YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

All.American.Bikini.Car.Wash.2015.720p.BluRay.(CM).mp4

857.34 MB N/A video/mp4 722 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
From Me to You
7.3

From Me to You (or) Kimi ni Todoke (2010) =============================== IMDb Rating - 6.9/10 Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်း လေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ Sawako Kuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချ ထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉ ၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား 'Ring' ထဲက သရဲမ "Sadako" နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော် တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။ အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကို ခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီး ကောင်လေးတစ်ယောက် Shota Kazehay‌a (Haruma Miura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲ ဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehay‌a ကြောင့် Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့် တခဲ့ရတဲ့ ကျောင်းသားဘဝလေးရလာတဲ့အခါ သူတို့ သူငယ် ချင်းနှစ်ယောက် တဖြည်းဖြည်းကြီးထွားလာတဲ့ ကိုယ်စီ ခံစားချက်တွေကို အချင်းချင်းသိအောင် အရောက်ပို့နိုင် ကြမလားအဆင့် တက်သွားကြမလား ဆိုတာ...ကြည့်ရှု ရမှာပါ။ လူငယ်တွေရဲ့ friendship တွေ စိတ်ခံစားချက် တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ Naoto Kumazawa ရဲ့ masterpiece လေး... ဇာတ်အိမ်ခိုင်တဲ့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ recommend ပေးလိုက် ပါတယ်။ ကား‌ဟောင်းလေးဆိုပေမဲ့ 2009 တုန်းကထွက်ခဲ့တဲ့ original anime အပြီး ၂၀၁၀ မှာထွက်ခဲ့တာဆိုတော့ မူမပျက် ဇာတ် လမ်းကောင်းလေးကို စီးရီးအနေနဲ့မဟုတ်ဘဲ တစ်ကားတည်း အပြီးပြန်ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(2.32 GB) / (905 MB) / (532 MB) Quality............WEB-DL 1080p / 720p / 480p Duration.........2Hr 08Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Khaing Khin Encoder..........Zin Phyo Aung

Drama • Mystery
7.3 2010 128 mins
From Me to You
Hitmen
5.5

၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်တဲ့ Hitmen ဆိုတဲ့ Action, Drama, Comedy ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ကြမ်းပေ့ရမ်းပေ့ ဆိုတဲ့ အက်ရှင်ကားကြိုက်သူတွေအနေနဲ့ လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်နီနဲ့ ဖရန်ကီဟာ သူငယ်ချင်းလည်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး တွဲဖက်ပြီးတော့ လုပ်ကြံရေးသမားများအဖြစ် လုပ်ကိုင်ကြတာပါ။ သူတို့နှစ်ယောက်ဟာ လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ တော်သလို သောက်တလွဲတွေလည်း လုပ်တတ်ကြပါသေးတယ်။ ဒါပေမယ့် မစ်ရှင်ကို ဘယ်လိုအခက်အခဲပဲရှိရှိ မစ်ရှင်ကို အောင်မြင်အောင်လုပ်ကြပါတယ်။ ဂျွန်နီကတော့ လုပ်ကြံရေးသမား ဘဝကို စိတ်ကုန်နေလို့ အနားယူပြီး ငါးခူမွေးမြူရေးလုပ်ဖို့အတွက် စိတ်ကူးယဉ်နေခဲ့ပါတယ်။ ဖရန်ကီလည်း ဂျွန်နီ အနားယူရင် သူလည်း အနားယူမယ်ဆိုပြီး လုပ်ပါတော့တယ်။ ဒီလိုနဲ့ အနားမယူခင် နောက်ဆုံးအနေနဲ့ သူတို့ကို ပေးအပ်လာတဲ့ မစ်ရှင်သုံးခုကို လုပ်ဆောင်ဖို့ အကြောင်းဖန်လာချိန်မှာတော့.... သာမန် မြင်တွေ့နေကြ လုပ်ကြံရေးသမားတွေနဲ့ မတူဘဲ ဂျွန်နီနဲ့ ဖရန်ကီဟာ တကယ်ကို ရယ်ရတဲ့အတွဲပါ။ ကလိထိုးရယ်ရတဲ့ ဟာသမျိုးတွေမဟုတ်ဘဲ သူတို့ တလွဲလုပ်တာတွေကို ရယ်နေရတာပါ။ ဟာသဆိုပေမယ့် သတ်တာကတော့ ရက်ရက်စက်စက် သတ်ပါတယ်။ အက်ရှင်ခန်းတွေလည်း ကြည့်လို့ကောင်းပြီး ဟာသနဲ့ အက်ရှင် မျှတတယ်လို့ ပြောရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Drama Quality…. 1080p | 720p | 480p File size… 1.38GB | 727MB | 208MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Drama • Thriller
5.5 2023 96 mins
Hitmen
The Ghost
4.3

