YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Amazing.Saturday.E262.230506.720p.CM.mp4

1.21 GB N/A video/mp4 110 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Oh Belinda
6.6

Oh Belinda (2023) ဒီဇာတ်လမ်းကတော့ လက်ရှိအချိန်ကနေ ရာဇဝင်ထဲ Webtoon ထဲ ဝတ္ထုထဲ ရောက်သွားတဲ့ဇာတ်လမ်းမျိုးတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကြော်ငြာရိုက်ရင်း ကြော်ငြာထဲက ဇာတ်ကောင်အမျိုးသမီးရဲ့ကမ္ဘာကိုရောက်သွားတဲ့အကြောင်းပါ။ ~ ဇာတ်လမ်းအကျဥ်း ~ ဒီလာရာဟာ အောင်မြင်တဲ့တူရကီသရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ်နဲ့ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်။ တစ်နိုင်ငံလုံးကချစ်ကြတဲ့မင်းသမီးတစ်ယောက်အဖြစ်နဲ့ သူ့ဘဝက အစစအရာရာ ချောမွေ့နေခဲ့တယ်။ ခေါင်းလျှော်ရည်ကြော်ငြာတစ်ခုကို လက်မခံလိုက်ခင် အချိန်ထိပေါ့။ ခေါင်းလျှော်ရိုက်တဲ့ Scene ပြီးလို့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူ့ကိုယ်သူ ဟန်ဒန်ဖြစ်နေတာတွေ့လိုက်ရပါတော့တယ်။ ကြော်ငြာထဲကအတိုင်း ကလေးနှစ်ယောက်အမေ အိမ်ထောင်သည် ဘဏ်ဝန်ထမ်း ဟန်ဒန်ပေါ့။ ဒီဘက်ကမ္ဘာမှာလည်း ဒီလာရာရဲ့လောကက သူတွေအကုန်ရှိနေပေမဲ့ ဘယ်သူမှသူ့ကိုမမှတ်မိကြပါဘူး။ ဘယ်သူမှမမှတ်မိ အရူးလိုဝိုင်းကြည့်ခံရပြီး ဟန်ဒန်တို့အိမ်သားတွေကလည်း ဟန်ဒန်စိတ်ဖောက်သွားတယ်အထင်နဲ့ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ ပြင်နေပါတယ်။ အဲဒီနောက် ဒါဟာသူ့အတွက် Test တစ်ခုဆိုတာ ဒီလာရာသဘောပေါက်သွားပါတယ်။ သရုပ်ဆောင်လုပ်နေရင်း ဒီလောကထဲရောက်လာတဲ့အတွက် ဒီလောကထဲကပြန်ထွက်ဖို့ သရုပ်ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ဒန်အစစ်ရဲ့ ညစ်ပတ်တဲ့အမှန်တရားတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဘဝကြီးကရှုပ်ထွေးလာတဲ့အခါ ဒီလာရာတစ်ယောက်သူ့ကမ္ဘာကိုပြန်သွားနိုင်တော့ပါ့မလား... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 770MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 37Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Romance
6.6 2023 97 mins
Oh Belinda
Mission: Impossible - Ghost Protocol
7.1

IMDb Rating 7.4/10 ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။ Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့... အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့ အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။ အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲ သူ့နာမည်နဲ့  သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။ ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့...။ Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:12:55 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by Ye Kyaw Htet

Drama
7.1 2011 133 mins
Mission: Impossible - Ghost Protocol
Happy Phirr Bhag Jayegi
6.9

ဒီကားက ၂၀၁၆ တုန်းကထွက်ထားတာ Happy Bhag Jayegi ရဲ့နောက်ဆက်တွဲကားပါ။ ပထမကားတုန်းက ပါကစ္စတန်မှာလွဲကြပြီးတော့ ဒီကားမှာတော့ တရုတ်ပြည်မှာ သွားလွဲကြမှာပါ။ အခုလို စိတ်ညစ်စရာကောင်းတဲ့အချိန်မှာ ရယ်ရယ်မောမောနဲ့ ကြည့်လို့ကောင်းမဲ့ ဟာသကားလေးတစ်ကားဆိုလည်း မှားမယ်မထင်ဘူး။ ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေး နည်းနည်းပြောပြမယ်။ ဇာတ်ကားထဲမှာ ဟတ်ပီးဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်ဗျာ။ လူဆိုးဂိုဏ်းက အလိုရှိနေတဲ့ ဟတ်ပီးနဲ့ ရုက္ခဗေဒပညာရှင်ပရော်ဖက်ဆာ ဟတ်ပီးတို့ပေါ့။ အဲ့ဒီမှာ တရုတ်လူဆိုးဂိုဏ်းက လေဆိပ်မှာ ပရော်ဖက်ဆာဟတ်ပီးကို မှားပြီးဖမ်းသွားမိရာကနေဇာတ်လမ်းကစတယ်။ ပရော်ဖက်ဆာဟတ်ပီးက သူ့ကိုလိုက်ဖမ်းတဲ့လူတွေလက်ထဲက အသက်လုပြီးပြေးနေရတဲ့အချိန်မှာ တဖက်မှာလည်း ဟိုဟတ်ပီးက ဘုမသိဘမသိနဲ့ မိန့်ခွန်းတွေပြောလို့ပြောပေါ့။ ဒီဟတ်ပီးနှစ်ယောက်လွဲသွားတဲ့အမှားနဲ့မပြီးသေးဘူး။ သူတို့ကနေ ဆက်မှားလိုက်တဲ့ မီးခိုးကြွက်လျှောက်အမှားတွေက ဇာတ်လမ်းရဲ့ရယ်ရတဲ့အသက်ပဲ။ ဒီတော့ ဘယ်လိုအလွဲတွေလွဲပြီး အူတယားယားနဲ့ ရယ်ရမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ပြီးရှုစားကြပါဦးဗျာ။ ပထမဇာတ်ကားကိုမကြည့်ရသေးရင် ဒီမှာ https://channelmyanmar.org/?s=Happy+Bhag+Jayegi ကြည့်ပါ။ အညွှန်းနဲ့ ဘာသာပြန် ကတော့ Johnနဲ့ Intelligenceဖြစ်ပါတယ်။ File size…(2.8 GB)/(1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:14:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by John & Intelligence

