YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A.Maple.Valley.Christmas.2022.WEB-DL720p(CM).mp4

769.5 MB N/A video/mp4 87 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Autumn in New York
6.1

နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်း ဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာ အစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။ တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။ သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီး အသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကို သူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size : (1.9GB) and (808MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:43:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama • Romance
6.1 2000 103 mins
Autumn in New York
Tenet
7.2

Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။ အရမ်းကောင်းပါတယ်၊ ကြည့်ပါ။ နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။ အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။ ၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။ တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကို သွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ၇ နာရီမှာ စတင်ပြီး နောက်ပြန်သွားတဲ့သူဟာ နောက် ၁၀ မိနစ်ကြာရင် ၆ နာရီ ၅၀ မှာ တည်ရှိနေပါလိမ့်မယ်။ ဒီတော့ သက်ရောက်မှုက အရင်လာပြီး အကြောင်းရင်းက နောက်မှလာပါလိမ့်မယ်။ ဥပမာ ကျည်ဆံက အရင် နံရံမှာ မြှပ်နေပြီး နောက်မှ သေနတ်ထဲကို ပြန်ဝင်လာတာမျိုးပေါ့။ Grandfather paradox တို့ multiverse တို့ Feynman ရဲ့ ပိုစေထရွန်တွေဟာ အလက်ထရွန်တွေ အချိန်နောက်ပြန်သွားနေခြင်းဖြစ်တယ်ဆိုတဲ့အဆိုတို့ စတာတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီအောက်က စာတွေကိုတော့ ရုပ်ရှင်ကြည့်ပြီး မရှင်းမှ လာဖတ်လိုက်ပါ။ Spoiler Alert ပါ။ အရာဝတ္ထုတစ်ခုဟာ အချိန်လားရာအတိုင်း အရှေ့ကို သွားနေပေမယ့် အနုမြူစွမ်းအင် လို ပေါက်ကွဲမှုတစ်ခုကြောင့် အချိန်လားရာ ပြောင်းပြန်ရွှေ့လျားတတ်တဲ့ ဓာတ်ပစ္စည်းတွေ ဖြစ်ကုန်တာပါ။ ဒီတော့ ကျွန်တော်က သာမန် ပစ္စည်းတစ်ခုကို ၂၀၂၀ နိုဝင်ဘာ ၃၀ ရက် မနက် ၉ နာရီမှာ နေရာတစ်ခုမှာ မြေမြှပ်ပြီး ဖွက်ထားတယ်ဆိုပါစို့။ အဲဒီပစ္စည်းဟာ အဲဒီနေရာမှာ အချိန်လားရာအတိုင်း တည်ရှိနေပြီ ၂၀၅၀ မှာ လူတစ်ယောက်က တူးဖော်ယူပါလိမ့်မယ်။ အဲဒီလူက အဲဒီပစ္စည်းကို အချိန်လားရာ ပြောင်းပြန်ပစ္စည်းဖြစ်အောင် ဖန်တီးလိုက်ပြီး အဲဒီနေရာမှာပဲ မြှှပ်လိုက်မယ်ဆိုရင် အဲဒီပစ္စည်းဟာ အတိတ်ကို တရွေ့ရွေ့နဲ့ ရောက်ရှိသွားပြီ။ ၂၀၂၀ နိုဝင်ဘာ ၃၀ မနက် ၉ နာရီ မှာပဲ အနာဂတ် နှစ် ၃၀ လောက်က ပစ္စည်းတွေကို တူးဖော်ယူလိုက်ရုံပါပဲ။ ဒီတော့ အနာဂတ်နဲ့အတိတ် သတင်းစကားပါးဖို့ဆိုတာ တစ်စက္ကန့်အချိန်ပဲလိုတယ်လို့တောင် ပြောလို့ရပါတယ်။ ပစ္စည်းတွေအတွက်အဆင်ပြေပေမယ့် ပြောင်းပြန်လူတွေအတွက်တော့ အဆင်ပြေမနေပါဘူး။ အဆုတ်ထဲကိုလေက ပုံမှန်မဝင်တာတွေ အမြင်အကြားတွေ ပုံမှန်မဟုတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်လမ်းအရ အနာဂတ်မှာ လူတွေဟာ ကမ္ဘာကြီးပျက်စီးခါနီးလာပြီး ရင်းမြစ်တွေရှားပေးလာတဲ့အတွက် အသက်ရှင်ဖို့ နည်းလမ်းတစ်ခုကို တီထွက်လိုက်ပါတယ်။ ဒါကတော ့အချိန်ကို လားရာပြောင်းပြန်နဲ့ သွားဖို့ပါပဲ။ တစ်ကမ္ဘာလုံးကို ဒီလို သွားနိုင်ဖို့ လုပ်လိုက်မယ်ဆိုရင် အတိတ်ကာလက အချိန်ရှေ့အတိုင်း သွားနေတဲ့ လူအားလုံး သေဆုံးပျက်စီးရပါလိမ့်မယ်။ ဒါဟာ Grandfather paradox အဘိုးဝိရောဓိ နဲ့ ညှိပါတယ်။ သင်ဟာ အတိတ်ကို ပြန်သွားပြီး ကိုယ့်အဘိုးကိုယ် သတ်လိုက်မယ်ဆိုရင် သင်လည်းမွေးမလာနိုင်တော့ပါဘူး။ မွေးမလာနိုင်တော့တဲ့အတွက် အတိတ်ကို ပြန်ပြီး အဘိုးကို သတ်ဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ ဘယ်လိုမှ ဖြေရှင်းမရတဲ့ ဝိရောဓိပါ။ ဒီရုပ်ရှင်ရဲ့ အနာဂတ်က လူတွေကတော့ ဒီဝိရောဓိမျိုးဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ပြီး အတိတ်က ဘိုးဘေးအားလုံးကို ပြန်သတ်ဖို့ကြိုးစားသူရှိသလို၊ ဝိရောဓိကို ယုံကြည်လို့ တားဆီးဖို့ ကြိုးစားတဲ့သူတွေလည်း ရှိလာပါတယ်။ နောက်ပြီးတော့ တကယ်သာ အဲဒါ အောင်မြင်ပြီးသားဆိုရင် အတိတ်မှာ လူတွေအကုန်သေသွားတဲ့ စကြဝဠာဖြစ်တည်မှုတစ်ခု၊ အတိတ်ကလူတွေ မသေအောင် တားဆီးနိုင်တဲ့ အချိန်လမ်းကြောင်းတစ်ခု စသဖြင့် အမျိုးမျိးကွဲထွက်ပြီး multiverse တွေ တည်ရှိနိုင်မလားလည်း တွေးစရာဖြစ်နေပါတယ်။ ကျန်တဲ့ဇာတ်လမ်းတွေကတော့ ရုပ်ရှင်ထဲမှာပဲ ရှင်းလင်းသွားတာမို့နားလည်နိုင်မှာပါ။ File Size :(10.8GB) ( 3 GB , 1 GB ) Quality : BluRay.4K HEVC, 1080p , 720p  Running Time : 2 hr 30 min Format : Mp4 Genre : Action , Si-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Crime • Drama • Thriller
7.2 2020 150 mins
Tenet
The Taming of the Shrewd
5.3

