YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

American Horror Story (2011) - S10E06 - Winter Kills 1080p AMZN WEB-DL {CM}.mp4

676.46 MB N/A video/mp4 45 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Judas and the Black Messiah
7.4

"ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး...မီးကိုရေနဲ့ငြိမ်းမှာ...ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကို လူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး....ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ...အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ" ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့  ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်...သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့ မျက်စိစပါးမွှေးစူးစရာပဲ... ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့ ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလို သူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့ ကြိုးစားပါတယ်...ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကို သူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်...ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်.. အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့... ဒီကားက Biography  ဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်... ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း  ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်... File Size : (2.5 GB) and (1 GB) Quality : HEVC 1080p 5.1, WEB-DL720p Format…mp4 Duration…02:06:00 Genre :  Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae

Action • Adventure • Science Fiction
7.4 2021 126 mins
Judas and the Black Messiah
Fighting with My Family
6.9

ပေ့ဂျ် ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ  တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့် လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်...သို့ပေမယ့် တစ်နေတော့  သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့် နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမဝင်ချင်ဘဲ ဝင်လိုက်ရတယ်... သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်...အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ " လုပ်ထားစမ်းကွ....မိုက်တယ်... မင်းသမီးလေး လုပ်ထားစမ်း"ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်.. ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကို သိပ်လိုက်ရတဲ့အပြုံးမျိုး.... ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။.. အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ.... The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီး နပမ်းသမား  ပေ့ဂျ် အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်.... သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီး ဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်... ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင် တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်...သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ... ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်... လက်ရှိ IMDb 7.5 ရှိပြီး Rotten ...92%ရရှိထားလေတော့ ကောင်းမကောင်း ဆုံးဖြတ်စရာမလိုတော့ဘူးထင်တယ်.. ဘယ်အချိန်ကြည့်ဖြစ်မလဲပဲဆုံးဖြတ်ရမယ်ထင်တယ်.. မင်းသမီးချောလေး Florence Pugh   အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Little Neo ပဲဖြစ်ပါတယ်.....

Comedy • Drama
6.9 2019 108 mins
Fighting with My Family
Land of the Lost
5.3

Land of the Lost (2009) ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသား‌တွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။ သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား… ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား… ဆိုတာကို ရယ်ရင်းမောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Adventure/Comedy ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ဟာသကားတွေကြည့်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 42Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.3 2009
Land of the Lost
No Man’s Land Hunt
6

တစ်ခါတလေမှာ မနက်ဖြန်နဲ့ မတော်တဆက ဘယ်ဟာအရင်လာမလဲဆိုတာ မသိကြဘူးတဲ့။ လူမရှိတဲ့ တောအုပ်ထဲမှာ ကြောက်လန့်ဖွယ်ကောင်းလှတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်နေပါတယ်။ လူငယ်လေးကျင်ယန်ဟာ လူမရှိတဲ့နေရာကို ခရီးထွက်လာရင်း အမဲခိုးလိုက်သူက ရဲကို တိုက်ခိုက်နေတာကို ဓာတ်ပုံရိုက်မိသွားပါတယ်။ အမဲခိုးလိုက်သူဟာ ကျင်ယန်ကို သတိထားမိသွားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ကျင်ယန်ဟာ နာကျင်မှုတွေနဲ့ အေးခဲလှတဲ့ ရာသီဥတုကြားက ရွ ာသားအိမ်ကို ထွက်ပြေးလာခဲ့ပေမဲ့ အမဲခိုးလိုက်သူက အနောက်က ဆက်လိုက်လာပါတယ်။ အမဲခိုးလိုက်သူက ကျင်ယန်ရဲ့ အစ်မကို လိမ်ပြီး ကျင်ယန်ကို သက်သေထုတ်ပေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ထို့နောက် ကျင်ယန်က သူ့အစ်မကို ကယ်နိုင်ခဲ့ပြီး သူတို့ မောင်နှမနှစ်ယောက် လူမရှိတဲ့ တောအုပ်ထဲမှာ အသက်လု ထွက်ပြေးခဲ့ရပါတယ်။ ကံဆိုးလှတဲ့ မောင်နှမနှစ်ယောက် လူသတ်သမားရဲ့ဘေးရန်ကနေ လွှတ်မြောက်ဖို့ ဘယ်လို ကြိုးစားကြရမလဲ။ သူတို့နှစ်ယောက် လွှတ်မြောက်ပြီး ရှင်သန်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမဲ့ ကားလေးပဲ ဖြစ်ပါတယ်။

