YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Adult.Trainee.2021.EP6.WEB-DL.1080P(CM).mp4

767.07 MB 1080p video/mp4 139 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raksha Bandhan
7.2

ဒီဇာတ်ကားလေးကတော့ အရှေးကူမားရဲ့မေတ္တာစာဖွဲ့ကားလေးလို့ ပြောရမယ်..စွန့်လွှတ်အနစ်နာခံတဲ့ အစ်ကိုကြီး အဖရာ နေရာကနေ သရုပ်ဆောင်ထားတယ်.. အိန္ဒိယနိုင်ငံအတွင်းမှာက သတို့သမီးဘက်က သတို့သားကို တင်တောင်းရတယ် သမီးမွေးထားတဲ့ မိဘတွေက တစ်သက်လုံးလျှာထွက်အောင်ရုန်းရတယ် သူတို့သမီးလေး ယောက္ခမအိမ်မှာ မျက်နှာမငယ်ရဖို့အတွက် တင်တောင်းငွေများများပေးပြီး မင်္ဂလာဆောင်ပေးတဲ့ ဓလေ့ဆိုပါတော့... ဒါတင်မကသေးဘူး တချို့သားရှင်တွေက ဘယ်လောက်ဆိုးလဲဆိုရင် တင်တောင်းငွေပေးပြီး ပေးစားလိုက်ပြီးတာတောင် ပွဲတော်အခါသမယတွေရောက်တိုင်း ဟိုဟာပေးပါဦး ဒီဟာပေးပါဦးနဲ့ ထပ်တောင်းကြသေးတယ် မပေးရင်တော့ ဒီသမီးမိန်းကလေးက စိတ်ချမ်းချမ်းသာသာနဲ့ မနေရ သိမ်ငယ်ရတာပေါ့ ဒီအဖြစ်ဆိုးမျိုးတွေနဲ့ ဓလေ့ကြီး ရိုက်ခတ်အခံရဆုံးသူကတော့ ချန်ဒီချော့မြို့လေးအတွင်းမှာ နေထိုင်သူ လာလာကီဒါနသ်ဆိုသူပေါ့...မိဘတွေဆုံးပါးသွားကြပြီးနောက် ညီမလေးယောက်ဖြစ်သူကို ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ရသူပေါ့... ညီမလေးတွေ အရွယ်ရောက်လာတော့ သူတုိ့လေးတွေကို မင်္ဂလာဆောင်ပေးရမယ့် ဝန်ထုပ်ကြီးက သူ့ခေါင်းပေါ်မှာ ပိနေသလို ချစ်ရသူလေးကလည်း သူ့ကိုလက်ထပ်ပေးဖို့ ဂျီကျလာတဲ့အခါ မိခင်မဆုံးခင်ကလည်း သူညီမလေးယောက်ကို မင်္ဂလာဆောင်ပေးပြီးမှ သူလက်ထပ်ပါ့မယ်လို့ ကတိပေးထားခဲ့လေတော့.... မိခင်ကိုပေးထားတဲ့ ကတိကိုတည်နိုင်အောင်ကြိုးစားဖို့ပဲ အားသန်နေတဲ့ လာလာတစ်ယောက်... ကတိတည်နိုင်ပါ့မလား.... သူ့အချစ်လမ်းခရီးဖြောင့်ဖြူးနိုင်ပါ့မလား... ရှေ့ဆက်ပြီးတော့ အရှေးကူမားရဲ့ထုံးစံအတိုင်းအလွဲလေးတွေနဲ့ ခွီရမယ့်အပြင် လောကဓံကရိုက်ခတ်လာတဲ့အခါ ဝမ်းနည်းစရာလေးတွေကြုံလာရမှာမို့ ဒီကားလေးဟာ ခွီလည်းခွီရ ငိုလည်းငိုရနဲ့ ပညာပေးရိုက်ကူးထားတဲ့ အရှေးကူမားရဲ့ မိသားစု ဒရာမာ ဟာသကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်... File size…4.1GB / 2.03GB / 1.04GB Quality…4k HEVC WEBDL  / 1080p WEB DL / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Crime • Thriller
7.2 2022 110 mins
Raksha Bandhan
Pet Sematary
5.7

စတီဖန်ကင်းရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ၁၉၈၉ တုန်းက တစ်ခေါက်ရိုက်ကူးဖူးခဲ့ပြီး အခုကတော့ ဇာတ်ညွှန်းအနည်းငယ်ပြောင်းပြီး ထပ်မံရိုက်ကူးထားတာမို့ အရသာအသစ်ခံစားရမှာပါပဲ။ ဒီဝတ္ထုဟာ စာရေးဆရာကိုယ်တိုင်ကြောက်မိတယ်လို့ ဝန်ခံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ စာရေးဆရာကိုယ်တိုင်က ဇာတ်လမ်းထဲက အိမ်မျိုးမှာနေမိပြီး သူ့ရဲ့ ကလေးတွေသာ ဒီလိုဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ရေးခဲ့တာမို့ တွေးကြည့်ပြီး စိမ့်ကြောက်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။ စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။ (မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်) ဇာတ်လမ်းအကျဉ်း ============ မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။ သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ သူတို့အိမ်နားက လမ်းသွယ်လေးမှာတော့ အဲဒီမြို့လေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်္ဂြိုလ်တဲ့ နေရာလေးတစ်ခု ရှိနေပါတယ်။ အဲဒီနေရာရဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုကို မူတည်ပြီး ဒီဇာတ်လမ်းဖြစ်ပေါ်လာတာမို့ နောက်ထပ်ဘာမှ မပြောပြတော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီး ခံစားလိုက်ပါ။ Littleneo ဘာသာပြန်သည် File Size : 740MB Quality : Blu-Ray --720p Running Time : 1hr 41min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Littleneo Encoded by THZ

