YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A Town Called Panic 2009 720p BluRay(CM).mp4

496.61 MB N/A video/mp4 81 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] The Postman Always Rings Twice
6.5

~ IMDb - 6.6/10, RT - 79%, Meta - 61% ~ Chinatown, One Flew Over the Cuckoo's Nest, The Shining တို့လို ဂန္ထဝင်မာစတာပိစ်ကားတွေရဲ့ မင်းသား Jack Nicholson ရဲ့ ခေတ်ဟောင်းကားလေးပါ။ မမြင်အပ် မမြင်ရာ ဇာတ်ဝင်ခန်း တစ်ချို့ပါဝင်တာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။ James M. Cain ရဲ့ နာမည်တူ နာမည်ကြီးဝတ္တုကို အခြေတည်ရိုက်ကူးထားပြီး ဒီဝတ္တုကို ၁၉၄၆မှာလည်း တစ်ခါရိုက်ကူးခဲ့သေးပါတယ်။ ၁၉၄၆ ဗားရှင်းကတော့ ဝေဖန်ရေးသမားတွေ အကြိုက်ပိုဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းဟာ လောဘနဲ့ ရမ္မက်နောက်ကိုလိုက်တဲ့ လူတွေအကြောင်း ဖော်ပြထားတာဖြစ်ပြီး လောကရဲ့ ကွေ့ကောက်တဲ့ မာယာတွေကြား တုန်ခါယိမ်းသွေ့သူတို့ရဲ့ ကွေ့ကောက်တဲ့လမ်းကြောင်းတွေကို ပုံဖော်ရိုက်ကူးထားတာ ဆိုလည်း မမှားပါဘူး။ ဒီမှာလည်း ဒီဇာတ်လမ်းကို ခဏခဏကော်ပီကူးခဲ့ကြသလို နောက်ပိုင်း ဒီကားကိုပြန်ကူးတဲ့ အင်္ဂလိပ်ရုပ်ရှင်တွေလည်း ထွက်ပေါ်လာတဲ့အထိ ဇာတ်လမ်းရှင်းရှင်းလေးနဲ့ကို လူ့သဘောမနော ပေါ်လွင်တဲ့ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းကတော့ မက္ကင်းနစ်တစ်ယောက်ဟာ စားသောက်ဆိုင်လေးတစ်ခုမှာ စားရိတ်ငြိမ်း နေရင်း၊ အဲဒီနားကကားတွေပြင်ပေးရင်း စားသောက်ဆိုင်ပိုင်ရှင်ရဲ့ မယားရဲ့ ငြိကြတဲ့အကြောင်းပါပဲ။ သူတို့ ၂ယောက်ပေါင်းပြီး စားသောက်ဆိုင်ပိုင်ရှင်ကို သတ်ပြီး ဆိုင်ကိုမောင်ပိုင်စီး ချစ်ကမ္ဘာတည်ဖို့ တွေးကြပါရော။ ဒီလိုနဲ့ စားသောက်ဆိုင်ပိုင်ရှင်ကို သတ်ပြီးတဲ့နောက် ပြဿနာကစပါပြီ။ ဒီတိုင်းဆို မတော်တဆမှုလိုလိုနဲ့ ဘာလိုလိုညာလိုလို မေ့ပျောက်ပြီး ပြီးကောင်းပြီးသွားနိုင်တဲ့အမှုပေမဲ့ သူ့လင် ဘိုးတော်က အသက်အာမခံထားခဲ့တော့ အာမခံသမားကလည်း‌ ငွေမပေးရရေး တို့အရေးဆိုပြီး လူသတ်မှုဖြစ်ကြောင်း သတ်သေပြဖို့လုပ် ဘာညာဆိုတော့ ဇာတ်တွေရှုပ်လာပါတော့တယ်။ ဒီလို လူကောင်းမဟုတ်ရုံတင်မကဘဲ ဇာတ်လိုက်တောင်မဆန်တဲ့ အဓိကဇာတ်ကောင်ပုံစံမျိုးကို သရုပ်ဆောင်တိုင်း သရုပ်မဆောင်ရဲသလို သရုပ်ဆောင်တိုင်းလည်း သရုပ်မဆောင်နိုင်ပါဘူး။ ဂျက်ခ်ဟာ ဒီလိုဇာတ်ကောင်ကို ရဲရဲဝံ့ဝံ့သရုပ်ဆောင်ခဲ့တဲ့အပြင် တော်တော်လေး ပီပီပြင်ပြင်ဖြစ်အောင်ပါ သွေးအေးအေးနဲ့ အသက်သွင်းနိုင်ခဲ့ပါတယ်။ တစ်ခေတ်ရဲ့တစ်ယောက် ဆရာကြီး ဂျက်ရဲ့ Acting တွေကို ကြည့်ရရုံတင်မကဘဲ ရုပ်ရှင်ဝါသနာအိုး‌တွေ တရင်းတနီးရှိလောက်မယ့် Jessica Lange ရဲ့ အလှအပတရားတွေကိုပါ ရှုစားရမှာနဲ့တင် ဒီကားဟာ ကြည့်ရ အတော်ကိုတန်နေပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1GB, 448MB Quality - 1080p, 720p, 480p IMDb Rating - 6.6/10 Format - mp4 Duration - 2H 2Min Genre - Crime, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Romance • TV Movie
6.5 1981 122 mins
[18+] The Postman Always Rings Twice
The Real Charlie Chaplin
8

