YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Absolute.Zero.S01E07.1080p.CM.mp4

746.39 MB N/A video/mp4 19 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Da Vinci Code
6.7

The Da Vinci Code (2006) ဒီရုပ်ရှင်အကြောင်းပြောဖို့ရာဆိုရင် Dan Brown ကနေစရမှာဘဲ။ သူ့ရဲ့ စာအုပ်တွဲ ကြီးအကြောင်းပေါ့။ အစဉ်လိုက်ပြောရမယ်ဆိုရင် Angels and Demons ကနေစပြီး Deception Point ထိတိုင်း ခြောက်အုပ်တိတိထွက်ရှိခဲ့တယ်။ သူ့ရဲ့ ဒီစိတ်ကူးယဉ်ဝတ္ထုဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့အထိကို အားပြင်းခဲ့တယ်။ သမိုင်းအစစ်အမှန်တွေကို အခြေခံပြီးမှ စိတ်ကူးယဉ်ထားလို့ သာမန်လူတွေသာမက သမိုင်းပညာရှင်တွေကိုပါ တွေဝေစေခဲ့တဲ့အထိပါဘဲ။ ဒါပေမယ့် Dan က သူ့ရဲ့ စာအုပ်တွေတိုင်းရဲ့မျက်နှာဖုံးမှာ A Novel ဆိုပြီး စာလုံးကြီးကြီးနဲ့ကြေငြာထားတယ်။ သူ့ရဲ့စိတ်ကူးယဉ် အတွေးစလေးတွေကနေဖြစ်လာတဲ့ အတွေးပေါင်းချုပ်ကြီးသက်သက်မျှသာပေါ့။ ဒီစာအုပ်တွဲကြီးမှာမှ ၂၀၀၃ မှာထွက်ရှိခဲ့တဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ The Davinci Code ဟာ စာဖတ်သူတို့သမိုင်းမှာ စံချိန်မျိုးစုံတင်နိုင်ခဲ့တယ်။ စာအုပ်အနေနဲ့သာမက ရုပ်ရှင်အဖြစ်ရိုက်တော့လည်း လူကြိုက်များတယ်။ မြန်မာဘာသာပြန်ကိုတောင် ၂၀၁၇ အစောပိုင်းမှာ ထွက်လာပါသေးတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ သင်္ကေတကုဒ်တွေချန်ထားခဲ့တယ်။ ဒီလိုနဲ့ ပြင်သစ်ရဲတွေဟာ ပြတိုက်မှူးကြီးချန်ထားခဲ့တဲ့ စာတွေထဲက တစ်ခုတည်းသော နာမည်အနောက်ကို လိုက်ပါလေရော။ လန်ဂ်ဒန်တဲ့ …… ။ ဟားဗဒ်တက္ကသိုလ်ရဲ့ သင်္ကေတဗေဒပညာရှင်။ ကမ္ဘာပေါ်ကရှားမှရှားပညာရှင်မျိုး။ ပြတိုက်မှူးကြီးက သူမသေခင်ညမှာ လန်ဂ်ဒန်နဲ့ ညစာစားဖို့ရာ စီစဉ်ထားခဲ့တယ်။ ဒီလိုနဲ့ လန်ဂ်ဒန်ကို ပြင်သစ်ရဲတွေက အကူအညီတောင်းဖို့ရာဆိုပြီး လူးဝ်ပြတိုက်ကိုခေါ်လာပါလေရော။ ပြတိုက်အဝင်ဝက ဧရာမ ဖန်သား ပိရမစ်ကြီးက ပြသာနာတွေတော့ အထဲမှာစောင့်ပါပြီလို့ လန်ဂ်ဒန်ကို တိတ်တဆိတ် သတိပေးနေသလိုပါဘဲ။ သူလည်း အထဲရောက်သွားရော အထဲမှာ ပြတိုက်မှူးကြီးရဲ့ ကိုယ်လုံးတီးအလောင်းက ပြတိုက်ကြမ်းပြင်ပေါ်မှာ ပြန့်ကားနေတယ်။ လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ဝမ်းဗိုက်ဖောင်းဖောင်းကြီးအပေါ်မှာလည်း ငါးထောင့်ကြယ်ပုံကြီးကို သွေးနဲ့ပုံဖော်ထားတယ်။ နတ်ကိုးကိုယ်သူတွေ မီးရေနေလကိုးကွယ်သူတွေရဲ့ ရှေးဦးသင်္ကေတပုံစံမျိုး။ တစ်ဖက်လက်ညိုးမှာ သွေးပေနေပုံကိုထောက်ပြီး သူ့ဝမ်းဗိုက်က သေနတ်ဒဏ်ရာက သွေးကိုယူပြီး ကြယ်ပုံကို သူကိုယ်တိုင်ဆွဲခဲ့ပုံပါဘဲ။ နောက်တစ်ဖက်လက်မှာတော့ Marker ချောင်းကို မြဲမြဲဆုပ်ထားတယ်။ မကြာခင်မှာဘဲ လန်ဂ်ဒန်တစ်ယောက် စဉ်းစားမိရာ စဉ်းစားပြီး ကြမ်းပြင်ကို မီးထိုးကြည့်ရာမှာတော့ စာသားတွေပေါ်လာခဲ့တယ်။ ပထမဆုံးပေါ်လာတာက ကိန်းစဉ်တန်းတစ်ခု … 13-3-2-21-1-1-8-5 ..… နောက်တစ်ခုက စာသားတွေ … O,Draconian Devil Oh, Lame Saint တဲ့ …… ပထမဆုံးပေါ်လာတဲ့ ကိန်းစဉ်က ခန့်မှန်းရတာ သိပ်လွယ်တဲ့အရာ။ ဖီဘိုနာချီကိန်းစဉ်တန်းတစ်ခု … ။ လှပပြီးသေသပ်တဲ့ ကိန်းစဉ်တန်းတစ်ခု။ သဘာဝကြီးရဲ့ ကိန်းစဉ်တန်းတစ်ခု။ ကပ်လျက်ရှိတဲ့ ကိန်းတွေရဲ့ အချိုးဟာ 1.6 စွန်းစွန်းလေးရှိမယ့်ကိန်းစဉ်တန်းတစ်ခု။ ရှေးဦးအီဂျစ်တွေ ပိရမစ်ကြီးတွေကို ဆောက်တဲ့အခါမှာ တစ်ထပ်နဲ့တစ်ထပ်အတွင်း အမြဲလိုက်နာတဲ့ အချိုးတစ်ခု။ Twitter တံဆိပ်ရဲ့ ပျမ်းမျှညီမျှခြင်းအချိုးတစ်ခု။ ပျားအုံအတွင်းက ပျားထီးနဲ့ ပျားမတို့ရဲ့အချိုး။ တခြားတခြားသော သဘာဝတရားတို့ရဲ့ သိပ်ကိုလှပတဲ့ အချိုး … Golden Ratio ပေါ့။ စာသားတွေကိုကြည့်တော့ ဒါဟာ Anagram တစ်မျိုး။ လျှို့ဝှက်စာသားပေါ့။ တကယ်တမ်းကျ ဒီလောက်များတဲ့ စာတန်းရှည်ကို ကုဒ်ဖော်ဖို့ရာ Dan Brown နဲ့ ရုပ်ရှင်ထဲက လန်ဂ်ဒန်တို့လုပ်သွားသလောက် မလွယ်ဘူး။ တကယ်တမ်း စာရေးသူတို့ ကျောင်းစာသင်ခန်းထဲမှာ ကျောင်းသားတွေ ကွန်ပြူတာ ပရိုဂရမ်အကူအညီနဲ့လုပ်တာတောင် နာရီပိုင်းကြာတဲ့ CODE မျိုး။ ဖြစ်နိုင်ခြေပေါင်း ၃၆၀ ထရီလျံနည်းပါးရှိတဲ့ ကိန်းစဉ်တန်းကို စက္ကန့်ပိုင်းနဲ့ ပြောပြဖို့ရာဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တာမျိုး။ ဘယ်လိုဘဲပြောပြော လန်ဂ်ဒန်က Code ဖြည်နိုင်ခဲ့တယ်။ Leonardo Da vinci The Mona Lisa တဲ့။ သာမန်လူသတ်မှုကနေ သမိုင်းတစ်လျှောက်ရဲ့ အဓိကအနုပညာကြီးဖြစ်တဲ့ Mona Lisa အထိပါပါလာခဲ့ပြီ။ ဇာတ်လမ်းထဲမှာ ဒီကတဆင့် Holy Grail ဆိုတာပါပါလာခဲ့တယ်။ Holy Grail ဆိုတာကတော့ ယေရှုခရစ်တော် နောက်ဆုံး စားပွဲကြီးမှာ သုံးခဲ့တဲ့ ကလပ်ခွက် (ခွက်)။ နောက်ပြီး ခရစ်တော်ကို ကြိုးစင်တင်ရာကနေကျလာတဲ့ သွေးတွေကို ခံခဲ့တဲ့ခွက်။ ဒီခွက်ကိုရဖို့ ဟိုးရှေးရာစုနှစ်တွေကတည်းက အထူးတပ်ဖွဲ့တွေ သူရဲကောင်းတပ်ဖွဲ့တွေက ကြိုးစားလာခဲ့တာမျိုး။ ခရစ္စယာန်သမိုင်းရဲ့ အဓိကအချက်အခြာရတနာလို့ သတ်မှတ်ခံထားရတာမျိုး။ ဂျေရုစလင်ကို ဥရောပကသိမ်းပြီးနောက် မြို့တော်ကို ကာကွယ်စောင့်လျှောက်ဖို့ရာဆိုပြီး သူရဲကောင်းအဖွဲ့ကြီးကိုဖွဲ့ခဲ့တယ်။ ဒါပေမယ့် DAN BROWN ရဲ့ စာအုပ်ထဲမှာတော့ ၎င်းက အဆိုပါတပ်ဖွဲ့ဟာ မြို့တော်နဲ့လားလားမှမဆိုင်ဘဲ Holy Grail ခွက်ကို ရှာပုံတော်ဖွင့်ဖို့လို့ဆိုထားပါတယ်။ Holy Grail ကရော ပြတိုက်မှူးကြီး အသတ်ခံရာမှာ ဘယ်လိုပတ်သက်လဲ ? ဟို နှစ်ရာပေါင်းများစွာက Leonardo Da Vinci ကရော ဘယ်လိုပက်သက်လဲ ? ကြားထဲက လန်ဂ်ဒန်ကရော ? ၁၇၄ မိနစ်တိတိကြာတဲ့ ဒီဇာတ်ကားဟာ သမိုင်းမှန်ကိုနောက်ခံထားပြီး စိတ်ကူးယဉ်ထားတာမို့ ဘယ်လိုကြည့်ကြည့်ကို ရင်သပ်ရှုမောစရာကောင်းပါတယ်။ Secret Order တွေ Secret Treasure တွေအကြောင်းကို စိတ်ဝင်စားသူတွေက ရုပ်ရှင်ကြည့်လိုက် သမိုင်းအစစ်အမှန်ကိုရှာဖတ်လိုက်နဲ့ ရုပ်ရှင်တကားကြည့်ဖို့ရာ လေး ငါးနာရီလောက် အချိန်ပေးရပါလိမ့်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ စာအုပ်ရဲ့အရသာကိုလုံးဝပေါ့မသွားစေတဲ့အပြင် လန်ဂ်ဒန်အဖြစ်သရုပ်ဆောင်တဲ့ Tom Hanks ရဲ့ဇာတ်ကောင်အားနဲ့ တချို့ဇာတ်ဝင်ခန်းတွေဆို စာအုပ်ထက်တောင် ပို Dark သလိုခံစားမိတယ်လို့ဆိုရမယ်။ (ရာရာ) (ရုပ်ရှင်အညွှန်းကို The Silver Screen FB Page မှကူးယူဖော်ပြပါသည်။) ဒီဇာတ်ကားကို Extended Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်တုန်းကမပါတဲ့ အခန်းတချို့ ရိုက်ကွက်တချို့တွေကိုပါ အပြည့်အစုံရှုမြင်ကြရမှာဖြစ်ပါတယ်။ အဆက်အနေနဲ့ဆက်ထွက်လာခဲ့တဲ့ Angels & Demon (2009) နဲ့ Inferno (2016) ကိုလဲ ထပ်မံတင်ဆက်ထားပါတယ်။ File size…(2.9 GB)/ (1.2 GB) Quality….BluRay Extended 1080p HEVC/720p Format…mkv/mp4 Duration….02:54:37 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Action • Drama • Science Fiction • Thriller
6.7 2006 149 mins
The Da Vinci Code
Whitney Houston: I Wanna Dance with Somebody
7.1

