YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Aaja.Mexico.Chaliye.(2022).1080p(CM).mp4

2.73 GB N/A video/mp4 533 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dragon Squad
5.6

ဇာတ်လမ်းကတော့ နိုင်ငံတကာအလိုရှိနေတဲ့ ဟောင်ကောင်ရာဇဝတ်သား ကျားသစ်ဒွမ်ကို ရုံးထုတ်တာကနေ စတင်ထားတာပါတယ်။ တရားစွဲမှာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာရဲဌာနဖြစ်တဲ့ အင်တာပိုလ်ကလည်း ပါဝင်လာပြီးတော့ ကျားသစ်ဒွမ်ကို ထောင်ထဲပို့ သူ့ရဲ့ မြေပေါ်မြေအောက် စီးပွားရေးမှန်သမျှ ချုပ်ငြိမ်းဖို့ ကြံဆောင်ကြတော့မှာပါ... ဒါပေမယ့် ဇာတ်လမ်းက ရိုးရှင်းမနေပါဘူး.... ပြည်ပကြေးစားအဖွဲ့တစ်ဖွဲ့က ရုံးထုတ်မယ့်နေ့မှာပဲ လုံခြုံရေးယာဉ်တန်းကို တိုက်ခိုက်ပြီး ကျားသစ်ဒွမ်ကို ခေါ်ဆောင်သွားပါတယ်... ကျားသစ်ဒွမ်လည်း ကယ်တင်ခံရပြီ အထင်နဲ့ ပျော်ရွှင်ခံပေမယ့် တကယ်တန်းမှာတော့ သူနဲ့ သူ့အစ်ကို ကျားကြီးဒွမ်တို့ကို လက်စားချေမယ့်သူတွေပဲ ဖြစ်လို့နေပါတယ်... ဟောင်ကောင်ရဲတွေက တစ်ဖက်… အငယ်တန်းအင်တာပိုလ်ရဲတွေက တစ်သင်း.... ကြေးစားတွေက တစ်ဖွဲ့... သူ့ညီကို ပြန်ကယ်ချင်တဲ့ ကျားကြီးဒွမ်တို့ကလည်း တစ်ဖွဲ့ဖြစ်နေလောတော့ လေးပွင့်ဆိုင်အက်ရှင်ကားလေးလို့ပဲ ပြောရမှာပါ... ဟောင်ကောင်အက်ရှင်ကားကြိုက်သူတွေအဖို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(1.6GB) Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:59:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Action • Drama • History
5.6 2005 110 mins
Dragon Squad
Three Wishes for Cinderella
7

IMDb Rating - 5.9/10 စင်ဒရဲလားလို့ပြောလိုက်ရင် အများစုကသိရှိပြီးသားဇာတ်လမ်းလေးပဲ မဟုတ်လား၊ ဒါကတော့ အကုန်လုံးသိထားပြီးသား ပုံပြင်ဟောင်းလေး တစ်ပုဒ်နဲ့သိပ်မတူတဲ့ စင်ဒရဲလားပုံပြင် နော်ဝေးဗားရှင်းလေးလေးပါပဲ။ ဒီထဲမှာတော့ စင်ဒရဲလားလေးက နုဖတ်နေတာမဟုတ်ဘဲ မြင်းစီးမြားပစ် တလွှားလွှားနဲ့ပါပဲ။ နောက်ပြီး နတ်သမီးမေမေထက် နောက်ဆုံးမှာ ကိုယ့် ကိုယ့်ကိုယ်သာ အားကိုးရာဆိုတာမျိုးနဲ့ ပုံစံတစ်မျိုးပြသထားသလို၊ ကယ် တင်ရှင်မင်းသားလေးလည်း မလိုတဲ့ဗားရှင်းမို့ အရသာတမျိုးလေးနဲ့ ကြည့် လိုက်ကြရအောင်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.4 GB) / (582 MB) / (343 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Family, Fantasy Translator.......Mr.Anderson Encoder..........SWM

Drama • Thriller
7 2021 95 mins
Three Wishes for Cinderella
(18+) Raped by an Angel /Naked Killer 2
5

