YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

A.Series.of.Unfortunate.Events.S02E01.1080p.(CM).mp4

605.3 MB 1080p video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
She Said
7.3

~ IMDb - 7.4/10, Rotten Tomatoes - 87% ~ 2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Adventure • Family • Fantasy • Horror
7.3 2022 129 mins
She Said
Last Film Show
7.3

ဒီနှစ်ကတော့ နည်းနည်းတော့ဆန်းတယ်ပြောရမှာပဲ။ အိန္ဒိယရဲ့ ယခင်ဟိုဘက်ခြမ်း ပါကစ္စတန်ကားတစ်ကားကလည်း အော်စကာ ပဏာမစာရင်းထဲဝင်ခဲ့သလို အိန္ဒိယက ကားကလည်း ရှားရှားပါးပါး စာရင်းထဲဝင်လာခဲ့တယ်။ ဒီကားက မြင်နေကြုံနေကျ အိန္ဒိယကားတွေနဲ့ ကွဲထွက်တယ်လို့ ပြောရမှာပေမဲ့ အသစ်တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တော်တော်လေး ကြည့်ဖို့တန်တဲ့ကားပါပဲ။ ရုပ်ရှင်ကိုချစ်တဲ့လူတွေဆို ရုပ်ရှင်ကိုချစ်တဲ့အကြောင်း ရိုက်ပြထားတဲ့ ကားတွေကို ပိုသဘောကျတတ်တယ်မလား။ စကောဆေးစိရဲ့ Hugo တို့ , တော်နာတိုးရဲ့ Cinema Paradisoတို့ , နောက် ဒီနှစ်တင် ပူပူနွေးနွေးထွက်ထားတဲ့ စပီးဘာ့ချ်ရဲ့ the fablemens တို့လိုပေါ့။ ကျွန်တော်ဆိုလည်း မာတင်စကောဆေးစိမှာ ကားကောင်းတွေ ရိုက်သတ်မကုန်ပေမဲ့ သူ့ကားတွေထဲ ပြန်အကြည့်ဖြစ်ဆုံးကားက Hugo ဖြစ်ခဲ့တယ်။ ဒီကားကလည်း အိန္ဒိယရေ အိန္ဒိယမြေနောက်ခံနဲ့ ရုပ်ရှင်ကိုချစ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားပါပဲ။ ဒီရုပ်ရှင်မှာ နာမည်ကျော် ဒါရိုက်တာပေါင်းများစွာကို Tribute ထားတယ်။ အိန္ဒိယရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ဆတ္တရာဂျစ်ရေးကိုလည်း ထိပ်ဆုံးနားလောက်မှာ ထည့်ရေးထားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ ဆတ္တရာဂျစ်ရေးရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲလို့တော့ မထင်ဘူး။ ဒီကားဟာ ဒီဒါရိုက်တာရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းသွတ်သွင်းထားတဲ့ကားလို့ ဆိုပေမဲ့ ရေခံမြေခံတူတာကြောင့်ရော လွှမ်းမိုးမှုကြောင့်ရော ဖြစ်ကောင်းဖြစ်မယ်။ ဒီတစ်ကားလုံးရဲ့အစအဆုံးမှာ အပုရဲ့ အငွေ့အသက်တွေကို မြင်နေရတာပါပဲ။ ဒါကြောင့်လည်း အသစ်တော့မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Cinema Paradisoအိန္ဒိယဗားရှင်းလို့ ဆိုကြတယ်။ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားချင်းဆိုတော့ အတိုင်းအတာတစ်ခုအထိတော့ အငွေ့အသက်တူနေမှာပါပဲ။ ပုဂ္ဂလိက အမြင်အရလည်း ဒီထက်လည်း နည်းနည်းပိုသလိုတော့ရှိတာပဲ။ ဒါပေမဲ့လည်း ဒီကားမှာ ကျွန်တော်တို့မြင်ရမယ့် စီနီမာပရာဒီဆိုရဲ့ အငွေ့အသက်ထက် အပုရဲ့အငွေ့အသက်က ပိုအားကောင်းနေတာတော့ တော်တော်လေးမြင်သာတယ်။ casting က အစ , ဇာတ်ရဲ့ဓာတ်ကူပစ္စည်းတွေအလယ် , ဖွဲ့စည်းပုံကနေ နောက်ဆုံး သိမ်းပုံအထိပါပဲ။ တူနေတာတော့မဟုတ်ပေမဲ့ အငွေ့အသက်ကထင်းနေတယ်။ အိန္ဒိယရဲ့ အော်စကာတန်းဝင်ကားတစ်ကားမှာ ရေးရဲ့အငွေ့အသက်ရတာ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရမှာပဲ။ နောက်ဆုံးအနေနဲ့ အိန္ဒိယ ပဏာမစာရင်းဝင်ထားတာ ၂၀၀၁တုန်းက Lagaanဆိုတဲ့ကားနဲ့ဆိုတော့ ၂၂နှစ်တောင်ကြာပြီကိုး။ The Last Film Showဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်း အဓိကရိုက်ပြထားတဲ့ကားပေမဲ့ သူ့ဆွဲဆောင်မှုက အဲဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ တခြားဆွဲဆောင်မှုတွေလည်းပါပါတယ်။ တစ်ဖြတ်တစ်ဖြတ်ဆိုသလို အဓိကဇာတ်ကောင် အာမေးရဲ့အမေ ချက်ချက်ပြသွားတဲ့ အိန္ဒိယဟင်းလျာတွေကလည်း ဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုလို့ပြောလို့ရတယ်။ Tribute အနေနဲ့ ထည့်ပြောသွားတဲ့ထဲ တာကော့စကီးတို့ စတန်လေကူးဘရစ်တို့ ရေးတို့ အင်ဂမာဘာ့ချ်မန်းတို့ ကင်းဟူတို့ ကူရိုဆာဝါတို့ ဂိုးဒတ်တို့လို ထိပ်ဆုံးမှ ထိပ်ဆုံး ဒါရိုက်တာတွေ ပါပေမဲ့ ထူးတာက အဲဒီထိပ်မှာ သူက အိန္ဒိယဒါရိုက်တာ Manmohan Desaiတို့ အမီတာဘချမ်းတို့ ခန်သုံးခန်တို့ကို ထိပ်မှာအရင်ထည့်သွားပါတယ်။ ပြတဲ့ကားတွေကလည်း သူတို့ကားတွေပါပဲ။ သူ့ငယ်ဘဝရဲ့ကောက်ကြောင်းဆိုတော့ သူ့အတွက် Nostalgia ဖြစ်ရတဲ့ လူတွေကို ရှေ့ကထားသွားခဲ့တယ်။ သူ့ကိုရုပ်ရှင်ပြတဲ့ဖလင်ထိုးသမားပြောတဲ့ ရုပ်ရှင်အပေါ် သူ့အမြင်တွေကတော့ နည်းနည်းတော့ သဘောမကျချင်စရာကောင်းသလိုလိုရှိပေမဲ့ အဲဒီလူ တကယ်ပြောခဲ့တဲ့အတိုင်း ထည့်ချလိုက်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘာနေနေ The Last Film Show ဟာ Samsara လိုကားမျိုးကို ရိုက်ခဲ့တဲ့ Pan Nalinရဲ့ မာစတာပိစ်ကားလို့တော့ ပြောမရပေမဲ့ တော်တော်လေးကောင်းတဲ့ အိန္ဒိယ Art House Filmလို့တော့ ပြောလို့ရပါတယ်။ အိန္ဒိယကားတွေ ကြည့်စမရှိရင်တောင် ရုပ်ရှင်တွေကိုချစ်တယ် ရေးကို ကြိုက်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ခက်ခက်ခဲခဲကြည့်ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သူကတော့ ဖလင်ခေတ်ကပေါ့။ ဒီဘက်ခေတ်လို ဘာမဆိုဒေါင်းလုတ်ဒ် လုပ်လို့ရတဲ့ ခေတ်ကြီးမှာတော့ ဒါမျိုးအခက်အခဲတွေ မရှိလောက်တော့ပါဘူး ထင်ကောင်းထင်ကြလောက်ပေမဲ့ ရှိတော့ရှိနေတာပါပဲ။ ကိုယ်တွေ့တင် 5G တောင် တွင်ကျယ်လာတော့မယ့် ၂၁ရာစုကြီးမှာ 2G တောင်ပြည့်ရဲ့လားမသိအောင် လိုင်းဖြတ်ခံထားရတဲ့ အရပ်က သူငယ်ချင်းတစ်ယောက် သူကြည့်ချင်တဲ့ကားကြည့်ရဖို့ တော်တော်အပင်ပန်းခံနေရတာလည်း မျက်မြင်ပါပဲ။ ဘယ်လိုပဲခက်ခဲခက်ခဲ လောကကြီးရဲ့အကျယ်ပြောဆုံးမြင်ကွင်းဖြစ်တဲ့ ရုပ်ရှင်တွေကို ချစ်တဲ့လူတွေကတော့ ကြည့်ခွင့်ရဖို့ ရအောင်ကြိုးစားကြမှာပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ကြည့်ခွင့်ရဖို့ ထမင်းအငတ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ကျွန်တော်တို့ဘဝတွေမှာလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံဖူးခဲ့ရင် ပိုလှပနေမယ့် ရုပ်ရှင်ပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…1.68GB | 870MB | 484MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.3 2022 110 mins
Last Film Show
Spencer
6.9