Whitney Houston ရဲ့ I Wanna Dance With Somebody ဆိုရင်တော့ စာသားဖတ်လိုက်တာနဲ့ခေါင်းထဲမှာသံစဥ်နဲ့အလိုက် ဆိုမိပြီးသားနေမှာပါ။ Whitney က သူ့ခေတ်သူခါမှာအဆိုတင်မဟုတ်ပဲ သူသရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်ကောင်းတွေလဲရှိခဲ့ပါသေးတယ်။ ဥပမာ ပြောရရင် The Bodyguard ပါ။ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလမှာတော့ ဂီတအသိုင်းအဝိုင်းတစ်ခုလုံးရော တစ်ကမ္ဘာလုံးမှာပါ သတင်းတစ်ခုရိုက်ခတ်ခဲ့တယ်။ အသက် ၄၈ နှစ်အရွယ်မှာတော့ Whitney တစ်ယောက်ဟာ အရွယ်မတိုင်ခင် ဆုံးပါးသွားခဲ့ရပါတယ်။ သေဆုံးရခြင်းအကြောင်းကတော့ ဂရမ်မီဆုပေးပွဲမတိုင်ခင်တစ်ရက်မှာ ကိုကင်းသုံးစွဲမှုကြောင့် နှလုံးရောဂါဖောက်ခဲ့ပြီး ရေချိုးကန်ထဲမှာရေနစ်သေဆုံးခဲ့ရတာပါ။ Whitney က ဆိုးသွမ်းတဲ့အနုပညာရှင်တစ်ယောက် မဟုတ်ခဲ့ပေမယ့် အောင်မြင်မှုရဲ့ရိုက်ခတ်မှုဒဏ်တွေ ဝေဖန်မှုဒဏ်တွေ ကိုယ်ရေးကိုယ်တာပြသနာတွေကြောင့် လမ်းတွေအများကြီးထဲက မကောင်းတဲ့လမ်းတွေကို Whitney ရွေးချယ်ခဲ့မိတယ် လို့ စိတ်မကောင်းစွာ ဆိုလိုက်ပါရစေ။ ဒီ အတ္ထုပ္ပတ္တိဇာတ်လမ်းမှာတော့ Whitney ကို ဘုရားပေးတဲ့အသံကိုပိုင်ဆိုင်ထားပေမယ့် ဘာမှမသိသေးတဲ့ မျက်စိသူငယ်နားသူငယ် ဆယ်ကျော်သက်အရွယ်လေးကနေ သူ့ဘဝအနိမ့်အမြင့်အတက်အကျ အောင်မြင်မှုကျရှုံးမှုတွေကို လိုက်ပါကြည့်ရှုရမှာပါ။ အဲ့ဒါအပြင် သီချင်းတွေအားလုံးနီးပါးကိုလဲ Whitney နေရာမှာ သရုပ်ဆောင်တဲ့မင်းသမီးလေးက သရုပ်ပဲဆောင်ပေးထားပြီး Whitney အသံတွေကိုပဲထည့်ထားတာကြောင့် Whitney ရဲ့သီချင်းကောင်းတွေကိုလဲ Whitney အသံစစ်စစ်နဲ့ တစ်ဝကြီးနားဆင်ရဦးမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 525MB Format… mp4 Duration…. 2h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Drama • Horror • Mystery
7.1 2022 144 mins
Whitney Houston: I Wanna Dance with Somebody
Shadows in the Palace
7

နန်းတွင်းသူတွေဟာ နန်းတွင်းထဲ ဝင်လိုက်ကြတာနဲ့ ကိုယ့်ကိုယ်ကို ဘုရင့်အတွက် ပုံအပ်ပြီး အပျိုစင်ဘဝကိုပါ ထိန်းသိမ်းကြရတယ်... နန်းတွင်းသူတွေဟာ နန်း‌တွင်းထဲ ဝင်လိုက်ပြီးတာနဲ့ နန်းပြင်ကို အသက်ရှင်လျက် ပြန်မထွက်နိုင်ကြဘဲ ဘုရင့်ပိုင်ပစ္စည်းတစ်ခုလိုပဲ ဖြစ်သွားရတယ်... ဝေါ်လျောင်ဆိုတဲ့ နန်းတွင်းသူလေးတစ်ယောက်က တစ်နေ့မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ် ... အဲဒါကို အလောင်းစစ်ဆေးတဲ့ ဆေးအကူလေးက စစ်ဆေးကြည့်ရာ သတ်သေတာမဟုတ်ဘဲ အကွက်ကျကျစီစဉ်ထားတဲ့ လူသတ်မှု ဖြစ်မှန်းကို သိသွားခဲ့တဲ့အပြင် ဝေါ်လျောင်မှာ ကလေးမွေးထားတဲ့ လက္ခဏာတွေကိုပါ တွေ့ခဲ့ရတယ် အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာ အမျိုးမျိုး နှောင့်ယှက်တားဆီးခံခဲ့ရတယ်.. ဝေါ်လျောင်က ဘာလို့ အသတ်ခံခဲ့ရတာလဲ.. ဘယ်သူက သတ်တာလဲ ဘာလို့များ အဲဒီကိစ္စကို မဖော်ထုတ်စေချင်တာလဲ နန်းတွင်းထဲက အရှုပ်တော်ပုံတွေနဲ့ ကြီးနိုင်ငယ်ညှင်းကိစ္စတွေ မိဖုရားချင်း အားပြိုင်မှုတွေနဲ့ အာဏာရဖို့အတွက် လူ့အသတ်ကိုပါ သတ်ဖို့ ဝန်မလေးကြတဲ့ သူတွေအကြောင်းကို ‌သေသေချာချာ ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရတန်မယ့် ဇာတ်ကားလေး ဖြစ်ပါတယ်နော်.... File Size :(2.1GB) and (867MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:52:00 Genre : Crime , Mystery ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri Encoded by Phyo Pyae

