YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A.Sound.Of.Thunder.2005.1080p.(CM).mp4

2.12 GB N/A video/mp4 198 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
King Richard
7.7

2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီ ဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ် ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါ တင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး . ဒါပေမယ့် ရစ်ချက်ဝီလီယျံပြောတဲ့ စကားအတိုင်း.. "ကျွန်တော့်သမီးတွေ မမွေးခင်ထဲက သူတို့ရဲ့ အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီးသား အဲ့ဒါကတင်းနစ်ချန်ပီယံတွေဖြစ်ဖို့ပဲဆိုပြီး သူ့စကားအတိုင်းအကောင်အထည်ဖော်ခဲ့ပါတယ် ဒီကားဟာ အတော်လေး Inspiration ဖြစ်တဲ့ကားဖြစ်ပြီး ၂ နာရီခွဲလောက်ကြာတာကြောင့် တစ်ဝကြီးကြည့်ရမှာ HBO ကထုတ်တဲ့ကားဖြစ်တာကြောင့်လည်း မကောင်းမှာမပူရပါဘူး. Main Lead ကလည်း Will Smith၊ ရှားရှားပါးပါး Biography, Sport ကားဆိုတော့ အများကြီးပြောစရာမလိုအောင် အချိန်ပေးရတာထိုက်တန်မှာပါ ( ဘာသာပြန်နဲ့ အညွှန်းရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File size…(2.6 GB) / (1.4 GB) Quality….Webrip 1080p / 720p 5.1CH Format…mp4 Duration….02:33:00 Genre...Sport, Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Comedy
7.7 2021 145 mins
King Richard
(18+) The Scarlet Letter
6.6

ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင် "အချစ်​ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊ အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့ 18+လို့ ​ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။ သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ ပါဝင်ထားပါ​သေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ​ အောင်မြင်ကာစ ၂၄နှစ်အရွယ်မှာပဲ Suicide caseနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဇာတ်လမ်းအစကို ဓါတ်ပုံတိုက်ပုံရှင်အသတ်ခံရမှုနဲ့ စဖွင့်ထားပြီး စုံ​ထောက်အီဂီဟွန်းက ဒီအမှုကို ဦး​​ဆောင် စုံစမ်းစစ်​​​ဆေးရသူပါ၊ ​​သေဆုံးသူမှာ ဇနီးတစ်​ယောက်ကျန်ခဲ့ပြီး အသက်အာမခံ​ကြေးက ဝမ်သန်း၆၀၀​​အထိဖြစ်​နေလို့ ဇနီးသည်ကို သံသယတရားခံအ​ဖြစ် သတ်မှတ်ထားခဲ့ကြတာပါ၊ စုံ​ထောက်အီဂီဟွန်းကလည်း လူမှု​ရေး ​ဖောက်ပြန်နေသူဖြစ်ပြီး ကိုယ်ဝန်သည်ဇနီးရှိရဲ့သားနဲ့ တခြားသူနဲ့ ​နောက်မီးလင်း​နေခဲ့တာပါ၊ ဆိုးတာက ဇနီးဖြစ်သူနဲ့ ​မယားငယ်က အထက်တန်း​ကျောင်း သူငယ်ချင်း​တွေ ဖြစ်​နေတာပါ။ မိန်းမဖြစ်သူမှာလည်း လျှို့ဝှက်ချက်​တွေရှိ​နေပြီး အီဂီဟွန်းမသိဘဲ ကိုယ်ဝန်ဖျက်ချဖူးတဲ့သူပါ၊ ဒီလိုနဲ့ တစ်​နေ့မှာ အ​​မြှောင်မယားကပါ ကိုယ်ဝန်ရှိလာတဲ့​နောက် အီဂီဟွန်းအ​နေနဲ့ သူငယ်ချင်းနှစ်​ယောက်၊ မယားကြီးနဲ့မယားငယ်ကြား ၂​ယောက်စလုံးကိုချစ်၊ ၂​ယောက်လုံး ကလည်း ပြန်ချစ်တဲ့ကိန်း ဆိုက်လာသလို တစ်ဖက်က လူသတ်မှုကလည်း လွယ်မ​ယောင်နဲ့ခက်၊ တိမ်မ​ယောင်နဲ့နက်​နေတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery, Thriller Quality….1080p | 720p| 480p File size…2.1GB | 901MB | 281MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX Encoder .....Blank

