YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A Chinese Ghost Story 1 (1987) 720p WEB-DL CM.mp4

1.21 GB N/A video/mp4 809 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Tank
5.2

ဘန်နဲ့ ဇနီးဖြစ်သူ ဂျူးလ်တို့ဟာ မမျှော်လင့်ထားပဲနဲ့ ကမ်းရိုးတန်းဒေသမှာရှိတဲ့ အပန်းဖြေအိမ်ကြီးတစ်အိမ်ကို အမွေဆက်ခံဖို့ဖြစ်လာပါတယ်။နှစ်လေးဆယ်လောက် လူသူမနေတဲ့အိမ်ကြီးကို ဘန်တို့မိသားစုသွားကြည့်တဲ့အခါမှာ အိမ်အိုကြီးပတ်လည်မှာ အလွန်တရာလှပတဲ့ ကမ်းခြေနဲ့သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတာကို တွေရပါတယ်။ ခြံဝန်းထဲမှာလည်း မြေအောက်စမ်းရေနဲ့ချိတ်ဆက်ထားတဲ့ အလွန်တရာမှကြီးမားတဲ့ရေလှောင်ကန်ကြီးလဲရှိနေပါတယ်။ဘန်ရဲ့အမေက ဒီအိမ်အကြောင်းကို ဆုံးပါးသွားချိန်အထိ ဘာလို့လျှို့ဝှက်ခဲ့တာလဲ။ အိမ်ကြီးထဲမှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.5 GB)/(860 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

Action & Adventure • Sci-Fi & Fantasy
5.2 2023 100 mins
The Tank
Tetris
7.8

IMDb Rating - 7.4/10 တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect လို့ နာမည်ပေး ခဲ့တဲ့အထိပါပဲ။ ဒီရုပ်ရှင်ကတော့ စစ်အေးတိုက်ပွဲကာလမှာ တက် ထရစ်ဂိမ်း ကမ္ဘာကျော်လာပုံရဲ့ နောက်ခံဇာတ်လမ်းတွေကို ရိုက် ကူးထားတာပါ။ ဒါပေမဲ့ ပျင်းစရာ ဒရာမဟုတ်ပါဘူး Thriller ပုံစံရိုက်ကူးထားတာဖြစ်လို့ သည်းထိတ်ရင်ဖိုကြည့်ရမှာပါပဲ။ ဒါရိုက်တာ Jon S. Baird ရိုက်ကူးထားပြီး Kingsmen မင်းသား Taron Egerton အဓိကပါဝင်ထားပါတယ်။ အဓိကကတော့ Kingsmen တွေရဲ့ ပရိုဂျူဆာ Matthew Vaughn ကြောင့်ပါပဲ။ တက်ထရစ်ဂိမ်းရဲ့ မူပိုင်ခွင့်ကို ကုမ္ပဏီကြီးတွေ လုကြတဲ့အကြောင်း ဆိုပေမဲ့ ဂိမ်းတီထွင်သူဟာ ရုရှားကဖြစ်ပြီး စစ်အေးတိုက်ပွဲကာလ ဖြစ်နေတာကြောင့် KGB ထောက်လှမ်းရေးတွေပါ ပတ်သတ်နေပြီး မော်စကိုမှာ သူလျိုစစ်ဆင်ရေးလုပ်နေသလိုကို ကြည့်ရမှာပါ။ ရုရှားဟာ ကွန်မြူနစ်နိုင်ငံဖြစ်လို့ ဂိမ်းတီထွင်သူဟာ မူပိုင်ခွင့်မရှိပါဘူး ငွေလည်းမရပါဘူး။ မူပိုင်ခွင့်ငွေကို အစိုးရကပဲ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီးအချိန် ကွန်မြူနစ်အစိုးရ တစ်ခုလုံး ချစားနေတဲ့အချိန်ဖြစ်တာကြောင့် မရိုးရှင်းခဲ့ပါဘူး။ နိုင်ငံ အတွက်ရမယ့်ငွေကို အိတ်ထဲထည့်ချင်လို့ လာဘ်စားပြီး ဈေးနှိမ်တဲ့ ကုမ္ပဏီကိုပဲ ရောင်းချင်တဲ့ အကျင့်ပျက်နိုင်ငံ့ခေါင်းဆောင်တွေပါမယ် လူလည်စီးပွားရေးသမားတွေပါမယ် အစုံပါပဲ။ ဒီတော့ စပိုင် thriller ကြိုက်တဲ့သူတွေ ဖြစ်ရပ်မှန်ကြိုက်တဲ့သူတွေ အားလုံး ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.38 GB) / (611 MB) / (356 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 58Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, History Translator.......Mr.Anderson Encoder..........Zin Phyo Aung