အခုတစ်ခါမှာတော့ တေလဂူမင်းသားကြီး နာဂဂျွန်နာအခီနယ်နီရဲ့ Action/Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ် မင်းသမီးချောလေး ဆိုနလ်ချောင်ဟန်ပါဝင်အားဖြည့်ပေးထားပါတယ်... ဗစ်ကရမ်နဲ့ ပရီယားတို့ဟာ ဒူဘိုင်းမှာ တာဝန်ကျနေတဲ့ အင်တာပိုလ်အရာရှိနှစ်ယောက်ပါ.. ချစ်သူရည်းစားတွေလည်း ဖြစ်ကြသေးတယ်... ဗစ်ကရမ်က သူ့ဒေါသကို မထိန်းနိုင်ခဲ့ဘူး... ဘာမဆိုခံစားချက်ကို ဦးစားပေးလုပ်တတ်ပြီး ပေါက်ကွဲလွယ်တတ်တယ်ပေါ့ ဒီလိုဖြစ်ရခြင်းကလည်း သူ့အတိတ်က ဖြစ်ရပ်ဆိုးကြီးကြောင့်ပါ... သူတို့နှစ်ဦး တာဝန်တစ်ခုကို ထမ်းဆောင်နေတုန်း လွဲချော်မှုလေးတစ်ခုဖြစ်ခဲ့ပါတယ် အဲ့ဒီလွဲချော်မှုလေးတစ်ခုကနေ စတင်ပြီး သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီး ဗစ်ကရမ်ရဲ့စိတ်အာရုံထဲမှာ ဒုစရိုက်လောကကို အမြစ်လှန်ဖို့ဆိုရင် ဒီဒုစရိုက်လောကကြီး မရှိတော့မှဖြစ်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားလိုက်ပါတယ်... ဒီလိုနဲ့ ဒီကိစ္စကို စတင်အကောင်အထည်ဖေါ်နေတုန်းမှာပဲ သူ့မိသားစုဟာ အန္တရာယ်နဲ့ ကြုံလာရပြီး အသက်ကိုခြိမ်းခြောက်ခံလာရပါတော့တယ်... ကဲ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော်... IMDb ကလည်း 6.7/10 အထိ ရရှိထားတာဆိုတော့ ကြည့်ကောင်းတဲ့ကားလေးပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော် File size…2.5GB / 1.2GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Taylor ~ BpL ~ Yunni

Drama • Mystery • Thriller
4.3 2022 138 mins
The Ghost
Stuart Little
6

Childhood Favorite Movies တွေထဲက တစ်ခု ဖြစ်လောက်မယ် ထင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ... ဒီစတူးဝပ် လစ်တဲလ်ဆိုတဲ့ ကားလေးဟာ စိတ်ကူးယဉ်မှုတွေနဲ့အမြဲပြည့်နှက်နေတတ်တဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ အရမ်းကြည့်လို့ကောင်းခဲ့တဲ့ fairy tales ဆန်ဆန် ဇာတ်ကားလေးပါ အရမ်းကြည့်လို့ကောင်းပြီး sweet ဖြစ်ပါတယ် လူကြီးဖြစ်သွားလို့ ပြန်ကြည့်တော့ လက်တွေ့မဆန်တာတွေ ပေါတာတွေကို သတိပြုမိပေမယ့်လည်း Nostalgia ဆိုတာက ဆိုးဆိုးကောင်းကောင်း Nostalgicဖြစ်စေမယ်ဆိုရင်ကို ကြည့်ရတာ ပီတိဖြစ်စေတယ် မဟုတ်ပါလော... အဲ့ဒီတော့ ဒီလို ဇာတ်ကားလေးကို မျှော်လင့်စောင့်စားနေတဲ့သူတွေအတွက် CM ကနေ စေတနာအပြည့်နဲ့ ထွမ်ပြီး တင်ပေးလိုက်ရပါတယ် ကြိုက်ကြတယ်ဆိုရင် 2ကိုပါ ဆက်တင်ပေးမှာမလို့ အားပေးကြပါဦးနော် ကြည့်ဖူးပေမယ့် ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက်ရော မကြည့်ဖူးသေးတဲ့သူတွေအတွက်ရော ဒီချစ်စရာကောင်းတဲ့ ကြွက်ကလေးစတူးဝပ်ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြပေးပါ့မယ်နော် ဂျော့ဂျ် လစ်တဲလ် ဆိုတဲ့ ကောင်လေးက လစ်တဲလ်မိသားစုရဲ့ တစ်ဦးတည်းသောသားပါ အဲ့တာကြောင့်လည်း သူ့မိဘတွေကို အမြဲ ညီလေးတစ်ယောက်လိုချင်တယ်ဆိုပြီး ပူဆာနေတာပေါ့ တစ်နေ့ကျတော့ သူ့မိဘတွေကလည်း သူတို့ရဲ့သား ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် မိဘမဲ့ကလေးကျောင်းမှာ သင့်တော်တဲ့ ကလေးတစ်ယောက်ကို မွေးစားဖို့ရှာပါတော့တယ် အဲ့မှာမှ စတူးဝပ်လေးကို တွေ့သွားပြီး မွေးစားလိုက်ပါတယ်... အဲ့ဒီတော့ မွေးစားခံလိုက်ရတဲ့ ကြွက်ကလေး စတူးဝပ်ခဗျာ လစ်တဲလ်မိသားစုထဲမှာ ဝင်ဆန့်ပါ့မလား သူ့အကိုဖြစ်လာမယ့် ဂျော့ဂျ်ကရော သူ့ကိုသဘောကျပါ့မလား... (အညွှန်းရေးပြီး ဘာသာပြန်ပေးထားသူကတော့ Thura Hein ပဲ ဖြစ်ပါတယ်) File Size__(1.4GB) / (780MB) Quality__1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:25:00 Type__Adventure, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Thura Hein Encoded by Naing Aung Latt

