YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

A.Perfect.Getaway.2009..BLU-RAY.720P(CM).mp4

1.24 GB N/A video/mp4 394 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Message and the Messenger

လောကဓံရဲ့ ဖြစ်တတ်တဲ့သဘောလေးတွေကြားထဲမှာ ကျင် လည်နေတဲ့လူထဲကလူတစ်ဦးဖြစ်တဲ့ အိမ်ခြံမြေအကျိုးဆောင် ဂျက်ဆီကာကလာ့ခ်။ သူ(မ)က ဘုရားကျောင်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး သဿမေဓအခွန်(ဘုရားကျောင်း‌ကိုသွင်းရတဲ့အလှူငွေ) တွေကို ငွေမရှိလည်းရအောင်လှူတဲ့ ယုံကြည်သူတစ်ဦးပေါ့လေ။ သူအဲလိုလှူတဲ့အတွက်လည်း ဘုရားက သူ့ကိုအဆင်ပြေအောင် ပြန်လုပ်ပေးမယ်လို့ မမှိတ်မသုန်ယုံကြည်နေတယ်။ အဲဒါနဲ့တစ်နေ့ သူ့ဘဝထဲကို စီးပွားရေးမိတ်တစ်ယောက်ဝင်လာတယ်။ အစက တော့ ဘုရားက သူဘဝထဲကို မကောင်းတဲ့လူတစ်ယောက်လွှတ် လိုက်တယ်ထင်လိုက်ပေမယ့် တကယ်တမ်းကျတော့ သူကိုကောင်း ချီးပေးလိုက်တယ်ဆိုတာ တဖြည်းဖြည်းသဘောပေါက်လာတဲ့ အကြောင်းကိုကြည့်ရမှာဖြစ်ပါတယ်။ အဲ့အပြင် သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေလည်း သူတို့ရဲ့ အကျပ်အတည်း‌အခက်အခဲ‌တွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာပါ ကြည့်ရမယ့် ဘာသာရေးနှော ထားတဲ့ ဒရာမာကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Khant Sett Naing, Momo တို့ဖြစ်ပါတယ်) File Size..........(1.6 GB) / (570 MB) / (370 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant Sett Naing, Momo Encoder..........SWM

Action • Adventure
0 2022 114 mins
Message and the Messenger
The Iceman
6.5

လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာ လူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊ မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့ လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။ မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာ တစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူ စတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့ လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊ သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊ နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ မပူပါနဲ့ဗျာ။ File Size :(1.8GB)(621MB) and (224MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:54:00 Genre : Crime , Drama , Biography Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo (Kop) Encoded by Phyo Pyae

Drama • Thriller
6.5 2012 105 mins
The Iceman
Aan: Men at Work
5.3

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။ အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။ အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB / 1.5GB Quality…1080p ZEE5 HDRIP  / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor

Mystery • Thriller
5.3 2004 149 mins
Aan: Men at Work
Wet Dreams 2
5.9

အပျိုဖော်မဝင့်တဝင် အမျိုးသမီးတို့ဓမ္မတာ အစပျိုးလေးတောင် မလာဖူးသေးတဲ့ရွှေရင်သိမ်းသစ်စ မိန်းကလေးတစ်ယောက်ရဲ့ဘဝအတွက် အကြီးမားဆုံးရည်မှန်းချက်၊ စိတ်ကူးယဉ်အိမ်မက်တွေကဘယ်လောက်များခမ်းနားကြီးကျယ်နေနိုင်မလဲ? ဆောင်အွန်းဆိုတဲ့ကောင်မလေးကတော့ မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးရဲ့အလှအပ၊မင်္ဂလာဆောင်ရဲ့ခမ်းနားမှု ကြည်နူးဖွယ်တွေကို အားကျနေခဲ့ပြီးတော့ တောက်လျှောက်စိတ်ကူးယဉ်နေမိခဲ့တာပါ။ သူဟာ မင်းသားလေးတစ်ပါးကို အိမ်မက်မက်ထားတယ်။ အဲ့ဒီမင်းသားလေးဟာ သူ့ဖူးစာဖက် ဧကန်ဖြစ်ပြီး တစ်နေ့မှာ သူတို့ပျော်ရွှင်စွာပေါင်းဖက်ရမယ်ဆိုတာမျိုးပေါ့။ အဲ့ဒါ သူ့အိမ်မက်အကုန်ပါပဲ။ တစ်နေ့တော့ သူစာသင်ခန်းထဲမှာ အိပ်ပျော်နေရင်း မျက်လုံးအဖွင့်မှာ အိမ်မက်ထဲက မင်းသားလေးကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတော့တယ်။ သူ့ရဲ့မင်းသားလေးဟာ သူတို့ကျောင်းရဲ့ အလုပ်သင်ကာယဆရာတစ်ယောက်အဖြစ်ရောက်ရှိလာခဲ့တာပါပဲ။ အဲ့ဒီကစလို့ အိမ်မက်တွေ၊ စိတ်ကူးယဉ်တွေ နဲ့ လက်တွေ့ဘဝကို ခွဲခြားနားမလည်တတ်သေးတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ မင်းသားလေးကို ရရှိဖို့ ဘာမဆိုစွန့်လွှတ်စွန့်စားနိုင်တဲ့အထိ အဆင်သင့်ဖြစ်သွားပါတော့တယ်။ သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး၊ သူ့ရဲ့ မိုက်ဖော်ဆိုးဖက် သူငယ်ချင်းမလေးတွေကလဲ သူ့စွန့်စားခန်းကို မြှောက်ပင့် အားပေး ကူညီဖို့ ရယ်ဒီပါပဲ။ Wet Dream ရဲ့နောက်ဆက်တွဲကားဖြစ်ပေမယ့် ပထမကားထက်ပိုပြီးတော့ Serious ဖြစ်တဲ့ဘက်ကိုသွားထားပါတယ်။ အပျော်တွေချည်းသက်သက်မဟုတ်ပဲနဲ့ တကယ်တမ်းရင်ဆိုင်ရမယ့်လက်တွေ့ဘဝရဲ့ပြဿနာလေးတွေကိုပါ ပါးပါးလေးချပြသွားပြီးတော့ အချစ်ဟာသ ဇာတ်လေးကို လှလှပပခင်းသွားပါသေးတယ်။ ၂၀၀၀ ခုနှစ်ကျော်ဝန်းကျင် ခေတ်ကာလတွေ၊ အဲ့ဒီခေတ်က ကိုရီးယားရုပ်ရှင်တွေကိုပြန်သတိရလွမ်းတစေနိုင်တဲ့ အချစ်ဟာသ ၁၈ နှစ်အထက် ဇာတ်ကားလေးတစ်ကားပါပဲ။ Wet Dream နှစ်ကားစလုံးကို https://channelmyanmar.org/?s=wet+dreams  မှာကြည့်ပါ။ File size…(1.8 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:40:27 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Alias

5.9 2005 101 mins
Wet Dreams 2
By the Sea
5.3

By the Sea ( 2015 ) =============== ချစ်ခင်စုံမက်၊နှစ်သက်ဖွယ်မှန်သမျှနဲ့ တစ်ချိန်မှာ ကွေကွင်းရမှာဘဲလို့ ငါဘုရား အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ အာနန္ဒာ၊ မြဲတယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ >> ပရိနိဗ္ဗူနသုတ် << တစ်ချိန်ကသိပ်ချစ်ခဲ့ပြီး ကလေးပေါင်းများစွာအတူမွေးစားခဲ့ကြတဲ့ ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့ လင်မယားလည်း မြဲတယ်ဆိုတာမရှိတဲ့ တရားအတိုင်းပဲ လိုက်သွားပါပြီ။ ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးပြိုကွဲ လုနီးနီးလင်မယားနေရာက သူတို့ကိုယ်တိုင် သရုပ်ဆောင်ခဲ့ဖူးတဲ့ရုပ်ရှင်ပါ။ အိန်ဂျလီနာဂျိုလီကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ မြုံနေလို့ ဆက်ဆံရေးမပြေမလည်ဖြစ်နေတဲ့ လင်မယား နှစ်ယောက် ဆက်ဆံရေးပြေလည်အောင် သူ့နာမည်အတိုင်း ပင်လယ်ကြီးရဲ့ ဘေးက ဟိုတယ်တစ်ခုမှာ၊ ပြန်လည်အားထုတ်ကြတဲ့အကြောင်းပါ။ဂျိုလီဟာ နာမည်ကျော်သရုပ်ဆောင်ဖြစ်ရုံတင်မကဘဲ ဒါရိုက်တာလုပ်ရာမှာလည်း ကားနည်းနည်းပဲရှိသေးပေမဲ့ အကုန်နီးပါးကောင်းသလို သူ့ဒီကားကလည်း ကားကောင်းတစ်ကားပါပဲ။ မထီတထီနဲ့ ခန့်တဲ့ဘရက်ပစ်နဲ့ ဆက်စီကျလှတဲ့ ဂျိုလီကို တွဲမြင်ရမှာနဲ့တင် တန်နေပါပြီ။ ဂျိုလီရဲ့မပေါ့်တပေါ်အခန်းတစ်ချို့ ပါတာမို့ မိသားစုနဲ့ကြည့်လို့တော့ အဆင်မပြေပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်)

