YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Amazing.Saturday.E295.231223.720p.CM.mp4

1.17 GB 720p video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Unwelcome
5.9

Jamie နဲ့ Maya တို့လင်မယားက Maya ကိုယ်ဝန်ရှိခါစမှာ လူရမ်းကားသုံးယောက်က သူတို့အိမ်ကို အတင်းဝင်လာပြီး သူတို့လင်မယားကို ရိုက်နှက်ခဲ့လို့ စိတ်ဒဏ်ရာတွေကိုယ်စီ ရနေကြပါတယ်။ Maya မီးဖွားခါနီးမှာ အိုင်ယာလန်က Jamie ရဲ့အဒေါ်ဆုံးသွားပြီး အမွေပေးခဲ့တဲ့ ကျေးလက်အိမ်လေးမှာ ဘဝသစ်စလို့ရအောင်၊ ကလေးအေးအေးဆေးဆေးမွေးလို့ရအောင်ဆိုပြီး ပြောင်းလာကြပါတယ်။ သူတို့အဒေါ်အိမ်က ဥယျာဉ်အကျယ်ကြီးရယ် အိမ်အကြီးကြီးရယ်ဆိုတော့ သူတို့လင်မယားပျော်နေကြပါတယ်။ ဒါပေမယ့် သူတို့အဒေါ်က ခြံထဲက သစ်သားအိမ်လေးရှေ့မှာ ညနေတိုင်း အသည်းအစိမ်းချကျွေးတာကို မပျက်မကွက် နေ့တိုင်းလုပ်ဖို့ မှာခဲ့ပါတယ်။ သူတို့တွေက သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့သူတွေဆိုတော့ နေ့တိုင်းကျွေးဖို့ မေ့တာမျိုးတွေ ရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲ၊ သစ်သားအိမ်လေးနောက်ကွယ်မှာ ဘာသတ္တဝါတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… l.7GB | 814MB | 393MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Drama
5.9 2023 104 mins
Unwelcome
Mojin: Return to the South China Sea
5.5

Adventureကိုကြိုက်နှစ်တဲ့ပရိတ်သတ်တွေအတွက် ဇာတ်လမ်းကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် မင်းသားကတော့ ဆုတံဆိပ်တွေအများကြီးရထားတဲ့ Pan YueMing နဲ့ X Sister နဲ့ပွဲထွက်ထားတဲ့ နာမည်ကြီးမင်းသမီး Zhang YuQiနဲ့ဆိုတော့ ဇာတ်လမ်းကတော့အလွန်ကိုကောင်းလွန်းပါတယ် ရှေးဟာင်းပစ္စည်းတွေကိုရှာဖွေရတာကြိုက်တဲ့ မောကျင်းအဖွဲ့ ဝင် ဟူပါးယီးတို့အဖွဲ့က ကောင်းချင်းအုတ်ဂူမှာအရဲစွန့်ပြီးနောက် အဖွဲ့ကွဲသွားကြတယ် အမေရိကန်ပါမောက္ခချိန်က နန်းဟိုင်းရဲ့သန္တာကျောက်တန်းမှ ချင်ဝမ်အရိုးမှန်ကိုရှာဖွေဖို့အတွက် မောကျင်းအဖွဲ့ ဟူပါးယီးတို့ကိုဖိတ်ခေါ်ခဲ့တယ် ကောင်းချင်းအုတ်ဂူမှာကျိန်စာမိခံရတဲ့ဟူပါးယီးက သွားဖို့ငြင်းဆိုခဲ့ပေမဲ့ အဖွဲ့ဝင်တွေကြောင့် လိုက်ပါခဲ့ပြန်တယ် နန်းဟိုင်းပင်လယ်ကိုသွားတဲ့အချိန်မှာ နှင်းမိုးလေးတွေကျပြီးတော့ ထူးဆန်းတဲ့အရာတွေ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုပေါ်လာခဲ့တယ် မောကျင်းတို့အဖွဲ့က ဒီအခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား? ရတနာပစ္စည်းကိုဆယ်ယူနိုင်မလား? အဲ့နေရာမှာပဲသေဆုံးကြမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Hnin Wutt Hmone ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Drama
5.5 2022 105 mins
Mojin: Return to the South China Sea
The Northman
7.1

IMDb 7.8 ရှိတဲ့ ရုပ်ရှင်ကားကြီးတစ်ကားလာပါပြီ။ နော်ဝေးဗိုက်ကင်းတွေရဲ့ ခေတ် ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ နာမည်ကျော်ဗိုက်ကင်းစီးရီးကြီးနဲ့ ဆက်စပ်တာတော့မဟုတ်ပါဘူး။ မင်းသားအမ်လက်သ်ရဲ့ ဒဏ္ဍာရီဆိုတဲ့ ရှေးပုံပြင်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ ရိုက်ကူးချက်အလန်းတွေ တိုက်ခိုက်ခန်းအလန်းတွေကိုမြင်ရမှာဖြစ်ပါတယ်။ အဖော်အချွတ်ခန်းအနည်းငယ်ပါလို့ အိမ်မှာ မိသားစုနဲ့ကြည့်ရင်တော့ သတိထားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဗိုက်ကင်းဘုရင် အာဗန်ဒေးမှာ အမ်လက်သ်ဆိုတဲ့သားတော်မင်းသားလေးတစ်ပါးရှိပါတယ်။ တစ်နေ့မှာတော့ ဘုရင်အာဗန်ဒေးရဲ့ညီ ဖီအိုနာက သူ့အစ်ကိုကို လုပ်ကြံပြီး ထီးနန်းကိုသိမ်းပိုက် လိုက်ပါတော့တယ်။ ဒါအပြင် အမ်လက်သ်ရဲ့အမေကိုပါ ဖမ်းဆီးပြီး အမ်လက်သ်ကိုပါ သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းပြီး အမ်လက်သ်လွတ်သွားတဲ့အခါ ထီးနန်းကိုပြန်ယူဖို့၊ မိခင်ကိုကယ်တင်ဖို့ နဲ့ အဖေအတွက် လက်စားချေဖို့ ပြန်ကြိုးစားပါတော့တယ်..... File size…(3.09gb)/(1.38GB)/(680MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Action/Aventure/Drama/Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy
7.1 2022 137 mins
The Northman
Massu Engira Maasilamani
5.9

