ။ တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန် တေးရေးဆရာ ဂျိုနသန်လာဆန်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ အန်ဒရူးရဲ့ အော်စကာနဲ့တောင်တန်တဲ့ သရုပ်ဆောင်ချက်တွေကို ထပ်ပြီးတွေ့ရဦးမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ဂျိုနသန်ဟာ အသက်သုံးဆယ်ပြည့်တော့မှာဖြစ်ပြီး နာမည်ကျော် ပြဇာတ်ဂီတတေးရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဆီမှာ နာမည်ကြီး ပရိုဂျူဆာ ဒါရိုက်တာများစွာရဲ့ ငြင်းပယ်စာတွေလည်း ရှိပြီးနေပါပြီ။ သူ ရှစ်နှစ်တိတိအချိန်ယူရေးသားထားတဲ့ ပြဇာတ်သီချင်းနဲ့ ဘရော့ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေဆဲပါပဲ။ ဒါပေမဲ့ သူ့မှာ မီတာခ နဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ချမ်းသာတာဆိုလို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ချစ်သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုအခြေအနေကနေ သူ့အိပ်မက်တွေကို မလျှော့တမ်းဘယ်လိုကြိုးစားသွားမလဲ ဆိုတာကို သီချင်းလှလှ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွက် Musical ကောင်းကောင်းလေး ငတ်နေတဲ့လူတွေတော့ အဝကို ခံစားကြည့်ရှုလို့ရပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။ ) File Size - (1.16 GB ) Quality – WebDL 1080p, 720p Duration - 1hrs 55min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama, Musical Translator – CM Team Encoder – San Win Maung

Action • Fantasy
7.7 2021 120 mins
tick, tick... BOOM!
Life of the Party
6.2

Spy ဆိုတဲ့ ဟာာသကားကို ကြည့်ဖူးရင် ဒီဇာတ်ကားထဲက မင်းသမီး Melissa ကိုသိကြမှာပါ။ သရုပ်ဆောင်တဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ သူ့ရဲ့ဇာတ်ကားတစ်ကားကြည့်ရုံနဲ့သူ့ကိုမှတ်မိနေမှာပါ။ အခုဇာတ်ကားကလည်း ဟာသကားတစ်ကားဖြစ်ပြီးတော့ ဒီယာနာဆိုတဲ့ ကလေးအမေတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ ဒီယာနာတို့လင်မယားနှစ်ယောက်ဟာ ၂၆ နှစ်ကြာအိမ်ထောင်သက်တန်းရှိခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့သူက ရုတ်တရက်ကြီး သူ့ကိုကွာရှင်းဖို့ တောင်းဆိုလာပါတယ်။ မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်လာပြီး ချက်ချင်းဆိုသလို တခုလတ်ဖြစ်သွားတဲ့ ဒီယာနာဟာ သူမရဲ့ မိဘအိမ်ကို ပြန်ရောက်သွားပါတော့တယ်။ အဲဒီအချိန် သူ့သမီးဖြစ်တဲ့ မယ်ဒီက တက္ကသိုလ်နောက်ဆုံးနှစ် ကောလိပ်ကျောင်းသူဖြစ်နေပါပြီ။ ဒီယာနာက ကျောင်းမပြီးခဲ့ပါဘူး။ သူတက္ကသိုလ်နောက်ဆုံးနှစ်မှာ သူ့သမီးလေးကို မွေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ငွေစုရမှာမို့လို့ ကျောင်းကနေထွက်ခဲ့တာပါ။ ဒါနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သမီးကပဲ သူ့အတွက်ဘဝတစ်ခု ဖြစ်နေခဲ့တာပေါ့။ သူ့သမီးလေးကို ပြုစုပျိုးထောင်ပေးရင်းနဲ့နောက်ဆုံးနှစ်ရောက်တော့မှ ယောက်ျားစွန့်ပစ်တာခံရပြီး မိဘအိမ်ကို ပြန်ရောက်သွားတာပေါ့။ အရင်က ယောက်ျားကိုပဲ ဦးစားပေးခဲ့တဲ့အတွက် ယောက်ျားကစွန့်ပစ်သွားတဲ့အချိန် သူ့ရဲ့ဘဝမှာ သူ့အတွက်ဘာဆိုဘာမှ မကျန်တော့တဲ့အထိ ဖြစ်သွားတာပေါ့။ ပညာရေးတန်းလမ်း ကလေးထိန်းပြီးအိမ်ထောင်ထိန်းခဲ့တဲ့အတွက် အလုပ်အကိုင်မရှိတဲ့အခြေအနေထိကိုရောက်ခဲ့တာပေါ့။ အဲဒီအချိန်မှာ ဘဝကိုအရှုံးမပေးဘဲနဲ့ သူရှေ့ဆက်ရမဲ့လမ်းကို ရဲရဲဝံ့ဝံ့ဆက်ပြီးတော့ လျှောက်လှမ်းခဲ့တယ်။ သူမပြီးသေးတဲ့ ကျောင်းကိုပြန်တတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့သမီးနဲ့အမေ တစ်ကျောင်းထဲမှာ အတူတူပြန်တက်ဖြစ်သွားတာပေါ့။ သမီးသူငယ်ချင်းတစ်သိုက်နဲ့မိခင်ဖြစ်တဲ့ဒီယာနာက ပေါင်းမိသွားပြီး ကျောင်းမှာအတူသွားအတူလာရင်း သမီးနဲ့ပါတီအတူတူတက်တဲ့အမေဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ သူ့ဘဝရဲ့ခရီးကို ကောလိပ်ကျောင်းကနေ ပြန်စပြီးတော့ ပျော်ရွှင်မှု လွတ်လပ်မှုတွေနဲ့ကိုယ့်လမ်းကိုယ်လျှောက်မဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်ကားလုံးဟာသရွှန်းပြီး ရိုက်ကူးထားတာဖြစ်လို့ အပျင်းပြေပြီး စိတ်ရွှင်လန်းစေမဲ့ ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ။ File size…(850 MB) and (400 MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yazar Htun

