YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

A.Good.Person.2023.1080p.AMZN.WEB-DL[CM].mp4

1.7 GB N/A video/mp4 351 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Riceboy Sleeps
7.2

Riceboy Sleeps (2022) IMDb - 7.6/10, Rotten Tomatoes - 95% ~ 90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။ နိုင်ငံကြီးသားဆိုတာ နိုင်ငံက "ကြီး" နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ "နိုင်ငံကြီး"မှာနေသလောက် "နိုင်ငံကြီးသား" မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။ အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ဒီထဲက ဆိုယွန်းဟာ ကိုယ့်အမေ မဟုတ်၊ ကိုယ်အမေနဲ့ တစ်စက်မှ မတူသည့်တိုင် အမေ့ကို ပြန်သတိရစေမယ့် ခံစားမှုမျိုးကို ပေးနိုင်တဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ခုပါ။ ရုပ်ရှင်သမားတွေအတွက်ပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ တစ်ကားထဲမှာတင် Aspect Ratio ၂ခု သုံးသွားတယ်ဆိုတာလေးပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းသွားပြီး ဘာကြောင့်များ ပြောင်းသုံးသလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းကြည့်လိုက်ရုံပါပဲ။ ရုပ်ရှင်ဖန်တီးသူ Anthony Shim ဟာ သူ့ငယ်ဘဝရဲ့ တမ်းတစရာတချို့တွေကို ဒီရုပ်ရှင်မှာ ဖော်ပြသွားတာ ရင်နှင့်အမျှပါပဲ။ နောက်ပြီး TIFF တို့ Busan တို့လို ပွဲကြီးတွေရဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၃ ဆုရရှိထားပါသေးတယ်...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 935MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 57Min Genre - Drama, Family, History Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama • History
7.2 2023 117 mins
Riceboy Sleeps
Enola Holmes 2
7.6

နက်ဖလစ်ရဲ့ နာမည်ကြီး စုံထောက်ကားဖြစ်တဲ့ အနိုလာဟုမ်းစ် ရုပ်ရှင်ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ မူရင်းသရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင်ထားပါတယ်။ ဟင်နရီ ကာဗယ်က ရှားလော့ခ်ဟုမ်းစ်အဖြစ် ပါဝင်ထားပြီး Stranger Things ထဲက အချစ်တော်လေး မီလီ ဘော်ဘီ ဘရောင်းကတော့ ရှားလော့ခ်ဟုမ်းစ်ရဲ့ ညီမ အနိုလာဟုမ်းအဖြစ် ပါဝင်ထားပါတယ်။ သူတို့ရဲ့ အစ်ကိုကြီး မိုက်ခရော့ဖ်တော့ ပြန်မပါတော့ပေမဲ့ လော့ဒ် တုစ်ဘူရီနဲ့ အနိုလာတို့ရဲ့အချစ်ဇာတ်လမ်းကိုတော့ ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ================ အနိုလာဟုမ်းစ်ရာ မိခင်ပျောက်ရှာပုံတော်အမှုကိုဖြေရှင်းအပြီးမှာ တုစ်ဘူရီအမှုကိုပါ ဖြေရှင်းနိုင်ခဲ့ပြီး ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်သွားတာမို့ ကိုယ်ပိုင်စုံထောက်လုပ်ငန်းတစ်ခု တည်ထောင်လိုက်ပါတော့တယ်။ ဒါပေမဲ့ မိန်းမငယ်လေးတစ်ယောက်ကို ဘယ်သူမှ ယုံကြည်ပြီး အလုပ်မအပ်တော့တာကြောင့် ခွက်ခွက်လန်အောင်ရှုံးပြီး ရုံးခန်းကိုပိတ်ဖို့စီစဉ်လိုက်ရပါတော့တယ်။ အဲဒီအချိန်မှာပဲ မီးခြစ်ဆံစက်ရုံအလုပ်သမ ‌ကောင်မလေးတစ်ယောက်က ပျောက်ဆုံးနေတဲ့ သူ့အစ်မကို ရှာပေးဖို့ အမှုလာအပ်ပါတော့တယ်။ ဒါပေမဲ့ အနိုလာဟုမ်းစ်တစ်ယောက် လူပျောက်ရှာရင်းနဲ့ ဒါဟာ သာမန်အမှုမဟုတ်ဘဲ ကြီးမားတဲ့ မသမာမှုကြီးတွေ၊ လာဘ်စားမှုတွေ၊လူသတ်မှုတွေပါ ရောယှက်နေတာကိုတွေ့သွားပြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ.... File size…1.9GB / 800MB Quality…1080p NF WEB DL  / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson

Comedy • Horror
7.6 2022 129 mins
Enola Holmes 2
Homecoming

Homecoming ကတော့ အင်ဒိုနီးရှားရုပ်ရှင်တစ်ကားဖြစ်ပြီး မူရင်းဇာတ်လမ်း နာမည်ကတော့ Mudik ပါ။ အင်ဒိုရုပ်ရှင်ပွဲတော်မှာ Best Original Screenplay နဲ့ တခြား nomination တွေလဲအများကြီးရထားတဲ့ဇာတ်လမ်းကောင်းပါ။ Mudik ရဲ့ အဓိပ်ပ္ပါယ်က 'အိမ်ပြန်ခရီး' လို့အဓိပ္ပါယ် ရပါတယ်။ အင်ဒိုနီးရှားမှာတော့ အများစုက အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးတွေပါ။ အစ္စလာမ်ဘာသာမှာ တစ်နှစ်မှာတစ်လ ရမ်ဇာန်(ဥပုဒ်)လရှိပြီး ရမ်ဇာန်အပြီးမှာတော့ အိဒ်ပွဲတော်ကိုဆင်နွဲဲကြပါတယ်။ အင်ဒိုမှာမြို့ပေါ်အလုပ်လာလုပ်သူအများအပြားက ရမ်ဇာန်လပြီးခါနီးရင် အိဒ်နေ့ကိုမိသားစုနဲ့အတူဆင်နွှဲနိုင်ဖို့အိမ်ကိုပြန်ကြပါတယ်။ ဒီရက်ပိုင်းတွေကိုတော့ အိမ်ပြန်ခရီး Mudik လို့ခေါ်ပါတယ်။ ဒီ Mudik အချိန်အခါမှာ လမ်းတွေ သိပ်ကြပ်ပြီး အက်ဆီးဒန့်ဖြစ်မှုကလဲတစ်နှစ်တာမှာအများဆုံးပါ။ ဒီဇာတ်လမ်းမှာအိုင်ဒါနဲ့ဖေရ်မန်းဆိုတဲ့ လူငယ်စုံတွဲလေးတစ်တွဲကလဲ ကောင်လေးမိဘအိမ်ကိုအိဒ်မရောက်ခင်ငါးရက်အလိုမှာပြန်ကြပါတယ်။ သူတို့အတွဲကလဲသိပ်အဆင်မပြေပုံပေါက်ပြီး အိုင်ဒါကလဲတော်တော်ကြီးညစ်နေပုံပါ။ ကားကိုအိုင်ဒါကမောင်းရင်း လမ်းမှာအက်ဆီးဒန့်တစ်ခုကြုံပြီး လူတစ်ယောက်သေသွားခဲ့ပါတယ်။ အဲဒီကိစ္စကိုဖြေရှင်းဖို့ သေသွားတဲ့လူရဲ့ရွာကိုဆက်သွားကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ။ ကောင်လေးအိမ်ကို အိဒ်အမှီရောက်ပါ့မလား။ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေက ဆွေမျိုးအသိမိတ်ဆွေကြားမှာ အပြစ်အမှားတွေရှိရင်တောင်းပန်ကြတယ် ခွင့်လွှတ်ပေးကြတယ်။ အိုင်ဒါတစ်ယောက်ရော သူ့အပြစ်တွေကိုခွင့်လွှတ်ခံရပါ့မလား အထူးသဖြင့်သူ့ကိုယ်သူရော ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ရှုစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.34GB | 660MB | 304MB Format… mp4 Duration….1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Action • Comedy • Drama • Romance
0 2019 93 mins
Homecoming
BARDO, False Chronicle of a Handful of Truths
7

ဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ရှိနေတာကိုလည်း ဘာဇာတ်ကြောင်းမှမဖြည်ဘဲကို အတွေးထဲဝင်လာအောင် ရိုက်ပြထားတယ်။ အရှိတရားနဲ့ အိပ်မက်တွေ စိတ်ကူးတွေဟာ ရောထွေးနေတယ်။ ဘာက ဘာလဲ သူပြသွားတဲ့တစ်ကွက်ချင်းကိုကြည့်ပြီး တရိပ်ရိပ်တော့ သိလာလိမ့်မယ်။ ဒါပေမဲ့လည်း သိပ်တော့ မသည်းကွဲချင်ဘူးပေါ့။ ဘယ်အချိန်ထိလဲဆိုရင် သူသတ်မှတ်ထားတဲ့ အချိန်အထိလို့တော့ ပြောရမှာပဲ။ ဆန်းတာက ဒီကားက တစ်ဖက်ကကြည့်ရင် ဟန်များလွန်းတယ်ထင်ရတဲ့အနေအထားမှာရှိတယ်။ ဒါပေမဲ့ ကြည့်ရင်းနဲ့ သူတို့ ဒိုင်ယာလော့တွေ စကားတွေအရှည်ကြီးထိုင်ပြောနေကြတာတွေကို ကြည့်ရင်း ဟန်များနေသလို ထင်ရတာနဲ့ တစ်ချိန်တည်းမှာပဲ ဖန်တီးသူရဲ့ ရိုးသားမှုက အလိုလိုသိလာလိမ့်မယ်။ အဲဒီလိုရိုးသားမှုဟာ တာကော့စကီးကားတွေနဲ့ မစိမ်းတဲ့လူတွေအတွက် ပိုပြီးထင်သာမြင်သာရှိမယ်လို့တော့ ထင်ရတာပဲ။ ဒီလိုရိုးသားလိုက် ဟန်များသလိုဖြစ်လိုက်ဆိုတဲ့အချက်ကို တစ်နေရာမရောက်ခင်အထိတော့ ဒီလိုပဲမြင်နေဦးမယ်။ တစ်နေရာအရောက်တော့ ကျွန်တော်တော့ ဒီကားဟာ ရိုးသားတဲ့ဘက် ပိုသွားတယ်လို့ပဲ မြင်မိတော့တယ်။ အမြင်တူချင်မှလည်းတူမယ်။ ဒီရုပ်ရှင်ကို ကြိုက်ချင်မှလည်း ကြိုက်လောက်မယ်ပေါ့။ အာမ တော့ ခံလို့မရဘူး။ သူ့ဇာတ်လမ်းက ဒိုကူဖစ်ရှင်ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်အကြောင်းပေါ့။ ထူးတာက ဒီကားထဲက ဇာတ်ကောင်က ရိုက်ချင်တာက သူ့အကြောင်းပေါ့။ ပြဿနာက ဒီဘဲက သူ့အကြောင်းသူရိုက်ချင်တယ်ဆိုပေမဲ့ သူ့အကြောင်း သူမရိုက်ဘူး။ ဟိုးမဆီမဆိုင် မက္ကဆီကိုကနေ ရွှေ့ပြောင်းအခြေချတဲ့လူတွေအကြောင်းတွေ၊ ဟိုးရှေးခေတ်ကလူတွေအကြောင်းတွေ၊ မက္ကဆီကိုသမိုင်းက တချို့အဖြစ်အပျက်တွေအကြောင်းတွေ ကောက်ရိုက်တယ်။ ဒါပေမဲ့ သူ့ခံယူချက်က ဒီအကြောင်းအရာတွေက သူနဲ့တူညီတယ်လို့ ခံစားရတာကို သူရိုက်ထားတာဆိုတော့ ဒီအကြောင်းအရာတွေကို ပြခြင်းအားဖြင့် သူ့အကြောင်းပါ ပြပြီးပြီလို့ ဆိုလို့ရတယ်။ ဘာလို့ ဒီလိုပြသလဲဆို လူတစ်ယောက်က ကိုယ့်အကြောင်းကိုယ်ရေးတယ်ဆိုပါစို့... ဒါမှမဟုတ်လည်း ရိုက်တယ်ဆိုပါစို့... ဒါကြီးက အမှန်တရားဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ပြောပြရလွယ်တဲ့ ပြောပြချင်တဲ့ အမှန်တွေပဲ ဖြစ်ဖို့တော့များမယ်။ ကိုယ့်မကောင်းကြောင်းကိုယ် ရေးနိုင်တယ်ဆိုတာကလည်း ကိုယ်ပြောပြချင်တဲ့ မကောင်းကြောင်းပဲမလား။ သူက သူ့အကြောင်းကို ဒီလိုအပေါ်ယံကြောကို မရိုက်ချင်ဘူး။ လူတစ်ယောက်အကြောင်းဆိုတာက ဘယ်လိုနေလာတယ် ဘယ်လိုရှင်လာတယ်ဆိုတာထက် တစ်ခါတလေ သူ့ဘဝမှာ သူစကားလုံးနဲ့ပြောဖို့ခက်တဲ့ အတွေးခေါ်တွေ ခံစားချက်တို့ ရှိကောင်းရှိမှာပဲ။ မဟုတ်လည်း ဒီတိုင်းကြီးပြောပစ်ရင် သူများအတွက် ဘာမှမဟုတ်တာတွေဖြစ်သွားနိုင်ပြီး သူ့အတွက်တော့ နက်ရှိုင်းနေတဲ့ဟာမျိုးတွေပေါ့။ ဒီတော့ သူက သူ့အကြောင်းကို စကားလုံးနဲ့လည်းမပြောဘူး။ အရုပ်နဲ့လည်း ရိုက်မပြဘူး။ ဘာနဲ့ ဒိုကူမန်ထရီ ရိုက်ပြသလဲဆို သူရဲ့ Handful of Truths တွေကို သမိုင်းထဲက တချို့ဖြစ်ရပ်တွေမှာ သူ့ကိုယ်သူထည့်ပြီးပြတယ်။ ဒီလိုပြတဲ့နေရာမှာ Chronology ကာလစဉ်အတိုင်း မပြဘူး။ ဗြောက်သောက် ပေါ်လာချင်သလိုပေါ်လာလိမ့်မယ်။ ကာလစဉ်လွဲနေတဲ့ Chronicle လိုမျိုး ပြတယ်။ ဒါပေမဲ့ ဒီလိုပြတဲ့နေရာတွေမှာရော အိပ်မက်လိုနေရာတွေမှာရော သူညှပ်ထားတဲ့ စကားလုံးတွေက ဆန်းသလိုလိုရှိပေမဲ့ သူ့အရင်ကားတွေနဲ့ယှဉ်ရင် သူ့အကြောင်းသူပြောနေတယ်လို့ ထင်ရလောက်အောင် ဇာတ်ကောင်မဆန်နေတာမျိုးတွေကို သူ့ကားတွေကို ရင်းနှီးရင် အလိုလို သတိထားမိလောက်တယ်။ တစ်ဝက်ကျော်လောက်မှာ ကိုယ်တိုင်လည်း သတိထားမိလို့ ဒါရိုက်တာရဲ့ဘဝအကြောင်းရှာကြည့်တော့ ဒီထဲက ဇာတ်ကောင်ရဲ့ဘဝအစပိုင်းက သူ့ဘဝအစပိုင်းနဲ့ ချွတ်စွပ်လိုဖြစ်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကတော့ သူ့နာမည်အတိုင်း နောက်ဆုံးအချိန်ကို ဦးတည်တာဆိုတော့ သူ့အကြောင်းလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ထဲက ဇာတ်ကောင်က သူ့အကြောင်းကို ပြောပြဖို့ ဒဲ့မပြောဘဲ False Chronicle of a Handful of Truths ကိုသုံးထားသလိုမျိုး သူလည်း သုံးထားတာသလိုရှိတဲ့ ခံစားချက်မျိုးတော့ ရနေတာပါပဲ။ ရုပ်ရှင်တော်တော်ကြည့်စရှိနေရင် ဇာတ်ကားတစ်ကားရဲ့ ရိုးသားမှုပမာဏကို အလိုလိုခံစားမိနေမှာပဲ မဟုတ်လား။ တစ်ခုရှိတာက ဒီကားကို ဒီထက်နည်းနည်းအရွယ်လွန်ပြီးတဲ့ အချိန်မှကြည့်ရင် ပိုထိလောက်မယ်ဆိုတဲ့ အသိမျိုးလည်း ရနေပြန်တာပဲ။ ပုဂ္ဂလိက အမြင်အရတော့ ကိုယ့်ကိုယ်ကိုယ် ဒီကားကြည့်ဖို့ နောက်မကျသေးဘူးလို့ ထင်ရင် သိမ်းထားလိုက်ပြီး တော်တော်ကြာမှ နည်းနည်းအရွယ်လွန်မှ ကြည့်တာ ပိုကောင်းမယ်ထင်တာပါပဲ။ ၂ခါပြန်ကြည့်လည်းရပေမဲ့ အရသာတော့ မတူနိုင်ဘူးမလား။ BARDO, False Chronicle of a Handful of Truths ဟာ Alejandro ရဲ့ အရင်ကားတွေလောက် ဝေဖန်ရေးသမားတွေရဲ့ မျက်နှာပန်းမလှခဲ့ပေမဲ့ တော်တော်ကောင်းတဲ့ ကားတစ်ကားဖြစ်နေတုန်းဆိုတာတော့ ငြင်းမရသလို ပုဂ္ဂလိက အမြင်အရတော့ Bardo ဟာ သူ့ကားတွေထဲ အရိုးသားဆုံးလည်းဟုတ်သလို Pretentious အဖြစ်ဆုံးလည်း ဟုတ်တဲ့ကားပါပဲ။ ရှေ့ကကားတွေလောက် အားမရသလို ရှေ့ကကားတွေထက် ပိုသဘောကျမိတဲ့ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 811MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 39Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Horror • Thriller
7 2022 160 mins
BARDO, False Chronicle of a Handful of Truths
Fear Street: 1666
7.2

အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားရဲ့အပိုင်း(၃) ဖြစ်ပါတယ် ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ် နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ... အပိုင်းတစ်မှာတော့ ရှိတ်ဒီဆိုဒ်မြို့ခံချစ်သူစုံတွဲ ဒီနာနဲ့ဆမ်မှာ  ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲကြရာက မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတာကို ရှူစားရမှာဖြစ်ပြီး . အပိုင်းနှစ်မှာတော့  ၁၉၇၈ ခုနှစ် နိုက်ဝင်းကမ့်စခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်း ပိုထဲထဲဝင်ဝင်ပြသထားတာဖြစ်ပြီး မြို့ရဲ့သမိုင်းကြောင်း ပိုရုပ်လုံးပေါ်လာတာကို ကြည့်ရှူခံစားရမှာဖြစ်ပြီး၊ အခုဇာတ်သိမ်းပိုင်းမှာတော့ ၁၆၆၆ ခုနှစ်တုန်းက ဆာရာဖီအာရဲ့ဇာတ်ကြောင်းကိုကြည့်ရှူရမှာဖြစ်ပါတယ်။ သူကတကယ်ပဲစုန်းမလား ဘာတွေဖြစ်ခဲ့တာလဲ ကျိန်စာကတကယ်လားဆိုတာကို ဒီနာတို့နဲ့အတူ လိုက်ပါဖော် ထုတ်လိုက်ကြပါဦးဗျာ . . . (စုစုပေါင်း Part 1(1994), Part 2 (1978), Part 3 (1666) - Trilogy အပြီးဖြစ်ပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ဖြစ်ပါတယ်။) Quality – 1080p, 720p WebDL Duration - 1h 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery Source : 1080p.WebDL Translator – May Myat Thu Encoder – SWM

