YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ace Troops E13 CM.mp4

226.75 MB 720p video/mp4 755 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Organic Mama Hybrid Alludu
8

IMDb-8.1/10 တေလဂူးရဲ့ အကောင်းဆုံးဒါရိုက်တာ Flimfare ဆုရဖူးတဲ့ S.V Krishna Reddy ရိုက်ကူးထားတဲ့ တေလဂူး အချစ်ဇာတ်‌လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ CM ပရိသတ်ကြီး အပန်းပြေနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်း ဒါရိုက်တာဖြစ်ရဖို့ရူးသွပ်လွန်းတဲ့ ဗီဂျေးဟာသူ့ရဲ့ပွဲဦးထွက်နှစ်ကားမှာပဲ အရှုံးပေါ်ခဲ့လို့ မိသားစုကယုံကြည်မှုမရပဲ မိသားစုစီးပွားရေးကိုပဲလုပ်ဖို့ဖိအားပေးနေရတဲ့လူငယ်လေးပါ ဗီဂျေးကလည်း ဒါရိုက်တာပဲလုပ်ချင်တဲ့ခေါင်းမာပြီး ပါးနပ်ထက်မြတ်တဲ့လူငယ်တစ်ယောက်ဆိုတော့ အိမ်နဲ့အတိုက်အခံပေါ့ တစ်နေ့အဖေစိတ်ချမ်းသာဖို့ဆိုပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ ကွန်ဒါပီလီအရုပ်တွေတက်ရောင်းပေးရင်းကနေ မင်းသမီးလေးနဲ့ဆုံပါတော့တယ် မင်းသမီးလေးကလည်း သူကြွယ်သူဌေးမြေရှင်ကြီးရဲ့ တစ်ဦးတည်းသောချစ်မ၀သမီးလေးပေါ့ တွေ့ရာလူနဲ့ကြိုက်သွားမှာဆိုးလို့ ကျောင်းတောင်မထားရက်လောက်အောင် အချစ်ခံရတဲ့သမီးလေး သူဌေးသမီးလေး ဟာစီနီနဲ့ ရိုးသားကြိုးစားဖိုးသခွားဒါရိုက်တာလေးဗီဂျေး ရှေ့ဆက်ပေါင်းစည်းနိုင်မလား ဗီဂျေးကရောအိမ်မက်အတိုင်းအောင်မြင်တဲ့ဒါရိုက်တာကြီးဖြစ်နိုင်မလား ခံစားကြည့်ပါဦး File size…2.5GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2 h 22 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~NyeinAye

8 2023 148 mins
Organic Mama Hybrid Alludu
Infinite Storm
5.9

ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Drama/ Thrillerဇာတ်ကားတစ်ကားပါ။ စိတ်ဒဏ်ရာတွေရှိနေတဲ့ အသက်53နှစ်အရွယ် တောင်တက်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပမ်ဟာ အေးစက်လှတဲ့ နိုဝင်ဘာလမှာ ရာသီဥတုအခြေနေ ဆိုးဝါးနေမှန်းသိနေခဲ့ပေမယ့်လည်း Mount Washington ကို ခါတိုင်းလိုပဲတက်ခဲ့ပါတယ်။ ရာသီဥတုဆိုးလွန်းလို့ ပြန်လှည့်လာတဲ့အချိန်မှာတော့ နှင်းတွေကြားမှာ sneaker ဖိနပ်ခြေရာကိုတွေ့လိုက်ရင်း တောင်ပေါ်တက်ဖို့ဒီဖိနပ်စီးလာတဲ့သူတော့ ဒုက္ခရောက်နေမှာပဲ ဆိုပြီး လိုက်ရှာရာကနေ ... ပရဟိတစိတ်ဓာတ်ရှိလှပြီး လက်မလျှော့တတ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ ရဲရင့်ပုံနှင့် စွန့်စားပုံတို့ကို survival ဇာတ်ကားတို့ ထုံးစံအတိုင်း ပုံဖော်ရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size          :  1.8GB, 622MB & 320MB Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip & 480p Format            : mp4 Duration         : 1hr & 37mins Genre              : Thriller, Drama Translated by Moe Lay Encoded by Kinnov

Drama • Science Fiction
5.9 2022 97 mins
Infinite Storm
Agent Game
4.9

မင်းသားကြီး Mel Gibson ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက မကြာခင်ကမှထွက်ရှိလာတဲ့ အက်ရှင်ဇာတ်ကားသစ်ပါ။ Catagory ကတော့ Agent Game ဆိုတဲ့နာမည်အတိုင်းပဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ စပိုင်တွေ၊အေးဂျင့်တွေ နှစ်ကျပ်ကွက်ရိုက်တာတွေ စတဲ့တွေးစရာအပိုင်းတွေနဲ့အတူ ပစ်ခတ်ဖောက်ခွဲဝုန်းဒိုင်းကြဲတဲ့အက်ရှင်ခန်းတွေ ဝေဝေဆာဆာနဲ့ကြည့်ရှုရမှာပါ။ ရာထူးကြီးကြီးအမေရိကန်အစိုးရအဖွဲ့ဝင်တစ်ယောက်ကလျှို့ဝှက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဟာ စစ်ပြန်တွေ၊လူမိုက်တွေ၊ ဂန်းစတားတွေထဲကအလားအလာရှိတဲ့လူမျိုးတွေကိုရှာဖွေစုဆောင်းပြီး နိုင်ငံအဆင့်ရှိတဲ့လျှို့ဝှက်မစ်ရှင်တွေကိုပေးလေ့ရှိပါတယ်။ တရားဝင်စစ်တပ်ကိုမသုံးပဲအဲလိုကြေးစားတွေကိုငှားရတဲ့အကြောင်းရင်းကတော့ သူတို့လိုလက်မရွံ့တဲ့လူမျိုးတွေ သေမထူးနေမထူးတွေကိုပဲ လက်မှာသွေးစွန်းခံစေပြီး အစိုးရနာမည်ကိုမသုံးချင်တာကြောင့်ဖြစ်ပါတယ်။ Runtime တစ်နာရီခွဲကြာမြင့်ပြီးတော့ အဆုံးသတ်သွားတဲ့ပုံစံအရ Sequel လာနိုင်တယ်လို့လည်းထင်ရသလို ဆက်မရိုက်လည်းရတဲ့ပုံစံမျိုးလေးပြသွားပါတယ်။ ပြီးပြည့်စုံတဲ့အက်ရှင်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းမှာလိုအပ်ချက်လေးတွေရှိရင်တောင် သရုပ်ဆောင်နဲ့ဇာတ်ညွှန်းပိုင်း တော်တော်လေးအားစိုက်ထားတာသိသာပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။ File size…(1.1 GB)/(450 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:30:o9 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo

Animation • Comedy • Family • Fantasy
4.9 2022 90 mins
Agent Game
The Takedown
6.1

IMDb Rating 5.7/10 အစစအရာရာမိုးနဲ့မြေ ဆီနဲ့ရေလိုကွာခြားလှတဲ့ မတည့်အတူနေ သူငယ်ချင်းရဲနှစ်ယောက်ဖြစ်တဲ့ Monge နဲ့ Diakite။ တစ်ချိန်တုန်းက တစ်ဖွဲ့တည်းအတူတူအလုပ်လုပ်ခဲ့ကြပေမယ့် အကြောင်းတစ်ခုကြောင့် တစ်ယောက်တစ်ဌာနဆီရောက်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ရထား တစ်စီးပေါ်က လူသေအလောင်းကနေအစပြုပြီး နှစ်ယောက်သားပြန် ပေါင်းမိပြီး အမှုလိုက်ဖို့ဖြစ်လာခဲ့ပါတယ်။ နဂိုကတည်းကအရာရာ မတူညီတဲ့သူတို့နှစ်ဦး အမှုကိုဘယ်လိုလိုက်ကြမှာလဲ။ ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့သူနှစ်ဦး အမှုအတူလိုက်တဲ့အခါ ဘာတွေအလွဲလွဲ အချော်ချော်တွေဖြစ်မှာလဲ စတာတွေကို ရယ်မောဖွယ်ကြည့်ရမယ့် Crime , Comedy, Drama ကားကောင်းလေးတစ်ကားပါလို့ညွှန်းပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size..........(2.5 GB) / (1.16 GB) / (816 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 59mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Chit Tee Encoder..........SWM

