YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Agent 2023 Telugu 1080p HEVC WEB-DL 5.1 [RMC].mp4

2.82 GB N/A video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Judge Dredd
5.8

မင်းသားကြီးစတားလုံးပါဝင်ထားပြီး 1995 ခုနှစ်ထွက် Judge Dredd ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 2012 မှာလည်း Dredd ဆိုတဲ့နာမည်နဲ့ ထပ်မံထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ခုနှစ် 2100 ကျော်မှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့မရတော့တဲ့ ကျိန်စာသင့်ကမ္ဘာကြီး အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းကလည်း အသက်ဆက်လက်ရှင်သန်နိုင်ဖို့အတွက် မီဂါမြို့တော်ဆိုတဲ့ မြို့တွေကိုတည်ထောင်ခဲ့ကြပြီး နေရာကျဉ်းကျဉ်းလေးမှာ လူဦးရေအများကြီးနဲ့ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ လူဦးရေများလာတာနဲ့အမျှရာဇဝတ်မှုဖြစ်ပွားနှုန်းကလည်းမြင့်မားပြီး သာမာန်တရားရေးစနစ်နဲ့တင် နှိမ်နင်းဖို့မဖြစ်နိုင်တာကြောင့် တရားရေးစနစ်အသစ်တစ်မျိုးကိုအသုံးပြုခဲ့ကြပါတယ်။ ဒီစနစ်မှာကတော့ စီရင်သူ ဆိုတဲ့လူတွေက ရဲတွေအဖြစ်၊ ဂျူရီလူကြီးတွေအဖြစ်၊ ကွပ်မျက်သူတွေအဖြစ် တာဝန်ယူရင်း ငြိမ်းချမ်းမှုကိုထိန်းသိမ်းရင်း ငြိမ်ဝတ်ပိပြားလာအောင် လုပ်ဆောင်ခဲ့ကြတာပါ။ မီဂါမြို့တော်တစ်လို့ခေါ်တဲ့ မြို့ကြီးမှာတော့ ဥပဒေကို ကိုးကွယ်တဲ့ စီရင်သူ ဒရက်ဒ် (စတားလုံး) ကဦးဆောင်ပြီး ရာဇဝတ်မှုတွေကိုဖြေရှင်းပေးနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သတင်းထောက်လင်မယားမိသားစုကို သ-တ်တဲ့အမှုနဲ့ ဒရက်ဒ်ကိုဖမ်းပြီး စွဲချက်အတင်ခံလိုက်ရပြီး အပြစ်ရှိကြောင်းသက်သေ တွေ့ရှိရတဲ့အတွက် အက်စပန်ထောင်မှာ‌ ထောင်ဒဏ်တစ်သက်ကျခံဖို့အမိန့်ချမှတ်ခံလိုက်ရပပါတော့တယ်။ ဒရက်ဒ်မရှိတော့တဲ့ မီဂါမြို့တော်ကြီးထဲမှာလည်း 48 နာရီအတွင်း စီရင်သူ ပေါင်း 108 ယောက် အသတ်ခံလိုက်ရပြီး ဖရိုဖရဲတွေဖြစ်လို့နေပါတော့တယ်။ ဒီလိုနဲ့ ဥပဒေကို ကိုးကွယ်ပြီး "ငါကတရားဥပဒေပဲ" လို့ကြွေးကြော်ထားတဲ့ ဒရက်ဒ်တစ်ယောက် သူတန်ဖိုးထားတဲ့ဥပဒေကြောင့် ထောင်ဒဏ်တစ်သက်ကျသွားပြီး ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ သူကရောလူသ-တ်မှုကိုအမှန်တကယ်ပဲ ကျူးလွန်ခဲ့တာလား၊ အမှန်တရားကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2.1 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Adventure • Comedy • Family • Fantasy
5.8 1995 96 mins
Judge Dredd
I Am Here
4.3

