YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

A Date With The Future E25 720p WEB-DL CM.mp4

305.82 MB N/A video/mp4 84 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Great Gatsby
7.4

(၁) တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။ (၂) ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။ (၃) ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။ (၄) မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ သူမျှော်လင့်တဲ့အနာဂတ်တစ်ဖြစ်လဲ သူ့အိပ်မက်တစ်ဖြစ်လဲ ဒီအလင်းပွင့်စိမ်းကလေးဆီ ဂတ်စ်ဘီ ခရီးရှည်ကြီးကိုဖြတ်သန်းပြီး လာခဲ့တယ်။ သူဟာ မျှော်လင့်ချက်တစ်ခု အချစ်တစ်ခုနဲ့ ဒါကိုတာက တဲကုပ်ကလေးကနေ ကျွန်တော်ကျောခိုင်းထားတဲ့ စံအိမ်ကြီးဆီအထိ အရောက်လှမ်းခဲ့တယ်။ ကျွန်တော့်ရောင်းရင်းကြီး ဂတ်စ်ဘီဟာ ဒီလောက်ထိမျှော်လင့်ချက်ကြီးခဲ့ အချစ်ကြီးခဲ့ ဝဋ်ကြီးခဲ့တဲ့သူပါ။ ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှလူတွေထဲ ဂတ်စ်ဘီဟာ မျှော်လင့်ချက်အကြီးဆုံးလူလို့ ကျွန်တော်ပြောရဲတယ်။ (၅) ဂတ်စ်ဘီရဲ့ ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်ညီမဝမ်းကွဲ ဒေစီလို့ပြောရင်လည်း မမှားဘူးပေါ့။ ကျွန်တော် ဂတ်စ်ဘီကို ပထမဆုံးတွေ့တာက နယူးယောက်က ပါတီတစ်ခုမှာပါ။ နယူးယောက်ဆိုတာထက် ဝက်စ်အက်ဂ်ပေါ့ဗျာ။ ဒေစီကတော့ ဝက်စ်အက်ဂ်နဲ့ ပင်လယ်အော်ကြီးခြားထားတဲ့ တစ်ဖက်ကမ်းက အိစ်အက်ဂ်မှာနေတယ်။ ဘယ်လောက်ပဲချမ်းသာပါစေ ခေတ်ပျက်သူဌေးတွေဟာ မျိုးနဲ့ရိုးနဲ့ချမ်းသာတဲ့ လူကုံထံတွေနေတဲ့ အိစ်အက်ဂ်ကို မကပ်နိုင်ခဲ့တာများလားပါပဲ။ ကျွန်တော့်ရောင်းရင်းကြီး ဂတ်စ်ဘီဟာ ဒေစီနဲ့နီးချင်လို့ ဒေစီ့အိမ်တစ်ဖက်ကမ်းက အိမ်ကိုဝယ်ခဲ့တယ်။ တစ်နေ့နေ့မှာ ဒေစီများ ရောက်လာမလားဆိုပြီး ခြိမ့်ခြိမ့်သဲစည်ကားတဲ့ ပါတီကြီးတွေပေးခဲ့တယ်။ သူငါးနှစ်လုံး အရိပ်မှမမြင်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလောက်ထိလုပ်ခဲ့တဲ့သူပါ။ ဒေစီ့ကိုချစ်မိခဲ့တဲ့ လွန်ခဲ့တဲ့ငါးနှစ်ကစပြီး ဂတ်စ်ဘီဟာ သူ့ဘဝတစ်ခုလုံးကို ဒေစီ့ပေါ်ပုံအောလိုက်တဲ့အထိ အချစ်ကြီးခဲ့တဲ့သူပါပဲ။ (၆) နယူးယောက်က Queensboro တံတားကြီးကို ဖြတ်လိုက်ပြီးတာနဲ့ ဘာမဆိုဖြစ်လာနိုင်မယ်လို့ ကျွန်တော်ထင်မှတ်မှားခဲ့သလို ဂတ်စ်ဘီလည်း သူဘာမဆိုဖြစ်လာနိုင်မယ်လို့ ထင်မှတ်မှားခဲ့ပုံပါပဲ။ ဘယ်လိုပဲ အတိတ်ကံမကောင်းခဲ့ပါစေ ဒေစီနဲ့အတူ အတောက်ပဆုံးအနာဂတ်လေးကို ဖန်တီးနိုင်လိမ့်မယ်လို့ ဂတ်စ်ဘီ ထင်မှတ်ခဲ့တယ်။ တစ်ချိန်က တိမ်လိုလေလို လွင့်သွားခဲ့တဲ့ သူတို့ရဲ့ ချစ်ကမ္ဘာကြီးကို ပြန်တည်ဆောက်နိုင်မယ်လို့ ဂတ်စ်ဘီ ယုံကြည်ခဲ့တယ်။ ဒီလောကကြီးဟာ ကျွန်တော်တို့ထင်သလို လည်ပတ်နေတာ မဟုတ်ခဲ့တာကိုတော့ ဂတ်စ်ဘီရော ကျွန်တော်ရော မသိခဲ့ကြဘူးပေါ့။ ဒီမြက်ခင်းလဲ့ပြာတွေဆီအထိ ခရီးရှည်ကြီးလာခဲ့ရတဲ့ ဂတ်စ်ဘီဟာ ဝက်စ်အက်ဂ်နဲ့ အိစ်အက်ဂ်ကြားက ပင်လယ်အော်လေးကိုတော့ ဘယ်လိုမှ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ သူ ဘယ်လိုပဲကြိုးစားပြေးလည်း ဒေစီဆိုတဲ့ မီးပွင့်စိမ်းလေးဟာ သူ့အနောက်မှာ ကျန်ရစ်ခဲ့ပြီးသားဖြစ်နေလေတော့ သူ ဘယ်လိုမှ လက်လှမ်းမမီနိုင်ခဲ့ဘူးပေါ့။ (၇) သူမမီနိုင်ပါတဲ့ အိပ်မက်ကလေးနောက် ဂတ်စ်ဘီလိုက်ခဲ့တယ်။ သူ့အိပ်မက်ကလေးဟာ သူ့မျက်စိရှေ့တင်ရောက်နေပြီလို့ သူထင်ခဲ့တယ်။ ကျိန်းသေပေါက်ဖမ်းဆုပ်နိုင်ပြီလို့ ထင်မှတ်မှားခဲ့တယ်။ စစကတည်းကိုက သူ့အိပ်မက်ကလေးဟာ သူ့နောက်မှာ ကျန်ရစ်ခဲ့ပြီးသားဖြစ်နေတာကိုတော့ သူမသိခဲ့ပုံပါပဲ။ အလင်းပွင့်စိမ်းကလေးကို ဂတ်စ်ဘီ ယုံကြည်မျှော်လင့်ခဲ့ဖူးတယ်။ အလင်းပွင့်စိမ်းကလေးဟာ ကျွန်တော်တို့မျက်စိရှေ့တင်ပဲ တစ်စထက်တစ်စ မှေးမှိန်လာရင်း အဆုံးကျ ဂတ်စ်ဘီ လက်လွှတ်လိုက်ရတာပါပဲ။ ပသို့ပဲဆိုဆို ဂတ်စ်ဘီဟာ အရင်လိုဘ၀အစမှာ ပြန်ပြီးနေခွင့်ရခဲ့လည်း ဒေစီ့အတွက် အပြန်တစ်ရာမိုက်ဦး အဖန်တစ်ရာမှားဦးမယ့် သူဆိုတာ ကျွန်တော်သေချာနေတယ်။ (၈) ခင်ဗျားကို ကျွန်တော် "အတိတ်ကို ပြန်ပြင်လို့မရဘူး"လို့ ပြောတုန်းက "အတိတ်ကို ပြန်ပြင်လို့မရဘူးဆိုတဲ့ ခင်ဗျားအယူအဆမှားတယ်ဗျ"လို့ ခင်ဗျား ကျွန်တော့်ကို ပြန်ပြောခဲ့တာ မှတ်မိသေးလား ဂတ်စ်ဘီ။ ခင်ဗျားပြောသလို ကျွန်တော် မှားလိုက်ချင်ပါတယ်။ ခင်ဗျားရဲ့ အလင်းပွင့်စိမ်းကလေးကို ခင်ဗျား လက်လွတ်လိုက်ရတာကို ကျွန်တော်မမြင်ချင်ပါဘူး။ ဘယ်သူတစ်ဦးတစ်‌ယောက်ကမှ ဖျက်ဆီးမပစ်နိုင်တဲ့ အိပ်မက်တစ်ခုကို ဖုံးကွယ်ရင်း ကျွန်တော်တို့ရှေ့ ခင်ဗျားရပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ခင်ဗျား ဘယ်သူဆိုတာကို မှန်းဆခဲ့ကြဖူးတယ်။ ခင်ဗျားဘဝကို နားမလည်ပါဘဲ ခင်ဗျားကို အထင်မှားဖူးကြတယ်။ ကျွန်တော်လည်း ဒီအတိတ်ကို ပြန်ပြင်ချင်မိတယ်။ ပြန်ပြင်လို့ရမှာမဟုတ်တာတော့ သေချာသလောက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နောက်နေ့တွေမှာ ကျွန်တော်တို့ ပိုကြိုးစားပြေးပြီး ကျွန်တော်တို့လက်တွေကို ပိုဝေးဝေး ဆန့်ထုတ်ကြမယ်။   တစ်နေ့နေ့မှာတော့...    ရေစီးလားရာကို စုန်ကန်ပြီး     အတိတ်နေ့တွေဆီ လမ်းမသွေဖီ,      လည်ပြန်ခေါ်ကာသွားမယ့်       လှေတွေကို        ကျွန်တော်တို့အတူ လှော်ခတ်ကြတာပေါ့။                                              - နစ်ကာရာဝေး ------ (၉) F. Scott Fitzgerald ရဲ့ The Great Gatsby ဝတ္တုဟာ သူ့ကို ပြန်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်များစွာထက် ပိုကျော်ကြားတဲ့ ဂန္တဝင်ဝတ္တုကြီးပါ။ ဇာတ်လမ်းသက်သက်ကြည့်ရင် အချစ်ကြီးတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲလို့ ယူဆလို့ရပေမဲ့ ထိုခေတ်ထိုအခါက အမေရိကန်အိပ်မက်တွေအကြောင်းကို သူ့အရေးအသားပညာနဲ့ metaphor တွေကို သုံးပြီး သရော်ထားတယ်လို့ ဆိုကြပါတယ်။ ရှာဖတ်ကြည့်သလောက်တော့ နောက်ဆုံးအပိတ်စာသားဆို နိမိတ်ပုံခေါ်ရမလားတော့မသိတဲ့ဟန်တွေရော တင်စားရေးသားမှုတွေရောသမထားတဲ့ ကဗျာစာကြောင်းဆန်ဆန်ဖြစ်နေတာကြောင့် ပရိသတ်တွေကြား အဓိပ္ပာယ်နည်းနည်းစီ ကွဲနေကြအထိပါပဲ။ အကောင်းမြင်တဲ့ဘက် ရောက်တဲ့စာကြောင်းပေမဲ့ b တွေအများကြီးသုံးထားတာက အတိတ်ရဲ့အလဲထိုးခံရတဲ့ ဂတ်စ်ဘီ့အဖြစ်ရဲ့ အငွေ့ပါအောင် B, beat down နဲ့ P, past ရဲ့ အငွေ့ပါအောင်သုံးထားတယ်လည်း ဆိုကြပါတယ်။ သို့ပေမဲ့ ဒီလိုစကားလုံးတွေက ကဗျာလို