YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Alex.Rider.S02E02.Hunt.1080p.AMZN.WEB-DL.(CM).mp4

834.29 MB 1080p video/mp4 95 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shanghai Triad
6.8

~ IMDb - 7.1/10, RT - 90%, MyDramaList - 7.2/10 ~ ပွဲဦးထွက်ကားဖြစ်တဲ့ Red Sorghum (1988) ကနေစပြီး သိပ်အတွဲညီလာတဲ့ ကျန်းရိမူနဲ့ ဂေါင်လီတို့ အတွဲအစပ်ဟာ ရိုက်သမျှကားတိုင်း တွဲရိုက်လာတာ ၁၉၉၀ရဲ့ Shanghai Triad မှာမှ နားသွားပါတယ်။ ဒီကြားထဲ ကျန်းကျိရီနဲ့ ၃ကားလောက်တွဲရိုက်ခဲ့သလို တခြားသရုပ်ဆောင်တွေနဲ့လည်း ရိုက်ဖြစ်ခဲ့တယ်။ Hero တို့ House of Flying Daggers တို့လို ဂေါင်လီနဲ့သူ တွဲရိုက်ခဲ့တဲ့တုန်းကရှိခဲ့တဲ့ သူ့မူလဟန်ကနေ နည်းနည်းကွဲထွက်တဲ့ဟန်နဲ့လည်းမြင်လာရသလို ကျွန်တော့်အတွက် သူ့မာစတာပိစ်အဖြစ်ဆုံးကားဖြစ်တဲ့ Hero ကိုလည်း ဟောင်ကောင်ရဲ့ Top Star တွေ သုံးပြီး ရိုက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ၁၆နှစ်အကြာ ၂၀၀၆မှာ ဂေါင်လီနဲ့ပြန်တွဲပြီး ချောင်ယွန်ဖတ်ကိုပါထည့်သုံးပြီး Curse of the Golden Flower ကို ရိုက်ဖြစ်ခဲ့တယ်။ Curse of the Golden Flower ဟာ အဲဒီခေတ်ကာလက ဘတ်ဂျက်အများဆုံးသုံးထားတဲ့ တရုတ်ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ နောက် 2014 မှာ Coming Home ကို ဂေါင်လီနဲ့ နောက်ဆုံးရိုက်ကူးခဲ့တယ်။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ပွဲဦးထွက်ကတည်းက ဆက်တိုက်တွဲရိုက်လာခဲ့တဲ့ Shanghai Triad ထိ ၆ကားရယ်၊ Curse of the Golden Flower ရယ်၊ Coming Home ရယ် ၈ကားကို Collaborations - The Cinema of Zhang Yimou & Gong Li ဆိုပြီး အခွေ၈ခွေနဲ့ ၂၀၂၁ မှာ Box Set ကြီးထုတ်ခဲ့ပါသေးတယ်။ CMမှာလည်း ကျန်းရိမူ ဂေါင်လီ Collaboration ကားတွေ တင်လာတာ အခုဆို အကုန်နီးပါးပါပဲ။ သို့ပေမဲ့ ဒီကားက နောက်ဆုံးလက်ကျန်ကားတော့မဟုတ်ပါဘူး။ The Story of Qiu Ju တစ်ကားလိုပါသေးတယ်။ အဲဒီတစ်ကားပြီးရင်တော့ CM မှာ ကျန်းရိမူ ဂေါင်လီ Collaboration Collection တစ်ခုလုံး စုံပါပြီ။ Shanghai Triad ကတော့ ကျန်းရိမူဂေါင်လီရဲ့ ပထမ Era ရဲ့ အဆုံးသတ်ရုပ်ရှင်ပါပဲ။ ဒီကားကိုတော့ Li Xiao ရဲ့ ဝတ္တုဖြစ်တဲ့ Rules of a Clan ကို ပြန်ရိုက်ထားတယ်။ ၁၉၃၀ ပြည့်နှစ် ရှန်ဟိုင်းက ဒုစရိုက်လောကကို ကျောရိုးထားပြီး ဂေါင်လီရဲ့ အလှအပတွေနဲ့ ခြယ်မှုန်းထားတယ်။ ဒီကားမှာလည်း ရှေ့ကားတွေမှာလိုပဲ ကျန်းရိမူအမြဲပြနေကျဖြစ်တဲ့ ဇာတ်လမ်းနဲ့ ယှဉ်တွဲပါလာတတ်တဲ့ သူတို့ရိုးရာ ဓလေ့တွေ ထုံးတမ်းတွေကို မြင်ရဦးမှာပါပဲ။ သူရိုက်တဲ့ ဝတ္တုနာမည်ကိုက Rules of a Clan ဆိုတော့ စည်းမျဉ်းနဲ့ ဂိုဏ်း ယှဉ်တွဲနေတာကိုပါ မြင်ရဦးမှာပါပဲ။ ဆန်းတာက မူရင်းစာအုပ်ကပဲ ဒီလိုတင်ပြထားသလားမသိပေမဲ့ Shanghai Triad ဆိုတဲ့ နာမည်နဲ့မလိုက်အောင်ပဲ ဒီဇာတ်လမ်းကို ကျွန်တော်တို့ ရှန်ဟိုင်းကို ပထမဆုံးရောက်လာတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အမြင်ကနေပဲ တစ်ကားလုံးပြသွားတာပါ။ ရှန်ဟိုင်းကို ချုပ်ကိုင်ထားတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ တပည့်ဖြစ်တဲ့ သူ့ဦးလေးက သူ့ကို အဲဒီဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အပျော်မယားဖြစ်တဲ့ ဂေါင်လီဆီမှာ အစေခံအဖြစ်သွင်းပေးတဲ့အချိန်ကနေ ပြသွားတာပါပဲ။ တစ်ကားလုံးက ဒီကောင်လေးကြုံခဲ့ရတဲ့ ၇ရက်တာပါပဲ။ ဒီကောင်လေးဟာ ခုနစ်ရက်တာအတွင်း ရှန်ဟိုင်းရဲ့ မြေအောက်လောကကို ဘယ်လောက်ထိသိသွားနိုင်မလဲ၊ ခုနစ်ရက်တာဟာ လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပစ်ဖို့ လုံလောက်တဲ့အချိန်ဖြစ်လာမလားဆိုတာ မြင်ကြရမှာပါပဲ။ ဒီကားမှာ ဂေါင်လီဟာ ကျန်းရိမူနဲ့ တွဲရိုက်ခဲ့တဲ့ ရှေ့ကားတွေလိုမဟုတ်ဘဲ ခေတ်နည်းနည်းပိုဆန်တဲ့အလှနဲ့ မြင်ရမှာဖြစ်သလို ရှေ့ကားတွေက ဂေါင်လီရဲ့ အလှကို ဂန္ထဝင်ဆန်တယ်လို့ သတ်မှတ်ရင် ဒီကားက တစ်ချို့အခန်းတွေက ဂေါင်လီရဲ့အလှကို ကျွန်တော်တော့ မှော်ဆန်တယ်လို့ပဲ သတ်မှတ်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 875MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 48Min Genre - Crime, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.8 1995 108 mins
Shanghai Triad
Badrinath
4.1

