YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

AKA.2023.web-dl720p(cm).mp4

636.91 MB N/A video/mp4 2561 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Assassination Classroom: Graduation
7.3

Anime S1နဲ့ ပထမကားကို အဆုံးသတ်ပြီးနောက်မှာတော့ ထပ်ထွက်လာတဲ့ ဒုတိယကားကတော့ S2 ပါပဲ။ ကျောင်းဆင်းပွဲနီးလာပြီး သတ်ဖို့အချိန်မကျခင်မှာ မထင်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ကေနောက်ဆုံးအချိန်ကျမှ သူ့အတိတ်ကိုပြောပြမယ်လို့ ဆုံးဖြတ်ထားတဲ့ ဆရာကိုရိုတစ်ယောက် မတတ်သာတဲ့အဆုံး သူ့အတိတ်ကိုပြောပြခဲ့ပြီးနောက်မှာတော့ အရင်ကပစ်မှတ်အနေနဲ့ပဲ သဘောထားခဲ့တဲ့ သူ့တပည့်တွေရဲ့ အမြင်တွေပြောင်းလဲသွားပြီး လုပ်ကြံဖို့တွေဝေသွားကြပါတော့တယ်။ ဒီလိုနဲ့ သတ်မယ့်အစား ဆရာ့ကိုကယ်ဖို့နည်းလမ်းကို ရှာဖွေကြရင်း ဆရာ့ကိုကယ်နိုင်သွားမလား။ ပထမအစီအစဥ်အတိုင်း သတ်ပဲသတ်ရမလားဆိုတာ... Anime မှာ S2 နဲ့အဆုံးသတ်သွားသလို ဒီကားကလည်းနောက်ဆုံးပါပဲ ထပ်ထွက်ဖို့မရှိတော့ပါဘူး။ File size…2.26GB / 1.14GB Quality…1080p Blu Ray / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (HardSub) Encoder… YK Translated by Moe Pwint Phyu

Action • Adventure • Fantasy
7.3 2016 116 mins
Assassination Classroom: Graduation
She Said
7.3

2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Drama • Romance
7.3 2022 129 mins
She Said
Dhruva
6.3

အစားကောင်း အသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူကို သတိရတတ်သလိုပဲ ဇာတ်ကားကောင်းတွေရှိလာရင်လည်း မလွတ်တမ်းဘာသာပြန်တင်ဆက်ပေးချင်တာကတော့ CM ရဲ့စေတနာပါ။ ဘိုင်ရာဘာမင်းသားပါဝင်ထားတဲ့ ဒီ "Dhruva" crime thriller movie ကတော့ not very old but gold လို့ ဆိုရမှာပါပဲ။ crime ကိုမှ medical crime ကို အရင်းတည်ပြီး ကွင်းဆက်အများအပြား ချိတ်ဆက်ထားတာမျိုးပါ။ "သာမန်ပြည်သူတွေရဲ့ ကံကြမ္မာကို နိုင်ငံရေးသမားတွေက ချုပ်ကိုင်တယ်၊ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကိုတော့ စီးပွားရေးသမားတွေက ချုပ်ကိုင်တယ်....." ပုံမှန်ဆိုရင် ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတို့ဟာ အများအားဖြင့် ငွေကြေးမပြည့်စုံမှုကြောင့် ကျူးလွန်လေ့ရှိတဲ့အရာမျိုးတွေပါ။ ဒါပေမဲ့ သာမန်ပြစ်မှု အသေးလေးတွေကိုဗန်းပြပြီး နောက်ကွယ်မှာ ကြီးမားတဲ့ ပြစ်မှုကြီး ရှိနေတယ်ဆိုရင်ရော...... ဆင်းရဲနိမ့်ကျစွာ မွေးဖွားလာပေမဲ့ ပါတီခေါင်းဆောင်တစ်ဦးရဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံယူရင်း အဆိုးထဲက အမြတ်ထုတ်တတ်တဲ့ ထက်မြက်လွန်းတဲ့ Siddarth Abimanyu က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပြီး မင်းသားခေါင်းစွပ်ထားတဲ့ဘီလူး ဖြစ်နေတဲ့အခါ..... ၁၅ နှစ်သားကတည်းက ကြုံတွေ့မြင်တွေ့လာရတဲ့ မတရားမှုတွေကို မုန်းတီးရင်း ရဲအရာရှိ ဖြစ်လာတဲ့အချိန် ပြစ်မှုနောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူတွေကို အမြစ်ပြတ် သုတ်သင်ချင်တဲ့ Dhruva တစ်ယောက် Siddharth နဲ့ အားပြိုင်ရတဲ့အခါမှာတော့..... Plot က ကောင်းလွန်းတဲ့အတွက် အများကြီး ညွှန်းဆိုလိုက်ရင် ပေါ့သွားမှာစိုးလို့ ဒီလောက်ပဲ ရေးပါရစေ။ 2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ Thani Oruvan ဇာတ်ကားကို remake လုပ်ထားတာဆိုပေမဲ့ အတော်ကောင်းတာမို့ ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းပါရစေနော်။ File size…2.5GB / 1.3GB Quality…1080p TRUE  WEBDL / 720p Format…mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jerrica & Myo Myo Htet