စကားလုံးတွေထက် ကျော်လွန်တဲ့ခံစားမှုကို ပေးချင်တဲ့အခါ သုံးကြတယ်လို့ ကျွန်တော်တော့မှတ်ယူပါတယ်။ ပြောရရင် ခံစားသူပေါ် ပိုမူတည်တယ်ထင်ပါတယ်။ ဒါရိုက်တာကလည်း ရှေ့စကားလုံးတွေမှာ စာအုပ်အတိုင်းအတိအကျယူတာနည်းပေမဲ့ ဒီအပိတ်ကိုတော့ အတိအကျကိုထည့်သုံးထားပါတယ်။ ဒါရိုက်တာဟာ စာအုပ်ကို သစ္စာမဖောက်ခဲ့ပါဘူး။ (၁၀) သရုပ်ဆောင်တွေမှာလည်း တိုဘီမက်ဂွိုင်းရားရဲ့ ဆွေးမြေ့မြေ့အသံဟာ စိတ်ကိုအတော်ဖမ်းစားနိုင်သလို လီယိုနာဒိုဆို ဂတ်စ်ဘီဇာတ်ရုပ်နဲ့ သူ့ထက်လိုက်မယ့်သူရှိမယ်မထင်လို့ ရှေ့ကားတွေကို ခုထိမကြည့်ဖြစ်တဲ့အထိပါပဲ။ ကျန်တဲ့သရုပ်ဆောင်တွေလည်း သူ့နည်းသူ့ဟန်ပီပြင်ကြသလို ဆုတွေလည်းရခဲ့ကြပါတယ်။ အော်စကာမှာ Best Production Design ဆုနဲ့ Costume Design ဆုရခဲ့သလို Cinematography ဆု, Editing ဆု၊ Original Score ဆုနဲ့ သရုပ်ဆောင်ဆုတွေကိုလည်း တခြားပွဲတွေက ရထားပါတယ်။ ရလည်းရသင့်ပါတယ်။ စီနီမာတို အသံ အခန်းအကူးတွေအကုန်လှပနေတဲ့ ဇာတ်လမ်းအရသာမက အမြင်ပိုင်း အသံပိုင်းအရပါ ဖမ်းစားနိုင်တဲ့ ရုပ်ရှင်ပါပဲ။ (၁၁) ဒါရိုက်တာ Baz Luhrmann ဟာ လီယိုနဲ့ရှေ့မှာ ရိုမီယိုဂျူးလီယက်ကားရိုက်ဖူးသလို Moulin Rouge တို့ Australia တို့လို အလှပဆုံးကားတွေကို ရိုက်ခဲ့တဲ့သူပါပဲ။ မဝေဖန်တတ်ပေမဲ့ တော်တော်လှလှပပပြတတ်တဲ့ ဒါရိုက်တာဆိုတာတော့ သေချာပါတယ်။ (၁၂) ပရိသတ်အတွက် ကားကောင်းဖြစ်သည့်တိုင်အောင်ပဲ ဝေဖန်ရေးသမားတွေကြားတော့ နှစ်ခြမ်းကွဲခဲ့ကြတဲ့ ရုပ်ရှင်ပါပဲ။ ရှေ့ကားတွေရော မူရင်းစာအုပ်ကြောင့်ရောကြောင့် ဖြစ်နိုင်ပေမဲ့ ကျွန်တော်တော့ တင်ဘာတန် ချာလီနဲ့ ချောကလက်စက်ရုံရဲ့ အရသာကို မူလကားက မီမယ်မထင်သလို ‌ဒါကိုလည်းမထင်ပါဘူး။ ကိုယ့်ရဲ့ပထမဆုံးအရသာတွေဟာ အကောင်းဆုံးဖြစ်သွားတတ်တာပဲမို့လား။ ဝေဖန်ရေးသမားတွေနှစ်ခြမ်းကွဲခဲ့ကြပေမဲ့ စာရေးဆရာရဲ့ မြေးမကတော့ ဒီရုပ်ရှင်ကို ချီးကျူးခဲ့ပြီး "Scott would have been proud"လို့ ထောပနာပြုခဲ့ပါတယ်။ (၁၃) The Great Gatsby ဟာ ကျွန်တော့်အတွက်တော့ ခဏခဏ သတိအရမိဆုံး ရုပ်ရှင်ပါပဲ။ စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်ဆီကထွက်တဲ့ သီချင်းတွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ "အချစ်ဆိုတဲ့အရသာ" သီချင်းကို နားထောင်တိုင်း သတိရမိနေကျ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အချစ်ဆိုတဲ့အရသာဟာ ကျွန်တော်ရံဖန်ရံခါနား‌ထောင်ဖြစ်တဲ့ သီချင်းဖြစ်သလို ဒုတိယပိုဒ် "အရင်လို ဘ၀အစမှာ ပြန်ပြီးနေခွင့်ရတောင် အပြန်တစ်ရာမိုက်ဦးမှာ အဖန်တစ်ရာမှားဦးမှာ" နားရောက်တိုင်း ဂတ်စ်ဘီကို ပြေးမြင်မိစေတဲ့ သီချင်းလည်းဟုတ်ပါတယ်။ ဂတ်စ်ဘီဟာ ကျွန်တော့်အတွက် ခဏခဏ အမှတ်ရမိနေလောက်အောင် စွဲစေတဲ့ ရုပ်ရှင်ပါပဲ။ The Great Gatsby (2013) ဟာ မော်ဒန်ကလပ်စစ်ရုပ်ရှင်အဖြစ် သတ်မှတ်ခံရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5GB, 1.36GB, 652MB Quality - Blu-ray 1080p, 720p, 360p IMDb Rating - 7.2/10 Format - mp4 Duration - 2H 23Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2013 143 mins
The Great Gatsby
Valentine's Day
5.9