ဟောင်ကောင်မင်းသမီး Chingmy Yau ရဲ့ 1992 ကထွက်ခဲ့တဲ့ Naked Killler ရဲ့ နံပါတ် ၂ ...Naked Killler 2 ဖြစ်ပေမယ့် သူ့ထက်ပိုနာမည်ကျော်တဲ့ စီးရီးစ်တစ်ခုဖြစ်လာမယ့် Raped by an angel ဇာတ်ကားတွဲတွေအတွက် ပထမဆုံးကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ယူးနဲ့ မင်းမင်းတို့ဟာ မိဘမဲ့ကျောင်းတစ်ကျောင်းထဲက အတူတူထွက်လာတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လဲဖြစ် အခုချိန်မှာ တက်သစ်စကြေငြာမင်းသမီးလေးတွေဖြစ်နေပြီးတော့ တိုက်ခန်းတစ်ခုမှာအတူတူနေကြပါတယ်။ ပါတီတစ်ခုမှာ ချက်ခ်ဆိုတဲ့ လူပွေလူရှုပ်ပုံစံ ရှေ့နေတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ကံဆိုးစွာပဲ အဲ့ဒီလူဟာ သူတို့ဘေးခန်းကိုပြောင်းလာခဲ့ပါတယ်။ ယူးက ကျောင်းတစ်ဖက်နဲ့အလုပ်ရှုပ်နေရင်း ထိပ်သီးနာမည်ကျော်ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ ချစ်ဇာတ်လမ်းစချိန်မှာ တစ်ယောက်တည်းအိမ်မှာကျန်နေခဲ့တဲ့ မင်းမင်းကို ဟိုရှေ့နေက မတရားကျင့်တာခံလိုက်ရပါတော့တယ်။ ဒါကို တရားရုံးမှာရင်ဆိုင်ဖို့ကြိုးစားခဲ့ပေမယ့် အကွက်စေ့ ဉာဏ်များလွန်းတဲ့ရှေ့နေက အမှုကနေ ကွင်းလုံးကျွတ်လွတ်သွားချိန်မှာတော့ အချစ်ဆုံး သူငယ်ချင်းကိုယ်စား ယူး တစ်ယောက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ကလဲ့စားချေဖို့ကြိုးစားပါတော့တယ်။ ပညာတတ်အောက်တန်းစားထက်စာရင် ကိုယ်ကျင့်တရားရှိတဲ့လူမိုက်ကမှ တော်ပါသေးတယ်ဆိုတဲ့ ရှော့ရစရာသင်ခန်းစာတချို့လဲ ပြထားနိုင်ပါသေးတယ်။ ၁၉၉၀ ဝန်းကျင် ဟောင်ကောင်ရွှေခေတ်က ဇာတ်ကားတွေထုံးစံအတိုင်း သတ်ခန်းဖြတ်ခန်းတွေကြမ်းတမ်းသလို ချစ်ခန်းကြိုက်ခန်းတွေမှာလဲ အဖုံးအကွယ်မရှိ ပကတိအတိုင်းအလှအပတွေကိုရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဖြတ်ထုတ်ထားတဲ့အခန်းတွေကို ဖြတ်ဆက်အနေနဲ့ ပြန်ထည့်ထားတဲ့ ရှားရှားပါးပါး Uncut Version နဲ့တင်ဆက်ထားတာမလို့ အရွယ်မရောက်သေးသူများ မကြည့်သင့်ပါဘူး။ တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=raped+by+an+angel  ရှာကြည့်လို့ရပါတယ်။ File Size : (1.1 GB) Quality : DVDRip(Uncut Version) 720p Running Time : 01:42:17 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Drama • Romance
5 1993 95 mins
(18+) Raped by an Angel /Naked Killer 2
Nna Thaan Case Kodu
7.9

အလုပ်မရှိ အကိုင်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ပလပ်ဖောင်းခေါင်းအုံးရတဲ့ သူခိုးလေး ရာဂျီဗန်... ရုပ်ရည်ချောမောပြီး လူမမာ ဖခင်ကို ပြုစုနေရတဲ့ တမဲလ်အလုပ်သမလေး ဒေဗီ... သူတိုနှစ်ဦးဟာ ကံစီမံရာ ဇာတ်ဆရာအလိုကျအတိုင်း ချစ်ကျွမ်းဝင်ခဲ့ကြရာ ဒေဗီက ရာဂျီဗန်ကို သူခိုးအလုပ်ကို ထပ်မလုပ်ဖို တောင်းဆိုပြီး Living Together နေထိုင်ခဲ့ကြရင်း တစ်နေ့မှာတော့ ရာဂျီဗန်ဟာ MLA အမတ်ရဲ့အိမ်ကို ခိုးဝင်တဲ့အမှုနဲ့ စွပ်စွဲခံရပါတယ်။ တကယ်တမ်းက ဘုရားပွဲကနေပြန်လာရင်း လမ်းမှာ သုံးဘီးတစ်စီးက ဝင်တိုက်မိမလို ဖြစ်တဲ့အတွက် ရှောင်ရင်းကနေ အမတ်ရဲ့ အိမ်ထဲကို ခုန်ဝင်မိရင်း ခွေးဆွဲတာခံရတာပေါ့ဗျာ။ အဲ့ဒီလိုနဲ့သူခိုးဆိုပြီး တစ်ရပ်ကွက်လုံးက ဆွမ်းကြီးလောင်း ရဲလက်အပ်လိုက်တာပေါ့။ တရားရုံးမှာတော့ ရာဂျီဗန်ဟာ ဉာဏ်ရွှင်သူဖြစ်တာနဲ့အညီ ပစ္စည်းခိုးဖို ရည်ရွယ်ခဲ့တာမဟုတ်ကြောင်း ချက်ကျလက်ကျ ရှင်းပြရင်း သက်သေတွေကို ကိုယ်တိုင်ရှာရပါတော့တယ်။ အဲ့ဒီလိုနဲ့ ရာဂျီဗန်ဟာ သက်သေတွေ စုတုပြုပြီး ဖြစ်စဉ်ဟာ လမ်းမပေါ်က ချိုင့်ခွက် တွေကြောင့် ဖြစ်ကြောင်းတင်ပြရင်း ဆောက်လုပ်ရေးဝန်ကြီးကိုပါ စွပ်စွဲလိုက်တော့ ပွဲကြမ်းကုန်ပါလေရော... အဲ့ဒီချိုင့်ခွက်တွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိဦးမှာလဲ...? လမ်းဖောက်ဖို အရည်အသွေးမပြည့်မီတဲ့ ကုန်ကြမ်းတွေကို ဘယ်သူက သုံးခဲ့တာလဲ...? ရာဂျီဗန်တစ်ယောက် တရားရင်ဆိုင်နိုင်ပါ့မလား...? ကဲ... ဇာတ်ကားရဲ့ အစပိုင်းမှတော့ ဟာသနှောတဲ့ Dialogue တွေနဲ့အတူ စုံစမ်းစစ်ဆေးတာတွေလုပ်ပြီး ဒုတိယအပိုင်းမှာတော့ တရားခွင်စကားစစ်ထိုးပွဲတွေကို အဓိကထား ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ အတွေးအခေါ် အယူအဆတွေအပြည့်နဲ့ မပျင်းရအောင် ဟာသနှောပြီး တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်တာမို ကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ File size…2.45GB / 1.13GB Quality…1080p True WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kham Mon & Sora & Taylor & BpL & Yunni