ဘောလိဝုဒ် ဇာတ်ကားကောင်းတွေပဲကြည့်ရှုတတ်တဲ့ ပရိသတ်များအတွက် မင်းသားချော Allu Arjun ရဲ့ 2011ကထွက်ရှိထားတဲ့ Romance, Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အရည်အချင်းရှိပြီးထက်မြတ်လှတဲ့စစ်သည်တော်တစ်ယောက်အဖြစ် ဘုန်းတော်ကြီးတစ်ပါးမှ လေ့ကျင့်ပေးထားတဲ့ ဘဒ်ဒရီတစ်ယောက်ဟာ တိုက်ရေးခိုက်ရေးမှာ ရန်သူ ၁၀၀ကို မျက်စိမှိတ်တိုက်ခိုက်နိုင်တဲ့အထိ နှလုံးရေပြည့်ဝလှပါတယ်။ "ဘဒ်ဒရီနတ်" ဘုရားကျောင်းကို စောင့်ရှောက်ပေးဖို့ တာဝန်ရရှိခဲ့ပြီး တစ်နေ့မှာ ဘုရားတွေကိုအယုံအကြည်မရှိတဲ့ ဘာသာမဲ့သူဌေးမလေး အလက္ကန်နန္ဒာရောက်လာပြီးတဲ့နောက်မှာ မတည့်ကြတဲ့သူတို့တွေ ချစ်ကြိုးသွယ်သွားမလား။ ဘယ်လိုရန်သူအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်စွာကြည့်ရှုရမှာပါ။ US$ 5.3 million အကုန်ကျခံရိုက်ထားပြီး အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အများဆုံး ဇာတ်ကားများထဲက တစ်ကားဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်ချက်၊ တိုက်ခိုက်ခန်း၊ ကခန်းတွေလည်း မြိုင်ဆိုင်လှတဲ့အပြင် မင်းသားချော Allu Arjun ရဲ့ ဆံပင်ပုံစံကလည်း တမျိုးလေးဆန်းနေပြီး အတော်လေးလိုက်ဖက်နေတဲ့အတွက် အမာခံပရိသတ်များအဖို့ သဘောတွေ့စေမဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းပေးပါရစေ။ File size…4.26GB / 1.98GB Quality…1080p BluRay / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama
4.1 2011 140 mins
Badrinath
Devil Angel
3.2

