YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Anatomy.Of.A.Scandal.S01E04.1080p.CM.mp4

627 MB N/A video/mp4 373 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Dark Knight
8.5

IMDb Rating 9.0/10 မှာ ဗိုလ်စွဲထားတုန်းပါပဲ။ ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။ The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel Schumacher ရဲ့ ကလေးကြိုက် Batman Forever နဲ့ ဘယ်သူမှမကြိုက်တဲ့ Batman & Robin (၁၉၉၇မှာထွက်ခဲ့ပြီး Batman ကို ရုပ်ရှင် လောက ကနေ ခဏတာကွယ်ပျောက်သွားစေပါတယ်။) ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာ Batman Begins နဲ့အတူ Batman နဲ့ Comic Book ရုပ်ရှင်တွေ ရုပ်ရှင်လောကကိုတကျော့ပြန် ဝင်လာခဲ့ပြီး ၂၀၀၈ ခုနှစ် ရဲ့ The Dark Knight ကတော့ ဘယ်သူမှမငြင်းပယ်နိုင်တဲ့ အကောင်းဆုံး Batman ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Batman Begins မှာ Gotham မြို့ကို ကယ်တင်ခဲ့ပြီးတဲ့နောက်မှာ Batman/Bruce Wayne အနေနဲ့ သူ့ရဲ့ အဆိုးဝါးဆုံး ရန်သူ ဖြစ်တဲ့ Joker နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ The Dark Knight ကားက Joker နဲ့ Batman ကို တမူထူးခြားတဲ့ ရှု့ထောင့်ကနေတင်ဆက်ထားပြီးတော့၊ Joker အဖြစ်သရုပ်ဆောင်တဲ့ Heath Ledger ကလည်း၊ လူတကာကို ဒုက္ခပေးဖို့က လွဲရင်၊ ဖျက်လိုဖျက်ဆီးလုပ်ဖို့ကလွဲရင် ဘာကိုမှ မလိုချင်တဲ့ ဇာတ်ရုပ်အဖြစ် ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ Joker က ပိုက်ဆံ၊ အာဏာ၊ ရာထူး ဘာကိုမှ မမက်ပဲ၊ ဖျက်လိုဖျက်ဆီးလုပ် ဖို့နဲ့ Gotham မြို့တစ်မြို့လုံးကို သူလိုပဲ လူဆိုး လူရမ်းကားတွေဖြစ် လာအောင် လုပ်ဖု့ိ ရည်ရွယ်ချက်နဲ့ လုပ်နေတာတွေကို တားဆီးဖို့ Batman အနေနဲ့ လုပ်ရိုးလုပ်စဉ် ထဲက နေခွဲထွက်ပြီး Joker ကို ဖမ်းဖို့ကြိုးစားရပုံကို တကယ့် စုံထောက်ကား ကောင်းတစ်ကား အနေနဲ့ တင်ဆက်ထားပါတယ်။ Batman ရဲ့ Character မိတ်ဆက်ထဲမှာ ပြောထားသလိုပဲ Batman က Comic Hero တွေအားလုံးထဲမှာ The World Greatest Detective ဆိုတဲ့ ဘွဲ့ကိုရထားတဲ့ အတိုင်း ဒီကားမှာ သူ့ရဲ့ စုံထောက် စွမ်းရည်၊ ဉာဏ်ရည်ဉာဏ်သွေး သာမက သူ့ရဲ့ တိုက်ရည်ခိုက်ရည်၊ စွန့်လွှတ်စွန့်စား နိုင်မှုတွေ ကိုပါ ပရိတ်သတ် ကြီး ကြည့်ရှုခံစားနိုင်မှာပါ။ ဒါ့အပြင် ဒီကားမှာ အဓိကသရုပ်ဆောင် Christian Bale ရဲ့ ပြီးပြည့်စုံတဲ့ Batman သရုပ်ဖော်မှု၊ ဒါရိုက်တာ ရဲ့ ရိုက်ကူးတင်ဆက်မှု၊ ထူးခြားတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံ၊ နက်နဲတဲ့ ဇာတ်အိမ်တည်ဆောက်မှုတွေနဲ့ ကွင်းဆက်မိမိ တက်ဆက်ထားနိုင်မှုတွေထက် ပိုပြီး ပြောစရာတစ်ခုရှိပါတယ်။ ဒါကတော့ Heath Ledger ရဲ့ နောက်ဆုံး သရုပ်ဆောင်မှုလည်းဖြစ်သလို အကောင်းဆုံး ဇာတ်ကောင်လည်းဖြစ်တဲ့ Joker ပါ။ Heath Ledger ရဲ့ The Joker က တကမ္ဘာလုံးက ပရိတ်သတ်တွေကို တုန်လှုပ်စေခဲ့ပြီး၊ ဗီလိန် တွေထဲမှာ ဆရာတစ်ဆူဖြစ်စေခဲ့ပါတယ်။ ဒီကားက Batman ရဲ့အကောင်းဆုံးကားဆိုရင် Joker က အကောင်းဆုံး ဗီလိန် ဖြစ်ပါတယ်။ Heath Ledger လည်း ဒီကားနဲ့ အကယ်ဒမီရခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားပါလို့ပြောလို့ရသလို၊ The Bourne Trilogy ထက်တောင် မှာ ပိုကောင်းတယ်ဆိုရင် ငြင်းမယ့်သူမရှိလောက်ပါဘူး။ ဒီကားက Batman Fan တွေနဲ့ Comic Book ပရိတ်သတ်တွေကို စိတ်ကျေနပ်မှု့အပြည့်အဝပေးနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာ ဟာကွက် အနည်းငယ်ရှိပေမယ့် Batman, Gordon, The Joker နဲ့ Harvey Dent (Two Face) တို့ရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်လမ်းထဲမှာ မျောပါသွားပြီး ၂နာရီခွဲလုံး စိတ်လှုပ်ရှားစွာကြည့်ရမှာဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးနှစ်ယောက်ဖြစ်တဲ့ Michael Caine နဲ့ Morgan Freeman တို့ကလည်း ဇာတ်လမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။ ဒီကားက ကလေးကြိုက် Batman ကားမဟုတ်သလို၊ ဖန်စီ အက်ရှင်ကားမဟုတ်ပါဘူး။ Crime/Action/Drama ကားဖြစ်ပြီး ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။ မကြည့်ရသေးတဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ #Sololay (ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြပါသည်။) 4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။ Batman:The Dark Knight Trilogy ဇာတ်ကား ၃ ကားလုံးကို https://channelmyanmar.org/?s=batman+dark+knight   မှာကြည့်ပါ။ File size…(5.5 GB)/(2.2 GB)/(1.1 GB) Quality….IMAX 4K  HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….02:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Idiot MyoKo