~ IMDb - 7.3/10, RT - 95%, Meta - 66% ~ " ကံအကြောင်းတိုက်ဆိုင်လို့ ချာလီချက်ပလင် ဇာတ်ကားတွေကို ကြည့်ဖြစ်ရင် ဒီအတိုင်းပဲကြည့်ပါ။ တခြားတွေ့ဖူးကြည့်ဖူးထားတဲ့ ချာလီချက်ပလင်တွေနဲ့ ဆက်စပ်ဖို့ မကြိုးစားပါနဲ့။ ချာလီချက်ပလင်တွေ အများကြီးရှိလို့ပါပဲ... " - မက်စ်အိစ်မန်း (စာရေးဆရာ၊ ချာလီချက်ပလင်၏ မိတ်ဆွေတစ်ဦး) ချာလီချက်ပလင်ဆိုတာနဲ့ ဘောင်းဘီအပွကြီးဝတ်ထားပြီး ဦးထုပ်ဝိုင်းလေးဆောင်း တုတ်ကောက်ကိုင်ထားတဲ့ တံမြက်စည်းနှုတ်ခမ်းမွေးနဲ့ လူညှက်ကလေးကို ပြေးမြင်မိကြမှာပါ။ ချက်ပလင်ကပ်ရောဂါလို့ တင်စားရလောက်အောင် ချာလီချက်ပလင်ကို နှစ်သက်သဘောကျ အတုခိုးကြသူတွေ ချက်ပလင်ရောဂါဖြစ်ကြသူတွေ တစ်ကမ္ဘာလုံးအနှံ့မှာရှိခဲ့ဖူးပါတယ်။ ဒီလူပိန်လေးက ဘုရင်တွေ၊ ဘုရင်မတွေ၊ တွေးခေါ်ပညာရှင်တွေ၊ ဘာသာရေးအထင်ကရပုဂ္ဂိုလ်တွေထက် နာမည်ကျော်ကြားခဲ့ပါတယ်။ ဒါပေမဲ့ သူက ချာလီချက်ပလင်မဟုတ်ပါဘူး ချာလီချက်ပလင်သရုပ်ဆောင်တဲ့ Tramp ဆိုတဲ့ ဇာတ်ကောင်လေးပါ။ အဲဒီတော့ ချာလီချက်ပလင်က အစစ်က ဘယ်သူလဲ..... ချာလီက အိမ်ထောင်ပျက် မိသားစုကနေ မွေးဖွားလာခဲ့တဲ့သူဖြစ်ပြီး မိဘတွေလို အနုပညာကို ဝါသနာထုံခဲ့သူပါ။ ဒုက္ခတွေကြားမှာ ဆင်းဆင်းရဲရဲနေခဲ့ရပေမဲ့ ဟာသညာဉ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခဲ့သူလည်းဟုတ်ပါတယ်။ ဇာတ်ဝင်ခန်းလေးတစ်ခန်းကို ၅၃၄ ရက်ကြာအောင် ရိုက်ခဲ့တဲ့ Perfectionist ပါ။ ရိုက်ကွင်းတစ်ခုလုံးကအလုပ်တွေကို သူတစ်ယောက်တည်း လုပ်နိုင်ရင် လုပ်လောက်တယ်လို့ ရိုက်ကူးရေးအဖွဲ့သားတွေကပြောကြတယ်။ တကယ်လည်း သူကိုယ်တိုင် အကုန်လုံးနီးပါးကို သူ့ခြေသူ့လက်ဖြစ်အောင် လုပ်ခဲ့တာပါပဲ။ ကမ္ဘာကြီးက သူ့ကို ဗဟိုထားပြီးလည်ပတ်နေတယ်လို့ ယူဆရလောက်အောင် အတ္တကြီးတယ်။ အဲဒါကြောင့်ပဲ သူ့ရဲ့ ဇနီးသုံးယောက်က သူ့ကို မကောင်းဆိုးရွားလို့ မြင်ကြတာဖြစ်နိင်ပါတယ်။ သူ့ရဲ့ အတ္တကြောင့် အချစ်ဆုံး ဇနီး Oona O'neil-Chaplin နဲ့ရခဲ့တဲ့ သားသမီးတွေကတောင် သူတို့အဖေနဲ့ ဝေးကွာနေတယ်လို့ ခံစားခဲ့ကြရပါတယ်။ သူက မိန်းမလည်းပွေတယ်။ နောက်ကွယ်ကနေ တိတ်တဆိတ်နဲ့ပါရမီဖြည့်ရတာနဲ့ပဲ ကျေနပ်တဲ့ Oona O'neil နဲ့မှ ကလေး ၈ ယောက်ဖွားမြင်တဲ့အထိ လက်တွဲသွားတာပါ။(အသက်ကလည်း ၅၀ ကျော်ပြီကိုး) အောင်မြင်မှုတွေရခဲ့သလောက် သူ့ရဲ့တစ်စိတ်တစ်ပိုင်းကတော့ ဆင်းရဲမှာကိုကြောက်နေတုန်းပဲ။ အမြဲတမ်းဆာလောင်မွတ်သိပ်နေခဲ့တဲ့သူလို့ ပြောလို့ရတာပေါ့။ ချာလီရဲ့အကြောင်းကိုပြောရင် Tramp က မပါမဖြစ်ပါပဲ။ ချာလီက Tramp ဖြစ်သလို Tramp ကလည်း ချာလီပါပဲ။ ချာလီက Tramp ကိုဖန်တီးခဲ့သလို Tramp ကလည်း ချာလီရဲ့အောင်မြင်မှုတွေကို ဖန်တီးပေးခဲ့တာကိုး။ Tramp က ချာလီ့လိုပဲ စကားလုံးတွေမပါဘဲ အမူအရာနဲ့ ကျယ်ကျယ်လောင်လောင် ပြောတတ်သူပါ။ သူ့ကို တစ်ကမ္ဘာလုံးကလည်း ကြားခဲ့ပါတယ်။ Tramp ကိုကြည့်ရင် ချာလီကို မြင်ရပါလိမ့်မယ်။ The Kid ဇာတ်ကားမှာ ချာလီရဲ့ ထပ်ခိုးထပ်က အိမ်လေးခန်းလေး၊ City Lights မှာ Tramp နဲ့ ပန်းသည်မလေးတွေ့တဲ့နေရာက ချာလီရဲ့အချစ်ဦးနဲ့ ပထမဆုံးချိန်းတွေ့ခဲ့တဲ့ ကင်လင်တန်ပန်းခြံအဝင်ပေါက်၊ The Gold Rush မှာတော့ ချာလီရဲ့ကလေးဘဝက အခက်အခဲတွေ၊ Tramp ကိုကြည့်လိုက်တိုင်း ချာလီကိုတွေ့နေရမှာပါပဲ။ ချာလီကို ကြည့်လိုက်တိုင်းလည်း နှုတ်ခမ်းမွေးမပါတဲ့ Tramp ကိုမြင်ရပါလိမ့်မယ်။ အနီးကပ်ကြည့်ရင် ဘဝဟာ ဝမ်းနည်းစရာဖြစ်ပေမဲ့ အဝေးကကြည့်ရင်တော့ ရယ်စရာပါလို့ ပြောခဲ့တဲ့အတိုင်းပဲ သူ့ရဲ့ ဝမ်းနည်းစရာဘဝအကြောင်းအရာတွေကို Tramp က ရယ်စရာအဖြစ်ပြောင်းပေးခဲ့ပါတယ်။ Tramp ရဲ့ နိဂုံးက ချာလီချက်ပလင်ကို ဘဝတစ်ဆစ်ချိုး ပြောင်းစေခဲ့ပါတယ်။ နာမည်မရှိ၊ နေရာမရှိ၊ အချိန်ကာလမရှိဘဲ အမြဲတမ်း နှုတ်ဆိတ်နေခဲ့တဲ့ Tramp တစ်ယောက် The Great Dicatator ဇာတ်ကားမှာ ပထမဆုံး စပြီးစကားပြောခဲ့ပါတယ်။ ဒါက Tramp ရဲ့ ဂူသင်္ချိုင်းလို့ပြောလို့ရပါတယ်။ တစ်ချိန်လုံး ပရိသတ်ကို ရယ်အောင်ဖျော်ဖြေနေခဲ့တဲ့ Tramp စပြီးစကားပြောတဲ့အချိန်မှာ အဓိပ္ပါယ်ပြည့်ဝလေးနက်တဲ့ စကားတွေပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူက ဟာသသရုပ်ဆောင်ကောင်း မဟုတ်တော့ဘူးလို့ သတ်မှတ်လာကြတဲ့အထိ ဖြစ်လာပါတယ်။ ဒီစကားတွေကြောင့် ချာလီကို ကွန်မြူနစ်လို့ စွပ်စွဲလာကြပါတယ်။ သူကိုယ်တိုင်ကတော့ ကွန်မြူနစ်ပါလို့ သူကိုယ်သူ ဘယ်တုန်းကမှ မသတ်မှတ်ဘူးလို့ ပြောပါတယ်။ တိတ်ဆိတ်ခြင်းကို ချိုးဖျက်ခဲ့တဲ့ သူ့ရဲ့စကားလုံးတွေက ယန္တရားကြီးကိုတော့ အနိုင်မတိုက်နိုင်ခဲ့တာသေချာပါတယ်။ အမေရိကကနေ နယ်နှင်ဒဏ်ကျတဲ့ အခြေအနေထိ ရောက်သွားတယ်လေ။ ဒါပေမဲ့ လူတွေကို ဖျော်ဖြေဖို့ သူ့ရဲ့ကြိုးစားမှုကတော့ ရပ်မသွားခဲ့ပါဘူး။ ချာလီချက်ပလင်က အင်္ဂလန်က ချီးမြှင့်တဲ့ Sir ဘွဲ့ကို ရရှိချိန်မှာ လမ်းမလျှောက်နိုင်တော့ဘဲ ဝှီးချဲစီးနေရတဲ့အချိန် အသက် ၈၅ နှစ်ရှိပါပြီ။ အမေရိကန်က သူ့ကို ကွန်မြူနစ်လို့ စွပ်စွဲထားတဲ့ ကိစ္စမပြီးပြတ်သေးလို့ အနှစ် ၂၀ ကြာအောင် စောင့်ခဲ့ရတာပါ။ ဒူးမထောက်ဘဲ သူရဲကောင်းဘွဲ့ရခဲ့သူလို့ ပြောလို့ရတာပေါ့။ ဘုရင်မကြီးကိုယ်တိုင်က သူ့ရဲ့ဇာတ်ကားတွေအတွက် ကျေးဇူးတင်ခဲ့ပါသေးတယ်။ ချာလီချက်ပလင်(Tramp) ရဲ့ နှုတ်ခမ်းမွေးကို ကြည့်ပြီး တစ်ယောက်ယောက်ကို သွားပြီးသတိရကြမှာပါ။ သူကတော့ ချာလီလို လူချစ်လူခင်ပေါလို့ ကျော်ကြားတာမျိုးမဟုတ်ဘဲ လူပေါင်း ၁၇ သန်းကျော်ကို သတ်ဖြတ်ခဲ့လို့နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အာဏာရှင် နာဇီပါတီခေါင်းဆောင် ဟစ်တလာပါပဲ။ ချာလီက လူတွေကောင်းဖို့ ပြောသလို ဟစ်တလာက လူတွေသတ်ဖို့လုပ်တယ်။ ဆန့်ကျင်ဖက်ဖြစ်နေပေမဲ့ သူတို့နှစ်ယောက်မှာ တူတာတွေလည်း အများကြီးရှိပါတယ်။ အမြင်သာဆုံးကတော့ နှုတ်ခမ်းမွေးပေါ့။ ဟစ်တလာက ချာလီရဲ့ နှုတ်ခမ်းမွေးကို ကူးချထားတာလို့လည်း မခိုင်လုံတဲ့သတင်းတွေရှိပါသေးတယ်။ ဟစ်တလာကတော့ ချာလီကို ဂျူးလို့ နာမည်တပ်ပြီး ချာလီမုန်းတီးရေးဝါဒပါ ဖြန့်ခဲ့ပါသေးတယ်။ ချာလီကအမြဲတမ်း သရုပ်ဆောင်နေတတ်တဲ့သူလို့ နီးစပ်သူတွေကပြောပါတယ်။ သူ့ရဲ့အတိတ်ကရခဲ့တဲ့ ဒဏ်ရာတွေကြောင့် စိတ်မလုံခြုံမှုဖြစ်ပြီး အမြဲတမ်း သရုပ်ဆောင်နေတတ်တာ ဖြစ်ပါလိမ့်မယ်။ သူက သူကိုယ်သူ ဖျော်ဖြေသူအဖြစ်မွေးလာတာလို့ သတ်မှတ်ထားလို့လည်း ဖြစ်နိုင်ပါတယ်။ ကင်မရာရှေ့မှာရော ကင်မရာမရှိတဲ့အချိန်မှာရော ပရိသတ်ရှိတိုင်း သူက ဖျော်ဖြေနေတတ်ပါတယ်။ သူဟာ ဖျော်ဖြေရေးသမားတစ်ယောက်.... သူဟာ ဟာသသရုပ်ဆောင်တစ်ယောက်... ယန္တရားကို မုန်းခဲ့သူတစ်ယောက်... တစ်ကမ္ဘာလုံးကို စကားတစ်ခွန်းမှမပြောဘဲ ကြီးစိုးခဲ့ဖူးတဲ့သူတစ်ယောက်.... သူက ချာလီချက်ပလင်ပါ... The Real Charlie Chaplin က ချာလီချက်ပလင် ပိတ်ကားနောက်ကွယ်က ချာလီရဲ့အကြောင်းကို ဇာတ်ကားဆန်ဆန်ရိုက်ကူးထားတဲ့ Biography, Documentary ဇာတ်ကားလေးပါ။ ချာလီချက်ပလင်ရဲ့ အကြောင်းတွေကို အကြောင်းအရာဆန်ဆန် သိရတာထက် ချာလီရဲ့ဘဝထဲကို စီးမျောလိုက်ပါနေသလိုခံစားရပါလိမ့်မယ်။ ချာလီချက်ပလင်ကို မသိသေးတဲ့သူတွေအတွက် ဒါမှမဟုတ် သိထားဖူးတဲ့သူတွေ တကယ်ရောသိရဲ့လားဆိုတာ ဒီဇာတ်ကားလေးက ချာလီချက်ပလင်ရဲ့အကြောင်းကို ပြောပြသွားပါလိမ့်မယ်။ ချာလီချက်ပလင်ရဲ့ အမှောင်ဘက်ခြမ်းတချို့ကိုလည်း ဖော်ပြထားပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစကပြောခဲ့သလိုပဲ တကယ့်ချာလီချက်ပလင်ကို သိပြီလို့တော့ မထင်လိုက်ပါနဲ့... ချာလီချက်ပလင်တွေ အများကြီးရှိပါတယ်။ (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.72GB, 1.6GB, 600MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 54Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
8 2021 114 mins
The Real Charlie Chaplin
The Sniper
4

