YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

American Horror Story (2011) - S08E07 - Traitor 1080p BluRay {CM}.mp4

894.89 MB 1080p video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella II: Dreams Come True
6.1

Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီး တဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရော ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် I လောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီး စင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ​ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကို ပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ် ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့ အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲ တွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ် ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရ တာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့ Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမ အန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန် တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီ ကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့ လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…1.27GB / 538MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Drama
6.1 2002 74 mins
Cinderella II: Dreams Come True
Diary of a Wimpy Kid: Rodrick Rules
7.1

Diary of a Wimpy Kid (2021) ရဲ့တိုက်ရိုက်အဆက် ဒစ္စနေပလပ်က ထုတ်လွှင့်ထားတဲ့ အန်နီမေးရှင်းကားအသစ်ပါ။ Diary of a Wimpy Kid: Rodrick Rules (2011) Live Action ကားနဲ့ ဇာတ်ကြောင်းတူသလို ဒုတိယမြောက် တစ်ကားလုံးအန်နီမေးရှင်းကားဖြစ်နေတဲ့ Diary of a Wimpy Kid ကားလည်း ဟုတ်ပါတယ်။ ရုပ်ရှင်အနေနဲ့ Live Action လေးကားထွက်ခဲ့ပြီး အန်နီမေးရှင်းအနေနဲ့က ဒါနဲ့မှ ၂ကားပဲ ထွက်ထားသေးတာ ဖြစ်ပါတယ်။ ဒီကားတွေကို Diary of a Wimpy Kid လို့ခေါ်တဲ့ အမေရိကန် ကလေးဖတ်စာအုပ်စီးရီးကို အခြေတည်ထားတဲ့ကားတွေဖြစ်ပြီး လက်ရှိ၁၇အုပ်မြောက်အထိ ထွက်ထားတဲ့ ဒီစာအုပ်စီးရီးဟာ Live Action ကားတွေကြောင့် မြန်မာပရိသတ်တွေနဲ့ မစိမ်းပါဘူး။ ခု Diary of a Wimpy Kid: Rodrick Rules မှာတော့ ဂရက်နဲ့ သူ့အစ်ကိုရော့ဒရစ်ကြားက အဖြစ်အပျက်တွေကို အဓိကထားဇာတ်အိမ်တည်ထားပြီး အစ်ကိုကြီးရဲ့ အချစ်ကို လိုချင်နေတဲ့ညီလေးနဲ့ ညီကို တစ်စက်မှမချစ်ဘူးလို့ထင်ရတဲ့ ငပေငတေအစ်ကိုကြီးဟာ မိဘတွေ နှစ်ပတ်လည်အတွက် ခရီးထွက်သွားတဲ့နောက် နှစ်ယောက်တည်းအိမ်မှာကျန်ခဲ့ရာက ပြဿနာတွေရှာ အစ်ကိုက ညီကို အတတ်ကောင်းတွေ သင်ပေးတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ မိသားစု ဒရာမာကားဆန်ဆန်လေးမို့ ကလေးတွေကို ပြသင့်တဲ့ကားလည်းဟုတ်သလို Diary of a Wimpy Kid ဖန်တွေအတွက်လည်း အလွမ်းပြေ ပြန်ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1GB, 520MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 14Min Genre - Animation, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Romance
7.1 2022 74 mins
Diary of a Wimpy Kid: Rodrick Rules
Camila Comes Out Tonight
6

ဒီဇာတ်ကားဟာ အဘွားနေမကောင်းဖြစ်နေလို့ အိမ်ပြောင်းလာကြတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်အကြောင်းနဲ့ ဇာတ်အိမ်တည်ထားပြီး အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုတွေကို ခပ်ပါးပါးလေးရောယှက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ကာမီလာဟာ အမေရယ် ညီမလေးရယ်နဲ့အတူ အဘွားအိမ်ကိုပြောင်းလာခဲ့ကြပြီး မြို့အသစ်ရဲ့ ကျောင်းအသစ်ကိုရောက်တော့ သူငယ်ချင်းမရှိတဲ့အတွက် တစ်ယောက်တည်း ‌ယောင်ချာချာ ဖြစ်နေခဲ့ရပါတယ်။ ဒီလိုနဲ့သူငယ်ချင်း မိတ်ဆွေတွေ ရလာခဲ့တဲ့အခါမှာလည်း ထင်သလိုအဆင်မပြေဘဲ အခက်အခဲလေးတွေ ထပ်မံကြုံတွေ့ရပါတယ်။ ကာမီလာတို့ဟာ နိုင်ငံရေးကို စိတ်၀င်စားကြပြီး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြပါတယ်။ ဒီဇာတ်ကားဟာ ဆယ်ကျော်သက်အရွယ်နဲ့ မိဘကြား ဆက်ဆံရေးအခက်အခဲတွေကို ဆဲဆိုအော်ဟစ်တာမပါဘဲ ခပ်အေး‌အေးပဲ ချပြသွားခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက ဖိနှိပ်ခံအမျိုးသမီးတွေအတွက် ခွန်အားတွေပါပေးတဲ့အတွက် ဇာတ်ကားငြိမ့်ငြိမ့်လေးကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.7GB / 600MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka

Drama
6 2022 100 mins
Camila Comes Out Tonight
Double Threat
3

ဇာတ်လမ်းလေးကတော့ ဂျင်မီရူးဒေါ့ဖ် ဆိုတဲ့ မှုခင်း စာရင်းကိုင်တစ်ယောက်ဟာ ဆုံးသွားတဲ့ သူ့အစ်ကိုရဲ့ အရိုပြာကို ကမ်းခြေမှာ ရေမျှောဖို့ သွားရင်း လမ်းဘေး စတိုးဆိုင်လေးတစ်ခုမှာ မုန့်ဝင်ဝယ်တာကနေ စတာပေ့ါ။ စတိုးဆိုင် ကောင်တာက ကောင်မလေးက ဂျင်မီကလွဲပြီး အခြား ဆိုင်ထဲ ဝင်လာတဲ့ သူအားလုံးကို သေနတ်နဲ့ပစ် ဓားနဲ့ပေါက်ပြီး သတ်ပစ်လိုက်တာကြောင့် ဂျင်မီတစ်ယောက်လည်း ကြောင်တောင်တောင်ဖြစ်သွားပြီ ကျသင့်ငွေကို ကောင်တာပေါ်တင်ပေးကာ ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ ဂျင်မီတစ်ယောက် ကြောင်တိကြောင်တောင်နဲ့ သူ့ကားပေါ်တက်ပြီး ပြန်မောင်းထွက်လာခဲ့ပေမဲ့ ခုနက ကောင်တာက ကောင်မလေးက သူ့ရဲ့ကားထဲမှာ လိုက်ပါလာခဲ့ပါတယ်။ နောက်တော့ သိလိုက်ရတာက ကောင်မလေးနာမည်က နတ်တာရှာဖြစ်ပြီး ကိုယ်တူစိတ်ကွဲစိတ်ရောဂါ DID ခံစားနေရတဲ့ ကြေးစားတစ်ယောက်ပါတဲ့။ ဆိုလိုတာက နတ် နဲ့ တာရှာ ဆိုပြီး စိတ်နှစ်ခွရှိနေပြီး ပြဿနာရှာလွန်းတဲ့ တာရှာ့ရဲ့ အရှုပ်ထုပ်တွေကို ဉာဏ်ကောင်းတဲ့ နတ်က လိုက်ရှင်းရတာပေါ့။ သူ့အဖြစ်ကလည်း ဒုစရိုက်သမား အလုပ်ရှင်ဆီကနေ ပိုက်ဆံခိုးမိလို့ အဖွဲလိုက် လိုက်သတ်တာရှောင်နေရတာပါတဲ့ဗျာ။ ရုပ်ချောပြီး ချစ်စရာကောင်းတဲ့ ပြဿနာအိုးမလေးတစ်ယောက် ဂျင်မီရဲ့ ဘဝထဲ အမှတ်မထင် ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ? နတ်ကို လိုက်သတ်နေတဲ့ လူသတ်သမားတွေ ရန်ကနေ လွတ်အောင် ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ဗျာ Action, Comedy အမျိုးအစားဖြစ်တာကြောင့် ပေါ့ပေ့ါပါးပါးနဲ့ ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 2.2GB, 921MB, 450MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Comedy Translated by Chevy Encoded by Kinnov

