YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

An.American.Werewolf.in.Paris.1997.720p.BluRay {CM}.mp4

872.61 MB 720p video/mp4 135 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Reality
6.3

Reality (2023) ~ IMDb - 6.6/10, Rotten Tomatoes - 97% ~ ခရမ်းချဉ်သီးပုပ် 97% ရရှိထားတဲ့ ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ဖြစ်ပါတယ်။ ထူးခြားတာကတော့ FBI အေးဂျင့်တွေ လက်တွေ့မှာ အဲဒီအမှုကိုစစ်မေးထားတဲ့ အသံဖမ်းစက်ထဲက စကားတွေအတိုင်း ဒိုင်ယာလော့တွေကို တစ်သဝေမတိမ်း သုံးထားတာပါပဲ။ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပြည်သူတွေဆီဖွင့်ချတဲ့လူတွေကို Whistleblower လို့ခေါ်ပါတယ်။ Snowden ကိစ္စဖြစ်ပြီးကတည်းက အမေရိကန်တွေဟာ Whistleblower တွေကို အတော်လေးကြပ်ကြပ်မတ်မတ် ကိုင်တွယ်လာကြတာပါ။ အခု ဒီရုပ်ရှင်ထဲက လေတပ်ဘာသာပြန်သမားဟောင်း Reality Winner (နာမည်ရင်း) ကလည်း အဲဒီအမှုအတွက် သမိုင်းတစ်လျှောက်အရှည်ကြာဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။ 2016 တုန်းကဖြစ်သွားတဲ့ အချက်အလက်ပေါက်ကြားမှုအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပြီး အဲဒီအချိန်က ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာ‌တဲ့အချိန်မှာ ရွေးကောက်ပွဲကို ရုရှဟက်ကာတွေ ဝင်စွက်ဖက်တယ်ဆိုတဲ့သတင်းတွေကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာ မှတ်မိကြမှာပါ။ တကယ်တမ်းလည်း ရုရှဟက်ကာတွေက စွက်ဖက်ခဲ့တာဖြစ်ပြီး Reality က အဲဒီသက်သေတွေကိုလူထုဆီဖွင့်ချဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့် FBI အေးဂျင့်တွေရဲ့ စစ်မေးပုံကိုတွေ့ရမှာဖြစ်ပြီး ဒီမိုကရေစီဘိုးအေဆိုတဲ့နိုင်ငံကြီးမှာတောင် သတင်းအမှောင်ချတဲ့ကိစ္စတွေရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ Reality Winner နေရာကနေ သရုပ်ဆောင်ထားတာကတော့ Euphoria နဲ့ The White Lotus စီးရီးတွေမှာ အရေးပါတဲ့နေရာတွေကနေပါဝင်ထားတဲ့ Sydney Sweeney ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှန်ရုပ်ရှင်ဟာ ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆု ၂ နေရာအတွက် ဆန်ကာတင်စာရင်းဝင်ထားပြီး ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက်ကောင်းတွေရထားတာကြောင့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 620MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 23Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
6.3 2023 83 mins
Reality
Hard Shell, Soft Shell
7.4

IMDb Rating - 6.3/10 Az က ကမာကောင်မွေးမြူရေးမှာ အလုပ်လုပ်နေတဲ့ ကောင် လေးတစ်ယောက်။ သူက ကမာကောင်အကြောင်း နားလည်ပြီး ကမာကောင်အခွံခွာတာလည်း အရမ်းကျွမ်းကျင်တယ်။ တစ်နေ့ တော့ သူ့ချစ်သူ ကောင်မလေး Jessကို ကမာကောင်ထဲမှာ လက် စွပ်ထည့်ပြီး လက်ထပ်ခွင့်တောင်းတော့တာပေါ့။ ဒါပေမဲ့ ထင် သလိုမဖြစ်ဘဲ ဆော်ပစ်ခံလိုက်ရပါတယ်။ အဲ့အခါ အသည်းကွဲသွားတဲ့ Azကို သူ့သူငယ်ချင်းတွေက ပျော် အောင်ကြိုးစားပေးမယ်ဆိုပြီး ဝင်နှောင့်ယှက်တော့တာပဲ။ ဒီဇာတ်လမ်းက ဆော်ပစ်ခံလိုက်ရတဲ့ Azတစ်ယောက် ​ကွဲနေတဲ့ ဒဏ်ရာကို ပြန်ကျက်ဖို့ကြိုးစားရင်း နောက်ထပ်အချစ်ကို တွေ့ မလား သူ့ကိုပစ်သွားတဲ့ Exကိုပြန်တွဲပြီး နွားဖြစ်ခံမလားဆိုတာကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့်  ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်....။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.74 GB) / (700 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Thwal Htoo Zin Encoder..........SWM

