YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[ALM] Girl Und Panzer ep 9 mm sub.mp4

348.65 MB N/A video/mp4 63 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Under the Fig Trees
8.4

တူနီးရှားကျေးလက်ဒေသက သဖန်းသီးခြံထဲကို တစ်ရက် လောက် အလည်သွားကြရအောင်… ဒီဇာတ်လမ်းလေးမှာ ကျောင်းပိတ်ရက် သစ်သီးခြံထဲမှာ သစ်သီးခူးရင်းအလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ် နေ့တာကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ မနက်အရုဏ်တက် သူတို့ကို လာ ကြိုမဲ့ကုန်တင်ကားကို စောင့်ရင်း စကားမမြည်ပြောနေကြ တာနဲ့ အစပြုထားပါတယ်။ ခဏနေတော့ သစ်သီးခြံက သူဌေးရဲ့ ကားရောက်လာပြီး အသီးသီး ကားပေါ်တက်ကြ ပါတယ်။ ဒီထဲမှာ ဖီဒဲဆိုတဲ့ ခပ်သွက်သွက်ပုံစံနဲ့ ကောင်မ‌လေး က သူများတွေလို နောက်မှာမထိုင်ဘဲ ရှေ့ခန်းက သူဌေးဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။ ထုံးစံအတိုင်း အနောက်ခန်းကလူတွေ အတွက် အတင်းပြောဖို့ အကြောင်းရသွားတောပေါ့။ ခြံထဲကို ရောက်တော့ သစ်သီးခြင်းတွေ ရေပုံးတွေ တစ်ပင်နဲ့ တစ်ပင်ကူးပြီး သစ်သီးခူးကြပါတော့တယ်။ သူတို့တစ်နေ့တာမှာ အတူအလုပ်လုပ်တဲ့ ကောင်လေးတွေနဲ့ မထိတထိ စကြပြောကြ တာတွေရှိမယ်။ သူတို့အချင်းချင်း အချစ်အကြောင်း အိမ်ထောင် ရေးအကြောင်းတွေ ပြောကြမယ်။ စားကြသောက်ကြရင်း ရယ် စရာလေးတွေ ပြောကြမယ်။ အချင်းချင်း သူ့ရည်းစားကိုယ့်ရည်း စားစွပ်စွဲကြရင် ရန်သတ်ကြတာတွေလည်း ရှိမယ်။ အလုပ်ရှင်ရဲ့ အနိုင်ကျင့်တာ ခေါင်းပုံဖြတ်တာတွေလည်း မြင်ရမှာပါ။ တစ်နေ့ တာရဲ့ အနိမ့်အမြင့် အတက်အကျတွေကြား ဇာတ်လမ်းအဆုံးမှာ တော့ ပျော်ပျော်ပါးပါးပဲ သီချင်းတွေဆိုပြီး အိမ်ပြန်သွားကြပါတယ်။ “Under the Fig Trees” ဆိုတဲ့ နာမည်အတိုင်းပဲ သဖန်းပင်တွေ အောက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကို တွေ့မြင်ရမှာပါ။ သူတို့အချင်းချင်း ပြောဆိုဆက်ဆံကြတာတွေ၊ ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတဲ့ သူတို့ရဲ့ အမြင်တွေ၊ လူငယ်ပီပီ စိတ်ကစားကြတာတွေ၊ သမီး ရည်းစားဆက်ဆံရေးတွေကို တွေ့ရမှာပါ။ တူနီးရှားကျေးလက်ဒေသ သဖန်းပင်တွေအောက်က လူငယ်လေးတွေရဲ့ တစ်နေ့တာကို ခံစား ကြည့်လိုက်ပါဦးနော်… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size..........(1.5 GB) / (700 MB) / (395 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Phu Myat Thwe Encoder..........SWM

Action • Adventure • Crime
8.4 2022 92 mins
Under the Fig Trees
After the Storm
7.2