"နှလုံးရပ်ပြီး ဦးနှောက်သေဖို့အချိန်ဘယ်လောက်လိုမယ်ထင်လဲ ၈မိနစ်၊ မင်းကံထူးတာပဲ မျက်တောင်မခတ်ဘဲ သေချာကြည့်ထား" ဒီလိုမျိုး အပြောခံရပြီး တရားမဝင်လူအင်္ဂါကုန်ကူးမှုမှာ အရှင်လတ်လတ် နှလုံးထုတ်ခံရမလိုဖြစ်ခဲ့တဲ့ ကောင်လေး ကျင်းထိုက်... ကယ်ဆယ်ရေးတရားမဝင်ပြစ်မှုအဖွဲ့အစည်းရဲ့ လူကုန်ကူးမှုနောက်ကွယ်ကကြိုးကိုင်သူ စုန့်ဖားကို ဖမ်းဆီးရမဲ့မစ်ရှင်ကြောင့် လူ့အင်္ဂါကုန်ကူးအကျဉ်းစခန်းမှာ စစ်ဆင်ရေးလုပ်ဖို့ရောက်လာတဲ့ ကျွမ်းကျင်စနိုက်ပါသမားကျင်းမင်... ကယ်ဆယ်ရေးတစ်ခုကြောင့် လူကုန်ကူးအကျဉ်းစခန်းက လွတ်မြောက်လာကာ ကယ်တင်ရှင်လောင်ကျင်းကို အသက်ထက်မကချစ်မြတ်နိုးတဲ့ ကောင်မလေးရှောင်မေ... သူတို့သုံးယောက်စတွေ့ခဲ့ရတဲ့ ဇာတ်ကြောင်းလေးကတော့... ကျင်းမင်ဟာ အထူးစစ်ဆင်ရေးဆင်းနေစဉ် အကျဉ်းစခန်းထဲက ကောင်လေး ကျင်းထိုက်ကို မြင်ပြီး သနားစိတ်ဝင်ကာ မစ်ရှင်ကိုမေ့ထားပြီး လူကိုအရင်ကယ်လိုက်မိတဲ့အတွက် အဓိက ကြိုးကိုင်သူကိုလွတ်သွားခဲ့ပါတယ် နောက်ပိုင်းကယ်ဆယ်လာတဲ့လူထဲက ရှောင်မေနဲ့ ကျင်းထိုက်ကို တပည့်အဖြစ် ပညာကုန်သင်ပေးပြီး ၁၀နှစ်အကြာမှာ သူတို့နှစ်ယောက်ဟာ ပူးပေါင်းလုံခြုံရေးအထူးတပ်ဖွဲ့ရဲ့ အရည်အချင်းရှိစနိုက်ပါအဖွဲ့ဝင်တွေဖြစ်လာခဲ့ပါတယ် အဲဒီအချိန် စုန့်ဖားတို့အဖွဲ့ကြီးက ပိုမိုကြီးထွားလာပြီး စုန့်ဖားကိုဖမ်းဖို့ဖြစ်လာချိန်မှာတော့ သူတို့ ဆရာတပည့်သုံးယောက် ကံကြမ္မာလှည့်ကွက်တွေနဲ့ ကြုံပြီး ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ဆက်ပြီးတော့ ကြည့်ရမှာပါနော်...။ File Size__(1.7GB) / (830MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:33:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt

Comedy • Horror
4 2021 95 mins
The Sniper
Song of the Assassins
7.5

ဒီတစ်ခါ Channel Myanmar ကတင်ဆက်ပေးမဲ့Song Of The Assassins ဇာတ်ကားလေးက Prince of Lan Lingမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ပြန်လည်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ပရမ်းပတာဖြစ်နေတဲ့ခေတ်ကာလကြီးမှာ လှည့်ကွက်တွေများစွာနဲ့ အကွက်ချခံနေရတဲ့ မင်းသား ချင်းမန့်ရှိုးလော် ချီကျွင်းယွမ်ရဲ့ ဇာတ်ကြောင်းကိုအဓိကပြသထားတာဖြစ်ပါတယ် ချီကျွင်းယွမ်က မုန်းတီးမှုများစွာနဲ့ လီဟန့်ဂူဆိုတဲ့နေရာမှာ ထိပ်တန်းလူသတ်သမားအဖြစ်ရပ်တည်နေတဲ့ ဆရာကြီးတစ်ယောက်ပါ ငယ်စဉ်အခါက ကြေးပြားမြေပုံ (ရှေးဟောင်းမြေပုံ) ဆိုတဲ့ မြေပုံတစ်ခုကြောင့် ချီမျိုးနွယ်စုအားလုံး မင်းသားရဲ့ မိသားစုတွေက အသတ်ခံလိုက်ရတာပါ အဲ့မြေပုံရဲ့နောက်ကြောင်းကိုလိုက်စုံစမ်းရင်း ဘယ်လိုအမှန်တရားတွေထွက်ပေါ်လာမလဲဆိုတာကိုတော့ Song Of The Assassins ရဲ့အကွက်ပေါင်းများစွာနဲ့ အံ့ဩပြီး ဆက်လက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 58min Subtitle : Myanmar Subtitle ( Hardsub ) Translated by Xing Er Encoded by LK

Comedy
7.5 2022 118 mins
Song of the Assassins
April Snow
6.1

~ IMDb Rating - 6.7/10 ~ ၁ အစတုန်းကတော့အဲ့ဒီလူက ကျွန်မအတွက် အသင့်လျော်ဆုံးသူလို့ ထင်ခဲ့မိတဲ့အချိန်တွေရှိခဲ့ဖူးတာပေါ့... သူ့အတွက်ပဲ တစ်သက်လုံး ဝေယျာဝစ္စလုပ်ပေးခဲ့တဲ့ ကျွန်မပုံစံက ငြီးငွေ့စရာကောင်းနေခဲ့တာလား... အဲဒီလူကြောင့်ပဲ ရှင်နဲ့ကျွန်မနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ ကျွန်မ ဟိုးအစကတည်းက ရှင်နဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ.... နွေမှာ နှင်းမကျသလို ရှင်နဲ့ကျွန်မလည်း ပေါင်းစပ်လို့ရနိုင်ပါ့မလား.... ၂ ချစ်ခြင်းဆိုတာ အခြေ‌အနေအချိန်အခါပဲတဲ့။ အချစ်စစ်ကို စောတွေ့လို့လည်းမကောင်း နောက်ကျမှ တွေ့‌လို့လည်းမကောင်းဘူးလို့တော့ ကိုယ်ကြားဖူးတာပဲ။ နွေဦးကိုချစ်တဲ့မင်းရယ် ဆောင်းကိုချစ်တဲ့ကိုယ်ရယ် မတူညီမှုများစွာနဲ့ အချင်းချင်းချစ်မိကြတဲ့အထိ ချစ်ခြင်းဟာ ဆန်းကြယ်တယ်မို့လား။ တစ်ခုသောကံကြောင့် တို့ဝေးခဲ့ကြရင် တစ်ခုသောကံကြောင့် ကိုယ်တို့ပြန်ဆုံမယ်လို့ ကိုယ်ယုံတယ်။ အဲဒီအချိန်မှာ မင်းအတွက်နောက်မကျသလို ကိုယ့်အတွက်မစောနေခဲ့ရင် ကံမဆုံခဲ့တဲ့အချစ်တွေ ကံဆုံရဦးမှာပေါ့။ ‌ဆောင်းထက်နွေဦးကို ပိုချစ်ပေမဲ့ နှင်းစက်တွေကို သဘောကျတယ်လို့ မင်းပြောဖူးတယ်နော်။ တစ်နေ့နေ့မှာတော့ မင်းရဲ့နွေဦးမှာ ကိုယ့်ရဲ့နှင်းစက်တွေကြွေကျ နွေဦးနှင်းတွေ လှပနေမှာပေါ့။ ခုတော့ "ငါမြင်နေကျ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်းထား"...။ ၃ April Snow ကို ဒါရိုက်တာ Hur Jin-ho ကိုယ်တိုင် ရေးသားရိုက်ကူးထားတာဖြစ်ပြီး သူဟာ Christmas in August တို့ One Fine Spring Day တို့ The Last Princess တို့လို နာမည်ကျော်ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့သူပါ။ အနားယူသွားတာ ကြာပြီဖြစ်တဲ့ ဟေမန်ဆောင်းရဲ့ချစ်ပုံပြင်နဲ့ ဒီမှာလူသိများခဲ့တဲ့ တစ်ခေတ်တစ်ခါက Top Star Bae Yong-joon နဲ့ လက်ရှိ 39 နဲ့ နာမည်ကြီးနေတဲ့ The Classic လို ဂန္တ၀င်ကိုရီးယားအချစ်ကားကိုရိုက်ခဲ့တဲ့ The Pirates အပြင် တခြားဇာတ်ကားကောင်းများစွာရိုက်ခဲ့တဲ့ Son Ye-jinတို့က သရုပ်ဆောင်ထားပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို Phoo Lin မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.6GB, 680MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 45Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Phoo Lin Encoded by Y