Masss (2015) ============== အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်း‌ဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။

Drama • Horror • Mystery
5.9 2015 151 mins
Massu Engira Maasilamani
[18+] Role Play
5.6

စာရေးဆရာတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုနဲ့ သဝန်တိုတတ်တဲ့ မိန်းမအကြောင်းကို ရိုက်ကူးပြထားတဲ့ အကောင်းစား ကိုရီးယားဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့… ပါမောက္ခစာရေးဆရာကြီး ဂျောင်ဟို ဟာ စာရေးရင်းနဲ့ စာအုပ်ထဲကအကြောင်းတွေကို အိပ်မက်ဆိုးတွေအဖြစ်မက်နေခဲ့တဲ့ သူတစ်ယောက်ပါ တစ်နေ့ သူ့မိန်းမ အလုပ်လုပ်တဲ့ ကောလိပ်ကို လိုက်သွားရင်းနဲ့ ကျောင်းသူလေးတစ်ယောက်ကို တွေ့ရင်း စွဲလန်းမိသွားပါတော့တယ် အဲဒီကျောင်းသူလေးက သူ့အိပ်မက်ထဲမှာ မက်နေတဲ့ ကောင်မလေးဖြစ်နေပြီး ကျောင်းသူလေးကိုယ်တိုင်ကလည်း သူ့ရဲ့ ပရိသတ်အကြီးစားကြီးဖြစ်နေပါတယ် အဲဒီလိုနဲ့ ကျောင်းသူလေးက သူ့အိမ်ကိုလက်မှတ်ထိုးခိုင်းဖို့ ရောက်လာပါရော သူမရှိတဲ့အချိန်ဖြစ်နေလို့ သူ့မိန်းမနဲ့တွေ့သွားတာကနေ သူ့မိန်းမကလည်း မယုံသင်္ကာတွေဖြစ်လာပေါ့ အဲဒီလိုနဲ့ တစ်နေ့ သူ့မိန်းမ ကျောင်းကနေ ခွင့်ယူပြီးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဲဒီကောင်မလေးနဲ့ သူ့ယောကျာ်းရှိနေတာကိုတွေ့သွားတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ကောင်မလေးကရော ပါမောက္ခကြီးရဲ့ အလိုကိုလိုက်ရောမှာလား သူ့မိန်းမကရော ဘယ်လိုတွေလက်စားချေချင်နေလဲ သူမက်တဲ့အိပ်မက်ဆိုးတွေကဘာများဖြစ်မလဲ ဇာတ်လမ်းတစ်ခုလုံးက ဝတ္ထုပဲလား တကယ်ဖြစ်နေတာလားဆိုတာကိုတော့ တစ်ယောက်တည်းမကြည့်ဘဲ ၁၈ယောက် တိုင်တိုင်ပင်ပင် အဖြေရှာရင်း ကြည့်ပြီးခံစားလို့ကောင်းမဲ့ ကားကောင်းလေးတစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