Horror
7.8 2023 118 mins
Tetris
Teen Wolf: The Movie
7.7

ဒီရုပ်ရှင်ကတော့ Teen Wolf (2011-2017) စီးရီးရဲ့နောက်ဆက်တွဲကို ရုပ်ရှင်အနေနဲ့ ၂ နာရီခွဲကြာအောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်အားလုံး ပြန်လာကြတာမို့ Teen Wolf ဖန်တွေတော့ အရမ်းကြိုက်ကြမှာပါပဲ။ စီးရီးမကြည့်ဖူးတဲ့သူတွေလည်း ကြည့်လို့ရအောင် အတိုချုံးလေး ရှင်းပြပေးထားပါ့မယ်။ အဓိက ဇာတ်ကောင်ကတော့ ဘီကွန်ဟေးလ်မြို့လေးမှာနေတဲ့ စကော့ မက်ကော ဆိုတဲ့ သမန်းဝံပုလွေပါပဲ။ စီးရီးအဆုံးမှာတော့ သူဟာ သမန်းဝံပုလွေအုပ်ရဲ့ အယ်ဖာခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီ။ သူ့အမေကတော့ သူနာပြုပါ။ သူ့ရဲ့ ချစ်သူ အလီဆန်အားဂျန့်ကတော့ သမန်းဝံပုလွေ မုဆိုးမျိုးရိုးဖြစ်ပြီး စီးရီးထဲမှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက စတလင်းစကီးခေါ် စတိုင်းပါ။ သူကတော့ သမန်းဝံပုလွေတွေကို တချိန်လုံးကူညီခဲ့တဲ့ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းပါပဲ။ နောက်တော့ FBI ထဲရောက်သွားပါပြီ။ စတလင်းစကီးရဲ့အဖေကတော့ ရဲမှူးပါ။ စတိုင်းရဲ့ကောင်မလေး လစ်ဒီယာကတော့ ဘန်းရှီးဖြစ်ပြီး သေခြင်းတွေကို မြင်နိုင်တဲ့အစွမ်းနဲ့ အသံလှိုင်းနဲ့တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပါတယ်။ စကော့မက်ကောရဲ့ နောက်ထပ်အချစ်ဆုံးမိတ်ဆွေကတော့ ဒဲရက်ဟေးလ်လို့ခေါ်တဲ့ သမန်းဝံပုလွေဖြစ်ပြီး စီးရီးအဆုံးမှာတော့ အီလိုင်ဆိုတဲ့ သားတစ်ယောက်နဲ့ အတူနေထိုင်နေပါပြီ။ ဒဲရက်ရဲ့ ညီမကတော့ မာလီရာတိတ် ဖြစ်ပြီး သမန်းမြေခွေးပါပဲ။ နောက်ပြီး ပဲရစ်ရှ်ဆိုတဲ့ ရဲတပ်သားကတော့ ငရဲခွေးဖြစ်ပါတယ်။လစ်ဒီယာရဲ့ သူငယ်ချင်း ဂျက်ဆန်ဝစ်မောကလည်း ကာနီမာဆိုတဲ့ မှော်သတ္တဝါအဖြစ် ပါဝင်ထားပါတယ်။ စကော့မက်ကောကနေ သမန်းဝံပုလွေအဖြစ်ပြောင်းပေးထားတဲ့ လီယမ်လည်း ပါလာပါတယ်။ ဒီရုပ်ရှင်အစမှာတော့ Teen Wolf တွေဟာ Adult Wolf တွေဖြစ်ပြီး ကိုယ့်အလုပ်နဲ့ကိုယ် အခြားမှာ အခြေကျနေပါပြီ။ ဒါပေမဲ့ သူတို့အားလုံးကို လက်စားချေချင်နေတဲ့ ရန်သူဟောင်းတစ်ယောက်က အရမ်းအစွမ်းထက်တဲ့ ဂျပန်နတ်ဘုရားမိစ္ဆာနိုဂစ်ဆူနဲကို လွှတ်ပေးလိုက်ပြီး တိုက်ခိုက်ခိုင်းလာပါတော့တယ်။ သူတို့တစ်ယောက်ချင်းစီအနေနဲ့ ရန်သူကို မယှဉ်နိုင်တော့မို့ ဘီကွန်ဟေးလ်ရဲ့ မှော်သတ္တဝါတွေနဲ့ မုဆိုးတွေပူးပေါင်းပြီး ပြန်ရင်ဆိုင်ကြရတဲ့အခါ... File size…(3.22GB)  / (1.33B) / 857MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Action / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Drama • History
7.7 2023 140 mins
Teen Wolf: The Movie
Nenjuku Needhi
7.5

“လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ” ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ၂ ဦးကို သေဆုံးလျက် တွေ့ရပြီး နောက်ကျန်တဲ့တစ်ဦးကိုတော့ သဲလွန်စ အစတောင် ရှာမရဘဲ ဖြစ်နေပါတယ်။ အာဒီတီဟာ လူ့အခွင့်အရေးအတွက် ဆောင်းပါးတွေရေးတဲ့ အိန္ဒိယအမျိုးသမီးလူငယ်ဖြစ်ပါတယ်။ ဗီဂျာယာရာဂါဗန်ရဲ့ ချစ်ဇနီးဖြစ်ပြီး ဇာတ်နိမ့်အမျိုးသမီး သုံးဦးအမှုမှာ လူ့အခွင့်အရေးအတွက် ရပ်တည်သူပီပီ အမှုမှန်ပေါ်ပေါက်ဖို့အရေး အစွမ်းကုန် ဗီဂျာယာရာဂါဗန်ကို ကူညီပေးမှာ အသေအချာပါပဲ။ ကူမာရန်ကတော့ ဇာတ်နိမ့်လူတန်းစားရဲ့ ခေါင်းဆောင်ဖြစ်ပြီး Revolution ကို ဦးဆောင်နေသူပါ။ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်သုံးဦးထဲမှာ သူ့ရဲ့ ညီမ ပါဝင်တာမို့ ယူကျုံးမရဖြစ်ပြီး ဒီအမှုကို သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီအမှုက ရိုးရှင်းရဲ့လား…? နောက်ကွယ်မှာ ဘာတွေ ပါဝင်ပတ်သက်နေဦးမလဲ…? တွေးခေါ်စရာတွေ ငြင်းခုန်စရာတွေ အပြည်နဲ့ “ငါရော လူသားဆန်ရဲ့လား” ဆိုတဲ့ အဖြေကို ဖြေကြည့်ဖို့ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကြည့်ရှုပြီးရင်တော့ အတွေးအခေါ်ကို တိုးတက်စေမှာ အသေအချာပါပဲ။ File size…1.9GB  / 1GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Kham Mon & OeliuJ & Sora

7.5 2022 140 mins
Nenjuku Needhi
PULAU (2023)
6

သရဲကားခပ်ကောင်းကောင်းကြိုက်သူတွေအတွက် လူသူမဲ့ကျွန်းပေါ်ကို အလည်ခေါ်သွားမဲ့ မလေးရှားသရဲကားကောင်းကောင်းလေးတစ်ကားပါ။ ဇာတ်ကြောင်းကတော့ ခက်တို့ သူငယ်ချင်း၇ယောက် အားလပ်ရက်အပန်းဖြေခရီးထွက်ရင်း လူသူမဲ့ကျွန်းကြီးတစ်ခုအနီးမှာရေသွားကူးဖြစ်ကြပါတယ်။ နယ်ခံလှေဆရာကြီးပြောပြတာတော့ အဲ့ဒီကျွန်းဟာ တားမြစ်ထားတဲ့ကျွန်း၊ လူသူမနေတဲ့အပြင် ကျွန်းရဲ့ သမိုင်းကလည်းမကောင်းလှဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက် အဲ့ကျွန်းပေါ်ကနေထိုင်သူတိုင်းဟာ ကျိန်စာမိသွားပြီး သေဆုံးသွားကြတာ အလောင်းတောင်ရှာမရဘူးတဲ့....။ ခက်တို့က လူငယ်တွေပီပီ စူးစမ်းသွားကြည့်ချင်ပေမယ့် လှေဆရာကြီးက လိုက်မပို့ရဲတာနဲ့မရောက်ဖြစ်ခဲ့ဘူး...။ ဖြစ်ချင်တော့ ဒီပုံပြင်ကိုမယုံတဲ့ အခြားလူငယ်အုပ်စုတစ်ခုနဲ့ စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခုလုပ်မိတယ်...။ လောင်းကြေးကတော့ ရှုံးတဲ့အဖွဲ့ အဲ့ကျွန်းမှာ တစ်ညသွားအိပ်ကြေး....။ ကံဆိုးချင်တော့ ခက်တို့အဖွဲ့ရှုံးသွားပြီး အဲဒီကျိန်စာသင့်လူသူမဲ့ကျွန်းမှာ တစ်ညသွားအိပ်ရပါတော့တယ်...။ မလေးရှားသရဲကားဖြစ်လို့ ကြောက်ဖို့မကောင်းမှာ မပူရတဲ့အပြင် သရုပ်ဆောင်လူငယ်တွေကလည်းအဆင်တွေချည်းပါ။ ခက်တို့ အုပ်စုရော အဲ့ကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတော့....။ File Size : 2.36GB,1009MB Quality : WEB-DL 1080P,720p Format : mp4 Duration : 01:51:00 Genre : Horror, Thriller, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Tiff

