YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

A.House.On.Fire.2024.720p.(CM).mp4

964.91 MB 720p video/mp4 19 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wandering
7

ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Action • Drama
7 2022 150 mins
Wandering
The Craft
6.7

လော့စ်အိန်ဂျလိစ်ရဲ့ အထက်တန်းကျောင်းတစ်ခုမှာ နန်စီ၊ ဘွန်နီနဲ့ ရိုချယ်ဆိုတဲ့ ထူးထူးဆန်းဆန်း ကောင်မလေးသုံးယောက်ရှိတယ်။ ကျောင်းက တခြားသူတွေက သူတို့ကို စုန်းမတွေလို့ စွပ်စွဲခံထားရတဲ့ ကောင်မလေးသုံးယောက်ပေါ့။ တစ်နေ့တော့ သူတို့ကျောင်းကို ဆာရာဆိုတဲ့ ခပ်ချောချော ကျောင်းသူအသစ်တယောက် ပြောင်းလာတယ်။ ဆာရာကတော့ နဂိုကတည်းက စုန်းဗီဇပါလာတဲ့ ဝမ်းတွင်းစုန်းပေမဲ့ သူ့ကိုယ်သူ စုန်းလို့ မခံယူထားတဲ့သူ။ ဆာရာကျောင်းကို ရောက်ပြီး မကြာဘူး။ သူ့ကို နန်စီတို့က သတိထားမိသွားပြီး သူတို့နဲ့ ပေါင်းမိသွားတယ်။ လေးယောက်စုံသွားတဲ့ ဆယ်ကျော်သက်စုန်းမလေးတွေဟာ အစီအရင်တွေကို အပျော်စမ်းသပ်ရာကနေ ထိန်းမနိုင်၊ သိမ်းမရတွေ ဖြစ်ကုန်ပါတော့တယ်။ The Craft ဆိုတဲ့ ဒီရုပ်ရှင်ဟာဆိုရင် 1996 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တော်တော်လေးကို ကြည့်လို့မိုက်တဲ့ Teen, horror, fantasy ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် ကောင်းတဲ့အပြင် အထူးပြုလုပ်ချက်တွေကလည်း တော်တော်လေးပီပြင်ပြီး မင်းသမီးတွေကလည်း တော်တော်လှကြတဲ့အတွက် ပရိသတ် တော်တော်များများ အကြိုက်တွေ့ကြမှာပါ...။ File size…(1.7 GB)/(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Horror, Fantasty Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naing

Action
6.7 1996 101 mins
The Craft
A World Of Worlds: Rise of the King
6.5

ရီဇီယာ ဂြိုဟ်ပေါ်က တောတွင်းတိုက်ပွဲတစ်ပွဲ။ ခေတ်မီလူ့လောကထဲကို ရှေးဟောင်းအမှောင်အင်အားစုတွေ စုဝေးရောက်ရှိကျူးကျော်လာတဲ့အချိန်တစ်ခု။ အမှောင်သခင် ဆိုင်လ် က မကောင်းဆိုးဝါး စစ်ပွဲဘုရင်ကြီး ရဇီးလ် ကို နိုးထလာဖို့ကြိုးစားနေပါတယ်။ အစွမ်းတွေပူးပေါင်းပြီး လောကကြီးတစ်ခုလုံးကို အုပ်စိုးဖို့ပါ။ အဲဒီအချိန်မှာပဲ ကလေးတွေရဲ့ အိပ်ယာဝင်ပုံပြင်တွေထဲမှာ လူဆိုးကြီး‌ေတွအဖြစ် အသုံးတော်ခံခဲ့ရတဲ့ တော်ဝင် မင်းလေးပါးကို ပြန်လည်ရှာဖွေရတော့တာပေါ့။ ဘုရင်သုံးယောက် ဘုရင်မတစ်ယောက်က အမှောင်အင်အားစုတွေကို တစ်ခါတွန်းလှန်ခဲ့ဖူးတော့ သူတို့ကိုပဲ အားကိုးရမယ့် အခြေကိုဆိုက်ရောက်လာပါတယ်။ ရှေးဟောင်းခေတ်က မင်းလေးပါး ယခုခေတ်မှာ သာမန်လူတွေအဖြစ် လူပြန်ဝင်စားနေတာကို လိုက်လံရှာဖွေ၊ သူတို့ရဲ့ ဘဝဟောင်းကို မှတ်မိအောင်၊ သူတို့ရဲ့ အစွမ်းတွေနဲ့ သဟဇာတဖြစ်အောင် ကြိုးစားပေးနေတဲ့ ခေါင်းဆောင် ဟေဒန်။ ဆိုင်လ် ရဲ့ကျူးကျော်မှုမှာ မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ ခရိုသီဟန် စစ်ခေါင်းဆောင်တစ်ယောက်။ ချစ်သူနဲ့ အရာအားလုံးကို ဆုံးရှုံးလိုက်ရတဲ့ သူခိုးတို့ရဲ့ ဘုရင်မတစ်ပါးရယ် ပူးပေါင်းပြီး လောကကို အလင်းပြန်ထွန်းလင်းဖို့ ကြိုးစားနေကြပုံတွေ။ ခုခံသူအင်အားစုတွေကို အသည်းအမည်း လိုက်လံရှာဖွေနေရတဲ့ လူငယ်မျိုးစပ်လေး တီရော့ရှ် ရဲ့ ခရီးစဉ်၊ အပုပ်အဆွေးစားသူတွေကြားမှာ လိုရာပန်းတိုင်ကို ရောက်မလားဆိုတာတွေ တွေ့မြင်ခံစားရမှာပါ။ File size…(1.5 GB) /(900 MB) Quality….WEBDL 1080p /720p Format…mp4 Duration….01:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Anonymous