Drama • Romance
7 2007 112 mins
Shadows in the Palace
Death Cast
2.3

ပထမဆုံးအနေနဲ့စော်လေးတွေမိုက်ပါတယ်။ ဒုတိယအနေနဲ့ဇာတ်လမ်းကသောက်ဆန်းကြီးပါ။ ဒီရုပ်ရှင်ထဲမှာပဲ နောက်ထပ်ရုပ်ရှင်တစ်ကားထပ်ရိုက်နေတဲ့ပုံစံမျိုးရိုက်ပြထားတာဖြစ်ပါတယ်။ အဲလိုကားတွေအရင်ကလည်းရှိဖူးတဲ့အတွက်အဲဒါကသိပ်မဆန်းပါဘူး။ ဘာကဆန်းတာလဲဆိုရင် ကြည့်ရင်းနဲ့ ရုပ်ရှင်လား ရုပ်ရှင်ထဲကရုပ်ရှင်လားဆိုတဲ့ကြားမှာခေါင်းစားရတာပါပဲ။ အဲဒါကပဲဒီဇာတ်ကားရဲ့အသက်လို့ဆိုနိုင်ပါတယ်။ အစကနေအဆုံးထိ အဲဒီနှစ်ခုကြားမှာလိုက်စဥ်းစားရင်းကိုမပျင်းရပါဘူး။ ဇာတ်လမ်းကတော့လူငယ်ခြောက်ယောက်ကို ထုတ်လုပ်ရေးတစ်ခုကဇာတ်ကားတစ်ကားအတွက် cast လုပ်ပြီး ရိုက်ကူးရေးအဖွဲ့တွေတစ်ယောက်မှမပါပဲ သူတို့ကိုယ်ပေါ်မှာပဲ mic တွေဆင်ပေးပြီး အိမ်ထဲမှာပဲကင်မရာတွေဆင်ထားတဲ့ မြို့ပြင်ကအိမ်တစ်အိမ်ကိုလွှတ်လိုက်ပါတယ်။ Reality show လိုပုံစံမျိုးလို့ထင်တယ်ဗျ။ အဲဒီမှာသူတို့ကိုဇာတ်ညွှန်းပေးထားတဲ့အတိုင်းသရုပ်ဆောင်နေတာလား တကယ်ဖြစ်နေကြတာလားဆိုတဲ့ကြားမှာ မြှုပ်ကွက်ပါးပါးလေးတွေထည့်ပြီး ဆွဲဆောင်သွားတာပါ။ ဒါပေမယ့်နောက်ဆုံးမှာ ဒိုင်ယာလော့ဂ်လေးတစ်ကြောင်းကပဲ တစ်ကားလုံးစဥ်းစားလာရတာတွေကိုအထုပ်ဖြေပေးသွားတာတစ်ခုတော့အတော်သဘောကျမိပါတယ်။ Rating သိပ်မကောင်းပေမယ့်လည်း သူတို့မှီငြမ်းထားတဲ့ဝတ္ထုကိုကကောင်းပြီးသားမို့ ရိုက်ချက်တွေလိုအပ်ချက်ရှိရင်တောင် ဇာတ်လမ်းဇာတ်အိမ်ကမညံ့ဘူးဆိုတာထက်ပိုပါတယ်။ Horror Thriller ဇာတ်ကားမလို့ ဟိုလိုအခန်းလေးတွေအနည်းငယ်နဲ့ အဝတ်အစားပိုင်းလွတ်လပ်ပေါ့ပါးတာတော့ရှိပါတယ်။ File size…(2.2 GB)/(750 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:17:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo

Action • Romance • Thriller
2.3 2021 74 mins
Death Cast
Good Night Oppy
7.6

~ IMDb - 7.7/10, Rotten Tomatoes - 88% ~ အင်္ဂါဂြိုဟ်ပေါ်မှာ ဂြိုဟ်သားနှစ်ကောင်ရှိတယ်ဗျ။ ကွိကွိကွကွ အသံတွေနဲ့ ရုပ်ဆိုးပန်းဆိုး ထိုးထိုးထောင်ထောင်ကောင်တွေပေါ့။ ကမ္ဘာပေါ်က လွှတ်လိုက်တဲ့ ကမ္ဘာသား ဂြိုဟ်သူမနှစ်ယောက်။ "အခွင့်လမ်း" နဲ့ "စိတ်ဓာတ်" တဲ့။ အမွှာညီအစ်မနှစ်ယောက်ပေါ့။ "စိတ်ဓာတ်" က အကြီးမ၊ ပြဿနာမလေးပေါ့။ အငယ်မ "အခွင့်လမ်း" က မယ်ကံကောင်းလေး။ သူတို့က အင်္ဂါဂြိုဟ်လေ့လာရေးအတွက် နာဆာကလွှတ်လိုက်တဲ့ ဂြိုဟ်ပေါ်သွားယာဉ် (Rovers) လေးတွေပါ။ အင်္ဂါဂြိုဟ်လို့ခေါ်တဲ့ ဂြိုဟ်နီကြီးကို ကမ္ဘာသားတွေ စိတ်ဝင်စားနေတာကြာပြီ။ ဂြိုဟ်ကြီး (၈) လုံးထဲမှာ (အခုတော့ ၈ လုံးပဲရှိတယ်လို့ ပြောတယ်ဗျ) အင်္ဂါဂြိုဟ်ပဲရွေးပြီး ဘာလို့စိတ်ဝင်စားကြတယ်မသိ။ ဇာတ်ကားတွေကလည်း အင်္ဂါဂြိုဟ်၊ နာဆာဂြိုဟ်သုတေသနကလည်း အင်္ဂါဂြိုဟ်။ ကဲပါလေ။ သူတို့က အင်္ဂါဂြိုဟ်ဆိုတော့လည်း လိုက်ဂါလိုက်ပါ့မယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိသလား... ရေရှိခဲ့ဖူးလား... သက်ရှိတွေရှိသလား... သက်ရှိတွေ ရှိခဲ့ဖူးလား... လား...ပေါင်းများစွာရဲ့အဖြေကို လူတစ်စုက ရှာဖွေကြတဲ့ ရုပ်သံမှတ်တမ်းလေးပေါ့။ လူတစ်စုဆိုလို့ နှယ်နှယ်ရရတော့မဟုတ်။ သိပ္ပံအဖွဲ့၊ ဘူမိဗေဒအဖွဲ့၊ အင်ဂျင်နီယာအဖွဲ့ တကယ့်ထိတ်ထိတ်ကြဲတွေချည်းပဲ။ အင်္ဂါဂြိုဟ် ဟိုဘက်ခြမ်း ဒီဘက်ခြမ်းကို ဂြိုဟ်ပေါ်သွားယာဉ်နှစ်စင်း အင်္ဂါဂြိုဟ်ရက် (ကမ္ဘာရက်ထက် မိနစ်လေးဆယ်ပို) ၉၀ (သုံးလ) စာ ခန့်မှန်းသက်တမ်းနဲ့ ‌စေလွှတ်ခဲ့တာပါ။ ဒါပေမဲ့ အစ်မဖြစ်သူက (၆) နှစ်ကျော် နဲ့ ညီမဖြစ်သူက ဆယ့်ငါးနှစ်နီးပါး တာဝန်ထမ်းဆောင်သွားတဲ့အကြောင်းတွေကို စုံစုံလင်လင်သိရမှာမို့ ကိုယ်တိုင်ပဲ ကြည့်ရှု‌နိုင်ပြီဖြစ်ပါကြောင်း။ (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 650MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 45Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama • Romance
7.6 2022 105 mins
Good Night Oppy
Fatman
5.5