ဟောင်ကောင်မင်းသမီးချောလေး Vivian Hsu ကို တချို့လဲ ရင်းနှီးကြမှာပါ...ရှောင်လင်ကလေးနှစ်ယောက်ရဲ့ဇာတ်ကား Shaolin Popey(1994) မှာ မင်းသမီးအဖြစ် စတင်ပွဲထွက်ခဲ့ပြီးတော့ ဂျက်ကီချန်းနဲ့ The Accidental Spy ဇာတ်ကားထဲမှာလဲ ပါဝင်ခဲ့ဖူးပါတယ်။ ဟောင်ကောင်မော်ဒယ်တွေထဲမှာ ချစ်စရာမျက်နှာပေါက်လေးနဲ့ နာမည်ကြီးခဲ့ရာကနေ ရုပ်ရှင်မင်းသမီးအဖြစ်ထိုးထွက်လာခဲ့ပြီး ခုချိန်ထိလဲ ဇာတ်လမ်းရုပ်ရှင်တွေရိုက်ကူးနေဆဲမင်းသမီးဖြစ်ပါတယ်။ ခုတင်ဆက်လိုက်တဲ့ Devil Angel (1995) ဇာတ်ကားကတော့ သူနာမည်ကြီးကာစအချိန်မှာ ရိုက်ကူးထားတဲ့ Drama,Romance,Thriller အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပြီး အဖော်အချွတ်ခန်းတချို့ကြောင့် 18+ အသက်ရွယ်ပြည့်မီသူများသာ ကြည့်သင့်တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ အပူအပင်ကင်းတဲ့မိဘအိမ်မှာနေရတာ အေးချမ်းလွန်းလို့ အပူရှာဖို့အတွက် အချစ်ဆိုတဲ့ခေါင်းစဉ်ကြီးကြီးတပ်ပြီး လင်နောက်လိုက်သွားတဲ့ အသက်ငယ်ရွယ်တဲ့ကလေးမလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပါ။ အချစ်ဆိုတာရဲ့နောက်ကွယ်က အပူအပင်တွေနဲ့ ငွေရေးကြေးရေးပြသနာတွေကြောင့် ဘဝကို ဘဝဆန်ဆန် ဘယ်လိုဖြတ်သန်းရမလဲဆိုတာ.....။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (2.5 GB) & (950 MB) Quality : WEBRip 1080p & 720p Running Time : 01:34:55 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by YeK Encoded by RGB

Drama
3.2 1995 95 mins
Devil Angel
Mother’s Day is Cancelled

၂၀၂၃ထွက် စပိန်၂စကားပြော comedy drama ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါပြီ ဇာတ်လမ်းအကျဉ်းကတော့ မာနွယ်လ်ဆိုတဲ့ RK လေးနဲ့ အက်စ်မရဲဒါ ဆိုတဲ့ကောင်မလေးဟာ ကျောင်းတက်ရင်းတွေ့ဆုံချစ်ကြိုက်ပြီးတော့ မိဘတွေကိုအသိမပေးပဲနဲ့ လက်စ်ဗီးဂတ်စ်မှာ ကောက်လက်ထပ်လိုက်ကြပါတယ် လပိုင်းအကြာမှာတော့ မင်းသားရဲ့အဖေ ဖရန်စစ်စကိုဆိုတဲ့သူဌေးကြီးက သူ့အကိုရင်းကပိုက်ဆံတွေလိမ်ပြေးသွားလို့ ဒေဝါလီခံရတော့မှာပါ ဒီအကြောင်းကိုလည်းသူဌေးကြီးနဲ့သူ့ချွေးမပဲသိတာပါဒီလိုနဲ့သူတို့လူမျိုးတွေအလေးထားကျင်းပကြတဲ့အမေများနေ့အရောက်မှာတော့မိသားစုနှစ်စုဟာအကြောင်းမျိုးစုံနဲ့ထမင်းလက်ဆုံစားဖို့အကြောင်းဖန်လာပါတော့တယ်မိသားစုတွေစုံစုံလင်လင်ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရမဲ့နေ့ပေမဲ့မပျော်နိုင်တဲ့ကိစ္စတွေကမဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါမှာတော့….. ဟာသကားလေးဆိုပေမဲ့အရမ်းရီနေရတာမျိုးထက် အလွဲတွေအစုံနဲ့ မိသားစုကြားကဆက်ဆံရေးတွေကို ရသမျိုးစုံပေါ်လွင်အောင်ရိုက်ပြထားတာမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ကားလေးပါ ဒါရိုက်တာJavier Colinasရဲ့လက်ရာဖြစ်ပါတယ် File size…(1.9 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aung Khant Paing