Drama
6.9 2018 136 mins
Happy Phirr Bhag Jayegi
Gatta Kusthi
6.4

နာမည်ကြီးမင်းသား Vishnu နဲ့ ချစ်စရာမင်းသမီးချောလေး Aishwarya Lekshmi ရိုက်ကူးထားပြီး IMDb ကလည်း 7အထိရထားတဲ့ Comedy အမျိုးအစားရုပ်ရှင်ကိုတင်ဆက်ပေးချင်ပါတယ် ဟာသဇာတ်မြူးလေးကိုမှ အချောအလှလေးတွေပါဝင်တာကြည့်ချင်ရင်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်နော်.. ခီသီ(Aishwarya Lekshmi)ဆိုတာက နပန်းကိုငယ်ငယ်တည်းက လေ့လာလိုက်စားရင်းနိုင်ပွဲတွေကို ဆွတ်ခူးနိုင်ခဲ့သူပါ အနိုင်ကျင့်တဲ့လူတွေကိုပညာပြတဲ့ ဘွဲ့ရပညာတတ် ဆံပင်တိုတို ဗလတောင့်တောင့်ကောင်မလေးပေါ့ သူ့ကိုအိမ်ထောင်ဘက်အဖြစ်လာရွေးတဲ့လူတွေကလည်း ကိုင်‌ပေါက်ခံရမှာကြောက်လန့်ပြီးထွက်ပြေးကြတာချည်းပါပဲ ဗီရာ(Vishnu)ကတော့ တစ်ဦးတည်း‌သောသူဌေးသားပေါ့သတို့သမီးလောင်းအတွက်သူ့ရဲ့စံသတ်မှတ်ချက်တွေက ဆံပင်ရှည်ကြီးနဲ့ သူထိန်းချုပ်တိုင်းရမယ့်ပညာမတတ်မိန်းကလေးမျိုးပါ ဒီလိုနဲ့နှစ်ယောက်ကကံဆုံကြပြီး လူကြီးတွေကသူတို့ကိုအိမ်ထောင်ချပေးဖို့လုပ်လေတော့ ခီသီတစ်ယောက်ဘယ်လိုလိမ်ဆင်တွေလုပ်မလဲ ဆံပင်ရှည်ကြိုက်တဲ့ယောကျာ်းနဲ့ ဆံပင်တိုတိုခီသီတို့ ဘယ်လိုတွေလှည့်ပတ်ပြီးစခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် File size…2.78GB /1.23GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni

Action • Adventure • Drama • Science Fiction
6.4 2022 146 mins
Gatta Kusthi
Renaissance Man

1994 ကာလရဲ့ နာမည်ကြီး ဟာသကောင်းလေးတစ်ခုလောက် ကြည့်ကြည့်လိုက်ရအောင်။ ဝီလီယမ်ရေဂိုတစ်ယောက် မီးပွိုင့်မိသွားတာ အစည်းအဝေးချိန်နောက်ကျပြီး အလုပ်ပြုတ်တဲ့ထိဖြစ်သွားပါတယ်။ အသက်လည်းကြီးနေပြီဖြစ်လို့ ဘာအလုပ်မှရှာမရဘဲဖြစ်နေရာမှ အလုပ်တစ်ခုကလာကမ်းလှမ်းတဲ့အခါ.. ထိုအလုပ်ကတော့ စစ်တပ်ထဲက စစ်သားတွေကိုစာသင်ပေးဖို့ပဲဖြစ်ပါတယ်။ သာမန်စစ်သားမဟုတ်ဘဲ တုံးလွန်းလို့ D နှစ်လုံးကောင်တွေ(ခွေးချေးလိုတုံးသောသူများ) လို့တင်စားခံထားရတဲ့ စစ်သားတွေကိုစာသင်ဖို့ဖြစ်လာတဲ့အခါ.. စာတောင်မသင်ဖူးပေမယ့် တခြားလည်းဘာအလုပ်မှလုပ်မရတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီးသွားလိုက်တဲ့ရေဂိုနဲ့ ငတုံးအဖွဲ့ စစ်တပ်ထဲဘယ်လိုဘုနဲ့ဘောက်တွေဖြစ်ကြမလဲ.. File size…(2.28GB) / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:08:00 Genre… Drama /Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina

Animation • Comedy • Family
0 1994
Renaissance Man
Christopher
6.8

Christopher 2023 (IMDb 6.8/10) အိန္ဒိယရဲကားကောင်းကောင်းလေးကိုမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မင်းသားကြီးမမ်မွတ်တီးရဲ့ နောက်ဆုံးထွက် ရဲကားအလန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ အိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်း ဘာအမှုပဲဖြစ်ဖြစ် မုဒိမ်းကျင့်လူသတ်ရင်တောင် ငွေနဲ့မီးငြိမ်းသလို အမှုတွေပျောက်သွားအောင် လူအားငွေအားနဲ့ လုပ်နိုင်တာကို သိကြမှာပါ ဒီကိစ္စကို ရဲမှူးခရစ္စတိုဖာဖြေရှင်းတဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဘယ်တရားရုံးမှပို့မနေပဲနဲ့ တရားခံတွေကို သူ့သေနတ်နဲ့ပဲ ကိစ္စတုံးပေးတာပါ ဆိုရှယ်မီဒီယာ ပြည်သူလူထုအားလုံးအတွက် ခရစ္စတိုဖာက ဟီးရိုးပါ ဒါပေမဲ့ မျှတတဲ့ဒီမိုကရေစီစစနစ်တစ်ခုမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ မရှိလို့မရပါဘူး အဲ့ဒါကြောင့် အထက်ဌာနကနေ ခရစ္စတိုဖာကို စုံစမ်းစစ်ဆေးဖို့အတွက် အမျိုးသမီးအရာရှိတစ်ဦးကို တာဝန်ပေးအပ်လိုက်ပါတော့တယ် ခရစ္စတိုဖာရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် မှန်ကန်မျှတပေမဲ့ မညှာတာတတ်တဲ့ စရိုက်ကို အတိတ်ကစတူးဖော်ကြည့်မိတဲ့အခါ…….. ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းလေးက မြင်နေကျဆိုပေမဲ့ ဆက်ပြီးကြည့်ချင်လောက်အောင် လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူပါထားပြီး မင်းသားကြီးမမ်မွတ်တီးရဲ့ အိုဗာတွေသိပ်မပါ ရင့်ကျက်တဲ့ပုံစံနဲ့မို့ ကြည့်ရရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး မှုခင်းဒရာမာ ရဲအက်ရှင်ကြည့်ချင်တဲ့သူတွေအတွက် ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း ဒီကားလေးကို လက်မလွှတ်ကြဖို့ လက်တို့ပေးပါရစေ

Science Fiction
6.8 2023
Christopher
Beasts of the Southern Wild
7.2

Beasts of the Southern Wild (2012) ~ IMDb – 7.2/10, RT – 86%, Meta – 86% ~ ဟာရီကိန်း မုန်တိုင်းကြီး လာတော့မယ်တဲ့… လူဝီစီယားနားမြစ်ဘေးက ‘ရေချိုးကန်’လို့ ခေါ်ကြတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ တချို့က ကြောက်လို့ ပြေးကြပြီ။ တချို့ကတော့… “အို… ငါတို့ဒီမြစ်ဘေးမှာ တသက်လုံး နေလာတာ… ဒါငါတို့အိမ်၊ ဒါငါတို့ကျွမ်းကျင်ရာမြေ… ဘာကိုများ မှုနေရဦးမလဲ…” ဟုတ်ပါရဲ့… မြစ်နံဘေးမှာ နေသူတွေအဖို့ မုန်တိုင်းနဲ့အတူ ပါလာမယ့် ရေကိုပဲ အပိုလုပ် ကြောက်နေရဦးမလား… ဝေးသေးတယ်။ အစိုးရက မြောက်ပိုင်းကို ပင်လယ်ရေတက်တာလာကနေ ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ ရေကာတာရဲ့နောက်မှာ သူတို့ရဲ့ ‘ရေချိုးကန်’လေး ရှိနေတာ။ ဝင့်ခ်ကတော့ ခေါင်းမာရဲတင်းသူပီပီ ဘာကိုမှ အကြောက်အလန့်မရှိ… ဒါပေမဲ့ သူစိုးရိမ်တာတခုက သူမရှိတော့တဲ့နောက် သူ့သမီးလေး ဟက်ရှ်ပက်ပီ တစ်ယောက်တည်း ဘယ်လိုရှင်သန်မလဲဆိုတာပဲ။ ဟက်ရှ်ပက်ပီကို ယောက်ျားလေးတစ်ယောက်လို၊ တောတွင်းသူတစ်ယောက်လို နေတတ်ထိုင်တတ်စားသောက်တတ်ဖို့၊ ဘယ်သူ့မှ အားကိုးစရာမလိုအောင် သူသင်ပေးတယ်။ မုန်တိုင်းကြီးရောက်လာပါပြီ။ သူ အရှေ့ထွက်ပြီး ဒီမုန်တိုင်းကို ရင်ဆိုင်တယ်။ ကိုယ့်အိမ်ကိုယ်ယာကို ချစ်တတ်သူ မိတ်ဆွေတစ်စုနဲ့ မုန်တိုင်းကြားထဲ ကြံ့ကြံ့ခံနေတယ်။ ရေတွေတက်လာလဲ လှေပေါ်တက်ပြီး မျှောနေကြတယ်။ အဆင်ပြေသလို နေကြတယ်။ ကိုယ့်ဒေသလေးမို့ ဘာနေနေ ပျော်စရာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ရက်ကြာလာတော့ သူတို့ အခက်တွေ့ရပြီ။ စားစရာရှားလာပြီ။ နေထိုင်ဖို့ ခက်ခဲလာပြီ။ အစိုးရက ဒီနယ်မြေကနေ အမြန်စွန့်ခွာကြဖို့ သတိပေးတယ်။ အိမ်ချစ်သူတစ်စုဟာ ဒီနေရာလေးကိုပဲ မက်မက်မောမော ဖက်တွယ်နေကြ… မစွန့်ခွာရက်ကြ… စားစရာ၊ နေစရာပေးပါမယ်… ဒုက္ခသည်စခန်းကို လာပါဆိုတာတောင် မသွားချင်ကြ… ဒေသချစ်စိတ်နဲ့ အခက်အခဲဒုက္ခတွေရဲ့ လွန်ဆွဲပွဲမှာ ဘယ်လိုတွေ ဆက်ဖြစ်လာကြမှာလဲ… သေမယ်ဆိုရင်တောင် ကိုယ့်တဲကုပ်လေးထဲမှာပဲ ခေါင်းချသွားချင်တဲ့ သူတို့… ဟက်ရှ်ပက်ပီတစ်ယောက် လောကကြီးထဲမှာ ဘယ်လိုတွေ ဆက်လက်ရှင်သန်ဖို့ ကြိုးစားမလဲ… ဒါတွေကို Beasts of the Southern Wild ဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပြီး ဒီထဲက ဇာတ်ဆောင်ကလေးတစ်ယောက်ဖြစ်တဲ့ ဟက်ရှ်ပက်ပီနေရာက မင်းသမီးလေး ဝယ်လစ်ဟာ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ပဲ ၉နှစ်အရွယ်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်ဝင်တဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး မင်းသမီး ဖြစ်လာခဲ့တာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 33Min Genre – Adventure, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

