YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

A Gentleman's Dignity (2012).EP12.WEB-DL.1080P(CM).mp4

1.4 GB N/A video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Salute
7.7

မှုခင်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ နိုင်ငံရေးနဲ့မှုခင်းတွဲဖက်နေတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် "ငါတို့က ယူနီဖောင်းဝတ်ထားတဲ့ချိန်ပဲ အာဏာရှိတာကွ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရပြုတ်သွားရင် ဒီအုပ်ချုပ်ရေးခရိုင်မှာ ငါတို့ဆိုတာ ရှိမှာမဟုတ်တော့ဘူး" အာဏာမက်တဲ့သူတွေအတွက် အားနည်းချက်မရှိစေဘဲနဲ့ အာဏာကို ဆက်လက်တည်တံ့နိုင်ဖို့ အထက်ဖားအောက်ဖိ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတယ်မလား ဒီဇာတ်ကားလေးမှာလည်း မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မဲ့ မြို့လေးမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီး ၃ပတ်ကြာတောင်မှ အမှုနဲ့ပတ်သတ်ပြီး ဘာတိုးတက်မှုမရှိတဲ့အခါ လက်ရှိအုပ်ချုပ်သူက ရဲဌာနကိုဖိအားပေးလာပါတော့တယ် အာရဗင်က အစ်ကိုဖြစ်သူစံပြပုဂ္ဂိုလ် ရဲအရာရှိကြောင့် ရဲထဲဝင်လာသူလည်းဖြစ်ပါတယ် ဒီအမှုကို အမြန်စုံစမ်းဖို့ဖိအားပေးတဲ့ချိန်မှာ အစ်ကိုဖြစ်သူနဲ့ အာရဗင်တို့ကြား သဘောထားကွဲလွဲမှုဖြစ်လာပြီး အာရဗင်ကို သူ့အစ်ကို နယ်ပြောင်းပြီး တာဝန်ချပေးလိုက်ပါတယ် အမှုကိုစုံစမ်းရင်းနဲ့ ချန်ဒရာဗီလာဆိုတဲ့လူလိမ် နောက်ကို လိုက်ရင်း အမှုက ဘယ်လိုရုပ်လုံးပေါ်လာမလဲ အာရဗင်တစ်ယောက် အမှုကိုကိုယ့်နည်းကိုယ်ဟန်နဲ့ ဘယ်လိုတွေဆက်ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…1.5GB / 800MB Quality…1080p WEB DL Format…mp4 Duration….2h 25min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko & Poe