Horror
6.1 2022 119 mins
The Takedown
Last Film Show
7.3

ဒီနှစ်ကတော့ နည်းနည်းတော့ဆန်းတယ်ပြောရမှာပဲ။ အိန္ဒိယရဲ့ ယခင်ဟိုဘက်ခြမ်း ပါကစ္စတန်ကားတစ်ကားကလည်း အော်စကာ ပဏာမစာရင်းထဲဝင်ခဲ့သလို အိန္ဒိယက ကားကလည်း ရှားရှားပါးပါး စာရင်းထဲဝင်လာခဲ့တယ်။ ဒီကားက မြင်နေကြုံနေကျ အိန္ဒိယကားတွေနဲ့ ကွဲထွက်တယ်လို့ ပြောရမှာပေမဲ့ အသစ်တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တော်တော်လေး ကြည့်ဖို့တန်တဲ့ကားပါပဲ။ ရုပ်ရှင်ကိုချစ်တဲ့လူတွေဆို ရုပ်ရှင်ကိုချစ်တဲ့အကြောင်း ရိုက်ပြထားတဲ့ ကားတွေကို ပိုသဘောကျတတ်တယ်မလား။ စကောဆေးစိရဲ့ Hugo တို့ , တော်နာတိုးရဲ့ Cinema Paradisoတို့ , နောက် ဒီနှစ်တင် ပူပူနွေးနွေးထွက်ထားတဲ့ စပီးဘာ့ချ်ရဲ့ the fablemens တို့လိုပေါ့။ ကျွန်တော်ဆိုလည်း မာတင်စကောဆေးစိမှာ ကားကောင်းတွေ ရိုက်သတ်မကုန်ပေမဲ့ သူ့ကားတွေထဲ ပြန်အကြည့်ဖြစ်ဆုံးကားက Hugo ဖြစ်ခဲ့တယ်။ ဒီကားကလည်း အိန္ဒိယရေ အိန္ဒိယမြေနောက်ခံနဲ့ ရုပ်ရှင်ကိုချစ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားပါပဲ။ ဒီရုပ်ရှင်မှာ နာမည်ကျော် ဒါရိုက်တာပေါင်းများစွာကို Tribute ထားတယ်။ အိန္ဒိယရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ဆတ္တရာဂျစ်ရေးကိုလည်း ထိပ်ဆုံးနားလောက်မှာ ထည့်ရေးထားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ ဆတ္တရာဂျစ်ရေးရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲလို့တော့ မထင်ဘူး။ ဒီကားဟာ ဒီဒါရိုက်တာရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းသွတ်သွင်းထားတဲ့ကားလို့ ဆိုပေမဲ့ ရေခံမြေခံတူတာကြောင့်ရော လွှမ်းမိုးမှုကြောင့်ရော ဖြစ်ကောင်းဖြစ်မယ်။ ဒီတစ်ကားလုံးရဲ့အစအဆုံးမှာ အပုရဲ့ အငွေ့အသက်တွေကို မြင်နေရတာပါပဲ။ ဒါကြောင့်လည်း အသစ်တော့မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Cinema Paradisoအိန္ဒိယဗားရှင်းလို့ ဆိုကြတယ်။ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားချင်းဆိုတော့ အတိုင်းအတာတစ်ခုအထိတော့ အငွေ့အသက်တူနေမှာပါပဲ။ ပုဂ္ဂလိက အမြင်အရလည်း ဒီထက်လည်း နည်းနည်းပိုသလိုတော့ရှိတာပဲ။ ဒါပေမဲ့လည်း ဒီကားမှာ ကျွန်တော်တို့မြင်ရမယ့် စီနီမာပရာဒီဆိုရဲ့ အငွေ့အသက်ထက် အပုရဲ့အငွေ့အသက်က ပိုအားကောင်းနေတာတော့ တော်တော်လေးမြင်သာတယ်။ casting က အစ , ဇာတ်ရဲ့ဓာတ်ကူပစ္စည်းတွေအလယ် , ဖွဲ့စည်းပုံကနေ နောက်ဆုံး သိမ်းပုံအထိပါပဲ။ တူနေတာတော့မဟုတ်ပေမဲ့ အငွေ့အသက်ကထင်းနေတယ်။ အိန္ဒိယရဲ့ အော်စကာတန်းဝင်ကားတစ်ကားမှာ ရေးရဲ့အငွေ့အသက်ရတာ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရမှာပဲ။ နောက်ဆုံးအနေနဲ့ အိန္ဒိယ ပဏာမစာရင်းဝင်ထားတာ ၂၀၀၁တုန်းက Lagaanဆိုတဲ့ကားနဲ့ဆိုတော့ ၂၂နှစ်တောင်ကြာပြီကိုး။ The Last Film Showဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်း အဓိကရိုက်ပြထားတဲ့ကားပေမဲ့ သူ့ဆွဲဆောင်မှုက အဲဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ တခြားဆွဲဆောင်မှုတွေလည်းပါပါတယ်။ တစ်ဖြတ်တစ်ဖြတ်ဆိုသလို အဓိကဇာတ်ကောင် အာမေးရဲ့အမေ ချက်ချက်ပြသွားတဲ့ အိန္ဒိယဟင်းလျာတွေကလည်း ဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုလို့ပြောလို့ရတယ်။ Tribute အနေနဲ့ ထည့်ပြောသွားတဲ့ထဲ တာကော့စကီးတို့ စတန်လေကူးဘရစ်တို့ ရေးတို့ အင်ဂမာဘာ့ချ်မန်းတို့ ကင်းဟူတို့ ကူရိုဆာဝါတို့ ဂိုးဒတ်တို့လို ထိပ်ဆုံးမှ ထိပ်ဆုံး ဒါရိုက်တာတွေ ပါပေမဲ့ ထူးတာက အဲဒီထိပ်မှာ သူက အိန္ဒိယဒါရိုက်တာ Manmohan Desaiတို့ အမီတာဘချမ်းတို့ ခန်သုံးခန်တို့ကို ထိပ်မှာအရင်ထည့်သွားပါတယ်။ ပြတဲ့ကားတွေကလည်း သူတို့ကားတွေပါပဲ။ သူ့ငယ်ဘဝရဲ့ကောက်ကြောင်းဆိုတော့ သူ့အတွက် Nostalgia ဖြစ်ရတဲ့ လူတွေကို ရှေ့ကထားသွားခဲ့တယ်။ သူ့ကိုရုပ်ရှင်ပြတဲ့ဖလင်ထိုးသမားပြောတဲ့ ရုပ်ရှင်အပေါ် သူ့အမြင်တွေကတော့ နည်းနည်းတော့ သဘောမကျချင်စရာကောင်းသလိုလိုရှိပေမဲ့ အဲဒီလူ တကယ်ပြောခဲ့တဲ့အတိုင်း ထည့်ချလိုက်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘာနေနေ The Last Film Show ဟာ Samsara လိုကားမျိုးကို ရိုက်ခဲ့တဲ့ Pan Nalinရဲ့ မာစတာပိစ်ကားလို့တော့ ပြောမရပေမဲ့ တော်တော်လေးကောင်းတဲ့ အိန္ဒိယ Art House Filmလို့တော့ ပြောလို့ရပါတယ်။ အိန္ဒိယကားတွေ ကြည့်စမရှိရင်တောင် ရုပ်ရှင်တွေကိုချစ်တယ် ရေးကို ကြိုက်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ခက်ခက်ခဲခဲကြည့်ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သူကတော့ ဖလင်ခေတ်ကပေါ့။ ဒီဘက်ခေတ်လို ဘာမဆိုဒေါင်းလုတ်ဒ် လုပ်လို့ရတဲ့ ခေတ်ကြီးမှာတော့ ဒါမျိုးအခက်အခဲတွေ မရှိလောက်တော့ပါဘူး ထင်ကောင်းထင်ကြလောက်ပေမဲ့ ရှိတော့ရှိနေတာပါပဲ။ ကိုယ်တွေ့တင် 5G တောင် တွင်ကျယ်လာတော့မယ့် ၂၁ရာစုကြီးမှာ 2G တောင်ပြည့်ရဲ့လားမသိအောင် လိုင်းဖြတ်ခံထားရတဲ့ အရပ်က သူငယ်ချင်းတစ်ယောက် သူကြည့်ချင်တဲ့ကားကြည့်ရဖို့ တော်တော်အပင်ပန်းခံနေရတာလည်း မျက်မြင်ပါပဲ။ ဘယ်လိုပဲခက်ခဲခက်ခဲ လောကကြီးရဲ့အကျယ်ပြောဆုံးမြင်ကွင်းဖြစ်တဲ့ ရုပ်ရှင်တွေကို ချစ်တဲ့လူတွေကတော့ ကြည့်ခွင့်ရဖို့ ရအောင်ကြိုးစားကြမှာပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ကြည့်ခွင့်ရဖို့ ထမင်းအငတ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ကျွန်တော်တို့ဘဝတွေမှာလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံဖူးခဲ့ရင် ပိုလှပနေမယ့် ရုပ်ရှင်ပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…1.68GB | 870MB | 484MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.3 2022 110 mins
Last Film Show
Minamata
6.9