Action • Science Fiction
6.3 2016 165 mins
Dhruva
The Red Book Ritual
5.5

2022 ထွက် Horror ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကစားနည်းတစ်ခု ရှိပါတယ်။ သဘာဝလွန် ကစားနည်းပေါ့။ တစ်နည်းအားဖြင့်ပြောရရင် တမလွန်ဘုံသားများနဲ့ အတူဆော့ရမယ့် ကစားနည်းပါ။ ကစားနည်းက သိပ်မထူးဆန်းပါဘူး။ ဖယောင်းတိုင်လေး တစ်တိုင်ထွန်း။ ဘေးမှာ လူတွေဝိုင်းထိုင်။ မျက်နှာဖုံးအနီရောင်နဲ့ စာအုပ်တစ်အုပ်ရှာပြီး ကစားရုံပါပဲ။ အန်ကယ်ဆမ်တို့ဆီမှာ လူတိုင်းသိတဲ့ ကစားနည်းပေါ့။ ကျွန်တော်တို့ဆီဆိုရင် ဖျာလိပ်နတ်မေးကြသလိုပေါ့ဗျာ။ ကစားဖို့အတွက် သူတို့ဆင့်ခေါ်လိုက်တဲ့ ဝိညာဉ်ဟာ အဖော်အပေါင်းတွေနဲ့ သုံးယောက်ပူး ရောက်ချလာပါလေရော။ အိမ်ထဲမှာ ရှိနှင့်ပြီးသား စုန်းမတစ်ယောက်ကလည်း စာအုပ်ကနဆင့် အပြင်ထွက်နိုင်အောင် ကြိုးစားလာပါပြီ။ ဘာတွေကစားချင်လို့ ခေါ်လိုက်မှန်း မသိရပေမယ့် အခြေအနေက ခြောက်ခြားလာတဲ့အခါ ကစားပွဲက ထွက်ဖို့ ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ အခက်သားလားဗျာ။ အစတည်းက စည်းကမ်းရှိပြီးသား။ သူတို့ သုံးထားတဲ့ သွေးနီစာအုပ်ရဲ့ ခွင့်ပြုချက်ရမှ ဒီကစားပွဲက ထွက်ရမယ်ဆိုတော့။ အင်း ... ဇာတ်ကားကိုသာ ကြည့်လိုက်ပါတော့ဗျို့။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ပါ ) File Size__(1.1GB) / (600MB) Quality__WEB-DL_1080p, 720p IMDb Rating__4/10 Format__mp4 Duration__01:24:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