Valentine's Day 270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်း‌ဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။ လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။ File size__( 1.1 GB) Quality__Blu-720p IMDb Rating__5.7/10 Format__mp4 Duration__02:04:39 Type__Comedy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Drama • War
5.9 2010 125 mins
Valentine's Day
Home Team
6.8

ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးမှာတော့ အားကစားနဲ့ဟာသကို ယှဉ်တွဲတင်ဆက်ထားတာဖြစ်ပါတယ်။  ရှောင်းပေတန်ဟာ အပြင်လောကမှာ အမေရိကန်ဘောလုံးအားကစား (American Football) ရဲ့ နာမည်ကြီးနည်းပြတစ်ယောက်ဖြစ်ပြီး ယခုအခါမှာ နည်းပြအဖြစ်မှအနားယူနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့နည်းပြဘဝရဲ့အကြီးမားဆုံးသော အမှတ်တရ ဒါမှမဟုတ် အိပ်မက်ဆိုးကြီးကို နောက်ခံပြုပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ အမေရိကန်ဘောလုံးရဲ့ အမြင့်ဆုံးလိဂ်မှာ ဖလားတွေရယူနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဒီနည်းပြကြီးဟာ သူ့ရဲ့မွေးရပ်မြေမှာ သူ့သား ပါဝင်ကစားနေတဲ့ ဘောလုံးအသင်းကို နည်းပြဝင်လုပ်ပေးခဲ့ပါတယ်။ သူဟာ သူ့အမျိုးသမီးနဲ့ ကွာရှင်းထားသူဖြစ်ပြီး သားဖြစ်သူဟာလည်း အမေနဲ့ပဲနေထိုင်ရင်းကနေ အဖေကို နာကျည်းနေခဲ့သူတစ်ယောက်ပါ။ ဒီလိုအချိန်မှာ သားဖြစ်သူပါဝင်နေတဲ့ ဘောလုံးအသင်းကိုနည်းပြလုပ်ရင်းနဲ့ သားအဖသံယောစဉ်တွေကို ဘယ်လိုမျိုးပြန်လည်ချည်နှောင်ကြမလဲဆိုတာ ရယ်စရာလေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေးကြည့်ရှုရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size          :  (1.6GB), (807MB) & (387MB) Quality            : WEB-DL 1080p, 720p & 480p Format            : mp4 Duration         : 1hr & 35mins Genre              : Comedy, Sport Translated by  Paing & Jumper Neysman Encoded by Kinnov