IMDb Rating - 7.9/10 ၁၉၇၁ ခုနှစ်က ဂျပန်နိုင်ငံ၊ မီနာမာတာမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ မာကျူရီအဆိပ်သင့်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မီနာမာတာမြို့လေးဆိုတာ သိပ်ကိုလှပတဲ့ ကမ်းရိုးတန်းမြို့လေး၊ ဒေသခံ‌တွေမှာလည်း တံငါလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းပြုနေသူတွေအများကြီးရှိပြီး ပင်လယ်ငါးတွေကို အဓိကစားသုံးကြတဲ့မြို့လေးပေါ့၊ ဒါပေမယ့် ချီဆိုဆိုတဲ့ဓာတုစက်ရုံကြီး မီနာမာတာမြို့လေးကိုရောက်လာတဲ့အခါမှာ စက်ရုံကနေပင်လယ်ထဲကိုစွန့်ထုတ်တဲ့ ဓာတုပစ္စည်းတွေကြောင့် ငါးတွေအဆိပ်သင့်၊ အဲဒီကတစ်ဆင့် လူတွေအဆိပ်သင့်ပြီး ကလေးလူကြီးမကျန် ဦးနှောက်တစ် သျှူးတွေထိခိုက်ပြီး ခြေလက်တွေအကြောဆိုင်း၊ မျက်စိကွယ်၊ စကားမပြောနိုင် စတဲ့ ရောဂါလက္ခဏာတွေခံစားရရှာပါတယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်စုကျော်အကြာ ၁၉၇၁ခုနှစ်မှာ နယူးယောက်မြို့ လိုက်ဖ်မဂ္ဂဇင်းက ဓာတ်ပုံဆရာကြီး ယူဂျင်းစမစ်ဟာ ဘာသာပြန်ဂျပန်မလေး အိုင်လင်းရဲ့တောင်းဆိုမှုကြောင့် မီနာမာတာကို ကင်မရာတစ်လုံးနဲ့ရောက်လာပြီး ဒေသခံတွေနဲ့အတူ တရားမျှတမှုအတွက် ဆန့်ကျင်လှုပ်ရှားကြပါတော့တယ်။ ဒီဖြစ်ရပ်မှန် ဇာတ်ကားထဲမှာ လောကကြီးကိုစိတ်ကုန်နေတဲ့ ထေ့ငေါ့ငေါ့ဓာတ်ပုံဆရာကြီးယူဂျင်းစမစ်အဖြစ် မင်းသားကြီး Johnny Depp က  အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRay Duration - 1h 55min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.BluRay Translator – MTA Encoder – SWM

Comedy • Drama • Sci-Fi & Fantasy
6.9 2020 115 mins
Minamata
The Black Phone
7.3

(imdb 7.3 / 26k) ဟော်ရာကားကောင်းကောင်းတွေ ရှားနေတုန်းမှာ ကောင်းတာလေး ထွက်လာပါပြီ။ စိတ္တဇလူသတ်သမားဇာတ်လမ်းကို ပရလောကနဲ့ ရောမွှေထားတဲ့ ဇာတ်လမ်းပါပဲ။ မူရင်းရုပ်ရှင်ဇာတ်လမ်းတိုလေးကို ပြန်ရိုက်ကူးထားတာပါ။ ဇတ်လမ်းအကျဉ်းကတော့ ဂရက်ဘာ (ဖမ်းဆီးသူ)လို့ လူတွေသိကြတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ဟာ ကလေး ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီးခဲ့ပေမဲ့ ဘယ်သူမှ တရားခံကိုရော အလောင်းတွေကိုရော ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ၆ ယောက်မြောက်ကလေးကို ဖမ်းမိချိန်မှာတော့ ထူးခြားမှုတွေဖြစ်လာပါတော့တယ်။ ဖမ်းခံရတဲ့ ကလေး ဖင်း ရဲ့ ညီမဟာ လူသတ်ကောင်အကြောင်းအိပ်မက်တွေမက်နေပြီး အဲဒီကနေသဲလွန်စတွေနဲ့ လိုက်ရှာဖို့ ကြိုးစားလာပါတယ်။ ဖင်းကလည်း အဖမ်းခံထားရတဲ့ အခန်းထဲက ဖုန်းအပျက်ကနေ အရင်အဖမ်းခံရပြီး အသတ်ခံခဲ့ရတဲ့ ကလေးငါးယောက်က တလှည့်စီဖုန်းဆက်လာတာကိုကြုံလာရပြီး သူတို့လွတ်မြောက်အောင် ကြိုးစားခဲ့တဲ့နည်းတွေ အသတ်ခံရပုံအမှားတွေကို တစ်ခုပြီးတစ်ခု ပြောပြလာပါတော့တယ်… ဒီဝိညာဉ်တွေရဲ့အကူအညီနဲ့ ဖင်းတစ်ယောက် စိတ္တဇလူသတ်သမားလက်ကနေ ဘယ်လိုအလွတ်ရုန်းမလဲဆိုတာ