စုံထောက်ဂန်ဆွန်းဒူဟာဆိုရင် အတိတ်က တရားခံကိုဖမ်းဆီးရင်း အဆုတ်ကို ဓားနဲ့အထိုးခံရပြီးနောက် အဆုတ်အစားထိုးကုသမှု ခံယူထားသူပါ... အံ့ဖွယ်ဖြစ်ရပ်အနေနဲ့ အသက်ရှင်ခဲ့ပြီးနောက် စုံစမ်းရေးရှေ့တန်းကို ပြန်ရောက်လာတဲ့ စုံထောက်ဂန်ဟာ ကွင်းဆက်လူသတ်သမား ဂင်ဂယူဂျုံးကို ခြေရာခံလိုက်ပါတော့တယ်.. အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ကိုယ်တွင်းအင်္ဂါအစားထိုးကုသစင်တာ ညှိနှိုင်းရေးမှူးဆီကနေတစ်ဆင့် ကွင်းဆက်လူသတ်သမား ဂယူဂျုံးက သူနဲ့ တူညီတဲ့အလှူရှင်ဆီကနေ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ခံယူထားတာဖြစ်ကြောင်း အလှူရှင်က အတိတ်က သူ့ကို ဓားနဲ့ထိုးခဲ့တဲ့ လူသတ်တရားခံဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့... Main Cast တွေအနေနဲ့‌ကတော့ Jo Han-Sun နဲ့ 2AM အဖွဲ့၀င် Jung Jin-Woon တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်... File Size :(1.08GB) &(481MB) Quality : ‌WEB-DL 1080P,720P Format…mp4 Duration…01:22:00 Genre :Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated  Hnin Wai Oo Encoded by Phyo Pyae

Action • Crime • Drama • Thriller
4.3 2023
I Am Here
Blue's Big City Adventure
7.2

Blue's Big City Adventure ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးတကား အကြောင်းပြောပြချင်ပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ ဂျော့ရှ် ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့ခွေးလေး ဘလူးတို့ဟာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ပြဇာတ်သရုပ်ဆောင်တွေ ဖြစ်လာကြဖို့ နယူးယောက်မြို့က လူရွေးပွဲကို ရောက်လာကြတာဖြစ်ပါတယ်။ ဖြစ်ချင်တော့ လူရွေးပွဲလုပ်မယ့် ပြဇာတ်ရုံရဲ့ လိပ်စာရေးထားတဲ့ မှတ်စုစာအုပ်ဟာ အိမ်မှာကျန်နေခဲ့ပါတယ်။ မှတ်စုစာအုပ်မပါတဲ့ ဂျော့ရှ်နဲ့ ဘလူးတို့ နယူးယောက်မြို့ကြီးမှာ ဘာအခက်အခဲတွေ ကြုံရမလဲ? သူတို့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ကြမလဲ? ဆိုတာ ... တေးသီချင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ကားလေးကို ကြည့်ရင်း ရင်ခုန်ကြတာပေါ့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zeul Thwin ပါ။) File Size          : 2.2GB, 883MB, 481MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 22mins Genre              : Comedy, Family, Musical Translated by Zeul Thwin Encoded by Kinnov

Drama • Romance
7.2 2022 74 mins
Blue's Big City Adventure
The Red Sparrow
4

The red sparrow ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တက်သစ်စမင်းသားတွေဆိုပေမယ့် ဇာတ်ဆောင် ဇာတ်ပို့ ဖြတ်လျှောက်က အစ အချိတ်ဆက်မိတာကြောင့် low budget လို့ မထင်ရလောက်အောင် ကြည့်ကောင်းတဲ့ ဇာတ်ကားလေးပါ ဒါအပြင် ဇာတ်လမ်း ဇာတ်ညွှန်းကလည်း ဆွဲဆောင်မှု ရှိနေပြန်တယ်... ဒီဇာတ်လမ်းကို မိတ်ဆက်ဖို့ အများကြီးမလိုပါဘူး... တစ်ခွန်းတည်းပါပဲ... နည်းပညာခေတ်ကြီး 21 ရာစုမှာ နည်းပညာမှ မသိရင် ခေတ်နောက်ကျပါပြီတို့ လူတောမတိုးတော့ဘူးဆိုတဲ့ ယနေ့ခေတ်မှာ အားလုံးက မသိမသာ နည်းပညာရဲ့ သားကောင်ကနေ ကျေးကျွန်အဆင့်ထိရောက်လာကြတာကို တွေးတောမိပြီး အနာဂတ်မှာ နည်းပညာက ဖန်တီးထားတဲ့ စက်ရုပ်တွေဟာ လူသားတွေကို ဘယ်လို ဝါးမြိုသွားမယ်ဆိုတာကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပေါ့.... ဒါကြောင့် စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးပုံဖော် ဇာတ်ကားလေးကို ကြည့်ပြီး တကယ် ဒီလိုဖြစ်လာရင်လို့ တွေးပြီး ခဏလောက် ဦးနှောက် အလုပ်ပေးလိုက်ကြပါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Chu Chu ပဲ ဖြစ်ပါတယ်။ Genre.....Action, Sci-Fi Quality….WEB-DL 1080p and 720p and 480p File size…1,1GB and 626Mb and 307MB Format…mp4 Duration….1h 17min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chu Chu Encoder ..... LK