Drama
6.5 2021 78 mins
A World Of Worlds: Rise of the King
Little Fish
6.9

Little Fish (2020) ~ IMDb – 6.9/10, Rotten Tomatoes – 91% ~ House of the Dragon ထဲမှာ Alicent Hightower အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမအိုလီဗီယာလေးက တိကုဆရာဝန်မလေးနေရာက ပါဝင်ထားပြီး ဒရာမာ၊ အချစ်၊ သိပ္ပံ အမျိုးအစားစုံတာမို့ အရသာစုံတဲ့ ထမင်းဝိုင်းလိုကားလေးပါ။ ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့လည်း Timeline ကစားထားတာတွေကို လေ့လာလို့ရမယ့်ကားလေးပေါ့။ အမှတ်တရဆိုတာက လူသားတွေရဲ့ဇာတ်လမ်းကို ပြန်ပြောင်း ပြောပြဖို့အတွက် အရေးကြီးတဲ့ အထူးအခိုက်အတန့်လေးတွေပါတဲ့…။ အကယ်၍များ ဒီလို အမှတ်တရတွေ သိုမှီးထားတဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်ရော… NIA လို့ခေါ်တဲ့ မှတ်ဉာဏ်တွေကို ပျောက်ကွယ်သွားစေတဲ့ ရောဂါတစ်မျိုးဟာ ကမ္ဘာမှာ ပျံ့နှံ့လို့နေပါတယ်။ ကုရာနတ္ထိ ဆေးမရှိသေးတဲ့အပြင် မှတ်ဉာဏ်ပျောက်ဆုံးသွားသူတွေရဲ့ သံသယက သူတို့ကို ချစ်ခင်သူတွေကို စည်းတားသလိုဖြစ်သွားတာတွေ ဒုနဲ့ဒေးပါ။ ဒီလိုအခြေအနေ အရပ်ရပ်တွေကို ဓါတ်ပုံဆရာလေးနဲ့ တိကုဆရာဝန်မလေးတို့ စုံတွဲ ဘယ်လိုတွေ ကျော်လွှားကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်ပြီးကြည့်လိုက်ကြပါနော်… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 645MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 41Min Genre – Drama, Romance, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.9 2020 101 mins
Little Fish
Angels Of Vengeance 3