Drama • Sci-Fi & Fantasy
6.8 2022 95 mins
Home Team
Mrs. Undercover
7.1

Mrs. Undercover 2023 အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောအက်ရှင်၊ ဒရမ်မာ၊ ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7.1 အထိရရှိထားပြီး Pad man, Andhadhun စတဲ့ကားတွေမှာ နာမည်ကြီးမင်းသားတွေနဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ မင်းသမီး Radhika Apteဖြစ်ပါတယ်။ ဒီကားမှာတော့သူက အိမ်ထောင်ရှင်မမိခင်တစ်ဖြစ်လဲ လျှို့ဝှက်စုံစမ်းရေးအေးဂျင့်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း Strong ဖြစ်ပြီး independent ဖြစ်တဲ့အမျိုးသမီးကိုမှ ရွေးပြီးသတ်တဲ့လူသတ်သမားတစ်ယောက်ရှိပါတယ်။ အထူးအေးဂျင့်တပ်ဖွဲ့မှာ ဒီလူသတ်သမားကိုစုံစမ်းဖို့ အေးဂျင့်တစ်ယောက်ပြီးတစ်ယောက် လွှတ်ရာမှာ မအောင်မြင်ဘဲ နောက်ဆုံးမစ်ရှင်လွှတ်စရာ အေးဂျင့်မရှိအောင်ဖြစ်သွားတော့တယ်။ ဒီလိုနဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ဒူရ်ဂါဟာ လူသတ်သမားကိုစုံစမ်းဖို့မစ်ရှင်မှာ ဘယ်အစိတ်အပိုင်းကနေ၀င်ပါသွားမလဲ၊ အိမ်ထောင်ရှင်မနောက်ကွယ်မှာ သူ့ဘ၀ဟာဘယ်လို‌တွေဖုံးကွယ်ထားတယ်ဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။

Comedy • Action • Drama
7.1 2023
Mrs. Undercover
Down Low
5.5

ဒီဇာတ်လမ်းလေးကတော့ Comedyကိုမှ LGBTQ ပုံစံလေးနဲ့ ဇာတ်အိမ်တည်ထားပါတယ်…။ Dark Comedyလေးတွေနဲ့ ဗရုတ်သုတ်ခ ‌ဂေးတို့ဘဝကို ပီပီပြင်ပြင် မြင်တွေ့ရဦးမယ့်ကားလေးပါပဲ…။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ Down Lowဆိုတဲ့အတိုင်း သိုသိုသိပ်သိပ်ဖုံးဖုံးဖိဖိနဲ့ ကြိတ်ပုန်းဂေးနေတဲ့ အိမ်ထောင်ရှင်ကြီးအကြောင်းပေါ့…။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဂေရီဟာ နောက်တစ်လသာအသက်ရှင်ရတော့မယ့် ရောဂါရှင်အိမ်ထောင်သည်ကြီး‌ပါ…။ သူမသေခင်လေးမှာ တစ်သက်လုံးဖုံးဖိလာခဲ့တဲ့ ဆန္ဒလေးတွေကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ကြည့်မယ်ဟဲ့ဆိုပြီး ဂေးနေကြောင်းမိသားစုကို ဖွင့်ပြောလိုက်ပါတယ်…။ ဖွင့်ပြောပြီးချက်ချင်းပဲ ဇနီးနဲ့သားနှစ်ယောက်က ပစ်သွားလို့ တစ်ကိုယ်တည်းကြေကွဲနေရသူပေါ့…။ ဒီလိုနဲ့ ပွ့င်ချင်တာတောင် ပြည့်ပြည့်ဝဝ မပွင့်ရဲ မပွင့်တတ်တော့ပါဘူး…။ တစ်ကိုယ်တည်းဘဝဖြစ်သွားပြီးနောက် သူ့ဆန္ဒလေးတွေပြည့်ဝအောင်ဆိုပြီး ‌ ဂေးအနှိပ်သည်လေးတစ်ယောက်ကို ငှားလိုက်ပါတယ်….။ ဒီမှာစပြီး ငါးပါးမှောက်တဲ့ဇာတ်လမ်းကစတော့တာပါပဲ…။ အပုန်းကြီးနဲ့ အနှိပ်သည်လေးတို့ နှစ်ယောက်ပေါင်းလောင်းကျော်ပြီး ဘယ်လို ဗရုတ်ကျဦးမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီဗျာ….။ File size…1.17GB / 469MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2023 95 mins
Down Low
O Jerusalem
6