Thriller • Horror
6 2023
No Man’s Land Hunt
Alison’s Choice
4.9

Alison’s Choice (2015) ================ 18 နှစ်ကောင်မလေး အယ်လီဆင်က သူ့ချစ်သူနဲ့ ကိုယ်ဝန်ရပြီး ကိုယ်ဝန်ဖျက်ချဖို့ ဆေးခန်းကိုရောက်လာခဲ့တယ်။ ပထမဆုံး အကြိမ်မို့ စိုးရိမ်နေချိန် ယောက်ျားကြီးတစ်ယောက် သူ့ရှေ့ရုတ် တရက် ပေါ်လာတယ်။ ဝတ်စုံနဲ့ ကြမ်းသုတ်ဝတ်ကြောင့် သန့်ရှင်း ရေးသမားလို့ထင်ထားတဲ့ အယ်လီဆင်က အဲဒီလူကြီးကို သူများ တွေမမြင်ရမှန်းသိမှ လန့်သွားရတယ်။ နောက်တော့ အယ်လီဆင်နဲ့ အဲဒီလူကြီး စကားတွေပြောကြရင်း အဲဒီလူက တံခါးစောင့်မဟုတ်ဘဲ ဘုရားသခင်ဆိုတာ သိလိုက်ရ ပါ​​တော့တယ်။ ဒီလိုနဲ့ အယ်လီဆင် စိတ်တွေဇဝေဇဝါဖြစ်ပြီး ဘာ ကိုရွေးချယ်ဖို့ကြိုးစားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင် စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.26 GB) / (455 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Family Translator…….Thwal Htoo Zin Encoder……….SWM

4.9 2015 92 mins
Alison’s Choice
Friday the 13th Part VI: Jason Lives
6

Friday the 13th Part VI: Jason Lives (1986) ~ IMDb – 6/10, Rotten Tomatoes – 50% ~ ၁၃ ရက် သောကြာနေ့ လူသတ်သမားကြီး ဂျေဆင်ဗော်ဟီးရဲ့ ခြောက်ကားမြောက်ဖြစ်ပါတယ်။ ဘယ်လိုပဲသေသေ အမြဲပြန်လာနေကျ ဂျေဆင်တစ်ယောက် အခုလည်း သေရွာကနေ ပြန်နိုးထလာခဲ့ပြန်ပါပြီ။ ဂျေဆင်ကို အသွေးထဲအသားထဲ အသည်းထဲက မုန်းတဲ့သူ တွန်မီက ညတိုင်း အိပ်မက်ထဲမှာ ဂျေဆင် သူ့ကို လာခြောက်လှန့်နေတာကို သည်းမခံနိုင်တော့ပါဘူး။ တွန်မီတစ်ယောက် ဂျေဆင်ကိုမြှုပ်ထားတဲ့ သင်္ချိုင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိုးသည်းညတစ်ညမှာ ပြန်လာခဲ့တယ်။ မြေပုံကိုတူးပြီး အလောင်းကိုပြန်ဖော်တယ်။ သံတူရွင်းနဲ့ အငြိုးတကြီး ထိုးတယ်။ အဲဒီမှာတင် ရင်ဝကိုစိုက်နေတဲ့ သံတူရွင်းကို မိုးကြိုးပစ်လိုက်ပြီး ဂျေဆင် ပြန်နိုးထလာပါတော့တယ်။ နဂိုကထက် ပိုအင်အားကြီးပြီး ပိုသတ်ရခက်တဲ့ သဘာဝလွန်သတ္တဝါကြီး ဂျေဆင် ပြန်လာပြီဆိုတာကို ရဲစခန်းကို အပြေးအလွှားသွားပြောခဲ့ပေမဲ့ ရဲကမယုံဘဲ အချုပ်ထဲ ထည့်လိုက်ပါရော။ လက်စသတ်တော့ ဂျေဆင်ကိုကြောက်ကြလွန်းလို့ ခရစ်စတယ် ဆိုတဲ့နာမည်ကိုတောင် ပြောင်းထားပြီး အမြုပ်ကီးနေကြတဲ့ မြို့သားတွေပါတဲ့ဗျာ။ ဒါကို ဂျေဆင် ပြန်လာပြီ ထပြောတော့ ဒေါဖောင်းပြီး အချုပ်ထဲ ထည့်တော့တာပေါ့။ ဒီလိုနဲ့ပဲ Jason Vs. Tommy ချကြ သတ်ကြပုံတွေကို ရှုစားရမှာဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 905MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 26Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6 1986 86 mins
Friday the 13th Part VI: Jason Lives
Kronk’s New Groove
5.8