၁၉၀၀ခုနှစ်လောက်တုန်းကတောင်အာဖရိက မိုင်းတွင်းတစ်ခုမှာတူးဖော်ရရှိခဲ့တဲ့ ဒေါ်လာသန်း၂၀တန်ဖိုးရှိတဲ့ တောင်အာဖရိကနှလုံးသားလို့ခေါ်တဲ့စိန်တုံးကြီးကို လိုချင်တပ်မက်တဲ့မသမာလောဘသားတွေဟာ သူဌေးကြီးရဲ့သမီးကိုပြန်ပေးဆွဲခဲ့ပါတယ်။ ဓားစာခံကိုကယ်တင်ဖို့နဲ့ ပြန်ပေးတရားခံတွေကိုဖမ်းဆီးနိုင်ဖို့အတွက် ထန်ရှီးယွီတို့အမျိုးသမီးအထူးရဲအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာရော ထန်ရှီးယွီတို့အဖွဲ့က ဓားစာခံကိုဘေးကင်းကင်းနဲ့ကယ်တင်နိုင်ပါ့မလား…… ဉာဏ်များတဲ့ပြန်ပေးတရားခံတွေကိုရော အမိဖမ်းနိုင်ပါ့မလား…… မမရှီးယွီတို့အဖွဲ့ ဘယ်လိုတွေလက်စွမ်းပြကြဦးမလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ကြပါဦးနော်

Comedy • Drama
0 2023
Angels Of Vengeance 3
The Perfect Score
5.7

Perfect Score Movie Synopsis IMDb 5.7/10 အားလုံးသိကြတဲ့ Marvel သရုပ်ဆောင်တွေဖြစ်တဲ့ Chris Evans နဲ့ Scarlett Johansson တို့ရဲ့ ဆယ်ကျော်သက်အရွယ် လူငယ်ဆန်တဲ့ သရုပ်ဆောင်ပုံတွေကို မြင်ရမဲ့ မိသားစုကြည့်လို့ရတဲ့ မှုခင်း ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အထက်တန်းကျောင်းသား Kyle (Chris Evans) ဟာ ရည်မှန်းချက်ကြီးပြီး ကြိုးစားတဲ့ လိမ္မာတဲ့ကျောင်းသားတစ်ယောက်ပါ။ GPA လို့ခေါ်တဲ့ အတန်းတွင်းရမှတ်ကောင်းတယ်ဆိုပေမဲ့ သူတက်ချင်တဲ့ ဗိသုကာကောလိပ်ကိုတက်ခွင့်ရဖို့ ကောလိပ်ဝင်ခွင့် S.A.T စာမေးပွဲမှာ သတ်မှတ်ထားတဲ့ အမှတ်မရတဲ့အခါမှာတော့ သူနဲ့ အခြေအနေအတူတူပဲဖြစ်တဲ့ သူငယ်ချင်း Matty နဲ့ပေါင်းပြီး ရသမျှနည်းလမ်းနဲ့ အဖြေလွှာတွေခိုးဖို့ ကြံစည်ပါတော့တယ်။ Matty နဲ့ Kyle နှစ်ယောက်သားဟာ အကူအညီရနိုင်တဲ့နေရာမှန်သမျှ လိုက်စုံစမ်းကြည့်တဲ့အခါ Francesca (Scarlett Johansson) လို့ခေါ်တဲ့ ကောင်မလေးရဲ့ အဆက်အသွယ်တွေနဲ့ အဖြေလွှာတွေခိုးလို့ရနိုင်ကြောင်း သိသွားတဲ့နောက်မှာတော့ လိမ္မာတဲ့ကျောင်းသားလေး Kyle၊ ကံဆိုးသူ သူငယ်ချင်း Matty၊ ကလန်ကဆန်ကောင်မလေး Francesca တို့နဲ့ အတူ နောက်ထပ် သုံးယောက်အနေနဲ့ ဘယ်သူတွေထပ်ပါလာပြီး အဖြေလွှာတွေ ဘယ်လိုခိုးဖို့ ကြံစည်ကြလဲ အထက်တန်းကျောင်းသား ၆ ယောက်ကကော အဖြေလွှာတွေ ခိုးဖို့ အောင်မြင်သွားကြလား၊ သူတို့ တက်ချင်တဲ့ ကောလိပ်တွေမှာကော ဝင်ခွင့်တွေရသွားမလား ဆိုတာကို စိတ်ဝင်စားစရာအဖြစ်ကြည့်ရမှာပဲဖြစ်ပါတယ်။ Perfect Score ရုပ်ရှင်ဟာ ကောလိပ်ဝင်ခွင့် SAT စာမေးပွဲရဲ့ အဖြေတွေကို ခိုးဖို့ ကြံစည်ကြတဲ့ အထက်တန်းကျောင်းသား ၆ ယောက်ရဲ့အကြောင်းပြောပြထားပြီး ကျောင်းစာမေးပွဲမှာ အမှတ်ကောင်းရဖို့ အရေးကြီးတယ်ဆိုပေမဲ့ ဘဝမှာ စာမေးပွဲအမှတ်ထက်ပိုတဲ့ သင်ယူစရာတွေ အတွေ့အကြုံတွေလည်း အများကြီးရှိသေးတယ်ဆိုတဲ့အကြောင်း၊ ကိုယ့်အကြောင်း သေချာမသိပဲ အမြင်နဲ့ သတ်မှတ်လိုက်တဲ့ လူတစ်ချို့ရဲ့စံနှုန်းသတ်မှတ်ချက်တွေအကြောင်း ပညာပေးတဲ့ အယူအဆ ရိုက်ချက်တွေပါဝင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size… 1.29 GB / 739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Yumi