7.2 2012
Beasts of the Southern Wild
[18+] Due West: Our Sex Journey
5.3

(function(f,b,n,j,x,e){})(); ဒီဇာတ်ကားကတော့ ဟောင်ကောင် Erotic movie ထဲမှာ အမှတ်ရလောက်စရာ လိင်ပညာပေးဇာတ်ကားပါပဲ။ တင်းကျပ်တဲ့အိမ်ထောင်စုတစ်ခုက ယောကျာ်းလေးတစ်ယောက်ဟာ အချိန်တန်အရွယ်ရောက်လာချိန်မှာ ကိုယ်ခန္ဓာကတောင်းဆိုတဲ့ သွေးသားဆန္ဒနဲ့ ရှက်ရွံ့မှုတွေကြား ဗျာများပြီး ပေါက်ကရဖြစ်ချင်ရာဖြစ်လာတာကို ဟာသခပ်များများ အဖော်အချွတ် စိတ်ကူးယဉ်ခန်းခပ်များများနဲ့တင်ဆက်ထားပါတယ်။ အချစ်ဦးဆိုတာ တချို့လူတွေအတွက် ပထမဆုံးထိတွေ့မှုအခြေခံတဲ့ဆက်နွယ်မှုဆိုတာမျိုးတွေထိ ပွင့်ပွင့်လင်းလင်းချပြထားပါတယ်။ တချို့အခန်းတွေဆို Erotic ဆန်လွန်းအောင် တော်တော်မိမိုက်နေအောင် ရိုက်ကူးထားပါတယ်။ ဇာတ်ဆောင်ကောင်လေးက သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြတဲ့ တင်ဆက်ထားပုံကြောင့် သူ့ရဲ့စိတ်ကူးစိတ်သန်းနဲ့ ရိုးသားမှု ညစ်ညမ်းမှုတွေအကုန်မြင်နိုင်ပါတယ်။ အင်တာနက်ပေါ်က ရောင်းအကောင်းဆုံးစာအုပ်တစ်အုပ်ကို အခြေခံလို့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။

5.3 2012
[18+] Due West: Our Sex Journey
The Greatest Game Ever Played
7.4

ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်. တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ. အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်. ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်. ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best Sport Movie ဆုကိုပါရရှိခဲ့ပါသေးတယ် အဓိကသရုပ်ဆောင်အနေနဲ့ Transformers ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပြီး 2005 ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားဆိုတော့ Transformers ရုပ်ရှင်မထွက်ခင် ၂ နှစ်လောက်က ထွက်ရှိထားခဲ့တာမလို့ Shia ရဲ့ ငယ်ရုပ်လေးကို Transformers လို အက်ရှင်ဇာတ်လမ်းမျိုးမဟုတ်ပဲ တစ်မျိုးကွဲထွက်နေတဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် မြင်ရမှာပါ. File size…(2.5GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre…Biography,Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