Even After the Worst Storms , The Sun Will Shine Again. Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။ ၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ မင်းသားအမေလည်းတူတယ်။ အစ်မရှိတာလည်းတူတယ်။ မတူတာက Still Walking မှာ သူက အဓိကဇာတ်ကောင်ရဲ့ အဖေကို အေးဆေးပြီး အမြော်အမြင်ရှိတဲ့ ဆရာဝန်အိုကြီးအနေနဲ့ ပြထားတယ်။ အဆုံး Narrative မှာ သူ့အဖေဆုံးသွားတဲ့အကြောင်းလည်း ထည့်ပြောထားတယ်။ After The Storm မှာကျ သူ့အဖေက ဆုံးသွားပြီ။ သူ့အမေတစ်ကိုယ်တည်းနေရတဲ့ဘဝကို သေချာပြထားတယ်။ မတူတော့တာက အဓိကဇာတ်ကောင်ရဲ့အဖေက ပထမကားထဲကလို ဂုဏ်သရေရှိဆရာဝန်လည်းမဟုတ်တော့ဘူး။ အမြော်အမြင်ရှိတဲ့လူလည်း မဟုတ်တော့ဘူး။ မိန်းမကို အမြဲဒုက္ခပေးနေတဲ့ လောင်းကစားသမားအဖေဖြစ်သွားတယ်။ ဒါပေမဲ့ ဒီကာရိုက်တာက ဒီကားထဲ လုံးဝပါမလာဘူး။ အဖေနဲ့တူတဲ့ မင်းသားရဲ့အမူအကျင့်တွေကိုပြရင်းတစ်ဖုံ , မရှိတော့တဲ့လူတစ်ယောက်အကြောင်းပြောရင်းတစ်မျိုး လူတောင်မပါတဲ့ ဒီကာရိုက်တာကို ကောင်းကောင်းကြီးတော့ အသက်သွင်းသွားတယ်။ မိန်းကာရိုက်တာဖြစ်တဲ့ Hiroshi Abeနဲ့ သူ့အမေနေရာက သရုပ်ဆောင်တဲ့ Kirin Kikiရဲ့ Chemistryကလည်း ဒီကားကိုရော ပိုအသက်ဝင်စေတဲ့ အချက်ဆိုတာကို ဖယ်ထားလို့မရဘူး။ Still Walking မှာကျ ဇာတ်က တစ်ရက်တည်းပဲတည်ထားပြီး မိဘအိမ်ကို အလည်သွားကြတဲ့ သားသမီးတွေအကြောင်းနဲ့ နာမည်နဲ့လိုက်အောင် အငြိမ်ပဲ ရိုက်ပြသွားပေမဲ့ After The Storm မှာကျ နာမည်နဲ့လိုက်အောင်ပဲ ဘဝထဲဖြတ်တိုက်လာတဲ့ မုန်တိုင်းတွေအကြောင်းကို ရိုက်ပြသွားတယ်။ မိန်းကာရိုက်တာက ငယ်ငယ်ကတည်းက စာရေးကောင်းတယ်။ စာရေးဆရာအလုပ်နဲ့ပဲ အသက်မွေးချင်တဲ့လူ။ သူတို့မိသားစုကို အခြေခံပြီး တစ်အုပ်ရေးပြီး စာပေဆုတစ်ခုတောင် ရလိုက်သေးတယ်။ ပြဿနာက သူနောက်တစ်အုပ်ထပ်ရေးဖို့ ကြိုးစားတာ အတော်ကြာပေမဲ့ မရတော့တာပဲ။ ဒီတော့ ဝင်ငွေနည်းတယ်။ ဒီကြားထဲကမှ လောင်းကစားလည်း ဝါသနာပါသေးတယ်။ ဒါကိုမှ အချိုအချောင်ငွေရမယ့် စာလေးကျတော့လည်း မရေးချင်ဘဲ မာနကြီးပြန်တယ်။ ဒီတော့ အိမ်ထောင်ရေးမပြေလည်ဖြစ်ပြီး မိန်းမနဲ့ကွဲသွားပေမဲ့ လောင်းကစားဝါသနာပါလွန်းလို့ အချိန်ပိုင်းလုပ်တဲ့ စုံထောက်အလုပ်ကနေ ငွေတွေမြိုးမြိုးမြက်မြက်ရပေမဲ့ ကလေးစရိတ်မပေးနိုင်ပြန်ဘူး။ ဒါပေမဲ့ သူက သူ့သားနဲ့ မိန်းမကို ချစ်တယ်။ သူ့သားကို တစ်လတစ်ခါတွေ့ခွင့်ရဖို့ ကလေးစရိတ်ကို အကြောင်းမျိုးစုံပြပြီး တွေ့တယ်။ ကလေးစရိတ်မပေးနိုင်လို့ သူ့မိန်းမကတော့ သူ့ကိုသိပ်မကြည်ဖြူတော့ဘူး။‌ ပြောရရင် ဒီကာလက သူ့ဘဝရဲ့ မုန်တိုင်းထန်နေတဲ့ အချိန်ပေါ့။ တစ်ရက်ကျ သူ့ကလေးကိုခေါ်ထားရင်း ကလေးစရိတ်ပေးဖို့ သူ့အမေအိမ်က ပိုက်ဆံခိုးဖို့ သူ့ကလေးကို သူ့အမေအိမ်ခေါ်သွားတယ်။ သူ့မိန်းမက သူ့ကလေးကို လာကြိုတော့ မုန်တိုင်းတိုက်နေတဲ့အချိန်မို့ အိမ်မပြန်ဖြစ်ဘဲ သူ့အမေအိမ် သူတို့မိသားစု တစ်ညတာနေဖြစ်သွားတယ်။ အဲဒီညရဲ့ မုန်တိုင်းပြီးသွားတဲ့အခါ နေပြန်သာတတ်တယ်ဆိုပေမဲ့ သူ့ဘဝရဲ့မုန်တိုင်းက ပြီးသွားလား နေရောပြန်သာလား တငွေ့ငွေ့နဲ့ ပြသွားတဲ့ ရုပ်ရှင်ပေါ့။ Koreeda ကားပီပီသသပဲ ဇာတ်အိမ်ကတော့ ရိုးရိုးလေးပဲ။ Still Walking မှာ Koreedaဟာ ကျွန်တော်တို့ကို အိမ်ပြန်ရောက်သွားအောင် လုပ်နိုင်ခဲ့သလို After The Storm မှာလည်း Koreedaဟာ ကျွန်တော်တို့ဘဝက အဆုံးအရှုံးတွေဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားပြီး အဆုံးအရှုံးတွေဆီကနေ ပစ္စုပ္ပန်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်။ ဘယ်လိုမှော်အစွမ်းနဲ့များ လုပ်လိုက်သလဲမသိပေမဲ့ ဟိုတစ်စ ဒီတစ်စ ဇာတ်ကွက်ကလေးတွေကို ဒီတိုင်းကြည့်နေရင်းနဲ့ကို ဇာတ်ကားအဆုံးသီချင်းအလာမှာ လူက ငိုချင်စိတ်ပေါက်လာတယ်။ ငိုလို့မရဘဲ ငိုချင်စိတ်ပေါက်နေတဲ့ တော်တော်ဆိုးဆိုးခံစားချက်ကြီးရလိုက်တယ်ပေါ့ဗျာ။ ခဏလေးပေါပြီး ပျောက်သွားတဲ့ ခံစားချက်မဟုတ်ဘဲ ၂နာရီဆက်တိုက်လောက်ကို အဲဒီလိုကြီးဖြစ်နေတုန်းပဲ။ အာရုံသာတခြားစီမပြောင်းပစ်ရင် ဒီထက်လည်းပိုကြာနိုင်တာပဲ။ မုန်တိုင်းက ပြီးသွားတယ်။ ရုပ်ရှင်လည်းပြီးသွားတယ်။ နေတော့ ပြန်သာပါလိမ့်မယ်။ အပျက်အစီးတွေကတော့ ကျန်နေတုန်းပဲ။ ပြန်တည်ဆောက်ရမှာပေါ့လို့ ဝိုင်းပြောကြလည်း တစ်ချို့အပျက်အစီးတွေက ဟေရာကလိုက်စ်တပ်ရဲ့ မြစ်ရေပဲ။ After The Stormဟာ နေသာမယ့်ရက်တစ်နေ့ဆီ ဆက်လျှောက်နေကြသူတွေရဲ့ အပျက်အစီးတွေ ပွေ့ပိုက်ရင်း ရှင်သန်ခြင်းအကြောင်းပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 819MB | 414MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Action • Comedy • Drama
7.2 2016 117 mins
After the Storm
Ram Setu
5.3

