YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Action.U.S.A..1989.1080p.BluRay {CM}.mp4

2.57 GB 1080p video/mp4 34 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Collision
5.9

အာဖရိက ရုပ်ရှင်တွေကို စင်တင်ပေးဖို့ ကြိုးစားနေတဲ့ Netflix ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ ဒီဇာတ်ကားလေးကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေတည်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ယာဉ်တိုက်မှု တစ်ခုနဲ့ အစပြုထားပြီး အဲဒီနောက်မှာတော့ ဂျိုဟန်ဆိုတဲ့ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်က ဘဏ္ဍာစီမံမှူးအဖြစ် ရာထူးတိုးဖို့ ကြိုးစားနေတာတွေ့မြင်ရမှာပါ။ ခေတ်ကာလကတော့ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲအပြင် ဂျိုဘတ်မြို့သားတွေက နိုင်ဂျီးရီးယန်းတွေနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေကိုပါ မကျေမနပ် ဖြစ်နေကြတဲ့ အချိန်လေးပေ့ါ။ ဂျိုဟန်ရဲ့ ဇနီးနဲ့ ဂျစ်ကန်ကန်သမီး နစ်ကီတို့က အမေရိကန်သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြပါတယ်။ နစ်ဟာ အမေရိကား ခရီးကို လုံးဝစိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်း ရည်းစား ဆီဆဲလ်နဲ့ အတူ ကလပ်တက် ဆေးရှူ လုပ်ဖို့လောက်ပဲ စိတ်ဝင်စားပါတယ်။ တစ်ဖက်မှာတော့ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို အမေချစ်သား အနေနဲ့လည်း မျက်နှာနှစ်ဖက်နဲ့ တွေ့မြင်ရမှာပါ။ ပိုက်ဆံငါးသန်း မရှာနိုင်ရင် သူ့ရဲ့ ကျောင်းဆောက်တဲ့ ပရောဂျက်ကို ပိတ်ပစ်မယ်လို့ မြို့တော်ဝန်က ခြိမ်းခြောက်လိုက်တော့ သူလည်းနစ်ကို ပြန်ပေးဆွဲပြီး ငွေငါးသန်းညှစ်ပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသားတွေကို ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေတွေကြားမှာ သမီးကို ပြန်ရဖို့ သူ့ရဲ့ မိဘတွေ ဘယ်လိုကြိုးစားအားထုတ်ကြမလဲ? ဘာတွေဆက်ဖြစ်မလဲ? ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက် ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 1.7GB, 613MB, 285MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 39mins Genre : Crime, Drama, Thriller Translated by Poant Encoded by Kinnov

Action • Fantasy • Horror • Science Fiction • Thriller
5.9 2022 99 mins
Collision
Relic
6

ဒီဇာတ်ကားလေးကတော့ 2020ခုနှစ်ထွက် IMDb 6.4/10 ရထားတဲ့ horror/dramaဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ အသက်80အရွယ်အမေဖြစ်သူဟာ အိမ်က ရက်အတော်ပျောက်သွားတာကို နယ်မြေရဲဖြစ်သူက ဖုန်းဆက်လာတာကြောင့် သမီးဖြစ်တဲ့ ကေနဲ့ မြေးမလေး ဆမ်တို့ဟာ အဖွားရှိရှာ မြို့ကို ချက်ချင်းလာခဲ့ပါတယ်။ ရဲတွေနဲ့ပူးပေါင်းပြီး သူတို့သားအမိဟာ အမေဖြစ်သူကို ရှာခဲ့ပေမယ့်လည်း လုံးဝရှာမ ရခဲ့ပါဘူး။ ဒါပေမယ့် မထင်မှတ်တဲ့ တမနက်မှာတော့ အဖွားကြီးဟာ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ ပါတယ်။ ကေနဲ့ဆမ်ဟာ အဖွားဖြစ်သူကို ဘယ်ရောက်ခဲ့တာလဲ မေးခဲ့ပေမယ့်လည်း အသက်80အရွယ် အဖွား ကြီးဆိုတော့ မမှတ်မိခဲ့ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းချင်း အဖွားဖြစ်သူရဲ့ ပုံမှန်မဟုတ်တဲ့ မှတ်ညဏ်ချို့ယွင်းမှု တွေဖြစ်လာတာမို့ အဲ့လိုဖြစ်တာတွေကို သူတို့သားအမိရှာဖွေတွေရှိလာခဲ့ပါတယ်။ သူတို့သားအမိဟာ အဖွားရဲ့ မှတ်ညဏ်ချို့ယွင်းမှုကြောင့် မျက်စိအောက်က အပျောက်မခံပဲ သေချာစောင့်ကြည့်လိုက်တဲ့အခါမှာတော့ ထိတ် လန့်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ ဘယ်လို ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေလဲဆိုတာ ကိုတော့ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုခံစားပေးကြပါဦး........ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ YK ပဲဖြစ်ပါတယ်။) Quality – 720p WebRip Duration - 1 hr 32 min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Horror Source : 1080p.WebRip Translator – YK Encoder – SWM

