YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Alice.2020.EP3.mp4

501.6 MB N/A video/mp4 1352 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fog
6.7

ဒီကားရဲ့ ဒါရိုက်တာက John Carpenter။ နာမည်ကျော် Franchise ဖြစ်တဲ့ Halloween ရဲ့ ပထမဆုံးကားကို ရေးသားရိုက်ကူး အသက်သွင်းခဲ့တဲ့သူလည်းဟုတ်တယ်။ Escape from New York, The Thing, They Live စတဲ့ နာမည်ကြီးကားတွေကိုလည်းရိုက်ခဲ့တယ်။ The Thing ဆို အခု တော်တော်များများကြိုက်ကြတဲ့ Sci-Fi Horror ကားပဲမလား။ မာစတာပိစ်ကားတစ်ကားလည်း ဟုတ်တယ်။ ထူးတာက သူ့ရုပ်ရှင်အများစုက Science Fiction ဆိုတဲ့စကားလုံးနဲ့စတာများတယ်။ Horror များပေမဲ့ Science Fiction Action, Science Fiction Drama အစရှိတာတွေကိုလည်းရိုက်ခဲ့တယ်။ သူ့ကားတော်တော်များများကလည်း ထူးထူးဆန်းဆန်းတွေချည်း။ သူ့ကို Horror ဆရာတစ်ပါးလို့ပြောရင်လည်းမမှားဘူး။ ဒီကားကတော့ သူ့ရဲ့ Supernatural Horror Film ကားပေါ့။ Cult Classic ဖြစ်လာတဲ့ ကားတစ်ကားလည်း ဟုတ်သလို ၂၀၀၅ မှာလည်း ဒီကားကို Remake ပြန်လုပ်ခံခဲ့ရတယ်။ အန်တိုနီယိုဘေး ကမ်းခြေမြို့လေးဟာ မြို့စတည်တည်းက သူ့နည်းသူ့ပုံနဲ့ အစဉ်တိုးတက်ကြီးပွားလာခဲ့တာ မြို့သက်တမ်း နှစ်တစ်ရာတိုင်လာခဲ့ပြီ။ ဆိတ်ငြိမ်တဲ့ဒီမြို့လေးနဲ့ သူတို့မြို့သားတွေအတွက် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲဟာ စိတ်လှုပ်ရှားစရာတစ်ခု ဖြစ်နေသလို၊ မြို့လူကြီးတွေကလည်း ကြေကွဲဖွယ်အဖြစ်ဆိုးနဲ့ စတင်ခဲ့တဲ့ သူတို့မြို့ရာဇဝင်နဲ့အတူ အန်တိုနီယိုဘေးကို စတင်တည်ထောင်ခဲ့ကြသူ ဘိုးဘေးတွေကိုပါ အထူးဂုဏ်ပြုဖို့ ပြင်ဆင်နေကြတယ်။ အဲဒီလို သက်တမ်းနှစ်တစ်ရာပြည့်မယ့်အချိန်နဲ့ နီးကပ်လာချိန် သူတို့မြို့အမှီသဟဲပြု ရှင်သန်နေကြတဲ့ ပင်လယ်ပြင်ထဲမှာလည်း ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာနေတယ်။ လောကနိယာမတွေနဲ့ ဆန့်ကျင်နေသယောင် မြူခိုးထုကြီးတစ်ခုဟာ အန်တိုနီယိုဘေးနဲ့တစ်ဝိုက် ရေပြင်နားမှာ အဖြေရှာရခက်စွာ ပေါ်လာတတ်ပြီး သေကျေပျက်စီးမှုတွေကို ချန်ရစ်ပြီးတော့ ပြန်လည်ပျောက်ကွယ်သွားတတ်တာကို သိထားကြသူတချို့က ဒီမြူနဲ့ပတ်သက်တဲ့မေးခွန်းတွေအတွက် အဖြေရှာဖို့ အပူတပြင်းကြိုးစားနေချိန် သူတို့မြို့လေးရဲ့ရာဇဝင်ထဲက ဘယ်သူမှမသိထားကြတဲ့ ယုတ်မာရက်စက်တဲ့ လျှို့ဝှက်ချက်တစ်ခုကလည်း တစ်စထက်တစ်စ ပေါ်ထွက်လာခဲ့တယ်။ အဲဒီလို သဘာဝလွန်မြူနဲ့ ဒီလျှို့ဝှက်ချက်က ဆက်စပ်မှုရှိနေမှန်း သူတို့တွေရိပ်မိလာကြချိန်မှာပဲ ဒီမြူခိုးထုကြီးက ပင်လယ်ပြင်ကခွာပြီး အန်တိုနီယိုဘေးအပေါ် လွှမ်းခြုံလာတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.02GB, 1.11GB Quality - REMASTERED 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 29Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Action • Drama
6.7 1980 89 mins
The Fog
Aadavaallu Meeku Johaarlu
3.6

အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ် မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါ ဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ် အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့ အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကို အကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူး ဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ် ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ..... လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး မင်းသမီးချောလေး ရှက်ရ်မီး ပါဝင်သရုပ်ဆောင်ထားတဲ့ကားမလို့ အခုပဲ ဒေါင်းပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်နော် File size…950MB / 1.6GB Quality…720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by  Shwe Pyae & Eliza & Yate & Myo Myo &Haruko

Comedy • Horror
3.6 2022 139 mins
Aadavaallu Meeku Johaarlu
Thanksgiving
7

Thanksgiving(2023) ****************** (ရက်စက်တဲ့သတ်ဖြတ်ခန်းတွေပါတဲ့ R Rated အမျိုးအစား ဟော်ရာမို့ နှပ်ချေးစားကလေးငယ်များနှင့်အတူမကြည့်သင့်ပါဘူး…) ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ဟော်ရာတွေမှာ အတော်ကောင်းတဲ့ကားထဲမှာပါပါတယ်။ သရဲမဟုတ်ဘဲ ဟော်ရာလူသတ်ရုပ်ရှင်ကိုမှ တရားခံမပြထားတဲ့ ပဟေဠိဆန်ဆန် အမျိုးအစားပဲဖြစ်ပါတယ်။ Scream ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ကျေးဇူးတော်နေ့မှာ ပလိုင်းမောက်မြို့လေးရဲ့ ရိုက် ကုန်တိုက်ပိုင်ရှင်ကအထူးလျှော့ဈေးနဲ့ ရောင်းပေးဖို့ကြေညာထားတဲ့အတွက် ကုန်တိုက်ရှေ့မှာ တစ်မြိုု့လုံး လာစုနေကြပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီး လူတွေသေကုန်တာနဲ့အဆုံးသွားပါတယ်။ နောက်တစ်နှစ် ကျေးဇူးတော်နေ့အချိန်မှာ ဒီဈေးရောင်းပွဲတော်ကိုပဲ ထပ်လုပ်ဖို့စီစဉ်ချိန်မှာတော့ အရင်နှစ်က ပွဲမှာ လူသေမှုတွေဖြစ်အောင် ပတ်သတ်ခဲ့တဲ့သူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် လိုက်သတ်တာခံရပါတော့တယ်။ ဒီတော့ အရင်နှစ် ကျေးဇူးတော်နေ့က သေသွားခဲ့တဲ့သူတွေနဲ့ ပတ်သတ်တဲ့သူတွေထဲက ဘယ်သူက တရားခံလဲဆိုတာကို လိုက်ဖော်ဖို့ ကြိုးစားရင်း အသတ်မခံရအောင် ရုန်းကန်ကြရတဲ့လူတစ်စုကို ကြည့်ရမှာပါပဲ။ သတ်ဖြတ်ခန်းတွေ အရမ်းကြမ်းတမ်းလို့ ကြောက်တတ်သူတွေမကြည့်သင့်ကြောင်း ကြိုပြောထားပါရစေ။ File size…3.36GB /1.6 GB / 691MB Quality…4K HEVC,WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1hr 46min Genre ….. Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Mr. Anderson

7 2023
Thanksgiving
Mean Girls
6.1

အားလုံးပဲစောင့်မျှော်နေကြမယ့် Mean Girls (2024) ဇာတ်ကားသစ်လေးလာပါပြီ။ အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီတစ်ခေါက် ဇာတ်ကားလေးမှာ ထူးခြားတာကတော့ အရင်ဇာတ်လမ်းကျောရိုးကိုမှ Gen-Z အသုံးအနှုန်း၊ စတိုင်လ်တွေ ထပ်မံအားဖြည့်ထားပြီး Musical ဘက်သွားထားတဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုးနဲ့ အတိတ်ကို ပြန်တမ်းတပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်း ကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ဘမသိ ကေဒီတစ်ယောက် သူတို့အဖွဲ့ထဲပါသွားပြီး သူတို့လို ဝတ်တတ်စားတတ် သမီးရည်းစားကိစ္စ စိတ်ဝင်စားလာပြီး ကောင်လေးတစ်ယောက်ကို စကြိုက်မိရာကနေ ဘယ်လိုတွေ ဇာတ်လမ်းရှုပ်ကြမလဲဆိုတဲ့ ကျောင်းတွင်းအရှုပ်တော်ပုံကို ဟာသဇာတ်မြူးအနေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.1 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Comedy, Musical Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Act Molemy and Matteo