0 2023
Mother’s Day is Cancelled
[18+] Kinbaku Flower

************************** လိင်မှုကိစ္စတွေနဲ့ ပက်သက်ပြီး အနောက်တိုင်းက စာပေ၊ အနုပညာ၊ လေ့လာဆန်းစစ်မှု အစရှိတဲ့ ကိစ္စတွေမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် အများသိကြတဲ့ ကာမသျှတ္တရကျမ်း ခေါ် ချစ်မှုရေးရာကျမ်း အပါအဝင် လိင်မှုကိစ္စ၊ ချစ်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတာတွေနဲ့ ပက်သက်ပြီး ပန်းချီ၊ ပန်းပု၊ ကဗျာ၊ စာပေ စတဲ့အနုပညာရပ်တွေနဲ့ ဖော်ကျူးတာ၊ တိတိကျကျ မှတ်တမ်းတင်ခဲ့တာတွေဟာ အရှေ့တိုင်းတိုင်းပြည် တွေက စတင်ခဲ့တာပါ။ ဒါ့ကြောင့်လည်းလိင်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတဲ့နည်းနာ၊ နိဿယတွေနဲ့ ပက် သက်လာရင် အနောက်နိုင်ငံတွေဟာ အရှေ့တိုင်းရဲ့ဓလေ့၊ ထုံးတမ်းစဉ်လာတွေကို လေ့လာနည်းယူကြရ ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အရှေ့တိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်တို့ရဲ့ လိင်မှုကိစ္စ၊ ချစ်မှုရေးရာ များအနက် “ကင်မ်..ဘကု” (Kinbaku) ဆိုတဲ့ ကြိုးချည်ကြိုးတုပ်ပြီး လိင်ဆက်ဆံပုံရဲ့ သမိုင်းကြောင်း၊ နည်းစနစ်၊ ဓလေ့၊ အယူအဆတွေအကြောင်း ရိုက်ကူးထားပါတယ်။ အမျိုးသမီးဝါဒီတွေကိုယ်တိုင် ကဲ့ရဲ ရှုံ့ချရ ခက်ခဲလောက်အောင် “ကင်မ်..ဘကု” ကြိုးချည်နည်းစနစ်ရဲ့ ခိုင်မာမှု၊ စနစ်ကျနမှုတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပါတယ်။ ဂျပန် BDSM အကြောင်းကို အသေးစိတ်ခြယ်မှုန်းထားတဲ့အတွက် ဂေါင်းကြီးတို့သိချင်နေတဲ့ကိစ္စ တွေအများကြီး သိနိုင်မှာပါ။ အလှပဂေးလေး သရုပ်ဆောင်ထားတာဖြစ်လို့ လုံးဝလက်လွှတ်မခံဖို့ တိုက် တွန်းလိုက်ရပါတယ်။ File size… 2.3GB& 752MB Quality… WEB-DL1080P, 720p Format…mp4 Duration….1h 30min Genre ….. Adult , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD

0 2016
[18+] Kinbaku Flower
Going by the Book
7.4

Going by the Book (2007) ************************* အကောင်းဆုံးထဲမပါပေမယ့် ၂ မိနစ်ခြားတစ်ခါ ရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရစေမယ် ဒီကားကြည့်နေရင်း စင်ကာပူကိုကျော်မည်နှင့် ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ် လမ်းလိုခွီကနဲ ခွီကနဲ ဖြစ်သွားစေမယ့် ကားပါ။ “- လက်ဝှေ့ချန်ပီယံနဲ့ ဝူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ “ ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။ IMDb Rating 7.4 ၊ AsianWiKi 93 ရရှိထားပါတယ်။ CJ Entertatinment ကထုတ်လုပ်ထားပြီး ကိုရီးယား ဘာသာစကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိခဲ့ပါတယ်။ ဒီကားစတင်ပြသတဲ့ အပတ်မှာ ဝင်ငွေအကောင်းဆုံး ကားအဖြစ်ရပ်တည်ခဲ့ပါတယ်။ ဒီကားမှာ ဆုတွေရထားတာတော့မတွေ့ရှိပါဘူး။ ဒီဇာတ်လမ်း ရဲ့ script က တော်တော်လေးကောင်းပါတယ်။ script ကောင်းလို့ ကြည့်ရတာ ပိုပြီးအရသာရှိသွားတာပါ။ sex အသားပေးဟာသ ၊ လူငယ်တွေဘဲနားလည်နိုင်တဲ့ ဟာသ၊ စူပါဟီးရိုးတွေ ကို သောက်တစ်လွဲပြန်ရိုက်ထားတဲ့ ဟာသ အချစ်ဟာသ ဒီလိုဟာသတွေနဲ့ မဟုတ်ဘဲ မိသားစုလိုက် လူကြီးတွေနဲ့ ပါကြည့်လို့ရတဲ့ ဟာသကားမျိုးပါ။ ရိုင်းတဲ့ ဟာသမပါဘူးလို့ ပြောချင်တာပါ။ နောက်တစ်ခုက ရိုင်းမှရယ်ရတာမဟုတ်ဘူးဆိုတဲ့ sex comedy တော်လှန်ရေးထဲမှာဒီ ဟာသကားလဲ ပါပါတယ်။ Hangover ဇာတ်လမ်းတွေ နဲ့ ကျောရိုးခြင်းတူပါတယ် ဟာသဇာတ်ကွက်ကို ဇာတ်လမ်းသွားတဲ့ ထဲမှာဘဲ လုပ်ပြသွားပြီး ထိထိမိမိရယ်ရပါတယ်။ Hangover တို့ American Pie တို့ ပြီးရင် ကြည့်သင့်တယ်လိုထင်ပါတယ်။ ကြောင်တောင်တောင်စရိုက်တစ်ယောက်တစ်မျိုးစီနဲ့ဇာတ်ဆောင်တွေအပြင် ဒါပြီးရင်ဘာလုပ်မလဲဆိုတဲ့ ခံစားမှုနဲ့ပါဝင်ထားတဲ့ ဇာတ်ဆောင်တွေ ရဲ့ အသက်ဝင်မှုတေကြောင့် ဆွဲဆောင်မှုလေးတစ်မျိုးရှိနေပါတယ်။ မင်းသားက က အဓိကပါဘဲ ဒီဇာတ်ကားတစ်ခုလုံးမှာ သူ့နေရာက ဇာတ်လမ်းထဲမှာ အခရာဖြစ်နေပြီး သူ့ ဇာတ်ကောင်ကလဲ စာအုပ်ကြီး (ဝါ) ဂေါက်သီး ဖြစ်နေပါတယ်။ တစ်ကားလုံးမှာသူရယ်တာ တစ်နေရာမှမတွေ့ ပါဘူး။ကြည့်တဲ့သူပဲရယ်သွားရပါတယ်။ ဒီလို ဂေါက်သီး ပုံနဲ့ ဇာတ်ကောင်ကြောင့် ဟာသက ပိုပြီးထိမီသွားပါတယ်။ ဒီကားက ဟာသ ဆိုပေမယ့် လူ့အဖွဲ့အစည်းထဲက နားခါးတဲ့ အမှန်တရားကို သိအောင် ထုတ်ပြပေးပြီး လူ့အဖွဲ့အစည်းထဲက ဖရိုဖရဲဖြစ်နေတဲ့ နေရာတွေကို သရောပြီး ထောက်ပြထားပါသေးတယ်။ မှန်တာပြောရင် ရွှာပြင်ထုတ်ခံရဆိုတဲ့အတိုင်း ကိုယ်မှန်ကြီး ဖြစ်လွန်းနေတာကလဲ ၂၁ ရာစု အပြစ်ကြီး ဆိုတာကို မင်းသားဇာတ်ကောင်နေရာကနေ ထောက်ပြထားပါတယ်။ ဒီဇာတ်ကားမှာအကောင်းဆုံး က ဇာတ်ညွှန်းလို့ထင်ပါတယ်။ ဟာသဇာတ်ကွက်တွေကို လုပ်ထားတာ တမင်ဟာက ဇာတ်ကွက်ဖန်တီးထားတာမဟုတ်ဘဲ ဇာတ်လမ်းအတိုင်းဘဲ လုပ်ပြသွားပါတယ်။ ပြောချင်တာကအနှစ်သာရရှိတဲ့ဟာသဖြစ်တယ်ဆိုတာပါ။ တစ်ချို့ အနောက်တိုင်း ဟာသတွေ ကတော်တော် ကြည့်လို့ကောင်းပေမယ့် ဟာသဖြစ်အောင် မဖြစ်နိုင်တဲ့ ဇာတ်ကွက်ကြီး တွေ ကောင်းကင်ပေါ် သေနတ်ထောင်ပစ်လိုက်ရင် စန်တာ ကလော့ဘိုးဘိုးကြီး ထိပြီး ပြုတ်ကျလာတို့ လို over ဆန်တဲ့ ဟာကွက်တွေ မဟုတ်ဘဲ သူဘာများ ထပ်လုပ်ဦးမှာပါလိမ့် ဆိုပြီး မြင့်မြတ်အကယ်ဒမီ အထိမ်းအမှတ် ဆော်လေး သူ့ပိုင့်လယ်ကွက်လေးကို Live လွှင့်ဂုဏ်ပြုတာကိုကြည့်သလို ဇာတ်ရှိန်က ကြာလေမြင့်လာလေပါဘဲ။ ဒါပေမယ့် နောက် ဆုံးမှာသူ့လိုတော့ ဂျင်းမထည့်ပါဘူး။ နောက်ဆုံးအထိဟာသ ဇာတ်ကွက်ကို ထည့်ထားပါတယ်။ ဒီဇာတ်လမ်း က လက်ရှိလောက(အစိုးရဌာန)မှာဖြစ်နေတဲ့ အထက်လူကြီး နဲ့အောက်ပိုင်းက လူတွေ ကြားက ဆက်ဆံရေးတွေ အထက်ပိုင်းရောက်ရင် အချိုးပြောင်းပြီး ဖော်ရှိုးမုန့် တို့ ရှီုရှောင် အချိုရည်တို့ကို သိပ်ကြိုက်ပြီး ဒီကအခေါ်ဝေါ်အရဆို ကွီးတို့ ဘဘတို့ လို ကိုယ်တော်ကြီး ကိုယ်တော်လေးတွေ ရဲ့ မကောင်းကွက်ကို ဦးတည်ဖော်ပြထားတာပါ။ ဒါတွေဟာသအနေနဲ့ ရိုက်ထားပြီးကို နားရင်းကို လက်ဖျားနဲ့ အုပ်သလိုခပ်ပါးပါးလေးပုတ်ထားပါတယ်။ ပင်ပန်းလာသမျှ ကို ဇာတ်လမ်းနဲ့ ရောပြီ ရယ်ချပလိုက်ရင် စိတ်လဲပေါ့ပါး သွားပါတယ်။ ပြီးတော့ဇာတ်ကားတွေ ကိုကြည့်ရင် ညဘက် ကြည့်တာ ဇာတ်လမ်းကို ပိုခံစားမိစေပြီး ဇာတ်လမ်းက ပိုစိတ်ဝင်စားစရာ ကောင်းနေမှာပါ။