Drama • Family
6 2020 89 mins
Relic
Nim’s Island
7

Nim’s Island(2008) ****************** Gerard Butler ကြီးရဲ့ နောက်ထပ် စွန့်စားခန်း ကားတစ်ကားဖြစ်ပါတယ်… လူသူမသိပေမယ့် အရမ်းလှပတဲ့သီးသန့်ကျွန်းလေးမှာ နှစ်ယောက်တည်းနေကြတဲ့ နင်းမ်နဲ့သူ့အဖေဂျက်ခ်။ နှစ်ယောက်လုံး စွန့်စားရတာဝါသနာပါကြပြီး ဂျက်ခ်ကတော့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ နင်းမ်ကိုတစ်ယောက်တည်းထားခဲ့ပြီး ဂျက်ခ်တစ်ယောက် ပင်လယ်ထဲရှာဖွေရေးခရီးထွက်သွားတာကနေ မုန်တိုင်းမိပြီး လမ်းပျောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း နင်းမ်တို့သီးသန့်ကျွန်းကို အပျော်စီးသဘေႅာပေါ်ကရှာတွေ့ပြီ ကျွန်းကိုစီးပွားဖြစ်လုပ်မလို့ကြံစည်ပါတော့တယ်။ ထိုအချိန် တစ်ယောက်တည်းကျန်ခဲ့တဲ့နင်းမ်ကလည်း စာရေးဆရာမအလက်စ်ဇန်းဒြားနဲ့ အဆက်အသွယ်သွားရပါတယ်။ နာမည်ကြီးစွန့်စားသမားဇာတ်ကောင် “အဲလက်စ်ရိုဗာ”စာအုပ်ရေးခဲ့တဲ့သူဖြစ်ပေမယ့် အပြင်မှာကျ အိမ်အပြင်တောင်မထွက်ရဲတဲ့သူဖြစ်နေပါတယ်။ ဒါပေမဲ့ နင်းမ်အကူအညီတောင်းလာတဲ့အခါမှာတော့… သူတို့သီးသန့်ကျွန်းလေးပေါ် ကျူးကျော်လာတဲ့သူတွေကို နင်းမ်တစ်ယောက် အောင်အောင်မြင်မြင်မောင်းထုတ်နိုင်ပါ့မလား..နင်းမ်အဖေကရော ပြန်လာနိုင်ပါ့မလား.. အလက်စ်ဇန်းဒြားကရော ရောက်လာနိုင်ပါ့မလားဆိုတာကတော့.. File Size :(2.3GB)(1.2GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:36:00 Genre :Adventure, Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