Drama
5.7 2019 101 mins
Pet Sematary
Ali and Nino
6.8

ဒီဇာတ်ကားဟာ 1918 ခုနှစ်က မူဆလင်ကောင်လေးနဲ့ ခရစ်ယာန်ကောင်မလေးတို့နှစ်ယောက်ရဲ့ အချစ်ကိုပုံဖော်ထားတာပါ။ မူရင်းဝတ္ထုကလည်း အတော်အသင့်နာမည်ရှိပါတယ်။ ရေနံတွင်းတွေပေါများလှတဲ့ အဇာဘိုင်ဂျန်ကို ရုရှားတွေသိမ်းထားပြီး ပထမကမ္ဘာစစ်ဖြစ်နေချိန်ပေါ့။ အဇာဘိုင်ဂျန်ဟာ ပါရှား၊ ဂျော်ဂျီယာနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဥရောပတိုက်နဲ့ အာရှတိုက်အကြားကနိုင်ငံဖြစ်တဲ့ အတွက် အချက်အချာကျလှပါတယ်။ ရုရှားကိုလိုနီနိုင်ငံဖြစ်တဲ့အတွက် နိုင်ငံအတွင်းမှာ ရုရှားမိတ်ဖက်စီးပွားရေးသမားတွေလည်း ခြေရှုပ်လှပါတယ်။ အဇာဘိုင်ဂျန်မင်းသား အလီနဲ့ ဂျော်ဂျီယာမင်းသမီး နီနိုတို့ဟာ လူမျိုးမတူ၊ ဘာသာကွဲပြားတဲ့ကြားက ချစ်ခဲ့ကြပါတယ်။ အဇာဘိုင်ဂျန်ဘုရင်က သူတို့အချစ်ရေးကို သဘောတူပေမဲ့ ‌နီနို့အဖေဂျော်ဂျီယာမင်းသားကတော့ ရှုပ်ထွေးလှတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် အချိန်ဆွဲလျက်ရှိပါတယ်။ ဒါ့အပြင် နီနိုကို မော်စကိုစီးပွားရေးသမားတစ်ယောက်ကလည်း အပိုင်ကြံဖို့ကြိုးစားနေပါတယ်။ ရှုပ်ထွေးလှတဲ့နိုင်ငံရေးတွေကြားမှာ အလီနဲ့နီနိုတို့ ဘယ်လိုဆုံဆည်းကြမလဲဆိုတာကို ကမ္ဘာစစ်နောက်ခံထားပြီး ကြည့်ရှုရမှာဖြစ်တဲ့အတွက် သမိုင်းစိတ်ဝင်စားသူ အချစ်ဇာတ်လမ်းကောင်း ကြိုက်သူတို့အတွက် လက်မလွှတ်သင်တဲ့ဇာတ်ကားတစ်ကားပါ။ File size…1.37GB / 578MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Romance , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TayTo

Action • Adventure • Thriller
6.8 2016 100 mins
Ali and Nino
Good Kids
6.1

Good Kids (2016) သူငယ်ချင်းတွေနဲ့အတူဗရုတ်ကျခဲ့ကြတဲ့ လူငယ်ဘဝအမှတ်တရတွေ လူတိုင်းကိုယ်စီရှိကြမှာပါ။ အဲဒီလိုပဲ ဒီဇာတ်လမ်းကလည်း ကောလိပ်ဝင်တော့မယ့် Teenager Squad တစ်ခုရဲ့ အမှတ်တရနွေရာသီပေါ့။ အန်ဒီ စပိုက်စ် လိုင်းယွန်း နဲ့ နိုရာဆိုပြီး သူငယ်ချင်းလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒီ Squad ကတော့ ကောလိပ်ကောင်းကောင်းဝင်နိုင်ဖို့ စာပဲလုပ်ခဲ့တဲ့ ဟိုက်ပါအဖွဲ့ပါ။ အတန်းထဲမှာ ဆရာမအိမ်စာထပ်ခိုင်းဖို့မေ့နေရင် ထသတိပေးလို့ အတန်းဖော်တွေမေတ္တာပို့တာခံရတဲ့အဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက ဘယ်ခေါ်ခေါ်မလိုက်တဲ့သူတို့ အထက်တန်းပြီးတဲ့အထိ ပါတီဆိုတာလည်း ဘာမှန်းမသိပါဘူး။ ဒီလိုနဲ့ လိမ္မာရတာပျင်းလာတဲ့ သူတို့အဖွဲ့က အရင်ကမလုပ်ဖြစ်တာတွေ ဒီနွေရာသီမှာ တစ်ခုချင်းလုပ်ပြီး အပီအပြင်ကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟိုက်ပါလေးယောက် ဗရုတ်သုတ်ခတွေလုပ်ရင်း အရှုပ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးအပန်းဖြေရင်းကြည့်ရှုလိုက်ပါဦး… (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 730MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 26Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Family • Drama
6.1 2016
Good Kids
North Country
7.3