Adventure • Family • Fantasy • Science Fiction
5.3 2015 122 mins
By the Sea
House of Dolls

ခြောက်ခြားဖို့ကောင်းတဲ့ အရုပ်မအိမ် လူသတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင် introမှာ လူ၂ယောက်ကို ရက်ရက်စက်စက် သတ်ပြသွားတာနဲ့ အစပျိုးထားပါတယ်။ ဇာတ်လမ်း အစကနေ အဆုံးထိ ရှယ်ကိုသတ်တာဆိုတော့ Horrorကြိုက်တဲ့လူတွေအတွက် ဇာတ်ကားကောင်းဖြစ်မှာ သေချာပါတယ်။ ပြဿနာ အကြီးကြီးဖြစ်ထားကြလို့ ဖအေတူ မအေကွဲ ညီအစ်မ ၃ယောက်ဖြစ်တဲ့ ချာလီ၊ ချားလော့၊ ဒိုင်ယာနာတို့က မခေါ်မပြောဘဲ နေနေကြပါတယ်။ တစ်နေ့မှာ သူတို့၃ယောက်ရဲ့အဖေဖြစ်သူ ဆုံးပါးသွားလို့ သူတို့၃ယောက် ပြန်လည်ဆုံတွေ့ရဖို့အကြောင်းဖန်လာပါတော့တယ်။ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သမီး၃ယောက်ကို ပေါင်းစည်းပေးဖို့အတွက် အမွေပစ္စည်းတွေကို ပေးဖို့ဆိုပြီး အရုပ်မအိမ်ကို ညီအစ်မ၃ယောက်ကို ခေါ်လာခဲ့ပါတယ်။ အရုပ်မအိမ်လို့ခေါ်ရတဲ့အကြောင်းရင်းက အိမ်ကြီးကို ကလေးတွေဆော့တဲ့ အရုပ်အိမ်လိုမျိုး တည်ဆောက်ထားလို့ပါ။ ဒီအိမ်ကြီးထဲမှာ အမွေပစ္စည်းဥစ္စာတွေကို ရှာဖွေရင်း မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတဲ့အခါမှာတော့ …… အညွှန်းနဲ့ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

0 2023
House of Dolls
Who Killed Bambi?
5.6

ဒီစပိန်ဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့တလွဲစွန့်စားခန်းလေးပဲဖြစ်ပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ရုံးကသူဠေးသမီးနဲ့မှ ကြိုက်မိတဲ့ကောင်လေးတစ်ယောက် သူ့ ယောက်ခမသူဠေးကြီး ‌ပေါက်ကရအဖြစ်အပျက်တွေကြားထဲက အိမ်ကိုကောင်းကောင်းပြန်ရောက်ဖို့အရာ နည်းလမ်းတွေရှာ ကြိုးစားနေချိန်မှာ အခြားတစ်ဖက်မှာလဲ အကြွေးတွေနစ်နေတဲ့ လူနှစ်ယောက် သူဠေးကို ပြန်ပေးဆွဲဖို့ကြိုးစားတဲ့အခါ ပြဿနာ‌တွေစတက်ပါတော့တယ်။ ပေါက်ကရတိုက်ဆိုင်မှုတွေနဲ့ဇာတ်လမ်းကိုစထားပြီးတော့ သူငယ်ချင်းနှစ်ယောက်၊ သူဠေးနဲ့ ပြန်ပေးသမားတွေကြားဘယ်လိုဆက်ဖြစ်ကြမှာလဲ ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ နောက်ဆုံးဇာတ်လမ်းနာမည်ဖြစ်တဲ့မေးခွန်းကို အဖြေဘယ်လိုပေးသွားမလဲဆိုတာကို ရယ်ရင်းမောရင်း ‌ ရင်လဲမောရင်းကြည့်ရမှာပြဖြစ်ပါတယ်။ The Hangover တို့လိုဇာတ်ကားမျိုးတွေကြိုက်တတ်ရင် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ File size… 1.1 GB / 476 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Crime, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