ခရစ်စမတ် ကာလမှာ ကလေးတွေဟာ သူတို့ရဲ့ ဆန္ဒလေးတွေကို ရေးပြီးမှ ခရစ်စမတ် ဘိုးဘိုးကြီးလို့ ခေါ်တဲ့ Santa ဆီကို စာပို့ကြလေ့ရှိပါတယ်။ ခရစ်ဆိုတဲ့ အဘိုးကြီးတစ်ဦးဟာ Santa အသွင်နဲ့ ကလေးတွေကို လက်ဆောင်ပို့တဲ့အလုပ်လုပ်တဲ့သူပေါ့ တစ်နေ့မှာ ဝီနန်ဆိုတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်း လိုချင်တာ ရအောင်ယူ ဖြစ်ချင်တာ ရအောင်လုပ်တတ်တဲ့ သူဌေးသားလေးဟာလည်း ခရစ်စမတ်မှာ Santa ဆီကို စာတစ်စောင်ပို့လိုက်ပါတယ်။ ဝီနန်ဟာ ကလေးဆိုပေမယ့် သူဌေးသားဖြစ်တဲ့အလျောက် အသက်ငယ်သော်ငြားလည်း သူဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ ကြေးစားတစ်ယောက်ကို ပိုက်ဆံပေးပြီး မရရအောင် လုပ်တဲ့သူတစ်ယောက်ပါ။ အဲ့ဒီလောက် ဆိုးသွမ်းတဲ့ ဝီနန်တစ်ယောက် Santa ဆီက ခရစ်စမတ်လက်ဆောင်အဖြစ် သူလိုချင်တာမရဘဲ မီးသွေးခဲတစ်တုံးသာပြန်ရလိုက်တော့ အရမ်းကို စိတ်တိုသွားပါတော့တယ်။ ဖြစ်ချင်တာကို ရအောင် လုပ်တတ်တဲ့ ဝီနန်တစ်ယောက် ကြေးစားတစ်ယောက်ကို ငှားပြီး Santa ကို ရှာသတ်ခိုင်းပါတော့တယ်.... File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:40:00 Genre … Action, Fantsy, Comedy Subtitle….Myanmar Subtitle (Hardsub) Translated by Yoon Sandi Aung

Drama • Family
5.5 2020 100 mins
Fatman
The House at the End of Time
6.7

The House at the End of Time (2013) Original Title – La casa del fin de los tiempos Genre – Drama, Fantasy, Horror IMDB – 6.7/10 ၁၉၈၁ ခုနှစ် နိုဝင်ဘာလမှာ အိမ်ကြီးတစ်အိမ်ထဲ မိသားစုတစ်ခု ထူးခြားတဲ့ ကြမ္မာဆိုးငင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကို ဇနီးသည်က ဓားနဲ့ ထိုးသတ်လိုက်တယ်တဲ့၊ သားဖြစ်သူကလည်း ပျောက်ဆုံးနေတဲ့အတွက် သတ်ပစ်တယ်ဆိုပြီး ဇနီးသည်ကြီးကို ထောင်ဒဏ်အများကြီး ချမှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အနှစ် ၃၀ လောက်ကြာလာတဲ့အချိန်မှာတော့ အစိုးရရဲ့ လျှော့ပေါ့မှုအရ အသက်ကြီးနေတဲ့အတွက် ကိုယ့်အိမ်ကိုယ်ယာမှာပဲ အကျယ်ချုပ် ပုံစံမျိုး ထားပေးလိုက်တော့ ဒီအိမ်ကြီးကို ပြန်ရောက်လာခဲ့ရတော့တယ်။ အဲဒီမှာ ဖာသာတစ်ပါးကလည်း ဒီ အမျိုးသမီးကြီးကို ဘာတွေဖြစ်ပျက်သလဲ လာမေးမြန်းရင်း ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို သိရှိလာတယ်။ လွန်ခဲ့တဲ့အနှစ် ၃၀ က ဒီ မိသားစုရဲ့ အဖြစ်မှန်တွေကိုလည်း ပြန်သိရှိလာရင်း ခုလက်ရှိ အဘွားကြီးလည်း ဒီအိမ်ကြီးမှာ ဆက်နေရင်း ဘယ်လိုခြောက်ခြားစရာတွေ အံ့အားသင့်စရာတွေ ကြုံတွေ့ရမလဲဆိုတာကို နောက်ဆုံးမှာ ဟာ ဒီလိုတွေပါလားဆိုပြီး ခံစားရမယ့် စပိန်စကားပြော ထိတ်လန့်သည်းဖို ဒရမ်မာတစ်ကားပဲ ဖြစ်ပါတယ်။ File size… 2 GB / 670 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Horror • Thriller
6.7 2013
The House at the End of Time
Rescue Under Fire
6.2