5.7 2004
The Perfect Score
The Innocent
6.7

The Innocent (2022) ~ IMDb – 6.7/10, Rotten Tomatoes – 98% ~ Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် တစ်သက်လုံး အပြစ်သားဆိုတဲ့ အမြင်အောက်မှာ ရှိနေဖို့လိုသလား။ ကိုယ်တိုင်ကိုယ်၌ကြားက အမေ့အပေါ်စိတ်ပူမှုနဲ့ လူသားဆန်ဆန်သဘောထားကြီးမှုကြား လွန်ဆွဲနေတဲ့ အာဘဲလ်ရဲ့ ပထွေးပေါ် ချဉ်းကပ်မှုခရီးစဉ်ပေါ့။ သိမ်မွေ့မှုနဲ့ ရာဇဝတ်မှု၊ ရယ်မောစရာနဲ့ ရင်မောစရာ မဆိုစလောက်စီမျှပါဝင်တာမို့ ဖျော်ဖြေရေးရုပ်ရှင်ကောင်းတစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။ ဒီ့ပြင်ကိုမှ ဒီထဲက မင်းသမီးကလည်း Portrait of a Lady on Fire ထဲက Noémie Merlant ဆိုတော့ ဘာများတွေဝေနေဖို့လိုဦးမလဲနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 765MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 39Min Genre – Comedy, Crime, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.7 2022 99 mins
The Innocent
Head Count
5

Head Count (2023) =============== Thriller ရုပ်ရှင်ကောင်းကောင်း ကြည့်ချင်သူတွေအတွက် ဒီကားလေးက သင့်တော်ပါတယ်။ အကယ်၍ သင့်ခေါင်းကို သေနတ်နဲ့ အချိန်ခံထားရပြီး သင့်အသက်က သေနတ်ထဲမှာပါတဲ့ ကျည်ဆန်အရေအတွက်ပေါ် မူတည် နေတယ်။ အဲလိုအခြေအနေမျိုးကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ ကတ် ဟာ ထောင်ကျနေစဉ်မှာပဲ အခွင့်အရေးကောင်းတစ်ခုကြောင့် ရဲကားနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ သတိလစ်သွားခဲ့ပြီး ပြန်သတိရလာတဲ့အချိန်မှာ လူတစ်ယောက်က သူ့ခေါင်းကို သူ့သေနတ်နဲ့ပဲ ချိန်ထားနေခဲ့ပါတယ်။ သူ ဘာကြောင့် ဒီလိုအခြေအနေမျိုးဖြစ်သွားလဲ၊ သေ နတ်နဲ့ ချိန်ထားတဲ့သူကရော ဘယ်သူလဲ၊ သေနတ်ထဲမှာ ကျည်တောင့် ဘယ် နှစ်တောင့်ကျန်နေလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့် ရမှာပါ။ အများကြီးညွှန်းမနေတော့ဘဲ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ အချိန် ကုန်ရကျိုးနပ်မယ်လို့ထင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.13 GB) / (403 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Leonard Lin Encoder……….SWM