Fantasy • Mystery • Romance
6 1999 84 mins
Stuart Little
Benediction
7

နာမည်ကျော်အင်္ဂလိပ်ကဗျာဆရာ Siegfried Sassoon ရဲ့ဘ၀အကြောင်းရိုက်ထားတဲ့ ကားလေးပါ။Siegfried ဟာပထမကမ္ဘာစစ်တုန်းက မျိုးချစ်စိတ်အပြည့်နဲ့ စစ်ထဲ၀င်ပြီးပြောင်မြောက်စွာ‌တာ၀န်ထမ်းဆောင်ခဲ့လို့ ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။ဒါပေမယ့် သူဟာစစ်ရဲ့ အနိဋသာရုံတွေကိုမြင်အပြီးမှာ စစ်ကိုကြာရှည်အောင်လုပ်နေတဲ့ နိုင်ငံရေးသမားတွေကို စိတ်ပျက်ပြီး စစ်ဆန့်ကျင်ရေးကဗျာတွေကိုရေးသားပါတယ်။သူ့ရဲ့စစ်ဆန့်ကျင်ရေးဝါဒတွေကြောင့် သူ့ကိုစစ်ခုံရုံးမတင်ဘဲ စိတ်ကျန်းမာရေး‌မကောင်းဘူးဆိုပြီး ဆေးရုံကိုပို့ပါတယ်။အဲဒီမှာ သူဟာမိတ်ဆွေအသစ်တွေရပြီး သူ့ရဲ့လျှို့ဝှက်ထားတဲ့ လိင်ကိစ္စကိုစတင်တွေ့ရှိပါတယ်။ ဒီရုပ်ရှင်မှာ သူနဲ့တွဲခဲ့တဲ့ချစ်သူတွေနဲ့ ဆက်ဆံရေးအကြောင်းအပြင် သူ့ကဗျာပေါင်းများစွာလည်း ပါ၀င်ပါတယ်။Siegfried ရဲ့ငယ်ဘ၀နဲ့ ကြီးဘ၀ကိုတလှည့်စီပြထားပြီး လူသဘောသဘာ၀ကို ကဗျာတွေနဲ့အတူရိုက်ပြထားပါတယ်။ ဒါရိုက်တာ Terence Davis ရိုက်ကူးထားပြီး Jack Lowden,Calam Lynch,Peter Capaldi,Kate Phillips တို့ပါ၀င်ထားပါတယ်။ ဖြည်းဖြည်းအေးအေးလေးခံစားရမယ့် ကားမျိုးပါ။ Rotten tomatoes-94% Metacritic-75% File size…(1.5 GB)/(827MB)/(391MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre…Drama, Biography, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Drama
7 2022
Benediction
About Joan
6