5.5 2022 83 mins
The Red Book Ritual
(18+) Bambola
4.2

Erotic Thriller ပုံစံနဲ့ ဒီအီတလီဇာတ်ကားက နာမည်ကြီးသလို နိုင်ငံတချို့မှာ ပြန်ရိုက်ထားကြတဲ့ Version တွေရှိပါတယ်... 'ကျွန်မ နာမည်က မီနာ ဒါပေမယ့် အားလုံးက ကျွန်မကို ဘမ်ဘိုလာ (အရုပ်ကလေး)လို့ခေါ်ကြတယ်' ဘမ်ဘိုလာက နယ်မြို့လေးတစ်မြို့မှာ စားသောက်ဆိုင်သေးသေးလေးဖွင့်ထားတဲ့ မိခင်နဲ့အတူနေပြီး လိင်တူစိတ်ဝင်စားတဲ့မောင်တစ်ယောက်ရှိတယ်၊ သူ့ရဲ့ငယ်ငယ်လေးကတည်းက အိမ်မက်ကတော့ နယ်မြို့လေးတွေမှာရှိတတ်တဲ့လူငယ်အတော်များများနဲ့ထပ်တူပါပဲ၊ ဒီမြို့လေးကိုစွန့်ခွာပြီး အဝေးတစ်နေရာမြို့ကြီးပြကြီးမှာ အခြေချအောင်မြင်ဖို့ပေါ့။ ဘမ်ဘိုလာဟာ နာမည်နဲ့လိုက်အောင် ချောတယ်၊ အရုပ်ကလေးတစ်ရုပ်လိုလှလွန်းတယ်။ ယောက်ျားတကာကိုဆွဲဆောင်နိုင်ရုံတင်မက ရူးသွပ်သွားအောင်ဖမ်းစားနိုင်တယ်။ အဲ့ဒီအလှအပကပဲ သူ့အတွက် အားသာချက်ဖြစ်သလို အဲ့ဒီအလှအပကပဲသူ့အတွက် အန္တရာယ်ဖြစ်လာပြန်တယ်၊ အဲ့ဒါကတော့ ထောင်ထဲက စရိုက်ကြမ်းတမ်းလှတဲ့လူဆိုးလူမိုက်တစ်ယောက်က သူ့ကိုအရူးအမူးချစ်မိသွားတာဖြစ်ပြီး ပိုဆိုးတာကတော့ ဘမ်ဘိုလာကိုယ်တိုင်အဲ့ဒီလူဆိုးရဲ့ သူ့အပေါ်နိုင်ထက်စီးနင်းအဓမ္မတွေကို စွဲလန်းမိသွားခဲ့တာပါပဲ။ ဒါပေမယ့်..။ Bámbola က ဘာမျှော်လင့်ချက်မထားပဲကြည့်ရမယ့် ပေါ့ပေါ့ပါးပါး cheesy ဖြစ်တဲ့ erotic melodrama ကားလေးတစ်ကားပါ၊ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ သာယာလှပတဲ့ရှုမျှော်ခင်းတွေပါမယ်၊ ပီပြင်ကြမ်းတမ်းတဲ့ လိင်ဆက်ဆံခန်းတွေများမယ်၊ ဇာတ်ရုပ်နဲ့လိုက်အောင် မင်းသမီးလေးအရမ်းလှတယ်။ အဲ့ဒီလောက်ဆိုလုံလောက်တာထက်ပိုနေပါပြီ။ File Size : (1.3 GB) Quality : DVDRip 720p Running Time : 01:32:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action • Adventure • Drama • Romance
4.2 1996 95 mins
(18+) Bambola
Masquerade Night
7

~ IMDb rating - 6.3/10 ~ ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ဘယ်သူဘယ်ဝါခွဲခြားဖို့ကလည်း ခက်လှပါတယ်။ တိုကျိုရဲတွေ ကောက်ရိုးပုံထဲအပ်ပျောက်ရှာတာကို ရုပ်ရှင်ကြည့်သူကလည်း ရင်တမမနဲ့ တရားခံဘယ်သူဖြစ်မလဲ လိုက်တွေးရမှာပါ။ Plot Twist ကို ဇာတ်လမ်းပြီးခါနီးထိထည့်ထားလို့ ဇာတ်လမ်းဆုံး တရားခံမိတော့မှ "ဪ သူပါလား"လို့တွေးမိကြပါလိမ့်မယ်။ ပြီးတော့ ဂျပန်က ရဲအရာရှိတွေနဲ့ ဟိုတယ်ဝန်ထမ်းတွေရဲ့ စည်းကမ်းလွန်စွာလိုက်နာပုံကိုလည်း အသားပေးပြီးရိုက်ထားတာဖြစ်လို့ ကွာခြားမှုတွေကိုလည်း အတော်လေးမြင်တွေ့ရဦးမှာပါ။ ပထမကားကြည့်ထားတဲ့ ပရိသတ်တွေအနေနဲ့ မထွက်ခင်ကတည်းက မျှော်နေခဲ့ကြတဲ့ ရုပ်ရှင်ဖြစ်သလို ပထမကားကိုလည်း မီတဲ့ရုပ်ရှင်ပါပဲ။ စုံထောက်ကားတွေနဲ့ သိပ်ပြီးရင်းနှီးမှုမရှိတဲ့သူတွေကြည့်ရင်တောင် ဇာတ်လမ်းနဲ့အတူလိုက်ပါပြီး စိတ်လှုပ်ရှားရမယ့် ဇာတ်ကားတစ်ကားဖြစ်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 830MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 9Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Comedy • Drama • War
7 2021 129 mins
Masquerade Night
Fall In Love With My King

