YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

american.horror.story.s12e07.2160p 4K HEVC {CM}.mkv

2.27 GB N/A video/x-matroska 20 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bawaal

Bawaal(2023) IMDb-7.0/10 အောင်မြင်လာတဲ့နာမည်နဲ့အတူ ဗလကြီးပါရှယ်မိုက်လာတဲ့ မင်းသားဗာရွန်းနဲ့ မင်းသမီးချော ဂျန်ဗီကပူးရ်တို့အဓိကပါဝင်ထားတဲ့ ဟင်ဒီစကားပြော ဘောလိ၀ုဒ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ဘ၀တွေမှာ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပတ်ဝန်းကျင်ကိုပြချင်ကြတာကိုက လူ့သဘောသဘာ၀လိုဖြစ်နေကြတယ်။အတွင်းစိတ်မှာ ပွက်လောရိုက်ဆူညံနေပေမယ့် အပြင်မှာကျ မပွင့်မလင်းနဲ့အေးတိအေးစက်နေတာမျိုး။သူများအထင်ကြီးလေးစားတာကို လိုချင်တော့ သူများဘယ်လိုမြင်သွားမလဲဆိုတဲ့စိတ်နဲ့ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပြပေးရင်း ပြပေးရင်း ကိုယ်ဘာကောင်လဲဆိုတာ ကိုယ်တိုင်မသိနိုင်တော့တာတွေ။ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီးက မြို့လေးမှာရှိတဲ့ လူတကာအထင်ကြီးအားကျရတဲ့ အကိုကြီးအဂျူး။ အထင်မကြီးကြီးအောင် အားမကျကျအောင်လည်း အဂျူးက မုသားမျိုးစေ့တွေဖြန့်ကြဲထားခဲ့လေတော့။ ကိုယ်စိုက်တဲ့အပင်ဆိုတာ ကိုယ်ရိတ်သိမ်းရတာပဲမလား။ဒီလိုအလိမ်အညာတွေနဲ့ အဂျူးတစ်ယောက် သတို့သမီးလောင်းပေါ်မှာလည်း ပုံစံမှန်မပြခဲ့ဘဲ မုသားတွေနဲ့ပဲလက်ထပ်တာကအစ။အထင်အကြီးခံချင်တဲ့အဂျူး လူတကာလေးစားစေချင်တဲ့အဂျူး သူ့ဇနီးသည်ဆီမှာရှိတဲ့ရောဂါက သူ့ကိုလူပုံအလယ်မှာ အရှက်ကွဲစေမှာပဲလို့တွေးခဲ့တယ်။အဲဒီစိတ်နဲ့ပဲ ဘယ်သွားသွားဇနီးဖြစ်သူကို ခေါ်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူတို့ရဲ့ကြားထဲက ဆက်ဆံရေးကဘယ်လိုဘယ်ဝယ်ဖြစ်လာမလဲဆိုတာ သင်ခန်းစာယူရင်း ရှင်သန်ကြရတဲ့ဘ၀မှာ မိမိရဲ့အစစ်အမှန်ပုံစံအတိုင်းပဲ နေကြည့်ကြရအောင်လား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Cherry~Zwe~BpL~Aditi~Yunniတို့ပါ) File size…1.89GB / 791MB Quality…1080p WEBDL AAC5.1CH /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Cherry~Zwe~BpL~Aditi~Yunni

Drama • Fantasy • Horror
0 2023 137 mins
Bawaal
Happy Death Day
6.6

Thillerဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက်ကားအသစ်လေးပါ။ Before I Fallဆိုတဲ့ကားလေးနဲ့ပုံစံတူလေးပါပဲ။ ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီးMysteryဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။ လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။ လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ ဇာတ်လမ်းလေးကိုအရင်ပြောချင်ပါတယ်။ ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။ မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ ဇာတ်လမ်းကအဲဒီမှစတာပါ။ သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။ နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။ အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာHappy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။ တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။ မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။ လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရောအဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာတော့ဆက်ကြည့်လိုက်ပါဦး။ ဇာတ်ကားအဆုံးသတ်ကယုတ္တိမတန်ဘဲအငြင်းပွားစရာရှိပေမယ့်စဉ်းစားစရာ၊စိတ်လှုပ်ရှားစရာခံစားမှုရသတွေကတော့အပြည့်အဝပေးမှာဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (752 MB) Quality : WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre :Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Thanhtike Zaw