7.4 2021 99 mins
Hard Shell, Soft Shell
Bitch Ass
3.3

ဆီဆယ်က ခပ်တုံးတုံးလူဝကြီး ဖြစ်လို့ "ငကြောက်ကောင်" ရယ်လို့ ငယ်ငယ်ကကျောင်းမှာ စနောက်ခံခဲ့ရပြီး အနိုင်ကျင့်ခံခဲ့ရသူပါ။ အဲဒီထဲမှာ အခုအချိန်မှာ ဆဌမလမ်းလူမိုက်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်နေတဲ့ စပိတ်က ထိပ်ဆုံးကဖြစ်ပါတယ်။ စပိတ်က ခွမ်တင်အပါအဝင် ဂိုဏ်းကိုစဝင်ခါစ လူငယ်သုံးယောက်ကို ဆီဆယ့်အဘွားဆုံးသွားလို့ အခု ဆီဆယ် တစ်ယောက်တည်း နေနေတဲ့အိမ်ကို ဓားပြဝင်တိုက်ဖို့ တာဝန်ပေးလိုက်ပါတယ်။ လွယ်လွယ်ပြီးပြတ်မဲ့ကိစ္စလို့တွက်ပြီး လူသစ်တွေကို လွှတ်လိုက်ပေမဲ့ သူတို့မသိတာက အဲဒီ့အိမ်ကနေ စောင့်ကြိုနေတဲ့ အန္တရာယ်တွေပါပဲ။ ပစ္စည်းတွေယူဖို့နေနေသာသာ လူသစ်တွေက မျက်နှာဖုံးစွပ်ထားတဲ့လူသတ်သမားတစ်ဦးနဲ့ ထိပ်တိုက်တိုးပြီး ရှုံးနိမ့်တာနဲ့ အသတ်ခံရမဲ့ ဂိမ်းတွေကို အသက်နဲ့ရင်းလို့ကစားနေရပါတယ်။ အဲဒီ့အချိန်မှာပဲ ခွမ်တင့်ကို စိတ်ပူလို့ စပိတ်နဲ့အတူ ဆီဆယ့်အိမ်ကို ရောက်လာခဲ့တဲ့ ခွမ်တင့်အမေတို့အဖွဲ့ရော ကံကောင်းနိုင်မလား၊ ခွမ်တင်အပါအဝင် လူသစ်တွေအဖွဲ့ အသက်ရှင်နိုင်မလား၊ အပြင်လူတွေသာမက အဘွားရဲ့ အနှိပ်စက်ခံ သနားစရာလူဝကြီး ဆီဆယ်ရော ဘာတွေဖြစ်သွားလဲ၊ မျက်နှာဖုံးစွပ်နဲ့လူသတ်သမားက ဘယ်သူလဲ ဆိုတာတွေကို ဟာသအနည်းငယ်၊ သွေးသံရဲရဲဇာတ်ဝင်ခန်းများနဲ့ အချိတ်အဆက်မိမိ ဇာတ်အလှည့်အပြောင်း အချိုးအကွေ့တွေကို ကြည့်ရှုခံစားရမှာပါ။ File size…716MB  / 322MB Quality…1080p WEB DL  / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nana Yuni

Horror
3.3 2022 83 mins
Bitch Ass
Losing Addison
8

ဇာတ်လမ်းကို Les ကတရားခွင်မှာလူသတ်မှုနဲ့စစ်မေးခံနေရတာနဲ့အစပျိုးထားတယ်။ သူ့ရဲ့ခေါင်းကိုထိခိုက်ထားပြီး မှတ်ဉာဏ်တွေကပျောက်ဆုံးနေတယ်။ ဒါပေမဲ့ သူ့ရဲ့အမွှာညီ Addison ကပျောက်နေခဲ့ပြီး သူဘယ်လိုမှစဥ်းစားလို့မရရာကနေ တစ်စတစ်စနဲ့ မှတ်ဉာဏ်တွေ၊ သူနဲ့ သူ့အမွှာညီလေးနဲ့ကြားထဲက ချည်နှောင်ထားတဲ့ကြိုးတစ်ခုကို ဒီဇာတ်လမ်းမှာ ကောင်းကောင်းပျိုးသွားပြီး ကြည့်ရတဲ့လူကို အဆုံးမှာဘာဖြစ်မလဲ၊ အဖြေကဘာလဲသိချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ Mystery, Thriller ဆိုတဲ့ Genreကို သဘောကျသူတွေအဖို့ ဒီကားကအချိန်ပေးရကျိုးနပ်မယ့် ဇာတ်လမ်းတစ်ခုလို့ပြောနိုင်တဲ့အတွက် ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။ ထပ်ဆောင်းအနေနဲ့ ဒီဇာတ်လမ်းက 2011 မှာထုတ်ဝေထားတဲ့ နာမည်ကြီးစာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ Losing Addison ကို Adaption လုပ်ထားတဲ့ဇာတ်ကားပါ။ ထူးခြားတာက အမွှာဆိုသော်ငြားလည်း အသွင်ပြင်နဲ့အမူအကျင့်ဗီဇတွေပါကွဲပြားနေတဲ့ အက်ဒီဆန်နဲ့ လက်စ်နှစ်ယောက်က မွေးကတည်းက တူတူစားတူတူသွားနေခဲ့တဲ့အတွက် နှစ်ယောက်ကြားထဲက ထူးခြားတဲ့ Bond လေးတစ်ခုကို ဒီဇာတ်လမ်းမှာ သေချာပေါက်မြင်ကြရမယ်။ သူတို့အဖေနဲ့အမေက ခွဲခြားဆက်ဆံခဲ့ပေမဲ့ လောင်းရိပ်လွတ်သွားချိန်မှာလည်း အမုန်းမပွား ဆက်ချစ်နေကြတဲ့ ညီအကိုနှစ်ယောက်သံယောဇဥ်ဟာ ခွဲမရအောင်ခိုင်မြဲနေကြောင်း သိသိသာသာတွေ့ကြရမယ်ပေါ့။ အဲဒီကနေ ဘယ်လိုဖြစ်ပြီးဒီလိုဖြစ်သွားလဲ၊ အက်ဒီဆန်ကကော ဘယ်ပျောက်သွားလဲ၊ မှတ်ဉာဏ်တွေအကုန်ပေါ်လာပြီး အဖြစ်မှန်ကိုသိသွားမလား ဆိုတာတွေကို စူးစမ်းချင်စိတ်ဖြစ်လာအောင်လုပ်ပြီး ထိုင်ရာကမထချင်အောင် ခေါ်သွားနိုင်မယ့်ဇာတ်ကားကောင်းတစ်ကားမို့ အချိန်မဆွဲပဲကြည့်ကြဖို့ ထပ်မံတိုက်တွန်းပါရစေခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Tissue မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 705MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Tissue Encoded by Y