Crime • Drama • Thriller
6.1 2005 105 mins
April Snow
Urban Myths
6.9

ဒီဟော်ရာဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသလို ပါတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကြီး Idol တွေဖြစ်တဲ့ Monsta x - Shownu WJSN - Seola, Exy BTOB - Minhyuk TheBoyz - Haknyeon Golden Child - JaeHyun Lovelyz - SeoJisoo Alexa ,OhMyGirl - Arin တို့ပါဝင်ထားတာမို့ သူ့ဖန်တွေအတွက်တော့ ပျော်စရာပါပဲ...ပြီးတော့ မတူညီတဲ့ ဟော်ရာဇာတ်လမ်းတိုတွေနဲ့ ဖွဲ့စည်းထားတာမို့ တစ်ခုချင်းမှာ တစ်မျိုးထိတ်လန့်စရာကောင်းတယ်...အပျော်ဂိမ်းကစားကြရင်း သရဲဝင်ပူးတာတွေ...အိမ်နီချင်းမှာ သရဲဖြစ်နေတာတွေ...လူသတ်ပြီး အလောင်းဖျောက်ရင်း မလွတ်မကျွတ်တဲ့သရဲက ပြန်ပြီးသတ်တဲ့အဖြစ်မျိုးတွေမို့ horror ဇာတ်လမ်းကြိုက်သူတို့ ကြည့်ကြပါ... File Size : (2.2GB)(542MB) and (232 MB) Quality : WEB-DL1080P,720p Format…mp4 Duration…02:03:00 Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Nu Swe Encoded by Phyo Pyae

Drama • Romance • Thriller
6.9 2022 122 mins
Urban Myths
Prisoner's Daughter
6.1

Prisoner's Daughter (2023) လူတိုင်းဟာအမှားနဲ့တော့ မကင်းနိုင်ကြပါဘူး တစ်ဘဝလုံးစာအမှားပဲကျုးလွန်ခဲ့ကျူးလွန်ခဲ့ အမှားသေးသေးလေးပဲ ကျူးလွန်ခဲ့ကျူးလွန်ခဲ့ လူတိုင်း ဒုတိယအခွင့်အရေးနဲ့ထိုက်တန်စမြဲပါပဲ။ လူတိုင်းဒုတိယအခွင့်ရေးလဲ ရထိုက်တယ်လို့ ထင်မိပါတယ်။ လူတိုင်းဟာလဲ အဲ့လိုပဲတွေးမိကြမှာပါပဲ ငါသာအဲ့လိုမလုပ်ခဲ့ဘူးဆိုပြီး တွေးမိတဲ့သူတွေလဲ ရှိကြမှာပါပဲ။ ယခုဇာတ်ကားလေးကလဲ လူမိုက်ကြီးတစ်ယောက် သူ့ကြောင့်ထိခိုက်ခဲ့ရတဲ့ မိသားစုဘဝကို ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာ ကြည့်ရှုရမဲ့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ Family Drama ကားလေးပါ။ Rating တွေကလဲကောင်းသလို ဇာတ်လမ်းလေးကလဲကောင်းပြီး သရုပ်ဆောင်ထားတဲ့သူတွေကလဲ ထိတ်ထိတ်ကြဲတွေပါပဲ။ Leading Role မှာတော့ စကော့လူမျိုးမင်းသားကြီး Brian Cox ( Troy ဇာတ်ကားမှာ သူ့မိန်းမကိုခိုးသွားလို့ Troy မြို့ကိုစစ်သွားခင်းတဲ့ စစ်ဘုရင်ကြီး Agamemnon အဖြစ်သရုပ်ဆောင်ထားသူပါ) ကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ်ဆိုတဲ့လူမိုက်ကြီးတစ်ယောက် ထောင်ကျနေတဲ့အချိန်မှာပဲ ပန်ကရိယပ်ကင်ဆာဖြစ်နေတော့ ထောင်မှူးကလဲသနားပြီး သူ့သမီးသာ သူ့ကိုခေါ်ထားမယ်ဆို နေအိမ်အကျယ်ချုပ်နဲ့ နေလို့ရမယ်လို့ ပြောလာပါတယ်။ ခက်တာက သူ့သမီးနဲ့အဆက်အသွယ်မရှိတော့တာ ၁၂ နှစ်လောက်တောင်ရှိနေပါပြီ။ ခုမှပဲပြန်ဆက်သွယ်ရင်လဲ သူသမီးကပြန်လက်ခံမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့သူ့သမီးမှာလဲ ခွားမသေးတစ်ကောင်နဲ့ရတဲ့သားလေးတစ်ယောက်ကလဲ ရှိနေပြီး သူတို့သားအမိနှစ်ယောက်တည်း လောကကြီးအလယ် ရင်ဆိုင်ရှင်သန်နေရပါတယ်။ တစ်နေ့မှာတော့ သူ့အရင်ယောကျာ်းက ပြဿနာလာရှာတဲ့အတွက် သူ့ရဲ့လက်ရှိအလုပ်လေးကလဲ ပြုတ်သွားပြီး ဘိုင်ပြတ်သွားပါတယ်။ ဒါနဲ့ပဲ သူ့အဖေကိုသူပြန်ခေါ်ပေးမယ် ဒါပေမဲ့ အိမ်ကိုအငှားလာနေတဲ့သဘောနဲ့ အိမ်လစာပေးရင် ခေါ်ထားမယ်ဆိုပြီး သဘောတူထားလိုက်ပါတယ်။ ဒီလို ၁၂ နှစ်လောက် သမီးကိုပစ်ထားခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် သူ့သမီးနဲ့ပြန်ဆုံရတဲ့အခါ သူမှားခဲ့တဲ့အမှားတွေအတွက် ဘယ်လိုပြန်အဖက်ဆယ်မလဲ။ ဒီလို အဆင်မပြေဘဝကိုရုန်းကန်နေတဲ့ သားမိနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ Family Drama feel အပြည့်နဲ့ ခံစားကြည့်လို့ရမဲ့ မိသားစုကားလေးပါ။ ခုလိုအကျင့်စာရိတ္တတွေပျက်နေတဲ့ ခေတ်ကြီးမှာ ငွေရောင်အနားသတ်လေးတွေ ရှိသေးပါလားဆိုပြီး ကြည်နှုးခံစားကြည့်ရှုအားပေးလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။