ဒီနေ့ကတော့ မင်းသားကြီးတွေရဲ့ကား ထွက်တဲ့နေ့ပါပဲ အခုလည်း အာရှေးကူမာရဲ့ ဘာသာရေး သမိုင်းနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် အာရန် (အာရှေးကူမာ) က ဘာသာတရားနဲ့ ဘုရားကို အယုံအကြည်မရှိတဲ့ ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပေါ့ သူက အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့ အရာကိုပဲ ယုံကြည်တဲ့သူဖြစ်ပါတယ် အိန္ဒိယလူမျိုးတွေဟာ အရှင်ရာမကို အလေးအနက်ယုံကြည်ကြတဲ့သူတွေဖြစ်ပြီး ရမ်ဆက်တူဆိုတဲ့ တံတားကိုလည်း အရှင်ရာမတည်ထောင်ခဲ့တာလို့ ယုံကြည်ထားကြပါတယ် အဲဒီတံတားကို အစိုးရအဖွဲ့အစည်းက ကုန်သွယ်ရေးကိစ္စတစ်ခုနဲ့ ဖြိုချဖို့ လုပ်လာတဲ့အခါ ပြည်သူတွေက ဆူပူအုံကြွလာကြပါတော့တယ် ဒါကို အဲဒီရမ်ဆက်တူဆိုတာဟာ လူဖန်တီးထားတာမဟုတ်၊ သဘာဝအလျောက် ဖြစ်တည်နေတာဖြစ်ကြောင်းကို အစိုးရအဖွဲ့အစည်းက အာရန်ကို သက်သေထူခိုင်းပါတယ် ဒါပေမယ့် အများနဲ့တစ်ယောက်ဖြစ်နေသလိုပဲ ပြည်သူလူထုက လူအင်အားများပြီး အစိုးရအဖွဲ့အစည်းက လူအင်အားနည်းနေတဲ့အခါ အိန္ဒိယပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတော်အစိုးရအဖွဲ့အစည်းရဲ့ စီးပွားရေးကြိုးပမ်းမှုနဲ့ အာရန်ရဲ့ သက်သေပြမှုတွေကြားက တိုက်ပွဲကို ခင်းကျင်းပြသထားတဲ့ ဒီကားဟာ နိုင်ငံရေးရော ဘာသာရေးရော ပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.69GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora~ Poe ~ Yunni ~ OeliuJ