Horror
6.6 2017 97 mins
Happy Death Day
Contra
6.6

Contra (2021) =========== IMDb Rating – 6.6/10 “စကားအချေအတင်ပြောတယ် ဆိုတာ တီးလုံးမပါဘဲ rap ရွတ်ရသလိုပါပဲ” မူရင်း ပြင်သစ်ရုပ်ရှင်ကို ဂျာမနီက ပြန်လည်ရိုက်ကူးထားသော ဇာတ်ကား ဖြစ်တဲ့ “Contra” ဟာ နေ့စဉ်နဲ့အမျှဖြစ်လေ့ရှိတဲ့ ငြင်းခုံမှုတွေ လူမျိုးရေး၊ ဘာသာရေး ခွဲခြားခံရမှုတွေကို ‌မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်း လေး တစ်ကားဖြစ်ပါတယ်။ ဂျာမနီမှာ နေထိုင်တဲ့ အာရပ်သူလေး နာအီမာ က ရှေ့နေမမ ဖြစ်ချင်တဲ့ အိပ်မက်နဲ့ ကြိုးစားရုန်းကန်နေရတဲ့သူ တစ်ဦးဖြစ်တယ်။ တက္ကသိုလ် စတက်တဲ့နေ့မှာပဲ အတန်းချိန်နောက်ကျသွားတဲ့အတွက် ဆရာဖြစ်သူ ပါမောက္ခ ပိုးလ် ရဲ့ လူမျိုးရေး ခွဲခြားတာ ခံလိုက်ရတာပေါ့။ အဲတာကို တစ်ခြား အတန်းဖော်တွေက ဗီဒီယိုရိုက်ပြီး အင်တာနက်မှာ ဖြန့်ပ လိုက်တော့ ဆရာ ပိုးလ်မှာ အလုပ်ပြုတ်မလိုတောင်ဖြစ်သွားရော။ နာအီမာ ကလည်း အလုပ်သင်ဆင်းချင်တဲ့အတွက် စကားရည်လု ပြိုင်ပွဲပြိုင်ဖို့ လေ့လာနေတာဆိုတော့ နာအီမာကို အနီးကပ်သင်ကြား ပေးဖို့အတွက် ဆရာ ပိုးလ် ကို ကျောင်းအုပ်က ‌တာဝန်ပေးလိုက်တယ်။ လူမျိုးရေးခွဲခြားသူ ဖြစ်တဲ့ ဆရာ ပိုးလ် နဲ့ တပည့်မလေး နာအီမာ တို့ကြားမှာ ဘယ်လိုဆက်ဖြစ်မလဲ နာအီမာရော သူမရဲ့ အိပ်မက်ကို အခက်အခဲတွေကြားက ဘယ်လိုအကောင်အထည်ဆက်ဖော်မလဲ ဆိုတာ CM ပရိတ်သတ်ကြီး ဆက်ပြီး ကြည့်ရှု‌လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size – (1.3 GB) / (619 MB) / (408 MB) Quality – Blu-Ray 1080p/ 720p / 480p Duration – 1Hr 48mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama Translator – Khant Sett Naing Encoder – SWM

Action • Thriller
6.6 2021 104 mins
Contra
Dungeons & Dragons: Wrath of the Dragon God