Thriller • Drama • Crime
7.4 2007 102 mins
Going by the Book
Once Upon A Time In Sham Tan
5.7

မင်းသမီး လှလှလေးတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မေထန်မြို့မှ ပြဇာတ်မင်းသမီးလေး မေလင်ဟာ အနိုင်ကျင့်မှုတွေ ကြားထဲက ကြီးပျင်းလာခဲ့ရပြီး ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ အကြိမ်ကြိမ် စစ်ရှုံးနေတဲ့ ဗိုလ်မှူးလေးဟာ မိန်းမလှကန်ရဲ့ ဒဏ္ဍာရီပုံပြင်ကို ကြားပြီးနောက်မှာတော့ ဆုတောင်းပြည့်ပူဇော်ပွဲလုပ်ဖို့ မေထန်မြို့ကို ရောက်လာခဲ့ပါတယ်။ သူက မေလင်ကို လိမ်လည်ခေါ်ဆောင်သွားပြီး မိန်းမလှကန်ထဲကို ပစ်ချခဲ့ပေမဲ့လဲ မေလင်က ကံကောင်းစွာနဲ့ မသေမြက်အဆိပ်မိသွားပြီးနောက်မှာ သွေးဆာတတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားခဲ့ပါတယ်။ သူက သူ့အပေါ် အကြံယုတ်မာတဲ့ ယောကျာ်းတွေကို ဆွဲဆောင်ပြီး စားသုံးခဲ့ပါတယ်။ မေလင်ရဲ့ သူငယ်ချင်းကောင်းဖြစ်သူ ယင်ရှင့်ဟာ မေလင်းရဲ့ ပြောင်းလဲမှုကို သတိထားမိသွားပါတယ်။ မေလင်ရဲ့ရောဂါဟာလည်း တဖြည်းဖြည်းပြင်းထန်လာပြီး ရက် ၂၀ ကြာရင် မသေတတ်တဲ့ မကောင်းဆိုးဝါးကြီး လုံးဝ ဖြစ်သွားတော့မယ်ဆိုတာ သိလိုက်ရပါတယ်။ အကြောင်းအရင်းတွေ သိရပြီးနောက် ယင်ရှင့်နဲ့ မေလင်တို့ ဒီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ…… လူယုတ်မာတွေကရော ဘယ်လို အကြံအစည်တွေ ရှိကြမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