Action • Adventure • Fantasy
7.9 2022 139 mins
Nna Thaan Case Kodu
83
7

အခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ် အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။ သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ် တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် အားလုံးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်... (ဇာတ်လမ်းအညွှန်းကိုတော့ Thar Htet က ရေးပေးထားပါတယ်) File Size          :  3.1GB, 1.7GB, 859MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 42mins Genre              : Biography, Drama, History Translated by  Thar Htet & Kit Encoded by Kinnov

Comedy • Drama • Family
7 2021 163 mins
83
Men
6.2

~ IMDb - 6.3/10, Rotten Tomatoes - 69% ~ A24 ဟာ တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးအောင်မြင်လာလိုက်တာ ဒီနှစ်ဆိုလည်း သူ့ပင်တိုင်လက်စွဲဒါရိုက်တာတွေဖြစ်တဲ့ Jordan Peele တို့ ရောဘတ်အက်ဂါတို့နဲ့ ကားမထုတ်ဖြစ်ပေမဲ့ တခြားနာမည်ကြီး ဒါရိုက်တာတွေ ဒါရိုက်တာအသစ်တွေနဲ့ ကားသစ်တွေထုတ်ခဲ့တာမှာ အကုန်လုံးနီးပါးလည်း အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ထွက်ပြီးသား A24ကားတွေကတော့ - " The Sky Is Everywhere, After Yang, X, Everything Everywhere All at Once နဲ့ Men " တို့တွေပါပဲ။ Everything Everywhere All at Once ဟာ A24 ရဲ့ ရုံဝင်ငွေအရရော အနုပညာအရရော စံချိန်တင်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို After Yang တို့ X တို့ကလည်း တကယ့်ရုပ်ရှင်ကောင်းတွေပါပဲ။ သို့ပေမဲ့ ဒီသုံးကားလုံးက သူတို့အရင်ကလက်မတွဲဖူးတဲ့ ဒါရိုက်တာတွေနဲ့ လက်တွဲရိုက်ကူးခဲ့တာပါ။ ဒီနှစ်မှာတော့ Ex Machina ကားနဲ့ A24 အတူ Debut လုပ်ခဲ့တဲ့ ဒါရိုက်တာ Alex Garland ရဲ့ Men ကို A24ကပဲ ထပ်ပြီးထုတ်ဝေခဲ့ပါတယ်။ Alex Garland ဟာ ရုပ်ရှင်သုံးကားပဲ ရိုက်ကူးထားပေမဲ့ သုံးကားလုံးအောင်မြင်ခဲ့ပါတယ်။ ပထမကား Ex Machina ဟာ တော်တော်အောင်မြင်ခဲ့သလို ဒုတိယကား Annihilation ကလည်း မခေပါဘူး။ ခုတတိယကားကလည်း ပရိသတ်တစ်ချို့ကတော့ တော်တော်သဘောကျနေကြပြီး ဝေဖန်ရေးသမားတွေကလည်း သရုပ်ဆောင်ပိုင်းနဲ့ Sound Design ပိုင်းကို တော်တော်ချီးကျူးထားကြပါတယ်။ Horror ကားတစ်ကားမှာ အသံကလည်း အသက်ပဲမို့လား။ စီနီမာလည်း လှပါတယ်။ ဇာတ်အိမ်အရမ်းကျဉ်းတာကလွဲ အပြစ်ပြောစရာမရှိတဲ့ ရုပ်ရှင်ကောင်းပါပဲ။ Folk horror Genre ကို ရိုက်ကူးထားတာပါ ။ ဒါရိုက်တာကောင်းရိုက်တာဆိုတော့ နည်းနည်းဇာတ်အိမ်ကျဉ်းသွားတာတောင် ကားကောင်းကားဆန်းကြီးဖြစ်နေတုန်းပါပဲ။ တော်တော်ထူးဆန်းတဲ့ ဇာတ်မို့ ဇာတ်လမ်းကိုတော့ မပြောပြချင်တော့ပါဘူး။ ဘာမှမသိဘဲကြည့်ရတာပိုအရသာရှိမှာပါ။ A24 ဖန်တွေ၊ Horror ဖန်တွေ၊ Alex Garland ဖန်တွေ၊ Ex Machina နဲ့ Annihilation ကို သဘောကျတဲ့လူတွေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ တစိမ့်စိမ့် သိချင်စိတ်ကိုဆွပြီး တသိမ့်သိမ့်ကြောက်ရွံ့ခြင်းရသ ပါးပါးကို ရချင်တဲ့သူတွေအပြင် Body Horror ဖန်တွေလည်း ကြည့်သင့်ပါတယ်။ A24 ရဲ့ ရုပ်ရှင်ကားကောင်းတွေကို သဘောကျတဲ့လူတွေ အကြိုက်တွေ့မယ်လို့ပြောနိုင်ပေမဲ့ A24 ကိုက လူတိုင်းကြိုက်တဲ့ ကားမျိုးတွေဖြန့်ဝေတာမဟုတ်တော့ ဒီကားဟာလည်း လူတိုင်းကြိုက်တဲ့ကားဖြစ်မယ်လို့ အာမ, မခံနိုင်ပေမဲ့ ကားကောင်းတစ်ကားဆိုတာတော့ အာမခံနိုင်ပါတယ်။ 2022 ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲ Men ကိုလည်းထည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 575MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 40Min Genre - Drama, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Drama • Romance
6.2 2022 100 mins
Men
Sound of Metal
7.7