Horror • Thriller
8.5 2008 152 mins
The Dark Knight
Missing
7.5

ဇာတ်လမ်းကို ချုပ်ပြောရရင် အမေပျောက်ရှာပုံတော်ပေါ့ဗျာ။ အဲ့ထက်နည်းနည်းလေးချဲ့ရရင်တော့ ကျွန်တော်တို့ ခေတ်ရဲ့ မြန်နှုန်းမြင့် အင်တာနက်‌တွေ၊ ဆိုရှယ်မီဒီယာတွေဟာ အသုံးပြုသူတွေအပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာကို ချပြထားရင်း ဂျန်ဇီး ဇာတ်လိုက်ဟာ သူသိထားတဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး သူ့မိခင်ကိုဘယ်လိုရှာဖွေမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲလောက်ထိတော့ မရိုးရှင်းနေပါဘူး။ သူသိသမျှမွှေနှောက်ရင်း သူ့အမေရဲ့ အတိတ်၊ သူ့ရဲ့အတိတ်၊ သူ့နားကလူတွေရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိလာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းကလည်း လှည့်ကွက်တွေ ပါသင့်သလောက်ပါတာကြောင့် အဆုံးအထိ မပျင်းပဲ ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ချပြချင်တဲ့ အကြောင်းအရာတွေကို ၂ နာရီ မပြည့်ဘဲ အကုန်ချပြသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thant Bo