TV Movie • Comedy • Romance
5 2023
Head Count
Running Out of Time
7.3

Running Out of Time (1999) ~ IMDb – 7.3/10, Rotten Tomatoes – 90% ~ Directed by “Johnnie To” Four Heavenly Kings of Cantopop လို့ဆိုကြတဲ့ အန်ဒီလောင်၊ ဂျက်ကီချောင်၊ အာရွန်ကော့၊ လီယွန်လိုင်တို့ထဲ အန်ဒီလောင်က ရုပ်ရှင်လိုင်းထဲတော့ အဂေါ်ဆုံးလို့ ကျိန်းသေပြောလို့ရတယ်။ ပြောလို့ရဆို သူ သရုပ်ဆောင်နယ်ပယ်ကို သေသေချာချာစဝင်တာကလည်း အန်းဟွေရဲ့ Boat People နဲ့စတာဖြစ်သလို ပထမဆုံးခေါင်းဆောင်မင်းသား စဖြစ်တာကလည်း Shaw Brothers ရဲ့ အက်ရှင်ကား On the Wrong Track နဲ့စတာ။ နောက် ဝေါင်ကာဝေးရဲ့ ပထမဆုံးရုပ်ရှင် As Tears Go By, နောက် ဟောင်ကောင်အက်ရှင်ရိုမန့်မာစတာပိစ်တစ်ကားဖြစ်တဲ့ ဘန်နီချန်းရဲ့ A Moment of Romance… ၁၉၉၉မှာ ဂျွန်နီတိုရဲ့ Running Out of Time နဲ့ သရုပ်ဆောင်ဆုရခဲ့သလို အဲဒီနောက်မှာ Infernal Affairs ကားတွေရိုက်ခဲ့တယ်။ ဒါက တကယ့်အထင်ကရတွေချည်း။ ဂျွန်နီတိုတို့ ဝေါင်ကာဝေးတို့နဲ့ကားတွေ တခြားကားကောင်းတွေ မနည်းဘူး။ ကျန်တဲ့သုံးယောက်လည်း ဒါရိုက်တာကောင်းတွေနဲ့တွဲလုပ်ဖူးပေမဲ့ သူ့လောက်တော့မများဘူး။ ဒါပေမဲ့ ကျန်တဲ့သုံးယောက်မှာလည်း ကိုယ်ပိုင်မာစတာပိစ်ကားတွေရှိနေတာပါပဲ။ Four Heavenly Kings ဟာ Four Heavenly Kings တော့ ပီသခဲ့တယ်။ အန်ဒီလောင်နဲ့ ဂျွန်နီတို တွဲရိုက်ဖူးတာ ၇ကား၈ကားလောက်တော့ရှိတယ်။ အဲဒီထဲကမှ Running Out of Time နဲ့ Blind Detective ကတော့ အကြမ်းဆုံးပဲ။ Running on Karma, Needing You, Love on a Diet နဲ့ A Moment of Romance III တို့ကတော့ အစောပိုင်းကားတွေဆိုတော့ သူ့ပုံစံသိပ်မပေါ်သေးဘူး။ Running Out of Time မှာတောင် ဂိုဏ်းစတားရုပ်ရှင်မဟုတ်ဘဲ Heroic Action ဆန်ဆန်ဆိုတော့ ဒါမျိုးက သူ့ဆီမှာပဲ တွေ့နိုင်တဲ့ကားမျိုးမဟုတ်နေဘဲ ဟောင်ကောင်အက်ရှင်စီနီမာတစ်ခုလုံးမှာ နိုင်းချင်းတွေ့နေကျကားတွေပဲ။ အထူးသဖြင့် ဂျွန်ဝူးဆီမှာပေါ့။ ဂျွန်ဝူးလို အပစ်အခတ်ကြမ်းတယ်လို့တော့ မဆိုလိုဘူးပေါ့။ နည်းနည်းထူးမှာက ညှိနှိုင်းရေးသမားနဲ့ ဓားစာခံဖမ်းအကြပ်ကိုင်တဲ့လူဆိုးတွေကြားက အဖြစ်တွေကို ရိုက်ပြထားတာပဲ။ ဒါမျိုးအများကြီးတော့ မတွေ့ဖူးဘူးပေါ့။ အန်ဒီလောင်နဲ့အတူ သရုပ်ဆောင်ထားတာက သူသုံးနေကျထဲက Sean Lau နဲ့ Lam Suet နောက် Waise Lee တို့ပါပဲ။ သူ့ကားတွေထုံးစံအတိုင်း သူသုံးနေကျ သရုပ်ဆောင်တွေနဲ့တော့ ကြမ်းနေတာပါပဲ။ Sean Lau ကို Mad Detective မှာနဲ့ တော်တော်ကွဲပြားတဲ့ ကာရိုက်တာနဲ့ပြထားသလို ဒီကားက သူ့နောက်ပိုင်းကားတွေလို Hero မပါတဲ့ကားမဟုတ်ဘဲ Hero ပါတဲ့ကားဖြစ်နေတော့ အန်ဒီလောင်က အဲဒီဟီးရိုးနေရာက သရုပ်ဆောင်ထားတာကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့ Blind Detective မှာလည်း အန်ဒီလောင်နဲ့ ဟီးရိုးပါတဲ့ကားထပ်ရိုက်ဖူးတော့ အန်ဒီလောင်နဲ့ရိုက်ရင် ဒီလိုကားမျိုးတွေဖြစ်နေတတ်တယ်လို့ အကြမ်းဖျဉ်းသတ်မှတ်ရမှာပဲ။ အန်ဒီလောင်နဲ့ ဂျွန်နီတိုတွဲရိုက်ဖူးတဲ့ထဲက အကောင်းဆုံး၂ကားဖြစ်တဲ့ Running Out of Time နဲ့ Blind Detective မှာတူတာက နှစ်ခုလုံးက အက်ရှင်ထက် လူဆိုးနဲ့ရဲ ဉာဏ်ကစားတာကို ပြသွားတာပဲ။ ရဲကို ဂျွန်နီတို အကောင်းရိုက််ပြသွားတဲ့ သိပ်မများတဲ့ကားတွေထဲက ကားတွေပေါ့။ Running Out of Time 2 တော့ ထပ်ထွက်ပေမဲ့ ဂျွန်နီတိုရိုက်တာ မဟုတ်တော့သလို အန်ဒီလောင်လည်းမပါတော့ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 935MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 33Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 1999 93 mins
Running Out of Time
La Civil
7.2