ဟီရိုအင်းဆေးသမားဖြစ်ခဲ့တဲ့ Punk-Metalတီးဝိုင်းတစ်ခုရဲ့ ဒရမ်သမား ရူဘင်စတုန်းအတွက်တော့ ဒီအလုပ်က တော်တော်လေးကောင်းတဲ့အစားထိုးမှုတစ်ခုပါ။ ဒီလိုနဲ့ ဆေးလိပ်၊မူးယစ်ဆေးတွေဖြတ်လိုက်ပြီး လေးနှစ်ကြာသွားတယ်။ ဒီအလုပ်ကိုလည်း သူ့ရည်းစား(လူ)နဲ့ ပျော်ပျော်ကြီး ဆက်လုပ်ရင်းပေါ့။ ဒါပေမယ့် သူ့အကြားအာရုံ ချို့ယွင်းလာတာကို တဖြည်းဖြည်းသတိထားမိလာတယ်။ ဆရာဝန်ဆီသွားပြကြည့်တော့ ရက်အနည်းငယ်အတွင်းမှာပဲ သူ့အကြားအာရုံ ၇၀%ကနေ ၈၀%အထိ ဆုံးရှုံးနေတာကို သိလိုက်ရတယ်။ ဆရာဝန်က အသံကျယ်ကျယ်ကြီးတွေကို ရှောင်ဖို့ပြောပေမယ့် Music Industry ထဲကလူဖြစ်နေတဲ့အပြင် Metal Bandတစ်ခုက ဒရမ်သမားလည်းဖြစ်နေတာကြောင့် ဘာမှ မတတ်နိုင်လိုက်ဘူး။ စိတ်ဖိစီးမှုတွေကြောင့် ရူဘင်က မသောက်တာလေးနှစ်ရှိပြီဖြစ်တဲ့ ဆေးလိပ်ကိုပါ ပြန်သောက်နေလို့ လူက စိတ်ပူလာတယ်။ ဒါကို ကုဖို့ အနည်းဆုံး ဒေါ်လာလေးသောင်းလိုတာကြောင့် မကုတော့ဘဲ လူက ရူဘင်ကို (နားမကြားတဲ့လူတွေအတွက်)ပြန်လည်ထူထောင်ရေးစခန်းဆီ ပို့တယ်။ ရူဘင်တစ်ယောက် အဲ့စခန်းမှာ“နားမကြားသူဖြစ်ရခြင်း”အကြောင်းသင်ယူသွားပြီး ဘဝအသစ်စဖို့ ပြင်မှာလား မပြင်ဘူးလား ဆိုတာကိုတော့……… ============================ “Much like heavy metal music, Sound of Metal isn't trying to give us warm, pleasant feelings.” -Emily Clark(plugged in) ဒီကားကိုကြည့်ပြီး ခံစားချက်တွေ စုံနေအောင် ရတယ်။ နားမကြားတဲ့သူတစ်ယောက်ဖြစ်လာတာနဲ့ ရူဘင်ဆီကနေ အကြောက်တရား၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှုတွေ ခံစားလာရတယ်။ Emily Clarkပြောထားခဲ့တဲ့အတိုင်းပဲ ဒီဇာတ်ကားက Heavy Metal သီချင်းတစ်ပုဒ်နားထောင်နေရတာနဲ့တူတယ်။ နွေးထွေးမှုတွေမပါတာ မဟုတ်ပေမယ့် ဒါတွေကို ပြချင်တာ မဟုတ်ဘူး။ လူတစ်ယောက် သူ့ရဲ့ စွဲလမ်းမှုကို ကျော်ဖြတ်ရပုံတွေ၊ လုံးဝပြောင်းလဲသွားတဲ့ ဘဝအသစ်နေထိုင်မှုအသစ်မှာ ကြိုးစားနေကြည့်ရပုံတွေကို ပြသွားတာ။ Drummer ဘဝက ဆူညံသံတွေနဲ့ Deafဘဝက တိတ်ဆိတ်မှုတွေကို ယှဉ်ပြသွားတယ်။ Deaf Communityကြီးလည်း ချပြသွားပြီး Community ထဲကလူတွေအချင်းချင်း ဖေးမတာတွေ၊ Deafဖြစ်တာက အားနည်းချက်မဟုတ်ဘူးဆိုတာကိုပါ လှလှပပပြသွားတယ်။ ဒီဇာတ်ကားမှာတော့ Deaf Personတစ်ယောက်ရဲ့ခံစားချက်တွေကို ကြည့်ရှုသူတွေပါ ခံစားမိအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ Riz Ahmedကို ချီးကျူးရမှာပါ။ အော်စကာစုနဲ့ လွဲခဲ့ပေမယ့် သူ့သရုပ်ဆောင်ချက်ကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။ Sound of Metalဇာတ်ကားဟာ အော်စကာဆန်ခါတင်ခြောက်ဆုဝင်ခဲ့ပြီး နှစ်ဆု(Best Sound & Best Editing)ရရှိခဲ့ပါတယ်။ အခြား ဆုပေါင်း ၈၀ နဲ့ အခြားရုပ်ရှင်ပွဲတော်တွေရဲ့ ဆန်ကာတင်စာရင်းမှာ ၁၆၃ ခါ ဝင်ခဲ့ပါတယ်။ Reviewed and Translated by Daniel Lawwai Encoded by : August File Size : 2,3 GB and 1.4GB Quality : 1080p and 720p Subtitle : Myanmar (Hard Sub) Genre : Drama, Music Duration : 2h