2005ခုနှစ်ကထွက်ရှိထားပြီး IMDb 7.3/10ထိ ရရှိထားတဲ့ Trial Drama ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ဂျိုစီအိမ်းဆိုတဲ့ အမျိုးသမီးဟာ ကလေးနှစ်ယောက်မိခင်ပါ အကြီးကောင်လေး ဆမ်မီကိုတော့ အဖေမပေါ်ဘဲ မွေးထားတာဖြစ်ပြီး သမီးလေး ခယ်ရန်ကိုတော့ လက်ရှိအိမ်ထောင်က ရရှိခဲ့တာပါ သူအိမ်ထောင်ကွဲတဲ့အချိန်မှာတော့ မိဘတွေဆီကို ပြန်လာနေပြီး သတ္ထုတွင်းမှာ အလုပ်လုပ်ရင်း ကလေးတွေကို ထောက်ပံ့နိုင်အောင် ကြိုးစားပါတော့တယ် ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်ကိုင်နေတဲ့ သတ္ထုတွင်းက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို နေ့စဉ်နဲ့အမျှ ခံစားနေခဲ့ရတာပါ ဂျိုစီတစ်ယောက်ယောက်အလုပ်ဝင်ချိန်မှာတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု မခံရအောင် ကြိုးစားပါတော့တယ် အဖေမပေါ်ဘဲ ကလေးတစ်ယောက် မွေးထားသူဖြစ်တာကြောင့် တစ်မြို့လုံးမှာ နာမည်ဆိုးထွက်နေတဲ့ ဂျိုစီဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို တွန်းလှန်ရာမှာ အခက်အခဲများစွာနဲ့ ကြုံတွေ့ရပါတော့တယ် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေဟာလည်း အလုပ်ပြုတ်မှာစိုးရိမ်တဲ့အတွက် သူ့ဘက်က ရပ်တည်မပေးခဲ့ကြပါဘူး ဂျိုစီတစ်ယောက် တရားမျှတမှုရရှိအောင် ဆောင်ရွက်နိုင်မှာလား ဆိုတာကိုတော့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ…… File size…(2 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

