YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A ྖs Christmas (2024) WEB-DL,1080p HEVC (CM).mkv

1.33 GB 1080p video/x-matroska 30 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Phantom of the Opera
7.3

တစ်ခေတ်တစ်ခါက Masterpiece ဖြစ်ခဲ့တဲ့ Old but gold Musical film တစ်ခုနဲ မိတ်ဆက်ပေးချင်ပါတယ်။ Musical film ဆိုတဲ့အတိုင်း သီချင်းတွေအများကြီးနဲ့မို့ Musical ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ ပေါ်ပြူလိုင်ရာဆိုတဲ့နာမည်ကြီးပြဇာတ်ရုံကြီးတစ်ခု.. မကြာခဏလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေဖြစ်လေ့ရှိပြီး ပြဇာတ်ရုံကြီးရဲ့ဝိဉာဉ်ရှိတယ်လို့ လူအများစုယုံကြည်ကြပါတယ်။ တစ်နေ့မှာတော့ ယင်းသံအမြင့်ဆုံးအဆိုရှင်ဖြစ်တဲ့ ကာလော့တာက စိတ်အလိုမကျမှုကြောင့် ချက်ချင်းထွက်သွားတဲ့အတွက် ညဘက်ပွဲလည်းရှိတာကြောင့် ခရစ္စတင်းဒါယဲရ်ဆိုတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အစားထိုးခိုင်းလိုက်ရပါတော့တယ်။ အကအဖွဲ့ထဲကမိန်းကလေးဖြစ်ပေမယ့် ကာလော့တာထက်တောင်ကောင်းကောင်းဆိုနိုင်တာကြောင့် အကုန်အံ့အားသင့်သွားရပါတယ်။ ဒါဟာလည်း သူ့ကိုသင်ကြားပေးနေတဲ့သူဟာ  ပြဇာတ်ရုံကြီးရဲ့ဝိဉာဉ်ဖြစ်နေလို့ပါပဲ.. ဒါပေမဲ့ ခရစ္စတင်းကတော့ အဲဒီသူ့ဆရာကို အသံပဲကြားဖူးပြီး တစ်ခါမှမမြင်ဖူးပါဘူး.. အသံပဲကြားရုံနဲ့တင် လေးစားချစ်ခင်ပြီး သူ့တေးသွားတမန်တော်လို့မှတ်ယူထားခဲ့ပါတယ်။ တစ်နေ့တော့ ခရစ္စတင်းရဲ့ငယ်ချစ်ဦးဖြစ်သူ ရာအိုးလ်ဟာလည်း ပြဇာတ်ရုံကြီးထဲရောက်ရှိလာတဲ့အခါ.. ခရစ္စတင်းတစ်ယောက် ငယ်ငယ်ထဲကချစ်မြတ်နိုးရသူ၊ ငယ်ချစ်ဦးဖြစ်တဲ့ရာအိုးလ်ကိုရွေးချယ်မလား။ သူ့ကိုသီချင်းဆိုနိုင်အောင်သင်ပေးတဲ့ အမြဲလေးစားခဲ့ရတဲ့ဆရာဖြစ်တဲ့ ပြဇာတ်ရုံကြီးကဝိဉာဉ်ကိုပဲရွေးချယ်သွားမလား... File Size :(2.55GB)&(1.13 GB) Quality : Blu-Ray 1080P,720p,480p Format :mp4 Duration : 02:23:00 Genre : Romance , Drama , Musical Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

Horror • Thriller
7.3 2004 143 mins
The Phantom of the Opera
Mili
6.3

ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကလည်း Roohi ထဲက မင်းသမီးချောလေး ဂျန်ဗီးကပူးနဲ့ချစ်သူနဲ့တွေ့ရဖို့ လန်ဒန်မြစ်ကြီးကို လက်ပစ်ကူးတဲ့ Shiddat ကားထဲက မင်းသားလေးဆန်နီကော်ရှားတို့ရဲ့ ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မီလီဆိုတဲ့ကောင်မလေးနဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်။ မီလီဟာ မိဘတွေရဲ့တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး သူ့ဘဝရည်မှန်းချက်အတွက် အပတ်တကုပ် ကြိုးစားနေသူတစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မိဘကို တစ်ဖက်တစ်လမ်းကကူပေးနေတဲ့ သမီးလိမ်မာလေးပေါ့။ ကံကြမ္မာက အမြဲမျက်နှာသာမပေးသလို လောကဓံဆိုတာကလည်း တစ်ခါတလေကျရင်လူကို တအားနှိပ်စက်တတ်တာကိုး။ အဲ့ဒီလိုပါပဲ မီလီရဲ့ဘဝမှာလည်း လောကဓံတရားကြီးဟာ မီလီ့ကို ရက်ရက်စက်စက်ကို စမ်းသပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ရဲ့အအေးခန်းထဲမှာ တစ်ယောက်တည်း ပိတ်မိနေခဲ့ခြင်းဖြစ်ပါတယ်။ သာမန်လူတစ်ယောက်ဟာ ၁၇ဒီဂရီဖွင့်ထားတဲ့ အဲကွန်းခန်းထဲမှာ ၃-၄နာရီကြာအောင် မနေနိုင်တဲ့အချိန်မှာ မီလီကတော့ အပူချိန် အနှုတ် ၁၈ ဒီဂရီရှိတဲ့ အခန်းထဲမှာတစ်ညလုံး ပိတ်မိနေခဲ့ပါပြီ။ ဆက်လက်ပြီးတော့ မီလီဟာ ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားလာမလဲ...။ အသက်ရှင်လျက်နဲ့ရော ပြန်ထွက်လာနိုင်ပါ့မလား...။ ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရဦးမှာပဲဖြစ်ပါတယ်နော်။ File Size : (1.6 GB) and (850 MB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 2hr 7min Format : Mp4 Genre :  Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Taylor & Jerrica Encoded by Thit San Khant

Horror • Mystery • Thriller
6.3 2022 129 mins
Mili
Peter von Kant
5.8

အချစ်ဆိုတဲ့အရာနဲ့ ပတ်သက်လာရင် စွဲလမ်းမှုဆိုတဲ့ ခံစားချက်က အမြဲကပ်ပါလာစမြဲပါ။ ရယူခြင်း သို့ ပေးဆပ်ခြင်းဆိုပြီး အချစ်ရဲ့အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုခဲ့​ပေမယ့် ဘယ်သူမှ ​သေ​သေချာချာ မရှင်းပြနိုင်ခဲ့သလို အချစ်စိတ်နဲ့ တွဲပါလာတတ်တဲ့ ​မျှော်လင့်ခြင်း ပြဿနာကလည်း အခုထိ​ ဖြေရှင်းမရတဲ့ ပုစ္ဆာတစ်ခုဖြစ်​နေဆဲပါ။ ဒီဇာတ်ကားက​ ချစ်ခြင်းတရားကလူတစ်​ယောက်ကို ဘယ်လိုမျိုး ဒုက္ခ​ပေးနိုင်လဲဆိုတာကို ​ဖော်ညွှန်းပြထားတဲ့ ပြင်သစ် Romance, Drama ဇာတ်ကားပါ။ ထိပ်သီးရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ ပီတာဗွန်ကန့်ဟာ မိတ်​ဆွေဖြစ်သူ နာမည်​ကြီး မင်းသမီး ဆီဒိုနီရဲ့မိတ်ဆက်​​ပေးမှုနဲ့ အမီရ်ဘန်ဆလမ်ဆိုတဲ့ သက်လတ်လူငယ်​လေးတစ်​ယောက်နဲ့ သိကျွမ်းပြီး ချစ်စိတ်​ဝင်ခဲ့ပါတယ်။ ထိုစိတ်နဲ့ပဲ ​ကောင်​လေးကို မင်းသားအဖြစ် စင်တင်​ပေးကာ မျိုးစုံ​​ထောက်ပံ့​ပေးခဲ့​ပေမယ့် ​​အောင်မြင်လာတဲ့အချိန်မှာ ​ကောင်​လေးဘက်က ​​​ကျေးစွပ်သလိုလုပ်လာသလို ပီတာဘက်က အချစ်စိတ်နဲ့ ​ပေးဆပ်ထားသ​လောက် ​သူပေးတိုင်းပြန်မရတဲ့အခါ ကတောက်ကဆ​တွေ စဖြစ်ရာက​နေ ​မျှော်လင့်ချက်တစ်ခုကြောင့် ဆိုးရွားတဲ့အကျိုးဆက်​တွေ ဖြစ်လာပါ​တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို M မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 780MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 25Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by M Encoded by Y

Action
5.8 2022 85 mins
Peter von Kant
(18+) Naked Poison
5.2

ဒီကားလေးကတော့ အရမ်းတော်တဲ့ဆေးဆရာအဘိုးကြီးရဲ့ မြေးဖြစ်သူMinဆိုတဲ့ကောင်လေးနဲ့စတင်ထားပါတယ် Minကကြောင်တောင်တောင်ဆိုပေမဲ့ သူ့အဘိုးရဲ့ဆေးစာအုပ်တွေကိုခိုးဖတ်ပြီး ဆေးပညာကိုတိတ်တိတ်လေးလေ့လာနေသူပါ တစ်နေ့ကျတော့ သူ့အဘိုးသေဆုံးပြီးတဲ့နောက်မှာ သူဟာ စိတ်ကြွဆေးတစ်မျိုးအပြင် ‌လူသေစေနိုင်တဲ့အဆိပ်တစ်မျိုးကိုတီထွင်လိုက်နိုင်ပါတယ် အဲ့ဆေးတွေကို ဘယ်နေရာမှာအသုံးချမလဲ ဘယ်လိုတွေကိုင်တွယ်မလဲဆိုတာ ဇာတ်ကားလေးထဲကြည့်ရှူ့ကြရမှာပါ ။ ပြီးတော့ Lingဆိုတဲ့‌Minရဲ့ချစ်သူကောင်မလေးဟာလည်း သူ့နေရာနဲ့သူရှိသင့်တာရှိပြီးအတော်လေးချစ်စရာကောင်းလို့ သူဒီဇာတ်ကားထဲမှာပါတာနဲ့တင်ကြည့်လို့ တော်တော်တန်နေပါပြီ။ File Size__(580MB) Quality__DVDRip IMDb Rating__5.1/10 Format__mp4 Duration__01:29:00 Type__Adult , Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Comedy • Family • Fantasy
5.2 2000 88 mins
(18+) Naked Poison
The Most Reluctant Convert: The Untold Story of C.S. Lewis
6.1

ဒီရုပ်ရှင်ကတော့ နာနီရာလိုမျိုး ကမ္ဘာကျော်ဝတ္ထုကြီးတွေကိုရေးခဲ့တဲ့ စာရေးဆရာကြီး CS Lewis ရဲ့ ဘဝအကြောင်းကို သူ့အမြင်တွေကနေ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စာရေးဆရာကြီးလူးဝစ်ဟာ နာနီရာဝတ္ထုတွေနဲ့ ကျော်ကြားသလို သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်နဲ့ အလောင်းအစားလုပ်ပြီး သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေဖြစ်တဲ့ Out of the Silent Planet, Perelandra, and That Hideous Strength ဆိုတဲ့ စာအုပ်တွေကို ရေးခဲ့လို့လည်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ ဂျေအာအာ တိုကင်းန်ကတော့ သိပ္ပံစိတ်ကူးယဉ်စာအုပ်ပြိုင်ရေးဖို့ အလောင်းအစားလုပ်ခဲ့ပေမဲ့ ရေးဖို့ကြိုးစားရင်းကြိုးစားရင်း The Lord of the Rings စာအုပ်တွေ ထွက်ပေါ်လာပြီး ပိုအောင်မြင်သွားခဲ့ပေမဲ့ အလောင်းအစားမှာတော့ရှုံးခဲ့တယ်လို့ပဲပြောရမှာပါပဲ။ ဆရာလူးဝစ်ဟာ အင်္ဂလန်ရဲ့ နာမည်ကျော် စာရေးဆရာကြီးဖြစ်ခဲ့သလို ငယ်စဉ်က အောက်စ်ဖို့မှာ စာပေလေ့လာခဲ့စဉ်မှာ ဘာသာမဲ့အဖြစ်လည်း အခိုင်အမာကျော်ကြားပါတယ်။ သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်ကတော့ ခရစ္စယာန်ဘာသာကို ယုံကြည်တဲ့သူပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူ့ရဲ့ငယ်ဘဝကနေ ဘုရားကို မယုံကြည်ခဲ့ပုံတွေဘာလို့ မယုံခဲ့ရလဲဆိုတဲ့အယူအဆတွေနဲ့ စာပေပညာရှင်ဘဝတစ်လျှောက် ငြင်းခုန်ခဲ့ပုံတွေနဲ့ နောက်ဆုံးမှာ ခရစ်တော်ကို ယုံကြည်လာပုံတွေအထိ လေးလေးနက်နက်ရိုက်ကူးပြသထားခဲ့ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ ဘုရားကိုယုံကြည်ဖို့အတွန့်ဆုတ်ဆုံး ယုံကြည်သူဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘာသာတရားနဲ့ ဆက်စပ်တဲ့ အတွေးအခေါ်တွေကို စာပေပညာရှင်ကြီးတွေ ဆွေးနွေးတွေးခေါ်ခဲ့ကြပုံလေးတွေကို အရသာခံကြည့်ချင်ရင်တော့ သင့်တော်ပါတယ်။ စာကြမ်းပိုးတွေ၊ အတွေးအခေါ်သမားတွေအတွက် ရုပ်ရှင်တစ်ကားပါပဲ။ နောက်ပြီးတော့ ဂျေအာအာ တိုကင်းန်အကြောင်းကြည့်ချင်ရင်လည်း ၂၀၁၉ ထွက် ရုပ်ရှင် Tolkien (2019)ကို ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ File size…(1.02GB)/(534MB)/(282MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:13:00 Genre...Biography /Drama /History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr.Anderson