6.2 2018 105 mins
Life of the Party
Escape from L.A
5.7

ဒီကားလေးကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ သိပ္ပံအက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်က ထွက်ရှိထားတဲ့ Escape from New York ရဲ့ sequel ကားပဲဖြစ်ပါတယ်။ ဇာတ်ကားထဲက timeline ကတော့ ၂၀၁၃ ခုနှစ်ကိုယူထားတာဖြစ်ပြီး ခေတ်မီလက်နက်တွေ ပစ္စည်းကိရိယာတွေကို ထည့်သွင်းပြသထားပါတယ် အမေရိကန်ပြည်ထောင်စုထဲက လော့စ်အိန်ဂျယ်လိစ်မြို့တော်ကြီးက ဒုစရိုက်မှုတွေများပြားလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတအသစ်က အဲဒီမြို့ကို နိုင်ငံကနေ ခွဲထုတ်ပစ်လိုက်ပါတယ် ပြီးတော့ အမေရိကကို ပြန်လည်ပြုပြင်မယ်ဆိုပြီး မူးယစ်ဆေး၊ အရက်၊ဆေးလိပ် မသောက်ရ၊ မိန်းမ မလိုက်စားရဆိုပြီး စည်းကမ်းတွေချမှတ်ခဲ့ပါတယ် အဲဒါတွေကို ဆန့်ကျင်သူအားလုံး ပြည့်တန်ဆာတွေ လူဆိုးတွေ ပြစ်မှုအသေးလုပ်မိသူတွေကအစ နိုင်ငံထဲမှာမနေရဘဲ အယ်လ်အေမြို့ကြီးကို ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ပါချမှတ်ခဲ့ပါတယ် တစ်နေ့မှာတော့ သမ္မတရဲ့သမီးဖြစ်သူက နိုင်ငံတော်လျှို့ဝှက်စီမံကိန်းပစ္စည်းတစ်ခုကို ခိုးယူသွားပြီး အယ်လ်အေမြို့ကို ထွက်ပြေးခဲ့ပါတယ် ပြီးတော့ အဲဒီပစ္စည်းကို အယ်လ်အေမြို့ထဲက အကြမ်းဖက်ခေါင်းဆောင်ဆီ အပ်လိုက်ပါတယ် အဲဒီပစ္စည်းကို လိုက်ယူဖို့အတွက် နာမည်ကျော် လူဆိုး စနိတ်ခ် ပလစ်စကင်ကို စေလွှတ်ဖို့ အစိုးရလူတွေက ကြိုးစားပါတော့တယ် စနိတ်ခ်က သွားယူပေးဖို့ စိတ်မဝင်စားတဲ့အခါမှာ သမ္မတက စနိတ်ခ်ရဲ့ကိုယ်ထဲမှာ အာရုံကြောအဖွဲ့အစည်းတစ်ခုလုံး ပျက်စီးသွားစေမယ့် ဗိုင်းရပ်စ်ပိုးရောက်နေကြောင်း ပြောခဲ့ပါတယ် နောက်ပြီး မပျက်စီးခင် အချိန် ၁၀ နာရီရမှာဖြစ်ပြီး အဲဒီအချိန်အတွင်း ပစ္စည်းကိုသွားယူပြီး ပြန်လာမှ ဖြေဆေးထိုးပေးမယ်လို့ အကြပ်ကိုင်ခဲ့ပါတယ် ဒီလိုနဲ့ စနိတ်ခ်လည်း သွားပေးဖို့ သဘောတူလိုက်ရပြီး လက်နက်ကိရိယာအစုံအလင်နဲ့ ဒုစရိုက်မြို့တော် အယ်လ်အေကို ထွက်ခွာခဲ့ပါတယ် သွားယူတဲ့တစ်လျှောက် စနိတ်ခ်ရဲ့ အယ်လ်အေမြို့ထဲမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ သူယူပေးရမယ့် လျှို့ဝှက်ပစ္စည်းရဲ့ အရေးပါပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(1.59GB) / (812MB) / (546MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:41:00 Genre…Action / Adventure / Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