About Joan (2022) IMDb 6.2 ရထားတဲ့ ပြင်သစ်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျိုအန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးပြထားတာပါ။ ပြင်သစ်ကားတွေရဲ့ ထုံးစံအတိုင်း Love and Relationship ကို အနုပညာမြောက်အောင် တင်ပြထားတာပါ။ ဂျိုအန် ဆိုတဲ့ အမျိုးသမီး က အသက်ငယ်ရွယ်တဲ့အချိန်မှာ အချစ်ဦး နဲ့ ရင်သွေးကလေး ရသွားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူ့ချစ်သူနဲ့ကွဲသွားပြီး ပြန်ဆုံတဲ့အချိန်ရောက်တော့လည်း သူ့ချစ်သူမှာ သက်ဆိုင်သူအသစ်ရှိနေပါပြီ။ ဒီတော့ ဂျိုအန်တစ်ယောက် ရည်းစားဦးကို ဖွင့်မပြောဘဲ ထားခဲ့ပါတယ်။ ဒီကြားထဲ မိခင်ဖြစ်သူက နောက်ယောက်ျားနဲ့ဖောက်ပြန်ပြီး သူတို့မိသားစုကို ထားသွားပါတယ်။ အဲဒီလို စိတ်ဒဏ်ရာတွေနဲ့ ဂျိုအန်တစ်ယောက် သူ့သားနဲ့အတူတူ ဘဝကို ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို အတိတ်ကို ပြန်တွေးတဲ့ပုံစံနဲ့ ရိုက်ကူးပြထားပါတယ်။ Single Mom ဖြစ်တဲ့ ဂျိုအန်ရဲ့ ဘဝဖြတ်သန်းပုံ အသေးစိတ်ကို အနုပညာရသမြောက်အောင် ဘယ်လိုဖန်တီးထားတယ် ဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre…..Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 812MB | 350MB Format… mp4 Duration….1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. August

6 2022 101 mins
About Joan
Mary Cherry Chua
6.9

Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023) IMDb – 6.3/10 ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မ တရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့ လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ ကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်.. တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ် ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင် အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲ တစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ် ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ် ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ.. အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလား နောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့… ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~KKKZ တို့ပဲဖြစ်ပါတယ်

TV Movie • Thriller
6.9 2023
Mary Cherry Chua
Leprechaun

Leprechaun (1992) Friends ထဲက Rachel နေရာမှာ Jennifer Aniston ကို ဒီဇာတ်ကားကြည့်မိပြီး ရွေးလိုက်တာလို့ ထင်မိတယ်။ ဖေဖေ့ပိုက်ဆံနဲ့ လောကကြီးအကြောင်းဘာမှမသိ၊ လူမှုရေးနားမလည်ပေမဲ့ အမြင်ကပ်စရာမကောင်းဘဲ ချစ်စရာကောင်းနေဖို့က သူကလွဲပြီး တခြားသူတွေ လုပ်ဖို့ ခက်လိမ့်မယ်လို့ထင်ပါတယ်။ Friends ပရိသတ်တွေ ဒီကားကိုကြည့်ပြီး Jen ကိုထပ်ချစ်သွားမှာ အသေအချာပါပဲ။ လက်ပရာခွန်ဆိုတာကတော့ တိုက်ရိုက်ဘာသာပြန်ရင် လူသေးသေးလေးလို့ ပြောတာပါတဲ့။ ပုံပြင်တွေမှာတော့ သူက ဖိနပ်ချုပ်တဲ့သူ၊ ဦးထုပ်အဝိုင်းဆောင်းထားတဲ့ ကုတ်အင်္ကျီနဲ့ လူသေးသေးလေးလို့ ပြောကြပါတယ်။ သူ့မှာ ဖိနပ်ချုပ်တာကနေရတဲ့ ရွှေတွေ အိုးလိုက်ရှိတယ်ဆိုပဲ။ သက်တံ့ရဲ့အဆုံးမှာ သူ့ရွှေအိုးကို မြှုပ်ထားပါသတဲ့။ ကျွန်တော်တို့ဆီက လူနီလေးလိုမျိုးပဲ သူ့ကို နိုင်တယ်ဆိုရင် သူပိုင်ထားတဲ့ ရွှေအိုးကို ယူလို့ရတယ်တဲ့။ ပုံပြင်တွေထဲမှာတော့ လက်ပရာခွန်က အန္တရာယ်ပေးတတ်တယ်ဆိုတာမပါဘဲ ကျီစယ်တာသန်တဲ့ ရွှတ်နောက်နောက်ကောင်လေးတွေအဖြစ်နဲ့ ပုံဖော်ကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Horror ဆိုတဲ့အတိုင်းပဲ ဒီလက်ပရာခွန်က နောက်တာမဟုတ်ဘဲ တကယ်လုပ်တာပါ။ ရွှေပျောက်ရှာနေတဲ့ လက်ပရာခွန်ကို မမ Jen နဲ့ ဘော်ဒါတစ်သိုက် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ Comedy နည်းနည်းရောပြီး ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 885MB Quality – 1080p, 720p Format – mp4 Duration – 1H 32Min Genre – Comedy, Fantasy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Documentary • Action • Adventure
0 1992
Leprechaun
Footloose
5.8