5.6 2013 86 mins
Who Killed Bambi?
The Awakening
6.4

Horror ပရိသတ်များအတွက် slow burn‌ လေးနဲ့ ဖြည်းဖြည်းချင်း ကျောချမ်းစေမဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက် ချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Godzilla vs Kong နဲ့ The prestige တို့မှာပါဝင်ခဲ့တဲ့ မင်းသမီး Rebecca Hall, နာမည်ကျော် ရုပ်ရှင်ပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားDominic West နဲ့ Harry Potter ရုပ်ရှင်များထဲမှာ Voldemort ထက် ပိုလူမုန်း များခဲ့တဲ့ Dolores Umbridge သရုပ်ဆောင် မင်းသမီးကြီး Imelda Staunton တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ——————– အမျိုးသမီးတွေဟာ ပညာရေးပိုင်းနဲ့မသက်ဆိုင်ဘူးလို့ တစ်ပိုင်းတစ သတ်မှတ်ထားကြတဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းအချိန်မှာ ဖလောရန့်စ် ကတော့ ပညာရေးပိုင်းထူးချွန်ပြီး အင်္ဂလန်ရဲ့ အထက်မြက်ဆုံးလူတွေ ထဲကတစ်ယောက်လို့ သတ်မှတ်ခံထားရပါတယ်။ သူဟာ သိပ္ပံဘာသာ ရပ်ကို စိတ်ဝင်စားလေ့လာနေတဲ့သူဖြစ်တဲ့အလျောက် လက်တွေ့အရှိ တရားတွေကိုပဲယုံကြည်ပြီး သရဲတစ္ဆေဆိုတာ တကယ်မရှိဘူးလို့မှတ် ယူထားတာပါ။ ဒီလိုမှတ်ယူထားတဲ့အတွက် သူ့ရဲ့ ကောင်းမွန်တဲ့ဉာဏ်စွမ်းနဲ့ အတွေးအခေါ်တွေကို ပေါင်းစပ်အသုံးချပြီး မြို့တွင်းက သရဲတစ္ဆေခေါ် ပွဲတွေ၊ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေမှာ သရဲယောင်ဆောင်ထားတဲ့ လူတွေကို လက်ပူးလက်ကြပ်ဖမ်းပြကာ ဝိညာဉ်တွေတကယ်မရှိကြောင်း သက်သေလိုက်ပြလေ့ရှိပါတယ်။ တစ်နေ့မှာတော့ ဖလောရန့်စ်ဆီကို ယောက်ျားလေး ဘော်ဒါကျောင်း တစ်ခုက ဆရာတစ်ယောက်ရောက်လာပြီး သူ့တို့ကျောင်းမှာ သရဲခြောက် နေတာကြောင့် ဘော်ဒါကျောင်းသားတစ်ယောက် ‌ေ-သဆုံးသွားလို့ ဖြေရှင်းပေးပါဆိုပြီး အကူအညီလာတောင်းပါတယ်။ သရဲတစ္ဆေတွေ တကယ်မရှိဘူးဆိုတာကို သက်သေပြချင်တဲ့ ဖလောရန့်စ်လည်း ဘော်ဒါ ကျောင်းကိုလိုက်သွားပြီး သရဲယောင်ဆောင်တဲ့လူကိုဖမ်းပြဖို့ ကျကျနန ပြင်ဆင်ပါတော့တယ်။ ဒါပေမဲ့ ကိစ္စတွေက ဖလောရန့်စ်ထင်ထားသလိုဖြစ်မလာတဲ့အခါ…. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ File size… 1.82GB / 662MB Quality… Blu- Ray 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6.4 2011
The Awakening
50 First Dates
6.8