Comedy • Drama • Mystery • Romance
6.1 2021 87 mins
The Most Reluctant Convert: The Untold Story of C.S. Lewis
Along for the Ride
6.8

IMDb Rating - 6.0/10 Netflix ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့ Family, Drama, Romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... မိသားစုရဲ့နွေးထွေးမှုကို မရရှိတဲ့ ကောင်မလေးနဲ့ ရည်မှန်းချက်တွေ ကွယ်ပျောက်နေတဲ့ ကောင်လေးအကြောင်းကို အဓိကရိုက်ကူးထား တာပါ....... အာဒန်ဆိုတဲ့ အထက်တန်းကျောင်းသူလေးက ကျောင်းပြီးတော့ သူ့အဖေနဲ့ သူ့မိထွေးရှိရာ ကိုဘီမြို့ကိုထွက်လာခဲ့ပါတယ်။ အကြောင်း အရင်းကတော့ ကိုယ့်ကိုယ်ကိုရှာဖွေဖို့အတွက်ပါ။ ကိုဘီမြို့က သူ့မိထွေး ဆိုင်လေးမှာ စာရင်းကိုင်အလုပ်ဝင်လုပ်ပြီး အမှတ်မထင် စက်ဘီးစီးတဲ့ ကောင်လေး အီလိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်..... အဲ့တော့ ဒီတွေ့ဆုံမှုတွေရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အာဒန်ဆိုတဲ့ ကောင်မလေးရော ကိုဘီမြို့မှာ သူငယ်ချင်းအသစ်တွေ ရနိုင်ပါ့မလား၊ အာဒန်နဲ့အီလိုင် ဘယ်လိုတွေ့ခဲ့ကြလဲ၊ သူတို့နှစ်ဦးမှာရှိတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားကြမလဲဆိုတာ ဆက်လက်စောင့်ကြည့် ပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size - (1.56 GB) / (760 MB) / (760 MB) Quality – Web-Rip 1080p/ 720p / 480p Duration - 1Hr 46mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Romance Translator – Parris Encoder – SWM

Drama • History
6.8 2022 106 mins
Along for the Ride
The Slumber Party
5.8

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Disney ရဲ့ Comedy, Family အမျိုးအစား The Slumber Party ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းအကျဉ်းလေးကတော့ မက်ဂန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု အန်နာမာရီယာရဲ့မွေးနေ့မှာ ပါတီကျင်းပရင်းဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် စိတ်ရောဂါဆရာဝန် အဖေနှစ်ယောက်ရှိတဲ့ LGBTမိသားစုကနေ မွေးဖွားလာတဲ့ မက်ဂန်၊ အမြဲတက်တက်ကြွကြွနေတတ်ပြီး သတ္တိရှိတဲ့ မက်ဂန်ရဲ့ ငယ်သူငယ်ချင်း ပေ့ခ်ျ၊ သူ့ရဲ့မွေးနေ့မှာ အဖေက နောက်အိမ်ထောင်ပြုတော့မှာကြောင့် စိတ်ရှုပ်နေတဲ့ အန်နာမာရီယာ၊ အန်နာမာရီယာရဲ့ညီအစ်မတော်ဖို့ ဖြစ်လာတဲ့ ဗရော်နီကာ၊ အဖေနှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ်မနေတတ်ဘဲ အမြဲထိန်းချုပ်ပြီး‌နေတတ်တဲ့ မက်ဂန်ဟာ အန်နာမာရီယာ့မွေးနေ့မှာတော့ သူရဲ့ထိန်းချုပ်မှုတွေ ပူပန်မှု‌တွေကိုမေ့ပစ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ အသစ်အဆန်းတွေလုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရင်း….. အစ်မရဲ့မွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဗရော်နီကာ ဖိတ်ပေးထားတဲ့ မှော်ဆရာကလည်း သူတို့ကို စိုးရိမ်ပူပန်မှုအကုန်မေ့ပျောက်ပြီး စိတ်လွတ်လက်လွတ် ပျော်ပျော်နေကြဖို့ စိတ်ညှို့‌ပေးလိုက်တဲ့ အခါမှာတော့…. သူတို့သူငယ်ချင်းတစ်စု ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အခုပဲကြည့်ကြည့်လိုက်ရအောင် File size…(840 MB) Quality….Webrip 720p Format…mp4 Duration….01:23:00 Genre…Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