Action • Science Fiction
8 2022 90 mins
Losing Addison
Drunk Bus
5.5

IMDb Rating - 6.2/10 2020 ကထွက်ရှိခဲ့တဲ့ drama, comedy ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ မိုက်ကယ်ဆိုတဲ့ကောင်လေးက ကျောင်းပြီးလို့ ဘွဲ့ရသွားပေမယ့် လမ်းပျောက်နေတဲ့သူတစ်ယောက်ပါ။ ဓာတ်ပုံပညာကို အလွန်ဝါသနာ ပါခဲ့ပေမယ့် သူနဲ့ငါးနှစ်တွဲခဲ့တဲ့ချစ်သူအေမီ သူ့ကိုထားသွားပြီးနောက် မှာတော့ ပျက်နေတဲ့ကင်မရာကိုတောင် မပြင်တော့ပဲ ဘဝကို ပျင်းရိ ငြီးငွေ့စွာ တက္ကသိုလ်ကြိုပို့ကားမောင်းရင်း ရှင်သန်နေသူတစ်ဦးပေါ့။ ကြင်နာတတ်ပေမယ့် နည်းနည်းကြောက်တတ်တဲ့သူကို အနိုင်ကျင့် စော်ကားသူတွေလည်း ရှိပြန်လေရဲ့… ဒီလိုနဲ့ သူ တစ်နေ့ ကျောင်းသားတစ်ယောက်ရဲ့ထိုးကြိတ်တာကို ခံလိုက် ရပြီးနောက် ကားကုမ္ပဏီက သူ့လုံခြုံရေးအတွက် ဘော်ဒီဂတ်သဘောမျိုး လူတစ်ယောက်ခန့်ပေးခဲ့ပါတယ်။ ထူးခြားတာက အဲဒီလူကြီးဟာ တစ်ကိုယ်လုံး ဆေးမင်ကြောင်တွေနဲ့ပြည့်နေပြီး နာမည်ကလည်း နာနတ်သီးဆိုပဲ… သူနဲ့ နာနတ်သီး ခင်မင်သွားကြပြီး နာနတ်သီးက သူ ဘဝမှာ မလုပ်ရဲ မလုပ်ဝံ့ ခဲ့တာတွေကို တွန်းအားပေးလာခဲ့ချိန်မှာတော့… Fun fact အနေနဲ့ပြောရရင် နာနတ်သီးရဲ့ အပြင်နာမည်ကလည်း နာနတ်သီးပါပဲတဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Myat Thu ဖြစ်ပါတယ်) File Size - (1.14 GB) / (504 MB) / (333 MB) Quality – BluRay 1080p / 720p/480p Duration - 1h 41mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama Translator – May Myat Thu Encoder – SWM

Drama • Romance • War
5.5 2021 101 mins
Drunk Bus
Marooned Awakening
6.5

Marooned Awakening (2022) ဒီကားလေးက ဗြိတိန် Psychological Mystery Thriller အမျိုးအစားကားလေးဖြစ်ပါတယ်။ IMDb Rating အနေနဲ့ 6.8/10 ရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ဆုအနေနဲ့ဆိုရင် ဆုနှစ်ဆုဆွတ်ခူးထားပြီး Nomi တစ်ခု၀င်ထားပါသေးတယ်။ အဲလက်စ်ဆိုတဲ့ကောင်လေးက သူနေတဲ့ကျွန်းကနေထွက်ပြီး ကျွန်းမကြီးမှာ ဂျာနယ်လစ်အဖြစ်နဲ့အလုပ်လုပ်ချင်နေတဲ့သူပါ။ တစ်နေ့တော့ ကံကြမ္မာက မျက်နှာ‌သာပေးလာလို့ အလုပ်ကမ်းလှမ်းခံရပေမဲ့ အလုပ်ကိုရဖို့အတွက်ဆိုရင် ဇာတ်လမ်းကောင်းကောင်းတစ်ပုဒ်လည်းလိုအပ်ပါတယ်တဲ့။ အဲဒါအပြင် အဲလက်စ်ရဲ့အဖေကလည်း သားဖြစ်သူကို ကျွန်းကနေမထွက်သွားစေချင်ပါဘူး။ ဆိုတော့ အဲလက်စ်တစ်ယောက်အနေနဲ့ နောက်ဆုံးမှာဇာတ်လမ်းကောင်းတစ်ပုဒ်ရှာနိုင်မသွားမလား… ကျွန်းကနေထွက်သွားနိုင်မလား… ကြည့်ရတာ မွန်းမွန်းကျပ်ကျပ်နဲ့ စိတ်၀င်စားဖို့ကောင်းပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 550MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 15Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Horror • Thriller
6.5 2022
Marooned Awakening
Stunning Bodyguard
5.8