Dungeons & Dragons: Wrath of the Dragon God (2005) Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။ Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။ ~ ဇာတ်လမ်းအကျဉ်း ~ ဒီဒုတိယကားကတော့ ပထမကားအပြီး နှစ်တစ်ရာအကြာမှာ ဇာတ်အိမ်တည်ထားတာပါ။ ပထမကားကလူတွေအကုန် မပါတော့ပါဘူး။ ဒါပေမဲ့ ပထမကားက အဓိကဗီလိန် ပရိုဖီယွန်ကျိန်စာတိုက်ခံထားရတဲ့ သူ့တပည့် ဒါမိုဒါကတော့ မသေနိုင်ဘဲ လူသေမကျ လူရှင်မကျ ဘဝနဲ့ သူ့တာဝန်ကို ဆက်ထမ်းဆောင်ဖို့ ပေါ်လာပါတယ်။ သူဟာ ရှေးတုန်းက လူမျိုးစုတွေ ဝှက်ထားတဲ့ နဂါးနတ်ဘုရားရဲ့ ဓာတ်လုံးကိုပါ ရထားတာမို့ ပိုလည်းအစွမ်းထက်နေပါတယ်။ ဒီကားက အခွန်အရာရှိမင်းသားနဲ့ မှော်ကောင်စီဝင်မင်းသမီး လင်မယားဟာ ရွာတစ်ရွာက လူတွေသေနေကြလို့ သွားကြည့်တဲ့အခါ တောင်တစ်တောင်ရဲ့အတွင်းမှာ နဂါးကြီးတစ်ကောင်ရှိနေတာ သိလိုက်ရပါတယ်။ ဒီနဂါးဟာ ဟိုးနှစ်ထောင်ချီတုန်းက ကမ္ဘာကိုဖျက်ဆီးဖို့ရောက်လာခဲ့တဲ့ နဂါးနတ်ဘုရားဖြစ်ပြီး ရှေးလူမျိုးစုတွေက သဘာဝနတ်ဘုရားရဲ့အကူအညီယူပြီး နဂါးရဲ့စွမ်းအားတွေကို ဓာတ်လုံးတစ်လုံးထဲထည့်ပြီး နဂါးကို တောင်ထဲပိတ်ထည့်ထားခဲ့ကြတာပါ။ ဒါမိုဒါဟာ ဓာတ်လုံးကို ပိတ်ပင်ထားရာကနေ ခိုးပြီး ဖြေလွှတ်ပေးလိုက်တဲ့အတွက် နဂါးကြီးဟာ ပြန်နိုးထလာပါတော့မယ်။ နဂါးပြန်နိုးမထလာခင် လကွယ်ညမတိုင်ခင်မှာ ဓာတ်လုံးကို ဒါမိုဒါလက်ကနေပြန်ယူဖို့နဲ့ ချိပ်ပြန်ပိတ်ဖို့ကို အက်ဇမာသားတွေ ကြိုးစားကြရတော့ပါတယ်။ ဒါမိုဒါကလည်း နဂါးကြီးကို သူ့စွမ်းအားတွေ ပြန်ပေးဖို့ကြိုးစားပါတယ်။ ဒီ၂ဖွဲ့ရဲ့အပြိုင်အဆိုင်စွမ်းအားတွေကြားဓာတ်လုံးယူဖို့ ခရီးထွက်တဲ့ စွန့်စားခန်းကို ကြည့်ကြရမှာပါ။ ပထမကားအတိုင်း လူမျိုးစုအစုံပါပါတယ်။ အဆစ်အနေနဲ့ လူတစ်ခြမ်းဖုတ်တစ်ခြမ်းကောင်ကြီးပါ ပါတယ်ပေါ့။ တော်တော်ကြောင်ပေမဲ့ အပျင်းပြေကြည့်လို့ကောင်းတဲ့ မှော်ကားပရိသတ်တွေကျမယ့်ကားပါပဲ။ (ဒီဇာတ်ကားတွေနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 872MB Quality – 1080p, 720p Format – mp4 Duration – 1H 45Min Genre – Action, Adventure, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Comedy
0 2005 105 mins
Dungeons & Dragons: Wrath of the Dragon God
Love Can’t Be Said
6.3

ကိုယ့်ရဲ့ လူငယ်ဘဝ အချိန်လေးကို တောက်ပပေးစေနိုင်တဲ့လူလို့ ထင်မိစေလောက်တဲ့အထိ သဘောကျခဲ့ရတဲ့ အချစ်ဦးမျိုးရော ရှိခဲ့ဖူးလား? သူများနဲ့ စကားပြောရတာ မကြိုက်တတ်သူ ၊ မိတ်ဆွေဖွဲ့ဖို့ ဝန်လေးနေတတ်သူ ၊ ကိုယ့်ကိုကိုယ်အမြဲသိမ်ငယ်ပြီး နှိမ့်ချနေတတ်သူ တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူလေး – ထုန်ကျစ်းလျောင် ခင်မင်တတ်ပြီး ပျော်ပျော်နေတတ်သူ ၊ အပင်လေးတွေကိုချစ်မြတ်နိုးတဲ့သူ ၊ သူများတကာကို ကူညီစိတ်အပြည့်ရှိသူ စတုတ္ထနှစ်ကျောင်းသားလေး – ကုပင်း ကိုယ့်ကို အမြဲနှိမ့်ချ သိမ်ငယ်နေတတ်တဲ့ ထုန်ကျစ်းလျောင်တစ်ယောက် ထိုင်ပေကနေပြီး ကွမ်ကျိုးကို ကျောင်းလာတတ်တဲ့ ကုပင်းဆိုတဲ့ ကောင်လေးကို လေးနှစ်တိတိ သဘောကျလာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဖွင့်ပြောဖို့အတွက် သူမမှာ သတ္တိမရှိခဲ့ပါဘူး ။ ဖွင့်ပြောမယ် ဆုံးဖြတ်ချက်ချခဲ့တိုင်းလဲ လွဲမှားမှူတွေ အမျိုးမျိုးကြောင့် ဖွင့်ပြောဖို့ အခွင့်မသာခဲ့ပြန်ပါဘူး ။ ❏ သူမရဲ့ ဘဝလေးကို တောက်ပစေခဲ့တဲ့ “သူ” ❏သူမ ငယ်ရွယ်မှုတွေထဲက ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးခဲ့တဲ့ “သူ” ❏ ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူမကို သိစေခဲ့တဲ့ “သူ” ဘွဲ့ရပြီး နေရပ်ကိုပြန်ချိန် ကုပင်းတစ်ယောက် ထိုင်ပေကို ပြန်တော့မည့် အချိန်အတွင်းမှာမှ ထုန်ကျစ်းလျောင်တစ်ယောက် သတ္တိအပြည့်နဲ့ ဖွင့်ပြောခဲ့ပါတယ် ။ “တစ်ချိန်လုံး အမြဲတမ်း ရှင့်ကိုပဲ သဘောကျနေမိခဲ့တာ “…! ❏ ဒါပေမဲ့ သူမရဲ့ ဖွင့်ပြောမှုက အောင်မြင်နိုင်ပါ့မလား ? ❏ ကုပင်းမှာရော ဖုံးကွယ်ထားတဲ့ အရာတွေများရှိနေမလား ? ❏ ငယ်ရွယ်ချိန်မှာ တွေ့ရှိခဲ့ကြတဲ့ သူတို့နှစ်ယောက် သက်ဆုံးထိတိုင် ပေါင်းဖက်သွားနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ပါရှင် ။ ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတာနဲ့ “ကိုယ်သဘောကျတဲ့သူကို ဖွင့်ပြောလိုက်ပါ ။ မဖွင့်ပြောမိလိုက်တဲ့အတွက် ရလိုက်တဲ့နောင်တက ကိုယ့်ဘဝတစ်လျှောက်လုံး အဖော်ပြုနေပေးသွားမှာ” ဆိုတာ သိရှိလာစေပါလိမ့်မယ် ။