Comedy • Horror • TV Movie • Thriller
6 2023 111 mins
PULAU (2023)
The Hobbit: An Unexpected Journey
7.3

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(8 GB) and (3.8 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:02:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Horror
7.3 2012 169 mins
The Hobbit: An Unexpected Journey
Scoop
6.6

Scoop (2006) မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။ သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား … မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး … ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။ မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက… တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ဆိုတာကရော တကယ်ပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်ပါ့မလား? ဆိုတာ ဇာတ်လမ်းထဲစီးမျှောခံစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 2.1GB, 886MB, 486MB Quality :1080p Blu-ray, 720p Blu-ray, 480p Format : mp4 Duration : 1hr 36mins Genre : Crime, Comedy, Fantasy Translated by Themes Encoded by Kinnov

6.6 2006
Scoop
The Sea of Trees

ချစ်ရတဲ့သူ့ကို ချစ်လို့ရတုန်းမှာ အစွမ်းကုန် ချစ်ပေးဖို့ ပြောကြတာဟာ ဆုံးရှုံးလိုက်ရသူတွေရဲ့ ရင်နဲ့ရင်းပြီးပြောခဲ့ကြတဲ့ စကားပါပဲ။ အချစ်တွေနဲ့ ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ အချိန်တစ်ခုကြာမြင့်လာတဲ့အခါ နွေးထွေးတွေ ချစ်ခြင်းတွေအစား၊ အေးစက်တဲ့ ချစ်ခြင်းတွေကသာ အစားထိုး ဝင်ရောက်လာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားကို ပြော၊ မပြော စဉ်းစားတွေဝေနေစရာမလိုအောင်လို့ဆိုပြီး သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ အခြေအနေနဲ့ပဲ အသေးစိတ်လေးတွေအစ ဖြည့်ဆည်းပေးနေတဲ့ အချစ်ရေးတစ်ခုဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ တွေးမိဖူးလား။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က အာအိုခီကာဟာရာဆိုတဲ့တောင်ဟာ ကမ္ဘာအနှံ့အပြားက ဆူဆိုက်လုပ်လိုသူတွေ လာကြတဲ့ နေရာတစ်ခုပဲဖြစ်တယ်။ အမေရိကန်သား အာသာဘာနန်ဟာလဲ အဲအကြောင်းရင်းနဲ့ပဲ အာအိုခီကာဟာရာတောင်ကို ရောက်လာခဲ့တယ်။ တောင်ထဲရောက်ရောက်ချင်းပဲ လမ်းပျောက်နေတဲ့ ဂျပန်လူမျိုး တခုမီ နာခါမူရာ နဲ့ တွေ့ခဲ့ပြီး နှစ်ယောက်စလုံး လမ်းပျောက်သွားခဲ့တယ်။ အေးစက်စက်တောင်ကြီးထဲ မိုးပါရွာလို့၊ ဒီလိုအခြေအနေအောက်မှာ နှစ်ယောက်သား အချင်းချင်းရိုင်းပင်းရင်း ထွက်လမ်းကို အတူတူရှာခဲ့တယ်။ တခုမီက ပြောခဲ့တယ်။ “ချစ်ရတဲ့သူတွေနဲ့ အနီးစပ်ဆုံးအချိန်က ကျုပ်တို့ဘဝရဲ့ အမှောင်မိုက်ဆုံးသောအချိန်တွေမှာပဲ။ သေဆုံးသွားခဲ့ပြီးသားသူတွေတောင်မှ” တဲ့။ တခုမီက ပြောခဲ့တယ်။ “ဝိဉာဉ်တစ်ခု ဖြတ်သွားရင် အဲနေရာမှာ ပန်းပွင့်တယ်လို့ ပြောကြတယ်” တဲ့။ တခုမီကို ခြုံပေးခဲ့တဲ့ သူ့ဂျာကင်အောက်က ပန်းလေးတစ်ပွင့်။ ဇနီးဖြစ်သူက ‌သူ့ကို မေးခဲ့တယ်။ “ကျွန်မ အကြိုက်ဆုံး အရောင်ကို သိလား၊ ကျွန်မ အကြိုက်ဆုံး ရာသီဥတုကို သိလား” တဲ့။ တခုမီက ပြောခဲ့တယ်။ “သူ့မှာ မိသားစုရှိတယ်။ သူ့မိန်းမနာမည်က ခီရို၊ သမီးလေးနာမည်က ဖူရူ”တဲ့ အဓိပ္ပါယ်ကတော့ အဝါရောင်နဲ့ ဆောင်းရာသီတဲ့။ အားလုံးပဲ ရာသီဥတုအေးမြတဲ့ ညဘက်လေးမှာ တငြိမ့်ငြိမ့်နဲ့ အချစ်တစ်ခုကို ခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.55 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama, Fantasy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi moshi