Original Title: Zona Hotsil အာဖဂန်နစ္စတန် စစ်မြေပြင်ထဲက စပိန်တပ်မတော်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ MEDEVAC လို့ ခေါ်တဲ့ ဆေးဖက်ဆိုင်ရာ ဟယ်လီကော်ပတာတပ်ဖွဲ့အကြောင်းကို အဓိက အခြေပြုထားတာပါ။ MEDEVAC ၂ ဖွဲ့ထဲက တစ်ဖွဲ့ကို ရန်သူ့နယ်မြေထဲ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ဆိုပြီး စေလွှတ်ရာမှာ ဟယ်လီကော်ပတာဆင်းသက်ချိန် မြေမညီတဲ့အတွက် ဘီးချော်ပြီး ယာဉ်တိမ်းမှောက်ခဲ့ရပါတယ်။ အဲဒီမှာ အထဲကလူတွေ ထိခိုက်မှုမရှိပေမဲ့လည်း အသံတွေက ကျယ်လောင်ပြီး ရန်သူ့နယ်မြေထဲ ဖြစ်တဲ့အတွက် နောက်ထပ် ကယ်ဆယ်ရေးမလာခင် အသက်ရှင်ဖို့ လုံးပမ်းရမှာပါ။ တစ်ဖက်မှာလည်း စခန်းမှာက MEDEVAC ယာဉ် ၂ စီးပဲ ရှိတဲ့အတွက် ဒီပျက်ကျတဲ့တစ်စီးကို မရရအောင် သယ်ထုတ်မယ်ဆိုပြီး မဟာဗျူဟာနဲ့ နောက်နေ့ အရုဏ်တက်မှာ အရကယ်ဆယ်ဖို့ ကြံစည်ကြပါတယ်။ ဒီလိုနဲ့ ပျက်ကျတဲ့ MEDEVAC တပ်ဖွဲ့ရယ် စခန်းစောင့်တပ်ဖွဲ့တွေရယ် ကယ်ဆယ်ရေးမလာခင် တစ်ညတာကို ရန်သူတာဘီဘန် နယ်မြေထဲမှာ ဘယ်လိုမျိုး စွန့်စွန့်စားစားနဲ့ ဖြတ်သန်းရမလဲ ကယ်ဆယ်ရေးအချိန်မှီလာမလား ဟယ်လီကော်ပတာကိုလည်း သယ်သွားနိုင်ပါ့မလား စသဖြင့် ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် စပိန်ဖြစ်ရပ်မှန် စစ်ကားလေးပဲ ဖြစ်ပါတယ်။ IMDB မှာလည်း 6.2 ရရှိထားပါတယ်။ File size…1.55GB / 726MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

Action • Crime • Thriller • Horror
6.2 2017
Rescue Under Fire
The Bad Guys: A Very Bad Holiday

ဒီ ဇာတ်ကားလေးကတော့ ခရစ်စမတ် မနက်ခင်းမှာ ဓားပြမှုကြီးကျူးလွန်ကြမဲ့ လူဆိုးကြီးများအကြောင်း ဟာသလေးနှောပြီးရိုက်ပြထားတဲ့ Animation ဇာတ်လမ်းတိုလေးပါပဲ…… ဝံပုလွေကြီးရယ်၊ ငါးမန်းကြီးရယ်၊ မြွေကြီးရယ်၊ ပုတ်သင်ညိုကြီးရယ်၊ ပင့်ကူလေးရယ် ၅ယောက်သား ခရစ်စမတ်နေ့ တမြို့လုံး ပွဲတော်လုပ် နားကြမဲ့အချိန်မှာ ဓားပြမှုကြီးကျူးလွန်ကြမယ်လို့ တိုင်ပင်ထားကြရင်း အဲဒီနေ့မတိုင်ခင်မှာပဲ တမြို့လုံးက စွဲလန်းနေကြတဲ့ ဘစ်နစ်ဆိုတဲ့ ဆန်တာကလော့ မိုးပျံပူဖောင်းကြီးကို မထင်မှတ်ဘဲ ဖျက်ဆီးလိုက်မိတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးလို့…… File size…(400 Mb)/(230 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:25:00 Genre…Animation, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by….Garfield

0 2023
The Bad Guys: A Very Bad Holiday
Blondi
6.7

IMDb 6.7/ Rotten Tomatoes 86% ရထားတဲ့ မိသားစု ဟာသ ဒရာမာရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘလွန်ဒီ နဲ့ မီကိုတို့က အသက် ၁၅ နှစ်ပဲကွာတဲ့ သားအမိနှစ်ယောက်ပါ။ ဘလွန်ဒီမှာ မာတီနာလို့ခေါ်တဲ့ ၂ နှစ်လောက်ကြီးတဲ့ အစ်မတစ်ယောက်ရှိတယ်ပေါ့။ သူ့အစ်မမှာကလည်း မိသားစုနဲ့။ ဘလွန်ဒီ နဲ့ သူ့သား မီကိုတို့က အသက်အရွယ်အရမ်းမကွာတာကြောင့် အချင်းချင်းသူငယ်ချင်းပေါင်းပေါင်းကြတယ်။ အမေနဲ့သားပဲရှိတာကြောင့် အချင်းချင်းလည်းအရမ်းတွယ်တာကြတာပေါ့။ တစ်ရက်မှာတော့ မီကိုက သူ့အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခုကိုချလိုက်တယ်။ ဒါပေမဲ့ သူ့အပေါ်အရမ်းတွယ်တာတဲ့ အမေဖြစ်သူကိုတော့ အားနာတာကြောင့် ဒီအစီအစဉ်ကိုမပြောပြဘဲနေနေပါတယ်။ ဒီအချိန်မှာ အဒေါ်ဖြစ်သူမာတီနာတစ်ယောက် အိမ်ကနေရုံးကိုသွားရာလမ်းမှာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘလွန်ဒီ နဲ့ မီကိုတို့သားအမိ ကားတစ်စီးနဲ့ မာတီနာကိုလိုက်ရှာကြပါတော့တယ်။ မိသားစုရုပ်ရှင်လေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ။ အထူးသဖြင့် အမေနဲ့သားအကြားမှာ age gap အရမ်းမကွာတဲ့အခါ အမေဖြစ်သူနဲ့ သူငယ်ချင်းပေါင်းပေါင်း၊ ဆေးခြောက်အတူသောက်၊ အတူတူပါတီသွားကြတဲ့ မီကိုနဲ့ ဘလွန်ဒီတို့ရဲ့သားအမိဆက်ဆံရေးလေးက ထူးခြားပြီးချစ်စရာကောင်းပါတယ်။ အမေနဲ့သားအကြားက အချစ်ရယ်၊ မိသားစုအကြောင်းရယ်ကို ဟာသလေးနှောပြီးရိုက်ကူးထားတာကြောင့် အပန်းဖြေကြည့်ရှုဖို့သင့်တဲ့ကားလေးတစ်ကားဖြစ်ကြောင်းညွှန်းပေးလိုက်ပါတယ်။ File size…(1.5 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.7 2023
Blondi
In Between Seasons
6.1