Drama • Thriller
6.6 2004 115 mins
(18+) The Scarlet Letter
She’s The One
6.3

She is the one (2013) IMdb Rating (6.3) ဖိလစ်ပိုင် romance ကားကောင်းလေးတွေကို မျှော်ကြတဲ့သူတွေအတွက် တစ်ဖက်သတ်အချစ် နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား မင်းသမီးတွေကလည်း မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့ဖြစ်ပြီး မင်းသမီးကတော့ Bea Alonzo ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. “ကတ်”လို့ခေါ်တဲ့ကောင်မလေးက သူငယ်စဉ်တည်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း “ဝါကီ”ကို သဘောကျနေခဲ့တာ ကြာပါပြီ။ သူတို့ကြားမှာ စိတ် စနိုးစနောင့်ဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ “ကတ်”က ဝါကီကို move onလုပ်ခဲ့ပြီးပါပြီ။ “ဝါကီ”က အစီအစဉ်တင်ဆက်သူ ဖြစ်ပြီးတော့ ကောင်မလေးတွေကို ထည်လဲတွဲတဲ့ playboyအကြီးစားပါ။ အသက်၃၀လောက်ထိ အတည်တကျရည်းစားမရှိဘဲ ရည်းစားအရေအတွက်က အသက်ထက်များပါတယ်။ဒါပေမဲ့ “ကတ်”အပေါ်တော့ မှီခိုတတ်ပြီး သူ့ရဲ့ ကိစ္စအတော်များများကို ကတ်က နောက်ကလိုက်ရှင်းပေးရလေ့ရှိပါတယ်။ တစ်နေ့မှာတော့ “ကတ်”က မိုးရွာထဲမှာ ကားပျက်သွားလို့ပြင်နေတုန်း “ဒေးဗစ်”ဆိုတဲ့ကောင်လေးက ကူညီဖို့ရောက်လာခဲ့ပါတယ်။ ကတ်က အကူအညီကိုငြင်းလိုက်ပေမဲ့ မိုးရေထဲမှာ ကိုယ်တိုင်ကားပြင်နေတဲ့ မမ”ကတ်”ကို သဘောကျသွားခဲ့ပါတယ်။ ဒါကြောင့် လိုင်းပေါ်မှာ “ကတ်”ကိုရိုက်ထားတဲ့ videoကိုတင်လိုက်တာ ပေါက်သွားပြီး ကြည့်ရှုသူ သန်းချီသွားပါတယ်။ ဝါကီတို့အစီအစဉ်ကလည်း “ဒေးဗစ်”ကို ခေါ်ရိုက်ပြီး ကတ်နဲ့ပေးတွေ့နိုင်ဖို့အတွက် “ဝါကီ”ကိုစီစဉ်ခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဒေးဗစ်က ကတ်ကိုချစ်မိသွားပြီး ကြိုးစားလိုက်နေတဲ့အချိန်မှာ ဝါကီကိုယ်တိုင်က သူ့ရဲ့ ခံစားချက်အစစ်တွေထွက်လာတဲ့အခါ….။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Ingyin San မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/58 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(2.6 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Ingyin San

Drama • History • Thriller • War
6.3 2013 110 mins
She’s The One
Yang Shen Spirit
5.9

ယခုတစ်ခေါက် CM ပရိသတ်တွေအတွက် နတ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော…… ကျင်းယွိမြို့ ဟုန်အိမ်တော်မှ သခင်လေးဟုန်ရိဟာ ငယ်ငယ်ကတည်းက အမေဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးနောက် အိမ်တော်ကလူတွေ အနိုင်ကျင့်တာကို ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။ အမေ့အတွက် မျက်နှာရဖို့အတွက် မြို့တော်မှာ စာမေးပွဲဖြေရန် ကြိုးစားနေသူ ဖြစ်ပါတယ်။ သို့သော် စာမေးပွဲ မဖြေခင် ရှေ့တစ်ညမှာ ထူးဆန်းတဲ့ မိန်းကလေးတွေက ဟုန်ရိကို ချွင်ဟူမျိုးနွယ်မှာ စာသင်ပေးဖို့ လာရောက် ဖိတ်ခေါ်ကြပါတယ်။ အရှုပ်အထွေးတွေကြားမှာ ဟုန်ရိဟာ လိုက်လံဖမ်းဆီးခံခဲ့ရပါတယ်။ ထို အခက်အခဲတွေကို ဖြတ်သန်းခဲ့ပြီးနောက် ဟုန်ရိဟာ ဒီအရာအားလုံးဟာ သူ့ရဲ့ ဘဝမှန်နဲ့ ပတ်သက်နေတာကို သိလိုက်ရပါတယ်။ သူ့ရဲ့ ဘဝမှန်က ဘာဖြစ်နေမလဲ…… ချွင်ဟူမျိုးနွယ်နဲ့ သူနဲ့က ဘယ်လို ပတ်သက်မှုမျိုး ဖြစ်နေမလဲ…… ဆိုတာကို ရုပ်ရှင်လေးထဲကနေ အဖြေရှာလိုက်တော့နော်။