0 2015 110 mins
The Sea of Trees
Outrage

Outrage(2023) ဇာတ်ကားလေးက အခုမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ action, thriller ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်ကားမှာ နာမည်ကျော်ဂျာမန်မင်းသား Clemens Schick ဝါရင့် Hollywood သရုပ်ဆောင် Jay O. Sanders နဲ့ မင်းသမီးချောလေး Adelaide Kane တို့ ပူးပေါင်းပါဝင် သရုပ်ဆောင်ထားတာမို့ ကြည့်ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ ကြည့်ချင်အောင် ဇာတ်လမ်းလေးအမြည်းကျွေးရမယ်ဆိုရင်တော့ ဒီဇာတ်ကားက ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံအကြောင်းက စရပါမယ်။ ပြင်သစ်နိုင်ငံမှာ အမျိူးသားရေးလှုပ်ရှားမှုတွေ အားကောင်းလာပြီးတဲ့နောက် လက်ယာစွန်းရောက် သမားတွေက အကြမ်းဖက်မှုတွေ လုပ်လာတာတွေရှိပါတယ်။ အဲ့အချိန်မှာပဲ နာမည်ကျော် ရုပ်သံမီဒီယာတစ်ခုက လာမဲ့ရွေးကောက်ပွဲမှာ သမ္မတဖြစ်နိုင်ချေရှိတဲ့ အမျိူးသမီးနဲ့ စံအိမ်တစ်ခုမှာ တိတ်တိတ်လေးတွေ့ဆုံစကားပြောဖို့ စီစဥ်ခဲ့ပါတယ်။ အဲ့အချိန်မှာ မင်းသမီးဖြစ်တဲ့ Ivy က ရုပ်သံပိုင်ရှင်ရဲ့ တူမဖြစ်ပြီး အဲ့တွေ့ဆုံပွဲမှာ ဘယ်လို မထင်မှတ်တာတွေ ဖြစ်သွားမလဲ နောက်ကွယ်က အကြောင်းတွေက ဘယ်လိုရှိလို့ ဘယ်လိုတွေ ဖြစ်ကြမှာလဲ အဆုံးသတ်မှာရော ဘယ်သူတွေသေပြီး ဘယ်သူတွေ ရှင်ကျန်မှာလဲ စတာတွေကို အစကနေ အဆုံး ဒီရုပ်ရှင်အချိန်တိုတိုလေးထဲမှာ ပျင်းစရာအချိန်မရှိအောင်ကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်… File size…1.10GB / 459MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

0 2023
Outrage
All the Names of God

အကြမ်းဖက်ဝါဒ (terrorism) တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ သာမန်လက်နက်မဲ့ပြည်သူတွေကိုပါ အနုနည်း၊ အကြမ်းနည်းနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေအကြောင်းကို နိုင်ငံတကာက ဇာတ်လမ်းအမျိုးမျိုး၊ ဝတ္တုအမျိုးမျိုးနဲ့ မရိုးနိုင်အောင်ရိုက်ကူးရေးသား ဖော်ပြခဲ့ကြ၊ ဖော်ပြနေကြဆဲပါ။ အခုတင်ဆက်မယ့်ဇာတ်ကားလေးကလည်း အဲ့ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ အကျင့်အတိုင်း ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုကောင်းစားရေး စတဲ့မြင့်မြတ်သန့်စင်တဲ့အကြောင်းအရာတွေကို မစားရဝခမန်းပြောပြီး သူတို့လိုချင်တဲ့အရာကို သူရဲဘောနည်းစွာသူတို့ကိုယ်တိုင်မလုပ်ဘဲ အသိဉာဏ်နည်းပါးတဲ့ အူကြောင်ကြားတွေ၊ ဂေါက်သီးတွေ၊ စိတ်မူမမှန်သူတွေ၊ အစွန်းရောက်တွေကို ချကျွေးပြီး ယုတ်မာတာဟာ အကြမ်းဖက်ဝါဒပါပဲ။ ဒီဇာတ်ကားထဲမှာလည်း ဘာသာရေးအကြောင်းပြပြီး လူငယ်သုံးယောက်ကို လေဆိပ်မှာ အသေခံဗုံးခွဲခိုင်းပါတယ်။ နှစ်ယောက်က အောင်မြင်စွာခွဲနိုင်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအောင်မြင်ဘဲ လေဆိပ်ကနေ တက္ကစီသမားတစ်ယောက်ကိုတားစီးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ ဇာတ်လမ်းစဖွင့်ပါတယ်။ ဒဏ်ရာရသူထင်ပြီး ဆေးရုံပို့ပေးဖို့ စေတနာနဲ့တင်ခေါ်ခဲ့တဲ့ တက္ကစီသမားခမျာ သူ့နားထင်ကိုသေနတ်နဲ့အထောက်ခံပြီး ပြန်ပေးဆွဲခံရမှ အဖြစ်မှန်သိလိုက်ရပါတော့တယ်။ အဲ့ကတဆင့် တက္ကစီသမားနဲ့ မအောင်မြင်ခဲ့တဲ့အကြမ်းဖက်သမား ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကရော ဗုံးခွဲတရားခံတွေနဲ့ တက္ကစီသမားကိုဓားစာခံလုပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှူကြရမှာပါ။ Rating အများကြီးရမထားပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းအစမှအဆုံးထိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တောက်လျှောက်မလွတ်တမ်း ကြည့်ဖြစ်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်း၊ အခက်အခဲကြုံရချိန်မှာ ရှိလာတတ်တဲ့ မိသားစုသံယောဇဥ်စိတ်ကိုဖော်ကျူးနိုင်တဲ့ ဇာတ်လမ်းအဖြစ် အသိအမှတ်ပြုမိပါတယ်။ ဥရောပရုပ်ရှင်ဇာတ်ကားတွေထဲကမှ စပိန်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း dialouge နည်းနည်း၊ idea များများ ပုံစံမျိုးနဲ့ လေးနက်တဲ့ရသတစ်မျိုး ခံစားမိမှာပါ။ စပိန်ဒါရိုက်တာ Daniel Calparsoro ကရိုက်ကူးပေးထားပြီး Luis Tosar၊ Inma Cuesta၊ Nourdin Batan၊ Patricia Vico၊ Lucas Nabor၊ Antonio Buil စတဲ့စပိန်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 5.7 ရရှိထားပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