50 First Dates (2004) IMDb Rating (6.8) – ” မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် ” – ” ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်” Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။ လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် အစွဲကြီးစွဲရှာပြီ။ ဒါဟာ သူ့ရဲ့ ဘဝလက်တွဲဖော်ပဲ၊ သူအတည်တကျပေါင်းသင်းလက်ထပ်ရမယ့် အိမ်ထောင်ရှင်မပဲလို့ တစ်ထစ်ချယုံကြည်လိုက်ပြီ။ နောက်တစ်နေ့မနက်မှာ Henry က Hukilau ကော်ဖီဆိုင်လေးကို ခပ်စောစောရောက်အောင်လာပြီး ကောင်မလေးကို မျှော်ပြီ။ ကောင်မလေးရောက်လာတော့ သူက ဝင်ရောပြီး သူ့ကိုယ်သူမိတ်ဆက်။ အခြေအနေက ခပ်ကောင်းကောင်း။ ကောင်မလေးက မနက်ဖြန်ကျရင်လည်း လာခဲ့ပါဦးလား။ ထပ်တွေ့ကြရအောင်ဆိုတော့ Henry တစ်ယောက်အဖို့ ဝမ်းသာလုံးတွေစို့လို့။ မနက်ဖြန်ဆိုတာကိုတောင် မြန်မြန်ရောက်ချင်လှရှာပြီပေါ့။ တကယ်တမ်းထပ်တွေ့ကြတဲ့အခါ ကောင်မလေးက သူ့ကိုလုံးလုံးမမှတ်မိ။ မနေ့ကတွေ့ဖူးတယ်ဆိုတာကို ဘယ်လိုရှင်းပြရှင်းပြ လက်မခံ။ ဘာတွေဖြစ်ကုန်တာလဲ။ သူ့ကိုများ ကောင်မလေးက အကြောင်ရိုက်တာလား။ ဆိုင်ရှင်အဒေါ်ကြီးက ကောင်မလေးရဲ့ ထူးဆန်းတဲ့ရောဂါအကြောင်းကို ရှင်းပြလိုက်တဲ့အချိန်မှာတော့….။ ဘယ်လောက်ပဲ ပွေရှုပ်တဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ မိန်းမတွေကို ဘယ်တော့မှ အတည်တကျမတွဲဘူးဆိုတဲ့ယောက်ျားတစ်ယောက်ဖြစ်စေကာမူ။ တစ်နေ့မှာတော့ သူ့နှလုံးသားက တကယ်ရူးရူးမူးမူးချစ်ရတဲ့ မိန်းကလေးတစ်ယောက်တော့ ပေါ်လာစမြဲပဲဆိုတာ ဒီဇာတ်ကားလေးက ပြသနေပါတယ်။ ဒီဇာတ်ကားမှာ Henry ရဲ့ အချစ်က ဘယ်လောက်ဖြူစင်ပြီး ဘယ်လောက်ကြီးမားတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားမှာ မင်းသားအဖြစ် Adam Sandler က သရုပ်ဆောင်ထားပြီး မင်းသမီးနေရာကိုတော့ Drew Barrymore က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Peter Segal ရိုက်ကူးတဲ့ ဒီ 50 First Dates ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းကို Movie Locos FB Page မှ ကူးယူဖော်ပြပါသည်။)