Action • Crime • Drama
7.7 2022 145 mins
Salute
Deep in the Forest
3.5

ရုပ်ရှင်အကြောင်းမပြောခင် IMDb Ratingအကြောင်း အရင်စချင်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် သိပ်ကောင်းတဲ့ ရုပ်ရှင်မို့ပါပဲ။ IMDb Ratingတွေဟာ တော်တော်မယုံရတဲ့ထဲပါပါတယ်။ ဥပမာ ထိပ်ဆုံးကားတွေထဲ ထပ်ခါတလဲလဲရိုက်နေတဲ့ လင်းနို့လူသားကားကို မူးနောက်နေအောင်ရိုက်တတ်တဲ့ လူက ရိုက်ထားတဲ့ကားလည်း ပါပါတယ်။ အခန်းလေးထဲတင် စကားများပြီး ပြီးသွားတဲ့ အဖြူအမဲကားလည်းပါပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ ဘာဇာတ်အိမ်မှရေရေရာရာမရှိတဲ့ ရိုက်တာတောင် လက်မငြိမ်တဲ့ တရုတ်ကားတွေ ၊ ကြာခိုတာကို နစ်နာရီလောက်ရိုက်ပြသွားတဲ့ တရုတ်ကားတွေ ၊ မိသားစုတစ်ခုထဲက မထူးမဆန်းဟာတွေကို ရိုက်ပြပြီး ပြီးသွားတဲ့ ဂျပန်ကားတွေက rating 8တွေအထိနေရတာပါပဲ ။ Ratingအတိုင်း ယုံရတာ mcuရုပ်ရှင်တွေနဲ့ ကုလားကားတွေလောက်ပဲရှိပါတယ်။ rating များပြီး တကယ်လည်းကောင်းတဲ့ကားတွေပါပဲ။ ဒီတော့ပြောချင်တာက ဒီရုပ်ရှင်ရဲ့ ratingကို မယုံကြပါနဲ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ဟာ အင်မတန်ဆန်းပြားတဲ့ ဇာတ်အိမ်ပါပဲ။ ဒီမိုကရေစီနဲ့ နာမည်ကြီးတဲ့ အမေရိကန်ကြီး ဖက်ဆစ်ဆန်သွားတဲ့အကြောင်းပေါ့။ ကားစစမှာ အမေရိကန်အစိုးရက ဂျာမန်တွေသုံးတဲ့နည်းသုံးပြီး အစိုးရကိုဆန့်ကျင်တဲ့သူတွေကို ဖြိုခွင်းဖို့လုပ်တယ်။ ကိုယ့်လွှတ်တော်အဆောက်အဦးကို ကိုယ့်ဘာသာဗုံးခွဲပြီး အစိုးရကိုဆန့်ကျင်တဲ့လူတွေလုပ်ပါတယ်ဆိုပြီး လိုက်ဖမ်းတာပေါ့။ ဒီလိုနဲ့ အစိုးရကို ဆန့်ကျင်တဲ့လူတွေက တောခိုသွားတယ်။ ကားနာမည်ကိုက တောကြီးမျက်မည်းတဲ့လေ။ တောကြီးမျက်မည်းကနေ မတရားတဲ့ အစိုးရကိုဆန့်ကျင်တဲ့သူတွေရဲ့ အဖြစ်သနစ်ကို ရိုက်ပြထားပါတယ်။ ထူးတာက ဒီကားက အမေရိကန်ရဲ့မရှိသေးတဲ့ ဒုတိယအကြိမ်မြောက် ပြည်တွင်းစစ်ကာလမှာ ဇာတ်အိမ်တည်ထားတာပါ။ ဒီလိုဆန်းဆန်းပြားပြား အိုင်ဒီယာနဲ့ရိုက်ပြီး တောတွင်းက လူ့သဘောမနောတွေကို သေချာပုံဖော်ထားတဲ့ ရုပ်ရှင်ကိုကျ rating နည်းနေပြီး အပေါ်က ဘာမှန်းမသိတဲ့ကားတွေမှာကျ များနေတဲ့ ratingကိုမယုံကြည်ဘဲ ခေတ်ကာလအခြေအနေကိုလည်း ထပ်ဟပ်မှုရှိတဲ့ တကယ့်ကားကောင်းကို လက်လွတ်မခံဘဲကြည့်ကြစေချင်ပါတယ်။ File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__4.1/10 Format__mp4 Duration__01:10:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Michael The Archangel Encoded by Dean Winchester

Comedy • Drama • Fantasy
3.5 2021 77 mins
Deep in the Forest
Unrest
5.8

Horror ကားမျှော်နေကြတဲ့သူတွေအတွက် အလောင်းတစ်လောင်းကြောင့် ဗရုတ်တွေရှုပ်ကုန်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ခန္ဓာနဲ့ဝိဉာဥ်ယှဉ်တွဲနေထိုင်နေကြတဲ့ သတ္တဝါတွေ၊ ခန္ဓာကသေဆုံးပြီးတဲ့အခါ ဝိဉာဉ်ကဘယ်ရောက်သွားမလဲ။ ဘာဆက်ဖြစ်မလဲ။ အကယ်၍ ကျိန်စာသင့်နေတဲ့ ဝိဉာဉ်တစ်ခုဆိုရင်ရော.... ခန္ဓာဗေဒကို ‌လေ့လာနေကြတဲ့ ကျောင်းသားတစ်စုမှာ အယ်လစ်ဆင်၊ ဘရိုင်ယန်၊ ရစ်ခ် နဲ့ ကားလို့စ်တို့ဟာ အလောင်းတစ်ခုကိုခွဲစိတ်ဖို့ တစ်ဖွဲ့တည်းအတူတူကျခဲ့ပါတယ်။ ပထမဆုံးရက်မှာတင် အယ်လစ်ဆင်က အလောင်းကိုမြင်ပြီးတဲ့နောက် ထူးဆန်းတဲ့အာရုံတွေရနေပြီး မူမမှန်တာကို ခံစားနေခဲ့ရတာပါ။ ဒါပေမယ့် သူ့အတန်းဖော်တွေရော၊ သူဆရာကပါ သိပ်ပြီးထွေထွေထူးထူးလို့မထင်ပဲ သူ့ခံစားမှုကို လစ်လျူရှုခဲ့တဲ့နောက် ကြောက်စရာကောင်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။ သူ့အာရုံမှာ ဘာကိုခံစားနေရတာလဲ။ သူတို့ခွဲစိတ်နေခဲ့တဲ့ အလောင်းက ဘာတွေမူမမှန်နေခဲ့တာလဲ။ ဘယ်လိုမကောင်းဆိုးရွားမျိုးက သူတို့ဆီကိုချဉ်းကပ်လာနေသလဲဆိုတာကို ရင်တထိတ်ထိတ်တဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…2.01GB / 727MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 28m Genre ..... Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Fantasy • Horror
5.8 2006 88 mins
Unrest
Adipurush
4.9

Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…1.33GB Quality…720p WEB DL  Format…mp4 Duration….2h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollowood Team

Drama • Science Fiction
4.9 2023 179 mins
Adipurush
Lost and Found
7.2

Lost and Found (1996) ~ IMDb – 7.2/10, Rotten Tomatoes – 76% ~ နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ပြန်ရှာပေးတဲ့ အလုပ်ပေါ့။ ပိုက်ဆံအိတ်၊ ဖုန်း၊ ဈေးသည်ရဲ့အလေး၊ အိမ်မွေးတိရိစ္ဆာန်ကနေ သရဲအထိ သူတို့မရှာပေးတာ ဘာဆိုဘာမှမရှိဘူး။ တစ်ခါတလေကျ လူတစ်ယောက်ပေါ့။ ကံဆိုးရင်တော့ တောဘဲရိုင်းတွေကနေ သေပြီးသားလူအထိ ရှာပေးရတတ်တယ်။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာမရှိဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့ ပျောက်တာမှန်ရင် ရှာပေးတဲ့ သူတို့ဟာ သွေးကင်ဆာဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပျောက်နေတဲ့ မျှော်လင့်ချက်ကို ရှာပေးဖို့ အကြောင်းဖန်လာခဲ့တယ်။ အဝေးဆီက ဥဩဆွဲသွားတဲ့ ရထားသံနောက်မှာ တွဲလျောင်းပါသွားတဲ့ မျှော်လင့်ချက်တွေ၊ မှောင်ရီလု သိဟ်ရာသီညနေခင်းရဲ့ မြေသင်းနံ့တွေ၊ အင်္ဂတေတွေ ကွာကျနေတဲ့ လမ်းဘေးအုတ်ခုံကလေးပေါ်က နေ့တွေ၊ ကမ္ဘာအစွန်းတစ်ဖက်ဆီ မျှော်ရီရင်း တငွေ့ငွေ့ကုန်လွန်ခဲ့ဖူးတဲ့ အနီးအနားမေတ္တာတွေ၊ မှောင်ချိန်မတိုင်ခင် လင်းတဲ့နေ့တွေ…၊ ဘယ်တစ်ခုက ပိုပြန်ရှာတွေ့ဖို့ခက်လဲ။ အစကတည်းမပိုင်ခဲ့တဲ့အရာလား အထားအသိုမှားခဲ့တဲ့အရာလား။ သူ့အချစ်ဟာ အစကတည်းက ကျွန်တော်မပိုင်ခဲ့တဲ့ အရာလား၊ သတိလက်လွတ်ဖြစ်ခဲ့ခြင်းလား။ ပြန်ရှာလို့မတွေ့နိုင်တဲ့ တစ်စုံတရာတွေ ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုအလင်းနဲ့ ဖာထေးမလဲ။ မှော်ပညာဆိုတာကို ယုံလား။ ဒီကမ္ဘာကြီးရဲ့ ဟိုးဖက်အလွန်မှာ ဘာမဆိုဖြစ်နိုင်တဲ့တစ်နေရာ ရှိချင်ရှိမပေါ့။ နားထင်မှာ သေနတ်တေ့လျက်သားသူအတွက် ဖားမိုးတွေရွာကျလာသလိုမျိုး “Desus Ex Machina”, မျှော်လင့်ချက်ကျန်ဖို့သက်သက် ရိုးရိုးလေး ယုံကြည်ထားတဲ့ “Desus Ex Machina”, မှော်ဆန်တဲ့ ဖြစ်ရပ်တွေ ဒီကမ္ဘာမှာ မရှိပါဘူးလို့ ဘယ်သူတွေပြောလဲ။ တကယ်တမ်း ချစ်တတ်ခဲ့ရင် အခိုက်အတန့်တိုင်း မှော်ဆန်ခဲ့မှာပဲ။ မပိုင်မဆိုင်ရတော့ရင်တောင် ပြန်ယူဆောင်မသွားနိုင်တော့တဲ့ ဟိုးတုန်းက ညနေခင်းတွေဟာ ဒီဘဝအတွက် ရတုအဆက်ဆက် မှော်ဆန်နေလိမ့်ဦးမယ်။ ကြားဖူးတယ်… ဘယ်သူမဆို တစ်ဦးတစ်ယောက်ရဲ့ ဒဏ်ရာတွေ ကုစားပေးနိုင်တဲ့ မှော်ဆရာတွေ ဖြစ်နိုင်သလို ဘဝရဲ့အခိုက်အတန့်တိုင်း ဘဝရဲ့အပိုင်းအစတိုင်းက မှော်ဆန်နိုင်သတဲ့။ “ဟေး ဂျွန် အချစ်ကိုမနိုင်မချင်း သယ်ဆောင်လာတဲ့ တမျှော်တခေါ်အနမ်းရဲ့ ဟိုးအတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့။ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့…” – မောင်သိန်းဇော် — — — — — — (Lost