Crime • Thriller
4 2022 77 mins
The Red Sparrow
Great Freedom
7.2

ဒါကတော့ ဂျာမာန်စကား‌ပြော Queer movie ခလေးပါ။ဒုတိယကမ္ဘာစစ်အပြီး အနောက်ဂျာမဏီမှာ ပြည်သူတွေကနာဇီခေတ်ကထက်ပိုမို လွတ်လပ်လာပေမယ့် လိင်တူစိတ်၀င်စားသူတွေကို တော့ဖိနှိပ်ထားဆဲပါ။ Hans Hoffman ဆိုတဲ့လိင်တူစိတ်၀င်စားသူဟာ လိင်တူဆက်ဆံခြင်းကို အပြစ်ပေးတဲ့ဥပဒေတွေကြောင့် ထောင်မကြာခဏကျခံနေရပါတယ်။ ထောင်ထဲမှာလည်း ဂေးတစ်ယောက်ဖြစ်နေလို့ ထောင်သားအချင်းချင်းခွဲခြားဆက်ဆံခြင်းကိုလည်း ခံရပါတယ်။ ဟန်းစ်ရဲ့အခန်းဖော်ကတော့ လူသတ်မှုနဲ့ထောင်ကျနေတဲ့ ဗစ်တာပါ။ဗစ်တာကလည်း လိင်တူဆက်ဆံသူတွေကို မုန်းတီးစိတ်ရှိသူဖြစ်ပေမယ့် အချိန်ကြာလာတော့ ဟန်းစ်နဲ့ခင်မင်ရင်းနှီးသွားပြီး မမျှော်လင့်ပဲသံယောဇဉ် တွယ်လာပါတယ်။ 2021ကထွက်ရှိပြီး Canns ရုပ်ရှင်ပွဲမှာ ဆုရခဲ့ပါတယ်။လိင်တူစိတ်၀င်စားသူတွေကိုဖိနှိပ်မှု၊ အကျဉ်းကျခံရသူအချင်းချင်းကြားက ရဲဘော်ရဲဘက်စိတ်ဓာတ်တို့ကို ပြထားပါတယ်။ ရုပ်ရှင်က ဟန်းစ်ပထမဆုံးထောင်ကျတာနဲ့ နောက်ဆုံးထောင်ကျတာကိုတစ်လှည့်စီပြထားပါတယ်။ File size…(3.09gb)/(1.38GB)/(680MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Crime • Drama
7.2 2021 116 mins
Great Freedom
Cut, Color, Murder
6.4

Cut, Color, Murder (2022) အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒါကြောင့် ပွဲအတွက် စီစဉ်နေတုန်းမှာ ပွဲကိုဦးဆောင်စီစဉ်ပေးနေတဲ့သူက အသတ်ခံလိုက်ရပါတယ်။ သူ့ညီမကလည်း အဲဒီပြိုင်ပွဲမှာပါနေတာကြောင့် အာလီဟာလည်း မဖြစ်မနေ လူသတ်တရားခံကို လိုက်ရှာရပါတော့တယ်။ အာလီတစ်ယောက် ဘယ်လိုသဲလွန်စနောက်လိုက်ပြီး ဘယ်လို အခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ... ဘယ်သူကရော တကယ့်လူသတ်သမားဖြစ်နေမလဲ... ဒါ့အပြင် သူ့ယောက်ျားကို သတ်ခဲ့တဲ့သူကလည်း သူ မထင်မှတ်ထားတဲ့သူများဖြစ်နေမလား... ဆိုတာကို စုံထောက်ကားကြိုက်တဲ့သူတွေအနေနဲ့ စိတ်ဝင်တစားအားပေးကြည့်ရှုနိုင်မယ့်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက IMDb မှာ ၆.၂ ပဲ ရထားပေမယ့် ၇ ဝန်းကျင်လောက်အထိ ရသင့်တဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ တကယ်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 680MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 24Min Genre - Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Reality
6.4 2022 84 mins
Cut, Color, Murder
The Snowman
5.2