IMDb....7.2 Kristen Stewart ဟာ ဝေဖန်အတော်များများခံရတဲ့ သရုပ်ဆောင်တွေထဲပါတယ်လို့ဆိုရမှာပါ... သို့ပေမဲ့ Diana (ဒိုင်ယာနာ) အဖြစ်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်မှာတော့ Oscar ရနိုင်တယ်လို့တောင် ဝေဖန်ရေးဆရာတွေက ချီးကျူးထားကြပါတယ်.... ဒိုင်ယာနာဆိုတာ ဗြိတိန်တော်ဝင် မိသားစုဝင်တစ်ဦးဖြစ်ပါတယ်... သို့ပေမဲ့ သူမ ငယ်ဘဝက ကြမ်းတမ်းပါတယ်... မိဘတွေ အိမ်ထောင်ကွဲဖြစ်ပြီး လန်ဒန်သို့ပြောင်းကာ လစာနိမ့်ဘဝဖြင့် လုပ်ကိုင်ရင်း ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်... အဲဒီနောက် ဒုတိယ အဲလိဇဘက်ဘုရင်မ၏ သားကြီးဖြစ်သူ ချားလ်မင်းသားနဲ့စေ့စပ်လိုက်ပါတယ်.. ဒီဇာတ်လမ်းဟာ ချားလ်မင်းသားနဲ့အိမ်ထောင်ပြုပြီး နောက်ပိုင်း အေးခဲစပြုလာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို အဓိကထားရိုက်ပြသွားတာပါ.. ဒိုင်ယာနာ တစ်ယောက် တော်ဝင် အသိုင်းအဝိုင်းမှာ အနေရကြပ်လာခဲ့တဲ့အကြောင်းတွေကိုလည်း မွှမ်းထုံပြသထားပါတယ်။ လူမှုရေးဆက်ဆံရေးကောင်းမွန်တဲ့အပြင် ကျက်သရေ ရှိလွန်းလှတဲ့ အလှအပကိုပိုင်ဆိုင်သူ.. နိုင်ငံရဲ့ ပုံရိပ်အဖြစ်တင်စားခံရတဲ့သူ .လူထုရဲ့ချစ်မြတ်နိုးမှုကို အများဆုံးရတဲ့သူ.. ဖက်ရှင်ပုံမှာလည်း ဒိုင်ယာနာစတိုင်ဆိုပြီး Fashion Queen အဖြစ်သတ်မှတ်ခံရသူ.. ဒီလို ဂုဏ်ပုဒ်ပေါင်းများစွာ ပိုင်ဆိုင်တဲ့ မင်းသမီးလေးဟာ နောက်ကွယ်မှာတော့ ဘယ်လိုခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းနေရလဲ.... အချစ်ရေးမှာရော သူမ ဘယ်လောက်ထိ ကံကောင်းခဲ့လဲ... အခက်အခဲကြုံလို့ သူမအတွက် ကမ်းလင့်လက်တစ်စုံရှိခဲ့လား...ခံစားကြည့်ကြပါဦး.. ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ File Size : (2.2GB) , (1.1GB) and (597MB) Quality : WEB-DL 1080p, 720p and 480p Format…mp4 Duration…01:57:00 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by Augst and Phyo Pyae