Romance
3 2023 91 mins
Double Threat
The Story of Qiu Ju
7.6

The Story of Qiu Ju (1992) ~ IMDb – 7.6/10, Rotten Tomatoes – 87% ~ ဒီဇာတ်လမ်းက တော်တော်ရိုးရိုးရှင်းရှင်းပဲ။ ရိုးရှင်းလွန်းလို့ အနိမ့်အမြင့်တောင် ပါလှတယ်မဟုတ်ဘူး။ ဇာတ်အိမ်တည်ရာ ခုနှစ်ကလည်း ၁၉၉၂မှာပဲ တည်ထားတယ်။ ဇာတ်ကရှင်းရှင်းလေး။ ရွာသူကြီး ခေါ် ရွာခေါင်းဆောင်က ရွာကလူတစ်ယောက်ကို ထိုးကြိတ်ပြီး ဂွကြားကို ကန်ထည့်လိုက်တယ်။ အဲဒီလူရဲ့မိန်းမက မကျေမနပ်ဖြစ်ပြီး ရွာသူကြီးကို ပြန်တောင်းပန်ခိုင်းတယ်။ ရွာသူကြီးကလည်း မာနကြီးတဲ့လူဆိုတော့ မတောင်းပန်ဘူး။ အဲဒီမှာ အရာရှိတစ်ယောက်က ဝင်ရှင်းပေးတယ်။ ငွေတော့ရလိုက်တယ်။ တောင်းပန်စကားမရဘူး။ ဒီတော့ ဟိုမိန်းမက မကျေနပ်ဘူး။ ခရိုင်အဆင့် မြို့နယ်အဆင့် ရုံးတွေထိ တက်တိုင်တယ်။ ဒါပေမဲ့ အဖြေက အမြဲအတူတူပဲ။ နောက်ဆုံးကျ တရားခွင်အထိ တက်ပစ်တယ်။ ပြောရရင် အစိုးရအရာရှိတစ်ယောက်နဲ့ အရပ်သားမိန်းမတစ်ယောက် ပြည်မရဲ့ တရားဥပဒေအောက် တရားမျှတမှုအားပြိုင်ကြတဲ့ရုပ်ရှင်ပေါ့။ ဒါပါပဲ။ ဒီထက်ဘာမှမပိုဘူး။ ဒါပေမဲ့လည်း ဆိုခဲ့သလို ဒီရုပ်ရှင်ကို သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်မှာပဲ ဇာတ်အိမ်တည်ထားသလို ဒီရုပ်ရှင်ထဲက လမ်းဘေးခန်းတွေကလည်း လျှို့ဝှက်ကင်မရာနဲ့ ရိုက်ထားတာဆိုတော့ သူ့ဖြစ်ပျက်နေတဲ့ သဘောသဘာဝအတိုင်း ရလိုက်တဲ့ ဇာတ်ဝင်ခန်းတွေဖြစ်ခဲ့တယ်။ ရော်ဂျာအတ်ဘတ်ကြီးကတော့ ဒီရုပ်ရှင်ကို “သူကြည့်ဖူးသမျှ တခြားရုပ်ရှင်တွေထက် တရုတ်ပြည်ရဲ့သာမန်လူတန်းစားတွေရဲ့ နေ့စဉ်ဘဝအကြောင်း အများဆုံး သိရတဲ့ရုပ်ရှင်” လို့တော့ဆိုတယ်။ ကျန်းရိမူကား ပီသစွာပဲ အဲဒီခေတ်နိုင်ငံရေး ဥပဒေ ဘာညာလည်းမြင်ရပေမဲ့ ကျန်းရိမူကားဆိုတော့ ဒါတွေကို မသိမသာပြတတ်တာက ဆန်းတော့မဆန်းတော့ပါဘူး။ ဆန်းတာကတော့ ကျန်းရိမူရဲ့အရိုးရှင်းဆုံး ရုပ်ရှင်ဖြစ်နေတာပါပဲ။ ဒီကားဟာ ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ထဲက စီအမ်မှာမရှိတဲ့ နောက်ဆုံးရုပ်ရှင်‌ပါ။ ဆိုတော့ ကျန်းရိမူဂေါင်လီ Collection ပြည့်ပါပြီ။ သူတို့ရုပ်ရှင်တွေကို အစအဆုံးပြန်ကြည့်ချင်ရင်တော့ Red Sorghum (1987), Ju Dou (1990), Raise the Red Lantern (1991), The Story of Qiu Ju (1992), To Live (1994), Shanghai Triad (1995), Curse of the Golden Flower (2006) တို့ကို ကြည့်ရှုနိုင်ပါတယ်။ ဒီကားတွေအကုန်လုံးက ရိုးရှင်းစွာ လှပနေတဲ့ ရုပ်ရှင်တွေချည်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 795MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1992
The Story of Qiu Ju
Ice Rain
5.5

Ice Rain (2004) ဒီဇာတ်လမ်းလေးကတော့ ၂၀၀၄ ခုနှစ်မှာ ဇာတ်အိမ်တည်ခဲ့တဲ့ ဆွတ်ပျံ့ဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ တောင်တက်သမားနှစ်ယောက်ဟာ အာလန်စခါမှာ ရှိတဲ့ အာရှခုလို့အမည်ရတဲ့ ရေခဲတောင်ပေါ်မှာ သောင်တင်နေရင်းနဲ့ သူတို့ဘဝကို ပြောင်းလဲစေခဲ့တဲ့ မိန်းကလေးအကြောင်းကို တစ်ယောက်နဲ့တစ်ယောက် ပြောပြကြပါတယ် သူတို့မသိခဲ့တာကတော့ တကယ်တမ်း သူတို့နှစ်ယောက်ဟာ ဘယ်လိုမျိုးဆက်နွယ်မှုရှိနေတာလဲဆိုတာပါပဲ အဲဒါကတော့ ဇာတ်လမ်းရဲ့အဓိကအချက်ဖြစ်တဲ့အတွက် ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ အားလုံးရဲ့အချစ်တော် “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ထဲက မင်းသားဂျွန်စောလို့ အသိများကြတဲ့ (Song Seung Heon) နဲ့ မြန်မာနိုင်ငံမှာ ကျီးကျင့် လို့ နာမည်ရခဲ့တဲ့ မင်းသမီးကြီး Kim Ha Neul လည်း ပါဝင်သရုပ်ဆောင်ထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုအားပေးပါဦးနော် ဇာတ်ကားကောင်းလေးကို တင်ပေးချင်တာမို့ လတ်တလော ရတဲ့ ကွာလတီနဲ့ပဲ တင်ပေးထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hsu ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Drama, Romance Quality…. 480p File size… 423MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hsu Encoder ….. Aaron

