YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

After.the.Pandemic.2022.1080p.WEBRip[CM].mp4

1.35 GB N/A video/mp4 2543 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Night Moves
5.8

IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Action & Adventure • Animation • Sci-Fi & Fantasy
5.8 2014 112 mins
Night Moves
Das Boot
8.1

IMDB - 8.4/10 ဒုတိယကမ္ဘာစစ်ရဲ့ စစ်မျက်နှာပြင်မှာ ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းရှိတဲ့အလျောက် ဒီလို ရေငုပ်သင်္ဘောအကြောင်း ရိုက်ထားတာ တော်တော်ကိုရှားတယ် ပြောရမယ်။ မှတ်မိသလောက်ဆို ၂၀၀၀ ခုနှစ်က U-571 ရယ် ထွက်ထားတာ သိပ်မကြာသေးတဲ့ Greyhound တို့ပဲ ရှိမယ်ထင်တယ်။ ပြီးတော့ ဂျာမန်စစ်ကားထုံးစံအတိုင်း ဝါဒဖြန့်မပါပဲ သဘာဝကျကျ ဖြတ်သန်းရတာမျိုးပဲ ကြည့်ရှုရမှာပါ။ ပြောလို့သာပြောတာ WW2 မှာ ဂျာမန်ရေငုပ်သင်္ဘောတွေက အမဲလိုက်မြေခွေးတွေဆိုတဲ့ နာမည်ပြောင်အတိုင်း ပင်လယ်ပြင်တွေမှာ မဟာမိတ်သင်္ဘောတွေကို တစ်စီးတည်းနဲ့ အုပ်လိုက်တွေကို အမဲလိုက်တာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မင်းသားကြီး တွန်ဟမ့်သရုပ်ဆောင်ထားတဲ့ Grey Hound မှာ ဥပမာအနေနဲ့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကားမှာကျ ဒီဂျာမန်ရေငုပ်သင်္ဘောသားတွေရဲ့ လက်တွေ့ဘဝ၊ အခက်အခဲ၊ သေရေးရှင်ရေး ကြိုးပမ်းရပုံတွေကို အမြင်တစ်မျိုးနဲ့ ပြန်ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သတင်းထောက် ဗိုလ်လေးတစ်ယောက်က ရေငုပ်သင်္ဘောတစ်စင်းပေါ်ကို စစ်ကြောင်းထွက်တဲ့အချိန် လိုက်လာပြီး မှတ်တမ်းတင် အစီရင်ခံစာ တင်ဖို့ပေါ့။ အဲဒီမှာ ကပ္ပတိန်ကြီးရဲ့ အုပ်ချုပ်ပုံ၊ တိုက်ပွဲဖြစ်တဲ့ခါ ညွန်ကြားပုံတွေ နောက်ပြီး ဒီသင်္ဘောကျင်းကျင်းလေးပေါ်က နေထိုင်စားသောက်ရတဲ့ ဘဝတွေ ကြုံရပုံ တစ်ဖက်က ထောက်ပို့ယာဉ်တန်းတွေ တွေ့ရင် ဘယ်လိုအမဲလိုက်ကြပုံ ပြန်ခံရရင်လည်း ဘယ်လိုတွေ ခွာစစ်ဆုတ်ရပုံတွေ ဟိုက်ဒရိုဖုန်းဆိုတာနဲ့ အရပ်လေးမျက်နှာက အသံတွေကို နားထောင်ပြီး သင်္ဘောတစ်စင်းလုံး အပ်ကျသံမကြားရလောက်အောင်ထိ တိတ်ဆိတ်သွားပြီး ရန်သူ့အခြေအနေ အကဲခတ်လှုပ်ရှားရပုံတွေ စသဖြင့် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေနဲ့ တင်ဆက်ပြသထားတာပါ။ နောက်ပြီး သူတို့ဘဝတွေက သူများကိုအမဲလိုက်ပြီး ကြမ်းတမ်းကြတယ်ဆိုပေမယ့် တစ်ခုခုဆို သူတို့ဘဝကလည်း လေတပ်ကလူတွေလိုမျိုးပဲ သေဖို့ရာခိုင်နှုန်းများတဲ့ တပ်သားတွေပါပဲ။ ၁၉၈၁ ခုနှစ်ထွက်ရုပ်ရှင်ဆိုပေမဲ့ တော်တော်လေးအဆင်ပြေပြီး အတွေ့အကြုံအသစ်တွေ ပေးစွမ်းနိုင်မှာမို့ ပြေးသာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ IMDB ကလည်း 8.4 ဆိုတော့ မကောင်းမှာတော့ ပူမနေပါနဲ့တော့။ File size…2.73GB / 1.25GB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….2h 25m Genre ..... Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • TV Movie
8.1 1981 150 mins
Das Boot
Noise