Crime • Romance • Thriller
6.1 2023 98 mins
Prisoner's Daughter
Ginger Snaps
6.8

Ginger Snaps (2000) Horror ဆို ပေါကားတွေများတဲ့ထဲမှာမှ လုံးဝပေါကားမဟုတ်တဲ့ old but gold, teen horror လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျင်ဂျာနဲ့ ဘရစ်ဂျက်က သိပ်ချစ်တဲ့ ညီအစ်မနှစ်ယောက်ပေါ့။ ဂျင်ဂျာက ၁၆ နှစ် ဘရစ်ဂျက်ကတော့ ၁၅ နှစ်။ အသက်လေးကလည်း မတိမ်းမယိမ်း၊ အကျင့်စရိုက်လည်းတူတော့ ကျောင်းမှာဆိုလည်း နှစ်ယောက် တစ်ကမ္ဘာလို ဖြစ်နေတတ်ပြီး သူတို့နဲ့ မတည့်တဲ့သူတွေလည်း ပေါမှပေါပါပဲ။ နောက်ပြီး ခေါင်းမာပြီး rebellious ဖြစ်တဲ့ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း တစ်ခုခုဆို ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်ပေါ့။ ဒီလိုနဲ့ တစ်ရက် ဘရစ်ဂျက်ကို အနိုင်ကျင့်တဲ့ ကျောင်းသူတစ်ဦးကို ကလဲ့စားချေမယ်ဆိုပြီး အိမ်က ခိုးအထွက်မှာ အကြီးမဖြစ်သူ ဂျင်ဂျာတစ်ယောက် အမည်မသိ သတ္တဝါတစ်ကောင် ကိုက်တာ ခံလိုက်ရပါတော့တယ်။ အဲဒီသတ္တဝါကလည်း သူတို့ရပ်ကွက်မှာ သောင်းကျန်းနေတာ ကြာပြီဖြစ်ပြီး အိမ်မွေးခွေးတိုင်းလိုလိုကို မရှုမလှ ကိုက်သတ်သွားတတ်တာ ခပ်စိတ်စိတ်ဖြစ်နေတာပါ။ ကိုက်ခံရပြီးနောက်ပိုင်း အသက်မသေခဲ့ပေမယ့် ဂျင်ဂျာတစ်ယောက် အရင်နဲ့ လုံးဝမတူပဲ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့ပါတယ်။ အပြုအမူ၊ ဝတ်ပုံစားပုံ အကုန်လုံးပေါ့။ ဒါပေမဲ့ အဲဒါတွေက ကောင်းသောပြောင်းလဲခြင်း မဟုတ်တဲ့အခါ အငယ်မဖြစ်သူ ဘရစ်ဂျက်တစ်ယောက် သူ့အစ်မကို ကယ်တင်နိုင်အောင် ကြိုးစားရတော့မှာပဲဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်မလဲကတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 3.3GB, 925MB & 567MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 48mins Genre : Drama, Horror, Fantasy Translated by May Myat Encoded by Kinnov

Action • Horror • Thriller
6.8 2000 108 mins
Ginger Snaps
Die Tomorrow
7.1

Die Tomorrow (2017) အကယ်၍များ မနက်ဖြန်မှာ သေဆုံးရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ အလုပ်ချင်ဆုံးအရာက ဘာများဖြစ်မလဲ။ လူတိုင်းဆီမှာ မသေခင် လုပ်သွားချင်တဲ့ အရာလေးတစ်ခုတော့ ရှိစမြဲပါပဲ။ မွေးဖွားပြီးရင် သေဆုံးရမယ်ဆိုတာကို လက်သင့်ခံနိုင်ကြပြီးသား လူသားတွေက သေဖို့ကို မကြောက်ကြပါဘဲ မသေခင် လုပ်သွားချင်တဲ့ အရာလေးတွေ မပြီးမြောက်သွားမှာကိုသာ စိုးရိမ်တတ်ကြတာပါ။ ဒီအကြောင်းအရာတွေကပဲ Indie ဇာတ်လမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ထိုင်းနာမည်ကြီး ဒါရိုက်တာ၊ Heart Attack, Mary Is Happy , Mary Is Happy နဲ့ Happy Old Year စတဲ့ နာမည်ကြီး ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် Nawaphon Thamrongrattanarit အတွက် ဖန်တီးချင်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတော့တာပါ။ Die Tomorrow က ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ဇာတ်ကားတစ်ပုဒ်လို …၊ သေခြင်းတရားအကြောင်းတွေကို တင်ဆက်နေတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို….၊ မဆက်စပ်ဘူးဆိုပေမယ့် နီးစပ်နေတဲ့ အကြောင်းအရာတစ်ခုလို…၊ မခံစားတတ်ရင် အီလည်လည်ဖြစ်နေမှာပေမယ့် ခံစားတတ်သူတွေကျပြန်တော့လည်း ရင်ထဲနင့်ခနဲနေအောင်ကို ခံစားရစေပြန်ပါတယ်။ လူတွေက သေသွားတဲ့သူတွေကိုတော့ စိတ်မဝင်စားတတ်ကြပေမယ့် မသေခင် သူတို့ ဘာလုပ်သွားကြသလဲဆိုတာကိုတော့ သိချင်တတ်ကြပါတယ်။ လက်စွမ်းထက်တဲ့သူက ရိုက်ထားတဲ့ ဇာတ်ကားလည်းဖြစ်သလို IMDb Rating 7.1 တောင် ရထားတဲ့ဇာတ်ကားမို့ အနည်းနဲ့အများတော့ စိတ်ကျေနပ်မှု ရစေမှာတော့ အသေအချာပါပဲ။ မိုးရာသီမှာ စောင်ပုံလေးထဲကွေးပြီး chill နိုင်ဖို့အတွက် CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 629MB | 291MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hazel Encoder ….. Aaron

7.1 2017 75 mins
Die Tomorrow
Bloodlust: Subspecies III
5.6

Bloodstone; subspecies ဆိုတဲ့ဗန်ပိုင်းယား ရုပ်ရှင်ဇာတ်လမ်းတွဲအဆက်ဖြစ်ပြီး IMDb 5.6/10 ရရှိထားတာပါ။ Horror & thriller အမျိုးအစားဖြစ်ပြီး ရုတ်ရုတ်သဲသဲကြောက်ဖို့ကောင်းတာမျိုးမဟုတ်ပေမဲ့ သွေးပျက်စရာအခန်းတွေအများကြီးပါပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေဘက်ကာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ညီမလေးကိုရှာဖို့နဲ့ သူ့ညီမရဲ့ဝိဉာဉ်ကိုသိမ်းယူသွားတဲ့ဗန်ပိုင်းယားနဲ့ရင်ဆိုင်ဖို့ ထွက်လာခဲ့ပါတော့တယ် ဗန်ပိုင်းယားကြီးကသူ့ညီမလေးကို တပည့်မွေးသလိုမွေးထားပြီးဗန်ပိုင်းယားစစ်စစ်ဖြစ်စေချင်နေတာပါ ရေဘက်ကာတို့ညီအစ်မနှစ်ယောက်သား ဗန်ပိုင်းယားလက်အောက်ကနေ ဘယ်လိုလွတ်မြောက်အောင်ဘယ်လိုထွက်ပြေးကြမလဲ ရက်စက်တဲ့ဗန်ပိုင်းယားနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Fantasy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn

Mystery • Drama • Thriller
5.6 1994 83 mins
Bloodlust: Subspecies III
Urban Legends: Bloody Mary
5

Urban Legends: Bloody Mary (2005) =========================== Urban Legends: Bloody Mary ဟာ Urban Legends ဇာတ်ကား တွဲတွေရဲ့တတိယနဲ့နောက်ဆုံးကားဖြစ်ပြီး ပထမနှစ်ကားနဲ့လည်း ဘာ အဆက်အစပ်မှမရှိတော့တာကိုတွေ့ရပါလိမ့်မယ်။ ထူးခြားတာက ဒီ ဇာတ်ကားမှာ သဘာ၀လွန်အယူအဆတွေကိုထည့်သုံးထားပြီး လူသတ် မှုတွေကိုလိုက်ပါစုံစမ်းပြီး နောက်ကွယ်က လက်သည်ကိုဖော်ရာမှာ အစောပိုင်း supernatural ဇာတ်လမ်းတွဲတွေရဲ့အငွေ့အသက်ကိုရနေ တာပါပဲ။ ၁၉၆၉ မှာ ဝါသင်တန်အထက်တန်းကျောင်းရဲ့ကပွဲမှာ ကျောင်းဘောလုံး အဖွဲ့ဝင်အုပ်စုဟာ သူတိုရဲ့ပွဲတက်ဖော်တွေကို ဆေးခတ်ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ တစ်ခြားမိန်းကလေးတွေပြန်လွတ် မြောက်လာခဲ့ပေမယ့် သူတို့ထဲ မေရီဆိုတဲ့တစ်ယောက်ကိုတော့ လုံး၀ရှာ မတွေ့တော့တာ အခုချိန်ထိဖြစ်ပါတယ်။ နောက်ထပ် ၃၅ နှစ်အကြာမှာ အဲ့ဒီလိုအဖြစ်မျိုးထပ်တူပြန်ဖြစ်ခဲ့ပြီး ဒီတစ် ကြိမ်မှာတော့ အားလုံးပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြန်လွတ် လာပြီးနောက်မှ သူတို့သူငယ်ချင်းအုပ်စုထဲကလူတွေထူးဆန်းတဲ့နည်းနဲ့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာခဲ့ချိန်မှာတော့ ၊bloody mary ဒဏ္ဍာရီဟာ ဒီဖြစ်ရပ်တွေနဲ့ဆက်စပ်နေမလား? လွန်ခဲ့တဲ့ ၃၅ နှစ်က မေရီ တစ်ယောက် ဘယ်လိုအဖြစ်မျိုးကြုံခဲ့ရလဲ အဲ့ဒီအဖြစ်အပျက်တွေရဲ့လက် သည်အမှန်ဟာ ဘယ်သူဖြစ်မလဲ အစရှိတာတွေကို ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.3 GB) / (1.1 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

TV Movie • Comedy • Romance
5 2005 93 mins
Urban Legends: Bloody Mary
A Chinese Ghost Story 3
6.7

Chinese Ghost Story Trilogy အတွက် နောက်ဆုံးကားဖြစ်ပါတယ် သုံးကားလုံးကို ဒီလင့်မှာရှာနိုင်ပါတယ် A Chinese Ghost Story 1 မှာတုန်းက အထိနာခဲ့တဲ့ နှစ်တစ်ထောင်သစ်ပင်မိစ္ဆာကြီး ပြန်အားပြည့်လာပြီးတော့ လန်လော့ဘုရားကျောင်းမှာ အရင်လိုပဲ တစ္ဆေမလေးတွေကိုအသုံးချပြီး ထကြွသောင်းကျန်းနေပါပြီ။ အဲဒီအချိန်မှာ ရွှေဆင်းတုတော်ကိုသယ်လာတဲ့ ဘုန်းတော်ကြီးတို့ဆရာတပည့်နှစ်ယောက်က လူတွေရဲ့ရန်ကနေရှောင်ဖို့အတွက်တစ္ဆေခြောက်တာ အရမ်းကြမ်းတယ်လို့နာမည်ကြီးတဲ့ လန်လော့ဘုရားကျောင်းမှာ တည်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ တစ္ဆေမလေးနဲ့ ကိုရင်လေးရဲ့အချစ်ဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ ဘဝခြားတဲ့သူတို့ရဲ့အချစ်မှာ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ပြီးတော့ ရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေးတွေစွက်ပြီးတော့ ကြည့်ရမှာဖြစ်ပါတယ်။ A Chinese Ghost Story 1 က တစ္ဆေမလေးနဲ့ မင်းသမီးအတူတူပဲဆိုပေမယ့် ဇာတ်ရုပ်ချင်းမတူပါဘူး။ ကိုရင်လေးနေရာမှာတော့ Tony Leung သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Action • War • Thriller
6.7 1991
A Chinese Ghost Story 3
Kurt Turns Evil
6.3

Kurt Turns Evil (2008) IMDb – 6.3/10 ၂၀၀၈ခုနစ်ကထွက်ရှိခဲ့တဲ့ နော်ဝေသရီးဒီကာတွန်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ သားသမီးသုံးယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့အတူ နေထိုင်နေပေမဲ့ ဖော့ကလစ်မောင်းတဲ့ ကာ့တ်ကို မိသားစုဝင်တစ်ယောက်ကမှ အထင်မကြီးကြပါဘူး။ ဒီကြားထဲ ဘေးအိမ်ကို ဆရာဝန်တစ်ယောက်ပြောင်းလာတဲ့အခါမှာတော့ မိသားစုဝင်တွေအကုန်လုံးက စကားပြောတိုင်းမှာ ဆရာဝန်ရဲ့နာမည်မပါမပြီးဖြစ်နေကြရော။ ဒီမှာပဲ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့အရေး နည်းအမျိုးမျိုးနဲ့ ကြံဆောင်ရာကနေ အလွဲတွေဖြစ်ပါတော့တယ်။ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့ကြိုးစားမှု အောင်မြင်မလားဆိုတာကြည့်ရမဲ့ ကာတွန်းရုပ်ရှင်လေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။ Genre….. Animation, Comedy, Family Quality…. 1080p | 720p File size… 1.2GB| 631MB Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.3 2008
Kurt Turns Evil
Lost Destiny
5.8