ဒီကားကတော့ 2000 ခုနှစ်ကထွက်ခဲ့တဲ့ နာမည်ကြီး The Emperor’s New Groove ရဲ့ sequel လေးပါ ဒီကားမှာတော့ အဓိကဇာတ်ဆောင်က ဧကရာဇ်ခုဇ်ကို မဟုတ်တော့ဘဲ နှလုံးသားနုနုနဲ့ လူကြမ်းကြီး ထမင်းချက် ခရွန့်ခ်ရဲ့အကြောင်းကို တင်ဆက်ပြထားပါတယ် (function(f,b,n,j,x,e){})(); 2005 ခုနှစ်မှာ ထွက်ရှိလာတာဖြစ်ပြီးတော့ IMDB rating 5.8 ရရှိထားတဲ့ ကြည့်ပျော်ရှုပျော် Animation ကားကောင်းလေးပါပဲ Musical genre မို့ ost မြူးမြူးလေးတွေလည်း ပါပါသေးတယ် ဇာတ်လမ်းအကျဉ်းကတော့ ကောက်ကျစ်တဲ့မိန်းမရဲ့ လူယုံတော်အဖြစ်ကနေ လွတ်မြောက်လာတဲ့ ခရွန့်ခ်တယောက် မဒ်ကာရွာလေးမှာ စားသောက်ဆိုင်တဆိုင် ဖွင့်ပြီး မိတ်ဆွေအပေါင်းအသင်းများစွာနဲ့ ဘဝကို အေးချမ်းစွာဖြတ်သန်းနေပါတယ် တနေ့မှာတော့ ခရွန့်ခ်ရဲ့အဖေဖြစ်သူဆီကနေ သားတော်မောင်ကို မျက်နှာလာကြည့်မဲ့အကြောင်း ကြေးနန်းရောက်လာပါတော့တယ် ခက်တာက သူ့အဖေက သူ့ရဲ့ ထမင်းချက်အလုပ်ကို အသိအမှတ်မပြုပါဘူး ဒီတော့ ခရွန့်ခ်တယောက် သူ့‌ပါပီဆီကနေ အထင်ကြီးတာခံရဖို့ ကြံမိကြံရာတွေ ကြံရင်း ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး File size… 1.4 GB / 671 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