Action • Thriller
6.9 2021 117 mins
Spencer
Jane
5.1

Jane (2022) ~ IMDb – 5.1/10, Rotten Tomatoes – 63% ~ ပေါကားတွေများလို့စိတ်ညစ်နေတဲ့ ပရိသတ်ကြီးအတွက် ဇာတ်လမ်းအစကနေအဆုံးအထိ ဇာတ်ရှိန်မကျဘဲ စိတ်ဝင်စားစရာ‌ကောင်းတဲ့ Psychological Thriller ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစကတော့ Jane ဆိုတဲ့ အထက်တန်းကျောင်းသူလေးရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနဲ့စထားတာပါ။ Olivia နဲ့ Izzy ကတော့ Jane ရဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး Jane သေဆုံးသွားပြီးနောက် သူတို့နှစ်ယောက်လည်းအရင်လိုမရင်းနှီးကြတော့ပါဘူး။ Olivia တစ်ယောက် သူမရဲ့အိပ်မက်ဖြစ်တဲ့ Stanford တက္ကသိုလ်ဝင်ခွင့်ရွှေ့ဆိုင်းခံရတာ ကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်ကြောင့် Debate team ခေါင်းဆောင်နေရာကိုဆုံးရှုံးလိုက်ရတာတွေကြောင့် ဖိအားတွေအရမ်းများနေတဲ့အချိန်မှာ Izzy နဲ့ ပြန်ရင်းနှီးလာကြပါတယ်။ နောက်တော့ သူတို့နှစ်ယောက် Jane ရဲ့ဆိုရှယ်မီဒီယာအကောင့်ကိုသုံးပြီး သူတို့မကျေနပ်တဲ့သူတွေကို လူသိရှင်ကြားအရှက်ခွဲဖို့ လုပ်ကြပါတော့တယ်။ ဒါပေမဲ့ အဲဒီအကောင့်ကနေ သူတို့နှစ်ယောက်လုံးမတင်ဘဲ ပို့စ်တွေတင်လာတဲ့အခါမှာ… Jane ရဲ့အကောင့်ကိုသူတို့အပြင်သုံးနေတာ ဘယ်သူဖြစ်မလဲ။ အပျော်ကနေအပျက်ဖြစ်တတ်တယ်ဆိုသလိုပဲ ကိုယ့်ရဲ့ပို့စ်တစ်ခုကြောင့် တစ်ဖက်လူရဲ့ဘဝ ဘယ်လိုပျက်စီးသွားနိုင်လဲဆိုတဲ့ Cyber bullying အကြောင်းကို စိတ်ဝင်စားစရာရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ IMDb rating 5.1/10, ခရမ်းချဥ်သီး rating 63% ရထားတဲ့ကားဖြစ်ပြီး Riverdale မှာ Cheryl Bloosom နေရာကပါဝင်ခဲ့တဲ့ မင်းသမီီးချော Madelaine Petsch ကလည်း Olivia အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.23GB, 441MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 23Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Horror • Thriller
5.1 2022
Jane
After
5.6