Drama • Romance
5.6 2012
[18+] Role Play
5-25-77
6.4

5-25-77 (2022) ~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ခင်ဗျားတို့မှာ ငယ်ဘဝအိပ်မက်တွေ ရှိခဲ့ဖူးကြလားဗျ… အမှန်တကယ်ဖြစ်ချင်တာလား… မိဘအုပ်ထိန်းသူအသိုင်းအဝိုင်းရဲ့ကိစ္စတစ်ခုခုကြောင့် ဖြစ်ချင်တာမျိုးလား… ဥပမာ ကိုယ့်အသိုင်းအဝိုင်းထဲက ချစ်ရတဲ့တစ်ယောက် မဖြစ်သင့်ပဲအသက်ဆုံးရှုံးလိုက်ရလို့ ဆရာဝန်ကြီးလုပ်မယ်ဆိုတာမျိုး… ဒါမှမဟုတ်ရင်လည်း အိမ်မှာနေရ၊ မြို့ကြီးပြကြီးမှာ နေရတာမွန်းကျပ်လို့ ကြီးလာ‌ရင်တောင်ပေါ်ဒေသလေးတစ်ခုမှာ ဆရာမလေးတစ်ယောက်လုပ်ချင်တယ်ဆိုတာမျိုးပေါ့… ထားပါတော့… လူဦးရေ 750 ပဲနေထိုင်တဲ့ Illinois ပြည်နယ်၊ Lake County ရဲ့ Wadsworth ဆိုတဲ့ဒေသလေးမှာ မွေးဖွားလာခဲ့သူ Patrick Read Johnson ဟာ ဆယ်နှစ်မပြည့်ခင်အရွယ်ကတည်းက အိမ်ရဲ့နောက်ဖေးမြေကွက်လပ်မှာ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာလေးဖြစ်ခဲ့သူပါ။ အထက်တန်းကျောင်းသားဘဝ ရောက်လာတဲ့အခါမှာ သူ့ရဲ့ငယ်ဘဝကရိုက်ထားတဲ့ ဇာတ်ကားများစွာကို ထုတ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ရှင်‌သန်နေပါတယ်။ ငယ်ပေါင်း ဇာတ်ကားရိုက်ဖော်ရိုက်ဖက် သူငယ်ချင်း ‌Bill Holmes ကတော့ အိပ်မက်ထက် လက်တွေ့ကျကျသမားဖြစ်တာမို့ သူ့သူငယ်ချင်းကို လက်တွေ့ဘဝမှာပဲ အဆင်ပြေစေချင်သူပေါ့… Patrick ရဲ့မိခင်ဟာ သူ့ယောက်ျားနဲ့ကွာရှင်းပြီးတဲ့နောက် ဇာတ်ကားတွေအရမ်းရိုက်ပြီး ပွေရှုပ်စုတ်ပြတ်နေတဲ့ သူ့သားကို တတ်နိုင်တဲ့ဘက်က Support ပေးပါတယ်။ Pat ဟာလည်း ကလေးဘဝကလိုပဲ Sci-Fi ရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြိုက်နှစ်သက်ပြီး အကောင်အထည်ဖော်ချင်နေတာပဲဖြစ်ပါတယ်။ တစ်ဒေသလုံးက လူတွေထဲမှာ Patrick ဟာ Sci-Fi Geek ပါပဲ။ ဘယ်သူမှလက်မခံတဲ့ လူတွေကြားထဲမှာ Pat ဟာ သူ့ကိုလက်ခံနိုင်တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Patrick ကို အောင်‌မြင်စေချင်တဲ့အမေဟာ သူ့ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ Hollywood ကို သွားပြီး Director ပညာတွေကိုဆက်လက်သင်ယူဖို့ရာ Illinois ကနေ California ဆိုတဲ့ အနောက်ဖက်ခရီးကို လွှတ်လိုက်ပါတော့တယ်။ ဒီကနေစလို့ လူငယ်တစ်ယောက်ရဲ့ ဘဝတစ်ကွေ့ဖြစ်တဲ့ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲဆိုတာ ကိုတော့ CoA Comedy Drama ပီပီသသ ကြည့်ရမှာဖြစ်ပါတယ်။ ပြောစရာရှိတာက ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်နာမည် Patrick Read Johnson ဟာ ဒီကားရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ။ ဒီကားက အကြောင်းအရာတော်တော်များများက သူ့ဘဝကို အခြေခံထားတယ်လို့ပြောရမယ်။ အခုဆို သူ့အသက်က ၆၁နှစ်ပေါ့။ ဒီကားက သူ့ငယ်ဘဝအားကျခဲ့ရတဲ့ စတန်ကလေကူးဘရစ်တို့၊ Douglas Trumbull တို့၊ စတီဗင်စပီးဘာ့ဂ်တို့ ဂျော့လူးကတ်စ်တို့နဲ့ သူ့ဘဝအကြောင်းကို ရောနှောပြထားတယ်လို့ပြောလည်းမမှားဘူး။ ကောင်လေးဟာ ၁၉၆၈မှာထွက်ခဲ့တဲ့ ကူးဘရစ်ရဲ့ 2001: A Space Odyssey ကို ရူးသွပ်ပြီး ဒီကနေမှ သူ့ကိုယ်ပိုင် စိတ်ကူးယဉ်အာကာသဇာတ်လမ်းတွေကို စိတ်ကူးနဲ့ရေးထားတာတွေမနည်းဘူး။ စပီးဘာ့ဂ်ရဲ့ Jaws တို့၊ Duel တို့ကိုကြည့်ပြီး အဲဒီကားထဲက အတိုင်း နောက်ဖေးကွက်လပ်မှာ ကိုယ်တိုင်ရှိတာလေးနဲ့ ဖန်တီးပြီး ရိုက်ကြည့်တဲ့အထိ ရုပ်ရှင်ပိုးသန်ခဲ့တဲ့လူပေါ့။ ဒါရိုက်တာလည်းဖြစ်ဖို့ ဟောလိဝုဒ်ကိုလည်း သွားခဲ့တယ်။ ဒီကမ္ဘာမှာ သေချာတာက ဘယ်အရာမှအသစ်ရှိမနေဘူး။ အနည်းဆုံးတော့ စိတ်ကူးအသစ်ဆိုတာ မရှိသလောက်ရှားတယ်။ ခင်ဗျားမသိတာပဲရှိမယ်။ ခင်ဗျားလိုမျိုး ထပ်တူညီတဲ့ စိတ်ကူးမျိုးရှိတဲ့လူတွေတော့ ရှိကိုရှိဦးမှာပဲ။ ပက်ထရစ်ဟာ ဟောလိဝုဒ်ကိုသွားတော့ စပီးဘာ့ဂ်နဲ့တွေ့တယ်။ စပီးဘာ့ဂ်က ဒီအချိန်မှာ Close Encounters of the Third Kind ကို ရိုက်နေပြီ။ Sci-Fi ရုပ်ရှင်လောကရဲ့ မှတ်တိုင်တစ်ခုလို့ပြောရမယ့်ကားပဲပေါ့။ ဘယ်လောက်အာကာသအကြောင်း နောကျေလဲဆို ဒီကားရဲ့နာမည်ရဲ့ အဓိပ္ပာယ်ကိုပါ သူသိတယ်။ စပီးဘာ့ဂ်နဲ့စကားပြောပြီးတော့ စပီးဘာ့ဂ်က သူ့ကို ဒေါက်ဂလပ် ထရမ်ဘူးလ်နဲ့ သွားတွေ့ခိုင်းတယ်။ သူ့ကားရဲ့ VFX ဆရာပေါ့။ နောက် ကူးဘရစ်ရဲ့ 2001 ရဲ့ VFX ဆရာလည်း ဟုတ်တယ်။ နောက် သူက ဂျော့လူးကတ်စ်ရိုက်နေတဲ့ စတားဝါးစ်ပထမကားအကြောင်းသိလိုက်ရတယ်။ ပြောရရင် စတားဝါးစ်ဟာ သူရိုက်ချင်တဲ့အကြောင်းအရာလဲဟုတ်တယ်။ သူပြချင်တဲ့အရာလည်းဟုတ်တယ်။ လူးကတ်စ်က သူ့အိပ်မက်တွေကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သွားတယ်။ ဒီရုပ်ရှင်ရဲ့နာမည် 5-25-77 ကိုက စတားဝါးစ်စပြတဲ့ ဒိတ်ပဲ။ သူဟာ သူမရိုက်လိုက်ရတဲ့အကြောင်းအရာကို သူများကရိုက်သွားပေမဲ့လည်း ဒီကားကို အားလုံးကြည့်ရအောင် လိုက်ဆော်ဩခဲ့တယ်။ ဒီလိုရုပ်ရှင်တွေကို ချစ်တဲ့ သူ့စိတ်ကို ထင်းနေတဲ့အခန်းပေါ့။ ထူးတာက ဒီကားဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားလို့ပြောလို့ရပေမဲ့ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းသက်သက်ထက်ပိုတယ်၊ ပြန်ထိန်းကွပ်ပေးသွားတယ်။ သူ့သူငယ်ချင်းရဲ့လက်တွေ့ကျမှုဟာ သူ့ရဲ့စိတ်ကူးယဉ်ဆန်မှုကို ပြန်ထိန်းကွပ်ပေးသွားတယ်။ ကိုယ်တကယ်ရိုက်ချင်တာ ဘယ်လောက်သေချာလဲ… သေချာမှ ရအောင်ကြိုးစား ဆိုတဲ့အချက်ကို မီးမောင်းထိုးပြပြီး မလိုအပ်ဘဲရူးသွပ်နေနိုင်မယ့်လူတွေကိုလည်း ပြန်ထိန်းကွပ်ပေးသွားတယ်။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမှမဟုတ်ဘဲလေ။ ဘာနေနေပါ… ဒီကားရဲ့ ဒါရိုက်တာကတော့ ရုပ်ရှင်ကို တကယ်ချစ်ခဲ့သလို ရအောင်လည်းကြိုးစားပြီး ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ Spaced Invaders လို သူ့အိပ်မက်ကားတွေကို ရိုက်ခဲ့သလို Baby’s Day Out တို့လို တစ်ခေတ်ရဲ့ ဂန္ထဝင်ကားမျိုးတွေကိုလည်းရိုက်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ကျွန်တော်တို့ဟာလူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှုကိုမြင်ရရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ချစ်တဲ့ ဒါရိုက်တာတွေကို Homage ပေးထားတာတွေကိုလည်း မနည်းမြင်ရမှာမို့ ကူးဘရစ် လူးကတ်စ်နဲ့ စပီးဘာ့ဂ်တို့ကို ချစ်တဲ့လူတွေ ဒီရုပ်ရှင်ကိုဧကန်ကြည့်သင့်တာပါပဲ။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမဟုတ်ပေမဲ့လည်း ကျွန်တော်တို့ချစ်တဲ့ရုပ်ရှင်တွေနဲ့ ကျွန်တော်တို့ဘဝကိုတော့ ပိုင်းခြစ်ပစ်ကြလို့မရနိုင်ဘူးပဲကိုး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 870MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 12Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