7.3 2005 126 mins
North Country
It Follows
6.8

It Follows (2014) Horror, Mystery . — Storyline — It Follows က ကျွန်တော်ကြည့်ဖူးတဲ့ Horror ကား‌တွေထဲကမှ ကြောက်ဖို့အကောင်းဆုံးကားတွေထဲက ပါပါတယ်။ တခြားကားတွေလို audience မကြောက်ကြောက်အောင် ဖြဲခြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် သူ့ဟာသူရူးသွပ်နေအောင် လုပ်ထားတဲ့ကားပါ။ . Teenager ကောင်မလေးတစ်ယောက် တစ်ညမှာ သူ့ဘဲနဲ့ ကားထဲ ဇာတ်လမ်းတွေဖြစ်သွားတယ်။ ဒါက သူတို့ဆီမှာ ဘာမှမထူးဆန်းပါဘူး။ ဘာသွားဖြစ်လဲဆိုတော့ ကောင်လေးဆီက ကျိန်စာ curse လိုမျိုးတစ်ခုက ကောင်မလေးဆီရောက်လာတယ်။ အဲဒီမှာ လူနဲ့တူတဲ့ သရဲ/အကောင် ဘာမှန်းညာမှန်းမသိတဲ့ လူတစ်ယောက်က ကောင်မလေးနောက်လိုက် follow လုပ်ပါတယ်။ အစက ကောင်လေးဆီလိုက်ပေမဲ့ နှစ်ယောက်သား sex လုပ်လိုက်တဲ့အတွက် ကောင်မလေးနောက် လိုက်လာတာပါ။ အဲဒီ လိုက်တဲ့အကောင်ကို အလိုက်ခံရတဲ့လူတွေပဲမြင်ရပါတယ်။ Follow လုပ်တယ်ဆိုပေမဲ့လည်း လမ်းလျှောက်တဲ့ speed က zombie လောက်ပဲရှိတယ်။ အရမ်းနှေးလို့ ရှောင်ပြေးလို့တော့လွယ်ပေမဲ့ ဘယ်နေရာသွားသွား ရောက်အောင်လိုက်ပါတယ်။ မိရင် အသတ်ခံရမှာဖြစ်ပြီးတော့ အသတ်ခံခဲ့ရင် အရင် ဟိုကောင်လေးဆီလိုက်မှာပါ။ အဲဒီအတွက် ဒီဟာကိုရှောင်ပြေးနိုင်ဖို့ဆိုရင် ကောင်မလေးဟာ တစ်ခြားတစ်ယောက်နဲ့ အိပ်ပြီး အဲဒီတစ်ယောက်ကို ဒီ curse လွှဲပေးလိုက်ဖို့ပါ။ ပြီးရင် အဲကောင်ကလည်း တစ်ခြားတစ်ယောက်နဲ့ ဆက်လုပ် ဆက်လုပ်နဲ့ မပြီးတော့မဲ့ပုံပါပဲ။ ဒါကိုကောင်မလေး လွတ်အောင် ရုန်းရတဲ့ ဇာတ်လမ်းပါ။ . — Review — Story က ကြည့်လိုက်ရင် တော်တော်အူကြောင်ကြောင်နိုင်ပါတယ်။ Sex အသားပေးကားလို့ထင်ရတယ်။ ဒါပေမဲ့မဟုတ်ပါဘူး။ အဲကိစ္စတွေက ပါတယ်ဆိုရုံလောက် သဘောလောက်ပဲပါပါတယ်။ ဇာတ်လမ်းက သေချာစဉ်းစားကြည့်ရင် တော်တော်ကြမ်းပါတယ်။ ကိုယ့်နောက်ကို လူတစ်ယောက်က ကိုယ့်ကိုမမိမချင်း လိုက်နေတယ်။ ဘယ်သူနဲ့တူမှန်းလည်း မသိဘူး။ ဘယ်အချိန်ရောက်လာမယ်မှန်းလဲမသိဘူး။ ဥပမာ ကိုယ်တစ်ယောက်ယောက်နဲ့စကားပြောနေတုန်း နောက်ကရောက်လာရင်ဘယ်လိုလုပ်မလဲ။ သူများတွေလဲမြင်ရတာမဟုတ်။ ညအိပ်နေတုန်း ရောက်လာရင်ရော။ ကိုယ်နောက်တစ်ယောက်နဲ့အိပ်လိုက်လို့လည်း ဒီကိစ္စက အေးသွားတာမဟုတ်ပါဘူး။ တကယ်လို့ အဲလူကိုမိသွားရင် ကိုယ့်ဆီပြန်လာနိုင်တယ်။ တွေးစရာတွေ တော်တော်များပါတယ်။ . ဒီကားက တစ်ကားလုံးမှ ဒေါ်လာ (၂)သန်း budget နဲ့ရိုက်ထားတဲ့ကားပါ။ ရိုက်သွားတာ တော်တော်မိုက်ပါတယ်။ ဇာတ်လမ်းအရ သရဲ/အကောင်က မှောင်မှ လိုက်သတ်တဲ့ တခြားကားထဲက သရဲမဟုတ်လို့ ညဘက်ကြီး မီးရုတ်တရက် ပြတ်သွားတာမျိုးမရှိဘူး။ ချောင်းကြည့်ပြီး ကြောက်အောင် ခြောက်နေတာမျိုးလည်း မပါဘူး။ Follow လုပ်ပြီး မိရင်သတ်တယ်ဆိုလို့ နေ့ခင်းကြောင်တောင်ကြီး လူတစ်ယောက် ဖြေးဖြေး ပုံမှန်နဲ့ လမ်းတည့်တည့်ကြီးလျှောက်လာတာတွေ့ရရင်ကို ကြည့်တဲ့ကောင်က ကြက်သီးထနေပြီ။ တီးလုံးကလည်း instrumental လိုမျိုးမဟုတ်ဘဲ Ex Machina ထဲကလိုမျိုး Electro လိုမျိုးတွေ သွားထားတယ်။ တော်တော်လည်း ကျောချမ်းဖို့ကောင်းတယ် တီးထားတာ။ . It Follows က low budget film တစ်ကားပါ။ နာမည်ကြီး ဒါရိုက်တာ မင်းသားမင်းသမီးတွေမဟုတ်ဘဲ ရိုက်ထားတယ်ဆိုပေမဲ့ တော်တော်ကြီးကို ကောင်းတဲ့ကားပါ။ နာမည်လည်းမကြားဘူး၊ cove ကြည့်တော့လည်း ဘာလိုလို ညာလိုလိုထင်ရတယ်။ International rating တွေကြည့်လိုက်တော့မှ တော်တော်ကြမ်းမှန်းသိရတယ်။ Horror ကားကောင်းကောင်း ကြိုက်တဲ့လူတွေ ကြည့်သင့်တယ်။ ကြည့်ပြီးတဲ့ပိတ်သတ်တွေရှိရင်လဲ ဒီဇာတ်ကားလေးအပေါ် အမြင်လေးတွေမန့်သွားကြပါဦး။ ? . — Info — Director : David Robert Mitchell Starring : Maika Monroe , Keir Gilchrist , Daniel Zovatto , Jake Weary , Olivia Luccardi , Lili Sepe Production company : Northern Lights Films , Animal Kingdom , Two Flints Running time : 100 minutes Box office : $20.6 million . — Ratings — Datshin: 4/5 IMDB: 6.9/10 Rotten Tomatoes: 96% Admin KPK (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။)

Drama • History
6.8 2014 101 mins
It Follows
Shining for One Thing
5.9

C Drama ပရိသတ်ကြီးအတွက် လူငယ်အချစ်ဒရာမာလေးတစ်ကား CMမှတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက သာမန်ကျောင်းသားကားတွေနဲ့မတူတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးရင်သူတစ်ဖက်သတ်ချစ်နေခဲ့ရတဲ့ ကောင်မလေးကိုဖွင့်ပြောမယ်လို့ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ရှိုးပွဲတစ်ခုမှာမတော်တဆပေါက်ကွဲသွားပြီးတော့ ပြန်ဖြည့်ဆည်းမရနိုင်တဲ့နောင်တတွေရခဲ့တယ်။ ဒါပေမယ့် ရုတ်တရက်သူနိုးလာတော့ ကျောင်းသားလေးက အတိတ်ကိုပြန်ရောက်သွားတာကိုသိလိုက်ရတယ်။ ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ချစ်သူကိုကာကွယ်ဖို့ကြိုးစားရင် တိတ်တခိုးအချစ်ကို ဖွင့်ဟနိုင်ဖို့သတ္တိတွေမွေးလာခဲ့ပါတယ်။ ဒါပေမယ့် ဒီအရာတွေအားလုံးကသူထင်သလိုရိုးရှင်းနိုင်ပါ့မလား…… လူငယ်လေးရဲ့ဆန္ဒတွေကိုပြည့်ဝအောင်လုပ်နိုင်ပါ့မလား…… သူ့ရဲ့တစ်ဖက်သက်အချစ်ကရော လှပတဲ့အဆုံးသတ်ရှိပါ့မလား……