ရှေးခေတ်မှာဇာတ်အိမ်တည်ထားတဲ့ ရိုရိုချိုချို ဇာတ်လမ်းလေးလည်းကြည့်ချင်တယ်၊ အပိုင်းဆက်များတာတွေလည်းမကြည့်ချင်ဘူးဆိုသူတွေအတွက် တစ်ပိုင်းတည်းအပြီး အချစ်ဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ချောမောခန့်ညားပြီးအရည်အချင်းရှိတဲ့ စစ်သူကြီးနဲ့ မင်းသမီးလေးတို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စစ်သူကြီးမုရုံဆိုတာ ရန်တိုင်းပြည်ရဲ့ကျော်ကြားတဲ့စစ်သူကြီး၊ မင်းကြီးကသူ့ကို မင်းသမီးတစ်ပါးနဲ့လက်ဆက်ပေးတယ်။ မင်းသမီးဆိုပေမယ့် ဘုရင့်သမီးတော်မဟုတ်ဘူး။ ဦးရီးတော်ရဲ့မွေးစားသမီး။ ဦးရီးတော်ဆိုတာကလည်း ထီးနန်းကိုကြိတ်ကြံနေတာ။ သူ့မွေးစားသမီးကို စစ်သူကြီးအိမ်တော်ပို့လိုက်တာကလည်း စစ်သူကြီးဆီကပစ္စည်းတစ်ခုကိုခိုးဖို့။ ဒီလိုနဲ့ စစ်သူကြီးနဲ့မင်းသမီးလေးတို့ လက်ထပ်ပြီးသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ အကြံနဲ့လာတဲ့ မင်းသမီးလေးနဲ့ ထက်မြက်တဲ့စစ်သူကြီးတို့ ဘယ်လိုအလွဲလေးတွေဖြစ်ပြီး ၊ ဘယ်လိုချစ်ကျွမ်းဝင်သွားကြမလဲ။ ဘယ်လိုအချိုတွေကျွေးမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Gernes : Romance Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon , Chu Chu , Yin Wai Phyo Encoded by LK

Crime • Mystery • Thriller
0 2020
Fall In Love With My King
Under the Silver Lake
6.4

ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်ဖြတ်တော့မယ်။ Crime, Drama ဆိုတော့ လူတွေအားရပါးရသတ်တော့မယ်လို့ထင်ကြမှာပါ။ ဒါပေမယ့် မဟုတ်ပါဘူး။ ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးက ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။ နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။ လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။ ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ ၆.၅ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (950 MB) and (440 MB) Quality : Blu-Ray 720p Running Time : 2hr 19min Format : Mp4 Genre : Comedy, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-PSYCHD Translated by d3mon Encoded by Thanhtike Zaw