5.8 2005
Kronk’s New Groove
Aberrance
7.2

Aberrance (2022) 2022 တုန်းကထွက်ရှိထားတဲ့ မွန်ဂိုလီးယားက Thriller ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB မှာလဲ 7.3 အထိရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ လတ်လတ်ဆတ်ဆတ် 83% တောင်ရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းတင်ဆက်ပုံကလည်း မြင်နေကျပုံစံမဟုတ်ဘဲ Thriller ဆိုတိုင်း အမှောင်ကားတွေလို့ ထင်ရင်မှားသွားပါလိမ့်မယ်။ လင်းလင်းချင်းချင်းကြီးမှာတင် ရိုက်ကူးထားပြီး ဇာတ်လမ်းဇာတ်သွားကလဲ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားတဲ့ပုံစံပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မြို့ပေါ်ကနေ ကျန်းမာရေးအတွက် တောရွာလေးတစ်ခုကို ခဏပြောင်းလာတဲ့ လင်မယားနှစ်ယောက် ဆရာဝန်အကြံပေးတဲ့အတိုင်းပြောင်းရွေ့လာခဲ့ကြပါတယ်။ အိမ်နီးချင်းဘေးအိမ်ဆိုလို့လဲ တစ်အိမ်ထဲရှိပါတယ်။ ဒါပေမဲ့ ပြောင်းလာတဲ့ လင်မယားနှစ်ယောက်က သိပ်မမူမမှန်ဘဲ ယောက်ျားဖြစ်သူက မိန်းမကိုအမြဲတစေ နှိပ်စက်နေတတ်ပါတယ်။ ဒါကို ဘေးအိမ်ကလူက မသင်္ကာတာကြာနေပါပြီ။ နောက်ဆုံး ဘေးအိမ်က အိမ်နီးချင်းက မနေနိုင်တဲ့အဆုံး လင်မယားနှစ်ယောက်အကြောင်းကို စောင့်ကြည့်နေရာမှ လင်မယားနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဟာ ဘာဖြစ်မလဲ အိမ်နီးချင်လူကကော ဒီဇာတ်လမ်းထဲမှာ ဘယ်လိုနေရာကနေဝင်ပြီး ပါဝင်ပတ်သက်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Horror Quality…. 1080p | 720p File size… 1.6GB | 679MB Format… mp4 Duration…. 1h 16min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

7.2 2022
Aberrance
Our Mother’s Secret Affair
6

Our Mothers Secret Affair ( 2024 ) မိသားစုတစ်ခုရှိတယ်။ ကျိကျိတက်ချမ်းသာလို လုပ်ငန်းကြီးထူထောင်ထားတဲ့ မိသားစုပေါ့။ သူတို့မိသားစုမှာ အမေရယ် သမီးရယ် သူ့မောင်ရယ်ရှိတယ်။ သူ့သမီးယောက်ျားကတော့ လုပ်ငန်းရှင်။ သူတို့လင်မယားရဲ့အိမ်ထောင်ရေးက ကျန်တာတွေတော့ အဆင်ပြေပေမဲ့ ကလေးမရနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သူ့ယောက်ျားက လမ်းသွားရင် ကားတစ်စီးးကို နောက်ကနေ ဝင်ကြုံးလိုက်မိတယ်။ ကားက စုတ်ပြတ်သတ်သွားတယ်။ ဟိုဘက်ကားပိုင်ရှင် မိန်းကလေးကို နောက်နေ့မှာ သူက ကားအသစ်တစ်စီးပို့ပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ဇာတ်လမ်းလေးက စခဲ့တယ်။ သူ့မိန်းမနဲ့မရနိုင်ခဲ့တဲ့ ကလေးတွေကိုလည်း ဒီမိန်းကလေးနဲ့ ရခဲ့တယ်။ ဒီနောက် ဒါကိုသူ့မိန်းမသိသွားတယ်။ ဗုံးဗုံးလဲသွားတယ်။ သူ့မိန်းမရဲ့မောင်နဲ့အမေကလည်း သူ့မိန်းကလေးကို ခြိမ်းခြောက်လာတယ်။ သူ့မိန်းကလေးက နောက်ဆုတ်ပေးလိုက်ရတယ်။ ဒီလိုနဲ့ မွေးလာတဲ့ကလေးနှစ်ယောက်မှာ တစ်ယောက်ကို သူနဲ့သူ့မိန်းမကယူ တစ်ယောက်ကို အဲဒီမိန်းကလေးကယူ ။ ကလေးတစ်ယောက်စီယူထားလိုက်ကြတယ်။ ဒီလိုနဲ့ ကလေးတွေကြီးလာတဲ့တစ်နေ့ ကလေးတွေသိသွားတဲ့အခါ သူတို့အိမ်တွင်းရေး ဇာတ်လမ်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်အဖွင့်မှာ စပြထားတယ်။ ဘယ်လိုဆုံးမလဲတော့ အကောက်တွေအကွေ့တွေကြား ကိုယ်တိုင်သွားကြည့်လိုက် အညွှန်း နဲ့ ဘာသာပြန်ကတော့ M ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 720p File size… 690MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. M Encoder ….. Aaron