Death Note ကား ထဲက L နဲ့ Light Yagami မင်းသား 2ယောက်ကို အတူတူတွေ့ရမှာပါ ရှီရှီခါရီ ဆိုတဲ့ ကျွန်းလေးဟာ လူဦးရေခေါင်းပါလာပြီး အေးချမ်းသာယာတဲ့ကျွန်းလေးပါ ကျွန်းရဲ့အဓိကထွက်ကုန်ကတော့ အနက်ရောဂ်သဖန်းသီးတွေပါ ဒီကျွန်းပေါ်မှာ သဖန်းပင်စိုက်ပျိုးပြီး ကျွန်းလေးကိုအကျိုးပြုနတောကြောင့် လူအများချစ်ခြင်းမေတ္တာရရှိကာ ကျွန်းရဲ့ကယ်တင်ရှင်လို့ တင်စားခံရတဲ့ ကီတာ... အမဲလိုက်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ပြီး အမဲလိုက်ရာသီမဟုတ်ရင် သဖန်းခြံမှာ လာရောက်ကူညီလေ့ရှိတဲ့ ဂျွန်... ဒီကျွန်းအတွက် အဘက်ဘက်က အကာအကွယ်ပေးမယ့်ဆို့တဲ့ အ်ယူကို လက်ခံထားတဲ့ ရဲဝန်ထမ်းလေး ရှင်း... ဒီလို အေးချမ်းစွာ နေနေရင်းကနေ တစ်နေ့တော့ Life Changing event တစ်ခုဖြစ်ပွားခဲ့ပါတယ် ပြည်မကြီးအကျဉ်းထောင်ကနေ ပြန်လည်ထူထောင်ရေးစခန်းမှ အကျဉ်းသား အိုမီဆာကာ ဟာဒီကျွန်းကိုအလုပ်လုပ်ဖို့လာရောက်ခဲ့ပေမယ့် လူတစ်ယောက်သတ်ပြီး ထွက်ပြေးနေခဲ့ပါတယ် ဒီလိုအန္တရာယ်များတဲ့လူတစ်ယောက်ကျွန်းပေါ်ရောက်နေတာကြောင့် ဟို3ယောက်ဟာ သူ့ကိုသတ်ရမယ့်အကြောင်းအရာပေါ်ပေါက်လာခဲ့ပါတယ် ပထမတော့ စိတ်မနှံ့တဲ့အကျဉ်းသားမို့လို့ ဘယ်သူမှလာမရှာဘူးလို့ထင်ထားပေမယ့် ကြိုးစားပန်းစားလာရှာတဲ့ရဲတွေကြောင့် သူတို့၃ယောရ် ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဘယ်သူတွေပါပါဝင်နေသေးလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ Plot ကောင်းကောင်းနဲ့တစ်ခန်းနဲ့တစ်ခန်း ပရိသတ်တွေကို ဆွဲဆောင်နိုင်တာကြောင့် Crime genre ကို နှစ်သက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ ကားဖြစ်ကြောင့် အကြံပြုပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:04:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Comedy • Drama • Romance
null 2023 124 mins
Noise
Love Hunter
4.6

အသက်နှစ်ဆယ်ဝန်းကျင် ကောလိပ်ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ ကာဇူအိုဟာ ကျောင်းနေဖက်သူငယ်ချင်း ဟီဆာကိုနဲ့ချစ်ကျွမ်းဝင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ဘဝထဲကို ထူးခြားဆန်းကြယ်ပြီးအသိရခက်တဲ့ ကျိုကိုဆိုတဲ့သက်လတ်ပိုင်းမိန်းမလှတစ်ယောက် ဝင်ရောက်လာပါတော့တယ်။ ကျိုကိုဟာ ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းမြင့်တဲ့အသိုင်းအဝိုင်းကလာတဲ့သူဖြစ်တယ်။ ဒါပေမဲ့ အထက်တန်းလွှာရေပေါ်ဆီတွေထုံးစံ အရာရာပြည့်စုံနေတော့ သာယာမှုကိုနည်းမျိုးစုံနဲ့ရှာဖွေရာကနေ ကျော်မကောင်းကြားမကောင်း ဇာတ်လမ်းမျိုးတွေကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ ကာဇူအိုရော ဟီဆာကိုပါ သူတို့ကိုယ်တိုင်မသိလိုက်ခင် ဒီအသိုင်းအဝိုင်းထဲက စည်းဘောင်မဲ့လွတ်လပ်တဲ့၊ နာကျင်မှုတွေနဲ့သာယာမှုတွေနဲ့ရောပြွမ်းနေတဲ့လောကထဲ ဝင်ရောက်မိပါတော့တယ်။ ဒီဇာတ်ကားကတော့ ပါဝင်တဲ့ Incest ဆန်ဆန်လိင်မှုရေးရာခန်းတွေကြောင့် ညစ်ညမ်းမှုနဲ့ တရားစွဲခံရတဲ့အထိဖြစ်ခဲ့ပြီး နှစ်နှစ်နီးပါးတရားရင်ဆိုင်ခဲ့ရသလို အဲဒီတရားစွဲမှုကပဲ ဇာတ်ကားကိုပိုနာမည်ကြီးစေခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 630MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 12Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Adventure • Fantasy • Horror • Thriller
4.6 1972 73 mins
Love Hunter
Cristiano Ronaldo interview - Piers Morgan Uncensored