Comedy
7.7 2020 121 mins
Sound of Metal
The Peach Tree
6.4

The Peach Tree (복숭아나무) (2011) =========================== IMDb Rating – 6.4/10 Kdrama ပရိတ်သတ်တွေ အကြိုက် မင်းသား မင်းသမီးကြီးတွေ ပါဝင်ထားတဲ့အပြင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ old but gold လေးကို Cm ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ပရိတ်သတ်ကြီးတို့ ရင်းနှီးပြီးသား မင်းသမီး-ဒါရိုက်တာ Koo Hye Sun ရိုက်ကူးထားတာ ဖြစ်ပြီး Sisyphus: The Myth တို့လို နာမည်ကြီး Drama တွေထဲက မင်းသားကြီး Cho Seung Woo ၊ Ryu Deok Hwan နဲ့ မင်းသမီး Nam Sang Mi တို့ အဓိက ပါဝင်ထားပါတယ်။ Cameo အနေနဲ့ အခုခေတ်မှာ လူကြိုက်များနေတဲ့ Why her မင်းသမီး Seo hyun Jin အပြင် တခြား သရုပ်ဆောင်‌များစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ——————– ဆန်းဟျွန်း(Cho Seung Woo) နဲ့ ဒုံဟျွန်း(Ryu Deok Hwan) တို့ဟာ ကံမကောင်းစွာနဲ့ ခန္ဓာကိုယ်တစ်ခုတည်းကို မျှဝေရတဲ့ ခေါင်းနှစ်လုံးဆက် အမြွှာအဖြစ် မွေးဖွားလာခဲ့ပါတယ်။ မကောင်းဆိုးဝါးလို့ အမြင်ခံရမှာ တွေကို ကြောက်တာကြောင့် အနှစ်(၃၀)လုံး အိမ်ထဲမှာပဲ နေခဲ့ကြရ တယ်။ ဆန်းဟျွန်းက စိတ်ထားကောင်းပြီးနာခံတတ်တဲ့သူဖြစ်ပြီး ဒုံဟျွန်းကတော့ တစ်ကိုယ်ကောင်းဆန်တဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာ တက်ကြွပြီးစိတ်ရင်းကောင်းတဲ့ ကောင်မလေး ဆွန်းအာ (Nam Sang Mi) တစ်ယောက် သူတို့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ အခါ…ဘယ်လို Ending လေးဖြစ်လာမလဲဆိုတာကို ခံစားမှုရသစုံလင်စွာ ကြည့်ရမှာမို့ လက်လွှတ်မခံဘဲ အခုပဲ ကြည့်လိုက်တော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size……….(1.5 GB) / (532 MB) / (334 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………2Hrs Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Khaing Khin Encoder……….SWM