Comedy • Drama • Thriller
5.5 2004
Ice Rain
Orion and the Dark
6.7

Orion and the Dark (2024) ~ IMDb – 6.7/10, RT – 87%, Meta – 74% ~ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖို့ပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို့ ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖို့ဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလို့ပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖို့ပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို့ ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီုရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တို့တတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတို့အုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတို့ကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို့ ရည်ရွယ်ခဲ့တာပေါ့။ ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတို့မှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။ ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။ ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တို့ကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။ သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။ ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။ လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလို့ပြောရမှာပဲ။ Wish တို့ ဘာတို့ထက်လည်း အများကြီးသာတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။ တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလို့လဲတော့ ကားကြည့်ရင်သိလိမ့်မယ်။ အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို့ ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 715MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 30Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2024 90 mins
Orion and the Dark
Successor
6.9

Successor (2024) IMDb Rating (6.9) / Rotten Tomatoes (82%) ရုံတင်တုန်းက Box Office မှာ $ 470 million ကျော် ရရှိပြီး နာမည်ကြီးလူကြိုက်များနေတဲ့ တရုတ်ဟာသဒရမ်မာကားလေးကို 4K ထိ တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်လေးလဲ တကယ်ကိုထူးခြားဆန်းသစ်နဲ့ ဇာတ်အိမ်နဲ့ပါ… တစ်ချိန်က ချို့တဲ့တဲ့မိသားစု အသိုင်းအဝိုင်းကြားမှာ မာနကို ချိုးနှိမ် ဒုက္ခကို အံခဲပြီး တစ်ကိုယ်တည်း ကြိုးစားရုန်းကန်ရင်း ချမ်းသာလာတဲ့သူဌေးကြီးတယောက်ဟာ သူ့သားလေးကို…ရွှေဇွန်းကိုက်ပြီး ရွှေလင်ဗန်းနဲ့ အချင်းဆေးတဲ့ဘဝမျိုးမှာထားနိုင်ပေမယ့် ဒီလိုထားလိုက်ရင် ကြိုးစားလိုစိတ်…. ဖြစ်ထွန်းလိုစိတ် မရှိတော့ဘဲ ဘဝကို အပေါ်ယံရှုမြင်ပြီး ပျော်ပါးပျက်စီးမှာစိုးလို့… ဆင်းရဲဒဏ်ထဲ ကြီးပြင်းစေမယ့် မဟာ စီမံကိန်းကြီးကို ရေးဆွဲပါတော့တယ်… ဒါကတော့ သူငယ်ငယ်က နေခဲ့တဲ့ အိမ်စုတ်လေးမှာ မိသားစုလိုက်သွားနေကြပြီး သူ့သားအထင်မှာ ဆင်းရဲအောင် ဟန်ဆောင်ကြပါတယ်။ သူ့သားကို ဆင်းရဲတဲ့ဒဏ်… မျက်နှာငယ်ရတဲ့ဘဝ… မာနကို ခဝါချပြီး ဘဝရဲ့ လောကဓံကို ရင်ဆိုင်စေဖို့ အမျိုးမျိုး ဇာတ်ညွှန်းတွေရေးပြီး ပျိုးထောင်ပေးတော့တာပေါ့…. ဒါပေမယ့် သူ့သားကရော ဆင်းရဲသားတယောက်အဖြစ်နဲ့ ကြိုးစားပါ့မလား သူ့အဖေအမေက လိမ်ညာထားတဲ့ ဘဝအခြေအနေမှန်ကိုရော သိသွားမလား တကယ်ရော သူ့ဘဝအစစ်အမှန်ကို ရင်ဆိုင်ရဲပါ့မလားဆိုတာ…….။ မိဘတိုင်းက သားသမီးကို ကောင်းပေ့ တော်ပေ့… ဆိုတဲ့ ပြီးပြည့်စုံမှုပေတံတွေနဲ့တိုင်းပြီး ဖြစ်ထွန်းစေချင်ကြတယ်… ဒီလို ကောင်းစေချင်လို့ဆိုတဲ့ စကားနဲ့ ကလေးတွေရဲ့ စိတ်ကို ပြန်ပေးဆွဲကြလေ့ရှိတယ်… ဒါပေမယ့်လည်း ဒါက တကယ်ပဲ ကလေးတွေအတွက် ကောင်းရဲ့လား…. သားသမီးတွေဆန္ဒကရော အရေးမပါတော့ဘူးလားဆိုတဲ့ ဖော်ကျူးမှုလေးတွေနဲ့ ဒီရုပ်ရှင်ကားလေးက မိသားစုလိုက်အေးအေးဆေးဆေးကြည့်ရှုကြရမယ့် ဟာသဒရမ်မာရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။

6.9 2024
Successor
Far Haven
5.8

Far Haven (2023) IMDb Rating (5.8) / Rotten Tomatoes (67%) ကောင်းဘွိုင်ချစ်သူတို့အတွက် ကောင်းဘွိုင်ဆန်ဆန် မိသားစု ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDB မှာ 5.8 အထိပဲရရှိထားတယ်ဆိုပေမယ့် ဆုပေါင်း ၅ ဆုနဲ့ ဆန်ကာတင်စာရင်း ၇ ခုအထိ ချိတ်ထားခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ကောင်းဘွိုင်တစ်ယောက်ရဲ့ မိသားစုဘဝကို ဇာတ်အိမ်တည်ထားပြီးတော့ ဇာတ်လမ်း နောက်ခံကို နည်းနည်းပေးနာထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဟန်တာဘရက်ဒေါ့လို့ခေါ်တဲ့ ကောင်းဘွိုင်ရွာက ယောက်ျားသားတစ်ယောက်ဟာ အချိန်တန်တော့ စစ်တပ်ထဲဝင်ခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ကောင်းစွာနဲ့ဘဲ အမေရိကန်တို့ရဲ့ထုံးစံအတိုင်း အချုပ်အခြာအာဏာစနစ်သည်သာ အဓိကဖြစ်တဲ့အတွက် အထက်လူကြီးရဲ့စကားကို လက်အောက်ခံတပ်သားတွေက ဖီဆန်ခွင့်မရှိပါဘူး။ သို့ပေမယ့်လည်း ကိုယ့်ရဲ့အထက်လူကြီးက စစ်သုံးပန်းဖြစ်သော်ငြားလည်း အပြစ်မဲ့တဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ရက်ရက်စက်စက် ပစ်သတ်ခိုင်းတဲ့အခါမှာ ဘရက်ဒေါ့ဟာသည်းမခံနိုင်ဘဲ တာဝန်ထမ်ဆောင်ရင်းတန်းလန်း စစ်တပ်ထဲက ရဲဘော်ရဲဘက်တွေကို ချန်ထားခဲ့ပြီးအိမ်ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဆိုသလိုပဲ အချိန်တန်တဲ့အခါ ဘရက်ဒေါ့ဟာထောင်ချခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ ဒီကိစ္စတွေအားလုံးကို သူ့ရဲ့ဆုံးပါးသွားတဲ့ အမျိုးသမီးကလွဲရင် ဘယ်သူမှမသိပါဘူး။ ဒီလိုနဲ့ သူ့ရဲ့ ထောင်ဒဏ်ပြည့်သွားတဲ့အခါ နေရပ်ကျေးရွာကို သစ္စာဖောက်နာမည်တပ်ခံရပြီး ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ ငကြောက်လို့ ရွာကလူကြီးတွေ မုန်းနေခဲ့ကြတဲ့ ဘရက်ဒေါ့ဟာ လူအများထင်ခဲ့သလို သူရဲဘောကြောင်တဲ့သူမျိုးမဟုတ်ဘဲ ရွာတကယ်အရေးကြုံလာတဲ့အခါမှတော့ ရဲစွမ်းသတ္တိကို ပြသနိုင်ခဲ့ပါတယ်။ Far Haven “ရပ်ဝေးမြေကနားခိုရာ” ဆိုတဲ့ဒီဇာတ်ကားမှတော့ လက်ရုံးရည်သာမက နှလုံးရည်ကိုပါ ကွက်ကွက်ကွင်းကွင်းရိုက်ထားတာဖြစ်လို့ တနည်းတဖုံ entertain လုပ်ပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Western Duration….01:41:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