Fantasy
5.3 2022 149 mins
Ram Setu
Noroi: The Curse
6.8

"ဒီကားရဲ့ 1080p HD Version ဟာ မရှိ‌သလောက် ရှားလို့ ခွေဗားရှင်း 480p ကိုပဲ အတော်လေးကြည်အောင် Encode ပေးထားပါတယ်။ တစ်ချိန်ချိန်မှာ 1080p ရှာတွေ့ခဲ့ရင်လည်း update လုပ်ပေးသွားပါမယ်။" ဒီတစ်ခါတော့ ၂၀၀၅ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating 6.9/10 အထိရရှိထားတဲ့ Japanese horror movie ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Incantation လို vibe မျိုးနဲ့ pseudo-documentary ကို လက်တွေ့ဆန်ဆန်ကြည့်ရှုရတာ နှစ်သက်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုဘာယာရှိဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ရှာဖွေလေ့လာပြီး စာအုပ်တွေပါထုတ်ဝေတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး သူနောက်ဆုံးလေ့လာခဲ့တဲ့ မှတ်တမ်းမှာ လူမျိုးစုတစ်စုဆီက ဆင်းသက်လာတဲ့ ရိုးရာပွဲကနေပေါ်ပေါက်လာတဲ့ အရာတစ်ခုကို လေ့လာရင်း သူကိုယ်တိုင်ဖြစ်ရပ်ဆိုးတွေ ကြုံခဲ့ရပါတယ်။ ဗီဒီယိုကို အစဆုံးမှတ်တမ်းတင်ပြီးချိန်မှာတော့ သူ့အိမ်ပါ မီးလောင်သွားသလို ဇနီးသည်ကိုပါ ဆုံးရှုံးလိုက်ရတယ် ကိုဘာယာရှိကိုယ်တိုင်လည်း ပျောက်ဆုံးသွားခဲ့တယ်။ ဒီဖြစ်ရပ်တွေဟာ မှတ်တမ်းတင်ဗီဒီယိုရဲ့ ကျိန်စာကြောင့်လား တိုက်ဆိုင်မှုလားဆိုတာ ပရိသတ်တို့ပါ တွေးခေါ် ကြည့်ရှု ဖော်ထုတ်ရင်း ဇာတ်လမ်းပြီးသွားတဲ့အခါမှာလည်း စိတ်ထဲ တစ်ခုခုစွဲကျန်ရစ်စေမယ့် ကား​ကောင်းလေးဖြစ်ပါကြောင်း... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB Quality - 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 55Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Thriller
6.8 2005 115 mins
Noroi: The Curse
Apostle
6.1

horror fantasy mystery ကား IMDB rating 6.6 ရထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်းတစ်ကျွန်းပေါ်ကိုပြန်ပေးဆွဲခံရတဲ့ညီမတစ်ယောက်ကိုပြန်လိုက်ခေါ်တာ အဲ့ကျွန်းကိုဘုရင်ကိုသစ္စာဖောက်လို့ထွက်ပြေးတဲ့ မယ်ကွန် ဖရန့်ခ် ကွင်ရယ် ကသူတို့နေထိုင်တဲ့လိုရတဲ့ရွာအဖြစ်တည်ဆောက်ထားပြီးလူတွေကိုလက်ခံတယ် ကျွန်းကစိုက်ပျိုးရေးလုပ်ငန်းကိုထိန်းချုပ်ထားတဲ့ ကျွန်ရဲ့အရှင်သခင်မကြီးရှိတယ် မှော်လိုလိုဘာလိုလိုနဲ့ သူ့လိုအပ်တဲ့သွေးတွေမရရင်သီးနှံတွေကိမြေသြဇာကတစ်ဆင့်အဆိပ်ခပ်တယ် အစားအသောက်တွေလိုသလောက်မရတဲ့အချိန်မှာ သူဌေးသမီးတစ်ယောက်ကိုပြန်ပေးဆွဲ့လိုက်တယ် အဲ့အချိနိမှာသူ့အစ်ကိုသောမတ်စ်ကသူ့ညီမကိုလိုက်ရှာတဲ့စွန့့်စားခန်းအကြောင်းကိုရိုက်ပြထားတာပါ သောမတ်စ်တစ်ယောက်သူ့ညီမကိုကယ်နိုင်မလား သူရောအသက်ရှင်လျက်လွတ်မလားဆိုတာတော့ ဆက်ကြည့်ပေးကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ) File Size : (950 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2h 10min Format : Mp4 Genre : Fantasy , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEBRip.DD5.1.x264-CM Translated by Tin Myo Lwin Encoded by Thanhtike Zaw

Action & Adventure • Animation • Sci-Fi & Fantasy
6.1 2018 130 mins
Apostle
Shot Boot Three
8.6

Shot Boot Three (2023) “ခွေးလေးမက်စ်နဲ့ သူငယ်ချင်းတစ်စု” IMDb-8.7/10 မိသားစုတွေအတူတူ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့် တမီးလ်မိသားစုဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ ကလေးလေးယောက်နဲ့ ခွေးလေးတစ်ကောင်ပေါ့။ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်အားဖြည့်ပေးထားပါတယ်။ တစ်ကျောင်းတည်းအတူတက်နေတဲ့ သူငယ်ချင်းသုံးယောက်။မိဘဖြစ်သူတွေက အလုပ်တွေများတော့ ကလေးအပေါ်မှာ အချိန်မပေးနိုင်။ဒီတော့ သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူက ခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးဒီခွေးလေးနဲ့ အချိန်ကုန်ပျော်ရွှင်နေကြပါတယ်။ နောက်တော့ ခွေးလေး ပျောက်သွားတဲ့အတွက် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ခွေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။ မိဘတွေ ကိုယ့်သားသမီးကိုပစ်ထားခဲ့မိတာတွေကို နောင်မှရတဲ့နောင်တတွေ၊ သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့အတူ ရယ်စရာပြုံးစရာဇာတ်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Drama • Music
8.6 2023 117 mins
Shot Boot Three
Precious
7.3