Action • Drama • Thriller
7.3 2021 103 mins
The Black Phone
Mandao Returns
7.2

Mandao Returns (2022) ================== IMDb Rating – 7.2/10 Genre – Comedy, Horror ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Mandao of the Dead ရဲ့ အဆက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေမှာ အဓိက ဦးစားပေးထားတာကတော့ ကျွန်တော်တို့အရှေ့တိုင်း သားတွေနဲ့ မစိမ်းတဲ့ စိတ်ပြောင်းကိုယ်ခွာ ဒါမှမဟုတ် လိပ်ပြာ လွင့်တယ်ခေါ်မလား ဝိဉာဉ်လွှင့်တယ်ခေါ်မလား အဲဒီ အယူ အဆအပေါ် အခြေခံ ရိုက်ကူးထားတဲ့ ဟာသဆန်ဆန် ထိတ် လန့်သည်းဖိုပေါ့။ ၂၀၁၈ ရုပ်ရှင်ထဲမှာ ဂျေးတို့ အမျိုးတသိုက် ဟော်လိုဝေးပွဲထဲ လူတစ်ယောက်ကို အချိန်နောက်ပြန် ဝိဉာဉ်လွှင့်ပြီး ကယ်တင် ပြီးတဲ့နောက် ဂျက်ဆန်လုပ်လို့ အိမ်မီးလောင်ကာ ဝမ်းကဲဖြစ်တဲ့ အန်ဒီ့ဆီ ရောက်လာပါတယ်။ ဒီကားက ဒီမှာစတင်ပါတယ်။ အန်ဒီ့ဆီမှာနေနေတုန်း ဂျေးတစ်ယောက် ထူးဆန်းတဲ့အိပ်မက် တွေ မက်ပါတယ် ဒီ ဝိဉာဉ်လွှင့်တာကို ဆက်ပြီး မလုပ်တော့ဖို့ ပေါ့။ အဲဒီအချိန်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ကလည်း မူးယစ်ဆေးလွန်ပြီး သေတဲ့အထိ ဖြစ်ပျက်သွားခဲ့တယ်။ တိုက် တိုက်ဆိုင်ဆိုင်ပဲဆိုသလို ဒီမင်းသမီးရဲ့ မန်နေဂျာဖြစ်သူဟာ အန် ဒီ့ဆီကို (သူကလည်း ဝိဉာဉ်ဆိုင်ရာ စွမ်းအင်ရှိပါတယ်) တွေ့ချင် တယ်ပြောပြီး တမလွန်က မင်းသမီးနဲ့ စကားပြောချင်လို့ဆိုပြီး ချိန်းကြတော့… ပိုက်ဆံလိုအပ်နေတဲ့ အန်ဒီရယ် ဝိဉာဉ်မလွှင့်ချင် ပေမယ့် အရေးကြီးလို့ ဝင်ကူပေးရတဲ့ ဂျေးရယ် လက်ထောက် အူတူတူ ဂျက်ဆန်ရယ် ဘာတွေဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ ဝိဉာဉ်လွှင့်အယူအဆရယ် အချိန်ခရီးသွားတာရယ် ပေါင်းစည်းပြီး ဖန်တီးထားတဲ့ Comedy Horror ကားလေး တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(908 MB) / (314 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 10Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….Thura Aung Encoder……….SWM

7.2 2022
Mandao Returns
The Saint of Second Chances
7.6

The Saint of Second Chances (2023) ========================== IMDb Rating – 7.6/10 Netflix ကနေ အသစ်ထွက်ထားတဲ့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူအကြောင်းနဲ့ ဒုတိယအခွင့်အရေးဆိုတာ ဘာလဲ တင်ဆက်ပေးချင်တဲ့ မှတ်တမ်းပုံစံရုပ်ရှင် ကားလေး ဖြစ်ပါတယ်။ မိုက်ဗက်ဆိုတာ နာမည်ကျော် ဘေ့စ်ဘောအသင်းပိုင် ရှင် ဖခင်ရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ချင်သူတစ်ယောက်ပေါ့။ ဒီလို ရုန်းထွက်ချင်လွန်းလို့လည်း ကြိုးစားပြီး သူများနဲ့မတူတဲ့ အကြံတွေနဲ့ ဘေ့စ် ဘောပွဲကို လူစည်အောင် လုပ်ခဲ့ရာမှာ အမှားတွေ ဖြစ်ခဲ့ပြီး ဖခင်ကိုပါ ဘဝပျက် စေသလို ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပူဆွေးနေပြီးတော့ ဒုတိယအခွင့်အရေးတွေ ရလာပြီး ဘယ်လိုမျိုး ပြန်ကြိုးစားခဲ့တာတွေ၊ တခြားလူတွေကိုလည်း ဒုတိယအခွင့်အ ရေးတွေ ပေးခဲ့လို့ ဘယ်လိုမျိုးတွေ ကြုံဆုံရတာတွေ၊ မိသားစုနဲ့ လုပ်ငန်းကြား က ဘယ်အရာက တန်ဖိုးရှိတာတွေဆိုတာကို မိုက်ဗက်ကိုယ်တိုင်က ပြန်ဇာတ် ကြောင်းပြောဆိုထားပြီး ဘေ့စ်ဘောလောကနောက်ခံ အရှုံးမပေးပဲ ဒုတိယ အခွင့်အရေးဆိုတာကို အမိအရ ဖမ်းဆုပ်တတ်ဖို့ ပညာပေးထားတဲ့ မှတ်တမ်း ရုပ်ရှင်လေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(2.13 GB) / (724 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Biography, Drama Translator……Thura Aung Encoder……….SWM

7.6 2023
The Saint of Second Chances
Hell House LLC Origins: The Carmichael Manor
6.3