Drama • Thriller
6.8 2004
50 First Dates
Kromoleo: The Haunting
4.2

Kromoleo: The Haunting (2024) IMDb Rating (4.2) ၁၉၈၀ ကျော်ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း ဆေးမှင်ကြောင်နဲ့လူမိုက်တွေ ပဟေဠိဆန်ဆန်အသတ်ခံခဲ့ရပြီးတစ်တိုင်းပြည်လုံးတုန်လှုပ်ခြောက်ခြားခဲ့ကြရပါတယ်။ အဲ့ဒီလူမိုက်တွေဟာ အောက်လမ်းနည်းအတတ်တွေနဲ့ဆက်စပ်နေပြီး ကျည်ပြီးဓားပြီးသူတွေလို့လည်းပြောစမှတ်တွင်ခဲ့ကြတယ်။ သူတို့တွေကို ဘယ်သူတွေက သတ်နိုင်ခဲ့ကြလဲ ဘာအကြောင်းကြောင့်လဲဆိုတာတွေဟာ အဖြေမပေါ်ခဲ့ပဲ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ဆယ်နှစ်အကြာမှာတော့ ဇီယာဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူဈာပနအတွက် ငယ်ဘ၀ကတည်းက စွန့်ခွာခဲ့တဲ့သူတို့ရွာလေးကိုပြန်ရောက်လာခဲ့ပါတယ်။ ရွာကလူတွေဟာ သူ့ကိုမြင်တာနဲ့မျက်စိပျက်မျက်နှာပျက်ရှောင်ဖယ်ပြေးကြသလို တစ်ဦးတည်းသော သွေးရင်းဖြစ်တဲ့ အဘိုးဖြစ်သူကလည်း ဈာပနပြီးတာနဲ့ဇီယာကို ချက်ချင်းပြန်လွှတ်ဖို့စိတ်စောနေပါတယ်။ အဲ့ဒီအချိန်မှာပဲရွာလယ်ကွက်လပ်မှာ သူကြီးဖြစ်သူက ရွာသားတွေကိုစုဝေးပြီးတော့ မှာတမ်းချွေခဲ့ပါတယ်။ အဲ့ဒါကတော့ ရွာသားတွေအားလုံး ဒီညမှာအပြင်မထွက်ဖို့၊ ပြူတင်းပေါက်နားမှာမနေဖို့၊ တံခါးတွေလုံလုံခြုံခြုံပိတ်ထားဖို့နဲ့ ဘယ်သူတံခါးလာခေါက်ခေါက်ဖွင့်မကြည့်ဖို့ပါပဲ၊ အဲ့ဒါတွေအပြင် ”သူတို့” ဆိုသူတွေနဲ့ထိပ်တိုက်မတိုးမိအောင် ကံဆိုးသူတွေကတော့ အဲ့ဒီ ”သူတို့” ကိုမျက်လုံးချင်းဆုံမကြည့်ဖို့မှာခဲ့ပါတယ်။ ရွာသားတွေ ဒီလောက်အထိ အထိတ်တလန့်ဖြစ်စေရအောင် ဘယ်လိုအန္တရာယ်တွေရှိနေလို့လဲ? ”သူတို့” ဆိုတဲ့ပုဂ္ဂိုလ်တွေကရော ဘယ်သူတွေဖြစ်မလဲ? လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ရပ်တွေနဲ့ ဒီကနေ့ရွာကိုပြန်ရောက်လာတဲ့ ဇီယာဟာ အခုကျရောက်လာမယ့်အန္တရာယ်တွေနဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကို ခြောက်ခြားဖွယ်ပဟေဠိတွေနဲ့သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ ၂၀၂၄ မှာပေါက်ကား တစ်ကားဖြစ်ခဲ့တဲ့ ဟော်ရာကား Vina: Before 7 Days ဒါရိုက်တာရဲ့လက်ရာပဲဖြစ်ပါတယ်။ (Vina ကအကြည်မထွက်သေးပါဘူး) (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (590 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:21:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

4.2 2024 80 mins
Kromoleo: The Haunting
Then Chennai
7.9

Then Chennai (2024) ကိုယ်တိုင်ထုဆစ်ပုံဖော်မှု ကိုယ်မွေးဖွားလာရတဲ့ဘဝကို ရွေးချယ်ခွင့်မရှိပေမဲ့ ကိုယ်ကြီးပြင်းရမယ့်ဘဝကို ကိုယ်တိုင်ပုံစံချရမှာပါတဲ့။ ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားရင်း၊ ကိုယ်ချစ်ခင်တဲ့သူတွေကို ပျော်ရွှင်စေ‌ရင်းနဲ့ပေါ့။ ဒေဗာရာဂျန်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့၊တစ်ကောင်ကြွက်၊ အိမ်ခြေရာမဲ့ဘဝမို့ လူရမ်းကားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးကို ရှာဖွေတွေ့‌ရှိချိန်ကစလို့ လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ငွေကြေးပြီးပြည့်စုံမှုမရှိတာကလွဲ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့သူ့ဘဝကို အတိတ်ရဲ့အရိပ်မည်းက အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ သူအရင်ရန်ညှိုးရှိဖူးသူက သူ့ဇနီးအသက်ကိုယူသွားခြင်းပါ။ သူဟာ ကလဲ့စားချေရမယ့်အစား သူ့မိန်းမရဲ့နောက်ဆုံးစကားအတိုင်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် တစ်နယ်တစ်ကျေးပြောင်းလို့ ဘဝသစ်မှာကြိုးစားပြီး ရှင်သန်သွားပါတယ်။ သူပြောင်းသွားတဲ့နေရာလေးဟာ ကမ်းရိုးတန်းငါးဖမ်းရွာလေးမို့ ငါးလုပ်ငန်းနဲ့အသက်မွေးကြတာပေါ့။ သူကတော့ စားသောက်ဆိုင်လေးဖွင့်ပြီး ကလေးနှစ်ယောက်နဲ့ အေးချမ်းစွာနေထိုင်နေပါတယ်။ သူ့သားနာမည် တိုနီကိုအစွဲပြုထားတဲ့ သူတို့ရဲ့စားသောက်ဆိုင်လေးဟာလည်း နာမည်ကျော်ကြား လူသိများလာပါပြီ။ ဒါဟာတိုနီစားသောက်ဆိုင်လေးရဲ့နောက်ကြောင်းရာဇဝင်ပါ။ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလို့ ရွာကနေမြို့တွေတိုးချဲ့လာကြချိန်ကာလမှာ ‌ ဂျေဆန်ဟာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှာ ဘာအကြောင်းကြောင့်မှန်းမသိ ရောက်ရှိနေခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ ခိုးမှု၊ လူသတ်မှု၊ ဓားပြမှုတွေကို အမိန့်အတိုင်းလုပ်ဆောင်ရင်း တစ်နေ့မှာတော့ လမ်းမကြီးပေါ်မှာရှိတဲ့တိုနီဆိုတဲ့ စားသောက်ဆိုင်လေးကို ဓားပြတိုက်ဖို့ဖြစ်လာပါတော့တယ်။ သူဟာဒီလိုအမှုတွေမှာပါဝင်လာရတာကို မနှစ်သက်တော့ဘဲ အေးချမ်းစွာပဲ ဘဝကိုဖြတ်သန်းချင်တာပါ။ ဂျေဆန်ကဘာလို့ ဒီအဖွဲ့အစည်းထဲရောက်နေရတာလဲ၊ အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ သူချစ်တဲ့သူတွေကို ဘေးကင်းအောင်ကာကွယ်ရင်း အေးချမ်းစွာနေထိုင်‌သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Mystery • Fantasy • Comedy • Adventure
7.9 2024 122 mins
Then Chennai
The Return of Sister Street Fighter
6.2