5.7 1996 96 mins
Escape from L.A
Impuratus

အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။ အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။ File size…(1.1 GB)/(570 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2022 135 mins
Impuratus
This Place
5.2

ယိုစသာ ဆိုတဲ့အင်ဒီးယန်းမျိုးနွယ်ကောင်မလေးဟာ ကျောင်းဆက်တက်ဖို့အကြောင်းပြချက်နဲ့မြို့တော်ကြီးကိုတက်လာခဲ့ပေမယ့် သူ့ရဲ့တကယ့်ရည်မှန်းချက်က မွေးကတည်းကမမြင်ဖူးခဲ့တဲ့ဖခင်ဖြစ်သူကိုရှာဖို့ဖြစ်ပါတယ်။ သူနဲ့သူ့ဖခင်ကိုကိုဝေးကွာစေခဲ့တဲ့ မိခင်ကိုအပြစ်မတင်နိုင်မတင်ရက်ပေမယ့် ခွင့်လွှတ်ဖို့လည်းသူ့အတွက်ခက်နေပါတယ်။ အဲ့ဒီအချိန်မှာ မာလယ်ဆိုတဲ့ သီရိလင်္ကာနိုင်ငံသူ တမီလ်လူမျိုးအမျိုးသမီးလေးနဲ့ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့နောက် နှစ်ဦးသားအပြန်အလှန် ရင်ဖွင့်ဖလှယ်ကြရင်း ဘ၀ရဲ့ပြဿနာတွေ ဒွိဟတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ This Place ဟာ ထူးခြားတဲ့ဇာတ်အလှည့်အပြောင်းမပါ၊ ရိုးရှင်းတဲ့တင်ဆက်ပုံနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းရှုစားရမယ့် coming of age drama ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(584 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Drama • Romance
5.2 2022
This Place
Little Women
7.3

အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။ Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက သရုပ်ဆောင်ထားတာပါ။ ဒီကားထဲမှာ သူတို့အကုန်ငယ်ကြပါသေးတယ်။ တခြားသရုပ်ဆောင်ကောင်းတွေအများကြီးလည်း ပါပါတယ်။ ဇာတ်လမ်းကတော့ မက်ဂ်၊ဂျို၊ဘက်သ်၊ အေမီတို့ ညီအစ်မလေးယောက်ရဲ့ဘဝကို ရိုက်ပြသွားတာပါ။ 1860ကာလကို အခြေတည်ထားတာဖြစ်တဲ့အတွက် အဲ့ဘက်ခေတ်လူနေမှုပုံစံကို ကြိုက်တဲ့သူတွေအတွက် တကယ်စီးမျောလို့ကောင်းမဲ့ကားလေးဖြစ်ပါတယ်။ လူမှုရေး၊ ခံယူချက်၊ အချစ်၊ မိသားစုဘဝ စုံစုံလင်လင်ပါပဲ။ ၂၀၁၉ကားကို အရင်ကြည့်ဖူးထားတဲ့ ကျွန်တော့်အမြင်မှာတော့ နှစ်ကားလုံးက တစ်မျိုးစီကြည့်ကောင်းကြတာဗျ။ ရိုက်တဲ့ခေတ် ကွာလို့ပဲလားမသိ၊ အပြင်အဆင်နဲ့ မတူတဲ့ဇာတ်ကွက်တွေကြောင့် ဝတ္ထုတစ်ခုတည်းဖြစ်နေတာတောင် မရိုးတာထင်ပါတယ်။ အဲတော့ Little Women မကြည့်ဖူးသေးတဲ့သူတွေ အခု၁၉၉၄ကားကိုကြည့်ပြီးသွားရင်လည်း ၂၀၁၉ကကားကို ထပ်ကြည့်လို့ရပါတယ်။ ကြည့်ရှုခံစားလိုက်ပါဦး။ File size…(2.4 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre…Drama, Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ngwe Zin

7.3 1994
Little Women
Beetlejuice Beetlejuice
7

Beetlejuice Beetlejuice (2024) IMDb Rating (7.0) / Rotten Tomatoes (77%) Wednesday မင်းသမီး Jenna Ortega ပါဝင်ထားတဲ့ သဘာဝလွန် ဟော်ရာ ဟာသ စိတ်ကူးယဉ် ရုပ်ရှင်အသစ်ကြီး ရပါပြီ။ ဒါရိုက်တာကတော့ Wednesday, 9, Beetlejuice, Edward Scissorhands, Copse Bride စတဲ့ ကမ္ဘာကျော် ဟော်ရာကားတွေရဲ့ ဖန်တီးရှင် တင်မ် ဘာတန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Beetlejuice (1988) ရဲ့ sequel အနေနဲ့ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဘီတယ်ဂျုစ်အဖြစ် မင်းသားကြီး Michael Keaton က ပါဝင်ထားပါတယ်။ မမ Monica Bellucci , Willem Dafoe , Winona Ryder တို့လို ဝါရင့်သရုပ်ဆောင်တွေလဲ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့… လစ်ဒီရာဆိုတဲ့ အမျိုးသမီးဟာ သရဲတွေကို မြင်နိုင်တွေ့နိုင် စကားပြောနိုင်တယ်လို့ နာမည်ကြီးပြီး သူ့ရဲ့ ရှိုးအစီအစဉ်တွေကလည်း အရမ်းကိုလူကြိုက်များပါတယ်။ သူ့ရဲ့အစွမ်းကိုအလိမ်အညာတွေလို့ပဲ သတ်မှတ်ထားတဲ့ သူ့ရဲ့သမီးနဲ့တော့ သိပ်မသင့်မြတ်ပါဘူး။ လစ်ဒီရာရဲ့ ခင်ပွန်းကလည်း သေသွားတာကြာပြီဖြစ်ပေမဲ့ လစ်ဒီရာက သူ့ကိုမမြင်ရဘူး ရှာမတွေ့ဘူးဆိုတာကြောင့်လည်း သူ့ရဲ့သမီး အက်စထရစ်က မယုံတာပါ။ ဒီလိုနဲ့ တစ်နေ့မှာ လစ်ဒီရာရဲ့ အဖေ ဆုံးသွားတာကြောင့် ဈာပနလုပ်ဖို့ အိမ်ပြန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာပဲ လစ်ဒီရာတစ်ယောက် သူ့ကို လက်ထပ်ချင်နေတဲ့ နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရသလို လစ်ဒီရာရဲ့သမီး အက်စထရစ်ကလည်း ကောင်လေးတစ်ယောက်နဲ့ ခင်မင်ပြီး ချိန်းတွေ့မိရင်း တမလွန်လောကကို မတော်တဆ ရောက်သွားခဲ့ပါတယ်။ အက်စထရစ်ကို ကယ်ဖို့နဲ့ နတ်ဆိုးလက်ကနေ အလွတ်ရုန်းဖို့ လစ်ဒီရာတစ်ယောက် ဘယ်လို ကြိုးစားမလဲဆိုတာ မြင်ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