Drama • Romance
6.4 2011 120 mins
The Peach Tree
Anyone Anywhere
6.7

Anyone Anywhere(2023) *********************** မရိုးနိုင်တဲ့ ကျောင်းတွင်းအကြမ်းဖက်ကားသစ်လေး ထွက်ရှိလာပါပြီ… Penthouse ထဲက ဘယ်ရိုနာလို့ လူသိများတဲ့ မင်းသမီး Kim Hyeon Soo နဲ့အတူ Crash Course In Romance မှာ ဂွန်းအူနဲ့ ဆူအာအဖြစ် အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ Lee Min Jae နဲ့ Kang Na Eon တို့က main cast အနေနဲ့ ပါ၀င်ထားပါတယ်…. ဂန်မင်ဂျူ (Kang Na Eon)က ကျောင်းတွင်းအကြမ်းဖက်မှုခံနေရသူလေးပါ တခြားအတန်းဖော်သူငယ်ချင်းတွေနဲ့ မျက်လုံးချင်းဆုံခဲ့ရင်တောင် ချက်ချင်းဆိုသလိုပဲ အကြည့်ရှောင်ပစ်လိုက်ကြပါတယ် လျစ်လျူရှုမှု ပြက်ရယ်ပြုမှုတွေနဲ့ ကျင့်သားရနေပြီဖြစ်တဲ့ မင်ဂျူ‌တစ်ယောက် သူ့မွေးနေ့ကိုရောက်ဖို့ ၄၅ မိနစ်အလိုမှာပဲ အားလုံးမထင်မှတ်ထားတဲ့ကိစ္စဖြစ်သွားပါတယ်.. ဒီကိစ္စဖြစ်ပြီးချိန်မှာ အားလုံးဟာ ရှော့ရသွားကြပါတယ်.. ဒါနဲ့ပတ်သက်တဲ့ ကျောင်းသားတွေအားလုံး ဘယ်လိုတုန့်ပြန်ပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့.. File size… 887MB/ 312MB Quality…HDTV 1080P/ 720p Format…mp4 Duration….1hr 03min Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Miri Hnin, Stary Kinni & Treasure Htet

6.7 2023
Anyone Anywhere
Stranger in the Woods

ဒီတစ်ခါ cm ပရိသတ်ကြီးကို Thriller ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အိုလီဗီယာဆိုတဲ့ ကောင်မလေးတစ်ယောက်မှာ သူနဲ့ စေ့စပ်ကြောင်းလမ်းထားသူ ကားမတော်တဆမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ် သိပ်မကြာခင် သူမကိုလည်း လက်ကောက်ဝတ် လှီးထားတဲ့ ဒဏ်ရာနဲ့ ရေချိုးခန်းထဲမှာ သတိလစ်နေတာကို သူငယ်ချင်းတွေက တွေ့ပြီး အချိန်မီ ဆေးရုံပိုနိုင်ခဲ့ပါတယ်. အဲဒီနောက်တော့ စိတ်ပြေလက်ပျောက် ဖြစ်အောင် သူငယ်ချင်းတွေစုပြီး တောအုပ်စခန်းချဖို အလည်ခရီး ထွက်လာခဲ့ကြပါတယ် စခန်းကို ရောက်ပြီး နောက်တစ်နေ့မှာ အိုလီဗီယာနဲ့အတူ ပါလာတဲ့ ခွေးမလေး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် တယောက်ယောက် စောင့်ကြည့်ခံနေရသလို ခံစားရတဲ့ အိုလီဗီယာတစ်ယောက် ဘာတွေ ကြုံဆုံရမလဲ။ သူငယ်ချင်းတွေ ယုံကြည်ထားကြသလို သူမ ကိုယ်တိုင် သေကြောင်းကြံစည်ခဲ့တာ မဟုတ်ခဲ့ဘူး ဆိုရင်ရော ဘယ်သူက လုပ်ခဲ့တာလဲ..။ File size…1.2GB / 549MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