Crime
7.2 2021 114 mins
Fear Street: 1666
Ito
6.7

Ito (2021) Love Letter မင်းသား Etsushi Toyokawa အပြင် မကြာသေးခင်က တင်ခဲ့တဲ့ Tomorrow, I Will Be Someone’s Girlfriend ဇာတ်လမ်းတွဲထဲက Mayū Yokota နဲ့ သဘာဝကျတဲ့ပုံစံဘက်သွားတဲ့ မင်းသမီး Ren Komai တို့ အဓိက သရုပ်ဆောင်ထားတဲ့ Ito ဆိုတဲ့ MUBI က ကားသစ်လေးပါ။ Osaka Asian Film Festival မှာ Best Film ဆုလည်းရထားပါတယ်။ ဒီဇာတ်လမ်းရဲ့မင်းသမီး Ito ကတော့ အထက်တန်းကျောင်းသူကလေးပါ။ သူဟာ စကားနည်းပြီး စကားကို လေးလုံးကွဲအောင် မပြောတတ်တဲ့သူလည်းဟုတ်ပါတယ်။ သူနဲ့လူတွေကြားက ကွင်းဆက်ကလည်း ဂီတပဲရှိတယ်။ တစ်နေ့မှာတော့ သူ ဒီဂီတကိုလည်း စိတ်မပါတော့ပါဘူး။ ဒီတော့ သူက အိမ်စေကဖေးလို့ခေါ်တဲ့ စားသုံးသူတွေကို ကိုယ့်အိမ်ကိုယ့်ယာလို ခံစားမိအောင် လုပ်ပေးတဲ့ ကဖေးဆိုင်လေးမှာ အလုပ်ဝင်လုပ်ပြီး လခလည်းရ လူတွေနဲ့ ဆက်ဆံရလို့ စကားလည်းပြောတတ်လာမယ်ဆိုပြီး ဝင်လုပ်ပါတယ်။ အဖေက ပါမောက္ခဆိုတော့ လူအထင်သေးလောက်တဲ့ ဒီအလုပ်မျိုးကို သဘောမကျပေမဲ့ မိတဆိုးလေးမို့ လွှတ်ပေးထားလိုက်တယ်။ ဒီလိုနဲ့ အလုပ်ကလူတွေကိုရော အလုပ်ကိုရော သံယောဇဉ်တွယ်လာပြီးနောက် ဆိုင်ရှင်သူဌေးအဖမ်းခံရရာကနေ ဆိုင်ပိတ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်… ဒီဆိုင်လေးတည်မြဲအောင် Ito နဲ့ ဆိုင်ဝန်ထမ်းကောင်မလေးတွေ ဘယ်လိုတွေကြိုးစားကြမလဲဆိုတာကို ဂျပန့်ယဉ်ကျေးမှုအငွေ့အသက်တွေနဲ့အတူ တွဲဖက်ခံစားရမယ့် Coming of Age ဆန်ဆန် ဒရာမာကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 870MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 56Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Crime • Drama
6.7 2021 116 mins
Ito
Rosemary’s Baby
8