7 2008
Nim’s Island
Ten Little Mistresses
7.2

Ten Little Mistressess (2023) 2023မှာ ထွက်ရှိထားတဲ့ Ten Little Mistresses ‌ဆိုတဲ့ Comedy, Mystery ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒွန်ဗယ်လန်တီဆိုတဲ့သူဌေးကြီးတစ်ယောက်ဟာ သူ့မိန်းမ ချာရိုဆုံးပြီး‌နောက်‌ မယားငယ်ဆယ်ယောက်ထားခဲ့ပါတယ်။ တစ်နေ့မှာ သူ့ရဲ့‌မွေးနေ့မှာ သူ့ရဲ့မယားငယ်အားလုံးကို အိမ်တော်ကိုဖိတ်ကြားခဲ့ပြီး လက်ဆောင်တွေပေးခဲ့ပြီး သူ့ဘဝအသစ်ပြန်စတင်ချင်ကြောင်းပြောကြားခဲ့တယ်။ ဒါပေမယ့် သူပြောခဲ့သလို မရိုးရှင်းခဲ့ပါဘူး သူ့ရဲ့မွေးနေ့မှာ သူ့ညီ ဒွန်ကွန်စတမ်တင်ကို သတ်ဖို့စီစဉ်ခဲ့ပါတယ်။ မယားငယ်အားလုံးကလည်း သူ့ရဲ့အစီအစဉ်တွေမသိခဲ့ဘဲ လက်ဆောင်တွေကိုပဲ မက်မောနေခဲ့ကြပါတယ်။ နောက်ဆုံးအသတ်ခံရတဲ့သူကတော့ သူ့ညီတင် မကဘဲ သူတို့ညီအစ်ကို နှစ်ယောက်လုံး ဖြစ်နေခဲ့ပါတယ်။ အားလုံးထင်ထားခဲ့သလို ဒွန်ဗယ်လန်တီက သူ့ရဲ့ညီကို သတ်ခဲ့တာ မဟုတ်ဘဲ မယားငယ်တစ်ယောက်က အကုန်သေချာ အကွက်ချစီစဉ်ခဲ့ပြီး နှစ်ယောက်လုံးကိုသတ်ခဲ့တာပါ။ ဘယ်သူ ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ရှုစားကြည့်ကြပါဦး။ ဇာတ်လမ်းက Comedy လည်းပါသလို မြုပ်ကွက်ကလေးလည်းပါတာမို့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Mystery Quality…. 1080p | 720p | 480p File size… 1.57GB | 798MB | 398MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Myo Myo Encoder ….. August

7.2 2023
Ten Little Mistresses
Amy’s F**k It List
5.1

Amy’s F**k It List (2023) လူ့ဘဝကြီးမှာ မသေခင်လုပ်ချင်တဲ့အရာတွေကို bucket list လုပ်တယ်ဆိုပြီး ကြားဖူးမှာပေါ့ ဘဝမှာ ကားဝယ်နိုင်ရမယ် ဟိုသွားနိုင်ရမယ် ဒီသွားနိုင်ရမယ် ဘာညာပေါ့ ခုဇာတ်ကားလေးထဲမှာလဲ အေမီဆိုတဲ့ကောင်မလေးက ရုတ်တရက်ကြီး ကင်ဆာရှိနေလို့ တစ်ပတ်လောက်ပဲ ခံတော့မယ်ဆိုတာသိလိုက်ရပါတယ် အဲ့အချိန်မှာ သူက bucket list ရဲ့ next level အနေနဲ့ F**ket list ဆိုပြီး ရှိသမျှသူ့ဘဝမှာ မကျေနပ်ခဲ့သမျှတွေကို လက်ခလယ်ထောင်ပြပါတော့တယ် ဇာတ်လမ်းလေးက ဘတ်ဂရောင်းမြူးဇစ်လေးနဲ့အတူ ခပ်မြူးမြူးလေးကြည့်ရှုရမဲ့အပြင် ဇာတ်ဆောင်မင်းသမီးနဲ့အတူ မိမိရဲ့မကျေနပ်ချက်တွေ လောကကြီးကို အရွဲ့တိုက်လိုက်ရသလိုခံစားရမှာပါ ဘဝရဲ့မွန်းကျပ်မှုတွေဖြေဖျောက်ချင်နေတဲ့သူတွေအတွက် အကူအညီဖြစ်ရအောင် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 720p File size… 594MB Format… mp4 Duration…. 1h 18min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. August