In Between Seasons (2018) ************************* BL ကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် မိခင်မေတ္တာနဲ့ သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်အကြောင်းကို ရိုက်ကူးဖော်ပြထားတဲ့ In Between Seasons ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် .. အိမ်ရှင်မတစ်ဦးဖြစ်တဲ့မီဂယောင်းဟာ ခင်ပွန်းဖြစ်သူနဲ့ အနေဝေးပြီးတော့ တစ်ဦးတည်း‌သောသားလေး ဆူဟျွန်းကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆူဟျွန်းက အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ ယောင်းဂျွန်းကိုသူနဲ့အတူ နေဖို့အတွက် အိမ်ကို ခေါ်လာခဲ့ပါတော့တယ်။ နှစ်အတော်ကြာအတူတူနေခဲ့ပြီးတော့ စစ်မှုထမ်းဖို့အတွက် ယောင်းဂျွန်းက အရင် သွားခဲ့ပြီး ဆူဟျွန်းက နောက်မှ ဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆူဟျွန်း စစ်မှုထမ်းပြီးတဲ့နောက် သူတို့နှစ်ယောက်က အတူတူခရီးထွက်ရာကနေ ကားမတော်တဆမှုဖြစ်ခဲ့ပြီး ဆူဟျွန်းက ကိုမာဖြစ်သွားတာကြောင့် မိခင်ဖြစ်သူကတော့ သူ့သား ဒီလိုဖြစ်သွားအတွက် ယောင်းဂျွန်းကို အပြစ်တင်ခဲ့ပါတယ်။ ဒီတော့ မီဂယောင်းက သူ့ကို ခွင့်လွှတ်ဖို့အတွက် ယောင်းဂျွန်းအနေနဲ့ ဘယ်လိုတွေ ကြိုးစားမလဲ။ ဆူဟျွန်းနဲ့ ယောင်းဂျွန်းရဲ့ဆက်ဆံရေးကို မီဂယောင်းက ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် .. (ဇာတ်လမ်းအညွှန်းကို Estel မှရေးသားထားပါတယ်) File size…791MB / 356MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 42 min. Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

6.1 2018
In Between Seasons
Whiteout
5.5

ဒီဇာတ်ကားလေးက ၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ဒါရိုက်တာ Derek Barnes ရိုက်ကူးထားတဲ့ survival thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Douglas Nyback, Joel Labelle နဲ့ James McDougall တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ရုရှားထောင်တစ်ခုကနေ အရဲစွန့်ထွက်ပြေးလာတဲ့ Kurt, Anthony နဲ့ Henry တို့ရဲ့ တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ထောင်ထဲကနေလွတ်လာတဲ့ သူတို့သုံးယောက်ဟာ ကြမ်းတမ်းတဲ့ တောနက်ကြီးကိုဖြတ်ပြီးတော့ ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေကို ရင်ဆိုင်ကာ အချင်းချင်း မသင့်မမြတ်ဖြစ်မှုတွေကို ကျော်ဖြတ်ရင်း အသက်ရှင်ဖို့အတွက် တိုက်ပွဲဝင်ကြပုံကို ကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားထဲမှာ လူသားတွေရဲ့ အကြမ်းခံနိုင်မှုတွေ၊ မဖြစ်နိုင်တဲ့ အခြေအနေမှာတောင် အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ဆက်လက် တိုက်ပွဲဝင်ပုံတွေကို Thriller genre ပီပီ ကြည့်ရှုသူကို စိတ်လှုပ်ရှားမှု ရသ အပြည့်အဝရအောင် ရိုက်ကူးထားပါတယ်။ File size… (1.39GB) / (917MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Music
5.5 2024 90 mins
Whiteout
Beasts of No Nation
7.7

Beasts of No Nation (2015) ************************** IMDb….7.7/10, Rotten…92% စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဒီကားက တကယ့် ဂန္တဝင်ကားလို့တောင်ပြောလို့ရမယ်ထင်တယ်… အာဂူးဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်…ကလေးအရွယ်ပဲရှိတဲ့ဒီကောင်လေးရဲ့စိတ်မှာ ဆော့လိုက် ပျော်လိုက်နောက်လိုက်ပေါ့…သို့ပေမဲ့ အာဂူးတို့နေတဲ့ အာဖရိကမှာ ပြည်တွင်းစစ်ဖြစ်နေတယ်… ပြည်တွင်းစစ်ဆိုတဲ့အတိုင်း ပြည်သူတွေက ဒုက္ခသည် အဖြစ်နဲ့ အရေအတွက်အပေါင်းများစွာ တည်ရှိနေတယ်… ကလေးဘဝအာဂူးလေးရဲ့ မရှိမဲ့ရှိမဲ့ ပျော်ရွှင်စရာကမ္ဘာဟာ တိုက်ပွဲကြားထဲ အဖေနဲ့ အစ်ကို သေဆုံးခဲ့ပြီး အမေနဲ့ ညီမလေးကလည်း ဘယ်ဆီသို့ပေါက်ရောက်မှန်းမသိတော့ပါ… အာဂူးလေးကိုယ်တိုင်လည်း တောထဲထွက်ပြေးရင်း အဖွဲ့အစည်းတစ်ခုရဲ့ စစ်သည်တော်တစ်ဦးဖြစ်လာခဲ့တယ်… ဒီကားက တကယ့်ဖြစ်ရပ်မှန်ကိုအခြေပြုရိုက်ကူးထားတာပါ… ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးကြောင့် ကလေးတစ်ယောက်ရဲ့ ဆင့်ကဲပြောင်းလဲပုံတွေကိုအကောင်းမွန်ဆုံးရိုက်ပြထားပါတယ်… အကုန်လုံးနီးပါးက အသက်(၁၈)နှစ်အောက်တွေဖြစ်တဲ့အပြင် တချို့တွေဆို တော်တော်ကြီးကိုငယ်တယ်… သို့ပေမယ့် ရန်သူတစ်ယောက်ရဲ့လည်ပင်းကိုလှီးဖို့ဝန်မလေးသလို မကောင်းမှုအားပေးအရပ်သားလို့ယူဆရတဲ့မိန်းမတွေနဲ့ ကလေးတွေကိုလည်း အေးစက်စက်မျက်လုံးနဲ့ နဖူးကိုသေနတ်နဲ့တေ့ပြီး မောင်းဖြုတ်ဖို့ လည်း ဝန်မလေးကြပါဘူး… စစ်ကားကြိုက်တဲ့သူမဟုတ်ရင်တောင် ဒီကားကို ကြည့်စေချင်ပါတယ်… တစ်ခုခုတော့ ခင်ဗျားတို့ ရသွားနိုင်ကောင်းပါရဲ့… File Size : 2.80GB / 1.12GB Quality : Blu-Ray 1080p 5.1ch / 720p Duration : 02:17:00 Genre : Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Heather Oo