“သူနဲ့ မတွေ့ခင်က ကျွန်မဘဝဟာ… အရမ်းကို ရိုးရှင်းပြီး ပုံသေ သတ်မှတ်ထားပြီးသားပါ… အခုတော့ သူနဲ့ တွေ့ပြီးနောက်ပိုင်း… သူနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ဆိုတာပဲ… ရှိတော့တယ်” “ကျွန်တော့်ဘဝမှာ ဝတ္ထုပေါင်းများစွာ ဖတ်ခဲ့ဖူးပါတယ်… အများစုက အချစ်ဆိုတာ စကြဝဠာကြီးရဲ့ ဗဟိုချက်လို့ ပြောကြပါတယ်… အချစ်က ကျွန်တော်တို့ရဲ့ အတွင်းဒဏ်ရာတွေကို ကုစားပေးနိုင်တယ်… အချစ်ဟာ ကျွန်တော်တို့ အသက်ရှင်ဖို့ လိုအပ်တဲ့အရာပါပဲတဲ့… သူနဲ့ မတွေ့ခင်အထိ ကျွန်တော့်ကို အခြားတစ်ယောက်က… လုံးဝဖမ်းစားသွားနိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးပါဘူး” ဒီတစ်ခါတော့ ရိုမက်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းကောင်းလေးတွေကို ချစ်တဲ့ ပရိသတ်တွေအတွက် After ဆိုတဲ့ ဇာတ်လမ်းကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ် တက်ဆာဆိုတဲ့ စာတော်ပြီး အမေစိတ်တိုင်းကျ ကြိုးစားနေတဲ့ စာကြမ်းပိုးမလေးတစ်ယောက် ကောလိပ်ကို ရောက်လာတာက ဇာတ်လမ်းကို စတည်ထားပါတယ် အမေဖြစ်သူက စီစဉ်တဲ့အတိုင်း ဘဝကို နေထိုင်ရင်း ဟာဒင်ဆိုတဲ့ ကောင်လေးနဲ့ တွေ့တဲ့အချိန်မှာ သူဘာတွေ ပြောင်းလဲ သွားမှာလဲ ဟာဒင်ကရော ဘယ်လိုကောင်လေးလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ ဇာတ်ကားအနှစ်သာရ ပျက်သွားမှာ စိုးလို့ အများကြီး မညွှန်းပေးတော့ပါဘူး စကြည့်မိတာနဲ့ လုံးဝနစ်မျောသွားမယ့် အချစ်ဇာတ်လမ်းလေးပါ ကြည့်ပြီး နောင်တမရစေရမယ့်ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွတ်တမ်း ကြည့်ကြဖို့ ညွှန်းပေးပါရစေ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ May Tharaphi Lwin ပါ) File Size : (1.70 GB) , (850 MB) and (420 MB) Quality : AMZN WEB-DL (1080p 5.1,720p,480p) Running Time : 1hr 45min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.AMZN.WEB-DL.DDP5.1.H.264-NTG Translated by May Tharaphi Lwin Encoded by THZ

5.6 2019
After
If Only
7

If Only (2004) IMDb: 7.0/10 Genre: Comedy / Drama / Fantasy တစ်ခါတစ်လေမှာ လူတွေက ဘဝအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ အနားမှာရှိတဲ့ ကိုယ်ချစ်ရတဲ့သူတွေကို နားလည်ပေးဖို့ အချိန်ပေးဖို့ တန်ဖိုးထားဖို့တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကားလေးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားသင့်ကြောင်းကို သင်ခန်းစာပေးထားတဲ့ ဇာတ်ကားလေးတစ်ခုလို့ပြောရရင် မမှားပါဘူး။ Ian Wyndham က လန်ဒန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ Samantha Andrews က ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ian က Samantha နဲ့ ကတောက်ကဆဖြစ်ပြီး နှစ်ဦးသား ပြတ်စဲတော့မလိုဖြစ်ပြီးတဲ့ နောက်မှာ Ian က သူ့ရဲ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ Samantha ကအသက်ပြန်ရှင်နေတာကို တွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာ…. Ian တစ်ယောက် ချစ်သူရဲ့ ကံကြမ္မာကို ဘယ်လိုဘယ်ပုံတားဆီးဖို့ကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size… 3.3 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Drama/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Citrus