Drama
6.4 2018 139 mins
Under the Silver Lake
Justice League
6.1

ဒါရိုက်တာ ဇက်ခ်စနိုင်ဒါရဲ့ လက်ရာဖြစ်ပြီး DC Comics စူပါဟီးရိုးတွေဖြစ်တဲ့ Batman, Superman, Wonder Woman, Flash, Aquaman နဲ့ Cyborg တို့ တစုတစည်း ပါဝင်ထားတာမို့ ပရိသတ်တွေ တပျော်ကြီး ရှုစား ရာမှာပါ စူပါမန်း သေဆုံးပြီးနောက် တစ်ကမ္ဘာလုံးပူဆွေးဝမ်းနည်းနေ ချိန်မှာ စူပါဗီလိန် Steppenwolf နဲ့  သူ့ရဲ့အပေါင်းအပါ Parade-mons တွေဟာ Mother Boxes တွေကို ရှာဖွေဖို့ ကမ္ဘာကိုပြန်လည်အခြေချခဲ့ပါတယ်။ Mother Box တွေရဲ့ သတင်းအစရဖို့ S.T.A.R Labs ရဲ့ ဝန်ထမ်းအတော်များများကို ဖမ်းဆီးခဲ့ကြတယ်။ အဲဒါနဲ့ ဘီလျံနာတစ် ယောက်ဖြစ်တဲ့ ဘရုစ်ဝိန်း (Bat-man) က လူစွမ်းကောင်းတွေစု စည်းပြီး Justice League ဆိုတဲ့ အဖွဲ့ဖွဲ့စည်းကာ Steppenwolf တို့ကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ လုပ်ပါတော့တယ်။ Steppen-wolf တို့ကလည်း Mother Box ရဖို့ အသည်းအသန်ကြိုးပမ်းနေ ချိန်မှာ Batman ဦးဆောင်တဲ့ Justice League က စူပါဟီးရိုး တွေ ကမ္ဘာကို ဘယ်လိုကာကွယ်ကြမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဗီလိန်ဇာတ်ရုပ်၊ စူပါဟီးရိုး ဇာတ်ရုပ်တွေကိုပေါ်လွင်အောင် ချပြသလို Justice League ရဲ့ ဖြစ်တည်မှုကို အက်ရှင်ဇာတ်ကွက် အမိုက်စားတွေနဲ့အတူ ရှုစားရမှာ ပါ။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ နိုင်ငံတကာရော၊ ပြည်တွင်းရော အကောင်းအဆိုးဝေဖန်မှုတွေက အပြိုင်အဆိုင်ထွက်လာပေမယ့် အထူးပြုလုပ်ချက်တွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံကြောင့် စူပါဟီးရိုးပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။ အဓိကဇာတ်ဆောင်တွေက တော့ ဘရုစ်ဝိန်း (Batman) အဖြစ် ဘန်အက်ဖလက်၊ ကလပ်ကန့် (Superman) အဖြစ် ဟန်နရီကာ ဗီလ်၊ ဒိုင်ယာနာပရင့်စ် (Wonder Woman) အဖြစ် ဂဲလ်ဂါဒေါ့၊ ဘယ်ရီအယ်လန် (Flash) အဖြစ် အက်ဇ်ရာမစ်လာ၊ အာသာကာရီ (Aquaman) အဖြစ် ဂျေဆင်မိုမို ရာ၊ ဗစ်တာစတုန်း (Cyborg) အဖြစ် ရေးဖစ်ရှာတို့ ပါဝင်ထား ကြပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) (ဘာသာပြန်သူကတော့ Littleneo ဖြစ်ပါတယ်) File Size : (2.05 GB) , (1.10 GB) and (480 MB) Quality : Blu-Ray (1080p 5.1,720p,360p) Running Time : 2hr 00min Format : Mkv and Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Littleneo Encode by Thanhtike Zaw

Drama • Mystery
6.1 2017 120 mins
Justice League
The Hustle
6.2

2019 ထဲမကြာသေးမီကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ the Hustle ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် … Crime/Comedy ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီးတော့ မပြုံးဘဲဝါးလုံးကွဲ ရယ်ချင်သူများနဲ့ ဂျိမ်းစ်ဘွန်းဆန်ဆန် စုံထောက်ဆန်ဆန် ရုပ်ရှင်ကားတွေကို နှစ်သက်သူတွေအတွက် ကြည့်ရမယ့်စာရင်းထဲ ထည့်ဖို့ဇာတ်ကားလေးပါ … ပန်နီ ရပ်စ်ဆိုတဲ့ ဝတုတ်တုတ်ကောင်မလေးဟာ အွန်လိုင်းမှာ ခပ်မိုက်မိုက်ကောင်မလေးတွေရဲ့ပုံတွေတင်ပြီးတော့ အပြင်မှာ ဒိတ်ချင်တဲ့ ယောက်ျားတွေကို လိမ်စားနေတဲ့ ကြုံရာကျပန်း လူလိမ်မလေးတစ်ယောက်ပေါ့ … ဂျို့စ်ဖင်း ချက်စ်တာဖီးဒ် ဆိုတဲ့ ချောမောလှပတဲ့ အမျိုးသမီးကတော့ သန်းကြွယ်သူဌေးတွေကိုမှ ပစ်မှတ်ထားလေ့ရှိတဲ့ နိုင်ငံတကာပတ်ပြီး အကွက်ချလိမ်လည်တတ်တဲ့ လူလိမ်အကြီးစားတစ်ယောက်ပေါ့ တစ်နေ့တော့ ခပ်ဝဝ လူလိမ်မလေးတစ်ယောက်နဲ့ ခပ်လှလှ လူလိမ်မကြီးတစ်ယောက်တို့ဟာ ရထားတစ်စီးပေါ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြပါတော့တယ်… ရယ်မောရင်းရင်ခုန်ရမယ့် ဒီဇာတ်ကားလေးကို နာမည်ကြီးဟောလိဝုဒ် စတားတွေဖြစ်ကြတဲ့ Anne Hathaway နဲ့ Rebel Wilson တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားတော်မူကြပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)