ဒါရိုက်တာ တိုမက်စ်အဲဖ ရက်ဆင်ရဲ့ လက်ရာဖြစ်ပြီး မိုက် ကယ်ဖက်စ်ဘန်ဒါ၊ ရီဘက်ကာ ဖာဂူဆန်၊ ရှားလက်ဂိန်းစ်ဘော့ဂ်၊ ဗယ်လ်ကစ်လ်မာ စတဲ့ သရုပ် ဆောင်တွေပါဝင်ထားတာပါ။ နှင်းခဲလူရုပ်နဲ့ သဲလွန်စပေး ထားတဲ့ စိတ္တဇလူသတ်သမားကို စုံစမ်း ဖော်ထုတ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ ဆောင်းရာသီအစပထမဆုံး နှင်းကျတဲ့နေ့မှာ အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့ပြီး စုံ ထောက် ဟယ်ရီဟိုးလ်ကတော့ သာမန်အမှုအခင်းမဟုတ်တဲ့ လူ သတ်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ပါ တယ်။ ထူးခြားတာတစ်ခုက လူ သတ်သမားက သူ့ကိုယ်သူနှင်းခဲ လူရုပ်(The Snowman)လို့သုံး နှုန်းသလို နှင်းခဲလူရုပ်နဲ့လည်း သဲ လွန်စချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။ လူသတ်သမားက နှင်းကျတဲ့ အချိန်တွေကိုပဲ ပစ်မှတ်ထားလှုပ် ရှားတာမို့ စုံထောက်ဟယ်ရီတစ် ယောက် ရက်စက်တဲ့လူသတ်မှု တွေထပ်ပေါ်လာမှာကို စိုးရိမ်နေ ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုးရွား တဲ့အဖြစ်အပျက်တွေ ထပ်မပေါ် လာခင်မှာ Snowman ကို စုံ ထောက်အဖွဲ့ဝင်သစ် ကက်သ ရင်းဘရတ်ရဲ့အကူအညီနဲ့ဖော် ထုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ သူ့ကို လိုက်စုံစမ်းနေတာကို သိတဲ့ Snowman ကလည်း စုံ ထောက်ဟယ်ရီကို ဦးတည်တဲ့သဲ လွန်စစာတွေ ရေးရေးပြီး ဒုက္ခ ကောင်းကောင်းပေးပါတော့ တယ်။ဆိုးရွားတဲ့သတ်ဖြတ်မှုတွေ ကျူးလွန်တဲ့ စိတ္တဇလူသတ်သမား Snowman ရဲ့လှည့်ကွက်တွေ ကြားမှာ ဟယ်ရီတစ်ယောက်အချိန်မီ ဖော်ထုတ်တားဆီးနိုင်ပါ့ မလားဆိုတာကိုတော့ ရင်ဖိုရင်း ဆက်ကြည့်လိုက်ဦးနော်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) File Size : (999 MB) Quality : 720p HCWEBRrip Running Time : 1hr 59min Format : Mp4 Genre :Crime, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.PROPER.HC.WEBRip.x264.AAC2.0-STUTTERSHIT Translated by Lex Luthor Encoded by Thanhtike Zaw