ရှန်ဟိုင်းဂျက်မကားကောင်းလေးတစ်ကား CMကနေတင်ဆက်ပေးလိုက်ပါတယ်။ အင်အားစုတွေအများကြီးကွဲနေပြီး ဘိန်းကြီးစိုးနေတဲ့ခေတ်ပျက်ကြီးမှာ ဆေးပညာပါရမီရှင်လူငယ်လေးတစ်ယောက်ရှိပါတယ်။ ဒီလူငယ်လေးဟာ အကိုက်အခဲပျောက်ဆေးတီထွင်ဖို့ကြိုးစားနေပါတယ်။ မသမာသူတွေက သူ့ဆေးရဲ့ဖော်မြူလာကို နည်းနည်းပြုပြင်လိုက်ရင် ဘိန်းအစားထိုးလို့ရမယ့် မူးယစ်ဆေးတစ်ခုကိုဖော်စပ်လို့ရတယ်ဆိုတာ သိသွားတဲ့အချိန်မှာ ပါရမီရှင်လေးနဲ့ သူ့ရဲ့ဆေးဖော်မြူလာကိုလုယူဖို့ကြိုးစားပါတော့တယ်။ အလင်းအမှောင်အဖွဲ့အစည်းနှစ်မျိုးလုံးကဒီဆေးကိုတပ်မက်နေပြီးတော့ ပြေးစရာမြေမရှိဖြစ်နေတဲ့အချိန်မှာ ဂျက်မ(၃)ယောက်ဟာ တရားသောဘက်ကနေပြီး အစွမ်းကုန် ပါဝင်တိုက်ခိုက်သွားပါတယ်။ လောကကြီးကိုဒုက္ခပေးမယ့် မူးယစ်ဆေးထုတ်ဖော်ရေးကိုတားနိုင်ဖို့အတွက် ဘာတွေပေးဆပ်လိုက်ရမလဲ…… လောကကြီးကို မူးယစ်ဆေးရန်ကနေတကယ်ကယ်တင်နိုင်ပါ့မလား……