တစ်ကမ္ဘာလုံး ဟိုး​​လေးတ​ကျော်ဖြစ်သွား​စေမယ့် သတင်းတစ်ပုဒ် လိုင်း​ပေါ်တက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာမည်​ကြီးတိုက်စစ်ကစားသမားကြီးဖြစ်သလို ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အားကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက ဗြိတိန်နာမည်​​ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်​မော်ဂန်နဲ့အတူအင်တာဗျူးတစ်ခု လုပ်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ်၊ နည်းပြ​ဟောင်းရန်းဂ်နစ်အပါအဝင် တချိန်ကအသင်း​ဖော်​ဟောင်းဝိန်းရွန်းနီကိုပါ ​ဝေဖန်ခဲ့တယ်ဆိုတဲ့ topicက ​ဘောလုံး​​လောကတစ်ခုလုံး ​အုတ်​အော်​သောင်းတင်းဖြစ်သွားပြီး အဆိုပါအင်တာဗျူးက အစစ်အမှန်ပဲလား၊ မန်ယူနဲ့ ​စီရော်နယ်ဒိုခွာပြဲသွားပြီလားစသဖြင့် ​နောက်ဆက်တွဲ​​ မေးခွန်း​​ပေါင်းများစွာထွက်လာခဲ့ပါတယ်။ အခုဆိုရင်​တော့ အဆိုပါအင်တာဗျူးရဲ့ ရုပ်သံဗီဒီယိုအပြည့်အစုံထွက်ရှိလာပါပြီ။ ဒီအင်တာဗျူးမှာ မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စီ​ရော်နယ်ဒိုကိုယ်တိုင်ပဲ ဖောက်သည်ချခဲ့တာလား။ မန်ယူနိုက်တက်ရဲ့အတွင်း​ရေးက တကယ်ပဲရှုပ်​ထွေး​နေတာလား။ မီဒီယာ​တွေကပဲ လိုအပ်တာထက် ချဲ့ကားထားတာလား စသဖြင့် မေးခွန်း​တွေရဲ့အ​ဖြေ​တွေ တစ်ခါတည်းပါလာမှာပါ။ ​ သေချာတာတစ်ခုက ဒီအင်တာဗျူး​ကြောင့် မန်ယူနိုက်တက်နဲ့ စီ​ရော်နယ်ဒိုရဲ့ အနာဂတ် မ​ရေရာ​တော့သလို ​ဘောလုံးပရိသတ်​တွေကြားမှာပါ ဂိုဏ်းဂဏ​​တွေ ကွဲကုန်တဲ့အထိ သက်​ရောက်မှု ကြီးသွားခဲ့ပါပြီ။ အင်တာဗျူးက ၂ ပိုင်းရှိတာဖြစ်ပြီး 2 ပိုင်းလုံးကို တင်ဆက်လိုက်ပါပြီ။ File size…Part-1 & Part-2 Quality….HDRip 1080p and 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thaung Htike Zaw & Min Khant Bo

Crime • Drama • Mystery • Romance • Thriller
null 2022 90 mins
Cristiano Ronaldo interview - Piers Morgan Uncensored
Transit
6.6

ငါတို့ဟာ တရွေ့ပြီးတရွေ့ ငါတို့ဟာ တငွေ့ငွေ့ ငါတို့ဟာ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာခဲ့သလဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ ဆရာကြီးအောင်ချိမ့်ရဲ့ ကဗျာထဲကလိုပဲ။ ကိုယ့်ဘဝမှာ ကိုယ့်အနား တစ်သက်လုံးခေါ်မထားနိုင် တဲ့သူ (ဒါမှမဟုတ်) သူ့အနားမှာ ကိုယ့်ကို တစ်သက်လုံးလက်မတွဲနိုင်သူတွေကို ဘယ်လိုမျိုးအလွဲခံပြီး၊ ဘယ်လောက်များဒုက္ခအရောက်ခံပြီး ချစ်ခဲ့ဖူးပါသလဲ။ တစ်ချိန်ချိန်မှာ ခွဲရမယ်မှန်းသိသိနဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို မဆုံအောင်လုပ်မှာလား၊ ဆုံပြီးမှဝေးရတဲ့ မျဉ်းဆုံလိုမျိုး ကြုံချင်သလား တစ်ခါတရံ ဝေခွဲမရဖြစ်ခဲ့ဖူးပါသလား။ ဒီဂျာမန် အချစ်ကားလေးထဲမှာတော့ ဒီလိုမျိုး ခံစားချက်တွေရဲ့ လေးနက် ပြင်းထန်မှုကို လှလှပပဖော်ကျူးထားပါတယ်။ ဇာတ်လမ်းကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေ ပြင်သစ်ဝင်သိမ်းတဲ့နောက်ခံအခြေအနေကို ယနေ့ခေတ်ပုံစံနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျော့ဂ်ျဟာ တေလေတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက် အကူ အညီ တောင်းတာကြောင့် ပြည်ပကိုထွက်ပြေးဖို့ကြိုးစားနေတဲ့ နာမည်ကြီးဂျာမန်စာရေးဆရာဝိုက်ဒယ်လ် ကို သူပုန်းတဲ့နေရာမှာသွားတွေ့ပြီး စာ(၂)စောင် သွားပေးပါတယ်။ ဒါပေမယ့် ဝိုက်ဒယ်လ်သေနေသွားတဲ့အတွက် မာဆေးလ်မြို့အထိသွားပြီး ဒီသတင်းကို သူ့မိတ်ဆွေတွေဆီပေးဖို့ဖြစ်လာပါတယ်။ မာဆေးလ်မြို့ကို အရောက်မှာ သူဟာ မိန်းမတစ်ယောက်နဲ့ ကလေးငယ်လေးတစ်ယောက်ကို ချစ်မိသွား၊ သံယောဇဉ်တွယ်မိသွားပါတယ်။ အဲဒီ အချစ်စိတ်၊ သံယောဇဉ်စိတ်တွေနဲ့ သူ့ရဲ့ အတ္တတစ်ကိုယ်ကောင်းဆန်မှုတို့ လွန်ဆွဲကြပါတော့တယ်။ သူရဲ့အတ္တကပဲ အနိုင်ရမလား၊ အချစ်စိတ်ကပဲ အောင်ပွဲခံ အသာရသွားမလားဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဗျာ။ နောက်ပြီး ဒီဇာတ်ကားက ဆုကြီး ၉ဆုတောင်ရရှိထားပါတယ်.. File Size : (1.2GB) and (496 MB) Quality : Blu-Ray  1080P, 720p Format…mp4 Duration…01:41:00 Genre : Sci-Fi, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Ko Myo (Kop) Encoded by Phyo Pyae