6.4 2022
5-25-77
Poolhall Junkies

ဒီ ဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါးကြည့်ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ Poolhall junkiesဆိုတဲ့အတိုင်း ဘိလိယက်အားကစားကိုရူးသွပ်ကြတဲ့ လူငယ်တွေရဲ့ဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်အရမ်းနာတဲ့ဇာတ်ကွက်တွေမပါတာကြောင့် စိတ်အပန်းပြေချင်တဲ့အခါ ကြည့်လို့သင့်တော်တဲ့ကားတစ်ကားပါ။ ရယ်ရတဲ့အခန်းတွေ အများကြီးပါပါတယ်။ ၁၂နှစ်သားဘဝကတည်းက ဘိလိယက်အားကစားကိုချစ်မြတ်နိုးတဲ့ဂျွန်နီဟာ ဂျိုးလက်ထဲမှာ ၁၅နှစ်ကြာတဲ့ထိ လောင်းကြေးနဲ့ဆော့တဲ့ ဘိလိယက်ဆရာတစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ဂျွန်နီကတော့ပြိုင်ပွဲဝင်ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဂျိုးရဲ့လက်ချက်ကြောင့် ဂျွန်နီက သူဖြစ်ချင်ခဲ့သလိုမျိုး သိက္ခာရှိရှိပြိုင်ပွဲဝင်ကစားသမားအနေနဲ့မဟုတ်ပဲ လောင်းကြေးနဲ့ဆော့တဲ့ရိုက်စားသမားဖြစ်ခဲ့ရတယ်။ ဂျွန်နီရဲ့ ညီနဲ့ သူငယ်ချင်းသုံးယောက်ကလည်း အမြဲတမ်း နယ်ခံဘိလိယက်ရုံထဲမှာ ဗရုတ်ကျနေကျသူတွေပေါ့။ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အပြင် စကားပြောရင်လည်းအဆဲမပါရင်မပြီးကြပါဘူး။ တစ်နေ့ ဂျိုးရဲ့လုပ်ရပ်ကိုသိသွားတဲ့ဂျွန်နီက ဂျိုးကိုနစ်ဂါတွေဆီထိုးကျွေးပြီး ကိုယ့်နယ်ကိုပဲပြန်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂျွန်နီနဲ့ သူငယ်ချင်းတွေပေါင်းပြီး အခက်အခဲတွေကိုအတူတူရင်ဆိုင်ကြပုံကို ရိုက်ကူးထားပါတယ်။ သူငယ်ချင်းစိတ်ဓာတ်ကို အခြေခံပြီးလည်းရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ File size…(2.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Drama,Comedy,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • Music • Romance
0 2002
Poolhall Junkies
Perfect Sense
7

Perfect sense review ပါရှင့်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 2011တုန်းက ထွက်ရှိခဲ့တဲ့ Perfect sense ဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါ‌တယ်။ ဒီကားလေးက ကမ္ဘာတဝှမ်း ဗိုင်းရပ်စ်ပျံ့နှံတဲ့အကြောင်းကို အခြေခံပြီး ရိုက်ထားပေမယ့်လို့ တခြားဗိုင်းရပ်စ်ကားတွေလို ထိတ်လန့်စရာမကောင်းဘဲ ဒီလိုဒုက္ခဆိုက်ရောက်နေတဲ့အချိန်မှာတောင် လူတွေရဲ့ ကြားမှာရှိတတ်တဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုတွေနဲ့ ထက်သန်တဲ့ စိတ်ဓာတ်ခွန်အား‌တွေကို ပေါ်လွင်အောင် သဘာဝကျကျဖန်တီးပုံဖော်ထားတဲ့ ကားလေးဖြစ်လို့ ကြည့်ရတာ လုံးဝနောင်တမရမှာသေချာပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ မင်းသမီး Eva Greenက ကူးစက်ရောဂါပိုး‌‌တွေ‌ လေ့လာတဲ့ သိပ္ပံပညာရှင် ဆူဆန်‌ဆိုတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Ewan McGregor က စားသောက်ဆိုင်တစ်ခုရဲ့ ခေါင်းဆောင်စားဖိုမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားရာကနေမှ ချစ်မိသွားကြတယ်၊ ဒါပေမယ့် အဲ့အချိန်မှာ ကူးစက်ရောဂါကလည်း တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ‌‌တွေကရော တည်တံ့နိုင်ပါ့တော့မလား… သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ရမလဲ နောက်ဆုံးမှာရော ဒီရောဂါကြီးဟာ ပျောက်ကင်းသွားမှာလား ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ခုပဲခံစားကြည့်ကြည့်လိုက်ရအောင် File size…(1.6 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Science Fiction, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

7 2011
Perfect Sense
[18+] Gayuma
7.1

Gayuma (1995) လင်းန်ဆိုတာက နယ်မြို့သူလေးတစ်ယောက်ဖြစ်ပြီး မိခင်နဲ့အတူနေထိုင်ပါတယ်။ အိပ်မက်အကြီးကြီးတွေရှိတဲ့ လင်းန် အမြဲတမ်းစိတ်ကူးယဉ်နေတာက တစ်ချိန်က သူတို့သားအမိကိုပစ်ပြေးပြီး ပြည်တော်ပြန်သွားခဲ့တဲ့ အမေရိကန်နိုင်ငံသား ဖခင်ဖြစ်သူဆီကိုလိုက်သွားပြီး အခြေချနိုင်ဖို့ပါ။ လစ်ဒီယာကတော့ မြို့တော်ကြီးရဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုမှာနေထိုင်ပါတယ်။ အစပိုင်းမှာ ချစ်ခင်လို့လက်ထပ်ခဲ့တဲ့ အိမ်ထောင်ဖြစ်ပေမဲ့ ကလေးမရနိုင်တာကိုသိသွားတဲ့နောက် ခင်ပွန်းဖြစ်သူက သူ့ထက် လောင်းကစားဘက်ကို ပိုစိတ်ဝင်စားပြီး အမြဲအချိန်ကုန်တတ်ပါတယ်။ ဒီအတွက် လစ်ဒီယာက ခင်ပွန်းဖြစ်သူရဲ့အချစ်ကိုပြန်ရဖို့အတွက် အထက်လမ်း အောက်လမ်း နည်းမျိုးစုံနဲ့ ကလေးရဖို့ ကြိုးစားနေပါတယ်။ ဘာတစ်ခုမှအဆက်အစပ်မရှိတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ဘ၀တွေဟာ စွန့်စားပြီးမြို့တက်လာခဲ့တဲ့ နယ်သူလေး လင်းန်တစ်ယောက် မြို့မှာ ဒုက္ခတွေဆင့်ကဲ ဆင့်ကဲတွေ့ကြုံရာကနေ လစ်ဒီယာရဲ့ စာနာကယ်တင်မှုကိုခံလိုက်ရချိန်မှာတော့ အပြောင်းအလဲတွေကြုံရဖို့ဖြစ်လာပါတော့တယ်။ လင်းန်ရဲ့ အမေရိကန်အိပ်မက်တွေ တကယ်ဖြစ်လာနိုင်မလား… လစ်ဒီယာရဲ့ လင်ချစ်ဆေးဖော်တဲ့ မစ်ရှင်အောင်မြင်နိုင်မှာလား… အစရှိတာတွေကို အဲဒီခေတ်က ဖိလစ်ပိုင်ရဲ့နောက်ခံအခင်းအကျင်းပေါင်းစုံနဲ့ ရှုစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.95GB, 1.4GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Mystery • Horror • Comedy
7.1 1995 98 mins
[18+] Gayuma
One Bad Apple: A Hannah Swensen Mystery
6.6

Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့ One Bad Apple: A Hannah Swensen Mystery ရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်မှာမှထွက်ရှိထားတာဖြစ်ပြီး ဟန်နာရဲ့စိတ်ဝင်စားစရာမုန့်လုပ်နည်းတွေကို ဟန်နာနဲ့အတူလူသတ်မှုကိုလိုက်ပါစုံစမ်းရင်း စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဒါရိုက်တာ Shannon Kohli က ရိုက်ကူးပေးထားပြီး ရုပ်ရှင်ကိုရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ Alison Sweeney က ဟန်နာအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဟန်နာဆွမ်ဆင်ဟာ မြို့ကကောလိပ်မှာ မုန့်ဖုတ်သင်တန်းတစ်ခု သင်ပြပေးဖို့ဖြစ်လာခဲ့ပြီး တစ်ရက်မှာတော့ သူ့အတန်းမှာသုံးတဲ့ ပစ္စည်းကိရိယာတစ်ခုကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ မီးသတ်ဌာနက မတော်တဆမှုလို့ကောက်ချက်ချခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ဟန်နာရဲ့လုပ်ဖော်ကိုင်ဖက်ကျောင်းဆရာ တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုနဲ့ဆက်စပ်နေတယ်လို့ ယူဆစရာဖြစ်လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေရဲ့အကူအညီနဲ့ ဟန်နာတစ်ယောက် မှုခင်းရဲ့ သဲလွန်စလေးတွေကို လိုက်လံဆက်စပ်စုံစမ်းရပါတော့တယ်။ File size…1.65GB / 722MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.6 2024 84 mins
One Bad Apple: A Hannah Swensen Mystery
Yolo
5.7

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် တရုတ်ရသစုံရိူးပွဲတွေမှာဝဝလေး ပါးချိုင့်လေးနဲ့ချစ်စရာရုပ်ရည်သွင်ပြင်နဲ့ ဟာသဉာဏ်ရွှင်ရုံမက ရုပ်ရှင်လောကမှာ အရည်အချင်းရှိတဲ့ရုပ်ရှင်ဒါရိုက်တာအဖြစ် နာမည်ကြီးတဲ့ ကျာလင်ဆိုတဲ့ မင်းသမီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်အရည်အသွေးကောင်းတဲ့အပြင် ဒီဇာတ်ကားလေးရဲ့ထူးခြားချက်အနေနဲ့ကတော့ သူမကိုယ်တိုင်ဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားအတွက် ကိုယ်တိုင်ဝိတ်ချပြသွားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အရမ်းအဝလွန်တဲ့အပြင် စားဖို့အိပ်ဖို့ပဲသိပြီးအရမ်းအအိပ်ပုပ် တုလော့ယင်တစ်ယောက်ဘာကိုမှ မလုပ်ချင်ပဲ အပျင်းထူလွန်းလို့တနေ့သူ့ညီမဖြစ်သူ တုလော့တန်းကကြည့်မရဖြစ်ပြီး ညီမတဝမ်းကွဲတော်စပ်သူ သုံ့သုံ့ဆီကို သွားပြခဲ့တယ်။သုံ့သုံ့ကတော့ သတင်းထောက်ဖြစ်ပြီးအလုပ်အကိုင်ရှာဖွေပေးတဲ့အစီစဉ်မှာ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တာကြောင့် တုလော့ယင်ကိုကူညီပေးဖို့ဆုံးဖြတ်ပေးခဲ့ပေမဲ့ လော့ယင်တစ်ယောက်ကတော့ ဘာကိုမှ မလုပ်ချင်တာကြောင့်ငြင်းပယ်ခဲ့တယ်။ ဒီ့အပြင်တုလော့ယင်က ညီမဖြစ်သူနဲ့အမြဲတမ်းရန်ဖြစ်လေ့ရှိပြီး တနေ့မှာ အကြောင်းတခုကြောင့်အိမ်ပေါ်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပြီး ကိုယ့်ခြေထောက်ကိုယ်ပေါ်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း မထင်မှတ်ပဲလက်ဝှေ့ရုံမှာလုပ်ကိုင်နေတဲ့ အားကစားနည်းပြဆရာနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ လော့ယင်ရဲ့ဘဝဘယ်လိုပြောင်းလဲမှုမျိုးနဲ့ကြုံတွေ့ရမလဲ။ ဝလွန်းတဲ့အတွက်လူမှုပတ်ဝန်းကျင်မှာ ဖယ်ကျဉ်းခံ၊လှောင်ရယ်ခံတွေနဲ့ နေလာရတဲ့လော့ယင်တစ်ယောက် ဘယ်လိုတွေကြံ့ကြံ့ခံရပ်တည်ခဲ့လဲ။ နည်းပြဆရာတစ်ယောက်က သူ့ဘဝကိုဘယ်လိုတွေ ပြောင်းလဲသွားစေအောင်လုပ်ပေးခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာတဝကြီးမြင်တွေ့ရမှာဖြစ်ပြီး ဒီဇာတ်ကားလေးကို ထွက်ရှိသွားတဲ့အချိန်မှာ ကျာလင်ကိုယ်တိုင်သူ့ခန္ဓာကိုယ်ကိုမတူအောင်ပြောင်းလဲသွားမှုကြောင့် လူတိုင်းရဲ့ချီးကျူး လေးစားမှုတခနဲရရှိသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်