7 2024 105 mins
Beetlejuice Beetlejuice
The Piper
4.6

The Piper (2023) ဒီဇာတ်လမ်းကတော့ လက်တွေ့လောကမှာ မတော်တဆမှုနဲ့ ဆုံးပါးသွားတဲ့ ဗြိတိသျှမင်းသားကြီး Julian Sands ရဲ့ နောက်ဆုံးသော ဇာတ်ကားတွေထဲကတစ်ခုပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဆုံးပါးသွားခဲ့တဲ့ မင်းသားကြီးကတော့ ဒီ horror ဇာတ်ကားထဲမှာလည်း ကျရာဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းနောက်ခံ ကက်သရင်းလို့ ခေါ်တဲ့ နိုင်ငံကျော်ဂန္တဝင်တေးရေးဆရာမတစ်ယောက်ဟာ နောက်ဆုံးထွက်သက်ဖြစ်လုနီးနီးရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲနောက်ဆုံးဆန္ဒဖြစ်သွားခဲ့တာကတော့ တစ်ခုပါပဲ။ တစ်ချိန်က သူရေးခဲ့တဲ့ ပွဲဦးထွက်ဂန္တဝင်တေးတစ်ပုဒ်ကို ဘယ်တော့မှလူထုရှေ့ ထုတ်မတီးပြဖို့ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံပြင်လေးထဲကအတိုင်း ဒီသီချင်းကို ကြားတဲ့လူတိုင်း အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရမှာမလို့ပဲဖြစ်ပါတယ်။ ပုံအပြင်အကျဉ်း ပိုက်ပါဆိုတဲ့ပုံပြင်လေးထဲမှာ ပလွေမှုတ်ဆရာတစ်ဦးရှိသတဲ့။ ဒီလိုနဲ့ ရွာတစ်ရွာမှာ ကြွက်တွေအရမ်းသောင်းကျန်းလွန်းလို့ မထိန်းနိုင်ဖြစ်ပြီတော့ ပလွေဆရာက အဖိုးတစ်ခုတောင်းပြီး ပြဿနာကိုဖြေရှင်းပေးဖြစ်လာပါတယ်။ ဒါပေမဲ့ ဂတိစကားကို ပယ်ဖျက်ခဲ့တဲ့ရွာသားတွေဟာ ပလွေဆရာကို မထီမဲ့မြင်ပြုခဲ့ပါတယ်။ ဒီလိုနဲ့ ပလွေဆရာ (ပိုက်ပါ) ဟာ ရွာသားတွေကို “မင်းတို့အတွက် အဖိုးအတန်ဆုံးအရာကို ဆုံးရှုံးရလိမ့်မယ်” လို့ ကျိန်စာတိုက်ခဲ့ပါတယ်။ ကဲ…ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.3 GB) / (750 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Music, Mystery Duration….01:37:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror • Thriller • Mystery
4.6 2023 95 mins
The Piper
Night Train
5.7