and Found ဟာ ဒီဘက်က ဟောင်ကောင်ပရိသတ်တွေ ပြောတာသိပ်မတွေ့ရပေမဲ့ အာရှရုပ်ရှင်ပရိသတ်တွေကြားတော့ တော်တော်လေး ဘောင်ဝင်တဲ့ ဟောင်ကောင်ကားပါ။ ကျွန်တော်တို့လို နှောင်းပိုင်းလူတွေ ဒီကားကို ကြည့်ဖြစ်ကြရင် ဝေါင်ကာဝေးကားတွေနဲ့ ကျွန်တော်တို့ကိုဖမ်းစားခဲ့ပြီး ဟောင်ကောင်ကားကောင်း မနည်းရိုက်ခဲ့တဲ့ Takeshi Kaneshiro ကြောင့်လို့ပြောရင် မမှားပါဘူး။ Takeshi Kaneshiro ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်ဆိုပေမဲ့ Lost and Found ဟာ Takeshi Kaneshiro ရဲ့ Solo ကားတွေထဲ အကောင်းဆုံးကားလို့ပြောလို့ရတဲ့အထိ လှတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ဂိတစ်ချို့ရဲ့ အကြိုက်ဆုံး ဟောင်ကောင်ရုပ်ရှင်ငါးဆယ်ထဲ ထက်ဝက်လောက်မှာ နေရာယူနေတတ်ပြီး ရိုမန့်ဒရာမာကြိုက်တဲ့လူတွေဆို တစ်ခါကြည့်ပြီးတာနဲ့ နောက်တစ်ခါပြန်ကြည့်ချင်စိတ်ပေါ်စေမယ့်အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း Faye Wong နဲ့ တော်တော်လေးဆင်သလို သူ့အလှကလည်း ဒီကားကို ပိုတောက်ပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ သီချင်းတွေကလည်း ကားနဲ့အတော်လေးပနံသင့်တဲ့ ရိုမန့်ကားတွေမှာ ပါသင့်ပါထိုက်တဲ့ အချက်တွေ အကုန်ပါနေတဲ့ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါ) [ဝတ္တုတွေထဲမှာ ဇာတ်လိုက်မင်းသား သို့ မင်းသမီး ကြုံနေရတဲ့ အခက်အခဲပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းတဲ့နည်းရှိပါတယ်။ ဝေဖန်ရေးဝေါဟာရအနေနဲ့ Deus Ex Machina လို့ ခေါ်တယ်။ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးပါးက ဝင်ကယ်လိုက်တာမျိုးပါပဲ။ ဂရိရှေးဟောင်းပြဇာတ်တွေက အစပြုတယ်။ သဘောက ဒီလို။ မင်းသား သို့ မင်းသမီးဟာ အခက်အခဲ ဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကို သဘာဝကျကျ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့မကြိုးစားဘဲ နတ်လိုလို သိကြားလိုလို တန်ခိုးရှင်တွေက ဝင်ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ဇာတ်သိမ်းသွားတယ်။ အဲ့ဒီလို ဝင်ဖြေရှင်းပေးလိုက်တာကို ဘာမှသွားပြောလို့မရဘူး။ သဘာဝမကျဘူးလို့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ – ဇော်ဇော်အောင်၏ ဝေဝေရီရီမှ ] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.02GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
7.2 1996
Lost and Found
Man on the Moon
7.4

Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ “အဆိုအကလူကြီး” လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင်‌ တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။