O’ Jerusalem (2006) အို ဂျေရုစလင်..သင့်ကိုကျွန်ုပ်မေ့ခဲ့ပါမူ…ညာလက်တော်သည် တီးခတ်နိုင်စွမ်းပျောက်ဆုံးပါစေ…ကျွန်ုပ်ပျော်ရွှင်မှုကို ဂျေရုစလင်ထက် ဦးစားပေးခဲ့ပါမူ ကျွန်ုပ်လျှာသည်အာခေါင်ဖြင့်ကပ်၍ သီဆိုနိုင်စွမ်းတို့ အားလုံးပျောက်ကွယ်ပါစေ။ (:ဆာလံ-၁၃၇) အားလုံးပဲ လတ်တလော ပဋိပက္ခဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်ကိစ္စကို အားလုံးစိတ်၀င်စားနေကြမှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးက မနေ့တစ်နေ့ကမှ ထဖြစ်တာမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စလာခဲ့ကြတာပါ။ အစ္စရေးနဲ့ အာရပ်နိုင်ငံများရဲ့ နာမည်ကျော် ၆ရက်စစ်ပွဲဆိုရင်လည်း မသိသူရှားပါလိမ့်မယ်။ ဒီကားလေးကတော့ “O Jerusalem” ဆိုတဲ့စာအုပ်ကို ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဒီကားထဲမှာ ဗြိတိသျှတွေရဲ့မလည်ရှုပ်ပုံတွေ၊ ဂျူးတွေနဲ့ အာရပ်တွေနဲ့ ကမ္ဘာမကြေတဲ့ရန်ပွဲစဖြစ်လာပုံတွေအပြင် အစ္စရေးနိုင်ငံဖြစ်တည်လာတဲ့အကြောင်းတွေ ဘာသာကြီးသုံးခုရဲ့အထွတ်အမြတ်ဖြစ်တဲ့ဂျေရုဆလင်မြေပေါ်က သွေးချောင်းစီးတိုက်ပွဲတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရောစပ်တင်ဆက်ထားပါတယ်။ “O Jerusalem” စာအုပ်ကို Dominique Lapierre နဲ့ Larry Collins ဆိုတဲ့ စာရေးဆရာ ၂ဦးက ၂နှစ်တာ အချိန်ယူ သုတေသနလုပ်ရေးသားခဲ့ပြီး အင်တာဗျူးထောင်ပေါင်းများစွာနဲ့ တခြားကိုးကားချက်များစွာကို လေ့လာရေးထားတာပါ။ လက်ရှိအစ္စရေးတိုင်းပြည် မွေးဖွားလာပုံအကြောင်းကို တင်ဆက်ပြသထားတဲ့ စာအုပ်လည်းဟုတ်ပါတယ်။ Dominique Lapierre ကိုတော့ မြန်မာစာဖတ်သူ တော်တော်များများ ရင်းနှီးကြမှာပါ။ မြသန်းတင့်ရဲ့ သုခမြို့တော်၊ မောင်ပေါ်ထွန်းရဲ့ သန်းခေါင်ယံလွတ်လပ်ရေးတို့ကိုရေးခဲ့တဲ့ မူရင်းစာရေးဆရာပါပဲ။ ဒီစာအုပ်ကိုလည်း အိုဂျေရုဆလမ်ဆိုပြီး ကျော်အောင်က မြန်မာဘာသာပြန်ဆိုရေးသားဖူးပါတယ်။ အကြောင်းအရာကတော့ “ဒုတိယကမ္ဘာစစ်အပြီး အရှေ့အလယ်ပိုင်း ပါလက်စတိုင်းဒေသတွင် အစ္စရေးနိုင်ငံတည်ထောင်ရန် ကြိုးပမ်းသူများနဲ့ ဟန့်တားသူ အာရပ်တို့၏ ခါးသည်းပြင်းထန်သော ပဋိပက္ခများ” လို့ ကျော်အောင်က ရေးထားဖူးတယ်။ ရုပ်ရှင်ကတော့ အဲဒီဂျူးနဲ့အာရပ်လူမျိုးတွေထဲက လူမျိုးကွဲ သူငယ်ချင်း၂ယောက်ရဲ့ ဇာတ်လမ်းပေါ့။ စာအုပ်မှာတော့ အာရပ်ရော ဂျူးရောရဲ့ နှစ်နိုင်ငံအခြေအနေတွေကို ဘက်မလိုက်ဘဲ တင်ပြသွားပေမဲ့ ရုပ်ရှင်ကတော့ ဝါဒဖြန့်ရုပ်ရှင်ဆန်သွားခဲ့တယ်လို့ ဆိုကြတယ်။ ကားက ကျန်တာအကုန်ကောင်းပေမဲ့ ဝါဒဖြန့်ဖို့လုပ်ရင်း မလှမပဖြစ်သွားတာလေးတော့ ရှိခဲ့တယ်။ နှစ်ဖက်စလုံးက အဆိုးအကောင်းတွေကို ဒီရုပ်ရှင်မှာ သေချာပြသွားပေမဲ့ ကြည့်ရှုသူကို တစ်ဖက်အပေါ် မသိမသာသနားစိတ်လေးဝင်သွားအောင် ရိုက်ပြသွားတယ်လို့ဆိုတယ်။ ဒါကိုကလည်း ဝါဒဖြန့်ချိရေးကားတွေရဲ့ အထာပဲတဲ့။ ဒီလိုဝတ္ထုထူကြီးတွေကို ရိုက်တဲ့ကားတွေထဲ အကောင်းထွက်လာတဲ့ ကားကတော်တော်ရှားတော့ ဒီလောက်ကိုပဲ တော်တော်လေး တော်လှပါပြီ။ အားလုံးကြည့်သင့်ကြည့်ထိုက်တဲ့ အရှေ့အလယ်ပိုင်းအကြောင်း ရုပ်ရှင်ပါပဲ။ ( ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။)