0 2023 105 mins
All the Names of God
Super Villain
5.8

ပိချောင်းဟာ အသက် ၄၀ ပြည့်ခါနီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ အရွယ်တူသူငယ်ချင်းတွေက အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေခဲ့ပေမဲ့ သူကတော့ ပွဲဦးထွက်တာ ကြာပြီး နာမည်မရှိနိုင် ဖြစ်နေပါတယ်။ နာမည်ကြီးချင်တဲ့ ပိချောင်းဟာ မိန်းမနဲ့ ကလေးကို လျစ်လျူရှုမိသလို ဖြစ်နေတဲ့အတွက် မိသားစုဘဝလည်း မသာယာနိုင်ဖြစ်နေပါတယ်။ “သူဌေးကြီးကို ပြန်ပေးဆွဲခြင်း” ဆိုတဲ့ ရုပ်ရှင်မှာ ဗီလိန်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရလိုက်တဲ့အခါ ပိချောင်းဟာ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်းအထန် လေ့ကျင့်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကားမတော်တဆဖြစ်ပြီး အတိတ်မေ့သွားပါတော့တယ်။ အတိတ်မေ့သွားတဲ့ ပိချောင်းဟာ ဘေးမှာရှိတဲ့ ရုပ်ရှင်အချက်အလက်ကိုကြည့်ပြီး သူ့ကိုယ်သူ လူသတ်သမားဗီလိန်ကြီးကျောက်တုံးရှန်းလို့ ထင်သွားခဲ့တဲ့အခါ…… သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Super Villain ဆိုတဲ့ ဟာသရုပ်ရှင်လေးကို ကြည့်ရှုရယ်မောလိုက်ကြပါဦးနော်။