5.1 2023 78 mins
Amy’s F**k It List
Kung Fu Boys
5

ဆင်းဆင်းရဲရဲမွေးလာရတာနဲ့ အနိင်ကျင့်ခံနေရတော့မှာလား…… အကြားအာရုံချို့ယွင်းတာနဲ့ လှောင်ပြောင်ခံရတော့မှာလား….. လူငယ်လေးရဲ့သူရဲကောင်းအိပ်မက်က မဖြစ်နိုင်တဲ့တောင်းဆုတစ်ခုပဲလား…… နိဒါန်းမှာစုတ်ပြတ်နေလဲ နိဂုံးမှာဘုရင်အဖြစ်နဲ့ အဆုံးသတ်အောင်လုပ်နိုင်ပါတယ်။ ဆင်းရဲနုံချာပြီး အကြားအာရုံချို့ယွင်းနေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ထိပ်ဆုံးကိုရောက်ဖို့ကြိုးစားပြီ တိုက်ပွဲဝင်ပုံလေးကို နွေးထွေးတဲ့အချစ်တွေနဲ့ သတ္တိအစွမ်းတွေကိုဖော်ကျူးထားတဲ့ Kung Fu Boys ဒုတိယကား လူငယ်ကွန်ဖူးကားလေးဖြစ်ပါတယ်။ Quality – WEB DL 1080p,720p Format – mp4 Genres – Action, Drama Runtime – 1 hr 35 min Subtitle – Myanmar Subtitile (Hardsub) Translated by CM Team Reviewed by Nu Mon Encoded by LK

Action
5 2016
Kung Fu Boys
Ibiza
5

Ibiza (2019) Genre – Comedy IMDB – 5/10 ပေါ့ပေါ့ပါးပါးဖြစ်မယ့် ပြင်သစ် ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဖိလစ်ဆိုတာ အသက်ကြီးကြီး ခြေဖဝါးအထူးကု ဆရာဝန်တစ်ယောက်ပေါ့။ ရထားတဲ့ချစ်သူက မကြာသေးခင်မှ ကွာရှင်းထားတဲ့ အသက်ငယ်တဲ့ အမျိုးသမီး ကာရိုးလ်။ သူ့မှာကလည်း အရွယ်ရောက် သားတစ်ယောက် သမီးတစ်ယောက်ရှိတယ် ဖိလစ်လို ဘိုးတော်ကြီးကို သိပ်ပြီး အမြင်ကြည်လင်ကြတာ မဟုတ်ဘူး။ အဲဒီမှာ ကာရိုးလ်သားက စာမေးပွဲ ခဏခဏကျတော့ ဘဲကြီးကနေ စာမေးပွဲအောင်မယ်ဆို သွားချင်တဲ့နေရာ လိုက်ပို့မယ်ဆိုပြီး ပြောလိုက်တော့ အောင်သွားပါလေရော။ ဒီမှာတင် ဆရာသမားလေးက အီဘီဇာ သွားမယ်တဲ့ အီ ဘီဇာဆိုတာ လူတွေ အိပ်တောင် သိပ်မအိပ်ကြပဲ အပျော်အပါးတွေ ပါတီတွေ မူးယစ်ဆေးအစုံ ပွဲပေါင်းစုံရှိတဲ့ စပိန်ကျွန်းစုလေး တစ်ခုပါ ပါတီ လူငယ်တွေရဲ့ နတ်ဗိမာန်ပေါ့။ ဒီမှာတင် ဘဲကြီးလည်း အမေကို လိုချင်တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေအောင်ဆိုပြီး အီဘီဇာကို မဖြစ်သေးတဲ့ မိသားစုလိုက် ခရီးထွက်လိုက်ကြတာ ပေါက်ကရပေါင်းစုံ ဖြစ်ပြီး လွဲချော်ကြတာကို ကြည့်ရှုရမှာပါ။ သားဖြစ်သူရဲ့ အီဘီဇာသွားချင်ရခြင်း အကြောင်းရင်းတို့ သမီးဖြစ်သူကလည်း ဘယ်လိုဖောက်တာတို့ အမေကလည်း အီစီကလီဟောင်းနဲ့ တွေ့ပြီး ပွဲမှာ ဘယ်လိုကြမ်းကြတာတို့ ဘဲကြီးရဲ့ အူူတူတူ အလွဲတွေနဲ့ ဟာသဆန်ဆန် ကြည့်ရမှာပါ။ စာဖိုင်အနေနဲ့ ပြည့်စုံမှု မရှိတဲ့အတွက် တချို့နေရာများကို ရိပ်ကဲဖမ်း ပြန်ထားရလို့ လိုအပ်မှုရှိလည်း ကြိုတောင်းပန်ထားပါရစေပါ။ အီဘီဇာနဲ့ ပတ်သက်တဲ့ ဆိုရိုးလေးကတော့ “မင်းက အီဘီဇာကို ရွေးချယ်တာ မဟုတ်ဘူး အီဘီဇာက မင်းကို ရွေးချယ်တာ” လို့ အဆိုရှိပါလေရဲ့။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