Crime • Drama
5.2 2017 119 mins
The Snowman
Sun and Concrete
7.6

Sun and Concrete (2023) ~ IMDb rating – 7.6/10 ~ “Sun and Concrete” ဆိုတဲ့စကားလုံးကို မြင်လိုက်ရင် တော်တော်များများက နေ နဲ့ ဘိလပ်မြေဆိုပြီးတော့ ထင်ကြမှာအမှန်ပါပဲ။ ဒါပေမဲ့ ဒီကားမှာတော့ ဂျာမနီနိုင်ငံက “နေရောင်အောက်က မြို့ပျက်လေး” တစ်မြို့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီဇာတ်ကားဟာ ဆန်ခါတင်စာရင်း ၅ ခုထဲပါခဲ့တဲ့အပြင် မျက်နှာသစ်သရုပ်ဆောင်ဆုကိုပါရရှိထားပါတယ်။ ဒါ့အပြင် IMDb မှာ 7.6/10 နဲ့ 2023 မှာ ဂျာမန်ရဲ့ တတိယအကောင်းဆုံးဇာတ်ကားအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်သူငယ်ချင်းလေးယောက်ဖြစ်ကြတဲ့ လူးကတ်စ်၊ ဂျူးလိယက်စ်၊ ဂျီနိုနဲ့ ဆန်ချက်ဇ်တို့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ အကျဉ်းကိုပြောရမယ်ဆိုရင် လူးကတ်စ်တို့လေးယောက်ဟာ ဘာလင်မြို့ရဲ့ နူကိုလင်ရပ်ကွက်မှာ နေထိုင်ကြတာပေါ့။ သူတို့လေးယောက်ဟာ နေ့တိုင်း တုတ်၊ ဓား၊ ရန်ပွဲ နဲ့ မူးယစ်ဆေးတွေကြားမှာ ဘဝကြီးကိုရုန်းကန်နေရသူတွေပါ။ ဒါပေမဲ့ တစ်နေ့မှာ သူတို့ဘဝရဲ့ အမှားကြီးတစ်ခုကိုလုပ်ဖို့ ဆုံးဖြတ်ချက်ချမိသွားပါတယ်။ လူးကတ်စ်တိုလေးယောက် ဘယ်လိုအမှားတွေကျူးလွန်ခဲ့ကြသလဲ၊ နောက်ဆုံးမှာ ဘယ်လိုအကျိုးဆက်တွေခံစားလိုက်ရလဲဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ တစ်ဝကြီးခံစားရမှာပဲဖြစ်ပါတယ်။ ဒီ “Sun and Concrete” ဟာဆိုရင် ၂၀၀၀ ခုနှစ်စွန်းစွန်းက ဘာလင်ရဲ့ရပ်ကွက်တစ်ခုမှာဖြစ်သွားတဲ့ တကယ့်အဖြစ်အပျက်အပေါ်အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ထစ်ခနဲရှိ လက်လွန်ခြေလွန်ဖြစ်တတ်တဲ့ လူငယ်တွေအတွက်ရည်ရွယ်ပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း ဘဝအတွေ့အကြုံ သင်ခန်းစာပေါင်းများစွာကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 925MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 59Min Genre – Adventure, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Thriller • Action • Drama • TV Movie
7.6 2023 119 mins
Sun and Concrete
A Most Wanted Man
6.7