5.8 2024
Super Villain
Godzilla Minus One
8.4

Godzilla Minus One (2023) ===================== IMDb Rating – 8.3/10 ဂျပန်နိုင်ငံရဲ့ ဂန္ဓဝင် ဂေါ်ဇီလာ ရှေးဟောင်းကားတွေကို အမှတ်တရဖြစ်စေမဲ့ စတိုင်နဲ့ ရိုက်ကူးထားတဲ့နောက်ဆုံးထွက် ဂေါ်ဇီလာကားပဲဖြစ်ပါတယ်။ ဂေါ် ဇီလာအမှတ်တံဆိပ်စတင်ခဲ့ပြီး နှစ် ၇၀ မြောက်အထိမ်းအမှတ်လည်းဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဟာ ဘက်ဂျက် ၁၅ သန်းထဲနဲ့ ရိုက်ကူးထားပြီး ဂျပန် နဲ့ အမေ ရိကန်မှာတင် ၇၅ သန်းကျော် ပြန်ဝင်နေပါပြီ။ CGI သုံးထားတာဖြစ်ပေမဲ့ ဂန္ဓဝင် အရုပ်စတိုင်အတိုင်း တူအောင် ပြန်ဖန်တီးထားတာလည်းတွေ့ရပါတယ်။ IMdb မှာလည်း 8.4 တောင်ရရှိထားပါတယ်။ Godzilla (2014) ရဲ့ ဒါရိုက်တာ Gareth Edwards ကတော့ ဂေါ်ဇီလာရုပ်ရှင်ဆိုတာ ဒီလိုဖြစ်ရမှာဆိုပြီး အားကျသံကြီးနဲ့ မှတ်ချက်ပေးသွားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း – ဂေါ်ဇီလာရဲ့ မူလဂျပန်နာမည်ကတော့ ဂေါ်ဂျီရာဖြစ်ပြီး ဂေါ်ရီလာ (ဂျပန်သံ ဂေါ် ရီရာ) နဲ့ ဝေလငါး ကူဂျီရာတို့ကို ပေါင်းခေါ်ထားတာပါ။ ဂေါ်ဇီလာဆိုတာ သမိုင်း မတင်ခင် လက်ကျန် တွားသွားသတ္တဝါမျိုးနွယ် အနေနဲ့ ပင်လယ်ကြမ်းပြင်အောက် မှာ ရှိနေခဲ့တဲ့ သတ္တဝါကြီးပါ။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် သူ့အသိုက်နဲ့ ဆွေ မျိုးတွေ ပျက်စီးသွားပြီးနောက် ဒေါသတကြီးနဲ့ ကုန်းမြေပေါ်ကို တက်လာတာလည်း ဖြစ်ပါတယ်။ သူ့လမ်းကြောင်းမှာရှိတဲ့အရာတိုင်းကို ဖျက်ဆီးပစ်ပြီး အဏုမြူဓာတ် ရောင်ခြည်တွေကိုလည်း စုပ်ယူနိုင် ပြန်သုံးနိုင်ပါတယ်။ ဂေါ်ဇီလာရဲ့ ဇစ်မြစ်ဟာ အဏု မြူဆန့်ကျင်ရေး သင်္ကေတအတွက် ရည်စူးပြီး စတင်ခဲ့တာပါပဲ။ ဟောလိဝုရုပ်ရှင်တွေမှာ ဂေါ်ဇီလာကို သတ္တဝါဆိုးကြီးအနေနဲ့ပဲ ပုံဖော်တာမျိုးပေမဲ့ ဂျပန်တွေမှာတော့ ဂေါ် ဇီလာဟာ သတ္တဝါကြီးတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းအနေနဲ့ ပုံဖော်ခံရတာများပါတယ်။ နတ်ဘုရားဆိုပေမဲ့ ဒေါသကြီးပြီး ဖျက်ဆီးတတ်တဲ့ နတ်ဘုရားမျိုးကို ပုံဖော်ထားတာပါ။ 1954 ပထမဆုံးဂေါ်ဇီလာရုပ်ရှင်ကို ရုံတင်ချိန်မှာ လာကြည့်ကြတဲ့ ဂျပန်နိုင်ငံသားတွေ မျက်ရည်တွေနဲ့ ထွက်လာခဲ့ကြတယ်ဆိုရင် အခြားနိုင်ငံသားတွေနားလည်နိုင်မှာမဟုတ် ပါဘူး။ ဒုတိယကမ္ဘာစစ်အဆုံးမှာ အနုပညာရှင်တွေ နဲ့ နိုင်ငံရေးသမားတွေဟာ အဏုမြူ ဗုံးကိစ္စကို ပေါ်တင်ဆွေးနွေးခွင့် ရှုံ့ချခွင့်မရကြပါဘူး။ ဒါကြောင့်ပဲ ဟီရိုးရှီးမားနဲ့နာဂါဆာ ကီတို့ရဲ့ အဖြစ်ဆိုးကို ဂေါ်ဇီလာနဲ့ တင်စားပြခဲ့တာပါ။ ဂေါ်ဇီလာရဲ့ ကျောက ဆူးတောင် တွေဟာ အဏုမြူဗုံးဒဏ်ရာကြောင့် အမာရွတ်ကြီးတွေဖြစ်လာတာဖြစ်ပြီး ဂျပန်တွေရဲ့ ရင်ထဲက အမာရွတ်ကြီးကို ပုံဆိုးပန်းဆိုးတမင်လုပ်ပြီး ဖော်ပြထားတာပါ။ ဟောလိဝုရုပ် ရှင်အချို့ဟာ ဒီဆူးတောင်တွေကို လှအောင်တောင် ပြင်လိုက်ပါသေးတယ်။ ဒီဇာတ်လမ်းဟာလည်း ဒုတိယကမ္ဘာစစ်ပြီးကာစ လေကြောင်းတိုက်ပွဲတွေကြောင့် ပြန်နာ လံထူနေစ ဂျပန်နိုင်ငံ ဂေါ်ဇီလာတိုက်ခိုက်ခံရတာနဲ့ အစပြုခဲတာပါ။ စစ်အပြီးသုညအချိန်မှာ ဂေါ်ဇီလာတိုက်ခိုက်မှုဟာ သုညမှ အနုတ်သို့လို့ ဆိုလိုပြီး Minus One ဆိုတဲ့နာမည်ကို ပြန်သုံးခဲ့တာပါ။ ဒီရုပ်ရှင်ဟာ မူလဂေါ်ဇီလာ စတင်တိုက်ခိုက်တဲ့ အိုဒိုကျွန်းကနေပဲ စတင် ထားပြီး၊ စစ်အပြီးလက်နက်တွေဖြုတ်သိမ်းနေချိန် ပြန်အပ်နေချိန်မှာ ရှိမဲ့စုမဲ့ အင်အားလေးနဲ့ ဂေါ်ဇီလာကို ရန်ဆိုင်ကြပုံတွေကို ပြသထားတာဖြစ်ပါတယ်။ ဒါကြောင့် ခုနှစ်ပိုင်းမှာ လူတွေ ကြည့်ထားတဲ့ နောက်ဆုံးပေါ် Monsterverse က တိုက်ပွဲအကြမ်းတွေကို မြင်ရမှာမဟုတ် ပါဘူး။ လေယာဉ်နောက်မြီးတောင်ပံလေးထပ်တပ်နိုင်တာကိုတောင် တအံ့တဩဖြစ်ရတဲ့ လေယာဉ်စက်ပြင်ဆရာတွေ၊ ခုန်ထွက်ခလုတ်ဆိုတာဘာမှန်းမသိတဲ့ပိုင်းလော့တွေကိုပဲ မြင် ရမှာပါ။ ဒီတော့ ကိုယ်တွေရဲ့ ကလေးဘဝတွေကို အလွှမ်းမိုးဆုံးဇာတ်ကောင်တွေထဲက တစ်ခု ဖြစ်တဲ့ ဂေါ်ဇီလာရဲ့ အမှတ်တရရုပ်ရှင်အဖြစ် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(6.2 GB) / (2.02 GB) / (1.05 GB) Quality…………BLU-RAY 4K HEVC / 1080p / 720p Duration………2Hr 04Min Subtitle………..Myanmar Hardsub Format…………MKV / MP4 Genre…………..Action, Adventure, Drama Translator…….Mr.Anderson Encoder……….SWM