ရှေးယခင်တုန်းက မကောင်းဆိုးဝါးမိစ္ဆာတွေကိုထိန်းချုပ်ဖို့ရန်အတွက် နဂါးမျိုးနွယ်ဇာမဏီမျိုးနွယ်အပြင်ထူးဆန်းစွာနဲ့ အမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တို့တွေက အသက်နဲ့ပေးဆပ်ပြီးထိန်းချုပ်ထားကြလို့ လူ့ပြည်မှာ သာယာအေးချမ်းမှုတွေရရှိခဲ့ကြတယ်။ ဒါပေမဲ့ မြေခွေးမျိုးနွယ် အမြှီးခြောက်ချောင်းနဲ့ အမြှီးကိုးချောင်းဆိုပြီး မျိုးနွယ်နှစ်ခုကွဲခဲ့တယ်။ အမြှီးကိုးချောင်းကတော့ နတ်အဖြစ်ကျင့်ကြံတဲ့လမ်းစဉ်ကို ကျင့်သုံးပြီး အမြှီးခြောက်ချောင်းကတော့မိစ္ဆာလမ်းစဉ်ကိုကျင့်ကြံကြတယ်။ ဒီလိုနဲ့ တစ်နေ့မှာဒီမျိုးနွယ်နှစ်ခုပဋိပက္ခတွေဖြစ်ခဲ့ပြီး အမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တွေပျက်သုဉ်းသွားတဲ့အချိန် လူ့ပြည်မှာ မကောင်းဆိုးဝါးတွေ တဖန်ပြန်လည်ခြယ်လှယ်ခဲ့ပါတော့တယ်။ အဲ့အချိန်မှာပဲ အမြှီးကိုးချောင်းမျိုးနွယ်ဝင်စူးရှန်ကလည်းဒီပဋိပက္ခကြားမှာပါခဲ့ပြီး ဒဏ်ရာရတဲ့အချိန်မှာလူ့ပြည်ကစာပေသမားတစ်ယောက် ကျန်းရှန်းရဲ့ ကယ်ဆယ်မှုကြောင့် အသက်ရှင်ခဲ့တယ်။ အချိန်အတော်ကြာတော့စူးရှန်က မြေခွေးကနေလူအသွင်ပြောင်းပြီး နှစ်ဦးသား နှလုံးသားချင်းနီးစပ်ခဲ့ပြီး လက်ထပ်ခဲ့ကြတာပေါ့။ ဒါပေမဲ့တနေ့မှာတော့ သူဘေးတွေ့နေတဲ့အချိန် ကျန်းရှန်းဟာ သူ့အသက်ကိုစတေးပြီးဒီစူးရှန်မြေခွေးလေးကို ရှင်သန်အောင်ပေးဆပ်ခဲ့တယ်။ဒါကို စူးရှန်က ဒီကျေးဇူးနဲ့ခံစားချက်ကိုသိမ်းထားပြီး ကျန်းရှန်းလူသားအဖြစ် ပြန်လည်မွေးဖွားလာမယ့်အချိန်ကို နှစ်ငါးရာတိတိ စောင့်ဆိုင်းရှာဖွေခဲ့တယ်။နှစ်ငါးရာကြာပြီးနောက်မှာ ကျန်းရှန်းကအင်မတန်မှထူးချွန်တဲ့ ဖူအိမ်တော်ရဲ့ ဖူစုန့်လင်အဖြစ်မွေးဖွားလာခဲ့တယ်။ဖူစုန့်လင်ကတော့ တိုင်းပြည်မင်းမှုထမ်းစာမေးပွဲတွေမှာ အဆင့်တစ်နဲ့အောင်လေ့ရှိပြီး ကျိကျိုးမှာပညာသင်ကြားဖို့အတွက် မိဘအိမ်ဆီပြန်လာခဲ့တဲ့နေ့မှာတင် စူးရှန်ကလည်း သူ့ကိုမှတ်မိနေမလားစိတ်နဲ့ ဖူစုန့်လင်နားချဉ်းကပ်ဖို့ရန်ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့နည်းမျိုးစုံကြိုးပမ်းမှုအောက်မှာ ဖူစုန့်လင်စိတ်ယိုင်ခဲ့သွားတဲ့အချိန်မှာတင် စူးရှန်ကအမြှီးကိုးချောင်းမြေခွေးမှန်းသိလိုက်ရတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်နေကြမလဲ။ ဖူစုန့်လင်မွေးဖွားလာတဲ့အချိန်က လောကကြီးမတည်ငြိမ်ဖြစ်နေတဲ့အချိန် လူနဲ့မကောင်းဆိုးဝါးကြား ဒွန်တွဲမှုတွေဖြစ်လာတဲ့အခါ ဘာကိုရွေးချယ်သွားမလဲ။ စူးရှန်ကကော သူ့ကိုအသက်နဲ့လဲပြီးပေးဆပ်ခဲ့တဲ့ချစ်ရတဲ့လူကို ဘယ်လိုကျေးဇူးပြန်ဆပ်မလဲဆိုတာတွေတော့ ဒီဇာတ်ကားလေးထဲမှာတဝကြီးဆက်လက်ကြည့်ရူရအောင်

5.8 2024
Lost Destiny
Penguins of Madagascar
6.6

Penguins Of Madagascar (2014) IMDb – 6.7/10_____Rotten – 73% ဒီဇာတ်ကားက Madagascar ထဲက ဆရာ့ဆရာကြီးတွေဖြစ်တဲ့ ပင်ဂွင်း၄‌ကောင်ရဲ့ spin-offဇာတ်ကားဖြစ်ပါတယ် Madagascar ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဟာသတွေအများကြီးပါဝင်ဦးမှာ ဖြစ်သလို သူများနဲ့မတူဘဲ weird ဖြစ်တဲ့ ဇာတ်လမ်းပုံစံကိုလည်း မြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက် Central zooကို ရောက်လာတဲ့ စကစ်ပါ ကိုဝါစကီး ရီကိုနဲ့ ပရိုင်းဗိတ်ပင်ဂွင်း၄ကောင်ကြောင့် လူတိုင်းချစ်တဲ့ ရေဘဝဲအဖြစ် ကနေ အပယ်ခံဘဝ ရောက်သွားတဲ့ ဒေ့ဗ်ဆိုတဲ့ ရေဘဝဲတစ်ကောင်က မျိုးဗီဇပညာကို လေ့လာပြီး ဒေါက်တာအော့တေးဗီးယပ်စ် ဘရိုင်းဆိုတဲ့ နာမည်တုနဲ့ ဗီဇပြောင်းတိရစ္ဆာန်တွေကို ဖန်တီးဖို့ ကြိုးစားနေတာပါ။ သူ့အကြံကတော့ လူတိုင်းချစ်ကြတဲ့ ပင်ဂွင်းလေးတွေကို မျိုးဗီဇပြောင်း မကောင်းဆိုးဝါးတွေ ဖြစ်အောင်လုပ်ပြီး လူတွေမုန်းတီးသွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ဒီအကြံကို အကောင်အထည်ဖော်ဖို့ စကစ်ပါတို့ ပင်ဂွင်း၄ကောင်အပြင် တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်ရုံအသီးသီးကပင်ဂွင်းတွေကို လိုက်ဖမ်းဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့အကြံကို စကစ်ပါတို့ တားဆီးနိုင်မှာလား၊ ဒေ့ဗ်ရဲ့အကြံအတိုင်း မကောင်းဆိုးဝါးတွေ ဖြစ်သွားပြီး လူသားတွေရဲ့မုန်းတီးခြင်းကို ခံသွားရမလားဆိုတာ ကြည့်ရမှာပါ။

Thriller • Crime • Drama
6.6 2014 92 mins
Penguins of Madagascar