Horror
6.3 2022
Love Can’t Be Said
Just Say Yes
4.5

Just Say Yes (2022) =============== လမ်းခွဲခံရဖူးတဲ့သူတွေ ရှိကြမှာပါ။ တချို့တွေက မက်ဆေ့ချ်တစ်စောင်နဲ့ လမ်းခွဲခံရမယ်။ တချို့ကတော့ ဖုန်းထဲမှာပဲ လမ်းခွဲခံရမယ်။ တချို့ကတော့ လူကိုယ်တိုင် စသည်ဖြင့် မျိုးစုံပဲပေါ့။ ဒီဇာတ်လမ်းထဲက လော့တာဆိုတဲ့ producerမလေးကတော့ တီဗီမှာ တိုက် ရိုက်ထုတ်လွှင့်နေတုန်းမှာပဲ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူဆီက လမ်းခွဲစကား ပြောခံလိုက်ရပါသတဲ့။ ဒီလိုမျိုး တိုင်းသိပြည်သိ ဘဲပစ်ခံလိုက်ရလို့ ကြေကွဲ လူငယ်လေးဖြစ်နေတဲ့လော့တာက သူ့လိုမျိုး producerတစ်ယောက်ဖြစ်တဲ့ ခရစ်နဲ့အတူ သူ့ဘဲပြန်လာအောင် လုပ်ဖို့ စီစဉ်ကြပါတော့တယ်။ ဒီလိုစီစဉ်ရင်းမှာပဲ လော့တာတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ကောင်း တာတွေဖြစ်လာမလား အဆိုးတွေနဲ့ပဲတွေ့ရမလားဆိုတာကို ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး Comedy, Romance ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ် ပါတယ်) File Size……….(1.85 GB) / (753 MB) / (461 MB) Quality…………WEB-DL 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….EL Encoder……….SWM

4.5 2022 97 mins
Just Say Yes
Gadar: Ek Prem Katha
7.3

Gadar: Ek Prem Katha (2001) IMDb-7.3/10 ပူပူလောလောထွက်ရှိထားတဲ့ Gadar 2 ကြည့်ရှူပြီးသွားကြတဲ့ပရိသတ်တွေအတွက် 2001 ခုနှစ်ကထွက်ရှိခဲ့တဲ့ ပထမကား Gadar: Ek Prem Katha ကိုလည်း qualityကောင်းကောင်းနဲ့ တင်ဆက်ပေးလိုက်ပါတယ် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကထွက်ရှိခဲ့တဲ့ကားဆိုပေမဲ့ သူ့ခေတ်သူ့အခါမှာ ဘက်ပေါင်းစုံကအောင်မြင်ခဲ့တဲ့ကားပါ ရုံတင်ငွေ 1.33 ဘီလီယံထိရရှိခဲ့ပြီး အမီးရ်ခန်းရဲ့ Lagaan နဲ့ ခေတ်ပြိုင်ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ် 1990 နှောင်းပိုင်းရုပ်ရှင်တွေထဲမှာ ကြည့်ရှုမှုဒုတိယအများဆုံးအနေနဲ့ စံချိန်တင်ခဲ့တဲ့ကား ၊ ပါဝင်တဲ့သရုပ်ဆောင်တွေကို ထူးချွန်ဆုတွေရရှိပြီး Nomination ပေါင်းများစွာဝင်စေခဲ့တဲ့ကားပါ ဇာတ်လမ်းအညွှန်း 1947 အိန္ဒိယနဲ့ ပါကစ္စတန်ရယ်လို့ နှစ်နိုင်ငံခွဲခွဲပြီးချင်းအချိန်မှာတော့ ပြည်သူတွေကို ဘယ်မှာမဆိုစိတ်ကြိုက်နေထိုင်နိုင်ကြောင်း ခွင့်ပြုခဲ့ကြတယ် ဒါပေမဲ့ မတူညီတဲ့ ဘာသာရေးအယူအဆတွေနဲ့ လူသန်းပေါင်းများစွာရဲ့ သဘောထားကွဲလွဲမှူကနေ အဓိကရုဏ်းတွေဖြစ် သွေးချောင်းစီးခဲ့ရတယ် ဒီအဖြစ်ဆိုးတွေမတိုင်ခင် 1947 အစောပိုင်းမှာ အဆိုရူးလေးတာရာနဲ့ ဆာကီနာ‌တို့ဟာ ကျောင်းပွဲတစ်ခုကိုအကြောင်းပြုပြီးနီးစပ်ခဲ့ကြသူတွေ… ရှုပ်ထွေးလွန်းတဲ့ အဓိကရုဏ်းနဲ့ နှစ်နိုင်ငံမတည်ငြိမ်မှုတွေကြားက လူတွေရဲ့ခက်ခဲတဲ့ဘဝတွေ ဒီဖြစ်ရပ်ဆိုးတွေကြားက ပေါ်ထွက်လာာတဲ့ အချစ် ၊ မေတ္တာ ၊ စွန့်လွှတ်အနစ်နာခံ စတေးမှုတွေကို ရှုစားရမှာဖြစ်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ် (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