အော်စကာဆု ၂ ခုကို ဆွတ်ခူးထားခဲ့ပြီး IMDb Rating 7.3 ထိ ရထားတဲ့ ဒီဇာတ်ကားဟာဆိုရင် Claireece Precious Jones ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အကြောင်း‌ပဲ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Precious ဟာ အဝလွန်တဲ့ လူမည်းတစ်ယောက်ဖြစ်ပြီး ကျောင်းတက်ပေမဲ့ ဘာစာမှမတတ်တဲ့ ကောင်မလေး၊ အသက် ၁၇ နှစ်အရွယ်မှာတင် Down’s Syndrome ရှိတဲ့ ကလေးတစ်ယောက်မွေးထားပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့သူ ဖြစ်တယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာပဲ ကျောင်းက သူ့ကို လက်မခံနိုင်တော့တာကြောင့် ကျောင်းက အထုတ်ခံခဲ့ရပြန်တယ်။ အဲကိုယ်ဝန်ဟာ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။ အဖေအရင်းဖြစ်သူဆီကပါ။ ငယ်ငယ်လေးကတည်းက အဖေအရင်းဖြစ်သူဆီမှာ အကြမ်းဖက်အနိုင်ကျင့်ခံခဲ့ရသလို အမေဖြစ်သူကိုယ်တိုင်ကလဲ သိရက်နဲ့ တားဆီးခြင်းမရှိတဲ့အပြင် သမီးဖြစ်သူကိုပါ သူ့ယောက်ျားကို ခိုးတယ်ဆိုပြီး မုန်းတီးနေခဲ့တယ်။ Precious ဟာ အကြမ်းဖက်ခံရမှုတွေကြားထဲမှာ ကိုယ့်ဘာသာပဲ Daydreaming လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။ ကျောင်းက အထုတ်ခံခဲ့ရပေမဲ့ ကျောင်းအုပ်က သူ့ကို Alternative School တစ်ခုဆီ ပို့ပေးခဲ့တယ်။ အဲကျောင်းမှာ Precious ဟာ သူ့ဘဝအတွက် အလင်းရောင်ဖြစ်တဲ့သူကို ရှာတွေ့ခဲ့တယ်။ Alternative School မှာတက်ပြီးနောက်ပိုင်း Precious တစ်ယောက် ဒီနွံထဲက သူ့ဘဝကိုယ်သူ ဘယ်လိုမျိုး ရုန်းထွက်မလဲ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi

7.3 2009
Precious
The Wild Blade of Strangers
6.1

ဒီဇာတ်ကားလေးက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ သိုင်းကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ထိုက်ရှင်းခေတ် ၇နှစ်မြောက်နှစ်မှာ အရင်မင်းကြီးနတ်ရွာစံသွားခဲ့ပါတယ် ။ သူကသူ့ရဲ့သားတော် အိမ်ရှေ့စံမင်းသား ယန်ထန်ကိုထီးနန်းလွှဲအပ်ခဲ့ပါတယ် ။ ဒါပေမဲ့ ထီးနန်းကိုလိုချင်နေတဲ့ မင်းကြီးရဲ့ညီတော် မင်းသားချီက တော်ဝင်ထီးနန်းလွှဲအမိန့်စာကို အတုလုပ်ပြီး ထီးနန်းကို မင်းသားယန်သုန်းကို ပေးအပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ် ။ အဲဒီသတင်းကြောင့် အိမ်ရှေ့စံမင်းသား ယန်ထန်ဟာ သူရဲ့စစ်တပ်နဲ့အတူ မင်းသားချီရှိတဲ့ လျန်မြို့ကိုဝန်းရံပြီး တိုက်ခိုက်ခဲပါတယ် ။ ဒါပေမဲ့ တိုက်ခိုက်မှုကျရှုံးပြီး အိမ်ရှေ့စံမင်းသားအပါအဝင် အရှေ့နန်းဆောင်တစ်ခုလုံး မင်းသားချီရဲ့လက်ချက်နဲ့ ‌သုတ်သင်ခံလိုက်ရပါတော့တယ် ။ မင်းသားယန်ထန်က သူမသေခင်မှာ သူ့မှာဆက်ခံသူကျန်သေးတယ်လို့ပြောသွားတဲ့အတွက် မင်းသားချီကသူ့ရဲ့ရုပ်‌သေးဘုရင် မင်းသားယန်သုန်း ပိုင်ဆိုင်ထားတဲ့ ထီးနန်းကိုကာကွယ်ဖို့အတွက် အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဖြစ်တဲ့ ကချေသည်အမျိုးသမီးနဲ့ကလေး သားအမိကို လိုက်လံရှာဖွေသတ်ဖြတ်ခိုင်းပါတော့တယ် ။ အဲဒီလိုလိုက်လံသတ်ဖြတ်မှုခံရတဲ့ သားအမိကလည်း ပုန်းရင်းရှောင်ရင်းပြေးရင်းနဲ့ ကယ်တင်ရှင်တစ်ဦးနဲ့ကြုံပြီး သူတို့ကိုမြို့ပြင်ထွက်ခွင့်ရအောင် ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ် ။ အဲဒီကယ်တင်ရှင်ကဘယ်သူဖြစ်မလဲ ? ဇာတ်လမ်းထဲမှာရောဘယ်လိုအရှုပ်အထွေးဆက်ဖြစ်မလဲ ? မင်းသားချီရဲ့ဆန္ဒအတိုင်း ဆက်ခံသူကိုသတ်နိုင်မလား ? အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသွေးသားကရော မြို့ပြင်ကိုရောက်အောင်သွားနိုင်ပြီး ဘေးကင်းမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် လိုက်ပါကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ

Drama • Music • Romance
6.1 2024
The Wild Blade of Strangers
Swimming Pool
6.7

Swimming Pool (2003) ~ IMDb – 6.7/10, Rotten Tomatoes – 83% ~ ရုပ်ရှင်ဆုပေးပွဲတွေအများကြီးမှာ ဆန်ခါတင်အဆင့်အများကြီးဝင်ခဲ့ပြီး အမျိုးသမီးဇာတ်ဆောင်ဆု တစ်ဆုနဲ့ အကောင်းဆုံးရုပ်ရှင်တစ်ဆုရခဲ့တဲ့ ဇာတ်ကားလေးပါ။ သက်လတ်ပိုင်းအရွယ် အောင်မြင်နေတဲ့ လျှို့ဝှက်ဆန်းကြယ် စုံထောက်စာရေးဆရာမတစ်ယောက် စုံထောက်ဇာတ်လမ်းတွေ ရေးရတာ စိတ်ကုန်နေပါတယ်။ အဲဒါကြောင့် ထုတ်ဝေသူက စိတ်အနားရအောင် သူပိုင်တဲ့ ပြင်သစ်က အိမ်လေးတစ်အိမ်မှာ ခဏအနားယူဖို့လွှတ်လိုက်ပါတယ်။ စာရေးဆရာမက အေးဆေးတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ သာသာယာယာနဲ့ စာရေးနေတုန်း ထုတ်ဝေသူရဲ့ သမီးရောက်လာပြီး သူ့ရဲ့ ငြိမ်းချမ်းမှုကို ထိခိုက်လာပါတော့တယ်။ ဇာတ်လမ်းကတော့ ဒါပါပဲ။ အေးအေးဆေးဆေးနေချင်တဲ့ စာရေးဆရာမနဲ့ ဆူဆူပူပူနေတတ်တဲ့ တက်ကြွတဲ့ မိန်းကလေး သူတို့နှစ်ယောက်တစ်အိမ်တည်းမှာ တူတူနေရတဲ့အကြောင်းလေးကို ပြထားတာပါ။ ဒါပေမဲ့ ဇာတ်လမ်းသွားတဲ့ပုံစံက ဟော်ရာလိုလို၊ လူပဲထသတ်တော့မှာလိုလို၊ ဒရာမာလို အကြီးအကျယ်ခံစားစရာတွေ ပါတော့မလိုလိုနဲ့ ခပ်အေးအေးနဲ့ ကြည့်ဖြစ်သွားအောင် ဆွဲခေါ်သွားပါလိမ့်မယ်။ ဇာတ်ကားနဲ့ပတ်သက်ပြီး အများကြီးပြောချင်တာတွေရှိပေမဲ့ အကုန်လုံးက ဇာတ်လမ်းရဲ့ မြှုပ်ကွက်တွေ၊ လှည့်ကွက်တွေအကုန် ပေါ်သွားမှာစိုးလို့ သိပ်မပြောတော့ပါဘူး။ ရုပ်ရှင်ကောင်းကောင်းကြိုက်သူတွေအတွက် ကြည့်ရတာတန်မယ့် ဇာတ်ကားဆိုတာတော့ အာမခံလို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 808MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 42Min Genre – Erotic Thriller, Crime, Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.7 2003
Swimming Pool
Lions for Lambs
6.2

Lions for Lambs(2007) *********************** IMDb….6.2 ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Tom Cruise ,Robert Redford နဲ့ Meryl Streep တို့ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်… အမှန်ပြောရရင် ကျွန်တော်ကတော့ Meryl Streep ကို The post မှာ ခမ်းနားတဲ့သူ့ရဲ့သရုပ်ဆောင်ဟန်တွေကြောင့်သတိထားမိခဲ့တာပါ. တကယ့်လူတွေ တစ်ပြိုင်နက်သုံးထားတော့ ဒီကားကို နည်းနည်းစူးစမ်းမိသွားတယ်……. ဒီကားဟာ scene (၃) ခုကို အလှည့်ကျပြသွားရင်း ကြီးကျယ်ခမ်းနားတဲ့ ဒိုင်ယာလော့တွေနဲ့ ကြည့်ရှူသူ ပရိတ်သတ်ကိုပခုံးဖက်တွဲခေါ်ပြီး အတွေးအခေါ်တွေ ဖြန့်ကျက်စေတဲ့လိုဆိုရမယ်ထင်တယ်.. အဲဒါတွေကြောင့် တကယ့်လူ ၃ ယောက်ကို သရုပ်ဆောင်ခိုင်းထားတယ်ထင်တယ်… Andrew Garfield လည်းပါသေးတယ်… ပထမ Scene ပရော်ဖက်ဆာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ကို သူ့ရုံးခန်းထဲခေါ်တွေ့တယ်… အဲ့ဒီကျောင်းသားဟာ ထက်မြက်ပေမယ့် ပရော်ဖက်ဆာ အမြင်မှာ လွဲမှားဟန်ရှိတဲ့အယူအဆတစ်ချို့ကြောင့် ဆွေးနွေးဖို့ခေါ်လိုက်တာပါ…. ဒုတိယ Scene အဖဂန်နစ်စတန်စစ်မြေပြင်နဲ့ပတ်သက်ပြီး အမတ်တစ်ယောက်ဟာ ရှေ့တန်းစစ်မြေပြင်ထိုးစစ်တွေအကြောင်းကို ဂျာနယ်လစ် တစ်ယောက်ကိုခေါ်ပြောပြတယ်…. သူတို့တွေ ဘယ်လိုထိုးစစ်ဆင်တယ် .. ဘယ်လိုတွေအတွက် ဒီတိုက်ပွဲကိုဆင်နွှဲနေတယ်…ဂျာနယ်လစ်ရဲ့ မေးခွန်းတွေနဲ့ အမတ်ရဲ့ အဖြေတွေနဲ့ပေါ့… တတိယ Scene အမေရိကန်ရှေ့တန်းစစ်မြေပြင်အခြေစိုက်စခန်းတစ်ခုရဲ့ တကယ့်စစ်မြေပြင် ထိုးစစ်အသွင်တွေကို ပြတာပါ…. ဒီကားဟာ ဖျော်ဖြေရေးမဆန်ဘူး…. သူ့ရဲ့ဆိုလိုရင်းဟာ ဘာလဲဆိုတာကိုတော့ ကျွန်တော်မပြောချင်ဘူး.. ..ပြောပြဖို့လည်းခက်တာမို့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုစေချင်ပါတယ် .. File Size : (1.71 GB) and (548 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:32:00 Genre : Drama, Thriller, War Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by AHtet