5.8 2023 90 mins
Far Haven
Vicky Vidya Ka Woh Wala Video
5.8

Vicky Vidya Ka Woh Wala Video (2024) “ဗစ်ကီ-ဗစ်တရာနဲ့ အမှု‌ပွေတဲ့ဗီဒီယိုစီဒီ)” တဝါးဝါးတဟားဟားနဲ့ အချစ်ဟာသကားကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် IMDb 5.9/10 rating ရထားတဲ့ ဟင်ဒီဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‌ဗစ်ကီဟာ ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်နေတတ်တဲ့ ဒန်းဆိုးဆရာလေးတစ်ယောက်ပါ။ သူ့ချစ်သူကတော့ ဆရာ၀န်မလေး ဗစ်တရာပေါ့။ တစ်နေ့ ဗစ်ကီခရီးသွားရာက ပြန်ရောက်တဲ့အခါ ဗစ်တရာရဲ့ စေ့စပ်ပွဲသတင်းကို ကြားရပါတော့တယ်။ ဒါပေမဲ့ ဗစ်ကီတစ်ယောက် အသည်းကွဲပြီး မှိုင်နေမယ်တော့ မထင်ပါနဲ့။ စေ့စပ်ပွဲမှာ စားစရာတွေ တစ်ပွဲပြီးတစ်ပွဲ တွယ်နေတာပါ။ စေ့စပ်ပွဲရဲ့အရေးကြီးတဲ့အချိန်ကို ရောက်လာတဲ့အခါကျမှ ဗစ်ကီတစ်ယောက် ဗရုတ်ကျပြီး ပညာသားပါပါ နှောင့်ယှက်ပါတော့တယ်။ ဒီလိုနဲ့ အဲဒီစေ့စပ်ပွဲပျက်သွားပြီး ‌အဆင့်အတန်းချင်းမတူတဲ့ ဗစ်ကီနဲ့ဗစ်တရာတို့နှစ်ဦး ပေါင်းဖက်ရဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူတို့ဇာတ်လမ်းက ဒီမှာပြီးမသွားပါဘူး။ သူတို့လက်ထပ်ပြီးနောက်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ဗီဒီယိုစီဒီ အခိုးခံလိုက်ရပါ‌တယ်။ ဇာတ်လမ်းက အဲဒီမှာစတာပါ။ ‌အဲဒီ‌နောက်မှာ သူတို့နှစ်ဦးသား အဲဒီလျှို့ဝှက်ဗီဒီယိုစီဒီကို ဘယ်လိုပြန်ရှာယူကြမလဲ၊ အိမ်ထောင်ရေးခရီးလမ်းမှာ ဘယ်လိုပြဿနာတွေကြုံရမလဲဆို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်စားစရာ ကြည့်ရမှာ စိတ်အပန်းပြေစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

5.8 2024 152 mins
Vicky Vidya Ka Woh Wala Video
The Order
7.3

The Order (2024) IMDb Rating (7.3) / Rotten Tomatoes (90%) မင်းသားကြီး ဂျုလော နဲ့ နစ်ကလက်ဟော့တို့ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံ Crime, Drama, Thriller ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ အမေရိကန် သမိုင်းမှာ နာမည်ကြီးအမဲစက်တွေဖြစ်တဲ့ ၁၉၈၀ ဝန်းကျင်လူဖြူကြီးစိုးရေးဝါဒီ၊ အစွန်းရောက် နာဇီလက်သစ်တွေရဲ့ ပြဿနာတွေကို အခြေခံထားတာဖြစ်ပါတယ်။ ၁၉၈၀ ကျော်မှာ ပေါ်ပေါက်ခဲ့တဲ့ The Order ဆိုတဲ့ အစွန်းရောက် ဂျူးမုန်းတီးရေးအဖွဲ့ကို အက်ဖ်ဘီအိုင်နဲ့ ရဲတွေလိုက်လံ နှိမ်နင်းရပုံကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်း အက်ဖ်ဘီအိုင်အေးဂျင့် ဟက်စ်ဟာ ဂျေမီဆိုတဲ့ ရဲသားလေးနဲ့ပေါင်းပြီး ဓားပြမှုတွေကို စုံစမ်းရာကနေ ဓားပြမှုတွေဟာ ရန်ပုံငွေစုတဲ့သဘောဖြစ်နေပြီး အကြီးအကျယ် အကြမ်းဖက်မဲ့ အစီအစဉ်တွေ တစ်နိုင်ငံလုံးကိုတိုက်ခိုက်မဲ့အစီအစဉ်တွေပါရှိနေတဲ့ အစွန်းရောက်အဖွဲ့ကို ခြေရာခံမိသွားပါတယ်။ သူတို့ခြေရာခံနေစဉ်အတွင်းမှာပါ ဘဏ်ဓားပြမှုတွေ ဆက်တိုက်ဖြစ် လုပ်ကြံမှုတွေပါဖြစ်လာပြီး နောက်ဆုံး လက်နက်ကိုင် တော်လှန်ရေးအဆင့်အထိ ရောက်လာခါနီးမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပြီး ဖမ်းဆီးရပုံတွေကို ပြသထားတာပါ။ ၁၉၈၀ အထာတွေနဲ့ ဇာတ်လမ်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းကြည့်ချင်ရင် ဒီကားကိုလက်လွှတ်မခံသင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(1.5 GB) / (730 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:56:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mr.Anderson