ဒီဇာတ်ကားလေးကတော့ အားလုံးလည်း ကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေး ဖြစ်ပါတယ်.. footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remake ပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်း ဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကတော့ ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက် ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေး တစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ် ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲက ဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့် ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေး ပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်က ကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့ သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့် ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့ musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ် မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမား တစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing with the Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Julianne Alexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်.. File size…2.22GB / 1.10GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre …..Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

5.8 2011 113 mins
Footloose
Seagrass
6

ဒီဇာတ်ကားကတော့ အိမ်ထောင်ရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ ဖြစ်တတ်ကြတဲ့, ဖြစ်နေကြတဲ့ ပြဿနာတွေ အခက်အခဲတွေအကြောင်းကို ရိုက်ကူးပြ‌ပေးထားတာပါ။ အိမ်ထောင်တစ်ခုမှာ သားသမီးတွေရှိလာတဲ့အချိန် တစ်ဖက်နဲ့တစ်ဖက်အလျှော့ပေးပြီး နားလည်ပေးမှ အိမ်ထောင်ရေးသာယာနိုင်မှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင်တော့ တစ်ခုခုဖြစ်တာနဲ့ စပြီးနစ်နာကြရမှာက သားသမီးတွေပဲမဟုတ်လား။ အခု ဒီဇာတ်ကားကတော့ အဲဒီအကြောင်းကို ဦးစားပေးပြီးရိုက်ကူးထားတာပါပဲ။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ တစ်နေ့တစ်ခြားအဆင်မပြေဖြစ်လာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စတိဗ်နဲ့ ဂျူးဒစ်တို့ဟာ ချစ်သူတွေ, အိမ်ထောင်ရှင်တွေအတွက် နားထောင်ပြောဆို အကြံပေးတဲ့စခန်းတစ်ခုဆီကို သမီးနှစ်ယောက်နဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုနေရာကိုရောက်မှ အကြောင်းအမျိုးမျိုးကြောင့်, လူတွေအမျိုးအမျိုးကြောင့် နဂိုထက်ပိုပြီး အခြေအနေတွေ တင်းမာလာတဲ့အချိန်မှာတော့ သူတို့တွေဘယ်လိုပြန်ပြီးဖြေရှင်းကြမလဲ, ဘယ်လိုအခက်အခဲတွေ‌ရောရှိနေကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.6 GB)/(985 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

6 2023 115 mins
Seagrass
Red Eye
6.5

Red Eye (2005) ============= IMDb Rating – 6.5/10 Mean Girls နဲ့ The Notebook ဇာတ်ကားတွေထဲက ဇာတ်ဆောင် မင်းသမီး ရေချယ်မက်အက်ဒမ်စ်နဲ့ ကျွန်တော်တို့ရဲ့ တွမ်မီရှယ်ဘီကြီး တစ်ဖြစ်ရော၊ အော့ပန်ဟိုင်းမားဇာတ်ရုပ်တွေမှာပါ လူကြိုက်များခဲ့ ကြတဲ့ ‌ခီလီယန်မာဖီတို့နှစ်ယောက်ရဲ့ သည်းထိတ်ရင်ဖိုဆန်ဆန်ဇာတ် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဟိုတယ်မန်နေဂျာမလေး လီဆာက အဘွားဖြစ်သူရဲ့ဈာပနာကိုသွားပြီး အိမ်အပြန်လမ်းခရီးမှာ သူတစ်သက်မေ့မှာမဟုတ်တဲ့အရာကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့လိုက်ရပါတော့တယ်။ လီဆာက မိုင်ယာမီကိုပြန်ဖို့ ဒဲလ်လက်စ် လေဆိပ်မှာစောင့်နေရင်း ဂျက်ဆန်ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့ဆုံတွေ့ ခဲ့တယ်။ ဂျက်ဆန်က ကူညီရိုင်းပင်းတတ်ပြီးရည်မွန်တဲ့လူတစ်ယောက် ဖြစ်တယ်။ တိုက်ဆိုင်ချင်တော့ သူတို့နှစ်ယောက်စလုံး ထိုင်ခုံအတူတူထိုင် ရတယ်ပေါ့လေ။ တကယ်တော့ ဒါတွေဟာတိုက်ဆိုင်မှုတွေ မဟုတ်ခဲ့ပါဘူး အရာအားလုံးဟာ စနစ်တကျကြိုတင်စီမံထားတဲ့ အရာတွေပါပဲ။ လေယာဉ်ပေါ်မှာ စကားတွေ ပြောရင်းပြောရင်းနဲ့ ဂျက်ဆန်ကလီဆာ့ကိုတဖြည်းဖြည်းနဲ့ခြိမ်းခြောက်လာ ပါတော့တယ်။ ဂျက်ဆန်က တကယ်တော့ အကြမ်းဖက်သမားဖြစ်ပြီး ဘယ် လိုတွေ ခြိမ်းခြောက်သွားလဲဆိုတာကတော့ ဇာတ်ကားထဲမှာ စိတ်ဝင်တစား ရင်တမမနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း ခီလီယန်မာဖီကတော့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ် ဆောင်ဖြစ်သလို . ရေချယ်ရဲ့ လီဆာနေရာမှာ သရုပ်ဆောင်မှုကလည်း လုံးဝ ကိုကောင်းမွန်ပြည့်စုံလွန်းလှပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.35 GB) / (670 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Khant Sett Naing Encoder……….SWM