5.9 2024
Shining for One Thing
Blessed You
6

Blessed You (2023) U/A 13+ Comedy/ Drama/Family IMDb 6.1/10 အိမ်မှာ အပျို လူပျိုပေါက်တွေရှိတဲ့ မိဘတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားလောက်ညွှန်းပေးပါရစေ အာရှရဲ့ သာမန်မိသားစု တစ်ခုမှာ ကြုံနေကျဖြစ်ရပ်လေးတွေကို ဟာကွက်မရှိတစ်ခုချင်းပြသွားတာလေးတွေကိုမြင်တွေ့ရမှာပါ အစပိုင်းမှာ ပေါ့ပေါ့ပါးပါးလေး ဆွဲခေါ်သွားပြီး နောက်ပိုင်းရောက်လေလေ ပိုပြီးဆွဲဆောင်နိုင်လေလေပါပဲ ကြည့်ရှုသူရဲ့ခံစားချက်ကို ဆွဲတင်လိုက် ရိုက်ချလိုက် ပရိတ်သတ်ကပေါ့ပေါ့ပါးပါးကြိုတွေးထားတာလေးတွေကိုလဲ ပြောင်းပြန်လုပ်ပစ်လိုက်တာတွေက အားမလိုအားမရနဲ့ တကယ်ဆွဲဆောင်မှုရှိပါတယ် အင်ဒိုဇာတ်ကားလေးဖြစ်ပြီးတော့ အင်ဒိုမင်းသမီးချော Syifa Hadju လဲအမြင်ကပ်လောက်အောင်ချစ်ဖို့ကောင်းတယ်ဗျာ ဇာတ်လမ်းလေးကတော့ မယ်လ် ဆိုတဲ့ ကောင်မလေးနဲ့ ဆက်ရာဆိုတဲ့ ကောင်လေးနှစ်ယောက်က ဟိုးငယ်ငယ်လေးကတည်းသူငယ်ချင်းတွေ သူတို့အမေတွေကလဲ အချစ်ဆုံးသူငယ်ချင်းတွေ သူတို့ကို မိဘချင်းသဘောတူပြီးမြန်မြန်ယူစေချင်ကြတာ သူတို့ချင်းကလဲ ချစ်တယ်ဆိုတော့ ကဲ ဘာလိုသေးလဲလို့ တွေးလိုက်ရင်တော့မှားသွားမှာပါ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတွေ အတ္တတွေကို ပေါ့ပေါ့ပါးပါးလေးကနေ တကယ့် serious ဖြစ်အောင်ရိုက်ပြသွားမှာပါ သားသမီးတွေရဲ့ ခံစားချက် မိဘတွေရဲ့ ခံစားချက် နှစ်ခုကို ယှည်ပြီးကြည့်လိုက်ရင် ဘယ်ဘက်ကမှ မမှားတာကိုလဲ တွေ့ရမှာပါ ဘယ်ဘက်က အလျော့ပေးသွားမလဲဆိုတာကိုတော့… မိသားစုနဲ့အတူတူကြည့်ဖို့ တကယ်သင့်တော်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Comedy, Drama, Family Quality…. 1080p | 720p File size… 1.2GB | 511MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Drama • Family • Romance
6 2023
Blessed You
Do the World Darts 2
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ဒုတိယမြောက်ကားဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီ အပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနှင့် ရှန်ရုံတို့နှစ်ယောက်က လွန်ခဲ့တဲ့၂၅နှစ်က လုံချီနန်းတွင်းစစ်တပ်မှာ ရဲဘော်ရဲဘက်တွေဖြစ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အချင်းချင်းတိုင်းပြည်သစ္စာဖောက်လို့ အထင်လွဲပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြတယ် ဒီလို သူတို့နှစ်ယောက်တိုက်ခိုက်နေတုန်းမှာပဲ ရှန်ရုံက ထူးဆန်းစွာနဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ် အဲ့နောက်မှာတော့ ဝမ်ကျောက်ရှင်းက ရှန်ရုံကိုသတ်တယ်ဆိုပြီးစွပ်စွဲခံရလို့ ထွက်ပြေးသွားခဲ့ပြီး ဝမ်ကျောက်ရှင်းရဲ့သားဖြစ်တဲ့ဝမ်ကျန့်ဝေးနဲ့ ရှန်ရုံရဲ့သမီးဖြစ်တဲ့ရှန်ဖေးယန့်တို့က ပူးပေါင်းပြီး တရားခံအစစ်ကိုရှာဖွေဖော်ထုတ်ကြတဲ့ ပုံပြင်လေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ဝမ်ကျောက်ရှင်းက စွပ်စွဲခံရမှုကို ဘယ်လိုဖြေရှင်းပြီးဝမ်ကျန့်ဝေးနဲ့ရှန်ဖေးယန့်တို့က တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်