Hell House LLC Origins: The Carmichael Manor (2023) ~ IMDb – 6.3/10, Rotten Tomatoes – 83% ~ အခုတစ်ခေါက်ထပ်မံထွက်ရှိလာတဲ့ Hell House LLC ဇာတ်ကားကတော့ ၂၀၁၅၊ ၂၀၁၇ နဲ့ ၂၀၁၈ တုန်းက ထွက်ရှိထားတဲ့ Hell House ရုပ်ရှင်သုံးခုရဲ့ အဆက်ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Hell House အကြောင်း အဓိကထားရိုက်ကူးထားတာမဟုတ်ဘဲ ဇာတ်လမ်းရဲ့နာမည်အတိုင်း အဗ္ဗဒုန်ဟိုတယ်မီးပြာကျသွားတုန်းက ပါခဲ့တဲ့ အာသာ ကာမိုက်ကယ်ရဲ့ မိသားစုနောက်ကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သက်တမ်းရင့်အမှုအေးတွေနောက် လိုက်နေတဲ့ လူငယ်တစ်ဖွဲ့က လူသတ်မှုဖြစ်ပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ကာမိုက်ကယ်အိမ်ကြီးထဲမှ ၅ ညသွားအိပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီပေမဲ့ ၅ရက်မပြည့်ခင်မှာပဲ တစ်ဖွဲ့လုံး အစအနရှာမရအောင်ပျောက်သွားခဲ့ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ဘရစ်ဂျစ်၊ ရေဗက္ကာနဲ့ ချေ့စ်တို့သုံးယောက်ဟာ လူသတ်မှုဖြစ်ထားပြီး သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ ကာမိုက်ကယ်အိမ်တော်ကြီးကို တကယ်ဟုတ်မဟုတ်စူးစမ်းလေ့လာဖို့အတွက် ၅ ရက် သွားအိပ်ဖို့ဖြစ်လာခဲ့ပါတယ်။ သူငယ်ချင်းသုံးယောက်ထဲမှာ ဘရစ်ဂျစ်ကတော့ အတက်ကြွဆုံးပေါ့။ သူက ငယ်ငယ်ကတည်းက အခုလိုမျိုး ထွေလျားဆန်းပြားတဲ့ အမှုမျိုးတွေဆိုအရမ်းကြိုက်တဲ့သူကိုး။ သူ့ရဲ့ ချစ်သူရေဗက္ကာကလည်း သူအတင်းခေါ်လို့ မသွားချင်သွားချင်နဲ့ လိုက်ခဲ့ရပါတယ်။ အဲဒါအပြင် အဖော်ထပ်ရှိအောင်ဆိုပြီး သူ့အစ်ကိုချေ့စ်ကိုပါ အပါခေါ်ခဲ့ပါသေးတယ်။ အနောက်တိုင်းလူငယ်တွေဆိုတဲ့သဘာဝအလျောက် ဒီလိုစူးစမ်းလေ့လာရတာမျိုးကို အရမ်းကြိုက်ကြတာပေါ့။ ကာမိုက်ကယ်အိမ်ကို ရောက်ပြီးချင်း ပထမ ၂ရက်ပြည့်တဲ့အထိတော့ ဘာမှမဖြစ်ခဲ့ပေမဲ့ ဘရစ်နဲ့ ရေဗက္ကာတို့ ကာမိုက်ကယ်အိမ်တော်နားက မြို့လေးတစ်မြို့မှာ အဗ္ဗဒုန်ဟိုတယ်ပြာမကျခင် ကျန်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကိုသွားကြည့်ရင်း ဆန်းပြားတဲ့ပစ္စည်းတွေကို တွေ့ပြီး ကာမိုက်ကယ်အိမ်ကိုပြန်ရောက်လာတဲ့အချိန်ကစပြီး မသင်္ကာစရာတွေ စပြီးဖြစ်လာခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဘရစ်ဂျစ်နဲ့ ရေဗက္ကာတို့ အပြင်သွားနေတဲ့အချိန် တစ်ယောက်တည်း ကာမိုက်ကယ်အိမ်မှာကျန်နေခဲ့တဲ့ ချေ့စ်က မူမမှန်တာတွေကို စပြီးသတိထားမိလာပါတယ်။ ဒါနဲ့ ချေ့စ်က နောက်တစ်နေ့ကျ ရေဗက္ကာကို သွားသတိပေးခဲ့ပါတယ်။ ဘရစ်ဂျစ်က အရမ်းစူးစမ်းချင်လိုစိတ်ပြင်းတာကတစ်ကြောင်း ရေဗက္ကာကလည်း ဘရစ်ဂျစ်ကို အားနာတာကတစ်ကြောင်းဖြစ်နေတာနဲ့ပဲ မိတ်ဆွေသုံးယောက်က ကာမိုက်ကယ်အိမ်မှာဆက်နေဖြစ်ခဲ့ပါတယ်။ တတိယနေ့ညမှာပဲ မသင်္ကာစရာတွေ မူမမှန်တဲ့ကိစ္စတွေထပ်ပြီးဖြစ်လာခဲ့ပါတယ်။ အဆိုးဆုံးကတော့ အိမ်တော်ကြီးရဲ့ အပေါ်ထပ်မှာ ရေဗက္ကာက သူ့အခန်းထဲမှာတစ်ယောက်ထဲ လက်တော့ပ်ထဲ ဗီဒီယိုခေါ ပြောနေတဲ့အချိန် သူ့ကိုနောက်ကျောကနေ ဓာတ်ပုံပြန်ရိုက်ထားတဲ့အဖြစ်အပျက်ပါ။ အဲဒီအချိန်ကစပြီး ရေဗက္ကာကိုယ်တိုင် ထိတ်လန့်ချောက်ချားလာပြီး ကာမိုက်ကယ်အိမ်ကနေ ထွက်သွားတော့မယ်ဆိုပြီး ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဘရစ်ဂျစ်က ခေါင်းမာလွန်းလို့ နောက်တစ်နေ့အထိတော့ ဆက်နေဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူငယ်ချင်းသုံးယောက် တတိယမြောက်ညကို ဘယ်လိုကျော်ဖြတ်ကြမလဲ… နောက်ဆုံးမှာ သရဲအိမ်နောက်ကွယ်က ကာမိုက်ကယ်မိသားစုရဲ့ ဇာတ်လမ်းကကော ဘယ်လိုဖြစ်နေမလဲဆိုတာကို ထိတ်လန့်တကြား ရှုစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အရမ်း Hell House ဇာတ်တွေလိုပါပဲ ဖြစ်ရပ်မှန်မှုခင်းတစ်ခုကို ပြန်ရိုက်ထားတဲ့ Documentary ပုံစံပြန်ရိုက်ထားတာပဲဖြစ်ပါတယ်။ အဲဒါအပြင် အရင်ကားတွေလိုမျိုး ဇာတ်ရည်လည် ကြောက်‌လည်းကြောက်အောင် ရိုက်ထားပြနိုင်တာဖြစ်လို့ Tomatometer ရဲ့ Audience Score ၈၆ ရာခိုင်နှုန်းအထိရထားပြီး တကယ်ကြည့်ကောင်းတဲ့ Horror ဇာတ်ကားတစ်ကားပါ။ ဆိုတော့ တခြား Genres ကား‌တွေကြည့်ပြီး ပျင်းနေကြတဲ့သူတွေအတွက် ထိတ်လန့်တကြား စောင့်မျှော်ကြည့်ရှုဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 785MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 38Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6.3 2023 98 mins
Hell House LLC Origins: The Carmichael Manor
Dragon Seeking Coffin
5.8