5.8 2017
Stunning Bodyguard
Priscilla
7

Priscilla (2023) ~ IMDb – 7/10, RT – 82%, Meta – 78% ~ ဖရန်စစ်ဖို့ဒ်ကော်ပိုလာကြီးကတော့ ၂၀၁၁ကတည်းက ဘာကားမှမထွက်ဘဲ ၂၀၁၉လောက်ကမှ Megalopolis ဆိုတဲ့ ရုပ်ရှင်အသစ်အကြောင်းထအော် သူဒီကားအတွက် ဇာတ်ညွှန်းရေးနေတာ ၁၉၈၀ကတည်းက ဖြစ်ကြောင်း ထအော်ပြီး ပျောက်သွားလောက်တာ အခု ၂၀၂၄ စတော့မယ့်အထိ ပြန်ကိုပေါ်မလာသေးပါဘူး။ Megalopolis ဆိုလည်း ရိုက်ကူးပြီးစီးပြီတော့ကြားပေမဲ့ အခုထိ ပိုစတာတောင် မလာသေးပါဘူး။ ရိုက်ကွင်းမှာလည်း ကော်ပိုလာထုံးစံအတိုင်း တော်တော်ကသောင်းကနင်းဖြစ်ခဲ့တယ်တော့ ကြားထားတာပါပဲ။ သူ့သမီး ဆိုဖီယာကော်ပိုလာကတော့ ၃နှစ်တစ်ကားဆိုသလို ပုံမှန်ရိုက်နေကျအတိုင်း ဒီနှစ်မှာ Priscilla နဲ့ ပြန်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါတော့ A24 က ဖြန့်ဝေပေးထားပါတယ်။ ၁၉၈၅မှာ Elvis Presley ရဲ့မိန်းမ Priscilla Presley က “Elvis and Me” ဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပြီး အဲဗစ်နဲ့ သူ့အကြောင်းကို ရေးသားခဲ့ဖူးတယ်။ ၂၀၂၂ မှာတော့ ဆိုဖီယာကော်ပိုလာက ဒါကို ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ ကြေညာခဲ့တယ်။ ဆိုဖီကာကော်ပိုလာဟာ ဒီစာအုပ်ကို ဖတ်ပြီး တော်တော်လေးထိသွားခဲ့တယ်တော့ ဆိုပါတယ်။ ဘယ်လိုထိသွားသလဲတော့ မသိဘူးပေါ့။ ဒီကားဟာ ပရက်စလေ ဘိုင်အိုဂရပ်ဖီကားတစ်ကားလို့ပြောလို့ရပေမဲ့ Baz Luhrmann ရဲ့ Elvis (2022) နဲ့ ဆန့်ကျင်စွာပဲ ဒီရုပ်ရှင်မှာ အဲဗစ်ရဲ့အောင်မြင်ခဲ့တဲ့ဘဝအကြောင်း သေချာထည့်သွင်းပြသသွားတာမျိုးမရှိဘူး။ အဲဗစ်ရဲ့ စိတ်အမှောင်ဘက်ခြမ်းကို ပိုအသားပေးပြသွားတယ်။ ဆိုဖီကာကော်ပိုလာဟာ သူတို့၂ယောက်ဆက်ဆံရေးထဲကမှ Priscilla ရဲ့ဘက်ကို ပိုပြသချင်ခဲ့ပြီး Priscilla ကို အဲဗစ်က ရုပ်ပိုင်း စိတ်ပိုင်း အနိုင်ကျင့်ခဲ့တာတွေကို ပေါ်လွင်အောင် ပြသချင်ခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ဆိုဖီယာဟာ အဲဗစ်ကို အရမ်းဆိုးဆိုးရွားရွားကြီးတော့ ပြမထားဘူး။ ဒါပေမဲ့လည်း အဲဗစ်ရဲ့သမီးကတော့ သူ့အဖေအကြောင်း ဒီလိုပြသတဲ့ရုပ်ရှင်ကို သဘောမကျခဲ့သလို သူ့အမေဘက်ကမြင်တဲ့ သူ့အဖေအပေါ်အမြင်အကြောင်းလည်း သူစိတ်မဝင်စားဘူးလို့ဆိုခဲ့တယ်။ ဇာတ်ကတော့ အဲဗစ်ကို အမေရိကန်စစ်တပ်က ဂျာမနီမှာ မထမ်းမနေရ စစ်မှုထမ်းခိုင်းတဲ့အချိန်မှာစထားတယ်။ ဒီအချိန်မှာ သူအဆိုတော်အနေနဲ့ တော်တော်လေး အောင်မြင်ပြီးနေပြီ။ တစ်ရပ်တကျေးမှာပဲ ဂျာမနီကို တာဝန်ကျတဲ့ ဗိုလ်မှူးတစ်ယောက်ရဲ့သမီး Priscilla နဲ့တွေ့ပြီး သူချစ်ကျွမ်းဝင်မိခဲ့တယ်။ ပြဿနာကတော့ သူတို့စတွေ့တဲ့အချိန်မှာ Priscilla အသက်က ၁၅နှစ်ပဲရှိသေးတယ်။ ကလေးမလေးကို အဲဗစ်က ကြွေဆင်းသွားခဲ့သလို သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ အဲဗစ်ရဲ့ အရှိန်အဝါကိုလည်း ကလေးမလေးက မလွန်ဆန်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ၁၅နှစ်ကလေးနဲ့ နာမည်ကျော်အဆိုတော်ကြီးတို့ရဲ့ ဇာတ်လမ်းလေးစခဲ့တယ်။ အဲဒီဇာတ်လမ်းကနေမှ Priscilla အတွက် အဲဗစ်နဲ့ပတ်သက်ပြီး ကြုံခဲ့ရတာတွေကို ဆိုဖီယာကော်ပိုလာက ဆက်တင်ပြသွားတယ်။ ပြောရရင် ဒီရုပ်ရှင်မှာ အဲဗစ် နဲ့ Priscilla တို့ရဲ့ အိမ်ထောင်ရေး ဇာတ်လမ်းကို စဆုံးတင်ပြထားတယ်။ အဲဗစ်အဖြစ် ဆိုဖီယာရွေးထားတာက Jacob Elordi… သူ့အဆိုအရတော့ အဲဗစ်နဲ့ တူတဲ့ သရုပ်ဆောင်မျိုးရှိမှာမဟုတ်ပေမဲ့ ဂျက်ကော့ကလည်း အဲဗစ်လို ညှို့ဓာတ်ရှိပြီး မိန်းကလေးတွေသည်းသည်းလှုပ်သဘောကျခံရတဲ့သူမို့ သူရွေးခဲ့တာဆိုတယ်။ Priscilla ရဲ့ ၁၅နှစ်ကနေ ၂၇နှစ်အထိအပိုင်းအခြားကို သရုပ်ဆောင်ရမှာက Cailee Spaeny… သူလည်း ကောင်းခဲ့ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူ မင်းသမီးဆုဆန်ခါတင်ဝင်ထားသေးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကတော့ Priscilla ဟာ “Lost in Translation” နောက်ပိုင်း ဆိုဖီယာကော်ပိုလာရဲ့အကောင်းဆုံးကားလို့ ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူ့အဖေကြီး ဖရန်စစ်ရဲ့ကား ဘယ်တော့ဘယ်ဆီမှ ထွက်မယ်မှန်းလည်းမသိနိုင်တော့ ဘာမှမဆိုင်ပေမဲ့ အဆာပြေ ဆိုဖီယာကော်ပိုလာရဲ့ကားလေးကြည့်ရင်းပဲ စောင့်လိုက်ကြတာပေါ့။ ဆိုဖီယာကော်ပိုလာဟာ ဒီရုပ်ရှင်ကို သူ့ဝသီအတိုင်း အမျိုးသမီးဆန်တဲ့ အမြင်နဲ့ အသက်သွင်းသွားခဲ့တယ်။ ထူးတာကတော့ အဲဗစ်ပရက်စလေရဲ့ ဘိုင်အိုကားလို့ပြောလို့ရပေမဲ့ အဲဗစ်သီချင်းတွေမပါဘဲ ဆိုဖီယာ့ယောက်ျားနဲ့ သူ့ဝိုင်းတော်သားတွေက ဒီရုပ်ရှင်ရဲ့ သီချင်းတွေကို ဖန်တီးပေးထားတယ်။ အောင်မြင်တဲ့ယောက်ျားတွေအကြောင်း ကျွန်တော်တို့ အလုံအလောက်နီးပါးကြည့်ပြီးပါပြီ။ ဆိုဖီယာကော်ပိုလာကတော့ အဲဒီအောင်မြင်တဲ့ယောက်ျားတွေထဲက တစ်ယောက်ဒဏ်ကိုခံခဲ့ရတဲ့ မိန်းမတစ်ယောက်အကြောင်းကို ကျွန်တော်တို့ကို ပြသသွားခဲ့တယ်။ Priscilla ကို ဆိုဖီယာကော်ပိုလာရဲ့ လျှပ်ပြေးဖော်ပြတဲ့ပုံစံအတိုင်းပဲ တင်ပြထားတာမို့ သူ့တင်ဆက်ဟန်ကို သဘောကျတဲ့လူတွေ‌တော့ ကြိုက်ကြမှာပေမဲ့ အားလုံးတော့ ကြိုက်ကြမယ်မထင်ဘူး။ ဒါပေမဲ့လည်း အော်စကာမှာ တစ်နေရာရာက ဝင်ကောင်းဝင်နိုင်တဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်အမြင်တော့ အဲဗစ်ကို ဆိုဖီယာ ပုံဖော်သွားတဲ့ပုံစံက နားလည်ပေးလို့ရသလို သိပ်အဆိုးကြီးတော့လည်း မဟုတ်တာမို့ အဲဗစ်ဖန်တွေလည်း ကြည့်လို့အဆင်ပြေမှာပါပဲ။ Priscilla ရဲ့ တစ်ထောင့်မှာ အချစ်နဲ့အောင်မြင်ခြင်းဟာ ဘယ်တော့မှ ထပ်တူမကျနိုင်တဲ့အကြောင်းတွေကိုလည်း ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ Priscilla Presley အချစ်ဆိုတာ နတ်ပြည်နဲ့ငရဲလက်တွဲထားတဲ့ ကမ္ဘာပဲ Priscilla ရေ မင်းရင်ခုန်ခဲ့တဲ့အချစ်ဟာ မင်းကိုနာကျင်စေခဲ့ပြီ အသက်ရှင်ခြင်းကလည်း ဘယ်လောက်ချစ်နိုင်ခဲ့သလဲ ဘုရားသခင်ပေးတဲ့ ကဗျာပဲ။ ။ ~ သုခမိန်လှိုင် P.S – Special thanks to Sayar Thukhamein Hlaing who wrote this poem exclusively for Channel Myanmar… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4.06GB, 2.15GB, 810MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 53Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