6.1 2024 113 mins
Mean Girls
Novoland

ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့ နန်ဟွိုင်မြို့က ထူးဆန်းတဲ့လူသေမှုတွေကနေ အစချီပြောရမှာပဲ ။ ပထမဆုံးယွင်ကျိုးကနေလာတဲ့မှော်ဆရာတစ်ယောက်က ထူးထူးဆန်းဆန်း ကောင်းကင်ကအပေါက်ကြီးပေါ်လာပြီး သူလည်းသွေးအန်ပြီးသေဆုံးသွားခဲ့တာပါ ။ အဲဒီမှော်ဆရာရဲ့ဈာပနကိုတော့ သူ့မိတ်ဆွေမြေရှင်ချန်က ခမ်းခမ်းနားနားကျင်းပပေးခဲ့ပါတယ် ။ ဒါ့အပြင် နန်ဟွိုင်မြို့မှာ နောက်ထပ် မကောင်းတဲ့အရာတွေမကပ်အောင်လို့ မန္တန်တွေရွတ်ဖို့တခြားမှော်ဆရာတွေကိုပါဖိတ်ပြီး စားပွဲတစ်ခုပါကျင်းပခဲ့ပါတယ် ။ မထင်မှတ်ထားဘဲ အဲဒီဈာပနကျင်းပတဲ့ရက်မှာပဲ မြေရှင်ချန်ရော ဖိတ်ထားတဲ့မှော်ဆရာပါ ဆန်းကြယ်စွာသေဆုံးသွားပါတယ်။ နန်းတော်ကအစောင့်တပ်တွေစစ်ဆေးတဲ့အချိန်မှာ သေဆုံးသူရဲ့ဒဏ်ရာတွေက ထျန်းလော်ကြိုးမျှင်လို့ ခေါ်တဲ့လက်နက်ကြောင့်သေဆုံးခဲ့တာဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူ့ရဲ့ထျန်းလော်ကြိုးမျှင်လက်နက်ပျောက်သွားမှန်းတောင်မသိတဲ့ ယွင်ကျန့်ရယ် သူ့ဆရာဖြစ်သူရယ်က ဘာမှမသိလိုက်ဘဲ အဖမ်းခံလိုက်ရပါတော့တယ် ။ မဟုတ်မခံနဲ့ ဘာမဆိုဝင်‌ဖြေရှင်းတတ်တဲ့ယွင်ကျန့်တစ်ယောက် သူတို့ဆရာတပည့်အဖမ်းခံရတဲ့ကိစ္စကိုဘယ်လိုဖော်ထုတ်သွားမလဲ ? နောက်ကွယ်ကတရားခံကဘယ်သူဖြစ်နေမလဲ ? တခြားဘယ်လိုအမှုတွေရော ပါဝင်နေအုံးမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ ။

0 2024
Novoland
Love Me If You Dare
5.4

Love Me if You Dare 2024 ဝိညာဉ်ချစ်သူ အချစ်ဟာမျက်ကန်းလို့ပဲပြောပြော ချစ်တဲ့သူကမျက်ကန်းပဲပြောပြော ကျွန်တော်တို့အားလုံးဟာ ချစ်မိပြီဆိုရင် သူ့ရဲ့ဆိုးကွက်တွေကို ဘာမှမမြင်ဘဲ ရူးရူးမိုက်မိုက် ချစ်မိတတ်ကြသတဲ့။ ဒီဇာတ်လမ်းလေးထဲက အာဂျွန်သည်လည်း ထိုနည်းတူပေါ့။ အာဂျွန်ဟာ ဖြစ်ရပ်ဆန်းတွေကို လိုက်လံစုံစမ်းတတ်တဲ့ YouTuberလေးတစ်ယောက်ပါ။ သူနောက်ဆုံးမျက်စိကျမိသွားတာကတော့ ဒီဗ်ယာဗာသီဆိုတဲ့မိန်းကလေးနဲ့ ရွာထဲက တစ်နာရီလောက်အမြဲငိုသံကြားရတဲ့ ထူးဆန်းတဲ့အိမ်ကြီး အာဂျွန်ကတော့ ဒီဗ်ယာဗာသီအကြောင်းကို စုံစမ်းဖို့ စိတ်အားထက်သန်နေပေမဲ့ ဒီဗ်ယာဗာသီကို မြင်လိုက်တဲ့သူတိုင်း အသက်မရှင်ဘူးဆိုတဲ့ နာမည်ဆိုးကြောင့် အာဂျွန်ကိုစိတ်ပူနေတဲ့ ပရီယာနဲ့ ပရာတပ် ဒီအကြောင်းကိုစုံစမ်းလေလေ သိချင်စိတ်နဲ့အတူ ဒီဝိညာဉ်မလေးအပေါ် ရင်ထဲကအချစ်စိတ်တွေ ယိုဖိတ်လာမိတဲ့အာဂျွန်တစ်ယောက် တစ်စတစ်စ နက်နက်ရှိုင်းရှိုင်း တိုးဝင်မိရင်း ဘာတွေဆက်ဖြစ်လာမလဲ‌ဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ Alex ~ Yunniတို့ပဲဖြစ်ပါတယ်။)

Horror
5.4 2024
Love Me If You Dare
The Roundup: Punishment
7

အားလုံးစောင့်မျှော်နေကြတဲ့ မာဒုန်ဆော့ ကားသစ်ကြီးလာပါပြီ…. ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့ အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်… အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့ လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့ စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်… ဒီကားက ရယ်ရတဲ့အခန်းတွေများသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့ စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်… File size… 1.74GB / 871MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 49min Genre ….. Action, Crime,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miri Stary, Hnin Wai, Treasure Htet & Tiff

Drama • Romance
7 2024 109 mins
The Roundup: Punishment
America Is Sinking

ဒေါက်တာ ချေ့စ် ဟေးဘာ့စ်၊ မစ်ရှယ် ရော်ဂင်ဆန်နဲ့ ရော်ဘင်တို့ဟာ မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တွေ ပြိုကျလာမှုကို လေ့လာဆန်းစစ်နေတဲ့ သုတသနပညာရှင်တွေဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဒဗလျူအာ ၆၃ ဆိုတဲ့ ရေခဲကျောက်ဆောင်ကြီးက ပြိုကျသွားတဲ့အခါမှာ သမုဒ္ဒရာအတွင်းမှာ ဆူနာမီရေလှိုင်းကြီး ဖြစ်ပေါ်လာပြီး အမေရိကတိုက်ကို ဦးတည်လာခဲ့ပါတယ်။ ဒီဆူနာမီရေလှိုင်းကြီးက ဒီရေအမှတ် ရှစ်ထက် အများကြီး ကျော်လွန်ပြီး သိပ္ပံနည်းကျတွက်ချက်မှုအရ ၄၈ နာရီအတွင်း အမေရိကတိုက်ကို ရေလွမ်းမိုးသွားတော့မှာပါ။ ဒီတော့ သိပ္ပံပညာရှင်တွေ စစ်တပ်နဲ့ အမေရိကတစ်နိုင်ငံလုံး ရေလွမ်းမိုးခံရမဲ့အရေးက ကယ်တင်နိုင်ဖို့ ဘယ်လိုများ သက်စွန့်ဆံဖျား ကြိုးစားအဖြေရှာသွားမလဲဆိုတာက ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(859 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2023
America Is Sinking
Smile 2
7.2

Smile 2 (2024) IMDb Rating (7.2) / Rotten Tomatoes (85%) ၂၀၂၂ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ ကြောက်စရာသရဲကား Smile ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းထွက်လာပါပြီ။ ဒါရိုက်တာကလည်း Smile 1 ရဲ့ ဒါရိုက်တာ Parker Finn ပါပဲ။ ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်အဖြစ် Naomi Scott က ပါဝင်ထားပါတယ်။ ၂၀၂၂ ကားရဲ့အဆက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့… ပထမရုပ်ရှင်ထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ ဂျိုးလ်က ကျိန်စာကို အဆုံးသတ်ဖို့ ကြိုးစားရင်း နောက်တစ်ယောက်ဆီကို ကူးသွားတာကနေ စထားတာပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒီကျိန်စာကိုအဆိုးဆုံးရင်ဆိုင်ရမှာက နာမည်ကြီးပေါ့အဆိုတာ စကိုင်းရိုင်လီဆိုတဲ့ ဇာတ်ကောင်ပါပဲ။ သူက ကားအက်ဆီးဒန့်ဖြစ်ထားပြီး တစ်နှစ်လောက် ဆေးတွေ အရက်တွေ ဖြတ်ပြီး လိမ္မာလာပြီမို့ ဖျော်ဖြေပွဲပြန်လုပ်ဖို့ စီစဉ်နေတဲ့သူပါ။ ဖျော်ဖြေပွဲနီးလာလေလေ ကျိန်စာကြောင့် ကြောက်စရာတွေ ဆက်တိုက်တွေ့လာလေလေဖြစ်ပြီး လွတ်မြောက်ဖို့ ဘယ်လိုရုန်းကန်ရမလဲဆိုတာ ကြည့်ရမှာပါ။ ထုံးစံအတိုင်း ကျောချမ်းစရာ ကြောက်စရာတွေနဲ့ ကြည့်ရမှာပါ။ အသည်းငယ်သူတွေ မျက်နှာအုပ်ပြီး လက်ချောင်းကြားထဲက ကြည့်တာတို့ စောင်နဲ့ကွယ်ကြည့်တာတို့လုပ်ဖို့တော့လိုပါလိမ့်မယ်။