Netflix ကနေ အသစ်ထွက်ရှိလာတဲ့ romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရည်းစားက သစ္စာဖောက်လို့ အသည်းကွဲလာတဲ့ သိပ္ပံပညာရှင် ကတ်စ်ကာဆိုတဲ့ ပိုလန်သူလေးက ချီကာဂိုကနေ သူ့ရဲ့မွေးရပ်မြေ ပိုလန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ ပိုလန်က သူ့အစ်ကိုဖြစ်သူ ရန်ဒရုရှ် ကတော့ သူတို့နှစ်ယောက်ပိုင်တဲ့ မိဘပိုင်မြေကို ရောင်းထုတ်ချင်နေတာပါ။ သူမပြန်ရောက်လာတော့ ကတ်စ်ကာက သဘောမတူတာကြောင့် အစ်ကိုဖြစ်သူက ညီမကို လင်ပေးစားဖို့ ကြံစည်ပါတော့တယ်။ ပိုလန်ရောက်တော့ သူမ ဘဝသစ်ကို စတင်ဖို့ ကြိုးစားရင်း ခပ်လန်းလန်းကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံတာ ကနေပါ Romance ဇာတ်လမ်းလေးဖြစ်လာတယ်ဆိုပါတော့။ အဲ့တော့ ကတ်စ်ကာဟာ ပိုလန်မှာပဲ အခြေချဖြစ်မှာလား၊ ခပ်လန်းလန်း ကောင်လေးကရော သူမနားကို ဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာ ဒီ Comedy, Romance ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှူပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size - (1.71 GB) / (877 MB) / (568 MB) Quality – WebRip 1080p / 720p / 480P Duration - 1Hr 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Romance Translator – Parris Encoder – SWM