Action • Thriller • War
6.6 2018 101 mins
Transit
Decibel
6.8

Subtitle လိုအပ်ချက်များ ပြင်ဆင်၍ တစ်ဖန် ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။ Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအညွှန်း ... ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။ ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။ လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို့ အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။ အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ... (ဇာတ်လမ်းအညွှန်းကို ကို Phyo Pyae က ရေးပေးထားပါတယ်။) File Size          : 2.5GB, 896MB, 418MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 50mins Genre              : Action, Drama, Horror Translated by Hnin Win, Tiff & Miri Encoded by Kinnov

Action • Crime • Thriller
6.8 2022 110 mins
Decibel
Blockers
6.3

ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ အသေကိုခွီထားတာရယ်နေရတာပါးစပ်ကိုမပိတ်နိုင်ဘူးလို့ပြောချင်ပါတယ်။ IMDB Rating 6.7 , Rotten Tomato 83% ရထားပြီးတော့ WWE ချန်ပီယံဖြစ်တဲ့ John Cena ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးဟာသသရုပ်ဆောင်များဖြစ်တဲ့ Leslie Mann နဲ့ Ike Barinholtz တို့ကပါဝင်အားဖြည့်ပေးထားပါတယ်။ လူငယ်သရုပ်ဆောင်တွေက တော့ချောပြီးချစ်စရာကောင်းကြတဲ့ Kathryn Newton, Geraldine Viswanathan နဲ့ ပုပုသေးသေးချစ်စရာလေး Gideon Adlon တို့ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်း နှုတ်ဆက်ကပွဲမှာ လိင်ဆက်ဆံဖို့သဘောတူညီချက်လုပ်ထားကြတဲ့ သမီးသုံးယောက်ကို မိဘသုံးယောက်က အမှတ်မထင်သိသွားလို့ တားဆီးဖို့ကြိုးစားတာကိုဟာသမြောက်အောင် တင်ဆက်ထားတာပါ။ အရမ်းချစ်လွန်းတဲ့မိဘတွေကြောင့် စိတ်မသက်မသာဖြစ်ရတဲ့ ကလေးတွေအကြောင်းကိုပါပြောထားပါတယ်။ နောက်ဆုံးတော့ ကလေးတွေနဲ့မိဘတွေနဲ့ဘယ်လိုပြန်အဆင်ပြေသွားမလဲဆိုတာ ရယ်ရင်းနဲ့ကြည့်လိုက်ကြပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (899 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by d3mon Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
6.3 2018 102 mins
Blockers
The Great Escaper
7.2

ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာ မင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့ မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီး ကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီး မင်းသားကြီး Michael Caine ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအနှစ်ချုပ် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့တဲ့ အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လိုတဲ့အတွက် သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေ ခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာ နေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့် စစ်မှုထမ်းဟောင်းကြီးမှာ တခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းက စိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါ သေးတယ်။ ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေး ချွတ်ယွင်းလာတာကို မသိသေးတဲ့ စစ်မှုထမ်းဟောင်းကြီးဟာ သူလုပ်စရာရှိတာကိုသာ သဲကြီးမဲကြီးအာရုံစိုက်နေရာက ဘဝတူစစ်ပြန်ကြီး Arthur ရဲ့အကူအညီကြောင့် မမျှော်လင့်ထားတဲ့နေရာကို ရောက်ခဲ့ပါတော့တယ်။ ခရီးသွားဟန်လွဲဆုံရတဲ့ Arthur ရဲ့ နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိမလဲ၊ Bernard သူရည်မှန်းထားတာတွေ အားလုံးလုပ်နိုင်ပါ့မလား။ သူတွေ့ချင်တဲ့အရာတွေနဲ့တွေ့နိုင်ပါ့မလား၊ ကျန်ရစ်ခဲ့တဲ့ ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်ရောက်တဲ့အထိ အသက်ရှည်ပါ့မလားဆိုတာ IMDB 7.2, Rotten Tomato 79% ရထားတဲ့ The Great Escaper ရုပ်ရှင်ဇာတ်ကားနဲ့ အတူစီးမျောရင်းခံစားသက်ဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…1.28GB / 499MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by miyamoto

7.2 2023
The Great Escaper
A Biltmore Christmas
8

လူစီ ဟာ့ဒ်ဂရိုဗ့်ဟာ သူ့အရမ်းကြိုက်နှစ်သက်ခဲ့ရတဲ့ ခရစ်စမတ်ရုပ်ရှင်ဖြစ်တဲ့ His Merry Wife! ဆိုတဲ့ ဂန္တဝင်ရုပ်ရှင်ကို ပြန်ပြီးရိုက်ကူးဖို့အတွက် ဇာတ်ညွှန်းရေးဆရာမ တစ်ယောက်အနေနဲ့ အလုပ်ရခဲ့ပါတယ်. ၁၉၄၇ ခုနှစ်မှာရိုက်ခဲ့တဲ့ အဲဒီ့ရုပ်ရှင်ဟာ ဘေ့လ်မိုးဆိုတဲ့ အိမ်ကြီးမှာ ရိုက်ခဲ့ကြတာဖြစ်ပြီးတော့ တကယ့် ဂန္တဝင်ခရစ်စမတ်ရုပ်ရှင် အဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်. စတူဒီယိုက လူစီရေးထားတဲ့ ဇာတ်သိမ်းနဲ့ပတ်သက်ပြီးတော့ သိပ်သဘောမကျတဲ့အခါ သူ့ကို အဲဒီ့ရုပ်ရှင် ရိုက်ကူးခဲ့တဲ့အိမ်ကြီးဆီကိုသွားပြီးတော့ ဇာတ်ညွှန်းပြန်ပြင်ရေးခိုင်းခဲ့ပါတယ်. ဒါပေမယ့် အဲဒီ့ရုပ်ရှင်ထဲမှာပါခဲ့တဲ့ သဲနာရီလေးတစ်လုံးကို အမှတ်မထင်တွေ့သွားပြီး အဲဒီ့သဲနာရီလေးက အတိတ်နဲ့ ပစ္စုပန်ကို ဆက်သွယ်ထားတဲ့ ပစ္စည်းလေးဖြစ်နေတဲ့အခါ…. လူစီကိုယ်တိုင်က အတိတ်ကိုသွားပြီးတော့ အနာဂတ်ကိုပြောင်းလဲပစ်နိုင်ဖို့ ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့အခါ….ပေါ့ပေါ့ပါးပါနဲ့ ခရစ်စမတ်ကာလလေးမှာ မိသားစုနွေးနွေးထွေးထွေးနဲ့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပါ. ခရစ်စမတ်ရုပ်ရှင်တွေအရိုက်များတဲ့ မင်းသမီးချော Bethany Joy Lenz အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်. File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo joe