Mystery • Drama
7.2 2024 127 mins
Smile 2
Stand By Me
5.8

သွေးမတော်သားမတော်ဘဲ ကိုယ်တိုင်ကလည်း ပြည့်စုံနေတာ မဟုတ်ဘဲ လူတစ်ယောက်ကို မေတ္တာထားနိုင်မလား။ ဒီရုပ်ရှင်လေးက ဖြစ်ရပ်မှန်အဖြစ်အပျက်ကို ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထဲမှာ ဒီလိုကလေးတွေ ရှိနေပါတယ်။ အဖေရော အမေရော သက်ရှိထင်ရှား ရှိနေပေမဲ့ အုပ်ထိန်းသူမရှိတဲ့ လမ်းဘေးရောက်ကလေးတွေပေါ။ မာလျန်ကလည်း အဲလိုကလေးအဖြစ်နဲ့ ကြီးပြင်းလာသူ ဖြစ်ပါတယ်။ အရည်အချင်း တစ်စုံတစ်ရာမရှိတဲ့သူ့အတွက် တစ်ခုတည်းသော သက်မွေးဝမ်းကြောင်းနည်းက ပစ္စည်းတွေ ခိုးပြီး ပြန်ရောင်းရတာပေါ့။ တစ်နေ့မှာ အဘိုးအဘွားကမချစ် မိဘက ပစ်ထားပြီး ရပ်ကွက်ထဲမှာ အနိုင်ကျင့်ခံနေရသူ ရွှမ်းရွှမ်းနဲ့တွေ့ခဲ့ပြီး သူက ပစ္စည်းခိုး ကလေးကို ပစ္စည်းပြန်ရောင်းခိုင်းနဲ့ အပေးအယူတည့်သွားပါတယ်။ ဘဝတူတဲ့ သူတို့နှစ်ယောက်က သွေးမတော်ပေမဲ့ မိသားစုလို အချင်းချင်း မှီခိုနေထိုင်ပြီး သံယောဇဉ် ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဒုစရိုက်အဖွဲ့အစည်း တစ်ခုက သတိထားမိသွားတဲ့အခါမှာတော့ သူတို့ရဲ့ သာယာမှုမရှိတဲ့ဘဝမှာ ကံဆိုးမိုးတွေ ရွာသွန်းလာခဲ့တာပေါ့။ TFboys အဖွဲ့ဝင် Karry Wang က အဓိကဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ပို့တွေကလည်း အားလုံးရင်းနှီးပြီးသား သရုပ်ဆောင်ကောင်းတွေပဲ ဖြစ်လို့ ဒီရုပ်ရှင်ကိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ကားအဖြစ် ညွှန်းလိုက်ပါတယ်။

5.8 2024
Stand By Me
Nosferatu
7.6

Nosferatu (2024) IMDb Rating (7.6) / Rotten Tomatoes (84%) ဒီရုပ်ရှင်ကတော့ ၁၉၂၂ တုန်းက ရိုက်ကူးခဲ့တဲ့ ဂန္ဓဝင်ဂျာမန်ဟော်ရာရုပ်ရှင်ကြီးကို ပြန်လည်ဖန်တီးထားတာပါ။ မူရင်းရုပ်ရှင်ကိုတော့ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်နိုင်ငံမှာဆို ၁၉၇၂ အထိ ပိတ်ပင်ခံခဲ့ရတာပါ။ ဒါ့အပြင် မူရင်းရုပ်ရှင်ဟာ ဘရမ်စတုတ်ရဲ့ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကို မူပိုင်ခွင့်မတောင်းဘဲ မှီငြမ်းရိုက်ကူးခဲ့လို့ ဘရမ်စတုတ်ရဲ့ အမျိုးသမီးက တရားစွဲတာ ခံခဲ့ရပါတယ်။ လျော်ကြေးမပေးနိုင်လို့ ပရိုဂျူဆာတွေက ဒေဝါလီခံသွားပြီး ရုပ်ရှင်ရဲ့ ဖလင်နဲ့ မိတ္တူအားလုံးကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့ မိတ္တူအချို့ ဖျက်ဆီးခံရတဲ့ဘေးကနေ လွတ်မြောက်သွားတာမို့ လိုင်းပေါ်မှာ ရှိနေပြီး ချန်နယ်မြန်မာမှာလည်း တင်ပေးထားမှာပါ။ အခု ၂၀၂၄ ဗားရှင်းကတော့ မူပိုင်ခွင့်ယူထားတယ်လို့ မကြေညာထားပေမဲ့ သီးသန့် သဘောတူညီချက်ရှိရင်ရှိမှာပါ။ နောက်ပြီးတော့ ဒရက်ကူလာဝတ္ထုဟာလည်း ထုတ်ဝေပြီး နှစ် ၅၀ အကြာမှာ အများသုံးမူပိုင်ခွင့်စာရင်းထဲ ပါဝင်လာပြီမို့ တရားတော့အစွဲမခံရလောက်ဘူးထင်ပါတယ်။ အခုရုပ်ရှင်ဟာ The Lighthouse 2019 ရဲ့ ဖန်တီးရှင် ရောဘတ်အက်ဂါ ရိုက်ကူးထားတဲ့ဖြစ်ပြီး သူ့ရဲ့လက်ရှိ အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ နို့စ်ဖရာတူ ၁၉၂၂ ဟာ ရောဘတ် ဒါရိုက်တာဘဝမှာ အကြီးအကျယ်လွှမ်းမိုးခဲ့တဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီလို အကောင်းဆုံး ပြန်ရိုက်ကူးနိုင်ခဲ့တာလည်း ဖြစ်မှာပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ အယ်လာဟက်တာအဖြစ် ဂျွန်နီဒက်ရဲ့ သမီး လီလီ-ရို့စ် ဒက်၊ သောမတ်ဟက်တာအဖြစ် နီကိုလတ်ဟောက်ထ်၊ နယ်စားကြီး အောလော့အဖြစ် IT ထဲက လူပြက်ကြီး ဘေလ်စကားစဂတ်၊ ပါမောက္ခဖရန့်အဖြစ် ဝီလီယံဒဖိုးတို့ ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း နို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။ ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။ သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အယ်လန်ဟာ ညဘက်တွေ ယောင်တာ၊ လမ်းထလျှောက်တာ၊ အတက်ရောဂါတွေဖြစ်လာပြီး ဆရာဝန်တွေ ကုလို့မနိုင်လောက်အောင် ဆိုးရွားလာပါတယ်။ သောမတ်ကလည်း အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာတဲ့အခါ ဂမ္ဘီရပညာတွေကိုလေ့လာနေတဲ့ သမားတော် ဗွန်ဖရန့်နဲ့ သောမတ်ဇနီးမောင်နှံတို့ဟာ နို့စ်ဖရာတူ ခေါ် နယ်စားကြီးအောလော့ကို နှိမ်နင်းဖို့ ကြိုးစားကြရပါတော့တယ်။ ဒီရုပ်ရှင်အတွက် ဘေလ်စကားစဂတ်ဟာ အော်ပရာအဆိုတော်တစ်ယောက်နဲ့ အောလော့အသံကို လေ့ကျင့်ခဲ့ပြီးမှ သရုပ်ဆောင်ခဲ့တာပါ။ ဝီလီယံဒဖိုးကလည်း ကြွက်အစစ် အကောင် ၂၀၀၀ နဲ့ ဇာတ်ဝင်ခန်းကို ပီပီပြင်ပြင် သရုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆုတွေ တစ်ပုံကြီးသိမ်းပိုက်ထားပြီး အော်စကာမှာလည်း ထိပ်ဆုံးကပြေးမဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ရောဘတ်အက်ဂါပိုင်တဲ့ ရုပ်ရှင်အလင်းအမှောင်နဲ့ ရိုက်ကွင်းအလန်းတွေ၊ အသံဖန်တီးမှုကောင်းတွေ၊ သရုပ်ဆောင်ကောင်းတွေအပြင် မူရင်းဟော်ရာမြင်ကွင်းတွေနဲ့ ခေတ်သစ်ဟော်ရာစတိုင်တွေကို ပေါင်းစပ်ထားတာမို့ နို့စ်ဖရာတူ ၂၀၂၄ ဟာလည်း ဂန္ဓဝင်ဟော်ရာရုပ်ရှင်စာရင်းထဲမှာ သေချာပေါက်ပါလာမဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ အိပ်ရာခန်းအချို့နဲ့ ရက်စက်တဲ့အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်လို့တော့ သိပ်အဆင်မပြေလောက်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(9.2 GB) / (2.3 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Fantasy, Horror, Mystery Duration….02:13:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