Philip Seymor Hoffman နဲ့ Rachael Mcadmas အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပြီး Willem Dafoe,Daniel Bruhl, Robin Wright တို့ပါ ပ ါဝင်အားဖြည့်ထားတဲ့ စပိုင်ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ် ၉/၁၁ ဖြစ်စဉ်နောက်ပိုင်း ဟမ်းဘတ်ဂ်မြို့ဟာ အမေရိကန်တို့ အထူးအာရုံစိုက်စောင့်ကြည့်လာတဲ့ အကြမ်းဖက် လှုပ်ရှားမှုခြေရာခံရာ ဖြစ်လာခဲ့ပါတယ် အကြမ်းဖက်စစ်သွေးကြွအဖွဲ့ဝင်ဟု သတ်မှတ်ခံထားရသူအစ်စာကာပေါ့ဗ်ဟာ ဂျာမနီနိုင်ငံဟမ်းဘတ်ဂ်မြို့ကို တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာပြီး ခိုလှုံခွင့်တစ်နေရာရရှိဖို့ ကြိုးစားနေသူဖြစ်သလို အဖေ ဖြစ်သူရဲ့ ဟမ်းဘတ်မြို့ကဘဏ်တစ်ခုမှာ အပ်နှံထားတဲ့ငွေကို ထုတ်ယူဖို့ ရည်ရွယ်ချက်ရှိနေသူလည်း ဖြစ်ပါတယ် ဘေရွတ်က နောက်ဆုံး စစ်ဆင်ရေးအပြီးမှာ ဟမ်းဘတ်ဂ်မြို့မှာ အကြမ်းဖက်ဆန့်ကျင်ရေးတပ်ဖွဲ့တစ်ခုကို ဦးဆောင်ဖို့ စေလွှတ်ခံရသူ ဟားရ်ဘတ်ခ်မန်းကလည်း သူ လပေါင်းများစွာ နောက်ယောင်ခံလိုက်နေတဲ့ အကြမ်းဖက်ထောက်ပံ့သူဟု သံသယရှိသူ အက်ဘဒူလာကို ဖော်ထုတ်နိုင်ဖို့ သော့ချက်အဖြစ် အစ်စာကာပေါ့ဗ်ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အစ်စာကာပေါ့ဗ်ဟာ တွန်မီဘရူးဆိုသူ ဘဏ်လုပ်ငန်းရှင်ကို ရှာဖွေနေသူ လွတ်မြောက်ဆဲအကြမ်းဖက်သမား ဖြစ်တယ်ဆိုတာကို သိရှိပြီးနောက်မှာတော့ ဂျာမနီ နဲ့ အမေရိကန်လုံခြုံရေးအေဂျင်စီများကပါ အစ်စာကာပေါ့ဗ်အရေးကို စိတ်ဝင်စား လာပါတော့တယ် နိုင်ငံမဲ့ဖြစ်နေသူတွေအတွက် လူမှုဝန်ထမ်းအကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးနေသူ ရှေ့နေမလေးအန်နာဘဲလ် ရစ်ချတ် နဲ့ ဘဏ်လုပ်ငန်းရှင် တွန်မီဘရူးပါ အဖေဖြစ်သူရဲ့ ကတိစကားအတွက် အစ်စာကာပေါ့ဗ်ကို ကူညီပေးရန် ဖြစ်လာချိန်မှာတော့ ဟားရ်ဘတ်ခ်မန်းရဲ့ ကစားကွက်ထဲကို လှလှပပကြီး ကပြဖျော်ဖြေပေးရသူတွေ ဖြစ်လာပါ တော့တယ် အစ်စာကာပေါ့ဗ်ကရော သူပြောသလို အပြစ်မဲ့သူလား.. အက်ဘဒူလာရဲ့ လျှိ့ဝှက်ချက်တွေကိုရော ဖော်ထုတ်နိုင်မှာလား. ဟားရ်ဘတ်ခ်မန်း အနေနဲ့ အစ်စာကာပေါ့ဗ်ကို ဖမ်းဆီးလိုတဲ့ ဂျာမနီနဲ့အမေရိကန်တို့ရဲ့ လက်တံတွေကိုရော ရှောင်ရှားနိုင်မလား. မေးခွန်းပေါင်းများစွာ နဲ့ နောက်ဆုံးခန်းအထိ စိတ်ဝင်စားဖွယ် မငြီးငွေ့ရအောင် ဖန်တီးပေးနိုင်သော Spy/Thriller ဇာတ်ကားလေးကို CM က ပရိသတ်များ ကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ရပါတယ် File size… 1.17 GB / 707 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Crime, Spy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.7 2014
A Most Wanted Man
Minus 31: The Nagpur Files
7.1

Minus 31: The Nagpur Files(2023) IMDb – 7.2/10 အမှန်တရားအတွက်ဆို အဆိုးတွေဘယ်လောက်ပဲကြုံရပါစေ ဘယ်အရာကမှ တားဆီးလို့မရဘဲ ရင်ဆိုင်တိုက်ခိုက်မယ့် အရာရှိအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ မင်းသမီးချော ရူချာအီနမ်ဒါ အရာရှိမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ကိုဗစ်ကပ်ဆိုးကြီးရဲ့ ဒုတိယလှိုင်းဖြစ်နေတဲ့အချိန်မှာပေါ့။ တံတားအောက်မှာ လာစွန့်ပစ်သွားတဲ့အလောင်းတစ်လောင်း။ အဲဒီအလောင်းကို စစ်ကြည့်တဲ့အချိန်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူဌေးတစ်ယောက်ဖြစ်နေရော။ ဒီအမှုကို ကိုင်ရတာက ရဲမေ ပရက်ရှာ။သူ့မှာ မိသားစုပြဿနာနဲ့လုံးပမ်းနေရတာတဖက်။ ကိုဗစ်ဆိုတာတကယ်မရှိဘူး အစိုးရဖန်တီးထားတဲ့ နိုင်ငံရေးလှည့်ကွက်ဆိုတဲ့ ပြည်သူတွေကို လိုက်ဖြေရှင်းနေရတာတစ်ဖက်နဲ့ အမြဲတမ်း စိတ်တိုနေရတယ်။ ဒီလိုပြဿနာတွေကြားထဲမှာပဲ လက်သည်မပေါ်တဲ့ အများစိတ်ဝင်စားနေတဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်မှာလားဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးတင်ဆက်ထားတာမို့ ဘာသာပြန်တက်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.1 2023 134 mins
Minus 31: The Nagpur Files
La Haine
8.1