ဒီဇာတ်ကားကတော့ ဂျပန် ကိုယ်ခံပညာအက်ရှင် ဇာတ်ကားတစ်ကားဖြစ်ပြီး (၁၉၇၄)မှာ ထွက်ရှိခဲ့တဲ့ “Sister Street Fighter”၊ “Sister Street Fighter : Hanging by a Thread” တို့ရဲ့ Threequel တတိယမြောက်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဟောင်ကောင်မှာနေနေတဲ့ ကွန်ယုဆီကို ဂျပန်သွားဖို့လိုတဲ့ ပြဿနာဟာ ထပ်မံရောက်ရှိလို့လာပါတော့တယ်။ ကွန်ယုရဲ့ မိတ်ဆွေစုံထောက်ရှိုဟာ ကွန်ယုကို အကူအညီလာတောင်းရာကနေ မသမာသူတွေရဲ့လုပ်ကြံတာကို ခံလိုက်ရပါတယ်။ ရှိုရဲ့သမီးလေး ရိကာကျန်ခဲ့တာကြောင့် ကွန်ယုဟာ ရိကာလေးကို တာဝန်ယူလိုက်ရပြီး ရိကာရဲ့ ပျောက်ဆုံးလျက်ရှိတဲ့ မိခင်ကို ဂျပန်ပြည်သွားကာ ရှာပုံတော် ဖွင့်ပါတော့တယ်။ ကွန်ယုရဲ့ ထုံးစံအတိုင်း ဘယ်လိုလူတွေနဲ့ ပတ်သက်မိလို့ ဘယ်လို ပြဿနာတွေ ဖြစ်ဦးမလဲ။ သူ ဂျပန်ထိလာပြီး လက်စသတ်တဲ့ အလုပ်ကကော အောင်မြင်မှာလား။ ရိကာလေးကော သူ့မေမေနဲ့ ပြန်ဆုံရမှာလားဆိုတာတွေကိုတော့ “The Return of the Sister Street Fighter” ဆိုတဲ့ ဇာတ်ကားလေးမှာ အက်ရှင်ဇာတ်ကွက်တွေနဲ့ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ***ပွင့်လင်းရှင်းလင်းတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့်မလို့ မိသားစုနဲ့ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး**** File size… 1.5 GB / 739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Action,Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Fantasy • Drama
6.2 1975 80 mins
The Return of Sister Street Fighter
Cornell’s Box
6.6