Crime
7.5 2023 111 mins
Missing
Downsizing
5.3

သိပ္ပံပညာရှင်တွေဟာ လူ ဦးရေ ထူထပ်မှုပြဿနာကို လူတွေကို ၅ လက်မအရွယ်အစား လောက်ဖြစ်အောင် ချုံ့ပစ်တဲ့အ စီအစဉ်နဲ့ဖြေရှင်းခဲ့ရာမှာ ကြုံရ မယ့် အခြေအနေလေးတွေကို တင်ဆက်ထားတာဖြစ်ပါတယ်။ ပေါလ်နဲ့အော်ဒရေတို့ဟာ ငွေရေးကြေးရေးမပြေလည်မှုတွေ ကြုံ နေရတဲ့ဇနီးမောင်နှံပါ။ ကျောင်းသားဟောင်း စုံညီပွဲတစ်ခုကိုတက် ရင်း ၅ လက်မအရွယ်ချုံ့ထားတဲ့ သူတို့မိတ်ဆွေ ဒေ့ဗ်၊ ကရိုးလ်တို့နဲ့ ဆုံခဲ့ရပါတယ်။ လူဦးရေ ထူထပ် မှုနဲ့ စားနပ်ရိက္ခာပြဿနာကို ဖြေ ရှင်းပြီးသားဖြစ်စေတဲ့ အရွယ်အ စားချုံ့တဲ့ အစီအစဉ်ကို နော်ဝေး သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပြီး လူအတော်များများလည်း ပါဝင်ထားပြီဖြစ်ပါတယ်။ အရွယ်အစားချုံ့တဲ့ အစီအ စဉ်ကို ပေါလ်တစ်ယောက်စိတ် ဝင်စားခဲ့တဲ့အတွက် ဒေ့ဗ်နဲ့ဆွေး နွေးကြည့်ခဲ့ပြီး နောက်မှာတော့ ဆိုဒ်ချုံ့ပြီးရင်မူလအရွယ်အစား ပြန်မရနိုင်တော့မှန်းသိပေမယ့် လူတန်းစေ့နေ ထိုင်စားသောက်နိုင် ဖို့အတွက် တစ်နေ့တစ်နေ့ စိတ် ပူပန်နေရတဲ့ ပေါလ်နဲ့အော်ဒရေ တို့ဟာ ဘဝနေထိုင်မှုပိုကောင်း မယ်လို့ယူဆရတဲ့ ၅ လက်မ ကမ္ဘာထဲကို သွားနေဖို့ဆုံးဖြတ် လိုက်ပါတော့တယ်။ ဒီလိုနဲ့နှစ်ယောက်သား စိတ်ပိုင်းဖြတ်ကာ ဆိုဒ်ချုံ့တဲ့ဌာနကို သွားခဲ့ပြီး ဘဝအပြောင်းအလဲကို စတင်ခဲ့ပါတယ်။ တကယ်တော့ အော်ဒရေဟာ နောက်ဆုံးအချိန်ရောက်မှ စိတ်ပြောင်းသွားပြီး ဆိုဒ်မချုံ့ဖြစ်ခဲ့ပေမယ့် ပေါလ်ကတော့ ၅ လက်မလူသားအဖြစ် ပြောင်း သွားခဲ့ပါတယ်။ ၅ လက်မအရွယ်တွေနေတဲ့ကမ္ဘာကို တစ်ကိုယ်တည်း ရောက်သွားခဲ့တဲ့ ပေါလ်တစ် ယောက် ဘယ်လိုအဖြစ်အပျက် တွေနဲ့ကြုံရဦးမှာလဲ၊ အဲဒီကမ္ဘာမှာ ပေါလ်မျှော်လင့်ထားသလို ဘ၀ နေထိုင်မှုပိုကောင်းတဲ့ အနေအထားရှိ နေမှာလားဆိုတာကိုတော့ ပေါလ်ရဲ့ စွန့်စားခန်းအဖြစ်အ ပျက်တွေအနဲ့အတူ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ မက်ဒေမွန်၊ခရစ္စတိုဖာဝေါ့ဇ်၊ ဟုန်ချောင်၊ခရစ္စတန်ဝစ်၊ ဂျေဆင်ဆူဒယ်ကီ စတဲ့သရုပ်ဆောင် တွေပါဝင်ထား ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြပါသည်) File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 15min Format : Mp4 Genre :Comedy, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw

Action • Comedy • Crime • Thriller
5.3 2017 135 mins
Downsizing
Ostrov

လင်မယားနှစ်ယောက်အပန်း‌ဖြေခရီးထွက်ရင်း ခင်ပွန်းဖြစ်သူက ကွာရှင်းပေးဖို့တာင်းဆိုခဲ့ပါတယ်။အဲ့ဒါကြောင့်ဇနီးဖြစ်သူကစိတ် တိုပြီးချက်ချင်းပြန်ကြဖို့ပြောပါတယ်။ ယောကျာ်းဖြစ်သူကလည်း လေယာဉ်မရလို့ ရတဲ့ကုန်တင်လေယာဉ်အစုတ်နဲ့ပြန်ဖို့စီစဉ်လိုက် ရာမှ လေယာဉ်ပျက်ကျပြီးလင်မယားနှစ်ယာက်ကျွန်းတစ်ခုပေါ် သောင်တင်သွားပါတော့တယ်။ အဲတော့ လူသူမရှိတဲ့ကျွန်းပေါ်မှာရန်ဖြစ်ထားကြတဲ့လင်မယား နှစ်ယောက်ဘယ်လိုဖြတ်သန်းကြမလဲ၊ နောက်ပြီးတော့ ဘယ်လို တလွဲတွေလုပ်ကြမလဲ၊ သူတို့နှစ်ယောက်ကြားကသဘောထား ကွဲလွဲမှုတွေကိုဘယ်လိုပြင်ကြမလဲဆိုတာကိုကြည့်ရှုရမဲ့ comedy ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zarni Oo ဖြစ်ပါတယ်) File Size..........(1.67 GB) / (742 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator......Khant Zarni Oo Encoder..........SWM

Action
0 2023 100 mins
Ostrov
We Have Never Been Modern (Usvit)
7

ဇာတ်လမ်းအကျဉ်းကတော့ ဟယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နယ်မြို့လေးတစ်မြို့ကို ခေတ်မီတဲ့စက်မှုမြို့ဖြစ်အောင် ပြောင်းလဲဖို့အားထုတ်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ နယ်မြို့လေးမှာပြောင်းရွှေ့နေထိုင်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း စက်ရုံဒါရိုက်တာတစ်ယောက်၊ ဟယ်လီနာကလည်း ကိုယ်ဝန်လွယ်ထားရပြီ အစစအရာရာ သာယာပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ မထင်မှတ်ထားပဲ လိင်အင်္ဂါနှစ်ခုပါတဲ့ ထူးဆန်းသောမွေးကင်းစက‌လေးအလောင်းကို စက်ရုံဝန်းထဲမှာ တွေ့လိုက်ရပြီးနောက်မှာ ကောလဟာလတွေကို ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ ဆေးပညာနဲ့နီးစပ်ပြီး‌ ဆေးပညာဗဟုသုတကြွယ်ဝတဲ့ ဟယ်လီနာရဲ့ရှင်းပြချက်ကို လက်မခံကြတဲ့အခါ ဟယ်လီနာတစ်ယောက် ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ပတ်ဝန်းကျင်က‌ရော သူ့ရဲ့ဖြေရှင်းချက်ကို လက်ခံပါ့မလား စသည်တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုမှာ ဖြစ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကို အပြိုက်အဆိုင်ခေတ်မီအောင်ကြိုးစားကြပေမယ့် အတွေးအမြင်တွေကို တိုးတက်အောင်မကြိုးစားကြတဲ့ လူအဖွဲ့အစည်းကြီးကိုလည်း We have never been modern ဆိုပြီး သရော်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ File size…(2 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

7 2023
We Have Never Been Modern (Usvit)
Turtles All the Way Down
6.8

John Green ရဲ့ Turtle all the way down ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက် နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoes ဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD) ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကို မြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေး တစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကို အလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။ သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီး တစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့ သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်း လိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်း မေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့ အေဇာရဲ့ OCD ရောဂါပါပဲ ။ အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှု တွေကိုတော့ သေချာလေး မြင်တွေ့ရမယ့်အပြင် အမေနဲ့သမီးရဲ့ ဆက်ဆံရေး ၊ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားက ပဋိပက္ခတွေကိုလည်း ရင်ထဲထိရလောက်တဲ့အထိ ကြည့်ရှု ခံစားရမှာပါ ။ အဆုံးကျရင်တော့ အေဇာရဲ့ အတွေးတိုက်ပွဲမှာ ဘယ်ဘက်က အနိုင်ရမလဲ ။ ဒေးဗစ်နဲ့ရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကတော့ Turtles all the way down ရုပ်ရှင်ရဲ့ Ending လှလှလေးမှာ အတူတူခံစားကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ် ။ File size…3.19GB / 873 MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.8 2024 111 mins
Turtles All the Way Down
Sweeter Than Chocolate