7.4 2005
The Greatest Game Ever Played
Axegrinder 666

Axe Grinder 666 (2023) ပုဆိန်နဲ့ ခုတ်သတ်တာတို့ လွှစက်နဲ့ ဖြတ်တာတို့ လိုမျိုး ပက်ပက်စက်စက်သတ်ပြမှာဆိုပေမဲ့ ရွံ့စရာကောင်းလောက်အောင်အကုန်တော့မပြပါဘူး ကြောက်တတ် ရွံတတ်သူများ မကြည့်သင့်တဲ့ကားပါ တူတူအော်မဲ့ သူငယ်ချင်းတွေ စုကြည့်မယ်ဆိုရင်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတော့ လူတွေကို ပက်ပက်စက်စက်သတ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဖရက်ဒီပါးမာဆိုတဲ့ ဆိုက်ကိုလူသတ်သမားကို ပြန်လည်နိုးထလာအောင် မိန်းမတစ်ယောက်က ပြန်ခေါ်လိုက်တာကနေစတာပါ သူငယ်ချင်းတွေ ထုံးစံအတိုင်းပျော်ပွဲစား ထွက်ရာကနေ ဘဲပူမိနေတဲ့ ကောင်မလေးနဲ့ သူ့သူငယ်ချင်းကိုတွဲသွားတဲ့ သူ့ရည်းစားဟောင်းတို့ ကမ်းခြေမှာ ဆုံကြတော့ စကားများရန်ဖြစ်ကြပါလေရော ဒါကိုဘေးကသူငယ်ချင်းတွေက ဝိုင်းဆွဲပြီးတော့ ကိုယ့်ကိစ္စနဲ့ကို ထွက်သွားကြပါလေရော အဲ့မှာ ဖရက်ဒီပါမားကြီးက တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်တာကို ရင်သတ်ရှမော ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဘယ်သူတွေ သေမလဲ ဘယ်သူတွေ အသက်ရှင်ကျန်ခဲ့မလဲဆိုတာကတော့…. စကားလုံး ကြမ်းကြမ်းတွေနဲ့ 18+ ခန်းတွေပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး ဒါမျိုးမှ ကြိုက်တာဆိုတဲ့သူတွေအတွက်ကတော့ ရှယ်ပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.6GB | 939MB Format… mp4 Duration…. 1h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thet Oo Encoder ….. Aaron

0 2023
Axegrinder 666
Sleeping Dogs

ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း….. မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့….. ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ….. အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ….. ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ….. သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား…. သူကိုယ်တိုင်ကရော ရဲကောင်းတစ်ယောက်ဟုတ်ရဲ့လား…. စတဲ့ မေးခွန်းပေါင်းများစွာနဲ့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ကြားထဲက သဲလွန်စ တစ်ခုချင်းစီကိုလိုက်ကောက်ပြီး ဘယ်လိုပြန်လည်ဖော်ထုတ်သွားဦးမလဲဆိုတာကိုတော့……. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.5 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

0 2024
Sleeping Dogs
The Thin Red Line
7.6

The Thin Red Line (1998) IMDb Rating (7.6) / Rotten Tomatoes (80%) ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်….. ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်… ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ….ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်… ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရန်သူက မိမိကို ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်…… ဒါ့ကြောင့် အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရတာကို အနိဌာရုံတွေအဖြစ်မြင်တွေ့ကြရမှာပါ…. The Thin Red Line(1998) ဟာလည်း ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ…. အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင် ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်…ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့် အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်… ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ…မိန်းကလေးဆိုရင်တော့ ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလို့ဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်… အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးနဲ့ ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲ….ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။ တစ်ဖက်နဲ့တစ်ဖက်ရန်သူတွေလိုတိုက်နေပေမယ့် ဘာအတွက်တိုက်နေကြတာလဲဆိုတဲ့ ဝိဝါဒတွေနဲ့ တင်ဆက်ပုံရော ဇာတ်ကြောင်းရော သရုပ်ဆောင်တွေရော လုံးဝကို ဂန္တဝင်ဖြစ်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Megumi မှ တင်ဆက်ထားပါတယ်။)