8.4 2023
Godzilla Minus One
Silent Roar

Silent Roar (2023) ဆိုတဲ့ ဇာတ်ကားက စကော့တလန်ရဲ့ အိုင်လပ်စ်ရေပြင်မှာ ရိုက်ထားတဲ့ လူငယ်ဘဝအကြောင်း ဒရာမာကားလေးပါ ဇာတ်လမ်းက ဒွန်ဒိုဆိုတဲ့ လှိုင်းစီးသမားလူငယ်လေးတစ်ယောက်အကြောင်းပဲ သူ့အဖေ ဝီလီ တစ်နှစ်လောက်ကြာတဲ့အထိ ပင်လယ်ထဲမှာ ပျောက်သွားတာ လူတွေက သေသွားပြီလို့ ထင်ကြပေမယ့် ဒွန်ဒိုကတော့ အဖေအသက်ရှင်နေသေးတယ်လို့ ယုံကြည်ထားတယ် ဒွန်ဒိုတစ်ယောက် အဖေ့ကို ရှာဖို့ ကြိုးစားရင်း သူ့သူငယ်ချင်း ဆပ်စ်ဆိုတဲ့ ပုန်ကန်တတ်တဲ့ ကောင်မလေးနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်တယ် ဆပ်စ်က ဒွန်ဒိုကို ကူညီရင်း သူ့ရဲ့ ဝမ်းနည်းမှုတွေကို ရင်ဆိုင်ဖို့ တွန်းအားပေးတယ် ဒီလိုနဲ့ ကျွန်းပေါ်က ဘုရားကျောင်းက သင်းအုပ်ဆရာသစ်တစ်ယောက်ရောက်လာပြီး ဒွန်ဒိုရဲ့ ဘာသာရေးနဲ့ ခံစားချက်တွေကို ပိုရှုပ်ထွေးသွားစေတယ် ဒီဇာတ်ကားက ဝမ်းနည်းမှု ဘာသာရေး နဲ့လူငယ်ဘဝရဲ့ စွန့်စားရှာဖွေမှုတွေကို ဟာသလေးနဲ့ ရောပြီး ပြထားတာပါ ဒွန်ဒိုနဲ့ ဆပ်စ်ရဲ့ ချစ်စရာဇာတ်လမ်းလေးက ရုပ်ရှင်ပြီးတာတောင် စိတ်ထဲမှာ ကျန်နေစေမှာပါဗျ File size… (1.6 GB) / (921 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Action • Comedy • Crime
0 2025
Silent Roar