Action • Adventure • Animation • Fantasy • Comedy • Science Fiction
5.7 2023
Once Upon A Time In Sham Tan
Bharathanatyam
7.5

Bharathanatyam (2024) “ဒါရိုက်တာ” တေလဂူး မဆလာ ဟာသရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ရာဂျာဆိုတာ လက်ထောက်ဒါရိုက်တာအဖြစ် လေးနှစ်လုပ်ကိုင်ခဲ့ပြီး ကိုယ်တိုင်ရုပ်ရှင်ရိုက်ဖို့ ပရိုဂျူဆာတွေ လိုက်ကမ်းလှမ်းနေရတဲ့လူ ။ သူ့ကောင်မလေးကိုတောင် မုန့်ဝယ်မကျွေးနိုင်၊ သူ့ဇာတ်ညွှန်းကလည်း ထုတ်လုပ်သူတိုင်းက ဟိုဟာဖြစ်တယ် ဒီဟာမပါဘူးဆိုပြီး ပယ်ချခံရတယ် အစစအရာရာ ကံဆိုးနေတဲ့ ရာဂျာတစ်ယောက် တစ်နေ့မှာ ဘဝအလှည့်အပြောင်းတစ်ခုကြုံရပြီး မြေအောက်ဒုစရိုက်လောကနဲ့ ပတ်သက်ဆက်နွယ်မိသွားတဲ့အခါ အန္တရာယ်များတဲ့ အခြေအနေတွေကနေ ဒုစရိုက်သားတွေကို ဘယ်လိုကွက်ကျော်ရိုက်ပြီး ရှောင်တိမ်းမှာလဲ ရုပ်ရှင်ဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံးလိမ်လည်မှုပဲ ဆိုတဲ့စကားအတိုင်း အရှုပ်အထွေးများကြားမှာ လွတ်မြောက်အောင်ကြိုးစားပုံကို ပရိသတ်အကြိုက် မြူမြူးကြွကြွလေး တင်ဆက်ထားတာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7.5 2024
Bharathanatyam
Hear Me: Our Summer
7.5

Hear Me: Our Summer (2024) ****************************** IMDb… 7.5 Weak Hero Class, Revenantထဲက မင်းသား Hong Kyung၊ Our Blues, The Frog ဇာတ်လမ်းတွဲထဲက Roh Yoon Seo၊ IZ*ONE Kim Min Ju တို့ Main Cast အနေနဲ့ ပါဝင်ထားပြီး ချိုချိုမြိန်မြိန် Romance ဇာတ်လမ်းလေးကိုမှ ဘဝအကြောင်းလေးပါ ရောယှက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယုံးဂျွန်း (Hong Kyung) က ဘဝမှာ သူ ဘာဖြစ်ချင်လဲဆိုတာကို မသိသေးတဲ့ ကောင်လေးဆိုပေမဲ့ မိဘတွေရဲ့ စားသောက်ဆိုင်မှာ မိဘတွေကို ကူညီရင်း အချိန်ပိုင်း အလုပ်ဝင်လုပ်နေသူပါ။ တစ်နေ့မှာတော့ ရေကူးကန် တစ်ကန်ကို မု့န်သွားပို့ရင်း ယောရွန်း (Roh Yoon Seo) ဆိုတဲ့ ကောင်မလေးကို တွေ့သွားပြီး မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ ယောရွန်းက ဆွံ့အ နားမကြားတဲ့ ကောင်မလေးဆိုတာကို သိသွားတဲ့ အချိန်မှာတော့ ယုံးဂျွန်းဟာ တစ်ချိန်က သူ သင်ခဲ့ဖူးတဲ့ လက်ဟန်ပြ ဘာသာစကားကို အသုံးချပြီး ယောရွန်းကို ချည်းကပ်ပါတော့တယ်။ ညီမ ဖြစ်သူကို စောင့်ရှောက်ရင်း အလုပ်တွေကြား ဗျာများတတ်တဲ့ ယောရွန်းကရော ယုံးဂျွန်းကို နှလုံးသားတံခါး ဖွင့်ပေးမှာလား.. သူတို့ နှစ်ဦးရဲ့ ဇာတ်လမ်းလေးက ဘယ်လို ဘယ်ပုံ ခရီးဆက်မလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှူစားလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.96GB/ 810MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:49:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary & Hnin Wai Oo Encoded by Tiff