5.7 2024
Yolo
Aloft
5.5

လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က မိမိကို စွန့်ပစ်သွားတဲ့ မိခင်ကို နာကျည်းရင်း ရှင်သန်နေထိုင်နေတဲ့ သိမ်းငှက်ဆရာ အိုင်ဗန်။ အိုင်ဗန်ကို စွန့်ပစ်သွားပြီး နာမည်ကြီး ယုံတမ်းသမားတော် တစ်ဦးဖြစ်လာခဲ့တဲ့ မိခင်ဖြစ်သူ နာနာ။ သတင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့အတွက် နာနာကို ရှာဖွေနေတဲ့ သတင်းထောက်ပေါက်စလေး ဂျာနီယာရက်စ်မော။ Peaky Blinders မင်းသားဖြစ်တဲ့ Cillian Murphy နဲ့ ဟော်လီးဝုဒ် ဝါရင့်မင်းသမီးကြီး Jennifer Connelly အပြင် ပြင်သစ်မင်းသမီး Mélanie Laurent တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “Aloft” ရုပ်ရှင်ဟာ လူ့ဘဝရဲ့ မရေရာမှုတွေ၊ အဖြေရှာမရတဲ့ မေးခွန်းတွေ၊ ငယ်ဘဝ စိတ်ဒဏ်ရာတွေကို ကျွမ်းကျင် သရုပ်ဆောင်ချက်တွေနဲ့ လေးနက်စွာ ဆွဲထုတ်ပြသထားတဲ့ ဇာတ်ကားကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File size…1.39GB/ 666MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 52m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