Horror • Thriller
5.3 2022 112 mins
The Taming of the Shrewd
Gemini Man
6.3

ဝယ်လ်စမစ်ရဲ့ Action,Adventure,Sci-Fi အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။ အက်ရှင်အသားပေးနဲ့ သိပ္ပံစိတ်ကူးယဉ် နည်းနည်းဆန်ပါတယ်။ ဟင်နရီဟာ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ရဲ့ အတော်ဆုံး လုပ်ကြံရေးသမားပါ။ သူအသက်ရလာလို့ အငြိမ်းစားယူဖို့ ဆုံးဖြတ်တဲ့အခါသူထင်သလို တကယ်အနားမယူနိုင်ပါဘူး။ သူ့ရဲ့ နောက်ဆုံး စစ်ဆင်ရေးက ထင်တာထက် ပိုရှုပ်ထွေးနေခဲ့ပါတယ်။ သူ့နောက်ကို လုပ်ကြံရေးသမားတွေ ပြန်လိုက်လာပြီးလိုက်သတ်ဖို့ကြိုးစားလာကြတယ်။ ဒီတော့ သူ ဒါတွေကိုအလွတ်ရုန်းရင်းနဲ့ ဒီပြသနာတွေရဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာတော့....။ File size…(7.6 GB)/(1.9 GB) /(999 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:57:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Science Fiction
6.3 2019 117 mins
Gemini Man
The Florida Project
7.4

IMDb - 7.6/10_____Rotten - 96% CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ “The Florida Project” ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်… အညွှန်း— ခြောက်နှစ်အရွယ် ကောင်မလေး Moonee ဟာ သွက်လက်ပြီး စူးစမ်းချင်စိတ်ပြင်းပြတဲ့ကလေးတစ်ယောက်ပါ… သူဟာ မိခင်ဖြစ်သူ Halley နဲ့ Magic castle ဆိုတဲ့ မိုတယ်တစ်ခုမှာ နေထိုင်ခဲ့ပါတယ်. Magic castle ဟာ Florida က ရုပ်ရှင်ချစ်ပရိတ်သတ်တို့ သိကြတဲ့ Walt Disney World အနားမှာရှိတဲ့ နေရာတစ်ခုပါ… Magic castle ရဲ့ မန်နေဂျာကတော့ Bobby ဖြစ်ပြီး သူက ကလေးတွေ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးတတ်ပါတယ်… Moonee လေးဟာ မိုတယ်က သူနဲ့သက်တူရွယ်တူ ဘော်ဒါတွေ ဖြစ်တဲ့ Scooty, Dicky တို့နဲ့ ကစားဖော်တွေဖြစ်ခဲ့ပါတယ်.. တစ်နေ့တော့ Jancey ဆိုတဲ့ မိန်းကလေးတစ်ယောက် မိုတယ်ကို ပြောင်းလာခဲ့ပါတယ်… Jancey ဟာ Moonee တို့နဲ့ သက်တူရွယ်တူလောက်မို့ Moonee တို့အုပ်စုထဲဝင်သွားခဲ့ပါတယ်.. ကလေးတွေ ဆိုတဲ့အတိုင်း တစ်နေ့တစ်နေ့ မရိုးရအောင် သောင်းကျန်းခဲ့ကြပါတယ်… တစ်နေ့တော့ ပြဿနာအကြီးအကျယ်တက်ပါလေရော.. ဒါကို ကြားတဲ့ Dicky ရဲ့ ဖခင်ဟာ သားဖြစ်သူကို Moonee တို့မျောက်တစ်သိုက်နဲ့ တွေ့ခွင့်ပိတ်ခဲ့ပါတယ်.. Moonee ရဲ့ မိခင် Halley အကြောင်းပြောပါရစေ.. Halley ဟာ အသက်ငယ်ငယ်နဲ့ Moonee ကို မွေးခဲ့တာပါ… ပိုက်ဆံကလဲမရှာတတ်တော့ မိုတယ်ခတောင် အနိုင်နိုင်ပေးခဲ့ရပါတယ်.. ဒါတွေကို သိတဲ့ Halley သူငယ်ချင်း Ashley ဟာ Halley တို့သားအမိကို ကူညီပေးခဲ့ပါတယ်… Halley ဟာ သမီးနဲ့ စားဝတ်နေရေးအတွက် ပြည့်တန်ဆာအလုပ်လုပ်ပါတော့တယ်.. သူ့ဖောက်သည်တွေလာတဲ့အချိန်ဆို Moonee လေးကို ရေချိုးခန်းထဲပိတ်ထားခဲ့ပါတယ်… ကဲ ဒီတော့ Moonee ဒီအရှုပ်တွေထဲက ဘယ်လို ထွက်ပြေးမယ်… သားအမိနှစ်ယောက် ဘယ်လိုရုန်းကန်ရလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ…. ကလေးလေးတွေ သောင်းကျန်းတာမြင်တော့ ကိုယ့်ကလေးဘဝကို ပြန်ပြီးအမှတ်ရစေပါတယ်.. ဇာတ်လမ်းရှုခင်းတွေကလဲ အရောင်စုံပြီး တကယ်လှတာမို့ ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း… ဆက်ဆက်ကြည့်ရှုကြပါလို့ တိုက်တွန်းလိုက်ပါတယ် CM ပရိတ်သတ်တို့.. File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 51min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Lex Luthor Encoded by Thanhtike Zaw