Romance • Drama
5.8 2023
The Slumber Party
Mad Max: Fury Road
8.1

Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ ဒါကတော့ ၄ ကားမြောက်ဖြစ်တဲ့ Mad Max: Fury Road (2015)ဇာတ်ကားပါ။ IMDb (8.1) နဲ့ Rotten Tomatoes(97%) ရရှိထားပါတယ်။ Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။) +++++++++++++++++++++++ Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေ ကူးယူဖော်ပြလိုက်ပါတယ်။ +++++++++++++++++++++++ Mad Max: Fury Road ဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ရုပ်ရှင်ဟာ သင့်အတွက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်လောက်က ထွက်ရှိခဲ့တဲ့ Action Movies တွေထဲက သင်ကြည့်ဖူးသမျှ Action Movies တွေထဲမှာ ဘယ်ရုပ်ရှင်ဟာ အကောင်းဆုံးလဲလို့အရင်တွေးကြည့်လိုက်ပါ။ သင်တွေးမိလိုက်တဲ့ ထိုရုပ်ရှင်ထက် ယခု ဒီ Mad Max: Fury Road ရုပ်ရှင်ဟာ ပိုကောင်းတယ်ဆိုတာ သေချာတပ်အပ် ကျွန်တော် ရဲရဲကြီး ပြောဆိုနိုင်ပါတယ်။ Mad Max ဆိုတာ ဘယ်သူကို ပြောတာလဲ? Max Rockatansky ဆိုတဲ့ လူတစ်ယောက်ကိုပြောတာပါ။ ဒါဆိုထိုသူက ဘယ်သူလဲ? သူဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့အရင်ကားဟောင်း 3 ကားဖြစ်တဲ့ Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ သိခဲ့ပြီး ဖြစ်ပါတယ်။ Max သည် ကမ္ဘာကြီး မပျက်ဆီးခင်က အမှန်တရားရဲ့ဘက်တော်သားလို့အမည်ရတဲ့ ရဲတစ်ဦးဖြစ်ခဲ့သည်။ သူ့တွင် တွယ်တာစရာ မိန်းမနှင့် သားလေးတစ်ဦးပါဝင်သော မိသားစုလေးရှိခဲ့သည်။ ဒါတွေကို ကျွန်တော်တို့ပထမဆုံး Mad Max (1979) တွင် တွေ့ခဲ့ရသည်။ သူသည် ထိုရုပ်ရှင်ထဲတွင် ရဲဌာနမှ အငြိမ်းစားယူရန် မကြာခဏ တောင်းဆိုခဲ့သည်မှာ ထိုမိသားစုလေးအတွက်ပင်ဖြစ်သည်။ သို့သော် ကံမကောင်းခဲ့သော သူ့အတွက် သူ့ရဲ့ ထိုမိသားစုကလေးကို ဆုံးရှုံးရသောအခါ ရုပ်ရှင်ရဲ့The Third Act လောက်မှာ သူ့ရဲ့Antihero တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သော စရိုက်ကို တွေ့မြင်ခဲ့ရပြန်သည်။ ထိုရုပ်ရှင်သည် Director George Miller ရဲ့ပထမဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ သူသည် အရင်က ဆေးကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ $350,000 ဆိုသော Budget ကလေးနဲ့အောင်မြင်သွားချက်က ထိုခေတ်က $100 Million နီးပါးပြန်လည်ရရှိခဲ့သည်။ ထို့ကြောင့် The Blair Witch Project ဆိုသော သရဲကား မထွက်ခင်ထိ Mad Max ရုပ်ရှင်သည် အမြတ်ပမာဏ အများဆုံးရရှိသော ရုပ်ရှင်တစ်ကားဖြစ်ခဲ့လေသည်။ ဒုတိယ ဇာတ်ကား Mad Max: Road Warrior (1981) ဇာတ်ကားစတော့ ကမ္ဘာကြီးသည် ပျက်စီးသွားခဲ့ပြီး Max ကိုလည်း လမ်းပေါ်မှာ တစ်ဦးတည်း ဦးတည်ချက်မဲ့ သွားနေသော ခရီးသည်ကြီးတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတော့တယ်။ သူသည် မိမိနှင့်မဆိုင်ရင် ဝင်မပါသောသူ ကြမ်းတမ်းသော လောကကြီးတွင် မည်ကဲ့သို့အသက်ဆက်ရှင်ရမည်ကို ကောင်းမွန်စွာ သိသောသူ စကားနည်းသွားသောသူ အဖြစ် ကျွန်တော်တို့သူ့ရဲ့ တည်ငြိမ်သော စရိုက်ကို မြင်ခဲ့ကြရပြန်တယ်။ အစားစရာ၊ ရေ၊ နေထိုင်စရာနေရာတစ်ခု နှင့် Petrol တို့ကို လိုအပ်ချက်သည် ထိုရုပ်ရှင်ရဲ့အဓိက ဇာတ်လမ်းပင်ဖြစ်ခဲ့သည်။ သူ့ရဲ့ခရီးစဉ်ရဲ့တစ်နေရာတွင် သူသည် ဓာတ်ဆီများကို ပိုင်ဆိုင်ထား၍ အခြေတကျ နေထိုင်နေကြသော လူတစ်စုနှင့် ထိုဓာတ်ဆီများကို လိုချင်နေကြသော အကြမ်းဖက်ဒုစရိုက် အုပ်စု တစ်စုတို့ရဲ့ကြားထဲကို ရောက်ရှိခဲ့လေသည်။ ဒီရုပ်ရှင်သည် Mad Max ဆိုသော ဇာတ်ကောင်ကို Icon တစ်ခုအဖြစ် အသွင်ပြောင်းပေးခဲ့သော ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပေ။ တတိယ ဇာတ်ကား Mad Max: Beyond Thunderdome (1985) စပြန်တော့လည်း သူ့ကို အရင်ကလို တစ်ဦးတည်း သွားလာနေတဲ့ ခရီးသည်ကြီးတစ်ယောက် အဖြစ်စတင်ခဲ့ကာ မိမိရဲ့ပိုင်ဆိုင်သော အရာများကို လုယူခံရခြင်းမှ ထိုအရာများကို ပြန်လည် လဲယူရန် Society တစ်ခုနှင့် အပေးအယူ လုပ်ခဲ့သည်။ အုပ်ချုပ်မှုဆိုသော ခေါင်းဆောင်ပိုင်းကို လုယူနေကြသော လူများကို သူတွေ့ခဲ့သည်။ ထို့အပြင် ပျက်စီးသွားသော ကမ္ဘာကြီးရဲ့သရုပ်မှန်လောကကြီးနှင့် ဝေးကွာသောတစ်နေရာတွင် ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပြီး အဖြစ်မှန်ကို မသိခဲ့ကြတဲ့ လူတစ်စုကိုလည်း သူ တွေ့ခဲ့ပြန်သလို ကျွန်တော်တို့လည်း တွေ့ခဲ့ရပါတယ်။ ထိုပြီးခဲ့တဲ့ ဇာတ်ကား 3 ကားကို ပြန်လည်တွေးတောကြည့်မယ်ဆိုရင် အဓိက Theme က “အိမ်” ဆိုတဲ့ အရာလေးတစ်ခု နဲ့အသက်ဆက်လက်ရှင်သန်နေထိုင်နိင်ခြင်း တို့ပဲဖြစ်ပါတယ်။ လူတိုင်းသည် မိမိတို့ရဲ့အိမ် မိသားစု ဆိုတဲ့ အရာများကို မက်မောလေ့ရှိတတ်ကြပါတယ်။ အကယ်၍ ကမ္ဘာကြီး ပျက်ဆီးသွားခဲ့ရင်တောင် နေထိုင်စရာ အသက်ရှင်စရာ ကို လုယူ၍သော်လည်းကောင်း ရှာဖွေ၍သော်လည်းကောင်း တစ်နည်းနည်းနဲ့ရရှိအောင် ပြုမူဆောင်ရွက်ကြမည်မှာ လူသားတိုင်းပင်ဖြစ်ပါတယ်။ ထို့အတူပါပဲ။ ယခုနောက်ဆုံး ထွက်ရှိခဲ့တဲ့ Mad Mac: Fury Road (2015) ဇာတ်ကားတွင်လည်း အဓိက နောက်ခံကျောရိုး ဇာတ်လမ်းနဲ့ဒီရုပ်ရှင်ဇာတ်လမ်းရဲ့အဓိကရည်ရွယ်ချက်က “Home” ဆိုသော “အိမ်” ဆိုသည့် လူသားတွေ အသက်ရှင် နေထိုင်ကြမည့်နေရာတစ်ခုကို ရှာပုံတော်ဖွင့်နေကြတဲ့ အမျိုးသမီးတစ်စုရဲ့အကြောင်းကို တင်ပြထားပါတယ်။ ဒါဆို ထို မိန်းမတစ်စုနဲ့တစ်ကိုယ်တော် ခရီးသည်ကြီး Max တို့နဲ့ဘယ်လိုများ စပ်ဆက် နေတာပါလဲ? ဇာတ်လမ်းအစမှာ Max ကို စတင်တွေ့ရသည်။ သူသည် မည်သည့်နေရာက လာခဲ့သည်ဆိုတာကို ဇာတ်လမ်းက ပြောမသွား။ ဒါပေမဲ့သူသည် War Boys ဆိုသော လူတစ်စုထံမှ ပြေးနေရသည်ဆိုတာကိုတော့ နောက်အခန်းတွေမှ စ၍ သိခဲ့ရသည်။ သူထို War Boys ဆိုသူတွေရဲ့ဖမ်းဆီးခြင်းကို ခံရတော့ ထိုသူတို့ရဲ့ခေါင်းဆောင်ကြီးဖြစ်သူ Inmortan Joe ဆိုသော လူကြီးဆီသို့ခေါ်ဆောင်သွားခံရသည်။ ထို Inmortan Joe သည် သူနေထိုင်ရာ မြို့ဟု ခေါ်ဆိုရမည့် Society တစ်ခုတွင် အာဏာရှိသောသူ အရာအားလုံးကို ထိန်းချုပ်ထားသူ တစ်ဦးဖြစ်သည်။ ထိုအနီးအနားတဝိုက်တွင် နေထိုင်သူ အားလုံးသည် သူ့ရဲ့အစားအစာ နှင့် ရေ ထောက်ပံမှုကို လိုအပ်နေသော လူများပင် ဖြစ်သည်။ ထို့အပြင်သူသည် သူ့ရဲ့မျိုးပွားရန်အတွက် မိန်းမငယ်များကို ဖမ်းဆီးထားကာ War Boys ဟုခေါ်သော သူ့ရဲ့တပည့်တပန်းများ (သို့) မျိုးပွားထားသော သားများသည် စစ်တိုက်ခိုက်ရန်နှင့် အကြမ်းဖက်မှုများ ပြုလုပ်ရန်အပြင် ထို Inmortan Joe အတွက် အသက်စတေးပေးကာ တာဝန်ထမ်းဆောင်နိုင်လျှင် မြင့်မြတ်သော အောင်မြင်သော ဂုဏ်ရှိသော အလုပ်တစ်ခုဟု အယူဝါဒသစ်တစ်ခု မှိုင်းတိုက်ခံထားရသော လူငယ် ယောင်္ကျားလေးများပင် ဖြစ်သည်။ Max ရဲ့သွေးသည် Universal Blood ဆိုသည်ကို သူတို့သိကြသောအခါ ထို War Boys များထဲမှ နာမကျန်းဖြစ်နေသည့် Nux ဆိုသော လူငယ် War Boy တစ်ဦးအတွက် သွေးထောက်ပံပေးနေရသော လူတစ်ဦးအဖြစ် ဖမ်းဆီးခြင်း ခံထားရသည်။ (Universal Blood Donner ဆိုသည်မှာ သွေးအမျိုးအစား O – များကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပြီး ကျန်သော သွေးအမျိုးအစားအားလုံးကို သွင်းနိုင်သည်။ Universal Blood Recipients များကတော့ AB+ သွေးအမျိုးအစားကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပါသည်။ အတိအကျ အသေးစိပ်ကိုတော့ ဆရာဝန်များ ပိုသိကြပါတယ်။) ဒီနေရာတွင် Furiosa ဆိုသော အမျိုးသမီးကို ကျွန်တော်တို့စတင်ပြီး တွေ့ခဲ့ရသည်။ သူမသည် ဒီရုပ်ရှင်ရဲ့အသက်ဟုခေါ်ဆိုရလောက်တဲ့ အဓိက ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်း ဖြစ်ပေါ်လာရပုံနဲ့နောက်ဆက်တွဲ အကျိုးရလာဒ်များအားလုံးသည် သူမကြောင့်ပင်ဖြစ်သည်။ သူမရဲ့ပုံကို ပြောရမယ်ဆိုရင် အရပ်အမောင်း ကောင်းမွန်ကာ ဆံပင်မရှိ ရဲ့ရင့်သော ထက်မြက်သော အမျိုးသမီးတစ်ဦး အသွင်ရှိသည်။ သူမရဲ့လက်ဝဲဘက် လက်မရှိ၍ စက်လက်အတု တစ်ချောင်းကို တပ်ဆင်ထားရသည်။ သူမသည် Inmortan Joe အတွက် Gasoline သွားယူရန် ကြီးမားသော Rig ကြီးကိုမောင်းနှင်ကာ ထွက်သွားကာ သွားရမည့်လမ်းမှ ကွဲထွက်သွားသောအခါ Inmortan Joe သည် သူ့ရဲ့အမြတ်နိုးဆုံး အရေးကြီးဆုံး အလိုအပ်ဆုံး ပစ္စည်း 5 ခုပျောက်ဆုံးသွားကာ ထိုပစ္စည်းများသည် Furiosa နှင့်အတူ ပါသွားကြပြီကို သိလိုက်သောအခါ သူ့ရဲ့စစ်တပ်တစ်ခုလုံးကို ခေါ်ဆောင်ကာ Furiosa နောက်သို့လိုက်လံလေတော့သည်။ ဒါဆို Furiosa နဲ့အတူ ပါသွားကြတဲ့ တန်ဖိုးရှိ အရာ 5 ခုသည် ဘာတွေနည်း? Angharad Splendid, Capable, Cheedo, Toast နှင့် Dag ဟုအမည်ရသော Inmortan Joe မျိုးပွားရန် ဖမ်းဆီးထားသော သူ့ရဲ့မိန်းမများဖြစ်သော အမျိုးသမီးငယ်များပင် ဖြစ်ပေသည်။ တိုက်ပွဲတွင် Inmortan Joe အတွက် သေဆုံးရလျှင် ဂုဏ်ယူစရာဟု ထင်မှတ်မှားနေသော ဖျားနေနေသည့် War Boy – Nux သည် နေမကောင်းသည့် ကြားထဲကပင် Max ကို သူမောင်းနှင်ရမည့် ကားရှေ့တွင် မက်တပ်ရပ်စေလျှက် သွေးသွင်း၍ ကားမောင်းကာ ထွက်ပြေးသွားသော Furiosa တို့ကားနောက်ကို လိုက်လံဖမ်းဆီးတဲ့ အဖွဲ့ထဲတွင် လိုက်ပါလာလေသည်။ ပြင်းထန်သော တိုက်ပွဲများနှင့် တွေ့ဆုံနေကြပြီး ရှေ့တွင် ကြီးမား၍ အန္တာရယ် အလွန်ကြီးမားသော သဲမုန်တိုင်းကြီးတစ်ခုထဲသို့Furiosa တို့Rig ကြီးမောင်းနှင်သွားချိန်တွင် Max နှင့်အတူ Nux ပါ လိုက်ပါ မောင်းနှင်သွားကြသောအခါ…. ဇာတ်လမ်းတစ်ခုလုံးသည် လိုက်တမ်းပြေးတမ်း တစ်ခုပင်ဖြစ်သည်။ ထိုအမျိုးသမီးလေး 5 ဦးကို Furiosa ခေါ်ဆောင်လာခဲ့သော နေရာသည် သူမကြီးပြင်းခဲ့သည့် နေရာတစ်ခုကိုပင်ဖြစ်သည်။ သူတို့ခေါ်တော့ “Green Place” ဆိုပြီး စိမ်းလန်းစိုပြေတဲ့ နေရာလို့တင်စားခေါ်ဝေါ်ကြတဲ့ အိပ်မက်ဆန်ဆန် နေရာတစ်ခုပင် ဖြစ်တယ်။ Nuclear War ကြောင့် ပျက်ဆီးသွားတဲ့ ကမ္ဘာမြေကြီးသည် နေရာတိုင်းတွင် ခြောက်ကပ်နေသည်။ အပင်များ မပေါက် နေထိုင်ရန်ခက်ခဲ ကြမ်းတမ်းသော လူများ အုပ်စိုးနေတဲ့ လောကကြီးမှာ ငြိမ်းချမ်းအေးဆေးတဲ့ စိမ်းလန်းစိုပြေတဲ့ နေရာတစ်နေရာလေးသည် ထိုကာလရဲ့လူသားတိုင်းအတွက်တော့ အိပ်မက်ဆန်ဆန် နေရာလေးတစ်ခုပင်ဖြစ်သည်။ Furiosa နဲ့ထိုအမျိုးသမီးလေး 5 ယောက်တို့ခရီးကြမ်းကြီးရဲ့ပန်းတိုင်သည် ထိုနေရာပင် ဖြစ်သည်။ သူမတို့ထိုနေရာကို ရောက်ကြပါ့မလား ဆိုတာကိုတော့ စာဖတ်သူတို့ပဲ သည်းထတ်ရင်တဖိုဖိုနဲ့ဆက်လက် ကြည့်လိုက်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ Director George Miller ဒီရုပ်ရှင်ကို ရိုက်ကူးရန် စိတ်ကူးရှိခဲ့သည်မှာ Wikipedia မှာ ဖတ်ရသလောက်ဆိုရင် 1998 ခုနှစ်ကတည်းက Los Angles မြို့ရဲ့လမ်းစုံတစ်နေရာမှာ လမ်းလျှောက်နေခဲ့ရင်းနဲ့စတင်ခဲ့တာလို့ဖတ်ရပါတယ်။ အဲ့ဒီ့နောက် တစ်နှစ်လောက်ကြာတော့ Australia ကိုပြန်တဲ့ လေယာဉ်ပေါ်မှာ သူ ဒီဇာတ်လမ်းတစ်ခုလုံးကို ရခဲ့ပါတယ်။ 2001 ခုနှစ်က 20th Century Fox နဲ့ရိုက်ကူးကြမယ်လို့စတင်ခဲ့ကြပေမဲ့ September 11 အရေးကြောင့် US Dollar ဈေးတွေ Australia Dollar ဈေးတွေထက် အဆမတန်ကျကာ Budget မခိုင်ပဲဖြစ်ခဲ့ရကာ ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ 2003 ခုနှစ်မှာ US Dollar 100 Million Budget နဲ့စတင်ရိုက်ကူးဖို့ခွင့်ပြုချက်ရခဲ့ပေမဲ့ Iraq စစ်ပွဲတွေ စတင်လာပြန်သောကြောင့် နိုင်ငံရေးအရ Nuclear War ဆိုတဲ့အရာနဲ့ဇာတ်လမ်းနဲ့ဆက်နွယ်နေခဲ့ပြန်သောကြောင့် နောက်တစ်ကြိမ် ရိုက်ကူးရေးကို ရပ်နားခဲ့ရပြန်ပါတယ်။ ထိုအခါမှာတော့ Original Max ဖြစ်တဲ့ မင်းသား Mel Gibson က ရိုက်ကူးရေး ရပ်နားလာရသောကြောင့် ထိုဇာတ်ကားကို ရိုက်ကူးရန် စိတ်ဝင်စားမှူ မရှိခဲ့တော့ပါဘူး။ နောက်တစ်ကြိမ် 2007 လောက်မှုာ ထပ်မံရိုက်ကူးဖို့George Miller ကြိုးစားပါတယ်။ ဒီတစ်ခါတော့ အသက်အရွယ်ကြီးလာတဲ့ Mel Gibson နေရာမှာ Heath Ledger နဲ့Max ဇာတ်ကောင်ကို ရိုက်ကူးမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမဲ့2008 မှာ Heath Ledger သေဆုံးသွားတော့ 2009 ခုနှစ်မှာ Tom Hardy ကို ရွေးချယ်ခဲ့ကြပါတယ်။ 2011 ခုနှစ်မှာ Australia နိုင်ငံမှာ ကြီးမားတဲ့ မိုးရွာသွန်းမှူကြောင့် သူတို့ရိုက်ကူးရန် စီစဉ်ထားကြတဲ့ Broken Hill သည် ပျက်ဆီးသွားခဲ့ပြီး အရင်က ကန္တရသဖွယ် ဖြစ်တည်နေသော ထိုနေရာသည် ပန်းများဖြင့် ဝေဆာကုန်သောကြောင့် ဇာတ်လမ်းနှင့် ဆန့်ကျင်ဘက် ဖြစ်ကာ ရိုက်ကူးရေးကို Namibia နိုင်ငံသို့ရွေ့ပြောင်းခဲ့ရပြန်သည်။ ဒါပေမဲ့ 2012 ခုနှစ် July လ မတိုင်ခင်အထိ အကြောင်းအမျိုးမျိုးကြောင့် ရိုက်ကူးရေး မစတင်နိုင်ခဲ့ကြပြန်ပါဘူး။ 2012 July လောက်မှ စတင်ကာ Namibia နိင်ငံနှင့် Western Sydney တို့တွင် ရိုက်ကူးခဲ့ကာ 17th December 2012 တွင်ပြီးဆုံးခဲ့၍ ရက်ပေါင်း 120 ကြာမြင့်ခဲ့သည်။ ဒါပေမဲ့ 2013 ခုနှစ် အစောပိုင်းလောက်မှာ Namibia ရဲ့Namibian Coast Conservation and Management သည် ထိုရုပ်ရှင်လာရောက်ရိုက်ကူးသွားခဲ့ခြင်းသည် သူတို့ရဲ့Namib ကန္တရကြီးကို ပျက်စီးစေခဲ့ပြီး ထိုအရပ်ရှိ အပင်များ တရိစ္ဆာန်များကို ပျက်ဆီးစေခဲ့သည်ဟု စွပ်စွဲကာ Mad Max Fury Road ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများသည် တိုင်ကြားခြင်းခံခဲ့ရသည်။ ထို့နောက် November 2013 မှာ သူတို့ထိုရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခဲ့ကြရပြန်ပါတယ်။ ယခု May 2015 မှာတော့ ကျွန်တော်တို့ထို အခက်အခဲပေါင်း မြောက်မြားစွာက အောင်မြင်စွာ ထွက်ရှိနိုင်လာတဲ့ ထိုရုပ်ရှင်ကို ကြည့်နိုင်ကြပြီလေ။ ဒီရုပ်ရှင်က Mad Max ရဲ့ဇာတ်ကားဖြစ်ပေမဲ့ ဇာတ်လမ်းသဘောအရ အမျိုးသမီးတွေကို ဦးစားပေးထားသော ဇာတ်ကားဖြစ်သည့် အားလျော်စွာ ကျွန်တော် ထို အမျိုးသမီးဇာတ်ကောင် 6 ယောက်ကို လေ့လာကြည့်ခဲ့ပါတယ်။ Imperator Furiosa ထိုဇာတ်ကောင်ကို မင်းသမီး Charlize Theron က သရုပ်ဆောင်ထားပါတယ်။ သူမသည် ပထမဆုံး Mad Max ရုပ်ရှင်ကားကို အသက် 8 နှစ်တွင် မပြည့်မစုံ ကြည့်ခဲ့ရသည်။ သူမသည် ထိုဇာတ်ကောင်ကို ရိုက်ကူးနေစဉ်က သူမစိတ်ပူနေခဲ့သည်မှာ တတိယဇာတ်ကားဖြစ်တဲ့ Mad Max: Beyond Thunderdome ဇာတ်ကားထဲက Tina Turner ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Aunty Enitity နှင့် ဇာတ်ကောင်စရိုက်ပုံစံခြင်း ဆင်တူနေမှာကို စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ မတူညီပါ။ ဟိုတစ်ယောက်က အာဏာကို လိုချင်သောသူ။ သူမရဲ့ ဇာတ်ကောင်ကတော့ အမျိုးသမီး 5 ယောက်ကို ကိုယ်ချင်းစာသောသူ၊ ငယ်စဉ်အခါက မိခင်နှင့်အတူ လူဆိုးများရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရ၍ အိမ်နှင့်ဝေးကွာနေခဲ့ရသူ၊ သူမဘဝရဲ့တစ်ချိန်တစ်ခါတုန်းက တိုက်ပွဲတစ်ခုတွင် အကြောင်းတစ်ခုခုကြောင့် သူမရဲ့လက်ဝဲဘက် လက်ကို ဆုံးရှုံးခဲ့ရသောသူ၊ ဝမ်းနည်းရမည့်အချိန်တွင် မျက်ရည်ဝဲခဲ့ပေမဲ့ စိတ်ဓာတ်ပြတ်သားကာ မိမိဆက်လက်လုပ်ဆောင်ရမည့် အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ခဲ့သူ၊ ကြမ်းတမ်းသော လောကကြီးတွင် ကြီးပြင်းလာခဲ့၍ လူတိုင်းကိုမယုံကြည်တတ်ကာ အခြေအနေနှင့် အချိန်အခါအလိုက် မှန်ကန်ဆုံးနှင့် ရဲ့ရင့်ဆုံး လုပ်ဆောင်နိုင်ခဲ့သော အမျိုးသမီးဇာတ်ကောင်တစ်ဦးပင် ဖြစ်သည်။ သေချာပါတယ်။ ရုပ်ရှင်သမိုင်းရဲ့Legendary Woman Warrior စာရင်းထဲတွင် Imperator Furiosa သည် ပါလာခဲ့မည်မှာ သေချာပါတယ်။ Charlize Theron သည် ထိုဇာတ်ကောင်အတွက် သူမရဲ့ဆံပင်တွေကို ရိတ်ခဲ့ပါတယ်။ သူမပြောတာကတော့ ရိုက်ကူးနေစဉ် လက်တစ်ဘက်ပြတ်နေတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတာ အခက်ခဲဆုံးပါတဲ့။ Splendid ယောင်္ကျားလေးတော်တော်များများ ဒီရုပ်ရှင်ကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တွေ အများကြီးထဲက တစ်ခုကတော့ ထို ဇာတ်ကောင်ကို သရုပ်ဆောင်ထားတဲ့ Rosie Hutington-Whiteley ကြောင့်ပဲဖြစ်မယ်လို့ထင်ပါတယ်။ အရင်က Victoria Secret ရဲ့Model တစ်ယောက်ဖြစ်ခဲ့တဲ့ သူမအတွက်တော့ ဒီဇာတ်ကားသည် ဒုတိယမြောက် ရုပ်ရှင်ပဲဖြစ်ပါတယ်။ ပထမရုပ်ရှင်ကတော့ Transformers: Dark of the Moon ပဲဖြစ်ပြီး ကျွန်တော့်အမြင်မှာတော့ သူမသည် ဒီရုပ်ရှင်တွင် သရုပ်ဆောင်မှုအပိုင်းမှာ အလွန်တိုးတက်လာတယ်လို့ ထင်ပါတယ်။ သူမရဲ့ပြောချက်အရတော့ Charlize Theron နဲ့တွဲပြီး သရုပ်ဆောင်ခဲ့ရတာ သူမအတွက်တော့ Inspiration တစ်ခုဖြစ်တယ်လို့သိခဲ့ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ထိုအမျိုးသမီးလေး 5 ယောက်ရဲ့နာမည်တွေကို ပေးထားတာ ထိုနာမည်တွေက သူတို့ရဲ့ဇာတ်ကောင်စရိုက်တွေနဲ့သက်ဆိုင်နေတယ်လို့ကျွန်တော် မြင်မိတယ်။ Splendid ဇာတ်ကောင်သည် တစ်ကယ်ကိုပင် ရုပ်ရှင်ထဲတွင် Splendid ဖြစ်ခဲ့သည်။ Capable ထိုဇာတ်ကောင်ကိုတော့ Riley Keough က သရုပ်ဆောင်ခဲ့ပါတယ်။ ထိုဇာတ်ကောင်သည် အတွေးသမားတစ်ယောက်ဖြစ်သည်။ သူမရဲ့Nickname ကတော့ “Brainy” ၊ Capable ဆိုသော နာမည်အတိုင်း လမ်းတစ်လျှောက် ပြဿနာတွေပေါ်ပေါက်လာလျှင် ဖြေရှင်းနိုင်သူ တစ်ယောက်ပင်ဖြစ်သည်။ 6 လ လောက် Namibian ကန္တရမှာ အင်္ကျ ီခပ်ပါးပါးကို ဝတ်ဆင်ခဲ့ရတဲ့ မင်းသမီး Riley Keough တစ်ယောက် အအေးဒဏ်ကို မခံနိုင်ခဲ့သောကြောင့် Hypothermia ဆိုတဲ့ ရောဂါကို ခံခဲ့ရပါတယ်။ The Dag ဒီဇာတ်ကောင်ကို Abbey Lee ဆိုသော အရင်က Model တစ်ယောက်ဖြစ်ခဲ့သော အမျိုးသမီး သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ထို Dag ဆိုသော နာမည်အတိုင်း ထိုဇာတ်ကောင်သည် အများနှင့် မသက်ဆိုင်သော ပုံစံမျိုးပင်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် သိပ်မစပ်အပ်လှပေ။ ဒီဇာတ်ကားသည် ထိုမင်းသမီးအတွက်တော့ ပထမဆုံး ရုပ်ရှင်ပင်ဖြစ်သည်။ သူမသည် ရောဂါတော့မရရှိခဲ့။ သို့သော် ရိုက်ကူးနေစဉ်တော့ ခါးဒဏ်ရာ ရရှိခဲ့သည်။ Fragile ဒီဇာတ်ကောင်ရဲ့နာမည်ကလည်း ထိုဇာတ်ကောင်ရဲ့စရိုက်ကို ဖော်ပြနေသည်။ ထိုဇာတ်ကောင်သည် ထို အမျိုးသမီး 5 ယောက်ထဲတွင် အသက်ငယ်ဆုံး ဇာတ်ကောင်ဖြစ်သည့်အားလျော်စွာ အလွယ်တကူ Fragile ဖြစ်နိင်သည်။ သူမရဲ့ထိုဇာတ်ကောင်သည် တစ်ခြားသူများရဲ့အကူအညီ လိုအပ်သော ဇာတ်ကောင်ပင် ဖြစ်သည်။ ထိုဇာတ်ကောင်ကို Courtney Eaton က သရုပ်ဆောင်ထားပြီး သူမ Audition မလုပ်ခင်က သူမသည် Mad Men tv series အတွက် သရုပ်ဆောင်ရမည်လို့ထင်နေခဲ့တာ သူမရဲ့အဖေက “No, Mad Max! This is huge!” လို့ဝမ်းပန်းတသာနဲ့ပြောဆိုခဲ့လို့သူမသည် အရင်က 3 ကားကို ပြန်ကြည့်ခဲ့သည်။ ဒီရုပ်ရှင်ကို စရိုက်တော့ သူမသည်လည်း 16 နှစ် သာသာပဲရှိသေးသည့်အတိုင်း ထိုအုပ်စုထဲတွင် သူမသည် ကလေးသာသာ ဖြစ်နေခဲ့သည်။ သူမရဲ့ပြောချက်အရတော့ Rosie Hutington-Whiteley သည် ရုပ်ရှင်ထဲမှာရော အပြင်မှာပါ သူမရဲ့အမေ တစ်ယောက်လို့ဖြစ်နေခဲ့သည်တဲ့။ Toast နောက်ဆုံးတစ်ယောက်ကတော့ Toast ဆိုတဲ့ ဇာတ်ကောင်။ ထိုဇာတ်ရုပ်ကို သရုပ်ဆောင်ထားတာက Zoe Kravitz ။ ထို 5 ယောက်ထဲတွင် သူမရဲ့ဇာတ်ကောင်သည် အရဲရင့်ဆုံး ဇာတ်ကောင်။ Furiosa ရဲ့Splendid ပြီးရင် အားထားရဆုံးတစ်ယောက်။ သူမသည် ဒီဇာတ်ကားအတွက် ဒုတိယမြောက် ရွေးချယ်ခံရတဲ့ မင်းသမီးတစ်ဦး ပင်ဖြစ်သည်။ Zoe Kravitz သည် Max Max Fury Road ဇာတ်ကားကို ပြီးခဲ့သည့် နှစ်က Online မှာ ပထမဆုံး Trailer ကို ကြည့်ခဲ့ရတော့ ဝမ်းသာလွန်းလို့ငိုခါနီးဖြစ်ခဲ့သူတစ်ဦး။ အခက်အခဲတွေ မျိုးစုံထဲက အောင်မြင်စွာ ကျော်ဖြတ်ပြီး ယခုကဲ့သို့ရုပ်ရှင်ဖြစ်လာတော့ သူမသည် “I almost cried when I saw the trailer, just because I actually can’t believe it’s happening.” ဟု ပြောခဲ့လေသည်။ ယခု စတုတ္ထမြောက် Mad Max ရုပ်ရှင်သည် အရင် 3 ကားရဲ့အကောင်းဆုံးသော အရာများကို ပြည့်စုံအောင် ပါဝင်ထားသည်။ ပထမဆုံးကားရဲ့Vengeance Theme နဲ့သည်းထိပ်ရင်ဖိုစွာ ကြည့်ခဲ့ရတာတွေ .. ဒုတိယမြောက်ကားရဲ့အကောင်းဆုံးသော Car Chase Action Scenes တွေ နဲ့တတိယမြောက်ကားရဲ့Apocalyptic ဆန်သော အရာများ အားလုံးကို တစ်စုတစ်ပေါင်းထဲ ပါဝင်ထားသည်။ ရိုက်ကူးခဲ့သော Director George Miller ရဲ့ကျွမ်းကျင်မှုများ ဟုတင်စားရလောက်တဲ့ အချက်တွေသည် ဒီရုပ်ရှင်ကို ကြည့်နေသော ပရိသတ်တွေသည် ဇာတ်လမ်းစပြီဆိုတာနဲ့ရုပ်ရှင်ထဲကို စိတ်ဝင်စားနိုင်မှူကို 100% အပြည့်ပေးစေနိုင်ခဲ့သည်။ ရုပ်ရှင်ကြည့်နေစဉ် ရုံထဲတွင် စကားပြောသံတစ်သံလေးတောင် မကြားခဲ့ရ။ အပေါ့အပါးထသွားသော သူများပင် မရှိခဲ့ကြ။ လူတိုင်းရဲ့စိတ်များသည် Max တို့ရဲ့ခရီးစဉ်နှင့်အတူ မျောပါသွားခဲ့ကြပုံရသည်။ ထို့အပြင် ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ရင်ထိတ်ခဲ့ရဆုံး မျက်လုံးများ ပြူးကျယ်လာသည် အထိ သည်းထိတ်ရင်ဖို အဖြစ်ခဲ့ရဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့သည်။ မှတ်မိသလေက် ပြီးခဲ့သော နှစ်တွေက ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ထိုကဲ့သို့သော ခံစားချက်မျိုးပေးစွမ်းနိုင်ခဲ့သော ရုပ်ရှင်များမှာ Argo နှင့် Gravity တို့ပဲဖြစ်ပါတယ်။ အခုဆို ကျွန်တော် ထိုရုပ်ရှင်ကို ကြည့်ပြီးခဲ့သည်မှာ 5 ရက်ပင် ကျော်လွန်လာခဲ့ပါပြီ။ သို့ပေမဲ့ ထိုရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ… Dialogues တွေ… ဇာတ်ကောင်တွေ… Actions တွေ… Stunts တွေ အားလုံးဟာ ကျွန်တော့်ရဲ့ခေါင်းထဲတွင် ထပ်ခါထပ်ခါ ပေါ်နေသည်။ မေ့ဖျောက်၍ မရ။ ပြောရမယ်ဆိုရင် ဘိန်းသုံးထားသော လူတစ်ယောက်လို ခံစားခဲ့ရသည်။ ကျွန်တော့်ရဲ့စိတ်သည် ရုပ်ရှင်ပြီးသွားသော အခါ ပတ်ဝန်းကျင်ကို မေ့ပျောက်သွားသည်။ Max ရဲ့ကမ္ဘာပျက်ထဲတွင် ကျန်ရစ်နေခဲ့ကာ မျောလွင့်နေခဲ့သည်။ ထိုမျှလောက် ကျွန်တော် နှစ်သက်ခဲ့သော ရုပ်ရှင်တစ်ကားပင် ဖြစ်သည်။ အမှန်အတိုင်းပြောရရင် Mad Max သည် ကျွန်တော်တို့လို ယောင်္ကျားလေးများ အထူးနှစ်သက်သော ရုပ်ရှင် ဖြစ်ပေမဲ့ ဇာတ်လမ်းအရ ပြန်ကြည့်မယ်ဆိုရင် Feminist ဆန်သော Theme ကို ပို၍ အရေးပေးထားသောကြောင့် အမျိုးသမီးပရိသတ်တွေလည်း နှစ်သက်လိ်မ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းသည် စာသားများမဟုတ်။ စာမျက်နှာ 300 ခန့်ရှိသော Storyboard များပင်ဖြစ်သည်။ Storyboard ဆိုသည်မှာ Artists များက ဆွဲပေးသော ဇာတ်လမ်း ရဲ့ပုံများဖြစ်သည်။ Concept Art ကို စတင် ဖန်တီးခဲ့တာကတော့ Brendan McCarthy ဆိုသော ပန်းချီဆရာတစ်ယောက်ပဲဖြစ်ပြီး ကျန်သော Drawings ပေါင်း 3500 ခန့်လောက်ကို Mark Sexton, Peter Pound နှင့် တစ်ခြား Storyboards Artist 2 ယောက်တို့နဲ့ဆွဲခဲ့ပေသည်။ ထို Storyboards များကြောင့် Directions တွေ Camera Movements တွေကို သာမာန်ဇာတ်ညွှန်းတစ်ပုဒ် ရေးသလို ရေးစရာမလိုတော့ပေ။ သူတို့ရဲ့ပြောဆိုချက်အရ ထို Storyboards များကိုပဲ ပြင်ဆင်ခဲ့ချိန်ဟာ အချိန်ကာလ 3 နှစ်ခန့်ကြာမြင့်ခဲ့ရပါတယ်လို့သိရပါတယ်။ ထို့အပြင် Mad Max Fury Road သည် ယနေ့ခေတ်ရုပ်ရှင်များတွင် အလွန်တရာ ရှားပါးသွားပြီဖြစ်တဲ့ Practical Effects များကို တွင်တွင်ကြီး အသုံးပြုခဲ့သည်။ ယနေ့ခေတ်ရဲ့Action Movies အများစု (သို့မဟုတ်) Superheroes နှင့် တခြား Sci-fi ရုပ်ရှင်များတွင် CGI Effects များကိုသာ အလွယ်တကူ အသုံးပြုခဲ့ကြပေမဲ့ ယခု ဒီရုပ်ရှင်ရဲ့90% သော Actions ခန်းများ Stunts များသည် အမှန်တကယ် လုပ်ဆောင် ပုံဖော် ရိုက်ကူးခဲ့ကြသော Actions များ Stunts များပင်ဖြစ်သည်။ အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်တော့ ပရိသတ်တွေရဲ့စိတ်ထဲမှာ အသက်ပါ နေခဲ့ခြင်းပင်။ ထို Stunts များသည် အလွန်တရာ အန္တရာယ်ရှိသောကြောင့် မရိုက်ကူးခင် သူတို့အစီအစဉ်တကျ ဆွဲကာ စဉ်းစားရသည်။ ထို့နောက် စမ်းသပ်ရသည်။ အောင်မြင်ပြီဆိုတော့မှ ရိုက်ကူးကြသည်။ အရင်က မင်းသားကြီး Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ထို Max ဆိုသော ဇာတ်ကောင်နေရာတွင် Tom Hardy က အစားထိုး ရိုက်ကူးခဲ့သည်။ Tom Hardy ကို ယခုရုပ်ရှင်တွင်တော့ ထူးခြားသော သရုပ်ဆောင်မှုကို မတွေ့ခဲ့ရပေ။ သို့သော် ဇာတ်ကောင်ကိုတော့ လေးစားစွာ သရုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ သူနှင့် ထိုဇာတ်ကောင် လိုက်ဖက်ရဲ့လားလို့မေးရင် လိုက်ဖက်လား မလိုက်ဖက်လားတော့ မသိ။ သို့ပေမဲ့ လိုက်ဖက်အောင် သူသရုပ်ဆောင်နိုင်ခဲ့သည်။ ဒါပေမဲ့ ကျွန်တော် စောစောက ပြောခဲ့သည့်အတိုင်း ဒီရုပ်ရှင်မှာ အထူးခြားဆုံး သရုပ်ဆောင်နိုင်သွားခဲ့သည်မှာ မင်းသမီး Charliez Theron ပင်ဖြစ်သည်။ သူမသည် သူမပါဝင်သော ဇာတ်ကားတိုင်းတွင် ထိုနည်းလည်းကောင်းပင် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်သည်မှာ သူမရဲ့ထူးခြားတဲ့ ပါရမီတစ်ခုပဲဖြစ်သည်။ ထိုကားထဲတွင် ကျွန်တော် နောက်ထပ်ကြိုက်နှစ်သက်မိခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ War Boy Nux ပဲဖြစ်သည်။ ထိုဇာတ်ကောင်ကို မင်းသား Nicholas Hoult က သရုပ်ဆောင်ထားပြီး တစ်ကယ်ကို လိုက်ဖက်ပါတယ်လို့ထင်မိတယ်။ ထိုဇာတ်ကောင်ပြောသွားသော စကားများသည် ယခုထက်ထိ ကျွန်တော့် မေ့လို့မရပေ။ ထိုစကားတွေရဲ့အဓိပ္ပာယ်များထက် ထိုစကားတွေကို သူပြောခဲ့တဲ့ဇာတ်ဝင်ခန်းတွေမှာ သူပြောခဲ့တဲ့ စကားတွေနဲ့အလွန် လိုက်ဖက်ခဲ့သောကြောင့် မေ့မရနိုင်သော စကားများဖြစ်ခဲ့ခြင်းပင်။ Nicholas Hoult သည် သူသရုပ်ဆောင်ရမည့် နေ့ရက်တိုင်းတွင် သူ့ရဲ့အပြင်လောကနဲ့မတူညီသော ဇာတ်ကောင်ကို ပြင်ဆင်ရန်အတွက် Make-up ပြင်ဆင်ချိန် အမြဲတမ်း 2 နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ ရိုက်ကူးရေးကာလတစ်လျှောက် ပိန်လှီနေသော ခန္ဓာကိုယ် ရရှိအောင် နေ့တိုင်း ကြိုးခုန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားထဲက လူဆိုးခေါင်းဆောင် Toecutter အဖြစ် သရုပ်ဆောင်ခဲ့သော Hugh Keays-Byrne ကပဲ လူဆိုးကြီး Inmortan Joe အဖြစ် သရုပ်ဆောင်ပေးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းများတွင် Definite Moments ဆိုသော အခန်းများ အနည်းဆုံး တစ်ခန်းလောက် ပါဝင်ကြပါသည်။ သို့ကြောင့် ဒီရုပ်ရှင်သည်လည်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်သည့် အလျှောက် Definite Moments များ တစ်ခန်းထက်မနည်း ပါဝင်ခဲ့သည်။ ဘယ်အခန်းတွေလဲဆိုတာကိုတော့ Spoiler ကို ရှောင်ကျည်သည့် အတိုင်း ပြောမပြတော့ပါ။ ထို့အပြင် ကျွန်တော် ရုပ်ရှင်တစ်ကားကြည့်ပြီးတိုင်း အမြဲ ပြုလုပ်လေ့ရှိသော ဇာတ်သိမ်းခန်းကို ပြန်လည် စဉ်းစားခြင်းနဲ့တစ်ခြား ဇာတ်သိမ်းပုံတွေကို တွေးတောမိတယ်။ နောက်ဆုံး အဖြေပေါ်လာတာက ဒီရုပ်ရှင်ရဲ့ဇာတ်သိမ်းသည် အလွန်ကို ပြီးပြည့်စုံပြီး ရုပ်ရှင်နှင့်လိုက်ဖက်သည်။ အပြောပြောစရာ တစ်ကွက်မှ မရှိသော ဇာတ်သိမ်းပင် ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကဆိုရင် ဇာတ်လမ်းစပြီး 10 Minutes လောက်ကစပြီး မိမိကိုယ်မိမိ Max ရဲ့ကမ္ဘာထဲကို ရောက်ရှိသွားသလို ခံစားရတယ်လို့ပြောပါတယ်။ သူပြောတာ မှန်ပါတယ်။ ဇာတ်လမ်းစတင်ပုံ အလွန်ကောင်းမွန်ပြီး အစကတည်းကနေ အဆုံးထိ ပရိသတ်ကို Max တို့နှင့် Inmortan Joe တို့ရဲ့ပြေးပွဲ လိုက်ပွဲကြီးထဲကို စိတ်တွေပါသွားခဲ့ကြသည်။ သေချာပါတယ်။ ကြည့်နေခဲ့သူ ပရိသတ်တိုင်းသည် ထိုဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်ဟု မသိစိတ်ထဲတွင် မသိမသာ ထင်နေခဲ့မှာဆိုတာပါပဲ။ ယခုရေးမည့်အကြောင်းအရာသည် Review မဟုတ်တော့ပါ။ ထို့ကြောင့် Spoiler ရှောင်ချင်သူများ ကျော်သွားကြပါလို့တိုက်တွန်းပါတယ်။ ကျွန်တော် ဒီကားကို ကြည့်ပြီးခဲ့ချိန်တွင် ဘဝင်မကျခဲ့သော အချက်တစ်ခုကို ဆွေးနွေးချင်ပြီး ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်တစ်ခုကို ပြောပြချင်လို့ပါ။ ဘာအကြောင်းအရာလည်းဆိုတော့ အရင် Mad Max 3 ကားနဲ့ဒီကားနဲ့မတူညီပဲ ကွဲပြားနေတဲ့ အချက်တွေပါ။ အရင် 3 ကားကို ကြည့်ပြီးသူများ နားလည်ကြမှာ ဖြစ်ပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားတွင် Max တွင်ရှိခဲ့သော ကလေးငယ်မှာ သားယောင်္ကျားလေးဖြစ်သည်။ ထိုကလေးငယ်နှင့် သူ့ရဲ့ဇနီးကို Toecutter တို့လူမိုက်တစ်စု ဆိုင်ကယ်များ ကားများနှင့် တိုက်သတ်ခဲ့သောကြောင့် သေခဲ့ပြီး ဖြစ်သည်။ ထို့နောက် နောက်ထပ် 2 ကားတွင်လည်း သူသည် မိန်းမရသွားသည်ကို မပြခဲ့ပေ။ တစ်ကိုယ်တော် သမားတစ်ယောက် အဖြစ်သာ တင်ပြခဲ့သည်။ သို့ပေမဲ့ ယခု Mad Max Fury Road တွင်တော့ Max ရဲ့Flashback အခန်းများတွင် သေဆုံးသွားသော သူ့ရဲ့ကလေးမှာ အတော်အတန် ကြီးနေပြီဖြစ်သော သမီးမိန်းကလေးပင် ဖြစ်သည်။ ထိုကဲ့သို့George Miller ဘာကြောင့် ပြောင်းလဲခဲ့သည်ကို ကျွန်တော် ဘဝင်မကျခဲ့။ ထို့ကြောင့် ဒီကားသည် Remake လား Sequel လား ဆိုတာကို ရှာဖတ်ကြည့်ခဲ့တော့လည်း George Miller က မည်ကဲ့သို့မှ ပြောမသွားခဲ့။ Max သည် Legendary Warrior တစ်ယောက် ဖြစ်သည့်အတိုင်း ယခုဇာတ်လမ်းသည်လည်း သူ့ခရီးစဉ်ကြီးရဲ့တစ်ချိန်တစ်နေရာက ဇာတ်လမ်းတစ်ခုပဲဖြစ်သည်။ ထို့ကြောင့် Sequel လည်း မဟုတ်။ Reboot လည်းမဟုတ်၊ Remake လည်းမဟုတ်၊ Prequel လည်းမဟုတ် ဟု သူကပြောကြားခဲ့သည်။ ဒါဆိုရင် ဘာလို့Max ရဲ့ကလေးဇာတ်ကောင်ကို ပြောင်းလဲခဲ့ရသနည်း? အဖြေကို ကျွန်တော် စဉ်းစားမိတော့ ခေါင်းထဲပေါ်လာတာက ယခု Mad Max Fury Road ထဲက Max သည် Original Mad Max 3 ကားထဲက Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင် မဟုတ်နိုင်ပေ။ တစ်ခြား ဇာတ်ကောင်တစ်ယောက်ပင် ဖြစ်နိုင်သည်။ ဒါဆိုရင် မည်သူနည်း? ကျွန်တော် တွေးမိလိုက်တာ Mad Max 2: The Road Warrior ဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid ဆိုသော ကလေးငယ်တစ်ယောက် အသက်ကြီးသွားသော ဇာတ်ကောင်ပင် ဖြစ်မည်လို့ကျွန်တော် ထင်လိုက်မိပါတယ်။ ဒါနဲ့Internet မှာ ရှာဖတ်ကြည့်လိုက်တော့ ကျွန်တော့်လိုပဲ စဉ်းစားမိတဲ့ လူတစ်ယောက် ရေးထားတာကို ဖတ်မိလိုက်ပြီး သူ့ရဲ့Idea နဲ့ကျွန်တော့်ရဲ့Idea တွေတူညီလို့ကျွန်တော် ရှင်းပြလိုက်ပါရစေ။ ပထမအချက်က Mad Max Fury Road ဇာတ်ကားရဲ့အစောပိုင်းမှာ Max ကို War Boys တွေဖမ်းဆီးစဉ် Max ရဲ့နောက်ကျော်မှာ ထိုးထားတဲ့ Tattoo တွေကို အရင်ဆုံးပြောပါရစေ။ ထို Tattoo အခန်းတွင် သူ့ရဲ့Blood Type နဲ့တစ်ခြား ကျန်းမာရေးနှင့် သက်ဆိုင်သော အချက်အလက်များ ကို ရေးထားသည်။ ပြသခဲ့သော အခန်းသည် အလွန်တိုတောင်းသောကြောင့် အရာအားလုံးကို လိုက်ဖတ်ရန် မလွယ်ကူလှပေ။ ထို Tattoo များထဲတွင် တွေ့လိုက်ရသည်မှာ Day 12045 ဆိုသော အရာလည်း ပါဝင်သည်။ ဒါဆို Max ရဲ့အသက်သည် ယခု Fury Road ထဲတွင် 33 နှစ်ခန့်သာသာပဲရှိပါအုံးမည်။ George Miller တစ်ခါပြောဖူးတာကို မှတ်မိသလောက်ဆိုရင် ယခု Fury Road သည် ကမ္ဘာပျက် Apocalypse ဖြစ်ပြီး နှစ်ပေါင်း 40 ကျော် 50 ခန့်လောက်မှာ ဇာတ်အိမ်တည်ထားတယ်လို့ပြောခဲ့ဖူးပါတယ်။ ဒါကို ပြန်တွေးကြည့်မယ်ဆိုရင် ပထမဆုံး Mad Max ဇာတ်ကားတွင် ကမ္ဘာမပျက်သေးပေ။ ဒါဆို သူပြောပုံအရဆိုရင် Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင်သည် ယခု Fury Road Timeline တွင် အသက် 70 ကျော်ခန့်ပင် ဖြစ်နေလောက်ပေသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ယခု Fury Road တွင် ကျွန်တော်တို့တွေ့ခဲ့ရသော Max သည် အရင်က ကျွန်တော်တို့တွေ့ခဲ့ရသော Mel Gibson ရဲ့ဇာတ်ကောင် Max မဟုတ်တော့ပေ။ ဒါဆိုရင် ယခုဇာတ်ကောင်သည် ကျွန်တော်တို့ဒုတိယဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid လို့ယူဆမိပါသလဲဆိုရင် ထိုဒုတိယဇာတ်ကားတွင် ထိုကလေးလေးသည် Max ကို အလွန်အထင်ကြီးခဲ့သော ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့ပြီး ထိုဇာတ်လမ်းရဲ့ဇာတ်ကြောင်းပြောသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုကလေးဇာတ်ကောင်သည် Timeline အရ ကမ္ဘာကြီးပျက်ဆီးသွားပြီးမှ မွေးဖွားခဲ့သော ဇာတ်ကောင်ဖြစ်သောကြောင့် ယခု Fury Road timeline တွင်ထို ဇာတ်ကောင်ရဲ့အသက်သည်လည်း 30 ကျော်ခန့်ပင် ဖြစ်နိုင်လောက်ပေသည်။ နောက်ထပ် ဖြစ်နိုင်ချေရှိသော Theory တစ်ခုမှာ ထို ဒုတိယဇာတ်ကားတွင် Max က Feral Kid ကလေးကို ပေးခဲ့သော Music Box လေးပင်ဖြစ်သည်။ ထို Music Box ကလေးကို ယခု Fury Road ထဲတွင် ပါဝင်သော အမျိုးသမီးငယ် 5 ယောက်ထဲက တစ်ယောက်ရဲ့လက်ထဲတွင် ကစားနေသည်ကိုပါ ကျွန်တော်တို့တွေ့ခဲ့ရပြန်သည်။ ဒါဆိုရင် ကျိန်းသေပါတယ်။ ယခု ဒီ Fury Road နှင့် ဒုတိယဇာတ်ကား The Road Warrior ဇာတ်ကားတို့တွင် ဆက်နွယ်ချက်တစ်ခုခု ရှိနေသည်ဆိုတာ။ ယခု Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်သည် သူ့ရဲ့နာမည်ကို မေးသောအခါ ပြောဖို့တွန့်ဆုတ်နေခဲ့သည်။ သူ့ရဲ့နာမည်သည် အရေးမကြီးဟု ပြောခဲ့သည်။ နောက်ဆုံးအခန်းတွင်မှ သေမလား ရှင်မလားမသိ အသက်လုနေရသော Furiosa ကို သူနာမည်သည် Max ဟုပြောခဲ့သည်။ အကယ်၍ ကျွန်တော်တို့Theory မှန်ကန်ပါက Tom Hardy ရဲ့ဇာတ်ကောင်သည် သူငယ်စဉ်က သိခဲ့ရသော Max ဆိုသောလူတစ်ယောက်ရဲ့နာမည်ကို ယူသုံးလိုက်ခြင်းပင်ဖြစ်ပေသည်။ ဘာကြောင့်လဲဆိုရင် ထို Max သည် သူငယ်စဉ်က အားကျခဲ့သော Role Model တစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့်ပင်။ ဒါပေမဲ့ ထိုဒုတိယဇာတ်ကား အပြီးတွင် ဇာတ်ကြောင်းပြောသူ Feral Kid ရဲ့ဇာတ်ကြောင်းပြောပြချက်အရ သူတို့ထွက်ပြေးလွတ်မြောက်သွားသော အုပ်စုသည် နောင်တစ်ချိန်တွင် Great Northern Tribe ဟုဖြစ်လာပြီး သူသည်လည်း ထို အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ ဒါကို ထို Internet က ပြောထားသောသူနှင့် ကျွန်တော့်ရဲ့တွေးတောချက်အရဆိုရင် ထို Feral Kid သည်ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ကာ မိန်းမနှင့် သမီးလေးတစ်ယောက် ရခဲ့ပေမဲ့ သူ့ရဲ့အမှားတစ်ခုကြောင့် သူ့ရဲ့မိသားစုအပါအဝင် ထို အဖွဲ့တစ်ခုလုံးသေဆုံးသွားခဲ့ရပြီး သူသည်လည်း တစ်ကိုယ်ရည် လွတ်မြောက်ပြီး လှည့်လာသွားလာနေသော လူတစ်ယောက်ဖြစ်လာနိင်သည်ဟု ယူဆနိုင်ပေသည်။ ထို့ကြောင့် Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်ရဲ့စိတ်ကူးတွေထဲတွင် သေဆုံးသွားသော သူ့ရဲ့သမီးကို မြင်တွေ့နေခြင်းပင် ဖြစ်သည်။ အမှန်ဆို Max တွင် သမီးမရှိခဲ့။ သားတစ်ယောက်သာ ရှိခဲ့သည်။ ထိုသားသည်လည်း မွေးကာစအရွယ်ကတည်းကပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုကျွန်တော် ပြောပြချက်များသည် ကျွန်တော်အပါအဝင် တစ်ခြား Fans တွေရဲ့Fans’ Theory တစ်ခုသာ ဖြစ်ပေသည်။ အမှန်ဟု တပ်အပ်မပြောဆိုနိုင်ပေ။ အမှန်ကိုတော့ Director George Miller တစ်ယောက်တည်းသာ သိနိင်ပေသည်။ သူသည် ထို Character ကို ပြောင်းခဲ့တာလား? တစ်ခြား Character ကိုပဲ အစားထိုး ပြောင်းလဲ အသုံးပြုခဲ့တာလား? ပြောင်းလဲခဲ့တယ်ဆိုရင်လည်း နောက်ကွယ်မှာ ဇာတ်လမ်းတွေ အများကြီးရှိနိုင်ပါသေးသည်။ Director George Miller ရဲ့ပြောဆိုချက်အရ နောက်ဇာတ်ကားအသစ်ရဲ့နာမည်သည် Mad Max: The Watseland ဖြစ်ပြီး မည့်သည့်အချိန်တွင် ထွက်ရှိမည်ကိုတော့ မပြောပြသွားပေ။ ဘာပဲဖြစ်ဖြစ်ပါ။ ယခု Fury Road ကဲ့သို့အဘက်ဘက်က အပြစ်ကင်း၍ အလွန်တရာ ကောင်းမွန်လှပြီး ကြည့်ပြီးသူတိုင်း အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားမျိုး Sequel ကို လူတိုင်းစောင့်မျှော် ကြည့်ရူချင်ကြမှာ အမှန်ပါပဲ။ ကျွန်တော်တို့မေးခဲ့သော လျှို့ဝှက်ချက်များကိုလည်း နောက်အသစ်ထွက်မဲ့ ရုပ်ရှင်များတွင် ဖြေရှင်းနိူင်ပါစေလို့ပဲ မျှော်လင့်ရင်း ဒီနှစ်ရဲ့အကောင်းဆုံး Action ဇာတ်ကား ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှရုပ်ရှင်တွေရဲ့အကြိုက်ဆုံး 4 ကားတွင် တစ်ကားအပါအဝင်ဖြစ်သော ယခု ဒီ Mad Max: Fury Road review ရှည်ကြီးကို ဒီမှာတင်ပဲ ရပ်နားခွင့် ပြုပါ။ IMDb Rating: 8.1/10 Rotten Tomatoes Rating: 97% ~WH~ +++++++++++++++++++++++++++++++++ 4K Version ကိုတော့ ကာလာပိုလှတဲ့ HDR Version နဲ့တင်ဆက်ထားတာမလို့ ခေတ်ပေါ် Device တချို့မှာသာ ကြည့်ရှုသင့်ပါတယ်။