5 2019 86 mins
Ibiza
Ratham
8.6

Raththam (2023) “ဂျာနယ်ကျော် ဦးကူးမား” IMDb-8.6/10 သူတောင်းစားကားတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ ဦးဆောင်ပါဝင်လာတဲ့ ဇာတ်ကားသစ်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ မင်းသားကတော့ သူ့ထုံးစံအတိုင်း အထာကျကျနဲ့ သရုပ်‌ဆောင်ချက်တွေ ပီပြင်တဲ့အပြင် အနုအကြမ်းအစုံရတာမို့ ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်မပျက်စေရမှာပါ။ ဇာတ်လမ်းအစမှာ သူတို့မင်းသားအကြောင်း မကောင်းရေးလို့ လူမိုက်တစ်ယောက်က သတင်းတိုက်ထဲဝင်ပြီး သတင်း‌ထောက်ကို ဓားနဲ့ထိုးသတ်သွားပါတယ်။ ဒီလိုလိုကိစ္စတွေက သတင်းထောက်လောကမှာ ပါမွှားလေးပါ။ သတင်းယူရတာ အန္တရာယ်ကြီးတဲ့အပြင် သတင်းရေးရတာလဲ အတိုက်အခိုက်ပေါင်းစုံ၊ အစိုးရ၊ လူမိုက်ဂိုဏ်း၊ ပြည်သူစတဲ့ ဘက်ပေါင်းစုံက ဖိအားများစွာနဲ့ပါ။ အဲ့သတင်းတိုက်မှာ အယ်ဒီတာချုပ်အဖြစ် single father ကူးမားတစ်ဖြစ်လဲ ဗီဂျေးရဲ့သရုပ်ဆောင်ချက်အလန်းတွေနဲ့အတူ စတုတ္ထမဏ္ဍိုင်အကြောင်းကို အချစ်အလွမ်းအကြမ်း ရသစုံစွာတင်ဆက်ပေးထားတာမို့ ပရိသတ်ကြီးကြည့်ရှုခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Horror • Action • Comedy
8.6 2023
Ratham
Gwen Shamblin: Starving for Salvation