6.2 2007 92 mins
Lions for Lambs
Girls Will Be Girls
7.1

Girls Will Be Girls (2024) IMDb Rating (7.1) / Rotten Tomatoes (100%) ဒီဇာတ်ကားလေးကတော့ 2024 ဒီဇင်ဘာလ ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အိန္ဒိယ အချစ်ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Preeti Panigrahi, Kani Kusruti ,Kesav Binoy Kiron တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Shuchi Talati ပါ။ ဇာတ်လမ်းအကျဉ်း အသက် 18 နှစ်အရွယ် Mira လေးဟာ သူ့ရဲ့ အရမ်းစည်းကမ်းတင်းကြပ်တဲ့ ကျောင်းမှာ အတော်ဆုံးကျောင်းသူတွေထဲက တစ်ယောက်ဖြစ်ပြီးတော့ ကျောင်းသားခေါင်းဆောင်နေရာကိုပါ ရခဲ့ပါတယ်။ Mira ဟာ လူငယ်သဘာဝအရ စိတ်ကစားမှုတွေ ဖြစ်လာပြီးတော့ ဟောင်ကောင်ကပြောင်းလာတဲ့ Sri ဆိုတဲ့ကောင်လေးကို ချစ်မိသွားပါတော့တယ်။ ဒါပေမယ့်လည်း Mira ရဲ့ သိလိုစိတ်ပြင်းပြမှုတွေ ကလန်ကဆန်ပြုချင်မှုတွေ အရွယ်ရောက်လာမှုတွေက သူ့အမေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် နှောက်ယှက်ခြင်းကို ခံရပါတော့တယ်။ လူငယ်သဘာဝ နဲ့ မိဘနဲ့ သားသမီးကြားက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကို ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.4 GB) / (970 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:59:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

Drama • Crime • Thriller
7.1 2024 119 mins
Girls Will Be Girls
The Mystic Nine: Qing Shan Hai Tang
6.3

TU ထဲက မုန့်ယောင်လေးရဲ့ The Mystic Nine: Qing Shan Hai Tang (2022) ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… The Mystic Nine ဆိုတဲ့နာမည်ကို C-drama ဖန်တွေစိမ်းနေမယ်မထင်ပါဘူး… ဟုတ်ပါတယ် 2016 မှာ အတော်လေး နာမည်ကြီးခဲ့တဲ့ The Mystic Nine ဒရာမာကို ပြန်ပြီး adaptထားတဲ့ ရုပ်ရှင်ကားလေးပါ… The Mystic Nine (2016) မှာ ကျန်းချီရှန်းနဲ့ အာ့ယွဲ့ဟုန်ကြားက ဂျင်းချိုတွေ စားခဲ့သူရှိပေမယ့် ဘယ်သူမှ သူတို့နှစ်ယောက် ဘယ်လိုဆုံပြီး ဘယ်လို မိတ်ဆွေဖြစ်ခဲ့ကြတယ်ဆိုတာ မသိခဲ့ကြဘူး… ဒီအဖြေကို ဒီရုပ်ရှင်ကားလေးက ဖြေပေးပါလိမ့်မယ်… ကျန်းချီရှန်းဟာ အဖေ့အတွက် လက်စားချေပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချန်ရှားကိုရောက်လာခဲ့ပါတယ်… ဒါပေမယ့် ချန်ရှားမှာ အာဏာရနေသူ ကျော်ချန်ကျီးက သူလက်စားချေရမယ့်သူဖြစ်နေတာကြောင့် ခိုင်မာတဲ့သက်သေကို ရှာရင်း အာ့ယွဲ့ဟုန်နဲ့ အမှတ်မထင်ဆုံခဲ့ရာကနေ… ကျန်းချီရှန်းရဲ့ ပထမဆုံးသော မိတ်ဆွေအဖြစ်ထိ ဖြစ်လာခဲ့ပါတယ်… တစ်ဖက်က အာ့ယွဲ့ဟုန်အတွက်လည်း ကျန်းချီရှန်းက အတော်လေး ထူးခြားတဲ့သူဖြစ်နေပေမယ့် သူလက်စားချေမယ့် ကျော်ချန်းကျီးဟာ အာ့ယွဲ့ဟုန် အဖေနဲ့ ရင်းနှီးသူဆိုတာထက်ပိုတဲ့ တစ်လှေတည်းစီးနေတဲ့ သေဖော်သေဖက်တွေဖြစ်နေတော့… ကျန်းချီရှန်းတစ်ယောက် ကျော်ချန်းကျီရဲ့ အပြစ်ကို သက်သေပြရမယ့် ပစ္စည်းသက်သေ စာရင်းစာအုပ်ကို လက်ဝယ်ရဖို့ အခက်တွေ့သလို… အာ့ယွဲ့ဟုန်မှာလည်း တစ်သက်လုံး သားလိမ်မာအနေနဲ့နေပေးခဲ့တာကြောင့် အဖေနဲ့ ပထမဆုံးခင်မင်တဲ့ မိတ်ဆွေ ကြား အတော်လေး ဗျာများနေရတာပေါ့…အဆုံးသတ်မှာ မိတ်ဆွေကောင်းတွေဖြစ်သွားမှာ သိပြီးသားဆိုတော့… လက်စားချေနိုင်မှာလား…ပစ္စည်းသက်သေ တကယ် ရနိုင်ခဲ့မှာလား… ဒါ့အပြင် ဒီရန်ငြိုးတွေနောက်မှာ ဘာဖုံးကွယ်ထားတာရှိဦးမလဲ…ဆက်လက်ခံစားကြည့်ရှုပါ