Drama • Comedy
8.1 2015 121 mins
Mad Max: Fury Road
He Went That Way
5.1

ချစ်သူကမုန်း၊ ဖဲကရှုံး… ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ… ဒါတွေကတော့ တစ်ခါတစ်လေ စာရေးသူတို့လူ့လောကကြီးမှာ မဖြစ်ချင်ဘဲဖြစ်ရတဲ့၊ အတောမသတ်နိုင်လွဲချော်နေရတဲ့အခြေအနေတစ်ခုကို ထင်ဟပ်ဖော်ပြတဲ့ စကားပုံတွေပဲဖြစ်ပါတယ်။ ကံမကောင်းလို့ ကိစ္စတစ်ခုခုမှာလွဲချော်ပြီးတာတောင် အားမရသေးဘဲ ကံတရားက ထပ်နှိပ်စက်တဲ့အခြေအနေ၊ လောကဓံသရုပ်ကို ပြောချင်တာပါ။ ဒါပေမဲ့လည်း တခါတလေမှာ အဲ့လိုကံဆိုးမိုးမှောင်ကျမှုတွေ၊ အဆင်မပြေလွဲချော်မှုတွေကြားထဲကနေပဲ စာရေးသူတို့တွေဟာ အကောင်းဆုံးရုန်းကန်ကြိုးစားထွက်မြောက်ပြီး အောင်မြင်သွားတတ်ကြသလို အဲ့လိုအဆိုးဆုံးအခြေအနေတွေကြားထဲမှာပင်လျှင် စာရေးသူတို့ဘဝအတွက် သင်ခန်းစာယူစရာတွေ၊ ဆင်ခြင်သုံးသပ်စရာတွေ၊ ဘဝအတွက်ဒဿနတွေ ရှိနေတတ်တယ်ဆိုတာ သတိမူမိဖို့လိုပါတယ်။ တခါတလေမှာ အခြေအနေတစ်ရပ်၊ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို အကျပ်အတည်းကြားမှာမှတွေ့ရတတ်သလို အဆိုးဆုံးဆိုတဲ့ အခြေအနေ၊ လူတစ်ယောက်မှာလည်းပဲ သူ့ရဲ့အကောင်းမြင်စရာအနေအထားတစ်ခုတော့ ရှိတတ်စမြဲဆိုတာကို တွေ့ရတတ်ပါတယ်။ ဒါတွေကတော့ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကိုကြည့်ရင်း စာရေးသူစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အတွေးစုတွေဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပေးချင်တဲ့ message က တခြားဟာဖြစ်ကောင်းဖြစ်ပေမယ့် ဒါတွေကတော့ စာရေးသူဆက်စပ်တွေးဖြစ်တဲ့ဟာလေးတွေပါ။ အခုဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Jacob Elordi နဲ့ နာမည်ကြီး Star Trek ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ Zarchari Quinto တို့ အဓိကဦးဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Jeffrey Darling ဖြစ်ပြီး အမေရိကန်စာရေးဆရာ Conrad Hilberry ရဲ့ ၁၉၈၇ ခုနှစ်ထွက် မှုခင်းဝတ္တု Luke Karamazov ဝတ္တုထဲကဇာတ်ကောင်ပေါ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုတော့ Evan M Wiener ကရေးသားပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဂျင်မ်ဟာ တောရိုင်းတိရစ္ဆာန်တွေလေ့ကျင့်ပေးပြီး ပြစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လောလောဆယ်မှာ စပန်ကီဆိုတဲ့ ချန်ပန်ဇီတစ်ကောင်ကို လေ့ကျင့်မွေးမြူထားပြီး ဝယ်လက်တစ်ယောက်ဆီ သွားပို့ဖို့ ထွက်လာတာဖြစ်ပါတယ်။ မျောက်ဝံပြစားတာ ယခင်လိုအလုပ်အကိုင်မကောင်းလို့ စပန်ကီကို ဝယ်လက်ဆီသွားပို့ကာမှ လမ်းမှာကားကပါပျက်ပါတော့တယ်။ ကားပျက်တာပြင်ပြီးလို့ ပြန်အထွက်မှာ ကားကြုံလိုက်မယ့် လူငယ်တစ်ယောက်ကို သနားစိတ်ဝင်ပြီး တင်မိရာကနေ အဲ့လူငယ်ဟာ သူထင်ထားသလို သာမန်ကောလိပ်ကျောင်းသားချာတိတ်မဟုတ်ဘဲ လူငါးယောက်ကိုပူပူနွေးနွေးသတ်လာတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်နေတဲ့အခါ၊ သူ့ကိုပါ အနုကြမ်းစီးပြီး ပါတာလေးတွေ ယူလိုက်တဲ့အခါ ဂျင်မ်တစ်ယောက် စုပ်လည်းဆူး၊ စားလည်းရူးအခြေအနေနဲ့ အဆိုပါလူငယ်နဲ့ ရှေ့ဆက်ဖို့ အတော်လေးအခက်ကြုံလာရပါတော့တယ်။ File size…(1.3GB)/(633 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Drama • Thriller • Action
5.1 2023
He Went That Way
The Phantom Warrior

ဖခင်ဖြစ်သူက ၁၃နှစ် သမီးမှာ တခြားမိန်းမနောက်လိုက်သွားပြီး သူတို့ သားအမိကို ချန်ထားခဲ့တဲ့နောက် မိခင်ဖြစ်သူကလည်း ကင်ဆာရောဂါနဲ့ သေဆုံးသွားပါတယ်။ ဒီတော့ မိဘတွေ အမွေချန်ထားရစ်တဲ့ မြင်းဇောင်းရယ် ရိုင်ဖယ်တစ်လက်ရယ် မြင်းအိုတစ်ကောင်ရယ်နဲ့ နမက်ဆစ်တစ်ယောက် ကြီးပြင်း လာပါတယ်။ တစ်ရက်ကျ ဖြတ်သွားနေကြ ဘုရားကျောင်းကို အမှတ်မထင် ဝင်ရောက်ခဲ့ပြီး နမက်ဆစ်ဟာ ရှေ့ဖြစ်ဟော တစ်ယောက်နဲ့ တွေ့ရှိကာ သူဟာ သာမန်လူမဟုတ်ပဲ မသေမျိုး စိတ်ဝိဉာဉ်ဖြစ်တဲ့ ဝိဉာဉ်သူရဲကောင်းဖြစ်ကြောင်း မကောင်းမှုတွေကို ကံကြမ္မာအလိုရ ဖယ်ရှားရမယ်ဆိုတာကို ပြောပြသွားပါတယ်။ ဒီလိုနဲ့ နမက်ဆစ်တစ်ယောက်ကို ဟီးရိုးဖြစ်လာတဲ့အချိန် တစ်ဖက်မှာလည်း အိမ်တွင်းအကြမ်းဖက်သမားများကို လိုက်လံသတ်ဖြတ်နေတဲ့ ထူးဆန်းတဲ့ဂိုဏ်းတစ်ဂိုဏ်းနဲ့ တွေ့ရှိခဲ့ ချိန်မှာတော့…..။ File size…1.05GB / 458MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 59m Genre ….. Adventure , Fantasy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

0 2024 83 mins
The Phantom Warrior
Nede Vidudala

Nede Vidudala (2023) အွန်လိုင်းမီဒီယာလောက စာရွက်တွေခေတ်ကုန်စပြုလာတဲ့ နည်းပညာခေတ်မှာ သတင်းစာ ဂျာနယ်မဂ္ဂဇင်းတွေထက် အွန်လိုင်းမီဒီယာက လူတွေအပေါ် ပိုပြီးတော့ လွှမ်းမိုးလာတော့တာပါ။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ဒီအွန်လိုင်းမီဒီယာလုပ်ငန်းအကြောင်း တစေ့တစောင်းလေး‌ ဖော်ညွှန်းထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဆစ်ဒူဟာ သူ့ရဲ့သူငယ်ချင်းအဖွဲ့ထဲမှာ အမြဲထူးနေတဲ့သူ‌၊ ကျောင်းပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေထဲမှာ အလုပ်တွက်စိတ်ပူတဲ့သူ၊ သူငယ်ချင်းတွေနဲ့ကွဲမှာစိတ်ပူတဲ့သူ၊ အရင်လိုမကဲ‌ရတော့မှာ ပူတဲ့သူနဲ့ ကိုယ်စီဗျာများနေပေမဲ့ စာကြမ်းပိုးကောင်ဆစ်ဒူကတော့ စာကြည့်တိုက်ကစာအုပ်တွေ ဖတ်လို့မပြီးမှာကိုစိုးရိမ်နေတဲ့ ဘုရားစူးလူသားလေးပေါ့။ ဒီလိုနဲ့ကျောင်းပြီးတော့လည်း သူများနဲ့မတူတဲ့အလုပ်ကိုမှ လုပ်ချင်တဲ့ဆစ်ဒူကို အဖေဖြစ်သူက သူ့အသိမီဒီယာလုပ်ငန်းတစ်ခုမှာလုပ်ဖို့ ဖျောင်းဖျပြီး အလုပ်သွင်း‌ပေးလိုက်ပါတယ်။ အဖေနဲ့ ဒီအလုပ်မှာ ရက်ပိုင်းလုပ်ကြည့်မယ်ဆိုတဲ့ကတိနဲ့ မီဒီယာလောကထဲ‌‌ ရောက်လာတဲ့ဆစ်ဒူ၊ အမြဲဆန်းသစ်နေတာကိုမှကြိုက်တဲ့ဆစ်ဒူတစ်ယောက် တစ်နေ့တစ်မျိုးမရိုးရတဲ့ မီဒီယာလောကရဲ့နောက်ကွယ်ကဖြစ်ရပ်စုံကိုကြုံတွေ့ရဖို့ ဖြစ်လာတဲ့အခါမှာတော့…. ဆစ်ဒူတစ်ယောက် သူလိုချင်တဲ့ အသစ်အဆန်းခံစားချက်ကို မီဒီယာလောကမှာ ရှာဖွေရင်း ဘယ်လိုတွေစွန့်စားခန်းဖွင့်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

0 2023
Nede Vidudala
Mo Mamma
5.9

Mo Mamma (2023) IMDb-5.9/10 မြေးဖြစ်သူမာရီက အဘွားဖြစ်သူ မာမားဘေးမှာအမြဲရှိနေပေးခဲ့ပြီး ၊ တစ်ချိန်လုံး တစ်သက်လုံးပျော်သလိုနေခဲ့ပြီး ‌အဘွားဆုံးခါနီးမှ လာအကဲပိုတယ်လို့ သူ့အမေကို အထင်လွဲနေခဲ့တယ် အမေဖြစ်သူအပေါ် တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲတွေးတဲ့သူ ၊ သူထင်ပေါ်အရေးပေးခံဖို့ပဲစိတ်ဝင်စားတဲ့သူ ၊ သမီးဖြစ်သူအပေါ် ကြင်ကြင်နာနာမရှိ ရက်စက်စိမ်းကားသူဆိုတဲ့ ငယ်ဘဝစိတ်ဒဏ်ရာ‌တွေ အပြည့်နဲ့ပေါ့ ဒါက သမီးတစ်ယောက်ရဲ့ တစ်ဖက်သတ်အမြင် စိတ်ဒဏ်ရာ ၊ မိခင်တစ်ယောက်ရဲ့ အခက်အခဲနဲ့ အကျပ်အတည်းကရော ဘာတွေများဖြစ်မလဲ အချိန်အတော်ကြာမှ ရင်ဖွင့်ဖြေရှင်းကြတာတွေက အကုန်အခဲကျေပြေလည်သွားမလား ဒဏ်ရာတွေကိုပိုဆိုးစေမလား…… ကိုယ်တိုင်နဲ့ ကိုယ့်ဘေးမှာရှိနေတဲ့သူတွေကြားက ဆက်ဆံရေးတွေအတွက် တစ်ခဏတာပြန်စဉ်းစားသုံးသပ်မိစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်

5.9 2023
Mo Mamma
Animal Factory

ထောင်တွင်း ဇာတ်လမ်းတွေကို သဘောကျနှစ်သက်သူတွေအတွက် 2000 ခုနှစ်ထွက် ထောင်တွင်းဇာတ်လမ်း Animal factory ဖြစ်ပါတယ် မင်းသားကြီး Willem Dafoe ပါဝင်ထားတဲ့ကားတစ်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါက သဘာဝကျတဲ့ ထောင်ဇာတ်ကားတစ်ကားအဖြစ် အသိအမှတ်ပြုမှုတွေရရှိခဲ့ပါတယ် ဇာတ်လမ်းကတော့…. မိသားစုနောက်ခံကောင်းကောင်းကလာတဲ့ Rich Kid လေး ရွန်ဒက်ကာ တစ်ယောက် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့အဖမ်းခံလိုက်ရပါတယ် ထောင်မကျအောင် အစွမ်းကုန်လျှောက်လှဲတဲ့ကြားက ထောင်ကျသွားပါတော့တယ် ထောင်ထဲမှာတော့ သူ့ကို နှစ်ကြီးသမားကြီး အားလ်ကိုပန် က အကာအကွယ်ပေးခဲ့ပါတယ် ထောင်ထဲမှာ ကြုံရမယ့်အခက်အခဲတွေကနေ ကာကွယ်ပေးရုံတင်မကဘဲ သူ့ရဲ့ပြစ်ဒဏ်ကနေပါ လွတ်ငြိမ်းခွင့်ရအောင် အားလ်က ကူညီပေးဖို့ကြိုးစားပါတော့တယ် အရာရာ အဆင်ပြေပြေနဲ့ပဲ ရွန် တစ်ယောက် အပြင်ပြန်ထွက်သွားနိုင်မလား ဒါမှမဟုတ် အခက်အခဲတွေကြုံလာရဦးမလားဆိုတာကတော့…… File size…(1.6 GB)/(892 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Thway