Ratingအနေနဲ့ရော ရုံတင်ငွေအနေနဲ့ရော အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ပြင်သစ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို ကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ ထုတ်လုပ်စရိတ်ကြောင့် အဖြူအမဲနဲ့ပဲ ပြသခဲ့တာပါတဲ့။ ဒါပေမဲ့ ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခဲ့တဲ့ အဲဒီခေတ်အခါက ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူငယ်နဲ့အကြမ်းဖက်မှုတို့က ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်တာမို့ အနုပညာကောင်းတရပ်အဖြစ် သတ်မှတ်နေကြတုန်းပါပဲ။ အက်ဘ်ဒဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က အပြင်းအထန်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့် ပါရီမြို့ရဲ့ အပြင်မှာ အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီအဓိကရုဏ်းဖြစ်ပြီး နောက်ရက် အက်ဘ်ဒဲလ်နဲ့ ရွယ်တူတွေဖြစ်တဲ့ ဗင်းဇ်၊ ဆာအိဒ်နဲ့ ဟူးဘတ်ဆိုတဲ့ လေလွင့်လူငယ်သုံးယောက်ရဲ့ တနေ့တာ အဖြစ်အပျက်တွေကိုပဲ ရိုက်ကူးတင်ဆက်ထားတာပါ။ ဗင်းဇ်က အက်ဘ်ဒဲလ်နဲ့ ရင်းနီးတဲ့အတွက် ရဲတွေကို အမုန်းကြီးမုန်းပြီး အက်ဘ်ဒဲလ် ဆေးရုံတက်ရင်းသေဆုံးသွားခဲ့ရင် ရဲတစ်ယောက်ကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေသူပါ။ ဒီလိုနဲ့ သူတို့သုံးယောက်ထဲက တစ်ယောက်ဆီမှာ အဓိကရုဏ်းအတွင်း ရဲတစ်ယောက်ဆီကပျောက်ခဲ့တဲ့ သေနတ်တစ်လက်ရှိနေတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ဘ၀က အလှည့်အပြောင်းဖြစ်သွားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:38:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Crime • Mystery • Thriller
8.1 1995 98 mins
La Haine
The Human Condition II: Road to Eternity
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်” ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.15GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
8.5 1959 178 mins
The Human Condition II: Road to Eternity
Novitiate
6.7