Drama • Mystery • Thriller
7.4 2017 112 mins
The Florida Project
Dear Nathan: Hello Salma
7.1

Dear Nathan Hello Salma (2018) IMDb 7.1 လူငယ်သဘာဝကိုမှပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိရောက်အောင်ဆွဲဆောင်နိုင်မယ့် ဇာတ်ကားမျိုးရှာနေပါသလား ဆယ်ကျော်သက် vibe အထူးသဖြင့် ဆယ်တန်းကျောင်းသားဘဝကိုပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးနော်.. မိန်းကလေးတွေကိုမလေးမစားပြောဆိုရင် အရမ်းမုန်းတဲ့ နသန်က ရန်ပွဲတိုင်းသူမပါမဖြစ်..သူ့ရည်းစားဆိုတာက တစ်ကျောင်းလုံးရဲ့ အဆင့်တစ်ဆယ်လ်မာ ဒီနှစ်ယောက်ကနားလည်မှုတွေနဲ့လက်တွဲခဲ့ကြတဲ့ချစ်သူတွေ ဒါပေမယ့် ပြဿနာတိုင်းကိုရန်ဖြစ်ပြီးဖြေရှင်းတတ်တဲ့ နသန့်အကျင့်ကိုတော့ | ဆယ်လ်ကနည်းနည်းလေးမှသဘောမကျဘူး ဒီလိုနဲ့ ရာထူးကြီးလူရဲ့သားက မိန်းကလေးတွေနဲ့ပတ်သက်ရင် အထိမခံရွှေပန်းကန် နသန်ကိုမှ သူ့ရည်းစားဆယ်လ်အကြောင်း သွားပုပ်လေလွင့်အပုပ်ချရာက ရန်ထဖြစ်ကြပါလေရော ဆရာက နသန်မမှားမှန်းသိပေမယ့်သူ့ရာထူးနဲ့ အကြပ်ကိုင်လာလေတော့ ခြေချုပ်မိနေတဲ့ဆရာတစ်ယောက် နသန့်ကိုကျောင်းနားခိုင်းပါတော့တယ် ဒီကိစ္စနဲ့ကတောက်ကဆဖြစ်ခဲ့ပြီး အတ္တကိုယ်စီရှေ့တန်းတင်ခဲ့ကြတဲ့ နသန်နဲ့ ဆယ်လ်တို့ရဲ့ ခံစားချက်အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် ကျီစယ်တတ်တဲ့ကံကြမ္မာကြောင့် သူတို့နှစ်ယောက်ကြားထဲဘယ်သူဝင်လာမလဲ ဘယ်ရထားမှာလွဲခဲ့လဲမသိတဲ့သူတို့နှစ်ယောက် တစ်ဘူတာတည်းမှာပြန်ဆုံနိုင်ကြမှာလား ကျောင်းခန်းထဲမှာ ရည်းစားထားခဲ့ဖူးကြရင်တော့ ဒီကားလေးက အဲဒီခုနှစ်တွေဆီပြန်ရောက်အောင်ဆွဲခေါ်သွားမှာအမှန်ပါပဲ