TV Movie • Romance • Drama
7.6 1998 171 mins
The Thin Red Line
Gravity
7.7

ကြည့်ကိုကြည့်သင့်တဲ့ကားပါ..။ ကဲစထဲကပြောထားလိုက်ပြီ။ မကြိုက်တဲ့ သူတွေက ဘာလို့ မကြိုက်ကြလည်းတော့မသိဘူး။ အကောင်းတကာ့ အကောင်းဆုံးကားတွေထဲမှာ ဒီကားလည်းပါပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Godfather ဇာတ်လမ်းတွေ၊ Nolan ရဲ့ The Dark Knight ၃ကားနဲ့ တန်းတူ အောင်မြင်ပြီး အရည်အသွေးကောင်းတဲ့ကားပါ။ အခုထဲကတောင် Oscar Nomination မှာ ထိပ်ဆုံးက စာရင်းပြေးနေပါပြီ။ Best Actress, Best Achievement in Visual Effect, Best Writing, Director, စတဲ့ ဆုတွေအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့လည်း ကြိမ်းသေနေပါတယ်။ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။ အမေရိကားနိုင်ငံမှာ လူကြိုက်များရတဲ့ အဓိကအကြောင်းအရင်းကတော့ Cold War (1947-1991) အမေရိက နဲ့ ရုရှားတို့ စစ်အေးတိုက်ပွဲကာလ (ကုလသမဂ္ဂဥက္ကဌ ဦးသန့် ဖြေရှင်းပေးခဲ့ရတဲ့ Cuban Missile Crises, ref: http://www.unspecial.org/UNS680/t23.html) ) ကာလတုန်းက သူတို့ နှစ်နိုင်ငံက စစ်ရေးတင်မကပဲ အာကာသ ကို လူလွှတ်နိုင် ဖို့၊ ဂြိုလ်ထုတွေ လွှတ်တင်နိုင်ဖို့ကိုပါ ပြိုင်ဆိုင်ခဲ့ကြပါတယ်။ အဲ့ဒီ ကစလို့ အမေရိကန်လူမျိုးတွေက အာကာသကို သွားဖို့က သူတို့ရဲ့ စိတ်ကူးယဉ်အိမ်မက် ဖြစ်ခဲ့ပါတယ်။ (မြန်မာ နိုင်ငံမှာ ၁ဝတန်းပြီးရင် ဆေးကျောင်းတက်ရမယ် ဆိုသလို၊ အမေရိကား မှာလည်း လူငယ်တော်တော်များများက အာကာသကိုသွားတဲ့ Astronaut ဖြစ်ချင်ခဲ့ ကြပါတယ်။ ဖြစ်ဖို့လည်း မလွယ်ပါဘူး။) ဒါကြောင့်လည်း ဒီကားက အမေရိကား မှာ လူကြိိုက်များနာမည်ကြီးပြီး အောင်မြင်မှုတွေလည်း ရရှိနေပါတယ်။ ဒါပေမယ့် ဒီတစ်ချက်တည်းတင်မဟုတ်ပါဘူး။ ဒီကားက Action, Drama, Thriller အစရှိတဲ့ ရသပေါင်းစုံခံစား နိုင်အောင် ရိုက်ကူးတင်ဆက်ထားပြီး အာကာသထဲက စွန့်စားခန်းတွေကို ပရိတ်သတ်တွေ ရင်သက်ရှုမော ခံစားနိုင်အောင် ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ဆောင်ပုဒ် က Life in Space is impossible ဆိုတဲ့အတိုင်း အာကာသ ထဲက လူတွေရဲ့ဘဝကို ဖော်ပြထားပါတယ်။ အာကာသထဲကို သွားရင် အမြဲတမ်း အာကာသယာဉ်မောင်း ပိုင်းလာ့ ၂ယောက် (အမေရိကန်လေတပ် က အရာရှိတွေကိုပဲ ပိုင်းလော့ခန့်ပါတယ်)။ ပညာရှင် ၂ယောက်၊ ယေဘူယျအားဖြင့် ပါလေ့ရှိပါတယ်။ ဇာတ်လမ်း ကတော့ George Clooney က Pilot ဖြစ်ပြီး ဒီ Mission ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ Sandra Bullock ကတော့ ဂြိုလ်ထုကို ပြင်ဖို့ လိုက်ပါလာတဲ့ ပညာရှင်တွေထဲက တစ်ယောက်ပါ။ သူတို့က အာကာသထဲမှာ ရောက်နေတာ ၁ပတ်လောက်ရှိနေပြီဖြစ်ပြီး ဂြိုလ်ထုကို ပြင်လို့မရသေးပါဘူး။ အဲ့ဒီအချိန်မှာပဲ ရုရှားက Cold War အတွင်းက လွှတ်တင်ထားတဲ့ ဂြိုလ်ထုဟောင်းတစ်လုံးကို ဒုံးကျည်နဲ့ ဖျက်ဆီးလိုက်ရာကနေ ဂြိုလ်ထုအပိုင်းအစ တွေက ဂြိုလ်ပတ်လမ်း ထဲမှာ လွင့်နေပြီး ရှိသမျှ အရာ တွေကို ပျက်ဆီးစေတာကြောင့် သူတို့ရဲ့ Mission ကို ရပ်ပြီး ပြန်လာဖို့ ကမ္ဘာပေါ်က ဌာနချုပ် Houston ( အမေရိကန်နိုင်ငံ တက္ကဆက်စ် ရှိ အာကာသ စခန်း) က အမိန့်ပေးပါတယ်။ အဲ့ဒီအချိန်မှာပဲ ဂြိုလ်ထု အပိုင်းအစတွေ ထိမှန်ပြီး သူတို့ရဲ့ အာကာသယဉ်လည်း ပျက်ဆီးသွားသလို George Clooney နဲ့ Sandra Bullock တို့ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ Sandra Bullock အာကာသထဲမှာ မျောသွားတာကို George Clooney က လိုက်ကယ်ရမှာဖြစ်ပြီး အနီးနားမှာ မပျက်ဆီးပဲ ကျန်ခဲ့တဲ့ ရုရှား နဲ့ တရုတ် တို့ရဲ့ အာကာသ စခန်းကနေ သူတို့ရဲ့ အရေးပေါ် ကမ္ဘာကိုပြန်ဆင်းတဲ့ ယဉ်ပျံနဲ့ ပြန်ဆင်းဖို့ ကြိုးစားရမှာပါ။ ဒါပေမယ့် အာကာသ ထဲမှာ မျောနေတာက ကမ်းမမြင် လမ်းမမြင်နဲ့ ပင်လယ်ထဲမှာမျောနေရသလိုပါပဲ။ ပိုဆိုးတာက အာကာသက လေဟာနယ်ဆိုတော့ ရေကူးသလိုမျိုးတောင် ကိုယ်လိုရာကို သွားလို့့မရပါဘူး။ အာကာသသွားတဲ့သူတွေက သူတို့ရဲ့ကျောကုန်းမှာ သူတို့လိုရာကိုသွားနိုင်ဖို့ Jet တတ်ထားရပြီး လောင်စာကုန်တာနဲ့ အာကာသထဲမှာ မျောနေဖို့ပဲ ရှိပါတယ်။ ဂြိုလ်အပိုင်းအစတွေက Communication Satellite ကို ဖျက်ဆီးသွားလို့ သူတို့ရဲ့ဌာနချုပ်နဲ့ကလည်း အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ ဒီအပြင် အသက်ရှုဖို့ အောက်ဆီဂျင်ကလည်း အကန့်အသတ်နဲ့မို့လို့ သူတို့ နှစ်ယောက် လိုရာကို ဘယ်လိုရောက်အောင်သွားမလည်း၊ ရောက်ရော ရောက်ပါမလား၊ ဂြိုလ်ပတ်လမ်းထဲက အပိုင်းအစတွေကရော ကမ္ဘာကိုပတ်ပြီး နောက်တစ်ကြိမ်ပြန်လာ ဦးမှာလား၊ George Clooney နဲ့ Sandra Bullock တို့ ရဲ့စွန့်စားခန်းတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ မင်းသားနဲ့ မင်းသမီး နှစ်ဦးအဓိကသရုပ်ဆောင်ထားလို့ ဇာတ်လမ်းက ထူးထူးခြားခြား ဖြစ်နေပါတယ်။ အာကာသထဲက စွန့်စားခန်းတွေကို ပီပီပြင်ပြင် ရိုက်ကူးတင်ဆက်ထားသလို သဘာဝကျကျ ရိုက်ကူးထားတာကြောင့် ကျွန်တော်တို့ မသွားနိုင်တဲ့ အာကာသကို ပိတ်ကား ထက်မှာ ခံစားနိုင်မှာဖြစ်ပါတယ်။ Drama ကားတစ်ကားအနေနဲ့ ဒီကားမှာ ပါတဲ့ Action က သာမန် Action ကား တွေလောက်နီးနီး ကောင်းပါတယ်။ Action, Suspense, Thriller တွေကြောင့် မိနစ်၉၀ လုံး မပျင်းမရိပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် နှစ်ဦးကြားက ဆက်ဆံရေး၊ စကားပြောခန်းတွေကလည်း ရုပ်ရှင်ကို ပိုမိုအသက်ဝင်စေပါတယ်။ (ဇာတ်ကားတစ်ကားလုံး Communication မရပဲ၊ တစ်ယောက်နဲ့ တစ်ယောက် ဟယ်လို ကြားလားနဲ့ တင် အချိန်ကုန်နေလို့ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။) မိသားစုလည်း တူတူကြည့်နိုင်ပါတယ်။ Rated ကတော့ PG-13 ပါ။ (No Sex, No Nudity, No Gory, No Blood, Not even Kiss nor romantic scene). မိသားစုတူတူကြည့်သင့်ပါတယ်။ ကလေးတွေ၊ လူငယ်တွေ ပါမကျန်၊ လူကြီးတွေလည်း ကြည့်သင့်တဲ့ကားတစ်ကားပါ။ (Movie Previewအား ရုပ်ရှင်မိတ်ဆက်မှ ကူးယူဖော်ပြသည်) File Size : 6.7 GB / 2.2 GB / 1.1 GB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1 hr 31 min Format : Mkv and Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Encode by Thit San Khant