ကမ္ဘာကြီးကိုတည်ဆောက်ထားတဲ့အရာဟာ မေတ္တာတရားပါလို့ ပြောမယ်ဆိုရင် ဒီကမ္ဘာကြီးကို အလှဆင်နေတဲ့အရာဟာ အချစ်ပါပဲ။ ဒီတော့အချစ်ကိုယုံကြည်တဲ့လောကသားတွေပီပီ အချစ်စစ်ဆိုတာကို right personဆိုတဲ့ညာလူကြီးကို တမ်းတကြသည်ပေါ့လေ။ ဒါပေမဲ့ အချစ်စစ်ဟာ မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ ချစ်သူတစ်ရာတွေ့တောင် အချစ်စစ်တစ်ခုတွေ့ဖို့ရာ အင်မတန်ခက်ခဲပါသတဲ့။ How Sweet It is ဆိုတဲ့ ချောကလက်ဆိုင်လေးကတော့ အချစ်စစ်ဆိုတာ ရှာရခက်ပါတယ်ဆိုတဲ့ သဘာဝတရားကြီးကို ဆန့်ကျင်နေပါသတဲ့။ အဘိုးလက်ထက်ကတည်းက စတင်ခဲ့တဲ့ Sweetချောကလက်ဆိုင်က အထူးစပယ်ရှယ် Cupid chocolate ကိုစားလိုက်ရင် ကိုယ့်ရဲ့right person ကိုယ့်ရဲ့true loveကို ရှာတွေ့နိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီရှိနေလို့ပါပဲ။ ဒါကိုမယုံချင်တဲ့ စုံစမ်းစစ်ဆေးရေးသတင်းထောက်လေး ဒင်းချေ့စ်တစ်ယောက် မက်လုံးတစ်ခုကြောင့် ချောကလက်ဆိုင်ကနေ သတင်းယူဖို့ဖြစ်လာတဲ့အခါ… ချောကလက်ဒဏ္ဍာရီကို အဆိုးမြင်နေတဲ့ဒင်းချေ့စ်နဲ့ မြားနတ်‌မောင် ချောကလက်ဖန်တီးရှင်မလေး လူစီဆွိတို့ How Sweet It is ဆိုတဲ့ဆိုင်လေးအကြောင်း သတင်းယူဖို့အတူအလုပ်လုပ်ရင်းနဲ့ cupid chocolate ကြောင့် ဆုံဆည်းခဲ့ရသူတွေကို အတူအင်တာဗျူးကြပါတော့တယ်။ အရာရာကို သိပ္ပံချိန်ခွင်နဲ့တိုင်းတတ်တဲ့ ဒင်းချေ့စ်၊ မှော်ဆန်ဆန် မြားနတ်မောင်ကရူးပစ်ချောကလက်နဲ့ ဒီချောကလက်ဖန်တီးတဲ့ မှော်ပညာရှင်မလေး လူစီဆွိတို့ကြား ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အတူတူရှုစားကြပါဦး။ File size…(1.57 GB)/(816 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

0 2023
Sweeter Than Chocolate
Ground
8

Ground (2024) “ကစားကွင်း” IMDb 8.3 ရထားပြီး ကိန်းခမ်းကြီးကျယ်ရုပ်ရှင်တွေကို ရိုးအီနေတဲ့ ပရိသတ်ကြီးအတွက် လူငယ်တွေဝိုင်းဝန်းဖန်တီးထားတဲ့ ရိုးရှင်းလတ်ဆတ်တဲ့ လက်ရာ – တေလဂူး ဟာသ/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ခရစ်ကတ်ရူးသွပ်ကြတဲ့ သူငယ်ချင်းတစ်သိုက် ကျောင်းပိတ်ရက်တစ်ရက်မှာ ရပ်ကွက်အစွန်က ကစားကွင်းကို ခရစ်ကတ်ဆော့ဖို့ ရောက်လာတယ် သူတို့တင်မကပဲ မိန်းကလေးတစ်ချို့လည်း လာကြည့်ကြရင်း သာမန်တနင်္ဂနွေနေ့ ပျော်စရာအားလပ်ရက်လေးမှာ ပျော်ရမယ်ကြံကာမှ … နောက်ထပ်အဖွဲ့တစ်ဖွဲ့နဲ့ အချင်းများကြလေရဲ့… ဒီလိုကနေ တဆင့်တက်လို့ ဟာရီက လောင်းကြေးနဲ့ဆော့ဖို့ စိန်ခေါ်လိုက်ရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8 2024
Ground
Declaration of War
7