7.3 2001
Gadar: Ek Prem Katha
And Yet, You Are So Sweet
6.6

And Yet, You Are So Sweet (2023) ~ IMDb – 6.6/10, MyDramaList – 7.6/10 ~ အထက်တန်းကျောင်း ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ပြီးတော့ တစ်ဖက်သတ်အချစ်ရှိသူတွေ၊ ဒီလိုဇာတ်လမ်းကို သဘောကျတဲ့သူတွေ ကြည့်သင့်တဲ့ ၂၀၂၃ထွက် ဂျပန်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မာယာဆိုတဲ့ ကျောင်းသူလေးက သူသဘောကျနေရတဲ့ Crush ကို ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူက ငကြောင်တစ်ကောင် ဖြစ်နေခဲ့ပြီးတော့ မာယာ့ကို ဆိုးဆိုးရွားရွားငြင်းတဲ့အပြင် SNS မှာပါ ရုပ်ဆိုးမလို့ စာရေးတင်ပြီး အရှက်ခွဲခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး နောက်ရက်မှာတော့ ကျောင်းအလာ ရထားပေါ်မှာ သူတို့အတန်းရဲ့ ပျိုတိုင်းကြိုက် ခန့်ချောလေး ချိဂိရနဲ့ဆုံခဲ့ပါတယ်။ ချိဂိရက သူ့ကိုလာကြိုက်တဲ့မိန်းကလေးတွေအပေါ် အေးတိအေးစက်နဲ့ အမြဲငြင်းတတ်တဲ့ကောင်လေးပါ။ အခုအချိန်မှာ မာယာက အသည်းကွဲနေတာမို့ သူ့ကို ချစ်ဟန်ဆောင်ပြီး တစ်ဖက်သတ်အချစ်ဂိမ်းကို ကစားရင်း အရင် Crush ကို မေ့ပစ်ကြည့်ဖို့ ကမ်းလှမ်းလာပါတယ်။ အရင်လူကိုမေ့ဖို့ နောက်လူကို ဟန်ဆောင်အစားထိုးချစ်မဲ့ သူတို့ရဲ့ အချစ်ဂိမ်းက ဘယ်လိုတွေဆက်ဖြစ်သွားမလဲ…။ အချေလေး ချိဂိရကရော ကြေကွဲလူငယ်လေး မာယာကိုမှ ဘာဖြစ်လို့ ဒီလိုလုပ်စေချင်ရတာလဲဆိုတာကိုတော့ ဒီချစ်စရာဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 38Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Science Fiction • Drama • Mystery
6.6 2023
And Yet, You Are So Sweet
Blood Harvest

အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ ဟော်ရာရုပ်ရှင်လေးတစ်ကားပါ။ ဂျိတ်ဆိုတဲ့ ကောင်လေးက အသက်၁၂နှစ်။သူများတွေ မမြင်ရမကြားရတဲ့အရာတွေကို ကြားရတဲ့ကလေးတစ်ယောက်။ အဖေသေပြီးတဲ့နောက်မှာ ပထွေးဖြစ်သူအသုံးမကျတာကြောင့် အမေရယ် ပထွေးရယ် အစ်မဖြစ်သူ မက်ဂီရယ်နဲ့ အမေ့မွေးရပ်ဇာတိမြို့လေးက အမေ့ဦးလေးဖြစ်သူအိမ်မှာ ကပ်နေကြရတယ်။ ဒါပေမဲ့လည်း အမေဖြစ်သူက ဂျိတ်နဲ့မက်ဂီကို ဦးလေးနဲ့ဝေးဝေးနေဖို့ သတိပေးထားပါတယ်။ ဦးလေးဖြစ်သူတင်မက တစ်မြို့လုံးကလူတွေကပါ ထူးဆန်းတဲ့ပုံစံတွေနဲ့မို့ သတိထားနေဖို့ အမြဲမှာနေတတ်ပြီး ဒီမြို့ကနေ အမြန်ဆုံး ပြန်ပြောင်းဖို့အရေး ကြိုးစားနေပါတယ်။ ဒီလိုနဲ့ ဂျိတ်နဲ့ မက်ဂီတို့ကလေးနှစ်ယောက် လျောက်သွားရင်း မထင်မှတ်ထားတဲ့အရာတွေကို တွေ့ရတဲ့အခါ…။ ပျောက်ဆုံးနေပါတယ်ဆိုတဲ့ မြို့ထဲက ကလေးငယ်တွေကို ဦးလေးဖြစ်သူရဲ့ စပါးကျီကြီးထဲက ရေဒီယိုနဲ့ ဆက်သွယ်မိတဲ့အခါ…။ ဒီမြို့လေးထဲကနေ ပြန်ထွက်ဖို့ သူတို့အမေရဲ့ဆန္ဒပြည့်မှာလားဆိုတာ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB)/(671 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2023
Blood Harvest
Wake of Death
5.5

Wake of Death (2004) 2004 မှာထွက်ရှိထားပြီး အက်ရှင်ကားပရိသတ်တွေရော၊ မင်းသားကြီး ဗန်ဒိမ်းဖန်တွေရော အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်းကားတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မကြာခင် ကလပ်​လောကက​နေ အနားယူ​တော့မယ်လို့ ဘန်အာချာတစ်​ယောက် လုပ်​ဖော်ကိုင်ဖက်​တွေကို​ပြောပြီး​နောက်မှာ ဇနီးဖြစ်သူ စင်သီယာတစ်​​ယောက် ကင်မ်ဆိုတဲ့ တရားမဝင်​ရွေ့​ပြောင်း​နေထိုင်သူက​လေးကို ကူညီ​​ပေးရာက ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ အဲဒီလူသတ်မှု​နောက်ကွယ်က တရုတ်ဂိုဏ်း​နောက် ဘန်တစ်​ယောက်လိုက်လံ​ချေမှုန်းရာက​နေ ဘယ်လိုဆုံးရှုံးမှု​တွေ ဘယ်လိုအခက်အခဲ​တွေနဲ့ ​တွေ့ရမလဲ… ဆိုတာကို အက်ရှင်ပရိသတ်တို့အကြိုက်ရိုက်ပြထားတဲ့ ကား​ကောင်း​တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 730MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 31Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.5 2004
Wake of Death
Ichiko
6.5

Ichiko 2023 IMDb 6.6/10 ဂျပန်နိုင်ငံမှာ ဥပဒေတစ်ခုရှိတယ် ယောကျာ်းနဲ့ကွာရှင်းပြီးရက်ပေါင်း ၃၀၀ အတွင်းမှာမွေးလာတဲ့ ကလေးကို နောက်ယောကျာ်းနဲ့အိမ်ထောင်မှာ စာရင်းသွင်းလို့မရဘူး အဲ့ဒီကလေးကို အရင်ယောကျာ်းရဲ့ မိသားစုဝင်လို့ပဲသတ်မှတ်တယ်ပေါ့ ဒါဆို အဖေဘယ်သူမှန်းမသိပဲ မွေးလာတဲ့ကလေးဆိုဘယ်လိုလုပ်ကြမလဲ…. ဒီကားလေးကတော့ မွေးစာရင်းမရှိ မှတ်ပုံတင်လဲမရှိ တဲ့ အီချီကို ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုရှင်သန်နေထိုင်သွားလဲဆိုတာ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ရိုက်ပြသွားမှာဖြစ်ပါတယ် သူ့ကို အရမ်းချစ်တဲ့ ကောင်လေးနှစ်ယောက်ကရော သူ့ကိုဘယ်လိုတွေကူညီသွားမှာလဲ ပထွေးဖြစ်သူကရော သူ့အပေါ်ဘယ်လိုတွေ ဆက်ဆံမလဲ ယောက်ကျားတွေတစ်ယောက်ပြီးတစ်ယောက်ယူနေတဲ့ မိခင်အရင်းကရော ဘာလို့သူ့ကို မကူညီနိုင်တာလဲဆိုတာနဲ့ အရမ်းချစ်ရတဲ့သူတစ်ယောက်ရုတ်တရက်ပျောက်ဆုံးသွားပြီး ပြန်မလာတော့ အသည်းအသန်လိုက်ရှာကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ပူဆွေးမှုကလဲ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ် ဇာတ်လမ်းက ရှေ့ရောက်လိုက်နောက်ရောက်သွားလိုက်ဖြစ်နေပေမယ့် အောက်ထောင့်မှာ ရက်စွဲလေးနဲ့ ဖော်ပြထားတော့ အလွယ်တကူနားလည်နိုင်ပါတယ် မိသားစုနဲ့ အေးအေးဆေးဆေးကြည့်မယ်ဆိုလဲ အဆင်ပြေတဲ့ကားလေးပါ တစ်ကောင်ကြွက် FA ဆိုရင်တော့ ကြည့်ရင်းနဲ့ ကြိတ်ငိုပေါ့ အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery Quality…. 1080p | 720p File size… 1.8GB | 876MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thet Oo Encoder ….. Aaron