5.9 2023
Yang Shen Spirit
Atlantis: The Lost Empire
6.9

IMDb – 6.8/10 Rotten Tomatoes – 49% Metacritic – 52% Atlantis: The Lost Empire ဆိုတဲ့ Animation ကားလေးက Disney ရဲ့ ပထမဆုံးသော Adventure/Sci-Fi အမျိုးအစား Film ပဲ ဖြစ်ပါတယ်။ Tob Murphy ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ Gary Trousdale နဲ့ Kirk Wise တို့က ပူးတွဲရိုက်ကူးကာ Don Hahn ကနေထုတ်လုပ်ပါတယ်။ နောက်ခံစကားပြော အနေနဲ့ကတော့ Michael J. Fox, Cree Summer, James Garner, Leonard Nimoy, Don Novello, Phil Morris, Claudia Christian, Jacqueline Obrandors နဲ့ Jim Varney တို့ကနေ ပါဝင်သရုပ်ဆောင်ပေးထားကြတာပဲ ဖြစ်ပါတယ်။ Jim Varney အနေနဲ့ကလည်း ဒီဇာတ်ကားဟာ သူမသေခင် နောက်ဆုံး သရုပ်ဆောင်သွားခဲ့တဲ့ ဇာတ်ကားလည်းပဲ ဖြစ်ပါတယ်။ Budget $120 သန်း အသုံးပြုထားပြီး Box Office အနေနဲ့ကတော့ $186.1 သန်း ပြန်လည် ရရှိထားပါတယ်။ သူ့ခေတ် သူ့အခါတုန်းက ဆိုရင်တော့ တော်တော်လေး အကုန်အကျများတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုနိုင်ပါတယ်..။ ဇာတ်လမ်းအဖွင့်ကတော့ ဒီလိုပါ..။ ကုန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက အတ္တလန္တိတ်ကျွန်းစုတွေကို ဒီလှိုင်းတွေ ပင်လယ်ရေအောက် ပေါက်ကွဲမှုတွေက ခြောက်လှန့်လို့နေပါတယ်။ အဲဒီအချိန်မှာပဲ အတ္တလန္တိတ် ဘုရင်မ ကို အိပ်မွေ့ချဆေးအသုံးပြုလို့ လူစိမ်းတွေက ဖမ်းခေါ်သွားပါတယ်။ သူနဲ့အတူ အတ္တလန္တိတ်ရဲ့ နှလုံးသည်းပွတ် လို့ခေါ်တဲ့ Powerful Crystal ကလည်း ပါသွားပါသေးတယ်။ အဆိုပါ Crystal က ဘုရင်မနဲ့အတူ အတ္တလန္တိတ်မြို့တော်ရဲ့ နယ်မြေတွေကို အကာအကွယ်ပြုလုပ်ပေးပါတယ်။ ဘုရင်မဟာ ဖမ်းခေါ်သွားခြင်း ခံရတဲ့ အချိန်တုန်းက သူမရဲ့ သမီးငယ်လေး မင်းသမီးလေး Kida ကို သမုဒ္ဒရာရဲ့ အောက်ဘက်မှာ ချန်ထားခဲ့ရပါတယ်။ 1914 ခုနှစ်…! Milo Thatch ဆိုတာ အတ္တလန္တိတ်ကို သုတေသန လုပ်နေတဲ့ Smithsonian Institution က မြေပုံရေးဆွဲသူတစ်ဦးပါ။ သူက ဘာသာစကားမျိုးစုံကိုလည်း တတ်ကျွမ်းပါသေးတယ်။ Milo ဟာ The Shepherd’s Journal မှာ ရှေးဟောင်းလက်ရေးမူ တ စ်ခုကို တွေ့ရှိလိုက်ရပါတယ်။ အဲဒီလက်ရေးမှုမှာ ပျောက်ဆုံးနေတဲ့ ကျွန်းရဲ့ တည်နေရာကို ဖော်ပြထားတယ်လို့လဲ ယုံကြည်နေပါတယ်။ ပြတိုက်ရဲ့ ဘုတ်အဖွဲ့က Milo ရဲ့ အဆိုပြုချက်ကို ငြင်းပယ်လိုက်ပြီးတဲ့နောက် Milo ဟာ ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ Helga Sinclair လို့ခေါ်တဲ့အဆိုပါအမျိုးသမီးက သူ့ကို Preston B နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Whitmore ဆိုတာ အင်မတန် ချမ်းသာကြွယ်ဝသူ တစ်ဦးပါ။ Whitmore ဟာ Milo ရဲ့ အဖိုးအပေါ် တင်နေတဲ့ အကြွေးကို ပြန်ပေးဆပ်ရန်အတွက် အတ္တလန္တိတ်ကို လေ့လာရေးသွားဖို့ Milo ကို လမ်းပြအဖြစ် ငှားရမ်းခဲ့ပါတယ်။ အဆိုပါ အတ္တလန္တိတ် လေ့လာရေးခရီးစဉ်ကို Lyle Rourke က ဦးဆောင်ပါတယ်။ အဲဒီအဖွဲ့မှာတော့ demolition ကျွမ်းကျင်သူ Vinny Santorini, ဘူမိဗေဒပညာရှင် Mole Molière, ဆေးဘက်ဆိုင်ရာ အရာရှိ ဒေါက်တာ Joshua Sweet, စက်ပြင်ဆရာ Audrey Ramirez, ရေဒီယို orperator Mrs. Wilhelmina Packard နဲ့ စားဖိုမှူး Cookie Farnsworth တို့ ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ “Ulysses” အမည်ရှိ ရေငုပ်သင်္ဘောနဲ့ ထွက်ခွာခဲ့ကြပါတယ်။ အဆိုပါ ခရီးစဉ်အတွင်း ဘာတွေဖြစ်မယ် ဘယ်လိုတွေ ကြုံတွေ့ရမယ် ဘယ်လိုမျိုး ထူးဆန်းဖွယ်ရာ အံ့သြဖွယ်ရာတွေကို မြင်တွေ့ရမယ် သိရှိလာရမယ်ဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့မှ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားကြည့်ပါဦး..။ ဒီဇတ်ကားကို ငတုံးမျိုးကို မှ ဘာသာပြန်ပေးထားပြီး ရဲခန့်မင်း မှ အညွှန်းရေးပေးထားပါတယ်… File size… 1.6 GB / 756 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Animation, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by idiot myoko