‘ချစ်ခြင်းဖြင့်ဖွဲ့သီသော’ CM ပရိတ်သတ်ကြီးရေ ဇာတ်လမ်းထဲက မိဘတစ်ယောက်ရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှုသူကိုကူးစက်လာအောင်အထိ ရိုက်ပြတဲ့ဇာတ်လမ်းမျိုးမြည်းစမ်းကြည့်လိုပါသလား။ မိဘတွေဟာ သားသမီးအပေါ်ဘယ်လိုပေးဆပ်ကြောင်း မိနစ် ၁၀၀ လောက် ကောင်းကောင်းကြီးတွေ့ကြုံလိုပါသလား။ ဒါဆိုရင်တော့ ဒီရုပ်ရှင်လေးနဲ့ကိုယ်တိုင်ခံစားကြည့်ပါလို့ပြောပါရစေ။ ဇာတ်ကားနာမည်က စစ်ကြေညာစာတမ်းတဲ့ ဒါပေမယ့် ဘယ်စစ်ပွဲမှလည်းမတိုက်သလို သတ်တာပုတ်တာလည်းတစ်ခုမှမပါပါဘူး။ ရှိတ်စပီးယားရဲ့ရိုမီယိုနဲ့ဂျူးလိယက်ဟာ အချစ်အတွက်မိဘတွေကိုစစ်ခင်းခဲ့ကြသလိုပဲ (တင်စားပြောတာဟ) ဒီတစ်ခေါက် IMDB 7 ရရှိထားပြီး ၂၀၁၁ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ထဲက ရိုမီယိုနဲ့ဂျူးလိယက်တို့ဟာလည်း သူတို့သားလေးအတွက် Brain Tumor နဲ့စစ်ခင်းရင်း မေတ္တာဆိုတာဘာလဲနဲ့ သစ္စာတွေ ယုံကြည်မှုတွေဆိုတဲ့ စကားလုံးတွေကိုနောက်ခံတေးဂီတကောင်းကောင်းနဲ့ ဆွတ်ပျံ့ဖွယ်ဖော်ကျူးထားတာကိုရှုစားရမှာပဲဖြစ်ပါတယ်။ တင်ပြပုံကောင်းသလို ပိုပြီးအံ့သြဖို့ကောင်းတာက ဒီရုပ်ရှင်ထဲကမင်းသားမင်းသမီးဟာ အပြင်မှာတကယ့်လင်မယားတွေဖြစ်ပြီး ဒီရုပ်ရှင်ထဲကအဖြစ်အပျက်တွေဟာလည်း တကယ့်လက်တွေ့ဘဝက သူတို့ရဲ့ကင်ဆာရောဂါရှင်သားဦးလေးနဲ့အတူ ဘဝဖြတ်သန်းခဲ့ရပုံဖြစ်ရပ်မှန်တွေကိုရိုက်ပြထားတာဖြစ်ပါတယ်။ ဒီတော့ အများကြီးမညွှန်းတော့ဘူး။ တစ်ခုပဲသတိပေးချင်တာက ပြင်သစ်ရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း အသံက ရုတ်တရက်ဆောင့်ဆောင့်ထွက်လာတတ်တာလေးတစ်ခုပါပဲ။ ကျွန်တော်ကတော့ Alex666 ပါ။ ရှုစားလိုက်ကြပါဦး။ File size…(1.6 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alex666