6 2006 100 mins
O Jerusalem
Uniki

Madam Collector – Uniki 2022 ( မမခရိုင်မှူး) ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ် ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါ အိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက် ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ် ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲ ဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ် အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Drama
0 2022
Uniki
Sometimes I Think About Dying
6.6

ဇာတ်ကားခေါင်းစဥ်လေးအတိုင်းပဲ တစ်ခါတလေကျ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တည်ရှိမနေချင်တော့ လောက်အောင် ပျောက်ဆုံးသွားသလို၊ သေဆုံးသွားသလို စိတ်ကူးမိတဲ့အတွေးလေးကို ရိုက်ကူးပြထားတဲ့ကားလေးပါပဲ။ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း Star Wars ရုပ်ရှင်တွေထဲက’ရေး’အဖြစ်သရုပ်‌ဆောင်တဲ့ မင်းသမီး Daisy Ridleyဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူဟာ တစ်နေ့တစ်နေ့ လူမှု အသိုင်းအဝိုင်းမှာ ‌ဘောင်မဝင်တဲ့ ရုံးဝန်ထမ်းလေး ဖရန်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်အိမ်မျိုးက Introvertတစ်ယောက်ကို ရိုက်ကူးပြသ ထားတာနဲ့ပိုတူတယ်ဗျ။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊ မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်း တွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိ ကြတဲ့အဖြစ်မျိုးပေါ့….။ ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာ အလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေ စဖြစ်ခဲ့ပါတယ်…။ သို့ပေမယ့် သူ့လို introvertတစ်ယောက်အတွက် အချစ်ဆိုတာ ခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…900MB / 454MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.6 2023
Sometimes I Think About Dying
The Details
6.1

The Details (2011) ================== ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2011
The Details
Azhagiya Kanne
6.7