5.5 2014 112 mins
Aloft
Rhapsody in August
7.2

Rhapsody in August (1991) ~ IMDb – 7.2/10, Rotten Tomatoes – 60% ~ ကူရိုဆာဝါရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Madadayo (1993) အရှေ့က ရုပ်ရှင်ပေါ့။ ကူရိုဆာဝါ ရိုက်ခဲ့တဲ့ အဖြူအမည်းမဟုတ်တဲ့ ၇ကားတည်းသော ကားတွေထဲက တစ်ကားပါပဲ။ Kiyoko Murata ရဲ့ ဝတ္တုကို ကူရိုဆာဝါကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ အမျိုးသမီးက ဇာတ်ဆောင်ဖြစ်နေတဲ့ ကူရိုဆာဝါကား၃ကားထဲက တစ်ကားတည်း‌သော ကာလာကားလည်းဟုတ်တယ်။ သူ့အသက်၈၀မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဝေဖန်ရေးသမားတွေကတော့ Ran နောက်ပိုင်း Dreams ကလည်း သိပ်မအောင်မြင်ခဲ့သလို Rhapsody in August ကတော့ ကိန်းမှာပွဲဦးထွက်ပြတုန်းက စိတ်ပျက်စရာတောင်ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့အမြင်ပေါ့။ သူတို့အမြင်ဆိုရာမှာ တချို့ကတော့ ဒီကားဟာ အနုမြူဗုံးကြဲခံရတာကိုတော့ စစ်ရာဇဝတ်မှုအနေနဲ့ ပုံဖော်ထားခဲ့ပြီး ပစိဖိတ်စစ်ပွဲကာလမှာ ဂျပန်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ ချန်လှပ်သွားတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ Dreams ဟာ ကူရိုဆာဝါရဲ့အကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့သလို Rhapsody in August ကလည်း ရှေ့က တချို့ကူရိုဆာဝါကားတွေထက်ကြိုက်မိတဲ့ ရုပ်ရှင်ပါပဲ။ ရုပ်ရှင်တစ်ကားရဲ့ သက်ရောက်မှုဟာ ကိုယ်ကြိုက်တဲ့ Taste ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ ဆိုင်နိုင်သလို ဖြတ်သန်းမှုနဲ့လည်း ဆိုင်တာပါပဲ။ ဒီလိုပါပဲ မကြိုက်ခြင်းကလည်း ဖြတ်သန်းမှုနဲ့ အမြင်မတူခြင်းနဲ့ ဆိုင်တတ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝေါင်ကာဝေးရုပ်ရှင်တွေထဲ ကျွန်တော်အကြိုက်ဆုံးက 2046 ဖြစ်ခဲ့ဖူးတယ်။ ဝေါင်ကာဝေးရုပ်ရှင်အများစုက အချစ်နဲ့မကင်းတဲ့ ခံစားချက်တွေအကြောင်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ယုံကြည်မှုအတိုင်း ကျွန်တော့်ဖြတ်သန်းမှုအတိုင်း တူညီတဲ့ခံစားချက်ရခဲ့တဲ့ ရုပ်ရှင်ကို ပိုကြိုက်မိခဲ့တာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့တော့ Days Of Being Wild ကိုတော့ လတ်စလီချောင်ကိုရော ဇာတ်လမ်းသွားကိုရော မက်ဂီချောင်ကိုရော ကြိုက်လို့ကြိုက်ခဲ့ပေမဲ့ အဲဒီထဲက လတ်စလီချောင်ကာရိုက်တာကို နားလည်ပေးနိုင်တဲ့ထဲတော့ မပါခဲ့ဘူး။ ဒီနှစ်တွေထဲတော့ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်တဲ့ ကျွန်တော့်ဖြတ်သန်းမှုတွေ အမြင်တွေက Days Of Being Wild ထဲက လတ်စလီချောင်ကာရိုက်တာလို ဖြစ်မှန်းမသိဖြစ်လာတဲ့နောက် Days Of Being Wild ကို ပြန်ကြည့်မိပြီးတဲ့နောက် ဝေါင်ကာဝေးထဲ အကြိုက်ဆုံးက Days Of Being Wild ဖြစ်သွားခဲ့တယ်။ တချို့အနုပညာလက်ရာတွေအပေါ် ခံစားမှုတစ်ခုသေချာရနိုင်ဖို့က ဖြတ်သန်းမှုလိုတယ်လို့ ကျွန်တော်တော့ သေချာတယ်။ Rhapsody in August ရဲ့ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်းများစွာကြာတာတောင် ဒုတိယကမ္ဘာစစ်ကို မျက်မြင်ကြုံခဲ့ရတဲ့ ဂျပန်လူမျိုးတွေအတွက် နာဂါဆာခိနဲ့ ဟိရိုရှိမကို အနုမြူဗုံးကြဲခံခဲ့ရတာက ထရော်မာတစ်ခုဖြစ်နေတုန်းဆိုတာကို ပြထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ ဒါကို သူက မျက်မှောက်ခေတ်ရဲ့ ဂျပန်ရဲ့တိုးတက်မှုအပြောင်းအလဲနဲ့ လူကြီးတွေနဲ့ လူငယ်တွေကြားက အမေရိကန်အပေါ် အမြင်ကွဲလွဲကြပုံတွေ၊ လူကြီးတွေနဲ့ လူလတ်တွေ လူငယ်တွေ သဘောထားကွဲလွဲကြပုံတွေနဲ့ တည်ဆောက်ထားတယ်။ အမေရိကန်နိုင်ငံနဲ့ အမေရိကန်လူမျိုးတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ရစ်ချက်ဂီရိတောင် ဧည့်သည်သရုပ်ဆောင်လုပ်ထားပေးတယ်။ ပြောရရင် ဟိရှိရှိမရဲ့ဝေဒနာကို ရိုက်ထားတဲ့ Hiroshima Mon Amour က ရှိပြီးသားဆိုတော့ နာဂါဆာခိရဲ့ဝေဒနာကိုရိုက်ထားတဲ့ ဒီကားပါပေါင်းလိုက်ရင် အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ မြို့၂မြို့ရဲ့‌ဝေဒနာတွေ မြင်ရတာစုံသွားပြီပြောရမယ်။ Hiroshima Mon Amour လောက်တော့ ဒီကားက ကဗျာမဆန်ပေမဲ့ မျက်မှောက်ခေတ်ကိုရော အတိတ်သမိုင်းကိုပါ ပြထားတာမို့ သူ့နည်းသူ့ဟန်နဲ့တော့ မညံ့တဲ့ ရုပ်ရှင်လို့ပြောရမယ်။ အစောကပြောခဲ့သလို ကိုယ့်အပြစ်ကိုချန်လှပ်ခဲ့ပြီး သူများအပြစ်ကိုပဲ ထောက်ပြထားတာကို အားနည်းချက်လို့ဆိုချင်ဆိုလို့ရပါတယ်။ ဒါပေမဲ့လည်း ဂျပန်ရုပ်ရှင်တစ်ကားမှာ အနုမြူဗုံးကြဲခဲ့ရတဲ့အတိတ်ကို ခါးသက်တဲ့သမိုင်းတစ်ခုအဖြစ် ပုံဖော်ထားတာကိုတော့ ကျွန်တော်တော့ အလွန်လို့မြင်ပေးလို့မရပါဘူး။ မှန်တာမှားတာထက် သူတို့ရုပ်ရှင်ဟာ သူတို့အမြင်အတိုင်းဖြစ်နေဖို့ပိုလိုလိမ့်မယ်မြင်တယ်။ ဒီတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ Rhapsody in August ဟာ သတိရနေသေးရင် စစ်ကြီးက ဘယ်တော့မှ မပြီးသွားဘူးဆိုတဲ့အကြောင်းပါပဲ။ မီးလုံးကြီးတွေ ကောင်းကင်ယံထိ လျှံတက်ခဲ့တဲ့ ဩဂတ်စ်လရဲ့ အဆွေးသီချင်းတစ်ပုဒ်ကလည်း ဘယ်တော့မှ အဆုံးသတ်မသွားသလိုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 38Min Genre – Drama, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Mystery
7.2 1991 98 mins
Rhapsody in August