0 2024 82 mins
Stranger in the Woods
The Monkey King 3
6

ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။ အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ရောက်လာတဲ့ ဘယ် ယောကျ်ားသားကိုမဆို သတ်ပစ်ဖို့လုပ်ခဲ့တာ မို့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့ တယ်။ အဲဒါနဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်း တို့တွေဟာ လွတ်မြောက်မယ့် နည်းလမ်းရှာတဲ့အခါမှာ မိန်းမလှ နိုင်ငံကို ဖုံးအုပ်ထားတဲ့ ဧရာမ မှော်ပိုက်ကွန်ရှိနေတယ်ဆိုတာသိခဲ့ပြီး အန္တရာယ် ဂိတ်တံခါးကို ကျော် ဖြတ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ချစ်ခြင်းမေတ္တာဆိုတဲ့ သောနဲ့ ဖွင့်မှပဲ ဖြစ်ပါတယ်။ ဆရာတော် ရှန်ကျန်းအဖို့ ကျမ်းစာတွေသယ်ဖို့ ခရီးဆက် ထွက်မလား၊ အချစ်အတွက် ပေး ဆပ်မလားဆိုတာ ဝေခွဲမရဖြစ်နေ ချိန်မှာ ကွမ်ရင်မယ်တော်ရောက် လာပြီး အမှန်မြင်နိုင်ဖို့ လမ်းပြခဲ့ ပါတယ်။ အဲဒီအခါမှာ ဆရာတော်ရှန် ကျန်းတို့ရဲ့ မေတ္တာဇာတ်လမ်းက ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲဆို တာကို အမိုက်စားဆက်တင်တွေ၊ ရိုက်ချက်တွေနဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေက မျောက်မင်းဝူခုံးအဖြစ် Aaron Kwok၊ ဆရာတော်ရှန် ကျန်းအဖြစ် Feng Shaofeng၊ မိန်းမလှဘုရင်မအဖြစ် Zhao Liying၊ ပါကျဲအဖြစ် Xiao Shenyang၊ ဝူဂျင်းအဖြစ် Him Law တို့ပဲ ဖြစ်ပါတယ်။

6 2018
The Monkey King 3
Across the Furious Sea
6.7

Across the Furious Sea (2023) IMDb Rating (6.7) / Rotten Tomatoes (89%) ရှေးရိုးစွဲအယူများနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့အရှေ့ပိုင်းဒေသတွေမှာ ဒုက္ခပြဿနာတွေဆိုတာ ရှိစမြဲပါ။ အချစ်၊ အမုန်း၊ မေတ္တာ၊ မုဒိတာ အစရှိတဲ့အရာတွေဟာ အစဉ်အလာ ဓလေ့ထုံးတမ်းရဲ့လွှမ်းမိုးမှုကို ခံလိုက်ရတဲ့အခါ လောကဓံရဲ့ဆိုးကျိုးဟာ ပုထုစင်လူသားတွေ မခံမရပ်နိုင်လောက်အောင် ရိုက်ချပုတ်ခတ်တတ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကျင်လိနာ (နာနာ) လို့ခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ဂျပန်မှာကျောင်းသွားတက်ရင်း ရုတ်တရက်အကြီးအသတ်ခံရတဲ့ သတင်းထွက်လာခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ သူ့ရဲ့တရုတ်ပြည်က ဖခင်ဟာ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်ကို အပြေးအလဲထွက်လာခဲ့ပါတယ်။ နာနာဟာ ဖခင်လက်အောက်ကထွက်လာခဲ့ပြီးနောက်ပိုင်း ကောင်လေးနဲ့အတူနေခဲ့တာဖြစ်တဲ့အတွက် ရည်းစားဖြစ်သူကို ဖခင်ကလိုက်ရှာခဲ့ပါတယ်။ မှုခင်းဆေးစစ်ချက်အရ နာနာဟာ မသေခင်နာရီပိုင်းအလိုမှာ အသေးစားဓားဒဏ်ရာများစွာရခဲ့ပြီး ဖြည်းဖြည်းချင်းသွေးထွက်လွန်ပြီးတော့မှ ဆုံးပါးသွားခဲ့တာပါ။ ဒီလိုနဲ့ ကောင်လေးရဲ့ အကြမ်းဖက်မှုကြောင့် ဆုံးပါးသွားပါတယ်လို့ ရဲတွေကောက်ချက်ချခဲ့တဲ့အချိန်မှာ ယူကျုံးမရဖြစ်တဲ့ ဖခင်ဖြစ်သူ ကျင်ယွန်ရှိဟာ လက်စားချေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(2.4 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery, Thriller Duration….02:24:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