Drama • Action
7.5 2024 109 mins
Hear Me: Our Summer
Martín García
6.4

Martín García (2024) IMDb Rating (6.4) Coming of Age ရုပ်ရှင်ဆန်ဆန် အာဂျင်တီးနား ရုပ်ရှင်ပါ။ အဓိက ဇာတ်ကောင်ကတော့ လူတွေကို စကားသိပ်မပြောဘဲ သူ့စိတ်ထဲ သူ့ဘာသာပဲ ပြောနေတတ်တဲ့ အင်ထရိုဗတ်ကောင်လေး။ သူ့အမေက သူ့အဖေသေပြီးနောက် ချစ်သူတွေ တစ်ယောက်ပြီးတစ်ယောက်ထားခဲ့သလို သူကလည်း အဲဒီလူတွေကို ကြုံခဲ့ရလို့ ဒီလိုစကားမပြောချင်ဖြစ်နေတာလားတော့မသိဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ လူဦးရေ ၁၀၀ကျော်ပဲရှိတဲ့ ကျွန်းလေးက လူတစ်ယောက်နဲ့ သူ့အမေက ချစ်မိသွားတယ်။ ဒီနောက်မှာတော့ သူတို့သားအမိ အဲဒီကျွန်းပေါ်ရောက်လာပြီး ကောင်လေးက ကျွန်းပေါ်က ဘဝတွေကို အသားတကျဖြစ်လာတာကို ပြထားရင်း သူ့အချစ်ကို သူတွေ့သွားတာကို ပြထားတဲ့ တစ်မျိုးထူးတဲ့ အာဂျင်တီးနားဇာတ်လေးပါပဲ။ အပြတွေကလည်း လှသင့်သလောက်လှသလို မင်းသမီးလည်းလှတာမို့ ကြည့်ရတန်မယ့် ဇာတ်လမ်းလေးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.6 GB) / (650 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:23:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • History
6.4 2024 83 mins
Martín García
14 Days (Girlfriend Intlo)
6.1

14 Days: Girlfriend Intlo (2025) “ချစ်သူလေးနဲ့ ၁၄ ရက်တာ” ပေါ့ပေါ့ပါးပါးနဲ့ရယ်မောကြည့်ရှုရမဲ့ တေလဂူစကားပြော လူငယ်အချစ်ဟာသဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာရှာဆိုတဲ့ကောင်လေးဟာ ‘Creator Kiss’ ဆိုတဲ့ ချန်နယ်မှာ ဗီဒီယိုတွေကိုဖန်တီးနေတဲ့ မြီးကောင်ပေါက်လူငယ်လေးပါ။ တစ်နေ့တော့ dating app တစ်ခုကို စမ်းသုံးကြည့်ရာကနေ အဟာနာဆိုတဲ့ ချစ်စရာမြီးကောင်ပေါက်အပျိုချောလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ စစချင်း ဖုန်းထဲကတဆင့်စကားပြောကြရာက အပြင်မှာတွေ့ပြီး ချစ်သူတွေဖြစ်သွားကြလေသတည်းပေါ့…။ ဒါပေမဲ့ ဇာတ်လမ်းက အခုမှစတာပါ။ တစ်ရက်တော့ အဟာနာတို့အိမ်မှာ လူကြီးတွေခရီးထွက်သွားတာကြောင့် အိမ်မှာတင် မိဘတွေမသိအောင် နှစ်ဦးသားခိုးတွေ့ကြပါတော့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ အဟာနာတို့မိဘတွေ ပြန်ရောက်လာတဲ့အခါ… မမျှော်လင့်ဘဲထွက်ပေါက်ပိတ်သွားတဲ့ ဟာရှာတစ်ယောက် လူကြီးတွေမသိအောင် အိမ်ကထွက်ဖို့အမျိုးမျိုးကြိုးစားပုံနဲ့ အိမ်ထဲမှာ ချောင်ပိတ်မိနေတဲ့ ကိုးရိုးကားရားအခြေအနေတွေကို ရယ်စရာ စိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~KKKZ~ZweYan~Yunni တို့ဖြစ်ပါတယ်။)

Horror
6.1 2025 95 mins
14 Days (Girlfriend Intlo)