Rosemary’s Baby (1968) ~ IMDb – 8/10, Rotten Tomatoes – 96% ~ Rosemary’s Baby ဟာ သမိုင်းအင်မတန်ကြီးတဲ့ ဟော်ရာရုပ်ရှင်ပါ။ ရုပ်ရှင်ကိုယ်တိုင်ကိုကလည်း The Exorcist နဲ့ The Omen တို့လို စေတန်ယုံကြည်မှုနဲ့ဆက်စပ်နေတဲ့ ရုပ်ရှင်တွေရဲ့ မြစ်ဖျားဖြစ်ခဲ့သလို ဒီရုပ်ရှင်နဲ့ ဆက်စပ်နေတဲ့လူအကုန်လုံးကလည်း သမိုင်းကြီးတဲ့လူတွေချည်းပါပဲ။ စာရေးဆရာက Ira Levin, ထုတ်လုပ်သူက ရောဘတ်အီဗန်၊ ဒါရိုက်တာက ရိုမန်ပိုလန်စကီး၊ မင်းသမီးက မီရာဖဲရိုး။ ဒါကိုမှ ရို့စ်မေရီဟာ ပါရာမောင့်ရဲ့ သမိုင်းဝင်ရုပ်ရှင်ဖြစ်ခဲ့သေး အော်စကာတွေလည်းရခဲ့သေးတော့ အဘက်ဘက်က သမိုင်းကြီးတယ်လို့ ပြောရမယ်။ ရို့စ်မေရီကို ၁၉၇၆မှာ ဘော့အီဗန်ဟာ Rosemary’s Baby ဝတ္တုကို ပုံမနှိပ်ခင်မှာတင် ကြိုဝယ် ရုပ်ရှင်ရိုက်ခဲ့ပြီး ၁၉၇၈မှာ ရုပ်ရှင်ကို ရုံတင်နိုင်ခဲ့တယ်။ စာအုပ်ကို ရုပ်ရှင်စရိုက်တဲ့အချိန်မှာ စာအုပ်ဟာ ဘတ်ဆဲလားမဖြစ်သေးဘဲ နောက်ပိုင်းမှဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ ပိုလန်ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ ပထမဆုံး အမေရိကန်ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ခဲ့တယ်။ ပိုလန်စကီးဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းကို သုံးပတ်အတွင်းအပြီးရေးခဲ့ပေမဲ့ အော်စကာဆန်ခါတင်ပါ ဝင်ခဲ့တယ်။ ရတော့မရခဲ့ပါဘူး။ အစကတော့ အဲဖရက်ဟစ်ကော့ကိုရိုက်ခိုင်းဖို့ ကြံခဲ့ကြတယ်လို့ဆိုတယ်။ ဘာပဲဖြစ်ဖြစ် ပိုလန်စကီးကလည်း ဂန္ထဝင်ကားတစ်ကားအဖြစ် အသက်သွင်းနိုင်ခဲ့တယ်။ ဘော့အီဗန်ကလည်း ပိုလန်စကီးကိုသဘောကျခဲ့ပြီး နောက်ပိုင်း Chinatown ရုပ်ရှင်ကိုလည်း ပိုလန်စကီးလက်ပဲအပ်ခဲ့တယ်။ အဲဒီကားလည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ်။ ပိုလန်စကီးဟာ နောက်ပိုင်းမှာ The Pianist လို အော်စကာအများကြီးရခဲ့တဲ့ ရုပ်ရှင်ကိုလည်း ရိုက်ခဲ့တယ်။ The Offer စီးရီးထဲက စကားအရဆို Rosemary’s Baby ဟာ ပါရာမောင့်အတွက် အဲဒီခေတ်မှာတင် ဝင်ငွေအရ ကုမ္ပဏီကိုကယ်တင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့သလို လက်ရှိမှာလည်း ပါရာမောင့်သမိုင်းရဲ့ဂန္ထဝင်တစ်ကားဖြစ်လာခဲ့တယ်။ One of the Greatest Horror Films of All Time လည်း ဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်နဲ့ပဲ အဘွားကြီးမင်နီနေရာက သရုပ်ဆောင်ခဲ့တဲ့ Ruth Gordon ဟာ ဇာတ်ပို့ဆု အကယ်ဒမီရခဲ့တယ်။ ဇာတ်လမ်းကတော့ အဆုံးထိ ဆွဲဆောင်မှုအားကောင်းတယ်။ ဖြဲခြောက်နေတာရော၊ မထိတထိခြောက်နေတာရော မပါသလောက်နဲ့ ဘယ်သူတွေ ဘာတွေဖြစ်နေလဲ တငွေ့ငွေ့ချင်း သရုပ်ဖော်သွားတဲ့ ဇာတ်မျိုးပေါ့။ ဖြစ်နိုင်ရင်တော့ ဘယ်လိုဇာတ်မျိုးလဲ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာကြည့်လိုက် ပိုအရသာတွေ့လိမ့်မယ်။ ရို့စ်မေရီနဲ့ သူ့ယောက်ျား ပြဇာတ်မင်းသားဟာ နာမည်ကျော်အိမ်ခန်းတွဲတစ်ခုမှာ တိုက်ခန်းတစ်ခန်းငှားကြတယ်။ အဲဒီအိမ်က ခေတ်အဆက်ဆက်က လူသားစားတဲ့လူတွေ စေတန်ကိုးကွယ်ခဲ့တဲ့သူတွေ နေခဲ့တယ်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတယ်လို့ သူတို့မိတ်ဆွေက ပြောပေမဲ့လည်း သူတို့ကတော့ အပြင်အဆင်လှတဲ့ အဲဒီအိမ်ကို မငြင်းနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ အဲဒီအိမ်ကို ရို့စ်မေရီနဲ့ သူ့ယောက်ျားစရောက်လာခဲ့တယ်။ သူတို့ရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျောခင်းကပ်အခန်းက အဘိုးကြီးလင်မယားဆီနေနေတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်း ပြတင်းပေါက်ကနေ ခုန်ချသတ်သေသွားတယ်။ အဲဒီကောင်မလေးသေသွားတဲ့အကြောင်းနဲ့ ဆက်စပ်ပြီး သူတို့ဟာ အဲဒီအဘိုးကြီးလင်မယားနဲ့ ခင်လာခဲ့တယ်။ ဒီအချိန်မှာပဲ ရို့စ်မေရီက ကလေးရဖို့ကြိုးစားခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကိုယ်ဝန်ရတဲ့ညမှာ နတ်ဆိုးက သူ့ကို ဗလက္ကာရပြုကျင့်တယ်လို့ အိပ်မက်မက်ခဲ့တယ်။ ရို့စ်မေရီ စေတန်မုဒိန်းကျင့်တာခံခဲ့ရတဲ့ ဇာတ်ဝင်ခန်းဟာ The 100 Scariest Movie Moments မှာ နံပါတ် ၂၃ချိတ်ထားခဲ့တယ်။ ဒီနောက်ပိုင်း ကိုယ်ဝန်ဆောင်ကာလမှာလဲ ထူးထူးခြားခြား ကံကောင်းတာတွေဖြစ်လာခဲ့သလို သူ့ကိုယ်ဝန်က မူမမှန်နေတဲ့ အခြေအနေတွေကိုလည်း ကြုံလာရတယ်။ ဘာလို့ ဒီလိုတွေဖြစ်နေလဲ ရို့စ်မေရီတစ်ယောက် အဖြေရှာဖို့ ကြိုးစားတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.05GB, 1.2GB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 17Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Crime
8 1968 138 mins
Rosemary’s Baby
Wayang Puaka