Horror • Thriller
6.2 2019 94 mins
The Hustle
What Happened to Monday
6.8

What Happened to Monday (2017) ========================= IMDb Rating – 6.8/10 ၂၀၁၇ ကထွက်ရှိထားပြီး IMDb rating 6.8 ရထားတဲ့ Science fiction / Thriller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သိပ် မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ အဆမတန်များပြားလာပါတယ်။ ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့ အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ဒါကြောင့် သိပ္ပံပညာရှင် တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုး ရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ထုတ်လုပ်ခဲ့တယ်။ ဒီအတွက် စားနပ်ရိက္ခာ ပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့ အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးဗီဇပြောင်းလဲပြီး ၅မြွှာ ၆ မြွှာ စသဖြင့် ကလေးအမြွှာတွေမွေးဖွားနှုန်း အရမ်းမြင့်တက်လာပါတယ်။ လူဦးရေ တိုးပွားလာချိန်မှာ ဒီလို အမြွှာတွေမွေးလာတဲ့အတွက်ကျွေးမွေးဖို့ကလည်း ပြ ဿနာဖြစ်လာပြန်ပါတယ်။ ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီး ကျန်တဲ့ကလေးမွေးချင်းတွေကို Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်း နည်းဖြင့် အေးခဲပြီးသိုလှောင်ထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲ ဝေရေးဗျူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ပုံစံတည်း တူတဲ့ မိန်းကလေးအမွှာ(၇)ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေ ဆုံးသွားတဲ့အတွက် အဘိုးဖြစ်သူက ဒီ ကလေး၇ယောက်ကို တိုက်ခန်းတစ်ခုမှာ တိတ်တိတ်လေး ခိုးမွေးထားခဲ့ပါတယ်။ ၇ယောက်ဖြစ်တဲ့အတွက် တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ နဲ့ တနင်္ဂနွေလို့ နာမည်ပေးထားခဲ့တယ်။ သူတို့ ၇ ယောက်က သူတို့နာမည်နဲ့တူတဲ့ နေ့ရက်တွေရောက်ရင် အလှည့်ကျ တစ် ယောက်တစ်ရက်စီ အပြင်ထွက်ခွင့်ရခဲ့တယ်။ အဲလိုကနေ သူတို့အရွယ်ရောက်လာ ကြပြီး သူတို့ တည်ရှိနေမှုကို ဗျူရိုက သိရှိသွားရင် ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါ။ တကယ်ကိုကောင်းတဲ့သိပ္ပံအက်ရှင်ကားကောင်းလေး တစ်ခုပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.45 GB) / (770 MB) Quality…………BLU-RAY 1080p / 720p Duration………2Hr 03Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Fantasy Translator…….Leonard Lin Encoder……….SWM