7.6 2024 133 mins
Nosferatu
One Piece: Clockwork Island Adventure
6.6

One Piece: Clockwork Island Adventure (2001) My Anime List – 7.08/10, IMDB Rating – 6.6/10 ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ movie ကောင်းလေးကတော့ One Piece Animation Series ရဲ့ ၂၀၀၁ ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့ ၂ ကားမြောက် movie လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဝရမ်းပြေးအဖြစ် ဆုကြေးငွေထုတ်ခံလိုက်ရတဲ့ Luffy တို့အုပ်စုက ကမ်းခြေတစ်ခုမှာ ပျော်ပွဲစားထွက် အနားယူနေရင်း Going Merry ဆိုတဲ့ သူတို့ရဲ့ ပင်လယ်ဓားပြသင်္ဘောကြီး အခိုးခံလိုက်ရပါသတဲ့။ ဘယ်သူခိုးသွားလဲဆိုတာ မသိဘဲ သူခိုးနောက်ကို လိုက်ကြရင်း ပင်လယ်ထဲမှာပဲ BorĹŤdo နဲ့ ‌Akisu ဆိုတဲ့ သူခိုးညီနောင်နဲ့ တွေ့သွားကြပါတယ်။ အဲဒီ သူခိုးညီနောင်နဲ့ တွေ့ပြီး သူတို့သင်္ဘောကို ခိုးသွားတာ နာရီစက်ကျွန်းပေါ်က Trump ပင်လယ်ဓားပြတွေဆိုတာ သိခဲ့ရပြီး BorĹŤdo တို့ ညီအစ်ကိုကလည်း အဲဒီနာရီစက်ကျွန်းပေါ်က စိန်နာရီဆိုတဲ့ ရတနာကို ခိုးချင်နေတာဖြစ်ကြောင်း ပြောလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင်လယ်ထဲမှာ Trump မောင်နှမတွေရဲ့ ပင်လယ်ဓားပြအုပ်စု‌နဲ့ ထိပ်တိုက်တွေ့ခဲ့ရပြီး Luffy တို့အုပ်စုထဲက Nami San ဆိုတဲ့ အလှလေးကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စိန်နာရီကို ခိုးချင်တဲ့ BorĹŤdo ညီနောင်နဲ့ Nami San နဲ့ သူတို့ရဲ့ သင်္ဘော Going Merry ကို ပြန်လိုချင်တဲ့ Luffy တို့အုပ်စုဟာ နာရီစက်ကျွန်းကို အတူသွားဖို့ ဖြစ်လာကြတဲ့အခါ… ပန်းတိုင်တူနေကြတဲ့ အုပ်စုတွေ နာရီစက်ကျွန်းပေါ်က ထောင်ချောက်တွေအပြည့်ရှိနေတဲ့ Trump ရဲတိုက်ကို ဘယ်လို အရောက်သွားကြမလဲ Nami San နဲ့ Going Merry သင်္ဘောကိုရော Luffy တို့က ပြန်ရနိုင်ပါ့မလား၊ စိန်နာရီကိုရော BorĹŤdo ညီနောင်ကခိုးနိုင်ပါ့မလားဆိုတာ စိတ်ပါဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး သူငယ်ချင်းအုပ်စုတွေကြားက သံယောဇဥ်တွေ၊ ဘယ်လိုတွေ ပူးပေါင်းတိုက်ခိုက်ကြလဲဆိုတာအပြင် One Piece ရဲ့ ထုံးစံအတိုင်း Luffy တို့ သူငယ်ချင်းအုပ်စုရဲ့ စခွီတွေလည်းပါဝင်တော့ တစ်ကားလုံး မပျင်းရဘူးဆိုတာတော့ အ‌သေအချာပါပဲ။ စီးရီးမကြည့်ဖူးတဲ့ လူတွေအတွက်လည်း အဆက်အစပ်မရှိဘူးလို့ မခံစားရလေအောင် တစ်ကားတည်းမှာပဲ အစအဆုံး အကုန်ပြီးစီးတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပြီး စီးရီးကြည့်ပြီးသား သူတွေအနေနဲ့လည်း အသစ်အဆန်းလေးဖြစ်အောင် ဒီ movie လေးကို ကြည့်ရှုဖို့ ဖိတ်ခေါ််အပ်ပါတယ်ရှင်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ပဲဖြစ်ပါတယ်) File size… 1.4 GB / 620 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 55m Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by ttmuswe