Night Train (2009) ****************** IMDb….5.7 ၂၀၀၉ ခုနှစ်ကထွက်ရှိထားတဲ့ Night Train ကတော့ Mystery ၊ Thriller အမျိုးအစားဖြစ်ပါတယ်။ ခရစ္စမတ်ညရဲ့ လူနည်းစုသာလိုက်ပါလာတဲ့ ရထားတစ်စီးပေါ်မှာ အမျိုးသားတစ်ဦးဟာ ဆေးလွန်ပြီး သေဆုံးသွားခဲ့ပါတယ်။ တွဲစောင့်မိုင်စ်နဲ့အတူ သေဆုံးသူနဲ့တစ်တွဲတည်းအတူစီးခဲ့ကြတဲ့ခရီးသည်တွေဖြစ်တဲ့ ခိုးလီနဲ့ ပိတို့ဟာ သေဆုံးသူရဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကို ရှာတွေ့သွားခဲ့ကြပါတယ်။ အဆိုပါသေတ္တာလေးဟာ သဘာဝလွန်စွမ်းအားရှိတဲ့ ပစ္စည်းတစ်ခုဆိုတာ မသိကြဘဲ သေတ္တာထဲကို ကြည့်မိသူတိုင်းက မိမိလောဘကိုရောင်ပြန်ဟပ်ပြီး ကိုယ်အလိုချင်ဆုံးအရာကိုမြင်တွေ့ရတတ်ပါတယ်။ သေတ္တာထဲကို ကြည့်မိတဲ့ မိုင်စ်၊ ပိနဲ့ ခိုးလီတို့ သုံးယောက်ပေါင်းပြီး သေတ္တာကိုအပိုင်စီးဖို့အတွက် အလောင်းဖျောက်ဖို့ ကြိုးစားကြရာကနေ ရထားပေါ်မှာ သေတ္တာကိုလိုချင်နေတဲ့လူတွေက သူတို့တင်မကဘူးဆိုတာ သိရှိလာကြရပါတော့တယ်။ ရထားပေါ်မှာ သေတ္တာကိုပိုင်ဆိုင်ရဖို့ အချင်းချင်း သတ်ဖြတ်လာကြတဲ့အခါမှာတော့ မိုင်စ်၊ ပိနဲ့ခိုးလီတို့ အသက်ရှင်ကျန်ရစ်ခဲ့နိုင်မှာလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ July ပဲဖြစ်ပါတယ်) File Size : 800MB/ 2.23GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:31:00 Genre : Crime, Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by July Encoded by Tiff

Action • Thriller
5.7 2009 87 mins
Night Train
Corina
7

Corina (2025) IMDb Rating (7.0) ဒီဇာတ်လမ်းက Mexican ဒရမ်မာနဲ့ ဟာသအရောအနှော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လူငယ်တစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ ဘဝအတွက် ရုန်းကန်မှုတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ Plot Overview Corina က သူ့အိမ်နဲ့ သူအလုပ်လုပ်တဲ့ စာပေထုတ်ဝေရေးဌာနကလွဲရင် ဘယ်ကိုမှမသွားရဲတဲ့ ၂၈ အရွယ် မိန်းကလေးတစ်ယောက်ဖြစ်တယ်။ စကားလည်းအရမ်းနည်းပြီး လူအရမ်းကြောက်တတ်တဲ့ Corina က သူများတွေအမြင်မှာတော့ အူကြောင်ကြောင်လေး ဖြစ်နေတာပေါ့။ တစ်နေ့မှာတော့ သူ့ရဲ့လုပ်ငန်းခွင်မှာ အရမ်းအရေးကြီးတဲ့ စာအုပ်စီးရီးတစ်ခုနဲ့ပတ်သက်ပြီး Corina အမှားကြီးတစ်ခုကို လုပ်မိသွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ကုမ္ပဏီနဲ့ သူ့အလုပ်ကို ကာကွယ်ဖိုအတွက် Corina တစ်ယောက် သူ့ရဲ့ကြောက်ရွံမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဘယ်လိုစွန့်စားခန်းတွေကိုဖွင့်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.3 GB) / (830 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:38:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Crime • Drama
7 2025 96 mins
Corina
[18+] Ligaw
7.8