Action
7 2023
Priscilla
The Angry Black Girl and Her Monster
5.4

ဗကေးရီးယားဆိုတာ အသက် ၅ နှစ်သားထဲက အမေကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ မောင်လေး ခရစ်စ်ကလည်း မကောင်းတဲ့လူတွေနဲ့ပတ်သက်မိပြီး အသက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဗကေးရီးယားမှာ မှတ်ယူထားတာတစ်ခုရှိတယ်။အဲဒါကတော့ သေခြင်းတရားဆိုတာရောဂါတစ်မျိုးပဲ။ ရောဂါဆိုရင်ကုသလို့ရရမယ်။ သေခြင်းကိုကုသချင်တဲ့ ဗကေးရီးယားဆိုတဲ့ဆယ်​ကျော်သက်ကောင်မလေးရဲ့အကြံက တကယ်ပဲအလုပ်ဖြစ်ပါ့မလား။ ရုပ်ရှင်ခေါင်းစဉ်မှာ ဒေါသထွက်နေသော လူမည်းကောင်မလေးနှင့်သူမ​၏ မကောင်းဆိုးဝါး ဆိုတာမလို့ မကောင်းဆိုးဝါးတွေရောပါလာဦးမှာလား…. File size…(2.1 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

5.4 2023
The Angry Black Girl and Her Monster
Feast

ဒီဖိလစ်ပိုင်မှုခင်းဇာတ်ကားလေးကတော့ ကားတိုက်ပြေးမှုတစ်ခုကြောင့် မိသားစုနှစ်ခုကြား ပတ်သက်ဆက်နွယ်ဖို့ ရှိလာတာကို အခြေခံရိုက်ကူးထားပါတယ် ချမ်းသာတဲ့မိသားစုက သားဖြစ်သူ ရာဖယ်က ဧည့်ခံပွဲအတွက် အဖေ အက်ဖရက်ဒိုတွာဇွန်နဲ့အတူတူ ဈေးဝယ်သွားကြရာကနေ အပြန်မှာ နီတာရဲ့ ယောကျ်ား မတ်ရှပ်စ် နဲ့သမီးလေးခတ်တို့စီးနင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို မတော်တဆတိုက်မိခဲ့ပါတယ်။ ရာဖယ်က ကြောက်လန့်လွန်းသွားတဲ့အတွက် အဖေဖြစ်သူက ကားမောင်းသူနေရာပြောင်းနေပြီးတော့ လမ်းပေါ်မှာ ဒဏ်ရာတွေနဲ့ရှိနေတဲ့ သူနှစ်ဦးကို ပစ်ထားခဲ့ကာ မောင်းပြေးခဲ့ကြပါတယ်။ သူတို့ဟာ ကားတိုက်မိပြီးထွက်ပြေးမိခဲ့တဲ့အတွက် ရှေ့နေနဲ့တိုင်ပင်ဆွေးနွေးခဲ့ကြကာ ရှေ့နေအကြံပေးခဲ့တဲ့အတိုင်း နစ်နာသူ မိသားစုမသိအောင် ဆေးရုံကုသစရိတ်များကို တိတ်တဆိတ် ပေးချေခဲ့ပေမယ့်လည်း မတ်ရှပ်စ်ဟာ ကိုမာဖြစ်ပြီး ကွယ်လွန်သွားခဲ့ရပါတယ်။ နီတာဟာ ကားမတော်တဆမှုကို အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် အက်ဖရက်ဒိုတွာဇွန်ဟာ ထောင်ကျသွားခဲ့ပါတယ်။ ရာဖယ်တို့မိသားစုက နစ်နာသူ မတ်ရှပ်စ်ရဲ့ဇနီးနဲ့အတူနေမိသားစုကို ၎င်းတို့စားသောက်ဆိုင်မှာ အလုပ်ပေးထားခဲ့ပြီး စောင့်ရှောက်ထားခဲ့ပါတယ်။ ဆင်းရဲပေမယ့် ပျော်စရာကောင်းတဲ့မိသားစုအသိုက်အမြုံလေး ပျက်စီးသွားရတဲ့အပေါ် မတ်ရှပ်စ်ရဲ့ ခယ်မနဲ့ ဇနီး နီတာတို့က စိတ်ရင်းအမှန်နဲ့ ရာဖယ်တို့ မိသားစုကို ခွင့်လွှတ်ပေးနိုင်ပါ့မလား… ရာဖယ်တို့မိသားစုကရော တကယ်ပျော်ရွှင်နိုင်ပါ့မလားဆိုတာကို… ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်) Genre….. Crime, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.8GB | 907MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