Thriller • Horror
7 2001 100 mins
Declaration of War
The Abandon

အီရတ်နဲ့ စစ်ပွဲမှာ စစ်တိုက်ရင်း ဒဏ်ရာရသွားတဲ့ စစ်သား Miles Willis တစ်ယောက် အဖြူရောင်အလင်းတန်းကို မြင်ပြီး ထူးဆန်းတဲ့ ကုဗတုံးပုံအခန်းထဲမှာ နိုးလာတယ်။ ကုဗတုံးပုံအခန်းဟာ မြေဆွဲအားအလိုက် ရုတ်တရက် ဦးတည်ချက်တွေပြောင်းလဲတာတွေ၊ အပူချိန်ပြောင်းလဲတာတွေ၊ အခန်းကျဉ်းလာတာတွေကြောင့် Miles တစ်ယောက် သူ့ရဲ့ဒဏ်ရာအခြေအနေ ပိုဆိုးလာခဲ့တယ်။ ဒါ့အပြင် အခန်းနံရံပေါ်မှာလဲ စာလုံးတွေ သင်္ကေတတွေဟာ တစ်ခုပြီးတစ်ခုပေါ်လာပြီး Miles ကို အဖြေရှာလို့မရအောင်ဦးနှောက်ခြောက်စေခဲ့တယ်။ အဲ့သင်္ကေတတွေကရောဘာလဲ။ Miles တစ်ယောက် အခန်းထဲကရော အသက်ရှင်လျက်ထွက်လာနိုင်မှာလားဆိုတာတော့ Thriller/Sci-Fi ကြိုက်တဲ့သူတွေအတွက် The Abandon ဆိုတဲ့ကားလေး အကြိုက်တွေ့စေမှာပါ။ File size…(1.1 GB)/(530 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

0 2022 97 mins
The Abandon
Secret Passion aka Taynoe vlechenie
5.3

Taynoe Vlechenie (2023) CM ပရိသတ်ကြီးအတွက် ရုရှားစကားပြော ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် Veta ဆိုတဲ့ ကောင်မလေးက တစ်ခုခုအသိအမှတ်ပြုခံရဖို့ ကြိုးစားနေသူလေးပဲ ဖြစ်ပါတယ် သရုပ်ဆောင်သင်တန်းမှာ ဆရာသဘောကျတဲ့လူ မဟုတ်ပေမယ့်လည်း ဇွဲတော့မလျှော့ပါဘူး ဘာကိုမှ အလေးအနက်မထားတဲ့လူတွေကြားမှာ အိပ်မက်တစ်ခုကို ယုံယုံကြည်ကြည်ဆက်မက်နေတဲ့သူ သူ့ဘဝအတွက် ပြဇာတ်ရုံက အိပ်မက်ပါပဲ တစ်နေ့မှာ ပိုလန်ကလာတဲ့ ဒါရိုက်တာတစ်ယောက်နဲ့ အမှတ်မထင် ခင်မင်ခဲ့ပြီး သူလိုချင်တာကို ပြောပြတဲ့အခါမှာတော့ … ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အဖော်အချွတ်အနည်းငယ် ပါတဲ့အကြောင်းတော့ ကြိုတင်သတိပေးပါရစေ အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ကပါ

Horror
5.3 2023
Secret Passion aka Taynoe vlechenie
Vattara Vazhakku
7.7

Vattara Vazhaku (2024)’အမုန်းမီးတောက်” ================================ အသစ်ထွက်လာတဲ့ တမီလ်စကားပြော ကျေးလက် အက်ရှင်ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယတောင်ပိုင်းရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတာပါတဲ့။ ဇာတ်လမ်းကတော့.. တမီလ်နာဒူးပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ လုံးဝမတည့်ကြတဲ့ မိသားစုနှစ်ခုရှိတယ်။ သူတို့ဟာ အစတုန်းက ဆွေမျိုးတွေဖြစ်ခဲ့ကြပေမဲ့ ပြဿနာလေးတစ်ခုကနေစပြီး တစောင်းစေးနဲ့ မျက်ချေးလိုမျိုး တွေ့တဲ့နေရာတိုင်းပြိုင်ဆိုင်၊ မနိုင်ရင်ညစ်၊ လစ်ရင်လစ်သလို ဦးတဲ့သူက ခုဝာ်ထစ်နေကြတဲ့အထိ အာဃာတရန်ငြိုးတွေပွားနေခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့မိသားစုနှစ်ခုထဲက အဓိကကျတဲ့ယောက်ျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် မေတ္တာမျှဖို့ဖြစ်လာတဲ့အခါမှာတော့ ရန်ငြိုးတွေကြောင့် အလွမ်းဇာတ်သိမ်းရမှာလား၊ ဒါမှမဟုတ် အချစ်တွေနဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေနိုင်မလားဆိုတာကို တောင်ပိုင်းကျေးလက်အငွေ့အသက်တွေပြည့်နေတဲ့ ဒီရုပ်ရှင်လေးထဲမှာ ပရိသတ်တွေ မြင်တွေ့ခံစားကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.7 2023
Vattara Vazhakku