Action • Comedy
7.4 1999 118 mins
Man on the Moon
Songjiang God Father
5.9

SongJiang GodFather ဆိုတဲ့ Action ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1930 ခုနှစ် အစောပိုင်းလောက်မှာ ဂျပန်က တရုတ်ပြည်မထဲက ဟယ်နန်ပတ်ဝန်းကျင်မှာ စီးပွားရေးတိုးချဲ့ရန် ကြိုးစားနေပါတယ်။ ထိုအချိန်မှာ ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုတွေ များစွာဝင်လာခဲ့ပါတယ်။ ဂျပန်လျှို့ဝှက်တပ်ဖွဲ့တွေကလဲ ကျန့်ကျိုးတစ်ဝိုက်မှာ လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဂျပန်တွေ ဖက်ကလဲ ဂျပန်တုန်းယန်ကုမ္ပဏီတည်ထောင်ပြီး စီးပွားရေး ဆိပ်ကမ်းတည်ဆောက်ရန်အတွက် ပြည်မအတွင်းမှ ကုန်သည်များအဖွဲ့နဲ့ ပူးပေါင်းရန် လိုအပ်နေပါတယ်။ ဒါကို ကုန်သည်များအဖွဲ့ဥက္ကဌကြီးကုက လက်မခံခဲ့ပါဘူး။ သို့သော် ဥက္ကဋ္ဌကြီးရဲ့ သားအရင်းဖြစ်သူ ကုရှီးကွမ်းကတော့ ဂျပန်တွေနဲ့ ပူးပေါင်းပြီး အကျိုးအမြတ်ရချင်တဲ့အတွက် အ ဖေဖြစ်သူကို သတ်ခဲ့ပြီး သူ့ရဲ့မွေးစားညီဖြစ်သူ ကုယန့်ချိုးကို စွပ်စွဲခဲ့ပါတယ်။ လူသတ်သမားအဖြစ် စွပ်စွဲခံထားရတဲ့ ကုယန့်ချိုးတစ်ယောက် သူအပြစ်ကင်းကြောင်းကို သက်သေပြဖို့ ဘယ်လို ကြိုးစားရမလဲ…… သူ့အဖေကို သတ်ခဲ့တဲ့လူကိုရော ကလဲ့စားပြန်ချေနိုင်ပါ့မလား ဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။

5.9 2023
Songjiang God Father
Samara
7.9

Samara (2023) “ဇာတ်ရှုပ်” ===================== IMDb 8.6 အန်တိုနီဆိုတဲ့ ရဲအရာရှိဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ အစွန်အဖျားဒေသက မြို့လေးတစ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမြို့လေးမှာ လူတွေဟာ ထူးဆန်းတဲ့ပုံစံနဲ့ တစ်ယောက်ပြီးတစ်ယောက် သေနေပါတယ်။ အန်တိုနီဟာ အဲဒီ လူတွေသေနေရတဲ့အကြောင်းအရင်းကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဇီဝစစ်ပွဲဖြစ်လာနိုင်တဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်မိကုန်ပါတော့တယ်။ ဒီ Samara ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ Charles Joseph ရဲ့ ပွဲဦးထွက် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေက ပရိသတ်တွေအတွက် အမြင်စိမ်းနေနိုင်ပေမဲ့ ဇာတ်လမ်းက စပိုင်ဇာတ်လမ်းဆန်ဆန်နဲ့ ဇာတ်အိမ်ခိုင်တဲ့အတွက် ပရိသတ်တွေ သဘောကျနိုင်မယ့် ရုပ်ရှင်လေးတစ်ခုပါပဲ…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V, BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Documentary • Horror • Thriller
7.9 2023 118 mins
Samara
Land of the Blind
6.4