7 2004
If Only
Leave Her to Heaven
7.6

Leave Her to Heaven(1945) IMDb: 7.6/10 Rotten Tomatoes: 85% Genre: Drama/Film-Noir/Romance သဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့် တဖက်လူကိုချုပ်ချယ်သလိုဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပဲ သဝန်တိုတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အတ္တဝါဒီအပေါ်ကိုပဲအခြေခံနေပါတယ်။ ဒီရုပ်ရှင်ဟာ ဒါကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ဒီကားကိုဘာသာမပြန်ခင် ဇာတ်ကားအကြောင်း YouTube မှာအရင်ရှာကြည့်လိုက်တော့ကွန်မန့်တစ်ခုမှာ”မင်းသမီး Gene Tierney သတင်းစာကိုချပြီး ပထမဦးဆုံးသူ့မျက်နှာကိုပြလိုက်တဲ့အချိန်အဖေရော၊ တစ်ရုံလုံးရော သူ့အလှမှာ နစ်မြောသွားတယ်” ဆိုပြီး ရေးထားတဲ့ကွန်မန့်လေးတစ်ခုကိုတွေ့လိုက်ပါတယ်။ တကယ်လည်း Gene Tierney ရဲ့အလှကအတော်လေးကိုမှင်သက်ဖို့ကောင်းလှပါတယ်။ ဒီရုပ်ရှင်နဲ့ မင်းသမီးဟာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကိုဇကာတင်ဝင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်မကောင်းမှာတော့ပြောစရာကိုမလိုပါဘူး။ ဇာတ်ညွှန်း အဲလန် ဘီရန့်တ် ဆိုတဲ့အမျိုးသမီးဟာသူလိုချင်တာ ဘာကိုမဆိုရအောင်ယူတတ်တဲ့မိန်းမမျိုးဖြစ်ပါတယ်။ သူဟာရထားပေါ်မှာ စာရေးဆရာ ရစ်ချက်ဒ်ဟာလန်းဒ် နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ နယူးမက္ကစီကိုမြို့က လယ်တောခြံမှာ အနားယူဖို့ဖိတ်ခေါ်ခြင်းခံထားရတဲ့လူတွေဖြစ်ပါတယ်။ အဲလန်ဟာ ကွင်တန် ဆိုတဲ့လူတစ်ယောက်နဲ့စေ့စပ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲလန်ဟာ ရစ်ချက်ဒ်ကိုချစ်မိသွားပြီး ၂ ရက်ထဲနဲ့လက်ထပ်ယူခဲ့ပါတယ်။ ခက်တာက အဲလန်ဟာ ရစ်ချက်ဒ်ဘေးမှာ သူ(မ)ကလွဲပြီး ဘယ်သူမှရှိနေတာမျိုးမကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ ရစ်ချက်ဒ်ရဲ့ ညီလေး ဒန်နီရှိတဲ့ ရေကန်ဘေးကတဲအိမ်လေးကို သွားလည်ခဲ့ပါတယ်။ အချစ်ကြီးလွန်းတဲ့ အဲလန် ရဲ့ဒဏ်ကိုရစ်ချက်ဒ်ခံနိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မှာလဲ။သဝန်တိုတတ်တဲ့လူ၊ အတွေးလွန်တတ်တဲ့လူဆိုရင် ဒီရုပ်ရှင်ကိုသဘောကျမှာသေချာပါတယ်။ File size… 2.4 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 50m Genre ….. Drama/Film-Noir/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

7.6 1945
Leave Her to Heaven
658km, Yôko no tabi
6.5

ယိုကိုက လူတွေနဲ့ အဆက်အဆံမလုပ်ဘဲ သူ့ရဲ့ တိုက်ခန်းသေးသေးထဲမှာပဲ နေတဲ့သူပါ။ သူရဲ့ အိပ်မက်တွေကို လက်လျှော့လိုက်ရပြီးတဲ့ နောက် ဒီလိုနေလာတာ နှစ်ကို ဆယ်နဲ့ချီကြာနေပါပြီ။ တစ်နေ့မှာ သူ့အစ်ကို ဝမ်းကွဲ ရောက်လာပြီး ယိုကိုရဲ့ အဖေဆုံးပြီ ဖြစ်ကြောင်း သတင်ပေးလာပါတယ်။ စျာပနပွဲအတွက် မွေးရပ်မြေကို အတူပြန်ခဲ့ကြပါတယ်။ ကားရပ်နားစခန်းမှာ မတော်တဆတစ်ခုကြောင့် လူချင်းကွဲသွားကြပြီး မွေးရပ်မြေကို ပြန်ဖို့ ကားကြုံစီးဖို့ ကြိုးစားရပါတော့တယ်။လူတွေနဲ့ အဆက်အဆံမလုပ်တတ်တဲ့ ယိုကိုတစ်ယောက် လူတွေကို အကူအညီတောင်းရာမှာ အဆင်ပြေပါ့မလား? လမ်းခရီးမှာရော ဘာဆက်ဖြစ်ကြမှာလဲ ဆိုတာကို စိတ်ဝင်စားသဖွယ် ရိုက်ပြထားပါတယ် File size…(1.6 GB)/(730 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