6.8 2017
What Happened to Monday
Kultus Iblis
5.9

Kultus Iblis (2023) 2023 တုန်းကထွက်ရှိထားခဲ့တဲ့ အင်ဒိုနီးရှား Horror ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ Horror ကားတွေ ထွက်ခဲ့သမျှ ဇာတ်လမ်းဇာတ်ကွက်တွေ ထပ်လာပြီး Jump Scare အခန်းတွေကိုတောင် လူတွေက မကြောက်ကြတော့ပါဘူး။ နောက်ပိုင်းထွက်လာတဲ့ Horror ကားတွေမှာတော့ ကြောက်အောင်ခြောက်တာထက် တွေးရင်းကြောက်လာအောင် လုပ်တဲ့ Horror ကားပုံစံတွေ ပိုပြီးအရိုက်များလာကြပါတယ်။ ဒီလိုမျိုး Thriller/Horror ကားမျိုးတွေကို ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ကြဖို့ ညွှန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရာကာ နဲ့နေယာဆိုတဲ့ အမွှာမောင်နှမ နှစ်ယောက်ရှိပါတယ်။ တစ်နေ့ သူတို့အိမ်ကိုပြန်လာတော့ သူတို့ရဲ့ ဖခင်ဖြစ်သူက ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ တိုက်တစ်ခုလုံးလဲ သွေးတွေနဲ့ပေပွနေပါတယ်။ ဒါနဲ့ပဲ သူတို့အဖေရဲ့ အသုဘကို လုပ်တဲ့အချိန်မှာ သူတို့ဗလီဆရာက ဒါကအောက်လမ်းပညာကြောင့် သေတာလို့ ပြောပါတယ်။ ဒါပေမဲ့ ခေတ်ပညာတတ်တွေဆိုတော့ ဒါမျိုးကိုအယုံကြည်မရှိကြပါဘူး။ ဒါပေမဲ့ အဲ့ညမှာပဲ သူတို့အဖေရဲ့ အလောင်းပျောက်ခြင်းမလှ ပျောက်သွားပါတယ်။ ဒါနဲ့ပဲ သူတို့လဲ ကြံရာမရပဲ သူတို့အဖေအခန်းထဲ ဝင်ရှာကြည့်ကြရာကနေ အရင်က သူတို့အဖေရဲ့ နောက်ဆုံးချန်ထားခဲ့တဲ့ အမှာစကားကိုတွေ့သွားပြီး သူတို့အဖေက ဘာလို့သူ့ငယ်ဘဝကို ဖုံးကွယ်ထားတာလဲ သူကအောက်လမ်းပညာကို ဘာလို့လေ့လာရတာလဲ ဆိုတာသိရဖို့အတွက် သူတို့အဖေရဲ့ ဇာတိရွာကို သွားကြည့်ခဲ့တဲ့အခါမှာ …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.1GB | 558MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

5.9 2023
Kultus Iblis
Khushi
5

Khushi (2003)”ခူရှီ” =============== မင်းသမီးကြီး ကရီနာကပူးရ်ရဲ့ လှသွေးအကြွယ်ခဲ့ဆုံးအချိန်တုန်းကရိုက်ကူးခဲ့တဲ့ အချစ်ဟာသ ရွမ်ကွမ်ရုပ်ရှင်ကားဟောင်းလေးတစ်ခုကို CM Bollywood Team ကနေ ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ ဆန်းကျယ်ပါတယ်။ မတူညီတဲ့အခြေအနေတွေနဲ့ အဝေးကြီးမှာရှိနေတဲ့လူနှစ်ယောက်ကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ ပေါင်းဖက်ပေးနိုင်တယ်။ ဒီရုပ်ရှင်ထဲမှာလည်း ကိုလ်ကာတာမြို့သားလေး ကာရန်နဲ့ တခြားပြည်နယ်တစ်ခုရဲ့ ရွာလေးတစ်ရွာက ခူရှီဆိုတဲ့ကောင်မလေးဟာ မတူညီတဲ့အခြေအနေတွေနဲ့ အဝေးကြီးမှာရှိနေတဲ့လူနှစ်ယောက်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ မွေးလာတဲ့အချိန်ကတည်းက ဆုံဆည်းဖို့အတွက် ကံကြမ္မာကစီမံပေးတာခံထားရတဲ့သူတွေပါ။ ကနေဒါကိုသွားဖို့လုပ်နေတဲ့ ကာရန်နဲ့ ကိစ္စတစ်ခုကနေ ထွက်ပြေးဖို့ကြိုးစားနေတဲ့ ခူရှီတို့ ဘယ်လိုဆုံဆည်းပြီး ကံကြမ္မာစေရာနောက် ဘယ်လိုလိုက်ကြမလဲဆိုတာကို ဒရာမာနဲ့ ဟာသလေးတွေအချိုးကျရောထားတဲ့ ဒီအချစ်ရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5 2003 166 mins
Khushi
Wild Things: Diamonds in the Rough
4.5