7.3 2024 116 mins
The Order
American Pie 2
6.4

American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ – American Pie (1999) – American Pie 2 (2001) – American Wedding (2003) – American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီး Rating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲ ဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။ မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့ Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Pie 2 (2001) IMDb Rating (6.4) ကဲ American Pie (1999) အပြီးမှာတော့ အဆက်အနေနဲ့ ဆက်ထွက်ထားတဲ့ American Pie 2 (2001) လာပါပြီ။ ရှေ့ကားက ဇာတ်ကောင်တွေဖြစ်ကြတဲ့ မင်းသား Jason Biggs, Seann William Scott, Chris Klein, Thomas Ian Nicholas နဲ့ Eddie Kaye Thomas တို့အုပ်စုပဲ အဓိကပါဝင်ထားပြီး ပထမဇာတ်ကားရဲ့နောက်ဆုံးခန်းမှာ ဆုတောင်းခဲ့ကြတဲ့ သူတို့ရဲ့ နောက်တဆင့်ခြေလှမ်းတွေအကြောင်းပေါ့။ ဒီခါတော့ Jim တို့ Stifler တို့အုပ်စု အထက်တန်းကျောင်းပြီးလို့ ကောလိပ်တွေရောက်နေကြပြီး နွေရာသီကျောင်းပိတ်ရက်မှာ ကောလိပ်ကနေ မွေးရပ်မြို့ကိုပြန်လာကြပါတယ်။ ဒီတော့ တယောက်တကျောင်းစီတက်နေရလို့ မတွေ့ရတာကြာပြီဖြစ်တဲ့ သူတို့သူငယ်ချင်းတွေ ပါတီလုပ်ပြီး အမုန်းကဲကြဖို့ ကမ်းခြေက အိမ်တစ်လုံးကိုငှားဖို့ စီစဉ်ကြပါတော့တယ်…. ထုံးစံအတိုင်း လုပ်လိုက်တိုင်း လွဲနေကျ Jim တို့အုပ်စုကြီးနဲ့ ဘာမှဂရုမစိုက်ဘဲ နင်းကန်ချတတ်တဲ့ စတစ်ဖလာတို့ဘော်ဒါတွေ ဘာတွေအလွဲလွဲအချော်ချော်တွေနဲ့ ပျော်ကြ ခွီကြရဦးမလဲဆိုတာ……….။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

6.4 2001 108 mins
American Pie 2
Camellia
6.5

Camellia (2010) ***************** ဒီတစ်ခါမှာတော့ ဂျပန် ၊ ကိုးရီးယား ၊ ထိုင်း သုံးနိုင်ငံက ဒါရိုက်တာ ပူးပေါင်းဖန်တီးထားတဲ့ Busan Project လို့ အမည်ရတဲ့ Camellia ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ ဇာတ်လမ်းတိုလေး သုံးခု ပါဝင်ပြီး အဲဒီဇာတ်လမ်းတို သုံးခုကို သုံးနိုင်ငံက ဒါရိုက်တာ တစ်ယောက်စီက ရိုက်ကူးထားတာပါ ။ ပထမဆုံး ဇာတ်လမ်းတိုမှာတော့ Iron Pussy လို့ ခေါ်တဲ့ ထိုင်းလူမျိုးစပိုင်တစ်ယောက်ဟာ မစ်ရှင်တစ်ခုအတွက် ဘူဆန်ကို ရောက်လာရင်း ကိုးရီးယားလူမျိုးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင် သွားတဲ့အကြောင်းကို ဖော်ပြထားပါတယ် ။ အဲဒီနောက် သူ ချစ်နေတဲ့သူက သူ့မစ်ရှင်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေတဲ့အခါ Iron Pussy ရဲ့ ခံစားချက်ကို နောက်ခံသီချင်းတွေ အသားပေးပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ။ ဒုတိယမြောက်ဇာတ်လမ်းတိုကတော့ ဂျပန်လူမျိုး ဒါရိုက်တာ Isao Yukisada က ရိုက်ကူး ထားတာဖြစ်ပြီး ချမ်းအေးတဲ့ ဆောင်းညတစ်ညမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရယ် ခြေဗလာနဲ့ လျှောက်သွားနေတဲ့ ကိုးရီးယား-ဂျပန်ကပြားမိန်းကလေးတစ်ယောက်ရယ် အကြောင်းကို အဓိက ရိုက်ကူးထားတာပါ ။ နောက်ဆုံး ဇာတ်လမ်းတိုလေးကတော့ ကိုးရီးယားလူမျိုး ဒါရိုက်တာ Jang Joon Hwan က ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ Song Hyekyo နဲ့ Kang Dongwon တို့က ပါဝင်သရုပ်ဆောင်ထားတာပါ ။ ဇာတ်လမ်းတိုရဲ့ အဓိက theme ကတော့ ဦးနှောက်ထဲကနေ အချစ်ကို ထုတ်ပြီး အရောင်းအဝယ်လုပ်လို့ရလာတဲ့ ခေတ်မျိုးမှာ ဒီအချစ်ကြောင့် လူတွေ ဘယ်လောက်တောင်ရူးသွပ်နိုင်ကြသလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ (အညွှန်းကို Hazelle မှ ရေးသားထားပါတယ်) File size…2.39GB / 1.18 GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 23m Genre ….. Comedy, Romance, Sci-Fi, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by AHtet