6.5 2023
Ichiko
Kinds of Kindness
6.9

အမ်မာစတုန်းနဲ့ ဝီလီယံဒဖိုးရဲ့ Poor Things စတိုင် နောက်ထပ် Dark Comedy အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Poor Things၊ The Favourite နဲ့ The Killing of a Sacred Deer ကို ဖန်တီးခဲ့တဲ့ Yorgos Lanthimos ပါပဲ။ သူ့ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ကွယ်က အဓိပ္ပါယ်ကို တွေးချင်သလိုတွေး၊ ယူဆချင်သလိုယူဆ၊ မတွေးချင်လည်း မေ့ပစ်လိုက်၊ ငါတော့ ငါပြချင်တာ ပြပြီးပြီ ကျန်တာသောက်ဂရု မစိုက်ဘူးဆိုတဲ့ စတိုင်နဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ဒီရုပ်ရှင်က ၂ နာရီ ၄၅ မိနစ်ကြာမြင့်ပြီး အပိုင်း-၃ ပိုင်း တည်ဆောက် ထားပါတယ်။ တစ်ပိုင်းချင်းဆီမှာ ဝက်သာဖက် ဝက်သာဖက်ဆိုပြီး ရွတ်ပြီး ကြည့်ရမဲ့ ဇာတ်လမ်းတွေ ပါပါတယ်။ အများကြီးလည်းမညွှန်းချင်ပါဘူး ခေါင်းကိုက်လို့ပါ။ ပထမပိုင်းမှာ လူတစ်ယောက်ကိုအလုပ်ခန့်ပြီး တစ်ဘဝလုံးစာ စားချိန်၊ အိပ်ချိန်၊ အဝတ်အစား၊ နေစရာ၊ မိန်းမယူတာ၊ ကလေးယူမယူ၊ လိင်ဆက်ဆံချိန်ကအစ လိုက်ထိန်းချုပ်ထားတဲ့ လူတစ်ယောက် အကြောင်းကိုပြတာပါ။ သူနဲ့ထိန်းချုပ်ခံကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေပေါ့။ ဒုတိယပိုင်းက လှေမှောက်ပြီး အကြာကြီး ပျောက်နေတဲ့မိန်းမ အိမ်ကို ပြန်လာတဲ့အခါ လုံးဝပြောင်းလဲသွားတဲ့အတွက် သူ့မိန်းမမဟုတ်ဘူး ဘာကြီးလဲဆိုပြီးအဖြေရှာတဲ့ဇာတ်လမ်းပါ။ တတိယပိုင်းကတော့ လူတွေကို ပြန်ရှင်အောင်လုပ်နိုင်တဲ့ မိန်းမ တစ်ယောက်ကို လိုက်ရှာရတဲ့ ဇာတ်လမ်းပါ။ ကြည့်ပြီးရင်လည်း ချန်နယ်မြန်မာ ဂရုမှာ review တွေလာရေး လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။ File size…8.83GB / 2.67GB / 1.26GB Quality…WEB-DL 4k HEVC 1080p / 720p Format…mkv / mp4 Duration….2h 44m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama
6.9 2024
Kinds of Kindness
Memoir Seorang Guru
8.4

Memoir Seorang Guru (2024) IMDb Rating (8.4) ဇာတ်ကားကတော့ ပညာပေးဇာတ်လမ်းပါ။ မလေးရှားနိုင်ငံက ရွာဘက်က ကျောင်းတစ်ကျောင်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်သွားတဲ့ဆရာတစ်ယောက်ရဲ့အကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားပါတယ်။ ကျောင်းဆရာက အရည်အသွေးကို အဓိကမထားဘဲ ဘွဲ့တွေဂုဏ်တွေ၊ လုပ်ထုံးလုပ်နည်းသက်သက်ကို ဦးစားပေးလာတဲ့ ပညာရေးကို မကြိုက်တော့ပါဘူး။ ဒီလိုနဲ့ ပညာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို လိုက်မနာဖို့ဆုံးဖြတ်မိတယ်ဆိုရင်ပဲ အဲဒီကျောင်းဆရာဟာ နယ်ဘက်ကို ပြောင်းရွှေ့ခံရတော့တာပဲ။ ဒါပေမယ့် ဆူနန်အတွက်တော့ နယ်ဘက်မှာ ကျောင်းဆရာဖြစ်ရတာကိုပဲ ဂုဏ်ယူခဲ့ပါတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးရတာကိုက ကျောင်းဆရာရဲ့ ဂုဏ်ပဲလို့ သူက မှတ်ယူတယ်။ ဒါပေမယ့် သူ့ရည်ရွယ်ချက်တွေ အောင်မြင်သွားသလားဆိုတာတော့.. ။ ဒီရုပ်ရှင်ကားကို ဒါရိုက်တာ Kyoll Hamzah က စီစဥ်ရိုက်ကူးခဲ့ပြီး (IMDb rating 8.4) ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Biography Duration….01:44:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