IMDb 7.2/10 Rotten Tomatoes 86% ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကတော့ ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား ၊ မက္ကဆီကို သုံးနိုင်ငံပေါင်း ထုတ်လုပ်ထားတဲ့ La Civil လို့ အမည်ရတဲ့ ရုပ်ရှင်ကား တစ်ခုပဲဖြစ်ပြီး ၂၀၂၁ ကိန်းရုပ်ရှင်ပွဲတော်မှာ Prize of Courage ကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းမှာတော့ သမီးပျောက်အမေတစ်ယောက်ရဲ့ မိခင်သောကကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီး မက္ကဆီကို မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ၊ မတရားမှုတွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ် ။ ခင်ပွန်းဖြစ်သူနဲ့ကွဲပြီး အမေတစ်ခု သမီးတစ်ခု ဘဝမှာ နေနေတဲ့ စီယယ်လိုနဲ့ လော်ရာ…အဲဒီလိုကနေ တစ်ရက်မှာတော့ လော်ရာဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တဲ့အခါမှာတော့ မိခင်ဖြစ်တဲ့ စီယယ်လိုတစ်ယောက် သောကပွေရပါတော့တယ် ။ ပိုက်ဆံပေးရင် သမီးဖြစ်သူကို ပြန်ခေါ်လာပေးမယ်လို့ ငွေညှစ်ခဲ့ပေမယ့် တကယ်တမ်း ပိုက်ဆံပေးတော့လည်း လော်ရာကတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး ။ အဲဒီအခါမှာတော့ စီယယ်လိုတစ်ယောက် သမီးဖြစ်သူအတွက် တစ်ကိုယ်တည်း လှုပ်ရှားရပါတော့တယ် ။ သမီးဇောကပ်နေတဲ့ မိခင်တစ်ယောက် သမီးပျောက်ရှာပုံတော်မှာ ဘယ်လိုကိစ္စတွေ ကြုံရမလဲ ၊ နောက်ဆုံးကျရင်ရော လော်ရာနဲ့ ပြန်ဆုံစည်းနိုင်မှာလား ဆိုတာကို အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်ပါ ။ File size…2.14GB / 906MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 20m Genre ….. Drama , Thriller , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