6.3 2022
The Mystic Nine: Qing Shan Hai Tang
iPossessed
5

iPossessed (2025) ကိစ္စတွေအကုန်လုံးက စစ်မှုထမ်းဟောင်းဖြစ်ပြီး အိမ်ကို ပြန်ရောက်လာခဲ့တဲ့ တက်ဒ်ဗိုလို ကို ဂုဏ်ပြုပွဲ ကျင်းပပေးရာက စပါတယ်။ တက်ဒ်ရဲ့ ညီမဖြစ်သူ ဇိုဝီ ကို ဝင်ပူးရာကနေ မနက် ၆နာရီထိ အိမ်ထဲက ထွက်မသွားဖို့ မကောင်းဆိုးဝါး နဲ့ အပေးအယူလုပ်ခဲ့ရပါတယ်။ ၆နာရီထိ တက်ဒ်၊ ဇိုဝီ၊ တက်ဒ်ရဲ့ ရည်းစားဖြစ်တဲ့ ဒန်နီ ၊ ဒန်နီရဲ့အမ တာရာနဲ့ သူငယ်ချင်းဖြစ်တဲ့ ဘက်ကလီတို့ ၅ယောက် တညလုံး ဘယ်လိုတောင့်ခံပြီး ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ တက်ဒ် ရဲ့ အိမ်ကကော ဘယ်လိုကြောင့် ဒီလို ခြောက်လှန့်မှုတွေခံနေရတာလဲဆိုတာကို ဇာတ်ကားအဆုံးမှာ မြင်တွေ့သွားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.3 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:45:53 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

5 2025 104 mins
iPossessed
A Bridge Too Far

ဒီဇာတ်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ သမိုင်းရဲ့မှတ်တမ်းလေးတစ်ခုပါဗျ။ဇာတ်ကားလေးက စိတ်ဝင်စားစရာကောင်းပြီး စစ်ကားလေးတွေကိုကြိုက်တဲ့သူတွေအတွက် ဒုတိယကမ္ဘာစစ်ရဲ့သမိုင်းမှာ စစ်သည်တွေရဲ့ဘဝဘယ်လိုဖြတ်သန်းခဲ့ရပုံနဲ့ သွေးထွက်သံယိုတွေအပြည့် ပါဝင်တဲ့ ကားလေးဖြစ်တာကြောင့် ကြည့်ဖို recommended ပေးချင်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဗျ။ ဇာတ်ကားလေးရဲ့ အကြောင်းအရာကတော့ ဒုတိယကမ္ဘာစစ်ကြီးကာလဖြစ်တဲ့ မဟာမိတ်တပ်တွေနဲ့ဂျာမန်ရဲ့ အသည်းအသန်တိုက်စစ်ဆင်နေတဲ့အချိန်မှာ မဟာမိတ်တပ်ဖက်က ဗိုလ်မှုးကြီးမောင့်ဂိုမယ်ရီဆိုသူက မားကတ်ဂါးဒန်းဆိုတဲ့ တိုက်စစ်အစီအစဉ်ကိုချဆွဲပါတော့တယ်။ဒါကိုအကောင်အထည်ဖော်ဖို့အတည်ပြုခံရပြီး စစ်သားပေါင်း ၃၅၀၀၀ ဟာ ဂျာမန်ရဲ့ရှေ့တန်းကိုကျော်ပြီး အနောက်ဖက်အထိလေယာဉ်နဲ့လေထီးဆင်းကာ အာန်ဟမ်ဆိုတဲ့ မဟာမိတ်တပ်နဲ့ဂျာမနီကိုဆက်ထားတဲ့ တံတားကိုတိုက်ယူဖို့လုပ်ပါတော့တယ်။ သမိုင်းမှတ်တမ်းမှာတော့ ဒီ operation ကြီးဟာ ၉၀% အောင်မြင်ခဲ့တယ်လိုဖော်ပြထားခဲ့ပေမဲ့ ဒါဟာတကယ်ရောဟုတ်ရဲ့လား မဟာမိတ်စစ်သားတွေရဲ့သွေးချွေးတွေစွန့်ပြီး ဘယ်လိုတိုက်ခိုက်ခဲ့ရလဲ အောင်ရောအောင်မြင်ခဲ့ရဲ့လားဆိုတာကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်တာကြောင့်အားလုံးပဲ သမိုင်းစာမျက်နှာကိုပြန်လှန်ကြည့်ရှုရင်း သုံးသပ်ကြည့်ကြရအောင်။ File size…(3.2 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:55:00 Genre… Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Noah

Comedy • Action • Crime
0 1977 175 mins
A Bridge Too Far