ဒီတစ်ခါမှာတော့ CM ရဲ့ Horror ပရိတ်သတ်ကြီးများအတွက် မလေးရှား သရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးလိုက် ချင်ပါတယ်။ ဇာတ်ကားနာမည်က မြန်မာလိုဆိုရင်တော့ “သရဲခြောက်တဲ့ရုပ်ရှင်ရုံ” ပါတဲ့။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဟက်တာလို့ခေါ်တဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းတစ်စုက အာနိုမာလီလို့ခေါ်တဲ့ Ghost hunting YouTube channel တစ်ခုထောင်ထားကြပါတယ်။ မလေးရှားနိုင်ငံအတွင်းက သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေကိုသွားပြီး သရဲရှာတာမျိုးကို ရိုက်ကူးတင်ဆက်တဲ့ Channel မျိုးပေါ့။ အဲ့ channel က နာမည်ရလာခါစအချိန်မှာ အာနိုမာလီအဖွဲ့သားတွေက လူငယ်တွေဖြစ်တဲ့အလျှောက် သဘောထားမတိုက်ဆိုင်မှုတွေ ပြဿနာကိစ္စအဝဝတွေကြောင့် အဖွဲ့ပျက်သွားခဲ့ပါတယ်။ အာနိုမာလီအဖွဲ့ကိုစတည်ထောင်တဲ့ ဟက်တာတစ်ယောက်တည်းကပဲ ရိုက်ကူးရေးတွေဆက်လုပ်ရင်း တစ်နေ့မှာတော့ ရုတ်တရက်ပျောက်ဆုံးသွားပါတော့တယ်။ အာနိုမာလီ အဖွဲ့သားဟောင်းတစ်ဖြစ်လဲ ဟက်တာရဲ့ညီဖြစ်သူ အာဖစ်က ဟက်တာရဲ့ Laptop ထဲကို ဝင်ကြည့်တဲ့အခါမှာ ဟက်တာနောက်ဆုံး သွားခဲ့တဲ့နေရာဟာ သရဲခြောက်တဲ့ရုပ်ရှင်ရုံဆိုတာကိုသိသွားပြီး အာနိုမာလီအဖွဲ့သားဟောင်းတွေနဲ့ အဲ့နေရာကိုသွားရောက်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ ဒီဇာတ်ကားက Found footage horror movie မျိုးဖြစ်တဲ့အတွက် သူတို့ရဲ့ရိုက်ကူးရေးကင်မရာတွေ Cctvကင်မရာတွေ web camတွေ စတဲ့ ကင်မရာ footageမြင်ကွင်း တွေကိုတင်ဆက်ထားတာမို့ ပိုပြီး သဘာဝကျတဲ့ခံစားမှု‌မျိုးကိုပေးစွမ်းနိုင်မှာပါ။ Horror movieမှာဆို အဆင့်အတန်းတစ်ခုရှိတဲ့ ‌မလေးရှားသရဲကားဖြစ်တဲ့အတွက် horror အရသာကိုကောင်းကောင်းပေးနိုင်မယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.13 GB / 727 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

0 2023
Wayang Puaka
Battle Front: Duel of the Peaks
5.9

အက်ရှင်ကား ကြမ်းကြမ်းလေးတွေ ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်လေးကို အကြိုက်တွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တရုတ်နိုင်ငံက သိပ္ပံလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ပင်လယ်ရေကို ရေချိုအဖြစ်ပြောင်းလဲဖို့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဲ့ဒီနည်းလမ်းကို နိုင်ငံတကာ သိပ္ပံဒုစရိုက်အဖွဲ့က လုယူဖို့ ကြိုးစားနေပါတယ်။ ကျန့်ဖုန်းဟာ သိပ္ပံအဖွဲ့ရဲ့ ဆရာခေါင်းဆောင်ဖြစ်တဲ့ သိုက်ရှင်းကော်ရဲ့ သားမက်လောင်းဖြစ်ပါတယ်။ နည်းပညာနဲ့ သူ့ရဲ့ ဇနီးလောင်းကို ကာကွယ်ပေးဖို့အတွက် ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး အတိတ်မေ့သွားခဲ့ပါတယ်။ အတိတ်မေ့သွားတဲ့ ကျန့်ဖုန်းကို နျဲ့လင်ဖုန်းက ကယ်ပေးခဲ့ပြီး သူ့အိမ်မှာ ခေါ်ထားခဲ့ပါတယ်။ နျဲ့လင်ဖုန်းဟာ သိုက်ရှင်းကော်ရဲ့ တပည့်အရင်းဖြစ်ပေမဲ့ အောင်မြင်မှု မရတဲ့အတွက် သူ့ဆရာကို မုန်းတီးနေသူ တစ်ယောက်ဖြစ်ပါတယ်။ နည်းပညာအချက်အလက်တွေကို ရှာဖို့အတွက် တူမလေး ရှီးယင်းကို ကျန့်ဖုန်းရဲ့ ဇနီးလောင်းအဖြစ် ဟန်ဆောင်စေခဲ့ပါတယ်။ ကျန့်ဖုန်းတစ်ယောက် အတိတ်က အကြောင်းတွေကို ပြန်သတိရနိုင်မလား…… နည်းပညာ အချက်အလက်တွေက နောက်ဆုံးမှာ ဘယ်သူ့လက်ထဲကို ရောက်သွားလိမ့်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