6.5 2005
Red Eye
Sorry, Charlie
5.1

ရာဇဝတ်မှုတစ်ခုမှ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ရှားလော့ဟာ လုပ်အားပေးအနေနဲ့ တယ်လီဖုန်းပေါ်ကနေ အကူအညီလိုသူများကို ကူညီပေးနေရင်း စိတ်ဒဏ်ရာများကို ကျော်လွှားနေပါတယ်။ ရှားလော့အပါအဝင် တခြားအမျိုးသမီးငယ်လေးများကို အဓမ္မမှုကျူးလွန်ပြီး သတ်ပစ်တတ်သော ရာဇဝတ်ကောင်ကို ဖမ်းမိပြီဟု ရဲဌာနမှလည်း ကြေငြာချက်ထုတ်ထားပြီးဖြစ်ပါတယ်။ သို့သော်ရှားလော့ စိတ်ထဲတွင် တရားခံအစစ်ကို မဖမ်းမိသေးပဲ သူ့ရှေ့ကိုရောက်လာမည်ယုံကြည်နေရာမှ တစ်နေ့ သူယုံကြည်ထားသလို တရားခံက သူ့ရှေ့ကိုရောက်လာမလား ရှားလော့တစ်ယောက်စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား၊တရားခံပေါ်လာရင်ရော ရှားလော့တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား စသည်ဖြင့်သည်းထိပ်ရင်ဖို ကြည့်ရမည့်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…(300 Mb) Quality….Webrip 720p Format… mp4 Duration…. 01:15:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5.1 2023
Sorry, Charlie
Rosalie
7