8 2023
A Biltmore Christmas
Good Egg
5.6

Good Egg (2023) မကြာခင် အသက်၄၀ပြည့်တော့မယ့် ဂျက်ဆီကာက သူ့အရွယ်အမျိုးသမီးတို့ထုံးစံအတိုင်း ကလေးယူဖို့ခက်ခဲတာကို ကြိုးပမ်းရင်း ခင်ပွန်းဖြစ်သူနဲ့အတူ မမျှော်လင့်ဘဲ စွန့်စားခန်းကြုံလိုက်ရတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ ဂျက်ဆီကာက ဆရာမဖြစ်ပြီး ခင်ပွန်းဂေါ်ဒန်ကတော့ ဘဏ်တစ်ခုက အိုင်တီသမားဖြစ်ပါတယ်။ သူတို့လင်မယားက ကလေးယူဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ဂျက်ဆီကာရဲ့အသက်ကြောင့် အဆင်မပြေခဲ့ပါဘူး။ ဆရာ၀န်ရော ဂေါ်ဒန်ကပါ အလှူရှင်ဆီက မျိုးဥ၀ယ်ဖို့ တိုက်တွန်းပေမဲ့ ဂျက်ဆီကာက သူတို့ကလေးကို အမျိုးကောင်းသားလေးဖြစ်ချင်တာရော စာရွက်စာတမ်းပေါ်က အချက်အလက်ပဲသိရပြီး အပြင်မှာ မရင်းနှီးတဲ့သူဆီက မလိုချင်တာကြောင့်ပါ ကြန့်ကြာနေခဲ့ပါတယ်။ နောက်တော့ မထင်မှတ်ဘဲ ဘရစ်ဂျစ်ဆိုတဲ့မိန်းကလေးကို လူဆိုးတွေလက်က ကယ်မိရာကနေ သူ့ဆီက မျိုးဥ၀ယ်ဖို့ဖြစ်သွားပါတယ်… ဘရစ်ဂျစ်က ငွေ အရေးတကြီးလိုနေပြီး တရား၀င်မျိုးဥ၀ယ်ရင် အရမ်းဈေးကြီးတာကြောင့်ပါ။ ကံဆိုးတာကတော့ ဂျက်ဆီကာတစ်ယောက် ဘရစ်ဂျစ်နဲ့ပတ်သက်မိရာက သူ့ပြဿာနာထဲ‌ ရောပါသွားပြီး လူဆိုးတွေပြန်ပေးဆွဲတာခံရပါတော့တယ်။ တစ်ဖက်မှာလည်း ဂေါ်ဒန်က မိန်းမပျောက်လို့လိုက်ရှာရင်း လူဆိုးတွေလက်ကနေ ဂျက်ဆီကာကို ကယ်ထုတ်တာကို ဟာသလေးတွေနဲ့အတူ ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 955MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 33Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Thriller • Drama • Mystery • Crime
5.6 2023 93 mins
Good Egg
El Sur
7.8

‘ဒက္ခိဏတမ်းချင်း’ ဒီကားကိုမကြည့်ခင် ပထမဆုံးပြောချင်တာက တစ်ခေါက်တည်းကြည့်ဖို့စဥ်းစားထားရင်၊ ကိုယ့်ကိုယ်ကိုသံသယမခိုင်ပါဘူးလို့ယူဆထားရင်၊ အချိန်မရှိလို့ ဘာလဲသိချင်ရုံစပ်စုချင်တာဆိုရင်တော့ မိတ်ဆွေအနေနဲ့ လုံးဝ မကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီဇာတ်ကားဟာ Life is beautiful တို့ The boy in the stripped pajamas တို့လို ကြည့်ပြီးရင်ဘာမှမျက်ရည်ချူစရာတစ်ကွက်မပါဘဲနဲ့ ဆို့ဆို့နင့်နင့်ဝေဒနါတစ်မျိုးကို ၂ ရက်လောက် ကောင်းကောင်းကြီးပေးနိုင်လို့ပါ။ ပြီးတော့ ရစ်မကြည့်မိပါစေနဲ့။ စက္ကန့်တိုင်းမှာသရုပ်ဆောင်ချက်တွေဟာ တကယ်ကိုအသက်ပါလွန်းလို့ပါ။ IMDB 7.8 ထက်ပိုထိုက်တန်တဲ့ဒီစပိန်classicရုပ်ရှင်မှာ စကားလုံးနည်းနည်း တင်ပြပုံကောင်းကောင်းနဲ့ ဖခင်မေတ္တာရယ် ယောကျ်ားတစ်ယောက်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့အချစ်ဆိုတာရယ်ကို တစ်လွှာချင်းပြထားပြီး ခံစားပြီးတဲ့နောက်မှာတော့ မေးခွန်းတွေတသီကြီးနဲ့ ဇာတ်ကောင်တွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုပါ မေးနေမိပါလိမ့်မယ်။ ဖခင်ဖြစ်သူရဲ့မိသားစုအပေါ်ထားတဲ့အချစ်၊ သူ့အချစ်ဦးအပေါ်ထားတဲ့အချစ်၊ နောက်ဆုံးထွက်သက်အထိ သူ့မိဘအသံလေးကြားချင်ခဲ့ရှာတဲ့ သူ့မိသားစုအပေါ်ထားတဲ့အချစ် ဘယ်ဟာကချစ်တာ ဘယ်ဟာကမေတ္တာ ဘယ်ဟာကအပြစ် ဘယ်ဟာကဘာလဲ။ Spoil ရရင် နောက်ဆုံးအဖေနဲ့သမီးစကားပြောတဲ့အခန်းလေးရောက်ရင် တစ်သျှူးသာဆောင်ထားပါလို့။ Bonus Fact ပြောရရင် ဒီရုပ်ရှင်က တစ်ပိုင်းတစ်စကြီးနဲ့ရုံတင်ထားတာပါ။ ရိုက်ကူးချိန် ၈၁ ရက်စာ လျာထားပေမယ့် ၄၁ ရက်နဲ့ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဟာ ဆုပေါင်းများစွာရသည်အထိ ထိုက်တန်ရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး။ မူရင်းစာအုပ်ကတော့ Victor Erice ရဲ့ My father, the hero ဆိုတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex 666 ပါ။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alex 666