Comedy • Drama
7.1 2018
Dear Nathan: Hello Salma
Friday the 13th
6.4

Friday the 13th (1980) ~ IMDb – 6.4/10, Rotten Tomatoes – 64% ~ ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။ အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။ အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ဆိုတဲ့ကောင်လေး ရေနစ်သေသွားခဲ့တာကစပြီး အဖြစ်ဆိုးတွေ ဆက်တိုက်ပေါ်ပေါက်လာတာပါ။ စခန်းမှာ အကူလေးတွေရှိပေမဲ့ တူနှစ်ကိုယ်ချစ်ရည်လူးနေတဲ့စုံတွဲတွေဖြစ်လို့ ကလေးရေထဲဆင်းသွားတာ မသိလိုက်ကြဘူးတဲ့။ ဂျေဆင်ရဲ့အမေဟာလည်း စခန်းအကူတစ်ယောက်ဖြစ်ပြီး သားသေရတဲ့အဖြစ်ကို ရင်နင့်စွာခံစား အငြိုးတွေဝေခဲ့ရတာပေါ့။ ဒီလိုနဲ့ပေါ့လေ။ အဖြစ်ဆိုးတွေဖြစ်နေလို့ ပိတ်ထားတဲ့စခန်းကို ပိုင်ရှင်က ပြန်ဖွင့်ဖို့ကြိုးစားတယ်။ ရေကန်စခန်းကို လာရောက်လည်ပတ်သူတွေမလာခင်မှာ စခန်းကို လှည့်လည်ပြသလမ်းညွှန်ပေးကြမယ့် စခန်းအကူလေးတွေ လုပ်စရာရှိတာတွေ လုပ်နေဆဲအချိန်ပေါ့။ သူတို့လေးတွေဟာ လူငယ်လေးတွေဖြစ်တာနဲ့အညီ ချစ်မှုရေးရာတွေ၊ အသောက်အစားတွေ၊ လိင်မှုကိစ္စတွေနဲ့ပဲ ၂၄/၇ ဖြတ်သန်းနေကြသူတွေပါ။ ဒါပေမဲ့ သူ‌တို့တွေ လူကြီးဖြစ်ပြီး ရင့်ကျက်ခွင့် မရလိုက်ပါဘူးလေ။ ကာလနာတိုက်ပြီး သေချင်းဆိုးနဲ့ သေကုန်ကြလေရဲ့။ တစ်ယောက်ချင်းစီ ဘယ်လိုသေကုန်တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရတာ၊ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေမြင်ရတာကြောင့် 18+ အဆင့် သတ်မှတ်ပါတယ်။ နှလုံးအားနည်းသူတွေ၊ သွေးသံရဲရဲမနှစ်သက်သူတွေ ရှောင်သင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.3MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 35Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Romance • History
6.4 1980 95 mins
Friday the 13th
Vehicle 19