အမျိုးသမီးတစ်ယောက်ကို မုတ်ဆိတ်မွှေးကြီးတွေနဲ့လို့ မြင်ယောင်ကြည့်လိုက်ရင် တော်တော်ကြည့်ရဆိုးပြီး တစ်မျိုးကြီး ဖြစ်နေမှာတော့အမှန်ပါပဲ။အဲ့ဒါဆိုရင် အဲ့လိုအသွင်အပြင်မျိုး တကယ်ဖြစ်နေတဲ့ မိန်းမတစ်ယောက်ကိုရောမြင်ယောင်ကြည့် လိုက်ပါ။မယုံနိုင်လောက်အောင်ဆိုးဝါးတဲ့ ဝေဖန်ခြင်းတွေ ပြစ်တင် ရှံ့ချခြင်းတွေကိုခံရပြီး ခေါင်းတောင်မဖော်နိုင်လောက်အောင် ရှက်နေရမှာအတိအကျပါပဲ။ဒါပေမယ့် ပတ်ဝန်းကျင်ကလူတွေ ဘာပြောပြော ဘာလုပ်လုပ်အသွင်အပြင်ကအရေးမကြီးပဲ စိတ်ထားလှလှထားပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ဖို့ပညာပေးထားတဲ့ IMDb Rating 6.8 အထိ ရရှိထားတဲ့ Rosalie ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေး လိုက်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ရိုစလီဆိုတဲ့ကောင်မလေးက အလွန်တရာမှချောမောလှပပေမဲ့ သူ့မှာမွေးရာပါခန္ဓာကိုယ် အမွေးအမျှင်များတဲ့ ပြဿနာတစ်ခုရှိနေတာကတော့ ဝမ်းနည်းစရာကောင်းလှပါတယ်။အဲ့ဒီအကြောင်းကို အဖေ ဖြစ်သူက ဘယ်သူမှမသိအောင်လျှို့ဝှက်ထားခဲ့ပေမဲ့လည်း အရွယ်ရောက်လာတဲ့အခါမှာ အိမ်ထောင်ပြုဖို့မဖြစ်မနေလို အပ်လာပါတော့တယ်။ဒါပေမယ့်သူ့အခြေအနေကြောင့်ရှေ့မှာ တွေ့ခဲ့တဲ့ အိမ်ထောင်ဖက်တွေတစ်ယောက်မှ သူ့ကိုလက်မခံ ခဲ့ကြပေမဲ့ အဖေဖြစ်သူကလက်မလျှော့ပဲ အက်ဘယ်ဆိုတဲ့ ကဖီးဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ သမီးဖြစ်သူကိုပေးတွေ့ခဲ့ပါတော့ တယ်။ဒါပေမယ့်သမီးဖြစ်သူရဲ့အခြေအနေကို မပြောပြဘဲ လိမ်လည် ထားခဲ့ပြီး အက်ဘယ့်လက်ထဲမှာ ရိုစလီ့ကိုအပ်ထားခဲ့ပါတော့တယ်။ လင်မယားနှစ်ယောက်ကြားမှာ ဒီလိုကိစ္စမျိုးဆိုတာဖုံးဖိထားလို့ မရတဲ့အတွက် သိပ်မကြာခင်မှာပဲ အက်ဘယ်သိသွားခဲ့ပြီး မောင်းထုတ် ပေမဲ့ အရာရာစွန့်လွှတ်အနစ်နာခံတတ်တဲ့ရိုစလီကြောင့် အက်ဘယ် စိတ်လည်လာခဲ့ပြီး သူတို့နှစ်ယောက်ဘ၀မှာဘယ်လို စိတ်ဝင်စားစရာတွေ ဆက်ဖြစ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.82GB / 849MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7 2023 115 mins
Rosalie
Don’t Tell Mom the Babysitter’s Dead
6.3

တစ်ခါတလေကျတော့လည်း အရင်တုန်းက ပေါ့ပေါ့ပါးပါး ဇာတ်လမ်းကလေးတွေကို ပြန်ကြည့်ကြရတာက အသက်အရွယ်ငယ်ငယ် ဆယ်ကျော်သက်ဘဝတွေကို ပြန်လည် အမှတ်ရစေတာကတော့ တကယ်ပါပဲ။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ ဆယ်ကျော်သက်အရွယ်ကလေးတွေ ကပေါက်တိကပေါက်ချာလုပ်ကြတဲ့ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းတွေကိုတော့ ဘယ်အချိန်နေနေ ပြန်လည်ကြည့်ရှုချင်မိကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ (၁၉၉၁)ခုနစ်မှာ ထွက်ရှိခဲ့တဲ့ Comedy/ Dark comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “Don’t Tell Mom the Babysitter’s Dead” ဇာတ်လမ်းလေးမှာဆိုရင်တော့ စွဲလ်တို့မောင်နှမတသိုက် ဖြတ်သန်းရမယ့် နွေရာသီအားလပ်ရက်တွေကို မြင်တွေ့ရမှာပြ ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ကွာရှင်းထားသူ စွဲလ်တို့အမေက စွဲလ်တို့မောင်နှမငါးယောက်ကို ထိန်းေကျာင်းပျိုးထောင်ရင်းနဲ့ နှစ်ပေါင််း(၃၀)ကျော်ကို ကုန်ဆုံးခဲ့တာ ပင်ပန်းလွန်းလှလို့ တူပါရဲ့ ဒီနွေတော့ သူ့ကလေးတွေကို အိမ်မှာထားခဲ့ကာ၊ သူ့ချစ်သူနဲ့ ဥရောပကို ခရီးထွက်သွားပါတော့တယ်။ The babysitter ဆိုတဲ့အတိုင်း စွဲလ်တို့ကို ထိန်းကျောင်းဖို့ ကလေးထိန်းဘွားဘွားတစ်ယောက်ကိုလည်း အိမ်မှာ ခန့်ခဲ့ပါသေးတယ်။ ကလေးထိန်းသက်တမ်းရင့်နေပြီဖြစ်တဲ့ ကလေးထိန်းအဘွားကြီးက စည်းကမ်းအလွန်အမင်းတင်းကျပ်လွန်းတာကြောင့် ကလေးတွေက အစ်မကြီးဖြစ်သူစွဲလ်ကို အားကိုးတကြီး ပြောပေးခိုင်းကြတော့တာပေါ့။ စွဲလ်လည်း ကလေးထိန်းအဘွားကြီးကို သွားအပြော ဘာမှန်းမသိ သေဆုံးနေတဲ့ အဘွားကြီးကို တွေ့လိုက်ရပါတော့တယ်။ အဘွားကြီး သေသွားတာကို စွဲလ်တို့တွေဟာ ပျော်ချင်တိုင်းပျော်ခွင့်ရမယ့် သူတို့နွေအားလပ်ရက်ရေး ဆုံးရှုံးသွားမှာကို စိုးရိမ်တာကြောင့် သူတို့အမေကို မပြောဖို့ ဆုံးဖြတ်ကြပြီးတော့ စွဲလ်ဦးဆောင်မှုအတိုင်း မောင်နှမငါးယောက်စခန်းသွားကြပါတော့တယ်။ ဒီနွေရာသီအားလပ်ရက်လေးက စွဲလ်တို့အတွက် လုပ်ချင်တာလုပ်ဖို့ အခွင့်အရေးလား ဒါမှမဟုတ် ဂြိုဟ်ဆိုးဝင်တာလားပဲဆိုတာကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ “Don’t Tell Mom the Babysitter’s Dead” (1991) ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ File Size : 2.8 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Comedy, Dark Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Doros Encode by : Thit San Khant