7.8 1983 95 mins
El Sur
Reverse the Curse

2023 ထွက် ဒီရုပ်ရှင်ကားလေးကတော့ အဖေနဲ့ သား ဆက်ဆံရေးကို ဘေ့စ်ဘောနောက်ခံလေးနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ Cast တွေကတော့ David Duchovny, Stephanie Beatriz, Logan Marshall-Green တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အဖေနေရာက သရုပ်ဆောင် David Duchovyရဲ့ ဝတ္ထု ကို သူကိုယ်တိုင်ပဲ Direct လုပ်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း အနေနဲ့ Marty ဟာ အဆုတ်ကင်ဆာကို ခံစားနေရပြီး အသက်ရှင်ဖို့လည်း သိပ်မကျန်တော့ပါဘူး။ သူက ဘေ့စ်ဘောအသင်း Boston Red Sox ကို အရူးအမူး အားပေးပေမယ့် Red Sox ဟာ ချန်ပီယံ မရတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ သူ့သားဖြစ်သူ Teddy ဟာ Red Sox တွေရဲ့ ပြိုင်ဘက် Yankees တွေရဲ့ ရုံမှာ မြေပဲ လိုက်ရောင်းပြီး စာရေးဆရာ ဖြစ်ဖို့ ကြိုးစားနေသူပါ။ အဖေ နဲ့ သားက စကားမပြော အဆက်အသွယ်မလုပ်တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး Marty ရဲ့ nurse ဖြစ်တဲ့ Mariana က Teddy ကို ဖုန်းဆက်ပြောမှ အဖေဖြစ်သူ Cancer ဖြစ်နေမှန်း သိရတာပါ။ ဒီလိုနဲ့ Teddy က ဖခင်ဖြစ်သူ နဲ့ အတူ သွားနေရင်း Mariana နဲ့လည်း ရင်းနှီးလာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ Teddy သိလာတာက Marty ရဲ့ ကျန်းမာရေးက Red Sox အသင်းရဲ့ အနိုင် အရှုံးနဲ့ ဆက်စပ်နေတယ် ဆိုတာပါပဲ။ Red Sox အသင်းကလည်း အရှုံးများနေတဲ့အတွက် Teddyက သူ့အဖေ ကျန်းမာရေး ကောင်းအောင် လှည့်ကွက်တွေ အမျိုးမျိုးသုံးရပါတော့တယ်။ သားရဲ့ ဘဝမှာ ပျက်ကွက်ခဲ့မိတဲ့ အဖေနဲ့ အဲ့ဒီအတွက် အဖေ့ကို အပြစ်ပေးပြီး ရှောင်ဖယ်နေခဲ့တဲ့ သားရဲ့ ဆက်ဆံရေးက ဝမ်းနည်းစရာလည်း ကောင်းပြီး ကြည်နူးစရာလည်းကောင်းတာမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
Reverse the Curse
With a Friend Like Harry…