Horror
6.9 2001
Atlantis: The Lost Empire
Conjuring Curse
5.9

သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုပဲ ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဒဏ္ဍာရီထဲက ဖုန်းရွှေဂိုဏ်း ပါးဖုန်းထဲက အဖွဲ့ဝင်ဖြစ်သူ လီကွမ်းကျန့်ဟာ နှစ် ၇၀ ကျော်မှ ကျဲ့ကျီတစ္ဆေမြို့နဲ့ ပတ်သက်တဲ့ သတင်းကို ပို့ပေးခဲ့ပါတယ်။ အဘိုးဖြစ်သူ ဝူလောင်ကုန်ရဲ့ မပြီးခဲ့တဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ဝူရှဲဟာ ကျန်းချီလင်နှင့် ဝမ်ဖန့်ကျီတို့နဲ့အတူ စွန့်စားရေးခရီးကို စတင်ခဲ့ပါတယ်။ ကောင်းကင်ပေါ်မှ ကြယ်တာရာရဲ့ လမ်းညွှန်မှုအတိုင်း သူတို့ဟာ မြေအောက်ဂူရဲ့ ဝင်ပေါက်ကို ရှာတွေ့ခဲ့ပြီး ကလေးရုပ်တုတွေနဲ့ ပြည့်နေတဲ့ ဂူထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ထိုဂူထဲမှာ မျက်ကန်းကိုမထိနဲ့၊ နောက်ပြန်မသွားနဲ့၊ အခေါင်းကိုမဖွင့်နဲ့၊ လရောင်ကို မထိနဲ့ စတဲ့ စည်းမျဉ်းတွေနဲ့ ပြည့်နှက်နေပါတယ်။ စည်းကမ်းတွေကို ၇ ကြိမ်တိတိချိုးဖောက်ရင် မိစ္ဆာကြီးလည်း ရောက်လာနိုင်ပါသေးတယ်။ စည်းကမ်းတွေ ချိုးဖောက်ရင် ဘယ်လို ဒဏ်ပေးခံရမလဲ …… သူတို့အဖွဲ့ရော မြေအောက်ဂူထဲကနေ အသက်ရှင်လျက် ထွက်ခွါနိုင်ပါ့မလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားလိုက်ရအောင်နော်။

5.9 2023
Conjuring Curse
REC .
7.4

အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။ တညမှာတော့ သူတို့ဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတို့နဲ့အတူ အန်ဂျလာတို့ဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို့ အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La

7.4 2007
REC .
Taylor Swift: The Eras Tour
8.3

Taylor Swift: The Eras Tour (2023) ~ IMDb – 8.3/10, RT – 99%, Meta – 83% ~ [ အခုတင်တဲ့ Version က Speech တွေသီးသန့် ဘာသာပြန်ပေးထားပြီး သီချင်းတွေကို E-Sub အတိုင်းပဲ Encoding လုပ်ထားတဲ့ Version ပါ။ Swiftie တွေအနေ​နဲ့ သီချင်းတွေလိုက်ဆိုရင်းနဲ့ဖီးလ်ရင်း ကြည့်နိုင်အောင် ရည်ရွယ်ထားပါတယ်။ ] <<< Telegram Link >>> The Eras Tour ဆိုတာ Taylor Swift ရဲ့ Album တွေ အားလုံးကို တစ်ခေတ်ချင်းစီ ပြန်ခံစားနိုင်ဖို့ နေရာကောင်းတစ်ခုဆို မမှားပါဘူး။ Pandemic မှာ Album တွေ အများကြီး ထုတ်ခဲ့တာကတစ်ကြောင်း တခြားသော အရှုပ်အရှင်းတွေကတစ်ကြောင်း Taylor ဟာ Tour တွေ လှည့်ဖို့ အကြောင်းမလှခဲ့လို့လည်း ကျွန်တော်တို့ ဒီလို ခံ့ညားလွန်းလှတဲ့ Iconic Tour ကြီးကို ရခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘဲ Taylor Swift ဆိုတာ ဘာလဲ။ The Eras Tour ဆိုတဲ့ စင်မြင့်ထက်ပေါ်မှာ ပရိသတ်နဲ့ အပေးအယူမျှမျှ သူဘယ်လိုတွေ တောက်ပသွားလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါ။ 4K Quality ကိုတော့ EAC-3 Digital Sound Audio System နဲ့ Encode ထားတာမလို့ VLC Player လိုမျိုးနဲ့ကြည့်မှ အသံကြားရတာမျိုးရှိနိုင်ပါတယ်။4K Quality ကို အကြည်လင်ဆုံးဖြစ်အောင် Encode ထားပြီး ဖိုင်ဆိုက် 15GB ထိရှိတာကြောင့် PART-1/PART-2 အဖြစ် ၂ ပိုင်းခွဲပြီး တင်ပေးထားပါတယ်။ (ဒီဖျော်ဖြေပွဲနဲ့အညွှန်းကို Act Molemy မှ ပြန်ဆို ရေးသားထားပါတယ်) Size – (15 GB)/ (3.55 GB) / (1.55 GB) Quality – WEB-DL 4K HEVC EAC-3/1080p/ 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 1Min Genre – Documentary, Music Subtitle – Myanmar Subtitle (Hardsub) Translated by Act Molemy Encoded by Y,Ka Naung