Land of the Blind (2006) =================== IMDb Rating – 6.4/10 Land Of The Blind.2006 ဇာတ်ကားu နိုင်ငံရေး Drama ဇာတ်ကားပါ။ စာရေးဆရာက နိုင်ငံရေးအတွေအခေါ်ပေါ်အခြေပြုပြီးတော့ ဇာတ်လမ်းကို ဆင်ထားပါတယ်။ ကြည့်ရှုသူပရိတ်သတ်အနေနဲ့တော့ ဒါရိုက်တာတင်ပြထား တဲ့ရှုထောင့်ကပဲ တစ်သပ်မတ်တည်း ကြည့်ရှုခံစားပေးရမယ်လို့ မရှိဘဲ ဖြစ်နိုင် ခြေတွေကို ဒီဇာတ်လမ်းနှင့်အတူ ဝေဖန်သုံးသပ်ကြရမှာပါ။ ပဒေသရာဇ်အစဥ်အလာတွေကို မင်းမဲ့ဝါဒရောနှောထားတဲ့ သမ္မတဂိုဏ်သား တွေက ဖြုတ်ချပယ်ဖျက်ပြီးနောက်မှာ သမ္မတဂိုဏ်းသားတွေကလည်း သူ့တို့ ဟစ်ကြွေးခဲ့တဲ့မူတွေအတိုင်း မနေနိုင်ကြတာကြောင့် သူတို့အရေးတော်ပုံမ အောင်မြင်တဲ့အကြောင်း တင်ဆက်ထားတာပါ။ ဒါပေမယ့် ဒီနေရာမှာ စဥ်းစား စရာတွေက သမ္မတဂိုဏ်းသားတွေ လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ နည်းနာတွေက တကယ် ပဲ သူတို့ဟစ်ကြွေးထားတဲ့အတိုင်းပဲ ဖြစ်နေသလား။ ဒါရိုက်တာရဲ့တင်ဆက်မှုမှာ ဘာတွေထပ်ပြီး သုံးသပ်လို့ရမလဲဆိုတာကိုတော့ ပရိတ်သတ်က ကြည့်ရှုရင်း ဆုံးဖြတ်ပေးရမှာပါ။ Best Narrative Features အပိုင်းမှာ ဆုအတွက် တင်သွင်း ခံရပြီးတော့ IMDb rating 6.4 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.77 GB) / (573 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Thy Santa Encoder……….SWM

Fantasy • Drama • Thriller
6.4 2006
Land of the Blind
Ghar Banduk Biryani
6.8

Ghar Banduk Biryani (2023) IMDb 6.8 ဇာတ်ဝင်ခန်း ၈၀% လောက်ကို တောထဲမှာအခြေတည်ထားတဲ့ မာရသီစကားပြော အက်ရှင်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ် မိဘမဲ့ စားဖိုမှူးလေး ရာဂျူးက မိန်းမရဖို့ရာ အိမ်တစ်လုံးမဖြစ်မနေ အရင်ဝယ်ဖို့ မိန်းကလေးဘက်က တောင်းဆိုတာကြောင့် စဥ်းစားရကျပ်နေချိန်မှာ ဓားပြဗိုလ်ဆီရောက်သွားပြီး ဓားပြဗိုလ်က ဆုံးသွားတဲ့ ဇနီးသည်ရဲ့ ဒန်ပေါက်လက်ရာကိုလွမ်းတာကြောင့် ဒန်ပေါက်ချက်ရမယ့် အလုပ်ပေးလာတယ် တစ်ဖက်မှာ ရဲအရာရှိပါတီးလ်ကတော့ ရိုးရာပွဲတစ်ခုမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တဲ့ ကျောင်းသားတစ်စုကို ဆော်ပလော်တီးရာကနေ လွှတ်တော်အမတ်ရဲ့သားကို လုပ်မိလို့ ဓားပြတွေရှိရာ နယ်ဘက်ကို တာဝန်ပြောင်းခံလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ အလွမ်းအဆွေး၊ အက်ရှင်ဇာတ်ကြမ်း၊ ဟာသ၊ သီချင်းတို့နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်ထားတဲ့ ဒီရုပ်ရှင်လေးကို အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

6.8 2023 161 mins
Ghar Banduk Biryani
Between the White Key and the Black Key
6

ဘားအသေးစားလေးမှာ ဖျော်ဖြေနေတဲ့တီး၀ိုင်းထဲက စန္တယားသမားလေး ဟီရိုရှိကို ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် သီချင်းတစ်ပုဒ်တောင်းဆိုလာပါတယ်, ဒီသီချင်းက The Godfather ထဲက ဇာတ်၀င်တေးသီချင်းပါ ဒါပေမယ့်တစ်ခုရှိတာက ဒီသီချင်းကို ယာကူဇာဘော့စ် ကူမာနိုတစ်ဦးထဲကပဲ တောင်းခွင့်ရှိပြီးတော့ တီးခွင့်ရှိတာကလဲ ဂင်ဇာမြီု့ကနာမည်ကြီးတီး၀ိုင်းမှာတီးနေတဲ့ မီနာမီဆိုတဲ့ စန္တယားဆရာတစ်ယောက်တည်းရှိတာပါ, ဒါကိုမသိပဲ The Godfather သီချင်းကိုဖျော်ဖြေမိသွားတဲ့ ဟီရိုရှီ ရဲ့ ကံကြမ္မာက… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File size_(750MB)/(350MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan

6 2023 94 mins
Between the White Key and the Black Key
As Above, So Below
6.2

Abandon All Hopes, Ye who Enter Here ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ Adventure/ Horror ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်ပါတယ်။ ရှေးဟောင်းခေတ်က သူတွေဟာ ထာဝရအသက်ရှင်ခြင်းကို အင်မတန်မှ လိုလားကြပါတယ်။ ဒါဟာ အခုခေတ်ကျွန်တော်တို့တွေလည်း ဘဝမှာ အနည်းဆုံးတစ်ခါတော့ စိတ်ကူးယဉ်ဖူးကြမှာပါ။ မှော်ပညာတွေ အက္ခရိတ်ပညာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာလည်း ထာဝရအသက်ရှင်ခြင်းပါပဲ။ ဒီလို ထာဝရရှင်သန်ခြင်းကို အက္ခရိတ်ပညာနဲ့ ရရှိခဲ့တဲ့ သူရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုရှိပါတယ် အဲဒါကတော့ Nicolas Flamel ပါ သူဟာ ၁၄၁၈ ခုနှစ်မှာ သေဆုံးသွားပေမဲ့ သူဖန်တီးခဲ့တဲ့ Philosopher Stone ဟာ ထာဝရအသက်ရှင်ခြင်း ဒါမှမဟုတ် မီးတိုင်တစ်တိုင်ကို ထာဝရလင်းနေစေနိုင်တဲ့ အနှိုင်းမဲ့ စွမ်းအင်တွေ ပေးနိုင်တယ်လို့ ယခုအချိန်ထိ ယုံကြည်နေကြသူတွေ ရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ စကားလတ်ဆိုတဲ့ ရှေးဟောင်းသုသေသနပညာရှင်တစ်ယောက်က သူ့အဖေရဲ့ မပြီးဆုံးခဲ့တဲ့ ဒီ Philosopher Stone ကို ရှာနေခဲ့ပါတယ် ဒီလိုရှာဖွေနေရင် သဲလွန်စ ရလာခဲ့တဲ့ အချိန်မှာတော့ ပဲရစ်မှာရှိတဲ့ Nicolas Flamel ရဲ့ အုတ်ဂူနဲ့ ကျောက်စာက ဝှက်ထားတဲ့ စာတွေကိုဖော်ဖို့ဖြစ်လာပါတယ် ဒါပေမဲ့ ဒီရှေးဟောင်းစာပေကို မဖတ်နိုင်တဲ့အတွက် စကားလတ်ရဲ့ မိတ်ဆွေဟောင်း ‌ဂျော့ဂျ်ကိုသွားခေါ်ပြီး ပဲရစ်မြို့ရဲ့ မြေအေက်သင်္ချိုင်း catacomb တွေထဲမှာ ရှာပုံတော်ထွက်လာခဲ့ပါတယ်။ စကားလတ်တို့ philosopher stone ကိုရှာတွေ့သွားမှာလား လမ်းမှာ‌ရော ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့သွားရမလဲ ဆိုတာကို ဒီမြေအောက်သင်္ချိုင်းတွေထဲမှာ လိုက်ပါကြည့်ရှုရမှာပါ ဒီဇာတ်လမ်းဟာ Horror ဆိုပေမဲ့ Jump Scare တွေကို လိုအပ်သလောက်ပဲ သုံးထားပြီး ဇာတ်ကောင်တွေရဲ့ ကိုယ်ပေါ်က ကင်မရာရိုက်ချက်တွေနဲ့ ဖြစ်တာကြောင့် တစ်ကားလုံးမှာ ကိုယ်တိုင် ပါဝင်လိုက်ပါနေရသလို ခြောက်ခြားမှုခံစားချက်အပြည့်ရမှာပါ။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က မင်းသမီး Perdita Weeks တို့ ပါဝင်ထားကြတာမလို့ တကယ်ကို ကြည့်ရတာ တန်မှာပါ The Only Way Out is Down File Size : 2.1 GB, 1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Zin Sann Oo Encode by : Thit San Khant