8.4 2024
Memoir Seorang Guru
The Legend of Condor Heroes : The Cadaverous Claws
6.5

မေချောက်ဖုံ ဆိုတဲ့နာမည်လေးကို Conder Heros ကြည့်ဖူး ဖတ်ဖူးသူတွေအားလုံး ကြားဖူးကြမှာပါ… ရင်းလည်း ရင်းနှီးကြမှာပါ…အခု 2019 နောက်ပိုင်းမှာ Conder Herosကို version အစုံနဲ့ ပြန်ရိုက်လာတာ အားလုံး သတိထားမိမယ်ထင်ပါတယ်.. ဒီဇာတ်ကားလေးလည်း Conder Herosကို ပြန်ရိုက်ထားတဲ့ version တွေထဲက version တစ်ခုပါပဲဒါပေမယ့် ဒီကားကတော့ မေချောက်ဖုံရဲ့ side Story ပေါ့ ဒီကားလေးရဲ့ အဓိက ဇာတ်ကောင်ကတော့ Mei Chaofeng ပါပဲ… တချို့ကလည်း လူဆိုးလို့အမှတ်ထင်ကာ အမုန်းကြီးမုန်းခဲ့သလို တချို့ကလည်း မေတ္တာငတ်သူလို့ အသနားပိုခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါ… ဒီဇာတ်ကောင်ကို ဒီဇာတ်လမ်းထဲမှာတော့ သူ့ဘဝနဲ့ ပြောင်းလဲလာပုံ ဒီလမ်းရောက်အောင် တွန်းပို့ခဲ့တဲ့ ကံကြမ္မာဇာတ်ဆရာအကြောင်းကို ရိုက်ကူးပုံဖော်ပြထားပါ… ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် လှပတဲ့မိန်းမပျိုလေးတွေကို တန်ဖိုးဖြတ်ရောင်းစားနေတဲ့လောကမှာ အသားနာခံမယ် ဘဝအပျက်မခံဘူးဆိုတဲ့ ခံယူချက်နဲ့ သူဖုန်းစားလုပ်ဖို့ ဆုံးဖြတ်ရင်း ငတ်တစ်လှည့် ပြတ်တစ်လှည့် မသေရုံတမယ် ဗိုက်ထဲအစာရောက်ရုံလောက်သာစားရတဲ့ Mei Chaofeng တစ်ယောက် ဘဝအချိုးအကွေ့တစ်ခုမှာ ယောက်ျား ၂ ယောက်နဲ့တွေ့ခဲ့တယ်…တစ်ယောက်က သူ့ကိုနောက်နောက်ပြောင်ပြောင်နဲ့ ချစ်လို့စတယ်ပဲ ဆိုရမလား အစသန်တဲ့ လူငယ်လေး၊ နောက်တစ်ယောက်ကတော့ Mei Chaofeng မြင်မြင်ချင်း ကိုလူချောလို့ မသတ်မှတ်ဘဲ မနေနိုင်လောက်တဲ့ တည်ငြိမ်ရင့်ကျက်တဲ့ သက်လတ်ပိုင်းအရွယ်ဆိုပေမယ့် အရွယ်တင်သူ… သူတို့က ဘယ်သူဆိုတာ မပြောပြတော့ပါဘူး… တချို့တွေလည်း သိပြီးသားပါ မသိသေးသူလည်း ဇာတ်လမ်းကြည့်ရင်သိမှာပါ..ဒါပေမယ့် ဒီယောက်ျားနှစ်ယောက်နဲ့ တွေ့ခဲ့တဲ့ အချိန်ကစပြီး သိုင်းလောကမှာ Mei Chaofengဆိုသူတစ်ယောက် ပေါ်ထွက်လာခဲ့တယ်… သူ့ဘဝလေးလည်း အရင်ကနဲ့ မတူအောင် လုံးဝပြောင်းလဲသွားခဲ့တယ်…. ကျန်တာကတော့ ကိုယ်တိုင်သာဆက်လက်ကြည့်ရှုခံစားပါ

Thriller • Drama
6.5 2021
The Legend of Condor Heroes : The Cadaverous Claws