Romance • Comedy • Drama
6.5 2023
658km, Yôko no tabi
Christmas with a Kiss
5.7

Christmas with a Kiss (2023) IMDb Rating (5.7) ကျရောက်လာတော့မဲ့ ခရစ္စမတ်အချိန်အခါသမယမှာ အေးအေးဆေးဆေးကြည့်ရှုလို့ရမဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်။ မိုနာစင်ကလဲဆိုတာ နယူးယော့ခ်မှာ အောင်မြင်နေတဲ့ အင်ဖလူရန်ဆာတစ်ယောက်။ ခရစ္စမတ်အတွက် သူတို့အိမ်မှာရိုးရာတစ်ခုရှိပါတယ်၊ အဘေးဖြစ်သူက စတင်ခဲ့ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဒီပွဲအတွက် အိမ်ပြန်လာဖို့ သူ့မိဘတွေကခေါ်တော့ မိုနာတစ်ယောက် မွေးရပ်မြေပြန်ဖို့ဖြစ်လာခဲ့တယ်။ မိုနာ့အကြောင်းပြောရရင် အသက် ၃၀ကျော်ပေမဲ့ ရည်းစားနဲ့မမြဲသေးတဲ့ အချစ်ရေးကံမကောင်းတဲ့သူပါ။ အောင်မြင်မှုနောက်ကိုလိုက်ပြီး တစ်ကိုယ်တည်းတောက်ပနိုင်ပေမဲ့ မွေးရပ်မြေကအဒေါ်ကြီးတွေက သူပြန်လာတိုင်း ခုထိရည်းစားမရှိသေးဘူးလား ယောကျာ်းကဘယ်တော့ယူမှာလဲဆိုပြီး နှုတ်ဆက်စကားတွေဆိုကြတော့ လက်တွဲဖော်ရှာဖို့စဉ်းစားလာရပါတယ်။ ဒီလိုနဲ့ မွေးရပ်မြေကိုရောက်တော့ အထက်တန်းတုန်းကပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့ပြန်တွေ့ပြီး ပြန်အဆင်ပြေမလိုဖြစ်နေချိန် သူတို့မြို့ကို ဆောင်းပါးရေးမဲ့ သတင်းထောက်တစ်ယောက်ကလည်း တိုက်တိုက်ဆိုင်ဆိုင် သူ့အိမ်မှာ ခေတ္တတည်းခိုဖို့အကြောင်းဖန်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာ ဆက်လက်ခံစားလိုက်ပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.5 GB) / (790 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:24:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