Animation • Fantasy • Family • TV Movie
6 2024
Our Mother’s Secret Affair
Widow Clicquot
6.3

? မုဆိုးမကလီကိုး(1777-1805)ဟာ နပိုလီယံ​​ခေတ် ဝိုင်လောကရှန်ပိန်သမိုင်းမှာ ရှန်ပိန်ဖော်စပ်တဲ့နေရာမှာထင်ရှားလွန်းလို့ ”ရှန်ပိန်လောကရဲ့ဖွားအေကြီး”လို့တောင်တင်စားခေါ်ဝေါ်ရတဲ့အထိ တကယ့်ဆရာတစ်ဆူအဖြစ်သမိုင်းဝင်ခဲ့တဲ့ ဂန္ဓဝင်အမျိုးသမီးကြီးတစ်ဦးပါ ? ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့ရပြီး ၁၉ရာစုအစောပိုင်းလူမှုရေးစံနှုန်းတွေအတိုင်း ယောကျ်ားတွေပဲအရာရာကိုလွှမ်းမိုးနေတဲ့​ခေတ် ဝိုင်ဖောက်တဲ့နေရာမှာ မိန်းမတစ်ယောက်ဥိီးစီးလို့မရတဲ့ခေတ်မှာ သွားလေသူ သူ့ယောကျ်ားရဲ့ စွဲလမ်းရူးသွပ်ခဲ့ရာစပျစ်ခင်းနဲ့စပျစ်ဝိုင်ထုတ်လုပ်ရေးကို အတိုက်အခိုက်တွေကြားထဲကဆက်ပြီးဥိီးဆောင်ရုန်းကန်ခဲ့တဲ့ ပြင်သစ်သူအာဂမိန်းမ ဘာ့ဘ်နီကိုးကလီကိုးရဲ့အထ္တုပတ္တိကို ဇာတ်လမ်းပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ? ကွယ်လွန်သူယောကျ်ားချခဲ့တဲ့အုတ်မြစ်ကို လက်မလျှော့ဘဲ ​အခက်အခဲမျိိုးစုံလူမျိုးစုံကိုရင်ဆိုင် ”လောကဓံဆိုတာဘာလဲ မမှုဘူး ယုံကြည်ရာနောက်ကို ရေဆုံးမြေဆုံးလိုက်မယ်”ဆိုတဲ့ခံယူချက်နဲ့ ခုခေတ်မှာထိပ်တန်းနာမည်ကြီးဝိုင်တွေဖြစ်လာမဲ့ မုဆိုးမဝိုင်လို့လူသိများတဲ့ 1. *Veuve Clicquot Yellow Label Brut* 2. *Veuve Clicquot Rosé* 3. **Veuve Clicquot La Grande Dame**တွေကိုတီထွင်ဖော်စပ်ခဲ့တဲ့တကယ့်Legendအမျိုးသမီးကြီးရဲ့အကြောင်းကို ရုပ်ရှင်အနေနဲ့ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ် ? ကလီကိုးစုံတွဲရဲ့နက်နဲတဲ့ရိုမန့်တစ်အချစ် ဝိုင်ဖောက်လုပ်ငန်းအပေါ်မှာထားတဲ့စိတ်ခံစားချက်အတိမ်အနက် ဒူပေနာပေခံမှုတွေ တီထွင်ဆန်းသစ်မှုတွေကို ဒိုင်ယာလော့ခ်ကောင်းကောင်းတွေနဲ့ ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှူခံစားလိုက်ကြပါအုံးး…. File size…(1.2 GB)/(525 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si

6.3 2023 91 mins
Widow Clicquot
Lost Horizon
7.6

Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က ရှန်ဂရီလာကို သူဘာလို့ တည်ဆောက်ခဲ့လဲ ရှင်းပြသွားခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ အနုပညာဆီကိုပဲ ဦးတည်နေခဲ့တယ်။ ရုပ်ရှင်ရော စာအုပ်ရောထွက်တဲ့အချိန်တွေမှာ ဒုတိယကမ္ဘာစစ်မစသေးသလို နျူလည်းမပေါ်သေးပေမဲ့ ဖာသာပါးရော့ပြောတဲ့စကားတွေမှာ ဒဲ့တော့ မဟုတ်ပေမဲ့ နျူလိုလက်နက်အထိ ပေါ်လာပြီး ကမ္ဘာကြီးစုတ်ပြတ်သတ်သွားနိုင်၊ စာအုပ်တွေ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းပါခဲ့တယ်။ (စာအုပ်ထဲတော့ ရှေးက ပျက်စီးသွားခဲ့ဖူးတဲ့ စာအုပ်တစ်ချို့ကို ထည့်ပြောထားပေမဲ့ ရုပ်ရှင်ထဲတော့ ဘာရယ်လို့ထည့်မပြောထားဘူး) ပထမကမ္ဘာစစ်နဲ့ မဝေးတဲ့ကာလဆိုတော့ ပထမကမ္ဘာစစ်အခြေအနေကိုကြည့်ပြီး စာရေးဆရာမှန်းချလိုက်တာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဖာသာပါးရော့က ကမ္ဘာကြီးစုတ်ပြတ်သတ်သွားပြီးတဲ့နောက် အချိန်တန်လို့ အာဏာရှင်တွေ သူ့ဇာတ်နဲ့သူသိမ်းသွားတဲ့အခါ ကမ္ဘာကြီးက လောကအသစ်ကိုစရှာတဲ့အခါ ပျက်စီးသွားတဲ့ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေဟာ ကမ္ဘာကြီးကနေဝှက်ထားတဲ့ သူတို့ရှန်ဂရီလာမှာ ကျန်နေအောင် လုပ်ချင်ခဲ့တယ်။ အဲဒီလိုရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ဟာ တော်တော်လေးလှပခဲ့တယ်။ နောက် ရှန်ဂရီလာက လူတွေက တရားဆိုတာထက် မဇ္စိုမပဋိပဋာကို ကျင့်ကြံကြပုံကို ပြောပြထားတာလည်း သဘောကျချင်စရာပါပဲ။ ကွန်ဝေးရဲ့ စိတ်နေစရိုက်နဲ့ ရှန်ဂရီလာရဲ့ အတွေးအခေါ်က ထပ်တူနီးပါးဖြစ်နေတယ်။ ဒါပေမဲ့ အေးချမ်းမှုနဲ့ အနုပညာပဲရှိတဲ့နေရာဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်မဟုတ်လောက်တော့ ကွဲလွဲကြတာတွေကို ပြထားတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ ဆာဂိုင်းစဖို့ဒ်က ကျုပ်တို့အားလုံး ကျုပ်တို့ရှန်ဂရီလာကို ရှာတွေ့ဖို့ မျှော်လင့်တယ် လို့ ပြောရင်း အဆုံးသတ်သွားခဲ့တယ်။ ဖာသာပါးရော့ပြောသလိုဆို အားကြီးတဲ့လူတွေ အချင်းချင်းဝါးမျိုပြီးတဲ့အခါ လူတွေရဲ့ ကျင့်ဝတ်တရားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါ လူကောင်းတွေက ကမ္ဘာကြီးကို အမွေခံကြလိမ့်မယ်တဲ့။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ရှန်ဂရီလာကို ကျွန်တော်တို့ရောက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.7GB, 1.45GB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 12Min Genre – Adventure, Drama, Fantasy, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1937
Lost Horizon
Girl Scout
5.5