Drama • History
6.6 2001 60 mins
One Piece: Clockwork Island Adventure
Fierce Killer Marsupial

IMDB Rating – “2.2/10” ဒီရုပ်ရှင်ဟာ သြစတြေးလျရဲ့ ရိုးရာပုံပြင်ထဲက drop bear ဆိုတဲ့ သတ္တဝါကို အခြေခံပြီး ရိုက်ကူးထားတဲ့ comedy horror ဇာတ်ကားတစ်ကားပါ။ Anthony Darvall နဲ့ Annabelle Andrew တို့က paranormal vlogger နှစ်ယောက်အနေနဲ့ သြစတြေးလျ outback မှာ drop bear ဆိုတဲ့ ဒဏ္ဍာရီသတ္တဝါကို လိုက်ရှာကြတဲ့ အခန်းတွေကို ရိုက်ပြထားပါတယ်။ ဒါပေမယ့် drop bear ဟာ သြစတြေးလျမှာ ခရီးသွားတွေကို ခြောက်လှန့်ဖို့ ဖန်တီးထားတဲ့ ပုံပြင်တစ်ခုသာ ဖြစ်ပေမယ့် ဒီဇာတ်ကားမှာတော့ တကယ့်ဘေးအန္တရာယ်ရှိတဲ့ သတ္တဝါအဖြစ် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းက ၁ နာရီ ၂၆ မိနစ်ကြာပြီး Frank Maljevac ရိုက်ကူးထားပါတယ်။ ဒါပေမယ့် production value နဲ့ သရုပ်ဆောင်မှုတွေက နိမ့်ကျပြီး B-grade horror comedy တစ်ကားလို ခံစားရပါတယ်။ သရုပ်ဆောင်တွေရဲ့ အင်္ဂလိပ်စကားပြောဆိုမှုကလည်း သဘာဝမကျသလို၊ အမြင်သက်သေတွေကလည်း အတော်လေး အနည်းပါးပါ။ တကယ်လို့ သာမန် horror comedy တွေကို စိတ်ဝင်စားသူဆိုရင် စမ်းကြည့်သင့်ပေမယ့် အရည်အသွေးမြင့် ရုပ်ရှင်မျိုးမျိုးကို မျှော်လင့်နေသူတွေအတွက်တော့ မလွယ်ကူပါဘူး။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