5.7 2023 84 mins
Christmas with a Kiss
Pal Pal Dil Ke Paas
4.5

Pal Pal Dil Ke Paas (2019) “အချစ်ခရီးလမ်း ကြမ်းချင်ကြမ်းပါစေ…” ဒီတစ်ခါတော့ ရိုချင်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် အကြည်ဓာတ်လေးပေးမဲ့ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ခရီးသွားလုပ်ငန်းပိုင်ရှင်လူငယ်လေးနဲ့ ဘလော့ဂါကောင်မလေးရဲ့ အချစ်ဇာတ်လမ်းလေးမို ခရီးသွားဇာတ်၀င်ခန်းနဲ့ ရေခဲတောင်ရှုခင်းအလှအပတွေကလည်း healing ဓာတ်လေးတစ်မျိုးလည်း ရစေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ – ရေခဲတောင်ပေါ်မှာ ကြီးပြင်းလာပြီး တောင်တန်းတွေကိုချစ်တဲ့ ကာရန်ဟာ အူဂျီဒဟာစခန်းချခရီးစဉ်တွေကို စီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းပိုင်ရှင် လူငယ်လေးပေါ့။ တစ်နေ့တော့ သူတိုရဲ့ခရီးသွားစခန်းကို ဆာဟေးဆိုတဲ့ မြိုကြီးသူ ဘလော့ဂါချောချောလေး ရောက်လာပါတယ်။ တကယ်တော့ ဆာဟေးတစ်ယောက် တကယ်ခရီးထွက်ချင်တာထက် ခေါင်းခြောက်စရာ ဆွေမျိုးတွေနဲ့ဝေးရင်ပြီးရောဆိုပြီး ထွက်လာခဲ့တာပါ။ အစပိုင်းမှာတော့ ဆာဟေးက အူဂျီဒဟာစခန်းချခရီးလုပ်ငန်းကို ဂျင်းလိုထင်နေခဲ့ပါတယ်။ ထုံးစံအတိုင်း ခရီးစဉ်ကို အယုံအကြည်မရှိတဲ့ မြိုကြီးသူဆာ‌ဟေးနဲ့ ခရီးကိုဦးဆောင်မဲ့ ကာရန်တိုရဲ့ တွေ့ဆုံမှုဟာ ဘုဘောက်ကျရင်း အစပြုခဲ့ကြတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား ခရီးအတူထွက်ရင်း ရင်းနှီးမှုတွေ ရလာတဲ့အခါ…. ကာရန်နဲ့ဆာဟေးတိုရဲ့ တောင်တက်ခရီးစဉ်မှာရော ဘ၀ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ ဘာတွေကြုံရမလဲဆိုတာကို ကြည်နူးစရာတွေနဲ့အတူ ဒရာမာလေးပါနှောပြီး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Drama • Romance
4.5 2019 144 mins
Pal Pal Dil Ke Paas
The Most Beautiful Girl in the World
6.1

The Most Beautiful Girl in the World (2025) ******************************************* WinTV ရုပ်သံလိုင်းရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူ ရူဘန်ဟာ အရမ်းကို ပွေရှုပ်တတ်တဲ့ ပလေးဘွိုင်းလေးတစ်ယောက်ပေါ့။ သူဟာ သူ့အဖေနဲ့လည်း မျက်နှာချင်းဆိုင်လိုက်တာနဲ့ ရန်ပွဲဆိုတာလိုဖြစ်နေပြီး အမေဖြစ်သူကလည်း သူနဲ့သူ့အဖေကို ထားကာ ထွက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရူဘန့်အဖေဟာ ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အဖေရဲ့ သေတမ်းစာမှာတော့ ရူဘန်တစ်ယောက် ၆လအတွင်းမှာ ကမ္ဘာပေါ်က အလှဆုံးမိန်းကလေးနဲ့ လက်ထပ်နိုင်မှ ပိုင်ဆိုင်မှုတွေအကုန်လုံးကို ရမယ်ဆိုတာပါပဲ။ ဒီအတွက်နဲ့ ရူဘန်တစ်ယောက် မိန်းမရှာပုံတော် ထွက်ရပါတယ်။ ရုပ်သံလိုင်းရဲ့ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးဆိုတဲ့ မော်ဒယ်ရှိုးကို အထူးစီစဥ်အနေနဲ့ ရူဘန်ရဲ့ ဇနီးလောင်းရှာဖွေပွဲကြီးအဖြစ်‌ ပြောင်းလဲလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ရူဘန်တစ်ယောက် ၆လအတွင်း မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်နိုင်ပါ့မလား .. ရူဘန်ရဲ့ ဘဝ အချစ်ခရီးလမ်းက ဘယ်လိုတွေ ကြုံတွေ့လာရမလဲ … ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ အချစ်ရိုမန့်ဟာသ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.52GB / 674MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 03m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by AHtet

6.1 2025 122 mins
The Most Beautiful Girl in the World