7.2 2021
La Civil
A Simple Favor
6.8

A Simple Favor (2018) IMDb Rating (6.8) / Rotten Tomatoes (88%) ဒိတ်ဒိတ်ကြဲမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Blake Lively နဲ့ Anna Kendrick တို့ တက်ညီလက်ညီသရုပ်ဆောင်ထားတဲ့ Comedy/Mystery ရုပ်ရှင်ကားလေးပါ ဇာတ်လမ်းနာမည်ကသာ A Simple Favor ဖြစ်ပေမယ့် တစ်ကားလုံး Twist တွေ Turn တွေအပြည့်နဲ့မို့ ကြည့်ရတာတန်စေရမယ်လို့အာမခံပါတယ် ဇာတ်လမ်းအကျဉ်းကတော့.. စတက်ဖနီက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မုဆိုးမဖြစ်ပြီး သားလေးမိုင်းစ်ကိုတစ်ကိုယ်တည်း ပျိုးထောင်နေသူလေးပါ ကျောင်းကိစ္စဆိုလည်း ဘယ်နေရာမဆိုတက်ကြွလွန်းလို့ တခြားကလေးမိဘတွေကတောင် အမြင်ကတ်ရသူဖြစ်ပါတယ်။ အမ်မလီကတော့ အထက်တန်းကျကျ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ အရေးပါအရာရောက်သူ အနေအထိုင် အပြောအဆိုကအစ ခေတ်ရှေ့ပြေးသလောက် သားဖြစ်သူနစ်ကီ့ကို အလုပ်ကိစ္စတွေကြောင့် အာရုံသိပ်မစိုက်နိုင်သူ စရိုက်မတူတဲ့သူတို့နှစ်ယောက် ကလေးတွေကိုအကြောင်းပြုပြီး ခင်မင်သွားကြပါတော့တယ် တစ်ရက်တော့ အလုပ်ကိစ္စကြောင့် နစ်ကီ့ကိုကြိုပေးဖို့ စတက်ဖနီကိုအကူအညီတောင်းပြီး အမ်မလီတစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားပါတော့တယ်။ အချစ်ဆုံးသူငယ်ချင်းအမ်မလီကို စတက်ဖနီကိုယ်တိုင်ရှာပုံတော်ဖွင့်ရာမှ မထင်မှတ်တာတွေ တခုပြီးတခုထွက်ပေါ်လာတဲ့အခါမှာတော့…။ ဒါရိုက်တာ Paul Feig ကရိုက်ကူးထားပြီး Crazy Rich Asians က မင်းသားချော Henry Golding လည်းပါဝင်အားဖြည့်ထားပါတယ်။

6.8 2018 117 mins
A Simple Favor
MMA – A Fathers Fight MMA: Meu Melhor Amigo
4

MMA – A Fathers Fight (2025) “မိသားစုအတွက်တောင် ရုန်းကန်မပေးတဲ့ ယောကျ်ားက ဘယ်အရာမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်မှာမဟုတ်ဘူး” 2025 ခုနှစ်ထွက် ဒီအားကစားကားလေးက မက်စ်နဲ့သူ့ရဲ့ အော်တစ်ဇင်ဖြစ်နေတဲ့ သားဖြစ်သူ ဘရူနိုကြားက ဆက်ဆံရေးကိုလဲ အလေးပေးရိုက်ပြထားတာပါ။ တစ်နေ့ ၈နှစ်အကြာမှာ လက်ဝှေ့သမား မက်စ်က သူနဲ့ရခဲ့တဲ့ကလေး ဘရူနိုရှိနေကြောင်းသိလိုက်ရပါတယ်။ အမေဖြစ်သူက ကင်ဆာနဲ့ဆုံးပါးသွားတာကြောင့် သူငယ်ချင်းဖြစ်သူ လိုင်းရီးက စောင့်ရှောက်ပေးထားရတာပါ။ အဲ့နောက် သားအဖနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သူ လိုင်းရီးတို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်လာမလဲ? သားဖြစ်သူ အော်တစ်ဇင်ဖြစ်နေတာကြောင့် ထိန်းဖို့အရမ်းခက်ကြောင်းပြောလာတဲ့အခါမှာတော့.. လာမည့်အပတ်မှာ လက်ဝှေ့ပွဲစဥ်ကြီးရှိတဲ့မက်စ်တစ်ယောက် သူ့လေ့ကျင့်ခန်းတွေနဲ့ မိသားစုအရေးကို ဘယ်လိုညှိယူမလဲဆိုတာ စိတ်ဝင်တစ်စား ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Tarmt ဖြစ်ပါတယ်။) File size… (1.8 GB) / (910 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Comedy, Drama, Sport Duration…. 01:44:25 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Tarmt

Drama • Romance
4 2025 104 mins
MMA – A Fathers Fight MMA: Meu Melhor Amigo