Action • Comedy • Crime • Thriller • Adventure
7.7 2013 91 mins
Gravity
The Gangs, the Oscars, and the Walking Dead

The Gangs, the Oscars, and the Walking Dead (2019) ************************************************** ဒီတစ်ခါမှာတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ ထိုင်ဝမ် ဟာသကားလေးတစ်ကားကို… တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရုပ်ရှင်ဝါသနာကြီးတဲ့ လူမိုက်တွေရဲ့ အဖြစ်အပျက်တွေကို ဒီဇာတ်လမ်းမှာ ဟာသမြောက်အောင် ရိုက်ကူးပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ————- ငယ်ငယ်ကတည်းက ဝါသနာတူပြီး အတူကစားပြီးကြီးပြင်းလာကြတဲ့ သူငယ်ချင်း(၂)ယောက်… တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းပြီးနေလာရာကနေ အသက်လေးရလာတော့… ငယ်ငယ်တုန်းကစိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုရိုက်ဖို့ ရုပ်ရှင်လောကထဲကိုဝင်ခဲ့တယ်… ရုပ်ရှင်ပြီးအောင်မရိုက်နိုင်တဲ့အပြင် အားလုံးပျက်စီးသွားလို့ အကြွေးဗရပွနဲ့ကျန်ခဲ့တယ်… အလုပ်ရှုံးသွားပြီး လျော်ကြေးပေးဖို့အတွက် လူဆိုးဂိုဏ်းထဲ မဝင်ချင်ဘဲ ဝင်လိုက်ရတယ်… သူတို့အတွက်ကံလေးပြန်တက်လာမယ်လို့ထင်လိုက်တာ… အဲဒီဂိုဏ်းထဲရောက်မှ ငါးပါးမှောက်တော့တာပဲ…သူတို့ လူဆိုးဂိုဏ်းထဲရောက်ပြီး… ဘယ်လိုတွေတိုင်ပတ်ကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး… ဇာတ်လမ်းအညွှန်းကို MiMi မှ ရေးသားပေးထားပါတယ်။ File Size : 1.72GB / 772MB Quality : WEB-DL 1080p / 720p Duration : 01:45:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by Heather Oo