0 2023
Feast
Gintama
6.4

Gintama (2017) IMDb Rating (6.1) ၂၀၁၇ ခုနှစ်မှာထွက်ရှိထားတဲ့ Live action လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးက ဂျပန်မှာ အောင်မြင်မှုရရှိထားတဲ့ Gintama ဆိုတဲ့ manga ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ဒီဇာတ်ကားဟာလဲ ဝင်ငွေစံချိန်တင်ရရှိထား ပြီး ဂျပန်မှာ အောင်မြင်ခဲ့ တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ တိုကျိုမြို့ပေါ်ကို ဂြိုဟ်သားတွေကျူးကျော်လာပြီးတော့ ကမ္ဘာမြေပေါ်ကို နယ်ချဲ့ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်.. အဲ့ဒီဂြိုဟ်သားတွေကို ဆာမူရိုင်းတွေက ပြန်လည်ခုခံပြီး တိုကျိုမြို့ကိုကာကွယ်ဖို့ ကြိုးစားတဲ့အခါမှာ ဂြိုဟ်သားတွေကိုခုခံနိုင်မှာလား ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ.. File size…(3.4 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Duration….02:11:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ngwe Zin

Drama
6.4 2017
Gintama
Andrei Rublev
8

Andrei Rublev (1966) ~ IMDb – 8/10, Rotten Tomatoes – 96% ~ တာကော့စကီးရိုက်ခဲ့တဲ့ ဆိုဗီယက် သမိုင်း ဘိုင်အို ဒရာမာကားပါ။ Andrei Rublev လို့ခေါ်တဲ့ ၁၅ရာစု ရုရှပန်းချီဆရာတစ်ယောက်အကြောင်းကို မှီငြမ်းပြီး ရိုက်ပြထားတဲ့ ရုရှရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ Andrei Rublev ရဲ့ဘဝကိုတော့ မှီငြမ်းရုံ မှီငြမ်းထားပေမဲ့ အလယ်ရာစုရုရှကို လက်တွေ့ကျကျပုံဖော်ထားတယ်လို့ ဆိုတယ်။ အနုပညာသမားတစ်ယောက်နဲ့ သူရင်ဆိုင်ရတဲ့ခေတ်အကြောင်းပေါ့။ ဒီကာလရဲ့ထုံးစံအတိုင်း ဘာသာရေးပြဿနာတွေ တစ်ပုံတပင်နဲ့ ဖော်ကျူးထားတယ်။ ကာလကတော့ ရုရှတွေဆီကို တာတာတွေ လာတိုက်တဲ့ကာလပေါ့။ ဒီရုပ်ရှင်က တာကော့စကီးရဲ့ ကနဦးကားတွေထဲက ဖြစ်လို့ တာကော့စကီးအရမ်းမဆန်သေးပေမဲ့လည်း တာကော့စကီးတော့ ဆန်နေတုန်းပါပဲ။ ဆင်ဆာလွတ်တဲ့ Cut က ၃နာရီခွဲရှိပြီး ရုပ်ရှင်တောရန့်တွေကတော့ တစ်နာရီခွဲကျော်၂ခြမ်းအဖြစ်တင်ဆက်ထားကြတယ်။ ရှေးကားတွေလိုမျိုး ဇာတ်ဦးစကားတွေ နိဂုံးစကားတွေနဲ့ အခန်းခွဲတွေ ထည့်သွင်းထားတယ်။ ဇာတ်ဦးစကားနဲ့ နိဂုံးစကားကတော့ ဇာတ်လမ်းနဲ့ တိုက်ရိုက်မဆက်စပ်လှဘူး။ အဲဒီ၂ခုကြားမှာတော့ အခန်း၈ခန်းခွဲပြီး တင်ဆက်ထားတယ်။ တာကော့စကီးကားတွေရဲ့ ထုံးစံအတိုင်း အပျင်းပြေကြည့်ဖို့တော့ ခက်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – BluRay 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 37Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
8 1966 183 mins
Andrei Rublev
The Secret of Women
7

The Secret of Women (2025) “မိန်းမနှစ်ဦး” တစ်မျိုးဆန်းတဲ့ မလေယာလမ် သည်းထိပ်ရင်ဖို ဇာတ်လမ်းအသစ်လေးပဲ ဖြစ်ပါတယ် အသက်ငယ်ငယ် ကောင်မလေးတစ်ယောက် တိုက်ခန်းမှာတစ်ယောက်တည်းရှိနေချိန်မှာ အမည်မသိယောကျ်ားတစ်ဦး ခိုးဝင်လာတယ် သို့ပေမဲ့ ကိုယ်ခံပညာတတ်ထားတဲ့ ကောင်မလေးနဲ့အတွေ့မှာတော့ အဲဒီလူမှောက်သွားတဲ့အထိ ခံလိုက်ရပါတယ် သူနဲ့မသိတဲ့လူက ဘာဖြစ်လို့များ သူ့ကိုရန်ပြုဖို့လာတာလဲ တစ်ဖက်မှာလည်း လှေပေါ်က ခုန်ချတဲ့ ကောင်လေးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က ရေထဲဆင်းကယ်ပြီး သူ့အိမ်ကိုခေါ်လာပါတယ် ဒီလို ပဟေဠိဆန်တဲ့ မိန်းမနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်က ဘာလဲ သူတို့နှစ်ယောက် ပတ်သက်ဆက်နွယ်မှုကရော ဘာဖြစ်မှာလဲဆိုတာ ပရိသတ်တို့ကြည့်ရှုကာ အဖြေရှာလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Science Fiction • Thriller • Horror
7 2025 98 mins
The Secret of Women
Death of a Unicorn
6.2