5.8 2007
Do the World Darts 2
The Lost Cave of the Arctic Sea
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သင်္ချိုင်းဖောက်တဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…… ပင်လယ်ကျွန်းတစ်ကျွန်းပေါ်မှာ နန်ယွဲ့ရှေးဟောင်းသမိုင်းဝင် နေရာဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီနေရာက နန်ယွဲ့အမတ်ချုပ်ကြီး လွီကြားတဲ့ ရတနာတွေ ဖွက်ထားတဲ့ နေရာဖြစ်တယ်လို့ ပြောနေကြပါတယ်…… တိုက်ဖွန်မုန်တိုင်းကြီး ကျရောက်ခါနီးမှာ ထူးခြားတဲ့ နားကြားစွမ်းရည်ရှိတဲ့ ဝူဟိန်ကို နန်ယွဲ့သမိုင်းလေ့လာနေတဲ့ ကုလင်က အကူအညီတောင်းခဲ့တဲ့အတွက် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လွီကျားတို့ခေတ်ထက် ပိုဝေးတဲ့ သမိုင်းဝင်ဂူကြီးတစ်ခုကို တွေ့သွားတဲ့အခါ စွန့်စားရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်…… တရုတ်သင်္ချိုင်းဖောက်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ပုံရိပ်ယောင်တွေ တစ္ဆေတွေ မိစ္ဆာတွေ သင်္ချိုင်းထဲက ထူးဆန်းတဲ့အကောင်ကြီးတွေ မျိုးစုံကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် အသည်းငယ်သူတွေတော့ သတိလေးနဲ့ ကြည့်ကြပါလို့……

Horror
5.8 2024
The Lost Cave of the Arctic Sea
Bal Naren
6.7

Bal Naren (2024) (လူငယ်ရွာလူကြီးလေး) နာရန်ဆိုတဲ့ကောင်လေးရဲ့အဖေဗီရန်ဒရာဟာ ရွာလူကြီးရွေးကောက်ပွဲပြိုင်ပွဲမှာ အနိုင်ရပြီးတော့ ရွာလူကြီးဖြစ်လာခဲ့ပါတယ်။ ဗီရန်ဒရာဟာ ရွာလူကြီးစဖြစ်လာတာနဲ့ အရင်ဆုံး ရွာသန့်ရှင်းရေးကို အရင်လုပ်ဆောင်ခဲ့ပါတယ်။ သို့ပေမဲ့လည်း ရွာမှာက အမှိုက်ဆိုလည်း တွေ့ရာနေရာချ, ညစ်ပတ်ကြတဲ့အတွက်ကြောင့် ခြင်တွေယင်တွေ ပေါက်ဖွားမှုနှုန်းကလည်း အရမ်းကိုများပြီးတော့ သွေးလွန်တုတ်ကွေးရောဂါနဲ့ သေဆုံးကြတဲ့သူတွေ များလာခဲ့ပါတယ်။ အဲဒီလိုသေဆုံးရတဲ့သူတွေအထဲမှာ ရွာလူကြီး ဗီရန်ဒရာကိုယ်တိုင်လည်း ပါဝင်သွားခဲ့ပြီးတော့ ရွာအတွက်ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရတာပေါ့ ။ နာရန်ဟာ သူ့အဖေလိုပဲ ရွာလူကြီးဖြစ်ချင်ခဲ့ပြီးတော့ ရွာရဲ့အကျိုးကို သယ်ပိုးချင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ နာရန်လေး ကျောင်းတတ်တဲ့အရွယ်ကိုရောက်လာတဲ့အခါမှာ သန့်ရှင်းမှုအကြောင်းကို သေချာလေးသင်ကြားခဲ့ရပါတယ်။ သင်ကြားထားတဲ့ သင်ခန်းစာတွေကို အခြေခံပြီးတော့ သူ့ရွာကို သန့်ရှင်းသာယာပြီး တိုးတက်တဲ့ရွာလေးဖြစ်ဖို့ နာရန်တစ်ယောက် ကြိုးစားလုပ်ဆောင်ပါတော့တယ်။ ဒီလိုနဲ့ ကိုရိုနာရောဂါတွေဖြစ်လာတဲ့အချိန်မှာတော့ နာရန်တစ်ယောက် သူ့ရွာလေးကို ဒီရောဂါဆိုးကြီးရန်ကနေ သူတတ်စွမ်းနိုင်သလောက်အသိဉာဏ်ကိုသုံးပြီးတော့ ဘယ်လိုတွေ ကာကွယ်လုပ်ဆောင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Alex~ V~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်)

6.7 2024
Bal Naren
Pyaar Diwana Hota Hai
5

Pyaar Diwana Hota Hai (2002) – ထူးဆန်းသောချစ်ခြင်းတရား သီတင်းကျွတ်အခါသမယလေးမှာ အိမ်တွင်းအောင်းကြမယ့် ပရိသတ်တွေအတွက် ဘောလီးဝုဒ်အချစ်ဟာသကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ (၂၀၀၂) ကထွက်ထားတာဆိုတော့ ကားဟောင်းလေးဆိုပေမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ နယူးဒေလီလို မြို့ကြီးမှာ အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ မြို့ပေါ်တက်လာတဲ့ ကျေးလက်ဒေသရွာလေးတစ်ရွာက ဆွန်ဒါ…အနုပညာမှာထူးချွန်သလို ရုပ်ရည်ကလည်းသန့်ပြန်ချောမောပေမယ့် ဂေါ်မစွံသေးတဲ့လူပျိုကြီးဆွန်ဒါ… မြို့ပေါ်က လူလည်ကြီးသားသမီး သူငယ်ချင်းတွေက ဗျူဟာတွေခင်းပေးပေမယ့် ဂေါ်မစွံဖြစ်နေရှာတဲ့ ဆွန်ဒါတစ်ယောက် ပါယယ်ခူရာနာဆိုတဲ့ မိန်းမချောလေးတစ်ယောက်နဲ့ အမှတ်မတင်ဆုံစည်းခဲ့မိပြီး မိန်းမချောလေးရဲ့အချစ်ကိုရဖို့ ဟန်ဆောင်လိမ်ညာခဲ့ရင်းကနေအစပြုပြီးတော့…… ဇာတ်လမ်းလေးအဆုံးမှာ ဂေါ်မစွံလူပျိုကြီးတစ်ယောက် မိန်းမချောလေးနဲ့ပေါင်းဖက်ခွင့်ရမလားဆိုတာကို ကြည့်ရှုခံစားရင်း သီတင်းကျွတ်အခါသမယကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ကြရအောင်လား။ (အညွန်းနဲ့ဘာသာပြန်ကိုတော့ Bollywood Team မှ ရေးသားပေးထားတာဖြစ်ပါတယ်)