8.3 2023
Taylor Swift: The Eras Tour
Kidnapped
7.1

ဒီတစ်ခါမှာတော့ IMDb 7.1ထိရရှိထားပြီး Rotten tomatoes မှာ 83%အထိ ရရှိထားတဲ့ Italy Drama/History ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ…. ပုပ်ရဟန်းမင်းကြီး Pius IX လက်ထက် Bolognaမြို့မှာ နေထိုင်တဲ့ ဂျူးလူမျိုး မိသားစုရဲ့ ၆ယောက်မြောက်သားကို အာဏာပိုင်တွေက ဘုရားကျောင်းအမိန့်ဟုဆိုကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်။ဘုရားကျောင်းဟာ ထိုကောင်လေးကို ခရစ္စယာန်ဘာသာအဖြစ် ကူးပြောင်းပေးပြီး မိသားစုကိုလည်း ဘာသာပြောင်းလျှင် သူတို့သားကို ပြန်ရမယ်ဟုဆိုကာ ဖိအားပေးပါတော့တယ်။ ထိုအခါမှာတော့ မွန်တာရာ ဂျူးမိသားစုဟာ သူတို့သားလေးကို ပြန်လည် ခေါ်ဆောင်ဖို့ ဘာတွေလုပ်သွားမှာလဲ သူတို့ရဲ့သားကိုရော ပြန်လည်ခေါ်ဆောင်နိုင်မှာလား ၁၈၅၀‌ကျော်ခုနှစ်ဝန်းကျင်က ဂျူးနဲ့ ခရစ္စယာန်ဘာသာအကြား ဘာသာရေး အရှုပ်အထွေးတွေကို ရိုက်ကူးပြထားတဲ့ သမိုင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်….. File size…(1.9 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

TV Movie • Comedy • Romance
7.1 2023
Kidnapped
Desperado
6

ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင်မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် လက်ဗလာနဲ့ လူဆိုးအုပ်ကြားမှာကြမ်းတဲ့ အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အရမ်းကိုထူးချွန်တဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက်က ဇာတ်မြှုပ်ပြီးတော့ လုံခြုံရေးကုမ္ပဏီလေးဖွင့်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေချိန်မှာ မင်းသားကသူ့ဟာသူနေပေမယ့် ပြဿနာကသူ့ဟာသူမနေပဲ တံခါးဝထိရောက်လာပါတယ်။ ဒီလိုနဲ့သူကမိသားစုကိုဆုံးရှုံးလိုက်ရပြီးတော့ ထောင်(၉)နှစ်ကျသွားပါတယ်။ ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူကို လိုက်ရှာတော့တာပေါ့။ သဲလွန်စတွေရဲ့အချိတ်အဆက်တစ်ခုဖြစ်တဲ့ ကလေးမလေးတစ်ယောက်ကို သမီးအရင်းလိုသဘောထားပြီးကာကွယ်ပေးရင်း သူ့ရဲ့ရန်ငြိုးကိုလက်စားချေဖို့ကြိုးစားတော့တာပေါ့။ လူကြမ်းကြီးတစ်ဖြည်းဖြည်းနဲ့ အဖြစ်မှန်အမှုကိုဖော်သွားတာကို ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ခံစားကြည့်လိုက်ပါနော်……