0 2025
Fierce Killer Marsupial
The Station Agent
7.6

The Station Agent (2003) ***************************** အရစ္စတိုတယ်ရဲ့ အဆိုအမိန့်တစ်ခုမှာ လူဟာ ပေါင်းသင်း ဆက်ဆံရေး သတ္တဝါပါတဲ့။ လူတိုင်းဟာ မတူညီတဲ့တိုက်ပွဲတွေကို ကိုယ့်ပုံစံနဲ့ကိုယ်ဆင်နွှဲနေကြရလို့ ပင်ပန်းအားငယ်လာချိန်မှာ စကားတွေကို ဝေဖန်မှုမရှိ နားထောင်ပေးမဲ့သူတစ်ယောက်၊ ပြင်ဆင်မရတဲ့ ကိုယ့်ဖြစ်တည်မှုကို ‌ ဝေဖန်ပိုင်းဆစ်မှုမရှိ ပကတိအတိုင်း လက်ခံမဲ့သူတစ်ယောက်၊ ကိုယ့်စိတ်ရဲ့ နာကျင်ခံစားရမှု အတိုင်းအတာကို တန်ဖိုးလျှော့ချမှုမရှိဘဲ နားလည်ပေးမဲ့သူတစ်ယောက်တော့ ဘဝမှာလိုကြစမြဲတဲ့လေ။ လူအဖွဲ့အစည်းနဲ့ ဝေးဝေးနေချင်ကြသူတိုင်းမှာ ကိုယ့်စိတ်ကို နားလည်ပေးမဲ့သူတစ်ယောက်ကို တောင်းတနေတဲ့ မသိစိတ်လည်း ကိန်းအောင်းနေတတ်လေ့ရှိစမြဲပဲမလား။ ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ပြဿနာကိုယ်စီနဲ့ လူ ၃ ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ အခက်အခဲတွေ အထီးကျန်ဆန်မှုတွေနဲ့ နားလည်မှုရှိတဲ့ ပေါင်းသင်းဆက်ဆံရေးရဲ့ အရေးပါမှုတွေကို ဖော်ထုတ်တင်ဆက်ထားပြီး သိမ်သိမ်မွေ့မွေ့ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ လူပုကလေးတစ်ယောက်ဖြစ်သူ ဖင်းဘားဟာ မိတ်ဆွေဟင်နရီနဲ့အတူ နေထိုင်သူတစ်ဦးဖြစ်ပြီး ဟင်နရီကွယ်လွန်တဲ့ အခါမှာတော့ နယူးဂျာစီပြည်နယ်အတွင်းက မီးရထားစက်ပြင်ရုံဟောင်းရှိရာ မြေဧကဝက်ကို အမွေရရှိခဲ့ပါတယ်။ လူပုကလေးတစ်ယောက်ဖြစ်နေသူအဖို့ သာမန်လူတို့ရဲ့ လှောင်ပြောင်သော၊ နှိမ့်ချသော၊ စက်ဆုပ်သော၊ သနားသော၊ ကရုဏာသက်သော စသည့် အမျိုးစုံသော စကားများ အကြည့်များကို ငြီးငွေ့နေပြီး၊ သာမန်လူတစ်ယောက်အဖြစ်သာ မြင်လိုခွင့်ကို အရေးမစိုက်ပေးသော လူအများနဲ့ ဝေးဝေးနေရန် အတွက်၊ မိတ်ဆွေထံမှ အမွေရသော ရထားစက်ပြင်ရုံဟောင်းဆီသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ရထားစက်ပြင်ဟောင်းအနီး ဟော့ဒေါ့ရောင်းချသူ ဂျိုးဟာတော့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ကျန်းမာရေးချို့တဲ့သူ ဖခင်နှင့်အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရာရာကို စိတ်ကုန်ခမ်းနေသယောင် မျက်နှာထားနဲ့ အိုလစ်ဗီယာဟာ ဂျိုးရဲ့ ဖောက်သည်ဖြစ်နေပါတယ်။ တစ်ရက် ဖင်းဘားတစ်ယောက် လမ်းလျှောက်လာစဉ် လမ်းဘေးတစ်နေရာမှာ အိုလစ်ဗီယာ ကားနဲ့တိုက်မိမလိုဖြစ်ကာ ၎င်းတို့ ၃ ယောက် အချင်းချင်းသိကြဖို့ ဖြစ်လာပြီး မတူညီတဲ့ အခက်အခဲကိုယ်စီနဲ့ အထီးကျန်နေသူ သူစိမ်းပြင်ပြင် ၃ ယောက်တို့ ပတ်သက်ဆက်နွယ်ဖို့ ဖြစ်လာခဲ့ကြပါတော့တယ်။ ဒီကားဟာ အနုပညာလောကမှာ အော်စကာဆုအပါအဝင် ထူးချွန်ဆုများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Tom McCarthy ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ BAFTA အကောင်းဆုံးဇာတ်ညွှန်းဆုရရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာများအကြား အပေါင်းလက္ခဏာဆောင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ကာ Tom McCarthy ရဲ့ အနုပညာအရည်အသွေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကားဆိုရင်လည်း မှားမှာမဟုတ်ပါဘူး။ စိတ်နှလုံးထိခိုက်ဖွယ်ရာ ဘဝများကို ပြုံးချင့်စဖွယ် အနုပညာမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်လို့ ရုပ်ရှင်ချစ်မြတ်နိုးသူ ပရိသတ်များ လက်လွှတ်မခံသင့်တဲ့ ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Ye Thiha Htetက ရေးသားထားပါတယ်) File Size – 2.77 GB/ 834 MB Quality – WEB-DL 1080p/ 720p Duration – 1h 29m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Ye Thiha Htet Encoded by – Treasure Htet

Comedy • Drama • Family • Romance
7.6 2003 88 mins
The Station Agent