Novitiate (2017) ~ IMDb – 6.7/10, RT – 86%, Meta – 73% ~ တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်း‌ကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။ “ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်” ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ဆန့်ကျင်ဖက်ပါပဲ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ကတ်သလင်းကတော့ တစ်ယောက်သောသူကို တစ်ဖက်သတ် တစ်ဘဝလုံးစာ ပေးဆပ်ပြီး ဥပေက္ခာပါရမီဖြည့်ရင်း ချစ်နေချင်ပါတယ်တဲ့။ သူချစ်မိတဲ့သူကတော့ ဘုရားသခင်ပါပဲ။ သူ့ရဲ့ ငယ်ရွယ်မှုအပါအဝင် တစ်ဘဝလုံးစာ စတေးပြီး ဘုရားသခင်ကို ချစ်ခွင့်ရဖို့ ဆယ်ကျော်သက်အရွယ်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ သီလရှင်ဝတ်ဖို့ ပထမအကြိမ် သစ္စာပြုပြီး ဒုလ္လဘဝတ်လိုက်ပါတယ်။ (တစ်သက်လုံးစာ မဝတ်ခင်ဝတ်တဲ့ ယာယီသီလရှင်သဘောမျိုးပါပဲ။ မြန်မာမှာ အနီးစပ်ဆုံး စကားလုံးယူသုံးထားတာပါ။ နားလည်မှုအလွဲအမှားဖြစ်သွားရင် တောင်းပန်ပါတယ်) ကတ်သလင်းက ဘာသာရေးနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘုရားသခင်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သီလရှင်ကျောင်းကို ရောက်လာတာပါ။ သီလရှင်ကျောင်းကို ရောက်တဲ့အချိန် တင်းကြပ်လွန်းတဲ့ ပညတ်တွေနဲ့ သူ့ရဲ့စတေးမှုက ထိုက်တန်ရဲ့လားဆိုတဲ့ သံသယတွေက တိုက်စားတာကို သူဘယ်လိုရင်ဆိုင်လဲဆိုတာကို ပြပေးထားပါတယ်။ ခေတ်ကတော့ ၁၉၆၀ များက ဗာတီကန် ၂ ကိုစမိတ်ဆက်ပြီး ရိုးရာဘာသာရေးကနေ ခေတ်သစ်ဘာသာရေးကို ပြုပြင်ပြောင်းလဲနေစဉ် ကာလမှာဖြစ်ပါတယ်။ လူတစ်စုရဲ့ ဆုံးဖြတ်ချက်ကြောင့် တချို့သူတွေ အခွင့်အရေးသစ်တွေရလာပြီး တချို့သူတွေရဲ့ တစ်ဘဝလုံးစာ အချည်းနှီးဖြစ်ရတာကို ခပ်ပါးပါးလေးပြပေးသွားပါတယ်။ ခင်ဗျားတို့ဆိုရင်ရော ရယူခြင်းလုံးဝမရှိဘဲ တစ်သက်လုံးစာစတေးပြီး ချစ်နိုင်ကြမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 665MB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.7 2017 123 mins
Novitiate
Trapped Inn
3.1

Trapped Inn (2024) IMDb Rating (3.1) / Rotten Tomatoes (86%) 2024 ထွက် Thriller ကားအသစ်ပါ။ Thrillerကားတွေမှာတော့ ဇာတ်ကို ဘာမှမသိဘဲ ကြည့်ရတာ ပိုအရသာရှိလိမ့်မယ်ဆိုတော့ အရမ်းအကောင်းကြီး ခမ်းခမ်းနားနားကြီးမဟုတ်ပေမဲ့ အတန်အသင့်လက်သင့်ခံလို့ရတဲ့ ပမာဏလောက်နဲ့ ဇာတ်ကောင်တွေနဲ့အတူတူ ဘာတွေဖြစ်နေလဲ မသိဘဲ စီးမျောကြည့်ချင်ရင်တော့ ကြည့်လိုက်ပါ။ ဘာတွေဖြစ်နေလဲဆိုတာက မထင်ထားလောက်တဲ့အချိန်ကျမှ ရုပ်လုံးပေါ်တာဆိုတော့ ဇာတ်လမ်းက မပြောင်မြောက်လှပေမဲ့ ကြည့်တော့ကြည့်ကောင်းမှာပါ၊။ အညွှန်းဖတ်တာကို ဒီလောက်နဲ့ရပ်ပြီး ကြည့်ကြည့်လိုက်ပါ။ဇာတ်လမ်းကတော့ ပြိုင်ဘီးစီးတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က ပြိုင်ဘီးစီးကျင့်ဖို့ တောင်မြင့်ပြီး ဝေးလံခေါင်သီတဲ့ဒေသတစ်ခုကို ရောက်လာတယ်။ အဲဒီဒေသက အင်းမှာ သွားတည်းတယ်။ အင်းပိုင်ရှင် လင်မယားကတော့ ဖော်ဖော်ရွေရွေပါပဲ။ ကောင်မလေးတွေလည်း အဲဒီမှာရှိတယ်။ ဒီလိုနဲ့ အင်းပိုင်ရှင် လင်မယားမူမမှန်နေတာကို သူတို့အဖွဲ့ထဲက တစ်ယောက်က သတိထားမိသွားတဲ့အချိန် လူတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်လာတယ်။ ဘာလို့ပျောက်ကုန်ကြလဲ ဘယ်သူတွေလွတ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ပါတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (980 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Science Fiction,Thriller Duration….01:54:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

3.1 2024 114 mins
Trapped Inn