လူကိုသေရာမှပြန်ရှင်စေနိုင်တဲ့ ထာဝရနုပျိုစေတဲ့နတ်ဆေးလုံးဟာ ကျွိလုမြို့အနီးနားကတောင်ပေါ်တောထဲမှာရှိတယ်လို့ဒဏ္ဍာရီရှိပါတယ်။ အဲဒီဒဏ္ဍာရီကြောင့် လောဘသားတစ်ယောက်ဟာ ဆေးလုံးဖွက်ဂူရဲ့သော့ကိုထိန်းသိမ်းထားတဲ့မျိုးနွယ်စုကိုသတ်ဖြတ်ပြန်ပေးဆွဲပြီး ဂူထဲဝင်ဖို့ကြံစည်နေပါတယ်။ အဲဒီအချိန်မှာ အရေးပေါ်အကူအညီတောင်းခံရတဲ့ လျိုရွှိဟာ ပြန်ပေးဆွဲခံရတဲ့မိန်းကလေးကိုလိုက်ရှာရင်း မိသားစုရဲ့နှစ် ၁၀၀၀ ကျိန်စာကိုဖျက်နိုင်ဖို့ဂူထဲကိုဝင်ချင်တဲ့ လုမိန်းကလေးတို့အဖွဲ့နဲ့ဆုံတွေ့လာပါတယ်။ အကြောင်းဖန်တော့သူတိ့နှစ်ဖွဲ့ဟာပူးပေါင်းပြီး နတ်ဆေးလုံးဖွက်ဂူကိုလိုက်ကြကြပါတယ်။ လျိုရွှိဟာ မိသားစုအမွေပေးခဲ့တဲ့ပညာကြောင့် ဂူကိုရှာတွေ့ခဲ့ပေမယ့် အမှောင်ထဲမှာဘယ်လို အန္တရာယ်တွေကစောင့်ကြိုနေသလဲဆိုတာမသိနိုင်ပါဘူး။ အန္တရာယ်တွေကိုကျော်ဖြတ်ပြီးတော့ သူတို့ဟာနတ်ဆေးလုံးရတနာကိုရအောင်ယူနိုင်ပါ့မလား…… ဒီဂူကြီးထဲမှာ အသက်တွေဘယ်လောက်များသေဆုံးရဦးမလဲ……

Action • Science Fiction • Thriller
5.8 2024
Dragon Seeking Coffin
Gintama 2: Rules are Made to Be Broken
6.4

Gintama 2 (2018) IMDb Rating (6.4) Anime နဲ့မရင်းနှီးသူတွေတောင် Gintama ဆိုတာကိုသိကြပါတယ် .. ဒါကတော့ ဒုတိယမြောက် Live action ရုပ်ရှင်ဇာတ်ကားလေးပါ .. ထုံးစံအတိုင်း အိမ်လခပေးစရာမရှိတဲ့ကြုံရာကျပန်း ဂင်ချန်တို့ဟာ ဆောင်ကြာမြိုင်မှာအလုပ်သွားရှာခဲ့ကြပါတယ် .. အဲ့ဒီမှာ ရှိုဂန်းနဲ့စတွေ့ပြီး ခေါင်းဖြတ်စက်ဆီရောက်မလို့ဖြစ်ခဲ့ရပါတယ် .. ရှိုဂန်းကိုလုံခြုံရေးယူပေးနေတဲ့ ရှင်ဆန်းဂုမိတပ်ဖွဲ့ နတ်ဆိုးဒုခေါင်းဆောင်ဟီဂျီကာတာကလည်း ချစ်ပ့်ပြားတစ်ခုထည့်သွင်းခံလိုက်ရပြီ လူဖြစ်ရှုံးတဲ့အိုတာကုဖြစ်သွားခဲ့ပါတယ် .. ထိုကနေတစ်ဆင့် ဂင်ချန်က ရှင်ဆန်းဂုမိတပ်ဖွဲ့ကို ကာကွယ်ဖို့ဖြစ်လာခဲ့ပါတယ် .. ဂင်တမာဆိုရင် တစ်ချိန်လုံးရယ်မောနေရပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့အဖြစ်တစ်ခုလည်းရှိနေပါသေးတယ် .. ဒီရုပ်ရှင်မှာ အီတိုကာမာတိုရိုဇာတ်ကောင်ပါဝင်ခဲ့ပြီး ထိုဇာတ်ကောင်ကိုသရုပ်ဆောင်ခဲ့တဲ့ မင်းသားဟာရုမာဟာ ၂၀၂၀ ဂျူလိုင် ၁၈ မှာကြိုးဆွဲချပြီးသေဆုံးသွားခဲ့ပါတယ် .. ကျွန်တော် စကြည့်တုန်းက တစ်ချိန်လုံးရယ်မောခဲ့ရတဲ့ရုပ်ရှင်ဟာ သူ့ကိုမြင်တိုင်းဝမ်းနည်းမိရတဲ့အဖြစ်မျိုးကြုံတွေ့ခဲ့ရပါတယ် .. File size…(3.8 GB) / (1.4 GB ) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Duration….02:15:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay Lin Thar

Drama • Romance
6.4 2018 134 mins
Gintama 2: Rules are Made to Be Broken
Jaque Mate
5.5