Thriller
6.5 2010 143 mins
Camellia
Kuladalli Keelyavudo
7.3

kuladalli keelyauvado (2025 ) “မျိုးဆက်အတွက် လမ်းပြပေးသူ” ဒီဇာတ်လမ်းထဲမှာ လူမျိုးစုဆိုင်ရာ အခက်အခဲ၊ လူ့အခွင့်အရေးနဲ့ လူ့အဖွဲအစည်းဆိုင်ရာအခြေအနေတွေကို အဓိကဖော်ပြထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ဖြစ်တဲ့ မူတာရာဆာက သူ့မျိုးဆက်နဲ့မိသားစုတွေအတွက် အခက်အခဲတွေကိုကျော်ဖြတ်ပြီး သူ့ကိုယ်တိုင်လည်း ကောင်းမွန်တဲ့ဘဝရောက်အောင် ပြောင်းလဲဖို ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ် လူငယ်တွေအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာပေါ်ပေါက်စေပြီး စိတ်ဓာတ်ခွန်အားတက်စေမဲ့ ဇာတ်ကားဖြစ်တဲ့အပြင် မူတာရာဆာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့လဲ၊ မိသားစုကိုဘယ်လိုအကာအကွယ်ပေးသွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ အပြည့်အဝကြည့်ရှုခံစားပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BollyWood Team မှဖြစ်ပါတယ် )

Comedy • Action
7.3 2025 138 mins
Kuladalli Keelyavudo
Never Blink
4

Never Blink (2025) ဆေးသုတေသီ အဖွဲ့တစ်ဖွဲ့ဟာ လူတွေမျက်တောင်ခတ်ရင်း မျက်လုံးမှိတ်သွားတဲ့အချိန်မှာ ပေါ်လာတတ်တဲ့ ပုံရိပ်တွေကိုဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ မထင်မှတ်ထားစွာနဲ့ဘဲ တွေ့ရှိလာတဲ့ရလဒ်တွေဟာ အရမ်းအံ့အားသင့်စရာကောင်းနေပါတယ်။ စမ်းသပ်ချက်တွေအရ လူတွေဟာ မျက်လုံးပိတ်လိုက်အချိန်မှာ လူတွေရဲ့ အာရုံငါးပါးထက်ပိုတဲ့ ဒိုင်မန်းရှင်းတွေကို အမျက်အာရုံကနေတစ်ဆင့် ပုံရိပ်တွေဖမ်းယူနိုင်ပါတယ်။ လူ့ရဲ့စိတ်ဟာ ဒိုင်မန်းရှင်း ၁၁ လောက်ထိ ဖမ်းယူနိုင်တဲ့ သီအိုရီကိုအခြေခံပြီး ထပ်ဆင့်စမ်းသပ်လာတဲ့အခါမှာတော့ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေပါ ဖြစ်လာပါတယ်။ စမ်းသပ်ခံတွေ စမ်းသပ်ကုထုံးတွေဖြတ်ကျော်ပြီးတိုင်း လူသူနဲ့တဖြည်းဖြည်းမတူလာတော့ဘဲ သရဲစီးခံရသလို စိတ္တဇသမားတွေ ဖြစ်လာပါတယ်။ စမ်းသပ်ခံတွေဟာ မျက်လုံးမှိတ်တိုင်းအချိန်တိုင်း ဘာတွေကို မြင်မြင်လာတာလဲ ဘယ်လိုအကျိုးသက်ရောက်မှုတွေကြောင့် လူတွေရဲ့စိတ်က မခံနိုင်လောက်တဲ့ထဲ ဆိုးကျိုးတွေရှိလာတာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မျက်တောင်ခတ်ခြင်းနောက်ကွယ်က ဆန်းကြယ်မှုတွေအကြောင်း တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.3 GB) / (960 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Sci-Fi, Thriller Duration…. 01:54:46 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

Comedy • Horror
4 2025 113 mins
Never Blink