Death of a Unicorn (2025) IMDb Rating (6.2) / Rotten Tomatoes (54%) Wednesday စီးရီးထဲက မင်းသမီး Jenna Ortega နဲ့ Antman မင်းသား Paul Rudd တို့ ပါထားတဲ့ မွန်းစတားဟော်ရာကားပါ။ ယူနီကွန်းတွေနဲ့ဇာတ်လမ်းပေမဲ့ ချစ်စရာ ယူနီကွန်းတွေတော့ မဟုတ်ပါဘူး။ ချိုနဲ့ထိုးတယ် ကိုက်တယ် တစ်အိမ်လုံးဖျက်ဆီးတယ် အကုန်ကျုံးတယ်ဆိုတဲ့ကားမျိုးပါ။ ဒီရုပ်ရှင်ကြည့်ပြီးရင် နောက်ဆို ယူနီကွန်း အပြင်မှာ မြင်ရင်တောင် တန်းပြီး ထွက်ပြေးပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ရှေ့နေ အဲလိယက် နဲ့ သူ့ရဲ့ သမီး ရစ်ဒလီ တို့ဟာ ဆေးဝါးကုမ္ပဏီကြီးတစ်ခုရဲ့ ပိုင်ရှင်မိသားစုဆီကို ပိတ်ရက်မှာ အရောက်သွားခဲ့ပါတယ်။ အဓိကအချက်ကတော့ ဘုတ်အဖွဲ့ ကိုယ်စားလှယ်ရှေ့နေ အလုပ်ကို ရအောင်ယူဖို့ဖြစ်ပြီး သားအဖေနှစ်ယောက် တစ်သက်စားမကုန်အောင် ချမ်းသာဖို့ပါပဲ။ ဒါပေမဲ့ လမ်းမှာ ယူနီကွန်းမြင်းပေါက်လေးကို ကားနဲ့တိုက်မိပြီး သေပြီမှတ်လို့ ကားထဲဖွက်သယ်လာပါတယ်။ အဲဒီ မြင်းပေါက်လေးအလောင်းက ရောဂါအကုန်လုံးကို ပျောက်အောင်ကုနိုင်မှန်း သိသွားကြတဲ့အခါ သူဌေးမိသားစုက သုတေသနတွေလုပ်ပြီး ရောင်းစားဖို့ ကြံပါတော့တယ်။ အဲဒီမှာပဲ မြင်းပေါက်လေးကို လာကယ်တဲ့ ယူနီကွန်းကြီးတွေ ရောက်လာပြီး တစ်အိမ်လုံးကိုရော လုံခြုံရေးတွေ အကုန်လုံးကိုရောကိုပါ အသေကျုံးပါတော့တယ်။ ဒီ ကောင်ကြီးတွေလက်ကနေ သားအဖေနှစ်ယောက် ဘယ်လို အလွတ်ရုန်းကြမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (7.6 GB) / (2.7 GB) / (940 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Fantasy, Horror, Thriller Duration…. 01:48:19 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mr. Anderson

Horror
6.2 2025 107 mins
Death of a Unicorn
The Secret Recipe aka Rahasia Rasa
7.2

The secret recipe 2025 အရသာရဲ့အရသာ ရေဆာဆိုတာ မဟာရာဆာစားသောက်ဆိုင်ရဲ့ စားဖိုမှူးကြီး၊ တစ်နည်းပြောရရင် နာမည်ကြီးအီတလီစားသောက်ဆိုင်ရဲ့ ခေါင်းဆောင်စားဖိုမှူးပေါ့။ သူ့ရဲ့အိပ်မက်ကတော့ အင်ဒိုကနေတစ်ဆင့် အီတလီမှာ စားသောက်ဆိုင်ဖွင့်ချင်တာဖြစ်ပြီးတော့ ဒီအတွက် အရင်းအနှီးထုတ်ပေးမယ့်သူကတော့ သူ့ရဲ့ချစ်သူလေးဒင်ဒါရဲ့အဖေ ဘရိုတို သူ့ရဲ့ယောက္ခထီးလောင်းလေးပေါ့။ ဒါပေမဲ့ ဟင်းလျာနဲ့ပတ်သက်ရင် ရေဆာနဲ့ မစ္စတာဘရိုတိုတို့ကြားမှာ ကွဲလွဲမှုက ကြီးမားနေပြန်ပါတယ်။ ရေဆာကတော့ အီတလီအစားအစာကို အားသန်ပြီး မစ္စတာဘရိုတိုကတော့ မျိုးချစ်ပီပီ အင်ဒိုအစားအစာကို တန်ဖိုးထားသူပေါ့။ ဒီလိုနဲ့ အီတလီစားသောက်ဆိုင်စာချုပ်အတွက် လက်မှတ်ထိုးမယ့်နေ့မှာ ဘရိုတိုက ရေဆာကို မူတီကာရာဆာဆိုတဲ့ လျှို့ဝှက်ဟင်းချက်နည်းစာအုပ်ပေးလိုက်ပါတယ်။ ဒီစာအုပ်က ဟင်းချက်နည်းတစ်ထောင်ရှိတာပေမဲ့ အခုတော့ တစ်ပိုင်းတစ်စပဲရှိတာပါ။ ‌ရေဆာအတွက် ဘရိုတိုရဲ့စမ်းသပ်မှုကတော့ မူတီကာရာဆာကို မှီငြမ်းပြီး မီနူးသစ်ထွင်ဖို့ပါပဲ။ ဒါပေမဲ့ ရေဆာတစ်ယောက် အဖြစ်ဆိုးတစ်ခုနဲ့ကြုံပြီး အရသာခံနိုင်စွမ်း ပျောက်ဆုံးသွားချိန်မှာတော့ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှပဲဖြစ်ပါတယ်)

Comedy • Drama • Romance
7.2 2025 121 mins
The Secret Recipe aka Rahasia Rasa