Ligaw (2025) IMDb Rating (7.8) ဒလောရပ်စ်နဲ့ရိုဒယ်တို့ဟာ တောင်ခြေရွာလေးတစ်ရွာမှာနေထိုင်တဲ့ တောသူတောင်သားလင်မယားဖြစ်ပြီး လောလောဆည်မှာတော့ ရိုဒယ်ဟာ သစ်ပင်ပေါ်က လိမ့်ကျထားတဲ့အတွက် လမ်းမလျှောက်နိုင်ပဲ ဆေးကုနေရပြီး ဒလောရပ်စ်က အဝတ်လျှော်ကျွေးနေရပါတယ်။ ထန်လွန်းတဲ့ ဒလောရပ်စ်ဟာ ခင်ပွန်းဖြစ်သူကို ချစ်ရှာပေမယ့် သူ့ရဲ့တဏှာမီးကိုတော့ တောင်တက်ဖို့လာတဲ့ ခရီးသွားတွေကိုမြူဆွယ်ဖြားယောင်းပြီး ငြှိမ်းသတ်လေ့ရှိပါတယ်။ တစ်နေ့တော့ ခရီးသည်တွေထဲမှာပါလာတဲ့ မြို့သားကိုလူချော PT ဆရာလေးနဲ့ ဒလောရပ်စ်တို့ဟာ တစ်ကြိမ်တစ်ခါမကပဲ သံယောဇဉ်တွယ်မိသွားတဲ့အချိန်မှာတော့ သူတို့သုံးယောက်ကြားမှာ အမှန်နဲ့အမှားတွေ၊ အဆိုးနဲ့အကောင်းတွေကြားရွေးချယ်စရာတွေဖြစ်လာပါတော့တယ်။ မတွေ့ရတာကြာတဲ့ မမ Rob Guinto ရဲ့ကားသစ်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.7 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:25:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Drama • History
7.8 2025 85 mins
[18+] Ligaw
Pulung Gantung: Pati Ngendat
4.7

Pulung Gantung: Pati Ngendat (2025) IMDb Rating (4.7) ပူလန်ဂန်တွန် ဆိုတာ အင်ဒိုနီးရှားနိုင်ငံ ဂူနန်ကီဒူးလ်ဒေသရဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်ပြီး အောက်လမ်းအတတ် ဒါမှမဟုတ် မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုကိုခေါ်ဆိုတာဖြစ်ပါတယ်။ သူဟာ မီးဘောလုံးကြီးအသွင်ကိုဆောင်ပြီးတော့ ပစ်မှတ်တွေကို တိုက်ခိုက်တတ်ပါတယ်။ သူ့အတိုက်အခိုက်ကိုခံရတဲ့သူဟာ မကောင်းတဲ့ခံစားချက်တွေ စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်ပေါ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေကြရတော့တာပါ။ ရိုင်ယန်ဆိုတဲ့ လူငယ်လေးတစ်ဦးဆီကို အမည်မသိဖုန်းတစ်ကောလ်ဝင်လာခဲ့ပြီး ဆယ်နှစ်ကျော်ဝေးကွာနေခဲ့တဲ့ သူ့ဖခင်ဟာနယ်ဝေးမှာသေဆုံးသွားခဲ့ပြီဆိုတာကိုသိလိုက်ရပါတယ်။ သူ့အဖေက သူ့အတွက် ပစ္စည်းတစ်ခုချန်ထားခဲ့တယ်ဆိုတာလည်းသိရတဲ့အတွက် သိချင်စိတ်ကြောင့်ရော ဖခင်ဖြစ်သူကိုနောက်ဆုံးတစ်ကြိမ်မြင်ချင်တာကြောင့်ပါ ရိုင်ယန်နဲ့သူငယ်ချင်းသုံးယောက်တို့ သူ့ရဲ့မွေးရပ်ရွာကိုထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ဟာ ရွာမှာ ပူလန်ဂန်တွန် အကြီးအကျယ်သောင်းကျန်းနေတဲ့အချိန်ဖြစ်ပြီးသူ့ဖခင်သေဆုံးမှုဟာလည်း ပူလန်ဂန်တွန် လက်ချက်ဆိုတာသိလိုက်ရပါတယ်။ အဲ့ဒါတွေအပြင် ရိုင်ယန့်ချစ်သူ အာလာနာပါ ပူလန်ဂန်တွန် ရဲ့သားကောင်ဖြစ်သွားတဲ့နောက်မှာတော့သူတို့တစ်သိုက်ဟာ ပူလန်ဂန်တွန် ကိုတားဖို့၊ ကျိန်စာကိုဖျက်ဆီးဖို့ ဒီဖြစ်ရပ်တွေရဲ့အရင်းခံရာ နောက်ကြောင်းနဲ့နည်းလမ်းတွေကို ရှာဖွေကြရပုံတွေကိုထိတ်လန့်သည်းဖိုရှုစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.3 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:30:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Comedy • Romance
4.7 2025 91 mins
Pulung Gantung: Pati Ngendat