Drama
7.7 2015 137 mins
Beasts of No Nation
Blue Caprice
6.5

Blue Caprice (2013) ******************* ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် မှုခင်းတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crime Drama ဇာတ်ကားကောင်လေးတစ်ကား ဖြစ်ပါတယ်… မိခင်ရဲ့ စွန့်ပစ်ခြင်းကို ခံထားရတဲ့ လူမည်းကောင်လေးတစ်ယောက် လမ်းပျောက်ပြီး ဘဝကို ရေစုန်မျှောဖို့ လုပ်နေချိန်မှာ အိမ်အနီးက လူတစ်ယောက်က ကယ်တင်ပြီး သားအရင်းလို မွေးစားထားခဲ့ပါတယ်… အဲဒီလူမှာလည်း လူမှုရေးပြဿနာတွေနဲ့ လုံးပမ်းနေရပြီး လောကဓံရဲ့ ရိုက်ချက်တွေကို အလူးအလိမ့်ခံနေရပါတယ်…လောကကြီးကို စိတ်နာသွားတဲ့မွေးစားမိဘနဲ့ သူ့ရဲ့မွေးစားသားတို့နှစ်ယောက် ဘယ်လိုတွေ ရည်မှန်းချက်ထားပြီး ဒီလောကကို အဖြေရှာမလဲဆိုတာ ရိုက်ပြထားတဲ့ ကားကောင်လေးတစ်ကားဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်… ဇာတ်လမ်းအညွှန်းကို Lin Aung မှ ရေးသားပေးထားပါတယ်… File Size : 1.58GB / 615MB Quality : WEB-DL 1080p 5.1ch / 720p Duration: 1 hr. 35 min. Genres: Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lin Aung Encoded by Heather Oo

6.5 2013 93 mins
Blue Caprice
Demon City
6

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Demon City ဆိုတဲ့ဂျပန်အက်ရှင်ကားလေးပဲဖြစ်ပါတယ်.. ဒီကားလေးဟာဆိုရင် အသတ်အပုတ်အတိုက်အခိုက်ခန်းများ တင်းကြမ်းပါဝင်လို့ အက်ရှင်ဇာတ်ကားချစ်သူများအတွက် အရသာတွေ့စေမှာ သေချာပါတယ်… Sakata ဟာဆိုရင် လက်မရွံ့လူသတ်သမားတစ်ယောက်ဖြစ်ပြီး Shinjo မြို့တော်ရဲ့ ဒဏ္ဍာရီအတိုင်း နတ်ဆိုးဝင်ပူးနေသူလို့လည်း သတ်မှတ်ခံသူတစ်ယောက်ဖြစ်ပါတယ်.. Shinjo မြို့တော်တွင် အင်အားချင်းပြိုင်နေသည့် ယာကူဇာဂိုဏ်းကြီး နှစ်ဂိုဏ်းရှိရာ ဇာတ်လမ်းအစမှာပဲ Sakata လက်ချက်နဲ့ ဂိုဏ်း တစ်ဂိုဏ်းဟာ ကိစ္စတုံးခဲ့ရပါတယ်.. ထိုသို့ကိစ္စတုံးအပြီး Sakata တစ်ယောက်ဟာ မိသားစုဘဝလေးကို အေးအေးချမ်းချမ်းအလုပ်လုပ်ရင်း ဖြတ်သန်းဖို့ဆုံးဖြတ်ကာ လက်မရွံ့လူသတ်သမားအဖြစ်က အနားယူဖို့လုပ်ချိန်မှာတော့ အနားယူခွင့်မပေးလိုတဲ့သူတချို့ဟာ Sakata ရဲ့အေးချမ်းပျော်ရွှင်နေတဲ့ မိသားစုဘဝလေးကို ဖျက်ဆီးကာ ၎င်းကိုသတ်ဖြတ်ဖို့ အိပ်မက်ဆိုး သဖွယ်လာခဲ့ပါတယ်… သာမန်အလုပ်ကလေးတစ်ခုကို ရှာဖို့ ဇနီးဖြစ်သူနဲ့တိုင်ပင်ထားကြတဲ့ Sakata တို့ရဲ့ အိမ်ဂေဟာလေးအတွင်းကို ဘယ်သူဘယ်ဝှာမှန်းမသိတဲ့ မျက်နှာဖုံးစွပ်အဖွဲ့တွေ ရောက်လာပြီး သမီးနဲ့ ဇနီးကို ချုပ်ကိုင်ကာ Sakata ကို အလွယ်တကူပဲ သတ်ဖို့လုပ်ပါတယ်… ဒေသတွင်းသတင်းများမှာတော့ ဇနီးဖြစ်သူနှင့် သမီးကို ပစ်သတ်ကာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တဲ့ Sakata အကြောင်းဟာ ဟိုးလေးတကြော်ဖြစ်ခဲ့ပြီး လူသတ်မှုနှင့် ထောင်ကျခဲ့ရပါတယ်… ထိုဖြစ်စဉ်အပြီး ၁၂ နှစ်အကြာ ထောင်ကထွက်လာတဲ့ Sakata ဟာ သေနတ်ဒဏ်ရာကြောင့် ဦးနှောက်သေသလိုဖြစ်နေခဲ့ပေမဲ့ ထောင်ထွက် ဖြစ်သူ ၎င်းထံ အပြတ်ရှင်းဖို့ မျက်နှာဖုံးစွပ်များ အလျှိုအလျှို ရောက်လာချိန်မှာတော့ ဒဏ်ရာရလျက်သားနဲ့ လက်စားချေဖို့ အခွင့်ကြုံလာပါတော့တယ်.. ဒီကာလေးဟာဆိုရင် သွေးအလိမ်းလိမ်းသတ်ပုတ်ခန်းများ ကြုံရာကျပန်း ထိုးသွင်းခုတ်ထစ်ခန်းများ မီးတောက်ပေါက်ကွဲသည့်အက်ရှင်ခန်းများနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်တဲ့အပြင် စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များလည်း ပါဝင်တာကြောင့် အက်ရှင်ကားချစ်သူပရိသတ်များ ကြည့်ရှုခံစားနိုင်စေဖို့ ညွှန်းဆို တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ……….. File size… (2.34 GB) / (897 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre ….. Action , Adventure , Crime , Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Thriller
6 2025 106 mins
Demon City