အက်ရှင်ကားစောင့်မျှော်နေသူတွေအတွက် အသစ်ထွက်ရှိတဲ့ စပိန် ဟာသ အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။အက်ရှင်နဲ့ဇာတ်လမ်းဇာတ်ကွက်တွေက အရမ်းအကြမ်းကြီးမဟုတ်ပေမဲ့ သူ့ဟာနဲ့သူတော့ အပျင်းပြေ ကြည့်လို့ကောင်းတဲ့အတွက် နားနားနေနေပေါ့ပေါ့ပါးပါးကြည့်လို့ ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ ဇာတ်ကားနာမည်ကတော့ Checkmate ဖြစ်ပြီး စပိန်နိုင်ငံကျော် မင်းသားမင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒူကဲဆိုတဲ့လူက နိုင်ငံတကာထောက်လှမ်းရေးအေးဂျင့်ဟောင်း တစ်ယောက်ဖြစ်ပြီး တာဝန်ကြောင့်သူ့အစ်ကိုသေဆုံးခဲ့ပြီး နောက်မှာတော့ ရာထူးကနေအနားယူခဲ့ပါတယ်။ဒီလိုနဲ့ ၃ နှစ်ဆိုတဲ့ အချိန်တစ်ခုကြာသွားခဲ့ပြီးနောက်မှာတော့ သူ့အစ်ကိုရဲ့သမီး သူ့တူမဟွာနာက သူ့ဆီရောက်လာခဲ့ပါတော့တယ်။ဖြစ်ချင်တော့ သူ့တူမရောက်လာတဲ့နေ့မှာပဲ သူ့အိမ်တိုက်ခိုက်ခံခဲ့ရပြီး သိပ်မကြာခင် မှာပဲတူမဖြစ်သူကိုလူဆိုးတွေကဖမ်းဆီးသွားပါတော့တယ်။ သူ့တူမကိုပြန်ရွေးဖို့အတွက် ဆီးချိုရောဂါပျောက်တဲ့ဆေးနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကိုသွားခိုးပြီးလာလဲခိုင်းတဲ့ အခါမှာတော့ သူ့ရဲ့အရင်တုန်းကအသိအကျွမ်းအဖွဲ့ဝင်တွေကို ပြန်စုဆောင်းပြီး တူမဖြစ်သူကိုပြန်ရွေးဖို့ကြိုးစားပုံတွေကို အက်ရှင် ဒရာမာ ဟာသစုံစုံလင်လင်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.59GB /897MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 44m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Jaque Mate
The Volunteers: To the War The Great War
6

စစ်ရယ်လို့ဖြစ်လာရင် နှစ်ဖက်လုံးကတော့ အဆုံးအရှုံး အသေအကြေ ကြုံကြရစမြဲပဲ…. ဒီလိုပဲ စစ်မြေပြင်ပေါ်မှာ တိုက်ခိုက်နေသူတွေတောင် မျက်စိတစ်ဆုံးမြင်ရတဲ့အရာအပြင် ပိုမသိနိုင်ကြပါဘူး… ဒါကြောင့်လည်း သမိုင်းဆိုတဲ့ မှတ်တမ်းချင်းတူပေမယ့်… ရေသားထားတဲ့ အကြောင်းအရာတွေမတူညီကြတာပဲ.. ဒီလို သမိုင်းမှတ်တမ်းချင်းမတူညီတဲ့ထဲမှာ ၁၉၅၀-၅၃ ကြားဖြစ်ပွားခဲ့တဲ့ တောင်-မြောက်ကိုရီးယားစစ်ပွဲအကြား တရုတ်နဲ့ အမေရိကန် အားဖြည့်ကူညီတိုက်ခိုက်ရင်း တရုတ်-အမေရိကန်ကြား ဖြစ်ခဲ့တဲ့ ကာလရှည်တိုက်ပွဲလည်းပါဝင်နေပါသေးတယ်… သမိုင်းထက်မှာရော၊ တောင်-မြောက်ကိုရီးယားသမိုင်းကြောင်းမှာရော၊ ကမ္ဘာကုလသမဂ္ဂမှတ်တမ်းမှာရော အသီးသီးရေးသားမှတ်တမ်းတင်ထားသလို.. တရုတ်နိုင်ငံမှတ်တမ်းမှာလည်း သူတို့ရှုထောင့်က တစ်မျိုးတစ်ဖုံ မှတ်တမ်းတင်ထားပါသေးတယ်… ဒီမှတ်တမ်းကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက The Volunteers: To the War (2023) The Great War ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်… အင်အားမမျှတဲ့ စစ်မြေပြင်မှာမှ…တရုတ်နိုင်ငံကို ထိုင်ခုံနေရာမပေးဘဲ ကမ္ဘာကုလသမဂ္ဂအစည်းအဝေးမှာ သဘောတူညီချက်တွေ လက်မှတ်ထိုးရေးဆွဲပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘက်မမျှတဲ့စစ်ပွဲဖြစ်နေခဲ့တာကြောင့်… မော်စီတုန်း တစ်ယောက်ဟာ မြေပြင်မှာ အားကိုးရတဲ့ ကြယ်နီတပ်သားတွေကို စေလွှတ်ခဲ့ပြီး… ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ နေရာတစ်နေရာရဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်… တခြားစစ်ပွဲတွေနဲ့မတူညီတာကတော့… စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်ငံခေါင်းဆောင်နဲ့ သားသမီးတွေက စစ်မြေပြင်မှာ ရှေ့တန်းဆင်းတိုက်ခိုက်တာတို့ ကျရှုံးတာတို့မြင်ခဲတယ်ဆိုပေမယ့်… သမိုင်းမှတ်တမ်းအခြေခံရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့… မော်စီတုန်းရဲ့ သားကြီးကိုယ်တိုင် ရှေ့တန်းဝင်ခဲ့ပြီး လေယာဉ်ဗုံးမှန်သေခဲ့တာကိုပါ ရိုက်ပြထားခဲ့ပါတယ်… သမိုင်းဆိုတာ ရေးသူရဲ့ ရှုထောင့်အတိုင်းဖြစ်ပြီး… ဇာတ်လမ်းဆိုတာလည်း ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတို့ အလိုအတိုင်း ရိုက်ထားတာမို့…. တရုတ်ဖက်က ရိုက်ပြထားတာက တကယ်ဟုတ်မဟုတ်ဆိုတာတော့ ကိုယ်တိုင်ပဲ သမိုင်းကြောင်းရှာပြီး မှန်မမှန်စီစစ်နိုင်ဖို့ CM မှာ အတူကြည့်လိုက်ကြစို့… ဒုတိယမြောက်ကားလဲရှိသေးပြီး ဒီလင့်မှာကြည့်ရှုနိုင်ပါတယ်

6 2023
The Volunteers: To the War The Great War