Wild Things: Diamonds in the Rough (2005) Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။ သုံးကားမြောက်ဇာတ်ကားဖြစ်တဲ့ Wild Things: Diamonds in the Rough မှာတော့ မာရီဆိုတဲ့ သူဌေးသမီးလေးနဲ့သူ့ပထွေးဖြစ်သူဂျေးတို့ဟာ မာရီအတွက် သူ့မိခင်ချန်ထားခဲ့တဲ့ အမေနဲ့သမီး အမည်ရှိ ဒေါ်လာသန်းချီတန်စိန်နှစ်ပွင့်ကိုရဖို့ တရားရုံးမှာအမှုရင်ဆိုင်ဆဲဖြစ်နေတာကိုတွေ့ကြရမှာပါ။ အဲ့ဒီမှာမှ မာရီနဲ့လုံး၀မတည့်တဲ့ သူတို့ကျောင်းကို ဒီနှစ်မှရောက်လာတဲ့ ဆင်းရဲသားရပ်ကွက်က ကောင်မလေး အယ်လီနာက သူ့ပထွေးဂျေးကို မုဒိမ်းမှုနဲ့တရားစွဲပါတော့တယ်။ ပြောင်းလဲသွားတဲ့ အခြေအနေဟာ မာရီဘက်က အသာစီးရဖို့ဖြစ်လာခဲ့ပြီး အဲ့ဒီအခွင့်အရေးကိုဘယ်လိုအသုံးချအနိုင်ယူမလဲ? ဖြစ်စဉ်တွေဟာ အမြင်အတိုင်းရိုးရှင်းပါရဲ့လားဆိုတာ ထုံးစံအတိုင်းလှည့်ကွက်တွေအပြည့်နဲ့ရှုစားရမှာပါ၊ အရင်ကားတွေပုံစံအတိုင်း မိန်းမလှလေးတွေ၊ဘီကနီတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေအများကြီးပါဝင်တဲ့အတွက် ဆယ့်ရှစ်နှစ်အောက်မကြည့်ရဇာတ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery, Thriller Duration….01:27:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.5 2005
Wild Things: Diamonds in the Rough
Don’t Look Back… I Know Your Origins
4.6

Don’t Look Back… I Know Your Origins (2024) IMDb Rating (4.6) Don’t Look Back 2 ခေါ် Jangan Pandang Belakang 2 ဟာ မလေးရှားသရဲကားဖြစ်ပြီး ပထမကားအပြီး ၁၆နှစ်အကြာမှာ ဇာတ်အိမ်တည်ထားတယ်။ ဇာတ်ကတော့ မိသားစုတစ်စုကို သူတို့ရဲ့ကျိန်စာသင့်ဘိုးဘေးဝိညာဉ်က ကာကွယ်သလိုလိုနဲ့ ဖျက်ဆီးနေတဲ့အကြောင်းပါပဲ။ ပထမကားမှာကတည်းလည်း ဒီဝိညာဉ်နဲ့ပဲ တိုင်ပတ်နေခဲ့သလို ဒီကားလည်း ဒီဝိညာဉ်နဲ့ပဲ တိုင်ပတ်နေခဲ့တယ်။ ဒီဇာတ်ကြောမှာ ဒါတွေကိုမယုံတဲ့ဆရာဝန်နဲ့ မျက်မြင်ကြုံတွေနေရတဲ့ နစ်နာသူနဲ့ အီမမ်လို့ခေါ်တဲ့ နတ်ဆရာတွေကြားက ယုံကြည်သူ မယုံကြည်သူအားပြိုင်ကြတာတွေကို အပနှင်တာနဲ့ အပြိုင် ထည့်သွင်းထားတယ်။ လက်ရှိနာမည်ကြီးတဲ့ The Priests ရဲ့ spin-off Dark Nuns လို စတိုင်မျိုးပေါ့။ အပနှင်တဲ့ကားတွေ ကြိုက်တဲ့သူတွေတော့ ကြိုက်ကြလောက်မယ့် မလေးရှားအပနှင်ကားပါပဲ။ ဇာတ်က ဒီမှာလည်းပြီးသေးပုံမပေါ်ဘဲ ဆက်ထွက်မယ့်ပုံပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.3 GB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:39:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

4.6 2024 104 mins
Don’t Look Back… I Know Your Origins