History • Comedy • Drama
6 2024
Desperado
A Record of Sweet Murder

A Record of Sweet Murderer (2014) ********************************* စိတ္တဇဆေးရုံကနေထွက်ပြေးလွတ်မြောက်ပြီး စိတ္တဇလူသတ်သမား ဘတ်ဆန်းဂျွန်း… ဘတ်ဆန်းဂျွန်းက သူလူသတ်ရတဲ့ အကြောင်းအရင်းတွေကို လူတွေကိုပြောပြချင်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ် သတင်းထောက်လည်းဖြစ်တဲ့ ဂင်ဆိုယွန်းထံ ဖုန်းခေါ်ခဲ့ပါတယ်။ အင်တာဗျူးလုပ်ပေးဖို့အတွက်လည်း ဂျပန်လူမျိုးကင်မရာသမားတစ်ယောက်ကိုပါ ခေါ်ခဲ့ဖို့… ဂင်ဆိုယွန်းကို တောင်းဆိုခဲ့ပါတယ်။ သတင်းထောက်ဖြစ်တဲ့ ဆိုယွန်းကလည်း သူတောင်းဆိုတဲ့အတိုင်း… သူနဲ့ရင်းနှီးတဲ့ ဂျပန်လူမျိုးကင်မရာသမား တာရှီရိုကိုခေါ်ပြီး ချိန်းဆိုတဲ့နေရာကိုသွားခဲ့ပါတယ်။ ဘတ်ဆန်းဂျွန်းရဲ့လူလိုက်သတ်ရတဲ့အကြောင်းပြချက်ကလည်းထူးခြားလှပါတယ်။ အဲဒီအကြောင်းအရင်းကိုဆိုယွန်းအပါအဝင် ဘယ်သူမှမယုံကြည်ကြပါဘူး။ သူလူသတ်ရတဲ့အကြောင်းအရင်းက ဘာတွေဖြစ်မလဲ….အလောင်းရှာမတွေ့သေးဘဲ.. သူသတ်လာတဲ့လူတွေ ဘယ်နှယောက်တောင်ရှိပြီလဲ…. ဘယ်လိုလူမျိုးကိုရွေးသတ်တာလဲ… ဆိုယွန်းနဲ့ တာရှီရိုရော အန္တရာယ်ကင်းနိုင်ပါ့မလား…ဘတ်ဆန်းဂျွန်းရဲ့ လူသတ်ရတဲ့… အကြောင်းအရင်းကရော…ယုတ္တိရှိနေမလား…ရူးနှမ်းမှုသက်သက်ပဲလားဆိုတာ… ဒီ Thriller, Drama ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်နော် File size… 1.89GB / 780MB Quality…WEB-DL 1080p 720p Genres: Horror, Drama Duration: 1 hr 30 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Han Encoded By Heather Oo

0 2014 86 mins
A Record of Sweet Murder
The Twilight Samurai

IMDb – 8.1/10 Rotten Tomatoes – 99% ဂျပန်မင်းသားလို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ပရိတ်သတ်တွေ အရင်ဆုံးပြေးမြင်ကြမှာကတော့ “Hiroyuki Sanada” ပဲဖြစ်မှာပါ။ The Last Samurai, 47 Ronin, John Wick, Mortal Combat နဲ့ Shōgun တို့အပြင် များစွာသောဟောလိဝုဒ်ထိပ်တန်း ဇာတ်ကားတွေမှာ ဂျပန်ဆိုတာနဲ့ သူ့မျက်နှာကြီးပဲပေါ်ပေါ်လာတဲ့အထိအောင်မြင်တဲ့ ဆရာသမားပါ။ သူအဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ ဒီ The Twilight Samurai ဆိုတဲ့ historical-drama ရုပ်ရှင်ဟာလည်း ဂျပန်ပြည်တွင်းမှာ Japanese Academy Awards ၁၂ ဆုအထိ စံချိန်တင်ရရှိခဲ့ပြီး Hollywood’s 76th Academy Awards မှာလည်း အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက် ဇကာတင်ချိတ်နိုင်ခဲ့ပါတယ်။ ကဲ… ဘုန်းတော်ဖွဲ့နေတာတွေရပ်ပြီး ဇာတ်လမ်းအကြောင်းပြောပါ့မယ်။ ဇာတ်အိမ်က ၁၉ ရာစုအလယ်ပိုင်း ဂျပန်နိုင်ငံမှာ တည်ပါတယ်။ အဲဒီတုန်းက ဂျပန်ဟာ နိုင်ငံရေးပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့အပြင် ပြည်သူတွေမှာလည်း အငတ်ဘေး ရောဂါဘေးဆိုက်နေတဲ့ကာလ၊ “အိဂုချိ” ဆိုတဲ့ ဆင်းရဲပေမယ့် စိတ်ထားမွန်မြတ်တဲ့လူတစ်ယောက်ဟာ သူ့နယ်မြေနန်းတော်မှာ အငယ်တမ်းဆာမူရိုင်းအဖြစ် အမှုတော်ထမ်းနေပါတယ်။ အစိုးရအောက်တန်းစာရေးလို ရာထူးမျိုးဆိုတော့ သိကြတဲ့အတိုင်း မလောက်မငှရတဲ့အထဲမှာ မိန်းမက တီဘီဖြစ်ပြီး ဆုံးလေရဲ့။ လူမမယ်သမီးလေးနှစ်ယောက်ရယ်၊ ရောဂါသည် အမေအိုကြီးရယ်နဲ့ အိဂုချိတစ်ယောက် လောကအလယ်မှာ ဒေါင်ချာစိုင်းပြီးကျန်ခဲ့တုန်း ငယ်ချစ်ဦး “တိုမိုအဲ” နဲ့ မထင်မှတ်ပဲ ပြန်တွေ့ဖို့အကြောင်းဖန်လာပါတယ်။ တိုမိုအဲက သူဘာကောင်ကြီးဖြစ်နေနေ မေတ္တာရှိရှာပေမယ့် ကလေးနှစ်ကောင်နဲ့ လုံးလည်ချာလည်လိုက်ပြီး ရေတောင် နပ်မှန်အောင်မချိုးနိုင်တဲ့ အစိုးရဝန်ထမ်း ဘဝသမားလေး အိဂုချိကတော့ တိုမိုအဲကိုပါ ဒုက္ခတွင်းထဲ ဆွဲမသွင်းရက်ဘူးပေါ့လေ။ အမှန်တော့ သူကလည်း ကြိုက်ပါတယ်။ ကြိုက်လို့ပဲ မမူနိုင်တော့တဲ့အဆုံး ဖွင့်ပြောပြီး လက်ထပ်ခွင့်တောင်းမယ်လည်းဆိုရော ကံဆိုးမ အိဂုချိတစ်ယောက် အသက်နဲ့ရင်းပြီးထမ်းဆောင်ရမယ့်တာဝန်တစ်ခု ပေးအပ်ချင်းခံရပါတော့တယ်။ ဘယ်လိုတာဝန်မျိုးလဲ… အိဂုချိတစ်ယောက် အသက်ရှင်ရက်မှ ပြန်လာနိုင်ပါ့မလား… ချစ်လှစွာသော တိုမိုအဲကရော သူပြန်လာတဲ့အချိန်ထိ သစ္စာရှိရှိစောင့်နေမှာလား… လက်ရှိအနေအထားနဲ့ ဆန့်ကျင်ဘက် ၁၉ ရာစုနှစ် ဂျပန်နိုင်ငံကြီးကို နောက်ခံထားပြီး ကြည်နူးချည်တစ်ဖုံ ရင်မောချည်တစ်လှည့် ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။ File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thant Sin