6.7 2023 144 mins
Across the Furious Sea
SPL 2: A Time for Consequences
6.7

ပိတ်ရက်မှာ ဟောင်ကောင်အက်ရှင်ကားကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် 2005 ခုနှစ်က ထွက်ရှိထားတဲ့ Kill Zone 1 ရဲ့အဆက် 2015 ခုနှစ်ထွက် Kill Zone 2: A Time for Consequences နဲ့ မိတ်ဆက်ပေးပါရစေ။ ဟောင်ကောင်မှာ ခပ်စိပ်စိပ်ပေါ်လာတဲ့ ကိုယ်တွင်းအင်္ဂါမှောင်ခိုကူးမှုကို ကာကွယ်ဖို့ စုံထောက်ချန်ကော်ဟွားဟာ သူ့တူဖြစ်တဲ့ ကစ်ကို သူလျှိုထည့်ပြီး စုံစမ်းခိုင်းပါတယ်။ စုံစမ်းရင်းနဲ့ ကစ်သူလျှိုလုပ်တာ မိသွားတဲ့အခါ ထိုင်းနိုင်ငံက ထောင်တစ်ခုထဲ သူ့ကိုဖမ်းခေါ်သွားပါတော့တယ်။ တကယ်တော့ ဒီထောင်ဟာ ဟောင်ကောင်မှာ လူကုန်ကူးဖို့ဖမ်းထားတဲ့သူတွေကို ကိုယ်တွင်းအင်္ဂါထုတ်ဖို့ မ‌သ-တ်ခင်စပ်ကြားမှာ ထားတဲ့နေရာပါ။ အဲဒီက ထောင်စောင့်‌တွေထဲက တစ်ယောက်ကတော့ ချတ်ချိုင်ဆိုတဲ့ ထိုင်းရဲပါ။ သူ့သမီးလေးရဲ့ သွေးရောဂါအတွက် ဆေးဖိုးဝါးခကျေအောင်လို့ ဒီထောင်စောင့်အလုပ်ကို လုပ်ရင်းနဲ့ အဖမ်းခံရတဲ့ ကစ်နဲ့တွေ့သွားတဲ့အခါ。。。 သားအဖ၊ ညီအစ်ကို၊ ဦးလေးနဲ့တူအကြားက ချစ်ခြင်း မုန်းခြင်း၊ အတ္တနဲ့ဓမ္မအကြား ဗျာများ‌နေကြတာတွေကို ဟောင်ကောင်ကားဆန်ဆန် အက်ရှင်အကြမ်းကြီးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့ Rotten tomatoes 100%, IMDb 6.7/10 ဇာတ်လမ်းကို ရှုစားကြည့်ကြပါဦး။ File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:00:00 Genre… Martial, Action, Adventure, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Xing Egg

Drama • History
6.7 2015 120 mins
SPL 2: A Time for Consequences
Push
5.5

နာမည်ကြီး Horror ဇာတ်ကားတွေကို ရိုက်ကူးနေကျဖြစ်တဲ့ Shudder Film က ထုတ်လုပ်လိုက်တဲ့ Thriller ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘတ်ဂျက်ဇာတ်ကားတစ်ခု ဆိုပေမယ့် Jump Scare Vibe ကို ပေးနိုင်တဲ့ ဇာတ်ကားလေးမို့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ နောက်ပြီး ဇာတ်လမ်းအဆုံးမှာ ပဟေဠိ အတွေးစတွေ ကျန်ခဲ့မယ့် ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ နာတာလီဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ခင်ပွန်း ဆုံးပါးပြီးနောက်ပိုင်း ကျန်ခဲ့တဲ့ ကိုယ်ဝန်နဲ့အတူ ခင်ပွန်းသည် ဇာတိဖြစ်တဲ့ အမေရိကန်နိုင်ငံ မီချီဂန်ပြည်နည်မှာ လာပြီး အခြေချနေထိုင်ဖို့ ကြိုးစားရင်းနဲ့ အိမ်ခြံမြေအကျိုးဆောင် အလုပ်ကို လုပ်နေတဲ့သူ ဖြစ်ပါတယ်။ တစ်နေ့တော့ သူမတို့ ကုမ္ပဏီမှာ ဈေးကွက်တင်ထားတာ ကြာပြီဖြစ်ပေမယ့် မရောင်းထွက်သေးတဲ့ အိမ်တစ်လုံးကို အရောင်းဖွင့်ဖို့အတွက် အဲဒီကို လာရောက်ခဲ့ပါတယ်။ ဒီအိမ်ရဲ့ အိမ်ပိုင်ရှင်ဟောင်းတွေက ပုံစံမျိုးစုံနဲ့ မတော်တဆဖြစ် အသတ်ခံခဲ့ရတာမျိုးတွေ ဖြစ်ခဲ့တာမို့ ဒီအိမ်က ကျိန်စာသင့်နေတာရယ်ဆိုပြီး ကောလဟလကြောင့် လူအတော်များများက စိတ်မဝင်စားကြတာပါ။ ဒါတွေကို အယုံအကြည် မရှိတတ်သူ နာတာလီတစ်ယောက် ဧည့်သည်ကို အိမ်လိုက်ပြပြီးတဲ့နောက် ပြန်ဖို့ သူမရဲ့ကားက နှိုးမရတဲ့ အခါမှာတော့…..။ File Size… (775 MB) / (495 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 29m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
5.5 2024 89 mins
Push