ဒါရိုက်တာကြီးရဲ့ ဖူးစာ IMDb-7.9/10 တမီးလ်ရုပ်ရှင်တွေရဲ့ ညိုချောမင်းသမီးလေး Sanchita Shetty က Leo Sivakumar တိုရဲ့ မတူညီတဲ့ အဆင့်အတန်းတွေကြားက အချစ်ဇာတ်လမ်းတစ်ပုဒ်။ ဗီဂျေးစည်သူပတီနဲ့ နာမည်ကြီးဒါရိုက်တာ Prabhu Solomon တိုပါ ဧည့်သည်သရုပ်ဆောင်ပါဝင်ထားတဲ့ကားဖြစ်ပါတယ် စီရူမာလိုင်ရွာလေးက နွားနိုသည်ရဲ့သားအဖြစ်နဲ့ မွေးဖွားလာပေမဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်လမ်းတွေရဲ့ ဒါရိုက်တာကိုအားကျပြီး နာမည်ကြီးဒါရိုက်တာဖြစ်ချင်သူ အင်ဘာ ။ ဖုန်းတွေ အင်တာနက်တွေကမဟုတ်ဘဲ ဒါရိုက်တာကြီးတွေဆီ စာပိုသမား စာတိုက်ကတစ်ဆင့် စာတွေနေ့စဉ်ပိုပြီး ဒါရိုက်တာအိပ်မက်အတွက် ဇွဲကြီးလွန်းသူ။ ကောလိပ်က ဇာတ်လမ်းအညွှန်းပြိုင်ပွဲတစ်ခုအတွက် ပါရမီရှိပြီးသားအင်ဘာဆီကို အကူအညီလာတောင်းတဲ့ ပုဏ္ဏားမျိုးရိုးက ကာ့စ်သူရီတို ဇာတ်လမ်းအကြောင်းပြ တီတီတာတာဖြစ်နေကြတာကို ပတ်ဝန်းကျင်ကတစ်ဆင့် ကာ့စ်သူရီတိုအုပ်ထိန်းသူတွေရဲ့ နား ပေါက်သွားတော့တယ် ။ အင်ဘာ့ဆီ နာမည်ကြီးဒါရိုက်တာကြီးဆီက ပြန်စာလည်းရောက်လာပြီဆိုတော့ မျိုးရိုးအဆင့်အတန်းကွာခြားမှုတွေနဲ့ အလှမ်းကွာကြဦးမလား ဒါရိုက်တာလောင်းကြီးဆိုတာနဲ့ ကြည်ဖြူသွားကြမလား ဘောလိဝုဒ်ကားတိုပီပီ နိုင်ငံရေးအလှည့်အပြောင်းတွေရော ပါလာဦးမလားဆိုတာတော့ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

Drama
6.7 2023
Azhagiya Kanne
First Daughter

ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex

0 2004
First Daughter
War of the Arrows
7.1

War of the Arrows (2011) ************************* စစ်ပွဲတွေနဲ့ အတိုက်အခိုက်တွေ ကြည့်ရတာကြိုက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ဂျိုဆွန်းခေတ်က ထူးချွန်တဲ့လေးသမားအကြောင်းကို ရိုက်ကူးထားတဲ့ နန်းတွင်း အက်ရှင်ကားလေးဖြစ်တဲ့ War Of the Arrows ကို CM မှ တင်ဆက်ပေးထားပါတယ်နော် .. Cast တွေအနေနဲ့ကတော့ The Last Princess ထဲက မင်းသား Park Hae Il နဲ့ Flower of Evil ထဲက မင်းသမီး Moon Chae Won တို့အပြင် Queen Woo ထဲက မင်းသား Kim Mu Yeol , Moving ထဲက မင်းသားကြီး Ryu Seung Ryong စတဲ့ နာမည်ကြီး မင်းသားမင်းသမီးတွေ အများကြီးပါဝင်ထားပြီး IMDb 7.1 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် .. ဇာတ်လမ်းအကျဉ်း *************** အဖေဖြစ်သူက နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ်ခံလိုက်ရပြီး အသတ်ခံလိုက်ရတဲ့အချိန်မှာ ထွက်ပြေးလာနိုင်ခဲ့တဲ့ နမ်ရီ (Park Hae Il) နဲ့ ဂျာအင် (Moon Chae Won) တို့ မောင်နှမနှစ်ယောက်ဟာ အဖေဖြစ်သူရဲ့ မိတ်ဆွေအိမ်မှာ ဇာတ်မြှုပ်ပြီးနေနေခဲ့ရပါတယ် .. အရွယ်ရောက်လာကြပြီး ဂျာအင်ဟာ အဲဒီအိမ်တော်ရဲ့ သခင်လေးဖြစ်သူ (Kim Mu Yeol) နဲ့ ထိမ်းမြားလက်ထပ်လိုက်တယ် .. ထိမ်းမြားလက်ထပ်ပွဲ ကျင်းပနေတဲ့နေ့မှာပဲ မန်ချူးလူမျိုးတွေ ကျူးကျော်လာပြီး တစ်ရွာလုံးကို အကျဉ်းသားအဖြစ် ခေါ်ဆောင်သွားခဲ့တယ် .. အကျဉ်သားအဖြစ် အခေါ်ဆောင်သွားခံရတဲ့ သူတို့တွေ ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြမှာလဲ… မန်ချူးလူမျိုးတွေကိုရော ဘယ်လိုပြန်လည်တိုက်ထုတ်သွားကြမှာလဲ…ဆိုတာကို တစ်ကားလုံး အတိုက်အခိုက် action scenes အပြည့်နဲ့ မျက်လုံးမမှိတ်တမ်း စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. (အညွှန်းကို Vanessa မှ ရေးသားပေးထားပါတယ်) File size…3.66GB / 1.54GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 2 min. Genre ….. Action, Historical, Drama, War Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

7.1 2011 122 mins
War of the Arrows