0 2002
The Twilight Samurai
Squad 36
5.5

Squad 36 (2025) IMDb Rating (5.5) စိတ်ဝင်စားစရာကောင်းတဲ့ ဒီ ပြင်သစ်စကားပြော ရုပ်ရှင်က ၂၀၂၅ ခုနှစ်ကမှ ထွက်ရှိထားတဲ့ Crime/Thriller ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Netflix ကနေ ထုတ်လွှင့်ထားတာ ဖြစ်ပြီး ရုပ်ရှင်ရဲ့ ပြင်သစ်အမည်က Bastion 36 ဖြစ်ပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းတချို့နဲ့ အထူးရဲတပ်ဖွဲ့ ယူနစ်တွေရဲ့ အကျင့်ပျက်မှု၊ ဥပဒေချိုးဖောက်မှုတွေကို မီးမောင်းထိုးပြထားတာပါ။ ဇာတ်လမ်းအကျဥ်း Antoine Sada ဟာ ထူးချွန်ပေမဲ့ ပုန်ကန်တတ်တဲ့ စရိုက်ရှိလို့ အထက်လူကြီးတွေ မျက်မုန်းကျိုးတဲ့ အထူးရဲအရာရှိတစ်ဦးဖြစ်ပြီး ထိပ်တန်း အထူးရဲ Squad တစ်ခုမှာ တာဝန်ထမ်းဆောင်ပါတယ်။ တစ်နေ့မှာ ရဲကျင့်ဝတ််တစ်ခုကို ချိုးဖောက်မိခဲ့တဲ့အတွက် အဲဒီ Squad ကနေ ထုတ်ပယ်ခံရပြီး နယ်ပြောင်းခံလိုက်ရပါတယ်။ ခြောက်လကြာပြီးတဲ့အနောက်မှာ Squad ထဲက သူ့ရဲ့မိတ်ဆွေနှစ်ယောက် လုပ်ကြံခံလိုက်ရသလို တစ်ယောက်ကလည်း ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ ဒီလိုနဲ့ Antoine တစ်ယောက် တစ်ကိုယ်တော် စုံစမ်းထောက်လှမ်းပြီး အဖြစ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာ ဒီဖြစ်စဥ်တွေဟာ သူထင်ထားတာထက် နက်ရှိုင်းနေပြီး ရဲတပ်ဖွဲ့ဝင်တွေအကြား အကျင့်ပျက်ခြစားမှုတွေ၊ အတွင်းပဋိပက္ခတွေနဲ့ ပြင်သစ်ရဲတပ်ဖွဲ့ ထိပ်သီးအကြီးအကဲတွေ အဆင့်ထိ ပတ်သက်ဆက်နွယ်နေတဲ့ အဖြစ်မှန်တွေကို သိလိုက်ရတဲ့အခါ Antoine တစ်ယောက် ဘယ်လိုဘယ်ပုံ ရင်ဆိုင်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ဟောလီးဝုဒ်မှုခင်းရုပ်ရှင်တွေ ငြီးငွေ့နေသူတွေအတွက် ဒီပြင်သစ်မှုခင်းရုပ်ရှင်က အတိုင်းအတာတစ်ခုထိ ဆွဲဆောင်နိုင်လိမ့်မယ်၊ အက်ရှင်ခန်းတွေ ဖောချင်းသောချင်း မပါပေမဲ့ ပါဝင်တဲ့အခန်းတွေကလည်း ပီပြင်ကြမ်းတမ်းတဲ့အပြင် ဇာတ်လမ်းတင်ပြပုံ ကလည်း သဘာဝကျတဲ့အတွက် ကြည့်ရှုလို့မဆိုးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size… (1.8 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wolfenheim