Action/Thriller ကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်အတွက် Vehicle 19 ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ။ မင်းသား Paul Walker က အကျဉ်းထောင်မှ လျှော့ရက်ရချိန် ဇနီးဟောင်းဖြစ်သူရှိရာ တောင်အာဖရိက ဂျိုဟန်းနက်စ်ဘက်ဂ်မြို့က သံရုံးကို လာပြီး ဘဝအသစ်တစ်ခု စဖို့ မျှော်လင့်နေတဲ့ မိုက်ကယ်ဝုဒ်စ် အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။ အရာအားလုံး အဆင်ပြေတော့မယ့်ဆဲဆဲမှာပဲ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ပြဿနာမျိုးကလည်း ဖြစ်လာ တတ်ပါတယ်။ ဇနီးဖြစ်သူရှိရာကို သွားဖို့ ကားငှားပြီး ကိုယ်တိုင်မောင်းဖို့ ဆုံးဖြတ်ခဲ့ချိန်မှာတော့ သူ လေယာဉ်ပေါ်က ဆင်းလာကတည်းက စိုးရိမ်နေခဲ့တဲ့ ပြဿနာဆိုတာနဲ့ ကြုံတွေ့ရပါတော့တယ်။ ကားငှားတဲ့ကုမ္ပဏီရဲ့ အမှားကြောင့် မီနီဗန်တစ်စီးကို စီးလိုက်ရချိန်မှာတော့ ကားဒက်ရှ်ဘုတ်အောက်က အံဝှက်ထဲက သေနတ်တစ်လက်တင်မကဘဲ နောက်ခန်းမှာ ကြိုးတုပ်လျက်သား အမျိုးသမီးတစ်ယောက်ပါ အပိုဆု ပါလာခဲ့ပါတယ်။ ထိုအမျိုးသမီးဟာ သူထင်မှတ်ထားသလို ရဲတွေဆီ ပို့လိုက်ရင် အေးသွားမယ့်ကိစ္စမျိုးမဟုတ်ဘဲ အာဏာရှိ အဖွဲ့အစည်းတွေပါ ပါဝင်ပတ်သက်နေတဲ့ အမှုအခင်းတစ်ခုရဲ့ အဓိကသက်သေမှန်းသိသွားချိန်မှာတော့ နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုမှာ အခက်အခဲပေါင်းစုံကြားက သူ့ရဲ့ဇနီးရှိရာကို ပြန်နိုင်မှာလား. တစ်စထက်တစ်စ ပိုပြီးနက်နဲလာတဲ့ ပြဿနာဝန်ထုပ်ဝန်ပိုးကို ဖြေရှင်းနိုင်မလား… ရဲတပ်ဖွဲ့တစ်ခုလုံးရဲ့လက်တံတွေကြားထဲကနေ လွတ်အောင် ရှောင်တိမ်းသွားနိုင်မလား ဆိုတာတွေကို တင်ဆက်ထားတဲ့ Non-stop Action ဇာတ်ကားလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size… 1.6 GB / 802 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

Horror • Thriller • Comedy • Fantasy
0 2013 85 mins
Vehicle 19
Angry Annie
6.8

Angry Annie (2022) =============== IMDb Rating – 6.8/10 ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.31 GB) / (937 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 59Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thwal Htoo Zin Encoder……….SWM

6.8 2022
Angry Annie
The Pretty Official
5.8

ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အိမ်တော်ထိန်းတစ်ယောက်ဟာ သူ့သစ္စာသခင်ကြီးအပေါ် သစ္စာရှိခဲ့တဲ့အတွက် သခင်ကြီးက ခရိုင်မှူးအရာရှိအဖြစ် သခင်ကြီးကိုယ်စားသွားပေးဖို့စေလွှတ်ခဲ့တယ်။ သူ့ကိုယ်သူ အရာရှိတစ်ယောက်ဖြစ်ပြီ ချမ်းသာပြီးတော့ သူ့ရဲ့အဖေအရင်းကိုလဲရှာနိုင်ပြီပေါ့ ကံကောင်းလှပြီလို့ထင်ခဲ့တယ်။ တကယ်တော့ တက်တက်စင်အောင်လွဲတာပါပဲ။ တကယ်တော့ သူရောက်နေတဲ့ခရိုင်မြို့ကို စီးပွားရှင်တစ်ဦးက လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားပြီးတော့ အရာရာကိုထိန်းချုပ်နေတာဖြစ်နေတယ်။ ခရိုင်မှူးကိုလဲ လာဘ်ထိုးပြီးတော့ သူ့ဘက်တော်သားဖြစ်အောင်သိမ်းသွင်းတယ်။အကြပ်ကိုင်ခြိမ်းခြောက်တယ်။ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ဒီသူဌေးကြီးကို တွန်းလှန်ချင်ပေမယ့်လဲ မစွမ်းသာဘူးဖြစ်နေပါတယ်။ ကြီးပွားချမ်းသာချင်လို့ခရိုင်မှူးလာလုပ်တဲ့သူတစ်ယောက် သူဌေးကြီးရဲ့ဖျားယောင်းမှုအောက်ကလွတ်နိုင်ပါ့မလား…… တရားတဲ့ဘက်မှာပဲရပ်တည်ပြီးတော့ မြို့လေးကို ကယ်တင်သွားနိုင်ပါ့မလားဆိုတာကို ဟာသဇာတ်ကွက်တွေဝေဝေစာစာနဲ့ကြည့်လိုက်ပါဦးနော်