ဖြစ်ရပ်မှန်‌ဇာတ်လမ်းကို ‌အခြေခံပြီး ရိုက်ကူးထားတဲ့ ဘာသာရေး ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဂွမ်ရှမ်ဗလင်လို့ခေါ်တဲ့ အမျိုးသမီးဟာ ဝိတ်ချနည်း သင်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ သူ့ဝိတ်သူ လိုချင်တဲ့ အနေအထားကို ထိန်းမထားနိုင်ခဲ့ပါဘူး ဒီလိုနဲ့ ဂွမ်ဟာ ဝိတ်ချနည်းကိုရှာဖွေရင်း ဝတ်ပြုရင်း ဝိတ်ချတဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ် ထိုနည်းလမ်းဟာလည်း တကယ်အောင်မြင်သွားပြီး ဂွမ်ထုတ်ဝေခဲ့တဲ့ စာအုပ်ဟာလည်း အောင်မြင်လာကာ ဂွမ် တစ်ယောက် ဝိတ်ချ ပရိုဂရမ်ကနေ ဘာသာရေး အသင်းတစ်ခုကိုပါ တည်ထောင်လိုက်ပါတော့တယ် ဒီလိုနဲ့ တဖြည်းဖြည်း အကြီး အကျယ် အောင်မြင်လာတဲ့ ဂွမ်တစ်ယောက် အောင်မြင်မှုကို ထိန်းထားနိုင်မလား အောင်မြင်မှုကြောင့် ဘာတွေဖြစ်လာမလဲဆိုတော့ ‌စောင့်ကြည့်ပေးကြပါဦးခင်ဗျာ…….. File size…(1.5 GB)/(670 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

0 2023
Gwen Shamblin: Starving for Salvation
M.S. Dhoni: The Untold Story
8

MS.Doni The Untold Story (2016) “ခရစ်ကတ်ကစားသမား ဒိုနီရဲ့ ဘဝစာမျက်နှာ” IMDb 8/10 RT score 75% ရုံတင်ငွေအရလဲ အောင်မြင်ခဲ့ပြီး cast နဲ့တင် လဲသေလို့ရတဲ့ biographical sport drama ကားလေးကို CM Bollywood ပရိသတ်ကြီးအတွက် ပြန်တင်ဆက်ပေးပါရစေ အဓိကဇာတ်ဆောင်တွေအဖြစ် PK ကားထဲက ဇာတ်ပို့မင်းသား ဆူရှန့်ဆင်းဂ် Shershaah ထဲက အချောလေး ကီရာရာ နဲ့ မြင်သူငေးမင်းသမီးလေး ဒီရှားတို့က ဦးဆောင်ပါဝင်ထားပါတယ် ဇာတ်လမ်းလေးကတော့ Test, ODI, T20I ချန်ပီယံ အိန္ဒိယခရစ်ကတ်နိုင်ငံ့လက်ရွေးစင်ဟောင်း မဟင်ဒရာဆင်းဂ် ဒိုနီရဲ့ ဘဝဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဗမာပြည်နဲ့ထူးမခြားနား စာမရမှာစိုးလို့ အားကစားမလုပ်ခိုင်းတဲ့ ကျောင်းပညာရေး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ ခရစ်ကတ်ဆိုတာကို စတင်သိရှိခဲ့ပြီး ကျောင်းလက်ရွေးစင်ကနေ နိုင်ငံ့ကိုယ်စားပြုတစ်ယောက်အထိ ဖြစ်လာဖို့ အောင်မြင်မှုတွေရရှိလာဖို့အတွက် နောက်ကွယ်က ပေးဆပ်ရုန်းကန်ခဲ့ရတဲ့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားလေးမို့ အားကျအတုယူဖို့လဲကောင်း ကြည့်ရတာလဲ ရသစုံလင်ပါတယ် Cast တွေနဲ့တင်ကြည့်ရတာတန်နေပြီမို့ မိုတီကားကောင်းလေးတွေကြိုက်နှစ်သက်တဲ့ Bollywood ပရိသတ်ကြီးအတွက် CM Bollywood Team ကနေ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8 2016
M.S. Dhoni: The Untold Story
Horrible Bosses 2
6.3