Drama
6.2 2014
As Above, So Below
The 5-Year Christmas Party

2024 ‌Octoberနှောင်းပိုင်းမှာထွက်ရှိခဲ့ပြီး Holiday, Romance Genres အမျိုးအစားရုပ်ရှင်ဖြစ်တဲ့ The 5 Year Christmas Party လေးကတော့ တက္ကသိုလ်တက်နေတဲ့လူငယ်နှစ်ဦးရဲ့ School Life ကိုအသားပေး‌ဖော်ပြတာမဟုတ်ပဲ ခရစ္စမတ်ကာလ ၅ခုမှာ သူတို့ဘယ်လိုတွေဖြတ်သန်းလဲဆိုတဲ့ Holiday POV ကို ခရစ္စမတ်အငွေ့အသက်တွေနဲ့အတူ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ပြဇာတ်ဘာသာရပ်ကို သင်ယူနေကြတဲ့ Alice နဲ့ Max တို့ Christmas Party တစ်ခုမှာ ဆုံကြပုံနဲ့ အစပျိုးထားပါတယ်။ ရည်မှန်းချက်ကြီးလွန်းတဲ့ကောင်မလေး Alice ဟာ သူ့အမေလုပ်ငန်းဆုံးရှုံးသွားတဲ့အခါ အိမ်ငှားခ၊ ကျောင်းလခတွေအတွက် အလုပ်ရှာရပါတော့တယ်။ တစ်ချိန်တည်းမှာတော့ Max ဆိုတဲ့ကောင်လေးက သရုပ်ဆောင်လုပ်ဖို့အတွက် လေ့ကျင့်မှုတွေလုပ်ရင်း ကြိုးစားနေချိန်ပါ။ Alice က Max ရဲ့အစ်မ Pam ရဲ့Catering Serviceမှာ သူငယ်ချင်း Daniel အကူအညီနဲ့ အလုပ်ရခဲ့ပြီး Max ကတော့ Audition တွေလုပ်ရင်း ရုပ်ရှင်ရိုက်ဖို့အတွက်ပြင်ဆင်နေပါတယ်။ ခရစ္စမတ်မှာ သူတို့တွေ့ဆုံဖြစ်ကြကာ ခံစားချက်ကို ဝန်ခံခဲ့ပေမယ့် သူငယ်ချင်းအဖြစ်ဆက်နေရင်းက တစ်နှစ်နဲ့တစ်နှစ်‌ပိုပြီး သံယောဇဉ်တွယ်လာကြတဲ့ သူတို့ဟာ ဘွဲ့ရပြီးနောက် ရည်မှန်းချက်တွေအ‌ကောင်အထည်ဖော်ဖို့တစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ခံစားချက်တွေ ထိန်းသိမ်းနေရင်း Alice နဲ့ Max တို့နှစ်ဦးသား အဆင့်တက်ပြီး ချစ်သူတွေဖြစ်သွားနိုင်မလား၊ သူငယ်ချင်းတွေအနေနဲ့ပဲ အခင်အမင်မပျက်နေသွားကြမလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကား‌လေးပဲဖြစ်ပါတယ် File size…(1.5 GB)/(873 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…TV Movie,Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Viven

Comedy
0 2024
The 5-Year Christmas Party
Timestalker
5.6

ဒီဇာတ်ကားလေးကတော့ 2024 october တုန်းက ထွက်ရှိထားတဲ့ sci-fi romance အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Director အဖြစ်ရော writer အဖြစ်ရော အဓိကသရုပ်ဆောင် အဖြစ်ပါ Alice Lowe က ပါဝင်ထားပြီးတော့ တခြားသရုပ်ဆောင်တွေ အဖြစ် Aneurin Barnard, Jacob Anderson နဲ့ Nick Frost တို့က ဝင်ရောက်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Agnes ဟာ Alex ဆိုတဲ့ ယောကျ်ားတစ်ယောက်ကို ချစ်မိသွားပြီးတော့ ကံမကောင်းစွာနဲ့ပဲ ပေါင်းဖက်ခွင့်မရခဲ့ပါဘူး။ အဲဒါနဲ့ ဖြစ်သမျှဘဝတိုင်းမှာ Alex ကိုပဲ လိုက်ရှာနေပြီးတော့ နှစ်ယောက်အတူပေါင်းဖက်ဖို့ ကြိုးစားရင်း သမိုင်းတစ်လျှောက် ဘဝပေါင်းများစွာ ဒီတစ်ယောက်တည်းကိုပဲ ချစ်နေတဲ့ Agnes ရဲ့တစ်ဖက်သက်အချစ်သံသရာကို ပရိသတ်တွေ အနေနဲ့ ကြည့်ရှုကြရမှာပါ။ IMDb မှာ 5.7/10 ဆိုတဲ့ rating ကောင်းတစ်ခုကို ရရှိထားကာ စိတ်ဝင်စားစရာကောင်းပြီးတော့ ကြည့်ရှုသူတွေကို ရသပေါင်းစုံ ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.36GB) / (724MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Comedy , Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Action • Crime • Thriller
5.6 2024 89 mins
Timestalker