5.8 2024
The Pretty Official
The Exorcist
8.1

The exorcist (1973) IMDb rating – 8.1/10 ဒီဇာတ်လမ်းလေးကတော့ “World No.1 horror film” လို့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့အပြင် Imdb rating 8 အထိရရှိထားပါတယ်။ တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့အပြင် ခုထိလည်း ‘ဟောင်းပေမယ့်လည်းကောင်းနေဆဲ’ ဇာတ်လမ်းလေး ဖြစ်လို့နေမှာပါ။ ၁၉၇၃ ခေတ်အနေအထားအနေနဲ့ဆိုရင် တကယ်ကိုပီပြင်တဲ့ရိုက်ချက်တွေ ကြည့်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်ရှိနေတယ်လို့လည်း သိရပါတယ်။ တကယ်ခြောက်ခြားစရာ သွေးသံရဲရဲတွေ ဇာတ်ကွက်တွေကြောင့် ပြသခွင့်တောင် ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အော်စကာဆုအတွက် ဇကာတင်အများကြီးဝင်ခဲ့ပြီး အော်စကာဆု၂ဆုတောင် သိမ်းပိုက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကဲ horror ကြိုက် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအစမှာ သရုပ်ဆောင်မင်းသမီး ခရစ်မက်နီယယ်က ဇာတ်ကားရိုက်ဖို့ ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ လာခဲ့ပါတယ်။ ၁၂နှစ်အရွယ် ရေဂန်လေးက အစပိုင်းမှာ ချစ်စရာကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အပြုအမူတွေထူးဆန်းလာတယ်၊ ကြမ်းတမ်းလာတယ်။ မိခင်ဖြစ်တဲ့ ခရစ်ကတော့ ဆေးကုသမှုတွေ အစွမ်းကုန်ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့လည်း ဆေးပညာနဲ့ အဖြေရှာမရ၊ကုသမရဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ဖာသာဒေမီယမ်ကားရက်စ်ဟာ သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး ဘာသာရေးယုံကြည်မှုတွေ လျော့ပါးလာပါတယ်။ ဒီတော့ ရေဂန်လေးကို ဘယ်လိုကယ်တင်ကြမလဲပေါ့။ (သွေးသံရဲရဲ ဇာတ်ဝင်ခန်းများပါသည့်အတွက် ကလေးငယ်များ ကြည့်ရှုရန်မသင့်ပါ) ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 1.6 GB / 0.99 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Orika

Drama • Thriller • Crime
8.1 1973
The Exorcist
Kung Nag-aatubili
5

ဒီကားလေးကတော့ Mini ဇာတ်လမ်းတိုလေးဖြစ်ပြီး သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်အကြောင်းကို Bromance ဆန်ဆန် ရိုက်ကူးပြသွားတဲ့ ဇာတ်လမ်းလေးါပ ပန်းချီပညာကို အရမ်းသဘောကျပြီး သူ့ရဲ့ ဆရာက Thesis အနေနဲ့ ရှု့ခင်းပုံဆွဲခိုင်းတာကြောင့် နယ်ဘက်တစ်နေရာကို သွားတာပေါ့ အဲ့မှာ ရှု့ခင်းလှတဲ့နေရာကို သွားပြီး ပုံဆွဲနေရင်း အဲ့က ကောင်လေးတစ်ယောက်နဲ့ ခင်မင်သွားတဲ့ ချိန်မှာတော့ … File size_(450MB) Quality_Blu-Ray 1080p Format_mp4 Duration_00:30:00 Genre_BL, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by a hao

5 2023
Kung Nag-aatubili
The Dead and the Deadly
6

ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင် Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာ ကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။ အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့ အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။ တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။ သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့ လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိက သူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့ လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ……

Drama • History • War
6 1981
The Dead and the Deadly
Mr Bachchan
4.5

Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း” Genre – Action, Crime, Drama အိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။ ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။ ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။ တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့ ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။ အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက် ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ မရှိကြတော့တဲ့အခါမှာတော့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

4.5 2024 160 mins
Mr Bachchan