Horrible Bosses 2 (2014) IMDb Rating (6.3) / Rotten Tomatoes (35%) အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ…. သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ ဇာတ်လမ်းကတော့……. နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်… သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီး သက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့ အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲ နစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့ အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ် ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ သွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့.. သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ် ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ သည်းမခံနိုင်တော့တဲ့အဆုံး သူတို့အလုပ်ရှင်တွေကို သတ်ဖို့ ကြိုးစားကြပါတော့တယ်… ရယ်မောစရာနဲ့ ရင်ထိတ်စရာ မှုခင်းဟာသကားဖြစ်ပြီး ညစ်ညမ်းတဲ့ဟာသစကားလုံးတွေပါလို့ မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။ Horrible Bosses (2011) နဲ့ Horrible Bosses 2 (2014) ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါတယ်။

6.3 2014 108 mins
Horrible Bosses 2
Our Lady of the Assassins
6.8

‘Our Lady Of The Assassins’ ဆိုတဲ့ ဇာတ်ကားလေးက အသက်(၅၀)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့စာရေးဆရာ ဖာနန်ဒိုတစ်ယောက် သူ့မွေးရပ်ဇာတိဖြစ်တဲ့ မယ်ဒဲလ်ရင်မြို့ကို ပြန်ရောက်လာရာကနေဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ လိင်တူချစ်သူဖြစ်တဲ့ ဖာနန်ဒိုဟာ သူ့သူငယ်ချင်းရဲ့ အမျိုးသားဆောင်ကြာမြိုင်မှာ ဆယ်ကျော်သက်အရွယ် အဲလက်စ်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ရာကနေ သူ့ငယ်ဘဝမြို့ရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ ရာသီဥတုသာယာပြီးတော့ အလည်အပတ်သွားလို့ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့မယ်ဒဲလ်ရင်မြို့ကလေးရဲ့ အမှောင်ဖက်ခြမ်းလို့ဆိုရမယ့် ခိုးဆိုးလုယက်မှုတွေနဲ့ လူတွေရဲ့ အမှောင်ဖက်ခြမ်းကိုပါ ဇာတ်ကောင်တွေကနေတဆင့်ပြောပြသွားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖာနန်ဒိုဟာ အဲလက်စ်ကို မြို့တလျှောက်အလည်အပတ်သွားဖို့ အဖော်အဖြစ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်းနှစ်ယောက်ကြားက သံယောဇဉ်တွေဟာ မယ်ဒဲလ်ရင်မြို့ရဲ့ ပြောင်းလဲမှုလိုမျိုးပဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ အသက်အရွယ်ကွာခြားလွန်းတဲ့ ဖာနန်ဒိုနဲ့ အဲလက်စ်တို့နှစ်ဦးကြားက တွယ်တာမှု သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားမိပြီးတော့ထူးဆန်းတဲ့ လူ့သဘောသဘာဝကိုလည်း အေးအေးလူလူ ကြည့်ရှုနိုင်ခံစားနိုင်မယ်။ ဒီဇာတ်ကားဟာမှုခင်းရေးရာနဲ့ ချစ်ခြင်းမေတ္တာတို့ကို အဓိကဖော်ပြထားတဲ့ (၂၀၀၀)ခုနစ်ထွက် စပိန်ဘာသာစကားပြော ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ကိုလံဘီယာစာရေးဆရာ Fernando Vallejo ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိငယ် ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဖာနန်ဒိုနဲ့ အဲလက်စ်တို့ရဲ့ ချစ်ခြင်းမေတ္တာကကော သူတို့နှစ်ဦးတွေးထားသလိုမျိုး လွယ်ကူခရီးပေါက်နေမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ပြီး ခံစားသုံးသပ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Crime/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Doros