Thriller • Crime • Action
6.3 1991 105 mins
Don’t Tell Mom the Babysitter’s Dead
One Day: Justice Delivered
5.1

One Day – Justice Delivered (2019) မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိ IMDb 5.1/10 လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ စိတ်နေစိတ်ထား အမူအကျင့်မျိုးစုံ ရောနှောတည်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အမှုအခင်းတွေကလည်း ဖြစ်ပေါ်နေပါတယ်။ တရားမျှတမှုရရှိသွားတဲ့ အမှုတွေရှိပေမဲ့လည်း တရားခံတွေ လွတ်မြောက်သွားတဲ့၊ အမှုအမှန်မပေါ်ပေါက်တဲ့ ရာဇဝတ်မှုတွေဟာလည်း များစွာရှိခဲ့၊ ရှိနေဆဲပါပဲ။ ဒီဇာတ်ကားလေးထဲမှာလည်း တျာဂီဆိုတဲ့ တရားသူကြီးက အငြိမ်းစားယူတော့မှာပါ။ ဒါပေမဲ့ သူအလုပ်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် တရားခံမပေါ်ဘဲ ပိတ်သိမ်းခဲ့တဲ့အမှုတွေကို ပြန်လည်တွေးတောမိလာပါတယ်။ ဗုံးပေါက်ကွဲမှုတစ်ခုရဲ့ မျက်မြင်သက်သေကောင်လေးတစ်ယောက်ကိုနှုတ်ပိတ်သတ်ဖို့ တာဝန်ကျဆရာဝန်တွေကို တရားခံတွေက လာဘ်ထိုးခဲ့ပါတယ်။ မြို့မျက်နှာဖုံးနာမည်ကြီးတွေမို့ အမှုမပေါ်ခဲ့ပါဘူး။ တရားသူကြီးတျာဂီရဲ့ သမီးမင်္ဂလာဆောင်မှစလို့ မြို့မှာလူတွေ ပျောက်ဆုံးလာပါတယ်။ စုံစမ်းရေးအဖွဲ့မှာလည်း ဘာသက်သေမှရှာမရဖြစ်လာချိန် သူတို့တွေ့ရှိလာရတာကတော့ ဒီပျောက်ဆုံးသွားတဲ့သူတွေဟာ အမှုတစ်ခုနဲ့ ဆက်စပ်‌နေတယ်ဆိုတာပါပဲ။ အမှုမှန်မ‌ပေါ်ခဲ့တဲ့အမှုတွေကို တစ်ခုပြီးတစ်ခုဖော်ထုတ်ပြီး တာဝန်ကျေပွန်ချင်သူ တရားသူကြီးရဲ့ ဆန္ဒပြည့်ဝမလား၊ တရားခံတွေ ဆက်လက်လွတ် မြောက်နေဆဲ ဖြစ်မလားဆိုတာ ကြည့်ရှုအဖြေထုတ်ရင်း မှုခင်း၊ သည်းထိတ်ရင်ဖိုပရိသတ်တွေ အကြိုက်တွေ့မယ့်ဇာတ်ကားလေးပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Horror • Thriller
5.1 2019
One Day: Justice Delivered