5 2002
Pyaar Diwana Hota Hai
Family Gbese
3.4

Family Gbese (2024) IMDb Rating (3.4) Family Gbese က ဒါရိုက်တာ Michelle Bello ရိုက်ကူးပြီး Chinaza Onuzo ရေးသားခဲ့တဲ့ Nigerian ဟာသဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက မိသားစုအပေါ် သစ္စာရှိမှု၊ ရည်မှန်းချက်နဲ့ ကိုယ်ရဲ့ဆန္ဒနဲ့ မိသားစုဝတ္တရားနှစ်ခု ဆန့်ကျင်လာတဲ့အခါ ပေါ်ပေါက်လာတဲ့ ကိုယ်ကျင့်တရားအကျပ်ရိုက်မှုတွေကို ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: အောင်မြင်နေတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ Nnamdi Nwagba ရဲ့ ဘဝက လောင်းကစားစွဲနေတဲ့ သူ့အစ်ကို Gozie ရဲ့ အကြွေးတွေကြောင့် နှောင့်ယှက်မှုကိုခံခဲ့ရတယ်။ အန္တရာယ်များတဲ့ လူဆိုးဂိုဏ်းမှာတင်နေတဲ့ Gozieရဲ့ အကြွေးတွေကြောင့် Nnamdi သူ့မိသားစုကို ကာကွယ်ဖို့နဲ့ သူနဲ့စေ့စပ်ထားတဲ့ အစိုးရဘက်ကချစ်သူနဲ့ ဆက်ဆံရေးကိုထိန်းသိမ်းဖို့ကြား အကျပ်ရိုက်ခံရပါတော့တယ်။ ​ မိသားစုရှုပ်ထွေးမှုတွေနဲ့ သစ္စာရှိမှုကြောင့် စတေးရမဲ့အရာတွေပေါ်ပေါက်လာပြီး Nnamdi ဘယ်အရာတွေကို ရွေးချယ်ကာကွယ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ “Family Gbese” က mixed reviews တွေ ရထားပြီး Imdb မှာတော့ 3.9 out of 10 ရထားပါတယ်။ Critics တွေက ဒီဇာတ်လမ်းဟာ Nigerian ယဥ်ကျေးမှုအတွင်းက ဆက်စပ်မှုရှိတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားပေမဲ့ မှန်းဆရလွယ်တယ်လို့ မှတ်ချက်ချထားပါတယ်။ NollyCritic က ဒီဇာတ်လမ်းမှာ Technical flaws လေးတွေ အနည်းငယ်ရှိပြီး ဇာတ်လမ်းက comedy ဘက်သွားမလား serious ဘက်သွားမလား တစ်သမတ်တည်းမရှိဘူးလို့ ဝေဖန်ထားပါတယ်။ ​ဒီလို mixed reviews တွေရထားပေမဲ့ “Family Gbese” က commercial အရတော့ အတော်လေးအောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်စထွက်တဲ့ ပထမနှစ်ပတ်မှာပဲ ₦28 million ( $36,000 ဝန်းကျင်) ကျော်ရထားပြီး ပရိသတ်စိတ်ဝင်စားမှုကို အများအပြားရထားပါတယ်။ စာရေးသူအနေနဲ့တော့ ​Nigerian တွေရဲ့ လူမှုစံနှုန်းတွေကြားက မိသားစုပြဿနာကို ​အခွီတွေနဲ့ရိုက်ကူးထားတဲ့ ကြည့်ပျော်စရာ ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်လို့ မြင်မိပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:28:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Romance
3.4 2024 89 mins
Family Gbese
Cu Li Never Cries aka Cu Li không bao gio khóc
6.7