History • Drama • War
6.8 2000
Our Lady of the Assassins
[18+] Private Tutor
5

သုံးစားမရတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား ငနဲတစ်ယောက်ကို ရည်းစားတော်ထားပြီး ညီမငယ်ရဲ့ပညာရေးကိုလည်းထောက်ပံ့ပေးနေရတဲ့ Joy ဆိုတဲ့ ဆရာမလေးဟာ သူဌေးကြီးတစ်ဦးရဲ့သမီးကို စာပြပေးဖို့အလုပ်ကိုလက်ခံခဲ့ပါတယ်။ သူစာပြရတဲ့ တပည့်မလေးဟာ သူနဲ့ဝါသနာချင်းတူသလို သူသင်ကြားပေးသမျှကိုလိုက်နိုင်တာကြောင့် ရင်းနှီးမှုပိုလာရင်းက တစ်ဖြည်းဖြည်းစာသင်ယူမှုအားကျသွားတဲ့အတွက် အကြောင်းရင်းကိုစုံစမ်းတဲ့အခါ အပျိုဖော်ဝင်စ ကောင်မလေးဟာ တဏှာစိတ်တွေပြင်းထန်နေတာကြောင့်ဆိုတော့ သိလိုက်ရတဲ့နောက် သူကိုယ်တိုင် ဖြေဖျောက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကောင်မလေးရဲ့ဖခင် သူဌေးကိုယ်တိုင်ကလည်း ဇနီးသည်ဆုံးပါးပြီးတဲ့နောက် ဘယ်သူနဲ့မှ ဒိတ်မလုပ်ပဲ အနေကြာလာပြီး မျိုသိပ်ထားရတာတွေများနေပြီဆိုတာ သိရတဲ့နောက် Joy ဟာ ပရဟိတဝါသနာရှင်လေးပီပီ ထပ်မံကူညီမိခဲ့ပါတော့တယ်။ အဖေနဲ့သမီး နှစ်ယောက်လုံးနဲ့ပတ်သက်နေမိတဲ့ သင်္ချာဆရာမလေး Joy တစ်ယောက်သူ့ရဲ့ အချစ်ပုစ္ဆာတွေကို ဘယ်လိုအဖြေရှာမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.2GB)/(550MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:05:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 65 mins
[18+] Private Tutor
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love
Kadaisi Thotta
6.8

Kadaisi Thotta (2025) နောက်ဆုံးကျည်ဆန် သည်းထိတ်ရင်ဖို ဒရမ်မာ ပရိသတ်တို့အတွက် မှုခင်းဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ရက်ရှန်က အခုမှအိမ်ထောင်ကျပြီးတဲ့ သတို့သားအသစ်လေးပေါ့။ သူ့မိန်းမနဲ့ ပျားရည်ဆမ်းခရီးထွက်မယ်ဆိုပြီး ကျေးလက်တောရွာ ရှုခင်းလေးတွေရှိမယ့် အပန်းဖြေစံအိမ်တစ်ခုကို စီစဉ်ထားပါတယ်။ သူတို့ရောက်လို့မှ မကြာသေးပါဘူး ရက်ရှန်ဟာ ရှော့ခ်ရလောက်စရာ လူသတ်မှုမြင်ကွင်းကို တွေ့မြင်လိုက်ရပါတော့တယ်။ ကောင်မလေးတစ်ယောက်ကိုသတ်ပြီး အပန်းဖြေအိမ်ရာဝင်းထဲ စွန့်ပစ်ထားခဲ့တာပါ။ အဲဒီလိုနဲ့ ရဲတွေရောက်လာပြီး အမှုကိုစုံစမ်းစစ်ဆေးပါတော့တယ်။ စုံစမ်းထောက်လှမ်းရင်း ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေပါ ပေါ်ပေါက်လာတဲ့အခါမှာတော့…………… ရက်ရှန်ကရော ဒီအမှုနဲ့ဘယ်လိုပါဝင်ပတ်သတ်သွားရတာလဲ၊ လူသတ်မှုကရောဘာလဲ၊ အပန်းဖြေစံအိမ်နဲ့ အမှုအခင်းနဲ့ ဘာတွေ ဆက်စပ်နေမလဲဆိုတာ ခံစားကြည့်ရှု အဖြေထုတ်ကြည့်ကြရအောင်ပါ။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Drama • Horror • Thriller
6.8 2025
Kadaisi Thotta