Girl Scout (2008) ********************* ဒီတစ်ခါမှာတော့ Kim Sun-Ah, Na Moon-hee, Goo Jun-Hee တို့လို့ ဝါရင့်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့ ရယ်လည်းရယ်ရပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့ 2008 ခုနှစ်ထွက် ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရပ်ကွက်ထဲက ဆံသဆိုင်မှာ စုကြေးငွေ စုကြရင်း ငွေလိမ်ခံလိုက်ရတဲ့ အမျိုးသမီးတွေအကြောင်းပါပဲ ။ ရှယ်ယာကစားရင် ရှယ်ယာရှုံး ၊ အထည်ဆိုင်ဖွင့်တော့ အရင်းပြုတ်တဲ့အပြင် ယောကျ်ားကပါ ထားသွားတဲ့ ချွဲမီဂယောင်းအတွက်တော့ အဲဒီပိုက်ဆံက စားသောက်ဆိုင်လေး ဖွင့်ဖို့ စုထားတဲ့ပိုက်ဆံဖြစ်သလို နှလုံးရောဂါရှိနေတဲ့ သားလေးရဲ့အမေ အိုဘုံဆွန်းကလည်း သူ့သား ခွဲစိတ်ဖို့ စုထားတဲ့ ပိုက်ဆံပါတဲ့။ စူပါမားကတ်မှာ ခါးကျိုးမတတ်အလုပ်လုပ်ရတဲ့ အဘွားအို အီမန်ကလည်း ငွေလိမ်ခံရလို့ သားဖြစ်သူဆီမှာ အထုအထောင်းခံရပြန်ပေါ့။ အဲဒီမှာပဲ အကြွေးနွံနစ်နေတဲ့ ဂန်အွန်းဂျီကပါ အဒေါ်ကြီး သုံးယောက်နဲ့အတူ အလိမ်ခံရတဲ့ငွေတွေကို ပြန်ရှာဖို့အရေး လေးယောက်သား ကြိုးစားကြတဲ့ အခါမှာတော့… သူတို့အလိမ်ခံရတဲ့ ပိုက်ဆံတွေ တကယ်ပဲ ပြန်ရမှာလား..။ အဲဒီကိစ္စတွေ နောက်ကွယ်မှာ ဘာတွေရှိဦးမှာလဲ..။ တစ်ဖက်က ပိုက်ဆံနဲ့ ဆွဲဆောင်လာတဲ့အခါ သူတို့ လေးယောက်ရော စည်းစည်းလုံးလုံး ဆက်ရှိနိုင်ပါ့မလားဆိုတာကိုတော့ ဒီ Girl Scout ရုပ်ရှင်မှာ ဆက်ရှုစားလိုက်ရအောင်နော် ။ (ဇာတ်လမ်းအကျဉ်းကို Hazelle မှ ရေးသားပေးထားပါတယ်။) File size…1.42GB / 670MB Quality…WEB-DL 1080p/ WEB-DL 720p Format…mp4 Duration….1h 40m Genre ….. Comedy, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hazelle