Cornell’s Box (2025) ******************** IMDb….. 6.6 လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိမှု သိမ်ငယ်မှုတွေက သူ့ကို ဘယ်လောက်ထိ ဆွဲချသွားနိုင်လဲဆိုတာကို သည်းထိပ်ရင်ဖိုစွာနဲ့ ပဟေဠိဆန်ဆန် ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ ထယ်အီနဲ့ အွန်ဝူးဟာ ပန်းချီကို ချစ်မြတ်နိုးသူတွေဖြစ်ကြပြီး ယခုလက်ရှိမှာလည်း ပန်းချီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ကြိုးစားနေသူတွေပါ။ ဒါပေမဲ့လည်း အွန်ဝူးရဲ့ ပန်းချီလက်ရာတွေဟာ ထယ်အီ့ထက် အမြဲတမ်း သာလွန်နေခဲ့တာကြောင့် ထယ်အီဟာ အွန်ဝူးနဲ့ယှဉ်လိုက်ရင် သိမ်ငယ်နေခဲ့ရတာပေါ့။ တစ်ရက်… ထယ်အီ့ရဲ့ ရည်းစားဖြစ်သူ ယူဂျင်းဟာ ရုတ်တရက် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ ဒါကို လက်မခံနိုင်တဲ့ ထယ်အီနဲ့ ယူဂျင်းရဲ့ညီမဖြစ်သူ ယူရင်းတို့ဟာ ယူဂျင်းရဲ့ အဆုံးစီရင်ခဲ့ရတဲ့ အကြောင်းပြချက်နဲ့ အမှန်တရားကို အတူတူ လိုက်လံစုံစမ်းကြပါတော့တယ်။ သူတို့တွေ ဖော်ထုတ်လေလေ ယူဂျင်းရဲ့အတိတ်နဲ့ပက်သက်ပြီး ကိစ္စတွေဟာ ပိုပြီး နက်နဲလာခဲ့ပြီးတော့ အဆုံးမှာတော့ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာကို လျှို့ဝှက်နက်နဲပြီး စိတ်ဝင်စားဖို့လည်း ကောင်းတာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naing မှ ‌ရေးသားထားပေးပါတယ်။) File Size : 1.15GB/ 550MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:37:17 Genre : Thriller, Mystery, Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii, Yati Naing & Yee Wai Encoded by Tiff

Crime • Comedy • Action
6.6 2025
Cornell’s Box
American Trash

American Trash ဟာ ၂၀၂၄ ခုနှစ်‌နှောင်းပိုင်းက ထွက်ရှိခဲ့တဲ့ Drama ဇာတ်ကားတစ်ကား ဖြစ်ပြီး ဒီဇာတ်ကားဟာဆိုရင် Robert LaSardo က ကိုယ်တိုင်ရေးသားရိုက်ကူးပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ အတွေးအခေါ်ပိုင်းအသားပေး ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Milles လို့ခေါ်တဲ့ စစ်ပြန်တစ်ဦးရဲ့ အကြောင်းကို အဓိကထားရိုက်ကူးထားဖြစ်ပြီးတော့ သူဟာ စစ်ပွဲရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ (PTSD) တွေနဲ့ ရုန်းကန်နေရပြီး လူမှုပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်သလို ခံစားနေရသူပါ။ သူ့ရဲ့ဘဝထဲကို လွတ်လပ်ပေါ့ပါးတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလေး Melissa ရောက်လာခြင်းက Milles ရဲ့ မှောင်မိုက်နေတဲ့ ဘဝထဲက အလင်းရောင်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ Charles Manson ရဲ့ အတွေးအခေါ်တွေ၊ သဘာဝပတ်ဝန်းကျင်အပေါ်ထားတဲ့ ခံယူချက်တွေနဲ့ အချင်းချင်း နားလည်မှုရခဲ့ပြီး အချစ်ဇာတ်လမ်းတစ်ပုဒ် စတင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးက ကြာရှည်မခံလိုက်ပါဘဲ တစ်နေ့မှာတော့ Melissa ဟာ ရက်စက်စွာ အသတ်ခံလိုက်ရပြီး အမှိုက်ပုံထဲမှာ ပစ်ထားခြင်း ခံခဲ့ရတဲ့အခါ ဒီအဖြစ်အပျက်ကြောင့် Milles တစ်ယောက် ပိုမိုဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေနဲ့ နာကျင်မှုတွေ ရခဲ့ပါတယ်။ Milles ဟာ Melissa ရဲ့ သေဆုံးမှုအတွက် တရားမျှတမှုရဖို့ ကြိုးစားရင်း လောကရဲ့ ဆိုးရွားတဲ့ အခြေအနေတွေ၊ လူမှုရေး ကိစ္စတွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ပတ်သက်ပြီး ဒေါသတွေ ထွက်လာရင်း Milles ရဲ့ လက်စားချေမှုနဲ့ နာကျင်မှုတွေကြားကနေ သူ့ရဲ့လူသားဆန်မှု ဆုံးရှုံးသွားပုံကို ဖော်ပြထားပါတဲ့ ဇာတ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(948 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien

Comedy • Romance
0 2024
American Trash