Drama • Romance • Western
5.9 2020
Battle Front: Duel of the Peaks
Eagle
8.3

Eagle (2024) “လင်းယုန်” IMDb – 8.3/10 စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရာဗီရဲ့ တလေဂူးလ်အက်ရှင် ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ တောင်ထိပ်ပေါ်က ဆယ်ဧကကျယ်တဲ့လယ်ကွင်းကြီးထဲမှာ အေးချမ်းသာယာတဲ့ လယ်တောအိမ်လေးနဲ့ တောင်ခြေက မျိုးနွယ်စုနှစ်ခုပေါင်း လူသုံးရာကျော်ကိုအလုပ်ပေးထားတဲ့ ရက်ကန်းရုံတစ်ခုရှိပါတယ်။ အဲဒီဒေသမှာပဲ ရာသီအတိအကျမှာထွက်တဲ့ ရှားပါးဝါဂွမ်းကနေ ချည်ထည်ရက်လုပ်တဲ့ ရက်ကန်းရုံပေါ့။ အဲဒီတောင်ကုန်းပေါ်က လယ်တောအိမ်မှာနေတာကတော့ လင်းယုန်တစ်ဖြစ်လဲ ဆာဟာဒေ့ဗ်။ သူခွင့်မပြုဘဲ ခြံဝင်းထဲကို ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်ခွင့်မရှိဘူးတဲ့။ ဒါပေမဲ့လည်း အချိန်တစ်နှစ်ကျော်လွန်ခဲ့ချိန်မှာတော့ တောင်ကုန်းပေါ်မှာ ဘာမှမရှိ ပြာအတိပဲကျန်ခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းကို အစဆွဲထုတ်လာတာကတော့ ဂျာနယ်လစ်မမလေး နာလီနီ။ စျေးထဲက ချည်ထည်လေးကိုကိုယ်ကြည့်မိရာက ဆောင်းပါးတစ်ပုဒ်ဖန်တီးမိပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့ အရှုပ်တော်ပုံကြီးထဲကို တစထက်တစ ဝင်ရောက်မိပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ BpL ~ Yunniတို့ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.3 2024 156 mins
Eagle
Gentlewoman
5.5

Gentlewoman 2025 အာဂအမျိုးသမီး Imdb 6.5 ဒီကားလေးက နာမည်ကြားရတာတော့ နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးအကြောင်းများလား မှတ်ထင်ရပေမဲ့ တကယ်တမ်းကြည့်လိုက်ရင်တော့ တော်တော်လေး ကြမ်းတဲ့ဇာတ်လမ်းပါ ဖော်ပြရရင် တကယ့် သည်းထိတ်ရင်ဖိုလမ်းကြောင်းပေါ်မှာ အရှိန်အဟုန်နဲ့ မောင်းနှင်နေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ ဇာတ်လမ်းက ပူနီဆိုတဲ့ မိန်းမသားလေးတစ်ယောက်နဲ့ စတာပေါ့ စစချင်း ပူနီ့ဘဝအကြောင်း ဇာတ်အေးအေးလေး ရိုက်ကူးထားပြီး နောက်တော့ သူ့ခင်ပွန်းအာရဗင်ဆိုတဲ့လူက ဘယ်ရောက်သွားမှန်းမသိ ပျောက်သွားပါတယ် ရဲတွေကတော့ ပိုက်ဆံပြဿနာကြောင့် ထွက်ပြေးသွားတာနေမယ်လို ထင်ကြပေမဲ့ အန်နာဆိုတဲ့ Single Lady စစ်စစ်ကတော့ ပူနီရဲ့ အေးဆေးတည်ငြိမ်နေပုံကို သံသယဝင်နေပါတယ် သူ့စိတ်ထဲမှာတော့ ဒီနောက်ကွယ်မှာ ပိုပြီး လျှိဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုခု ရှိနေတယ်လို ခံစားနေရတာပေါ့ အန်နာဆိုတာက ပူနီတိုရဲ့အိမ်နီးချင်း ယောက်ျားတွေက မိန်းမတွေကို ပစ်ထားခဲ့ရင် ဘာနှုတ်ဆက်စကားမှ မဆိုသင့်ဘူးလို ခိုင်ခိုင်မာမာယုံကြည်ထားတဲ့ အမျိုးသမီးမျိုး ဒီလိုနဲ့ သူတစ်ယောက်တည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ရင်း ပူနီနဲ့ တွေ့ကြတယ် အစပိုင်းမှာတော့ အေးအေးဆေးဆေးဖြစ်ပေမဲ့ နောက်ပိုင်းကျမှ နှစ်ယောက်သားကြားထဲမှာ တင်းမာမှုတွေ တဖြည်းဖြည်း တက်လာပြီး တစ်ယောက်ကိုတစ်ယောက် သံသယတွေ ပိုပိုပြီး ဝင်လာတော့တာပဲ ဇာတ်ကားအစက အေးအေးဆေးဆေး စသွားပေမဲ့ နောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို တော်တော်လေး စိတ်ဝင်စားဖိုကောင်းပါတယ် အမျိုးသမီးတွေရဲ့ ရွေးချယ်မှုတွေအကြောင်း လူ့အဖွဲအစည်းရဲ့ အမြင်တွေအကြောင်းကိုလည်း ခပ်လေးလေးနက်နက် စဉ်းစားစရာတွေ ချန်ထားခဲ့နိုင်တဲ့ ကားမျိုးပါပဲ Gentlewoman က နာမည်နဲ့တော့ ဆန့်ကျင်ဘက်ဖြစ်ပြီး တကယ့် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားဆိုတာ ပြောရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လိုကောင်းသလို အတွေးလည်းနယ်ချဲ့စရာတွေ ပေးနိုင်တဲ့ ကားမျိုးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီကားလေးက လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲ ( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Comedy • Romance
5.5 2025 113 mins
Gentlewoman