Cu Li Never Cries aka Cu Li không bao gio khóc (2024) IMDb: 6.7/10 ဗီယက်နမ်ဒါရိုက်တာ အသစ်ဖြစ်တဲ့ Phạm Ngọc Lân ရိုက်ကူးထားပြီးတော့ ဇာတ်လမ်းလေးကို မင်းသမီးက ယောကျ်ားဖြစ်သူဆုံးပါးပြီးတဲ့ နောက်မှာ ဇာတိမြေကို ပြန်လာတဲ့ အချိန်နဲ့ အစပြုထားပါတယ်။ သူနဲ့အတူလည်း သူ့ယောကျ်ားရဲ့ နောက်ဆုံးလက်ဆောင်တွေဖြစ်တဲ့ ဖန်ခွက်အကွဲတစ်ခုရယ် ၊ မျောက်နဲ့ တူသလိုရှိပြီး ကူလီလို့ခေါ်တဲ့ အကောင်လေးတစ်ကောင်လည်းပါလာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ မင်းသမီးက ယောကျ်ားကွယ်လွန်ပြီးနောက် ဇာတိမြေဖြစ်တဲ့ ဟနွိုင်းမြို့ကို ပြန်လာရာကနေ အစပြု့ထားပါတယ်။ အရင်တချိန်ငယ်ရွယ်စဉ်အခါက အလွန်သာယာလှပခဲ့တဲ့ မြို့ကြီးဟာ အခုလက်ရှိမှာတော့ မျက်စီနှင့် မြင်နေတာကိုတောင် မယုံကြည်နိုင်ဖွယ်ရာ အလွန်ကိုမှ ပြောင်းလဲ သွားခဲ့ပြီဖြစ်ပါတယ်။ သူမလေးကလည်း နောက်ဆို လက်ထပ်တောမှာဖြစ်ပြီး အရာအားလုံးဟာ သူ့အတွက်တော့ အရင်လိုကိုမဟုတ်နေခဲ့တော့တာပဲဖြစ်ပါတယ်။ တူမလေးနဲ့ကလည်း အသက်ရွယ်ကွာခြားလွန်းတာကြောင့်လည်း နေရာအတော်များများမှာ ဘဝင်မကျရတာတွေလည်း ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အတိတ်ကအကြောင်းရာများကို လွမ်းဆွတ်မိပြီး အတိတ်ကနေ့ရက်တွေကို ပြန်လည်မြင်ယောင်နေရတာတွေကိုလည်း‌ သေချာလေးရိုက်ပြထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့ မိသားစုရဲ့ နက်နဲတဲ့ အချစ်တွေ ၊ မေတ္တာတွေ၊ သံယောဇဉ်တွေနဲ့ အတိတ်က လွမ်းဆွတ်ဖွယ်ရာ အမှတ်တရာတွေရှိနေရခြင်းကို သဘောပေါက်နားလည်စေပြီး မိသားစုဝင်အားလုံးကိုလည်း သက်ရှိထင်ရှားရှိစဉ်မှာ ချစ်ပေး၊ နွေးထွေးပေး ၊ကူညီဖေးမပေးပြီး အားလုံကို အတူတူရင်ဆိုင် သင့်ကြောင်းကို သေချာလေး အထူးတလည်လေး ရိုက်ပြထားသော ဗီယက်နမ်ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။ ဒီကားလေးက အပိုင်းတိုင်းလိုလိုဟာ တည်ငြိမ်အေးချမ်းပြီး ရိုးရှင်းစွာ ရိုက်ပြထားသောကြောင့် သဘာဝကျတဲ့ ဇာတ်ကားတွေကို နှစ်သက်တဲ့သူတွေ အတွက် လုံးဝအကြိုက်ဖြစ်စေမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ အညွှန်းနှင့် ဘာသာပြန်ကိုတော့ Brian မှတင်ဆက်ပေးထားပါတယ် ခင်ဗျာ။

6.7 2024 93 mins
Cu Li Never Cries aka Cu Li không bao gio khóc
Montauk

ဒါကတော့ မြို့လေးတစ်မြို့က အတူတူကြီးလာတဲ့သူငယ်ချင်းအုပ်စုလိုက်ဟာ သူတို့ဉာဏ်မမှီတဲ့ကိစ္စအကြီးကြီးတွေကို ဖြေရှင်းဖို့လုပ်ရင်း ပျားအုံကိုမှတုတ်နဲ့သွားထိုးမိသလိုဖြစ်တဲ့ လူငယ်ကားလေးပါပဲ ။ ဒီထဲမှာ ပထ်ထ်ဆိုတဲ့ကောင်မလေးနဲ့ သူ့အပေါင်းအပါတို့တစ်သိုက်က သူငယ်ချင်းဖြစ်သူရဲ့ ဘဏ်ကသိမ်းခံရတော့မဲ့ ဘားကိုကယ်ဆယ်နိုင်ဖို့အတွက် ကျန်ရာမရတော့တဲ့အဆုံး လွန်ခဲ့တဲ့နှစ်‌ရာကျော်က ကြိုးပေးသတ်ခံလိုက်ရတဲ့ ပင်လယ်ဓားပြကြီးရဲ့ ပျောက်ဆုံးနေတဲ့ ကျွန်းပေါ်ကရတနာသိုက်ကိုရှာပုံတော်ဖွင့်ကြမှာပါ ။ ကြားရရင် နည်းနည်းရူးချင်စရာပေမဲ့ လူတိုင်းငယ်ဘ၀မှာ ဘာလုပ်လုပ်မှန်တဲ့အယူလက်စွဲပြီး စွန့်စားခန်းတစ်ခုကိုတော့ အမြဲထွက်ခဲ့ကြမှာပဲ ။ ဒီအုပ်စု‌ကလဲ ကျွန်းပေါ်ရောက်သွားတဲ့အခါ နက်နဲတဲ့သမိုင်းကြောင်းရှိနေတဲ့ ထိုနေရာကြီးမှာ ဘယ်လိုတွေကြုံတွေ့လာရမလဲ ။ ဘယ်လိုလျှို့ဝှက်ချက်တွေက‌ရော အဲ့နေရာမှာကိန်းအောင်းနေမလဲ ။ ဒီတစ်သက်ဖြုန်းမကုန်မဲ့ ရတနာဆိုတာကရော ပုံပြင်ပဲလား တကယ်ရှိတာလားဆိုတာတွေကို ကြည့်ရှု့သွားရမှာပါနော် ။ File size…(1.6 GB)/(902 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Adventure, Mystery, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Serenity

0 2025
Montauk