Horror • Thriller
5.5 2025 124 mins
Squad 36
TRON: Legacy
6.8

Tron : Legacy (2010)ကတော့ ၂၀၁၀ ထွက် သိပ္ပံစိတ်ကူးယဉ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ မကြာခင်မှာလည်း Tron : Ares ထွက်ရှိတော့မှာဖြစ်သောကြောင့် ပြန်နွေးလို့ရအောင် Quality Update ပေးလိုက်ရပါတယ်။ ဇာတ်ညွှန်း Kevin Flynn ဟာ နည်းပညာအတော်လေးတော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ Digital World တစ်ခုကို ဒီဆောက်နိုင်တဲ့ Coding ဆရာကြီးဆိုလည်းမမှားပါဘူး။ သူ့မှာ သားလေးတစ်ယောက်ရှိပါတယ်။ နာမည်က Sam Flynn။ Kevin က Sam ကိုပြောနေကြတစ်ခုရှိတယ်။ အဲဒါက သူ Digital World မှာ Tron လို့ခေါ်တဲ့ Digital လူသားတစ်ယောက်ကို ဖန်တီးထားတယ်။ သူနဲ့လည်းအရမ်းကိုခင်တဲ့အကြောင်း တွေပြောပြခဲ့ပါတယ်။ ကလေးပဲရှိသေးတဲ့ Sam အဖို့ ဒါဟာတကယ်ကိုကြီးမားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ရက်မှာတော့ Kevin ဟာ ပျောက်ချင်းမလှပျောက်သွားပြီး Sam တစ်ယောက်တည်း လူ့လောကမှာကျန်ခဲ့ပါတယ်။ Sam အရွယ်ရောက်လာတဲ့အခါမှာ သူ့အဖေပြောပြခဲ့တဲ့ Tron ဇာတ်လမ်းဟာ တကယ်မဖြစ်နိုင်မှန်း နားလည်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်နိုင်ခဲ့ရင်ရော…. ဆက်လက်ခံစားလိုက်ကြပါခင်ဗျာ။ File SIze : 8.3 GB / 3.8 GB / 1.2 GB Quality : Blu-Ray 4K / 1080p / 720p Running Time : 2hr 05min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Encoded by Thit San Khant

Science Fiction • Drama
6.8 1900 126 mins
TRON: Legacy
Asche
5.5

2024 မှာထွက်ခဲ့တဲ့ ACHEဆိုတဲ့အရိုင်းဆန်သောအနုပညာကိုဖော်ပြတဲ့ ကားလေးကိုတော့ Elena Wolffကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ဓာတ်ပုံဆရာ Simeon နဲ့ အနုပညာအောင်မြင်မှုနဲ့အချစ်ရေးကြားမှာရုန်းကန်နေရတဲ့ LuLu တိုးကြားကToxicဆန်တဲ့ Relationshipကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးမှာကတော့ LuLuနဲ့ Simeon တို့ဟာချစ်သူတွေဖြစ်သွားကြပြီး Toxicဆန်တဲ့ Simeon ကြောင့် LuLuဟာ သူမအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အကြပ်အတည်းထဲရောက်သွားခဲ့ပါတယ်။ သူမဟာ Simeonရဲ့ဓာတ်ပုံအနုပညာ အလုပ်လုပ်နေတာကို ထောက်ပံ့အားပေးပေမဲ့လည်း သူမကတော့ Simeonရဲ့စကားများကိုမလွန်ဆန်နိုင်ဖြစ်နေခဲ့ပါတယ်။ အဲ့လိုအချိန်မှာ LuLuကို နောက်ယောင်ခံလိုက်နေတဲ့ Jkobဆိုတဲ့ကောင်လေးတစ်ယောက်ဟာလည်းပေါ်လာပြန်ပါတယ်။ ဒီလိုနဲ့ Jkobနဲ့ LuLuတို့ကြားမှဘာတွေဆက်ဖြစ်သွားမလဲ….. LuLuကလည်း သူ့အိပ်မက်နဲ့ အချစ်ရေးမှာဘယ်တစ်ခုကိုရွေးချယ်မှာလဲ …. Simeonရဲ့စကားတွေကိုကောလွန်ဆန်နိုင်မှာလားဆိုတာတွေကို ကြည့်မြင်ခံစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားလေးဟာ အရိုင်ဆန်တဲ့အနုပညာကိုအသားပေးဖော်ပြထားတဲ့ကားလေးဖြစ်တာမို့ အမှောင်ဘက်ခြမ်းအနုပညာတွေကိုပါ ကြည့်မြင်ခံစားရမှာပဲ ဖြစ်ပါတယ်။ File size… (927 MB) / ( 530 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 45m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Crime • Drama
5.5 2024 90 mins
Asche