IMDb 7.1/10 Rotten Tomato 96% ဒီဇာတ်ကားကတော့ ပြင်သစ်ဇာတ်ကား ဖြစ်ပါတယ် ။လျို့ဝှက်သည်းဖိုဇတ်လမ်း တွေကြိုက်တယ်ဆိုရင်တော့ အတော်ပါပဲ ပြင်သစ်ရုပ်ရှင်တွေကလည်းလျှော့တွက် မရတဲ့ အထဲပါပါတယ်။ တစ်ချို့ဇာတ်ကား တွေဆို ကမ္ဘာကျော်တဲ့အပြင် အတွဲလိုက် လက်မလည်အောင်ရိုက်နေရတဲ့ကားတွေ လည်းတွေ့ဖူးပါတယ်။ ဒီဇတ်ကားထဲမှာ ပြင်သစ်ပြည်က တောင် တန်းတွေနဲ့ ကျေးလက်အပန်းဖြေအိမ် လေးကသဘောကျစရာပါပဲ။ကလောမြို့ ကိုတောင်အမှတ်ရမိပါသေးတယ်။ ပြင်သစ်ခေတ်ဟောင်း တေးဂီတနဲ့သီချင်း ကိုလည်း ဇာတ်နဲ့လိုက်ဖက်အောင်သုံး ပေးထားပါတယ်။ ဒါရိုက်တာက Dominik Moll ပါ။ ဇတ်လမ်းအကျဥ်း မီရှယ်ပတ်ဖ်က ဇနီးသည်ကလယ်ရာ သမီးသုံးယောက်တို့နဲ့အတူ သူတို့ဝယ် ထားတဲ့ပြင်သစ်ပြည်တောင်ပေါ်ကျေး လက်က အပန်းဖြေအိမ်မှာ အားလပ် ရက်အပန်းဖြေဖို့တက်လာကြပါတယ်။ ကားကအဲယားကွန်းမပါပူတော့ကလေး အကြီးကဂျီကျတဲ့အပြင်အငယ်ဆုံးက လည်း တစ်ကျီကျီငိုလာပါတယ်။ လမ်းမှာခဏနားတဲ့အချိန် သန့်စင်ခန်း ထဲမှာမီရှယ်ကကျောင်းတုန်းကအတန်း ဖော် ဟာရီနဲ့ဆုံပါတယ်။ ဟာရီကမှတ်မိပေမဲ့ မီရှယ်ကမမှတ်မိ ပါဘူး။ ခရီးဆက်ထွက်မယ်လုပ်တော့ စကားစပ်မိကြပြီး ဟာရီနဲ့သူ့ရည်းစား ပလမ်းတို့ ဆွစ်စလန်သွားမယ့် ခရီးစဥ် ကိုခဏဆိုင်းငံ့ပြီး မီရှယ်တို့အိမ်ကိုလိုက် လည်မယ် ဖြစ်သွားပါတယ်။ အိမ်မှာညစာစားတော့ ဟာရီက ကျောင်း မဂ္ဂဇင်းမှာ မီရှယ်ရေးခဲ့တဲ့ကဗျာကိုအလွတ် ရွတ်ပြပါတယ်။အဖွင့်အခန်းလောက်ပဲ ရေးရသေးတဲ့ ဝတ္ထုကိုလည်းဆက်ရေးဖို့ တိုက်တွန်းပါတယ်။ ဟာရီက မီရှယ် စာဆက်မရေးတာကိုနှမြောနေပါတယ်။ မီရှယ်မှာ ကလေးသုံးယောက် ဝေယျာဝစ္စ အိမ်ပတ်လည် နဲ့အိမ်ကိုလိုအပ်တွေလုပ် ရ အဖေနဲ့အမေကိုဖုန်းဆက်ရနဲ့မအား ဖြစ်နေပါတယ်။ကလယ်ရာစျေးဝယ်သွား ရင်း ကားပျက်ပါတယ်။ဟာရီနဲ့မီရှယ် ရောက်လာပြီးကလယ်ရာနဲ့မီရှယ်စကား များကြပြန်ပါတယ်။ ကလယ်ရာစျေးဝယ် ပြီးတဲ့အခါ ဟာရီကလာကြိုပေးပါတယ်။ လမ်းမှာကလယ်ရာတို့မိသားစုဘဝကို မေးမြန်းအကြံပေးရင်းဟာရီကစိတ်ကူး ပေါက်ပြီးစျေးကြီးတဲ့ ဖိုးဝှီးကားတစ်စီးကို မီရှယ်တို့အတွက်ဝင်ဝယ်ပေးလိုက်ပါတယ်။မီရှယ်တို့ကလက်မခံချင်ပါဘူး။ဒါပေမဲ့ မီရှယ့်မိဘတွေကိုဟာရီဝယ်ပေးတဲ့ကားနဲ့သွားခေါ်ရဖို့ဖြစ်လာပါတယ်။ မီရှယ့်အဖေက ဟာရီ့ကိုမှတ်မိပါတယ်။ ဖိုးဝှီးကားအကြောင်းကို မီရှယ့်အဖေက တုတ်ထိုးအိုးပေါက်ပြောလို့ ဟာရီမျက် နှာပျက်ပြီးချက်ချင်းထသွားပါတယ်။ မီရှယ့်မိဘတွေကလည်း မီရှယ့်အိမ်မှာ မအိပ်ပဲဟိုတယ်မှာအိပ်သလို ဟာရီတို့ အတွဲကလည်းဟိုတယ်မှာသွားအိပ်ပါ တယ်။ အဲဒီညမှာပဲ မီရှယ်တို့အတွက်ထိတ်လန့် တုန်လှုပ်စရာကိစ္စတွေဖြစ်လာပါတော့ တယ်။ထိတ်လန့်တုန်လှုပ်စရာတွေရဲ့ နောက်ခံအကြောင်းရင်းက ဘာတွေဖြစ် မလဲ။သူတို့တွေဘာတွေဆက်ကြုံရမလဲ ဆိုတာတော့ ဖန်သားပြင်ပေါ်မှာဆက် ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ရသအချို့ မိသားစုတွေမှာအခက်အခဲတွေရှိတယ် ကိုယ့်ရဲ့တိုးတက်မှုတွေကိုပိတ်ပင်နေ တယ်ထင်ရတောင် ပန်းကလေးတွေ ပွင့်လန်းလာတာကိုကြည်ကြည်နူးနူး ထိုင်ကြည့်ရသလိုပဲဆိုတာ ဒီဇတ်ကား မှာပြထားပါတယ်။ မိဘနဲ့သားသမီးကြားကသံယောဇဥ်နဲ့ စေတနာတွေ ချွေးမနဲ့ယောက္ခထီး ယောက္ခမကြားကဆက်ဆံရေးတွေတွေ့ ရပါမယ်။ သားသမီးတစ်ချို့ရဲ့ မိဘတွေအပေါ် သဘောထားကလည်း ကြောက်စရာပါ လားတွေးမိပါလိမ့်မယ်။ သည်းထိပ်ရင်ဖိုကားတစ်ခုထက်ပိုတဲ့ ဇာတ်ကားတစ်ကားလို့ညွှန်းပါရစေ။ File size…(2 GB)/(938 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

Horror • Thriller
0 2000
With a Friend Like Harry…