Horror • Thriller
0 2019 105 mins
The Gangs, the Oscars, and the Walking Dead
Faultline

Imdb rating – 6.0/10 ထွက်​ရှိထားတာ မကြာသေးတဲ့ ဒီဇာတ်ကားက Drama/Mystery အမျိုးအစား​ဖြစ်​ပြီး ဒါရိုက်တာ​ Anna Cooley ရိုက်​ကူး​ပေး​ထားတာ ဖြစ်​ပါတယ်​။ ဇာတ်​ကောင်​ အနည်းငယ်​သာ အသုံးပြု​ထားပြီး ဒရာမာနဲ့ အက်​ရှင်ပိုင်းထက် Mystery​ ဖက်ကို​ အားပြု​ထား​ပါတယ်​။ ဇာတ်လမ်း​အကျဥ်း​ကတော့ Paige Tennant ဟာ အောင်မြင်​တဲ့ ရှေ့​နေအမျိုးသမီးဖြစ်ပြီး ကုမ္ပဏီ​ကြီးတစ်ခုမှာ ဥပဒေ​အကြံပေးအဖြစ် လုပ်​ကိုင်နေသူဖြစ်ပါတယ်။ တစ်​နေ့မှာ​ ဖီးနစ်ဂိုးလ် လို့​ခေါ်​တဲ့ ရွှေ​တူးဖော်​ရေးကုမ္ပဏီ ပိုင်ဆိုင်​တဲ့ သတ္တု​တွင်း​တစ်​ခု ပြို​ကျသွား​တဲ့အခါ Paige အလုပ်​လုပ်​နေ​တဲ့ ကုမ္ပဏီ​ကြီး​နဲ့ ဖီးနစ်ဂိုးလ်​ ကုမ္ပဏီ​တို့ ပူးပေါင်း​ဖို့ အကြောင်း​ဖန်​လာပါတယ်။ တကယ်​တော့ Paige ရဲ့ အမေဖြစ်သူက ဖီးနစ်ဂိုးလ်​မှာ ဝန်ထမ်း​လုပ်ဖူးပြီး ကိုယ့်ကိုယ်ကို​ အဆုံး​စီရင်​ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်​ Paige လည်း​ လုပ်​ငန်း​ကိစ္စ​ညှိဖို့ ဖီးနစ်ဂိုးလ်​ကုမ္ပဏီ အခြေစိုက်​တဲ့ မြို့​လေး​တစ်​ဖြစ်​လည်း​ သူကလေးဘဝက နေခဲ့​ဖူးတဲ့ မြို့​လေးကို ပြန်​လာခဲ့ပါတယ်။ အဲဒီ​မြို့​မှာ Paige ရဲ့ ညီမဖြစ်သူ Jesse လည်း ရှိတဲ့​အတွက်​ ညီအစ်မ​နှစ်ယောက်​ ပြန်​ဆုံ​မိကြပါတော့တယ်။ တစ်ချိန်​တည်း​မှာ​ သူတို့​ညီအစ်မ​ရဲ့ အမေဖြစ်သူ Eve​ Tennant သေဆုံး​မှုဟာ သွေးရိုးသားရိုး မဟုတ်​ကြောင်း​ သိလိုက်ရ​ချိန်​မှာတော့ နှစ်​ဦး​သား အဖြစ်​မှန်​ကို စုံစမ်း​ကြပါတော့တယ်။ ဇာတ်လမ်း​အေးပြီး စုံ​ထောက်​ခြင်း​နဲ့ လျှို့ဝှက်​ဆန်းကြယ်​ခြင်းဖက်ကို အား​ပြုထားတဲ့အပြင် ဒရာမာ​ elements တွေ​ပါ ထည့်သွင်း​ထား​လို့ ကြည့်လေ့ကြည့်ထ မရှိသူတွေအတွက် ပျင်း​စရာ​ကောင်း​ပါလိမ့်မယ်​။ ဒရာမာ​နဲ့ စုံထောက်​ဆန်​ဆန်​ ဇာတ်လမ်း​မျိုး​ နှစ်​သက်​ရင်တော့ ကြည့်ရှုနိုင်ပါတယ်။ File size…(778 MB)/(450 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

Science Fiction • Drama
0 2024
Faultline