5.5 2008 100 mins
Girl Scout
Love Guide for Dumpees

Love Guide for Dumpees (2015) ***************************** ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2015တုန်းက ထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေး Love Guide for Dumpees ပဲဖြစ်ပါတယ်… အဓိက သရုပ်ဆောင်တွေအဖြစ် The Frog ထဲက အားလုံးရင်းနှီးကြပြီးသား မင်းသား Yoon Kye Sang နဲ့ Hometown(2021)ထဲက မင်းသမီး Han YeRi တို့အပြင် တခြားသော လူသိများတဲ့ အနုပညာရှင်များလည်း ပါဝင်အားဖြည့်ထားပါသေးတယ်… ဇာတ်လမ်းအကျဉ်း ————- ဘဝမှာဒုက္ခအပေးဆုံး ရည်းစားဟောင်းတွေရဲ့ မင်္ဂလာပွဲကိုသွားရာကနေပြီး ယူဂျောင်ဟွန်း(Yoon Kye Sang)နဲ့ ရှီဟူ(Han YeRi) တို့ရဲ့ ဇာတ်လမ်းက စတင်ခဲ့ပါတယ်… Love at first sight မဟုတ်ဘဲ Love at first sex ဖြစ်ခဲ့ကြတဲ့ နှစ်ယောက်သား သဘောတူညီချက်တစ်ခုလုပ်ရင်း ရည်းစားဟောင်းကို move on ဖို့ အစီအစဉ်ချခဲ့ကြပြီးတဲ့နောက်မှာတော့…. ၁၀ကြိမ်အထိပဲ Sexပါတနာ အဖြစ်နေဖို့ ကတိပြုခဲ့ကြတဲ့ သူတို့နှစ်ယောက်ကြားထဲ အချစ်တွေ ပေါက်ဖွားလာပုံနဲ့ ဘဝဆိုတာ ခဏလေးမို့လို့ ပစ္စုပ္ပန်မှာရှင်သန်ရင်း ချစ်ရသူနဲ့ တစ်ဝကြီးချစ်ကြပါဆိုတဲ့အချက်ကို မီးမောင်းထိုးပြထားတဲ့ ကားလေးပဲဖြစ်ပါတယ်… ရည်းစားဟောင်းကို မမေ့နိုင်သူတွေအတွက် ပညာရနိုင်တာကြောင့် ကြည့်ဖို့ သင့်တော်ကြောင်းလည်း ညွှန်းပေးချင်ပါသေးတယ်… ပွင့်လင်းတဲ့ အသုံးအနှုန်းတွေအပြင် ၁၈နှစ်အောက် မသင့်တော်တဲ့ ဇာတ်လမ်းဇာတ်ကွက်အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့ အတူမကြည့်ဖို့တော့ အကြံပေးချင်ပါတယ်… ဇာတ်လမ်းအညွှန်းကို Milkeux မှ ရေးသားပေးထားပါတယ်… File Size : 1.79GB / 650MB Quality : WEB-DL 1080p / 720p Genres : Romance, Comedy Duration : 1h 47m Subtitle : Myanmar Subtitle (Hard Sub) Translated by Milkeux Encoded by Heather Oo

Action • Comedy
0 2015 107 mins
Love Guide for Dumpees
FernGully 2: The Magical Rescue
4.4

FernGully 2:The Magical Rescue 1998 FernGully 2:The Magical Rescue ဟာ ၁၉၉၂ ထွက် FernGully:The Last Rainforest ရဲ့ အဆက် ကာတွန်းကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဖန်ဂါလီဆိုတာ နတ်သူ‌‌ငယ်တွေ၊တိရိစ္ဆာန်လေးတွေ ရောနှောနေထိုင်တဲ့ ထူးဆန်းပြီး မှော်ဆန်တဲ့ မိုးသစ်တော ဖြစ်ပါတယ် ။ တစ်ရက်မှာတော့ အေးချမ်းပြီး မှော်ဆန်လှတဲ့ ဖန်ဂါလီကို ဝိမသလောဘသား လူသားမုဆိုးတွေ ကျူးကျော်လာပြီး သစ်တောကိုမီးရှို့ကာ ‌တိရိစ္ဆာန်ပေါက်လေးတွေကို ဖမ်းယူသွားပါတယ် ။ ဒီလိုနဲ့ အဖမ်းခံလိုက်ရတဲ့ အကောင်ပေါက်လေးတွေကို ကယ်ဖို့ နတ်သူငယ်လေးတွေဖြစ်တဲ့ ပစ်နဲ့ ခရစ္စတာတို့ဟာ မြို့ကိုရောက်ဖူးတဲ့ တောအုပ်ထဲက တိရိစ္ဆာန်တွေအကူအညီနဲ့ လူသား‌တွေရှိရာ အရပ်ကို စွန့်စားခန်းထွက်လာပါတော့တယ်။ ဖန်ဂါလီကနေ တစ်ခါမှအပြင်မထွက်ဖူးတဲ့ပစ်နဲ့ခရစ္စတာတို့ရဲ့ စွန့်စားခန်းဟာ ဘယ်လိုဖြစ်လာမလဲ၊ အကောင်‌ပေါက်လေးတွေကို သူတို့ကယ်တင်နိုင်မလား၊ လူသားကမ္ဘာမှာ နတ်သူငယ်လေးတွေ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ ကြည့်ရမယ့် ကာတွန်းကားလေးပဲဖြစ်ပါတယ်။ File size… 1.9 GB/ 1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1 h 10 m Genre ….. Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Romance • Comedy
4.4 1998 72 mins
FernGully 2: The Magical Rescue