0 2000
Animal Factory
The Royal We
7.2

ဒီတစ်ခါမှာ CM ပရိတ်သတ်ကြီးတိုအတွက် တင်ဆက် ပေးချင်တာကတော့ ရုံးပိတ်ရက်တွေမှာ ပေါ့ပေါ့ပါးပါးနဲ့ အပျင်းပြေကြည့်ရှုနိုင်မဲ့ The Royal Weဆိုတဲ့ Romance/Comedy ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ ရာစုနှစ်နဲ့ချီပြီး ပဋိပက္ခဖြစ်နေကြတဲ့ အန်ဒရိုဗီယာနဲ့ ဗော့စ်တီယာရီဆိုတဲ့ တိုင်းပြည်နှစ်ခုဟာ နှစ်နိုင်ငံကြားမှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေနဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖိုအတွက် အန်ဒရိုဗီယာရဲ့ အိမ်ရှေ့စံမင်းသားနဲ့ ဗော့စ်တီယာရီရဲ့ အိမ်ရှေ့စံမင်းသမီးတိုကို ထိမ်းမြားပေးပြီး ပြဿနာတွေကိုဖြေရှင်းကြဖိုရည်ရွယ် ခဲ့ပေမဲ့ မင်္ဂလာပွဲမတိုင်ခင်မှာဘဲ အိမ်ရှေ့စံမင်းသားနဲ့ စေ့စပ်ထားခဲ့တဲ့ မင်းသမီးလေးက ရေပိုက်ပြင်သမားနဲ့ ခိုးရာလိုက်ပြေးသွားပါတော့တယ်။ ဒီလိုနဲ့ အိမ်ရှေ့စံမင်းသားလည်း အဲဒီလိုဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ထပ်ဖြေရှင်းဖို နည်းလမ်းရှာကြည့်တဲ့အခါ ထွက်ပြေးသွားခဲ့တဲ့မင်းသမီးမှာ ညီမတစ်ယောက်ရှိနေတာကို သိခဲ့ပြီး မင်းသားတစ်ယောက် အစ်မဖြစ်သူနဲ့မအောင်မြင်ခဲ့တဲ့ သံတမန်ရေးရာလက်ဆက်ပွဲကို တော်ဝင်တာဝန်တွေကနေ နှစ်၂၀ကျော် အဝေးမှာနေခဲ့တဲ့ ညီမဖြစ်သူနဲ့ပဲဆက်လုပ်ဖို ကြိုးစားရပါတော့တယ်။ အဲဒီလိုကြိုးစားရင်းနဲ့ တစ်ခါမှမချစ်ဖူးသေးတဲ့ အိမ်ရှေ့စံမင်းသားနဲ့ လွတ်လပ်တဲ့ဘဝကိုပဲ ပိုင်ဆိုင်ချင်တဲ့မင်းသမီးလေးတိုနှစ်ယောက်ရဲ့ လက်ဆက်ပွဲက အဆင်ပြေပြေနဲ့ အောင်မြင်သွားပါ့မလား။ နှစ်နိုင်ငံကြားကတင်းမာမှုတွေကိုရောပြေလည်သွားအောင် ဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်လို ပရိတ်သတ်ကြီးတိုအပျင်းပြေ ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။ File size… (1.55 GB) / (867 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wutyi

Mystery • Thriller
7.2 2025 84 mins
The Royal We
Schindler’s List
9

Schindler’s List (1993) IMDb Rating (9.0) / Rotten Tomatoes (98%) ကမ္ဘာပေါ်က အကောင်းဆုံး Biographical ဇာတ်ကားတွေထဲမှာ No.1 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Schindler’s List ဇာတ်ကားဟာ German စီးပွားရေး သမားဖြစ်တဲ့ Oskar Schindler အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေ အကြား ရပ်တည် နေရတဲ့ Polish Jewish ဒုက္ခသည် ၁၀၀၀ ကျော်ကို အသက်ဘေး ကနေ လွတ်အောင် သူ့ရဲ့ စက်ရုံ အမျိုးမျိုးမှာ နေထိုင် လုပ်ကိုင် စေချင်အားဖြင့် စောင့်ရှောက်ခဲ့ပုံတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ Biographical Movies တွေထဲမှာ အကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည် နေပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါ တယ်။ အော်စကာဆု ၇ ဆုအပြင် အခြားဆုပေါင်း ၇၀ နဲ့ ဆု ၂၅ ဆုအတွက် ဇကာတင် စာရင်း တင်သွင်း ခံခဲ့ရပါတယ်။မင်းသားကြီး Liam Neeson မှာ Oskar Schindler အဖြစ်ပါဝင်ထားပါတယ်။ ဒါရိုက်တာက Steven Spielberg ဖြစ်သလို တကယ့်အဖြစ်အပျက်အကြောင်းအရာတွေအတိုင်း အပြင်ကလူတွေပါထည့်သွင်းရိုက်ကူးပြထားတာမလို့ ရင်ထဲနစ်နေအောင်ခံစားရတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ရုပ်ရှင်အညွှန်းကိုတော့ Eliza Pru ရဲ့ခံစားမှုအက်ဆေးနဲ့မိတ်ဆက်ခဲ့ချင်ပါတယ်။ Spoiler တချို့ပါတာမလို့မကြည့်ရသေးရင် အက်ဆေးကိုမဖတ်သေးဘဲ ဇာတ်လမ်းကိုအရင်ကြည့်ဖို့တိုက်တွန်းပါတယ်။ ++++++++++++ ဒီနေ့ Netflix ကနေ Schindler’s List ဆိုတဲ့ German Industialist သူဌေးကြီး Oskar Schindler ရဲ့ German Holocaust က နေ Jewish ၁၂၀၀ ခန့်ကို ကယ်တင်ခဲ့တဲ့ အကြောင်း ရုပ်ရှင်ကို ကြည့်ဖြစ်ပါတယ်။ ဆုတွေအများကြီးရတယ် ရေးထားတယ်ဆိုတာရယ်၊ ၁၉၉၃ မှာ ပြခဲ့တဲ့ ဇာတ်လမ်းဆိုပြီး Black and White ပုံစံ ပြထားလို့ ထူးခြားတာအပြင် ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်မင်းသားတွေ ဖြစ်တဲ့ Liam Neeson နဲ့ Ralph Finennes တို့ ပါနေတာကြောင့် ကြည့်ဖြစ်ခဲ့တာပါ။ Ralph Finennes ကိုတော့ သူ့ရုပ်ရှင်မှန်သမျှ ကားဟောင်းတွေက အစ ကြည့်ဖူးပေမယ့် Liam Neeson ကတော့ အခုနောက်ပိုင်း ထွက်လာတဲ့ Taken လို ရုပ်ရှင်မျိုးပဲ ကြည့်ဖူးတာပါ။ အခု Schindler’s List ထဲမှာတော့ Liam Neeson ရဲ့ ငယ်ရွယ်စဥ်က ပုံကို မြင်ရလို့ တော်တော့်ကို ကြည့်ကောင်း ခန့်ညားတဲ့ မင်းသားမှန်း သိတော့တာပါ။ Schindler’s List ထဲမှာ တော့ Liam Neeson က German စစ်တပ်ထဲအထိကို ဝင်ရောက်ချယ်လှယ်နိုင်တဲ့ သူဌေးကြီး Oskar Schindler အနေနဲ့ သရုပ်ဆောင်ထားပြီး Ralph Finennes ကတော့ Jew တွေမှန်သမျှကို ရက်ရက်စက်စက် အပျင်းပြေကို သတ်နေတဲ့ German စစ်အရာရှိ Goeth အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ထုံးစံအတိုင်း German Holocaust နဲ့ အတိတ်တွေကို ရိုက်ပြတာမို့ စစ်ရဲ့အကျည်းတန်မှုတွေ၊ စစ်ကြောင့် အသက်ရော အရှက်ရော ဘာမှ မကျန်တဲ့ ဘဝ တွေ အမျိုးမျိုးကို ပီပီပြင်ပြင် နဲ့ အဖြူအမည်း ပြကွက်တွေထဲမှာ ရိုက်ပြသွားပါတယ်။ Goeth ကလည်း ရက်စက်လိုက်တာမှ Camp မှာ အလုပ်မလုပ်ပဲ ထိုင်နားနေတဲ့သူ၊ ဖိနပ်ကြိုးချည်နေတဲ့သူတွေကအစ ပျင်းတိုင်း အိမ်ရှေ့ ဝရန်တာကနေ ကျကျနနထိုင်ပြီး sniper နဲ့ ပစ်သတ်တာက အစ ပြကွက်တွေဟာ ကိုယ်သာ အဲ့ဒီနေရာ၊ အဲဒီ့အချိန်မှာ ရှိနေရင် ဆိုတဲ့အထိ တွေးမိပြီး ထိတ်လန့်မိစေတာပါ။ ကလေးလေးတွေ ၁၀ နှစ်လောက်တောင် မရှိလောက်သေးပေမယ့် မစင်တွင်းထဲအထိ ဝင်ပုန်းနေရတာ၊ အသက်ရှင်သန်ရဖို့ ဘယ်နေရာ ပုန်းရပါစေ၊ ပုန်းနေရတဲ့ ဘဝတွေကို ရိုက်ပြထားပါတယ်။ တစ်နေ့မှာ Oskar က Goeth ကို Jew တွေကို အရမ်းသတ်နေလို့ လာပြီး သတိပေးစကားအနေနဲ့ ပြောသွားတဲ့ စကားပြောခန်းလေးလည်း အတော့်ကို ကောင်းလှပါတယ်။ အဲဒီ့အခန်းမှာ တကယ့် Power ဆိုတာ ဘာလဲဆိုတာကိုလည်း ထောက်ပြသွားပါတယ်။ “Power ဆိုတာ ကိုယ့်ဆီမှာ သတ်လို့ရနေတဲ့ အကြောင်းခိုင်လုံမှု ဘယ်လောက်ပဲ ရှိနေပါစေ၊ မသတ်ဖို့ ကိုရွေးချယ်နိုင်မှ Power ပါပဲ တဲ့။ အပြည့်အစုံလေး အောက်မှာ ဆက်ဖတ်ကြည့်ပါ။ “Oskar: Power is when we have every justification to kill, and we don’t. Goeth: You think that’s power? Oskar: That’s what the Emperor said. A man stole something, he’s brought in before the Emperor, and he throws himself down on the ground. He begs for mercy, he knows he’s going to die. And the Emperor – pardons him. This worthless man, he lets him go. Goeth: I think you are drunk. Oskar: That’s power, Amon. That is power.” ဒီစကားပြောခန်းလေး အပြီးမှာတော့ Goeth ဟာ အရင်ကလောက် လူမသတ်တော့တာကို လည်း ပြထားပါသေးတယ်။ ဒါလေးတွေဟာ မထင်မှတ်ပဲ ရင်ထဲကျန်ခဲ့တဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ Oskar ဟာ သူရှာထားသမျှ ငွေတွေ မြောက်မြားစွာကို သုံးပြီး Jew လူမျိုး ၁၂၀၀ ခန့်ကို သူ့စက်ရုံမှာ ခိုင်းဖို့ skilled labour တွေအနေနဲ့ German Holocaust ကနေ ကယ်တင်ခဲ့ပုံကို ပြသထားတာဟာ လူတစ်ယောက်ရဲ့ အမြင့်မားဆုံးသော အကြင်နာတရားကို မြင်ရတာပဲ ဖြစ်ပါတယ်။ သူ့နေရာမှာ ကိုယ်သာဆို ဒီလို အရဲစွန့်ရွေးချယ်နိုင်ပါ့မလား၊ လူထောင်ဂဏန်း အသက် နဲ့ ကိုယ့်စီးပွါးနဲ့ လဲနိုင်တဲ့ ဆုံးဖြတ်ချက်ဟာ ငါ သာဆို ချ နိုင်မလား စတဲ့ မေးခွန်းတွေ အများကြီး မေးဖြစ်စေပါတယ်။ Jew လူမျိုး အသက်ကြီးသူတွေကို ခိုင်းမရတော့လို့ ရထားတွဲထဲ ပြွတ်သိပ်တင်ပြီး Auschwitz ကိုပို့ခါနီးမှာတောင် ရထားတွဲမှာ မွန်းကြပ်နေကြသူတွေကို သူက ရေပိုက်တွေနဲ့ ရေတွေ ထိုးပေးပြီး ရေတိုက်ရှာတဲ့အခန်းတွေ၊ ဂျာမန် စစ်သားငယ်တွေကိုလည်း လာဘ်လာဘ တွေပေးပြီး နောက်တစ်ခါ ဒီလို ရထားထွက်ရင် ဒီလို ရေဖျန်းပေး၊ ရေတိုက်ပေး ဆိုတာလေးတွေဟာ သူ့ရဲ့ ကုသိုလ်စိတ်ကို ဘေးကနေကြည့်ရင်း ဒီလို ရေအလှူ လှူဖို့ကို လုပ်နိုင်တာ ဦးနောက်က အကြံဥာဏ်ထွက်တာ နည်းတဲ့ ပါရမီမဟုတ်ဘူး ဆိုပြီး တွေးမိပါတယ်။ သူ့ရဲ့ ကုသိုလ်စိတ်ကြီးမားလွန်းလို့ ဘေးက Goeth တို့တောင် ငိုင်ပြီး ကြည့်နေရတဲ့အထိပါပဲ။ ဒါတောင် သူကယ်လိုက်တဲ့ လူ ၁၀၀၀ ကျော်မှာ အမျိုးသမီးနဲ့ ကလေးတွေကို Auschwitz အထိ မှားခေါ်သွားလို့ သူ့မှာ အသည်းအသန် လိုက်ခေါ်ရပါသေးတယ်။ မိသားစု တွေ မကွဲရအောင် သေချာ စာရင်းနဲ့ ပြုစုခေါ်တာမို့ ဒီ ရုပ်ရှင်ကို Schindler’s list လို့ ခေါ်တာပါ။ နောက်ဆုံးမှာတော့ German စစ်ရှုံးချိန် သူလည်း ထွက်ပြေးရချိန်မှာ သူ့ကို Jew တွေက သူတို့ထဲက ငွေသွားစိုက်ထားတဲ့ သူတစ်ယောက်နဲ့ သွားကို နှုတ် ငွေကို ထုတ်ပြီး လက်စွပ်လေးတစ်ကွင်း လုပ်ပေးလိုက်ပါတယ်။​စာတန်းလေးလည်း Hebrew နဲ့ ထွင်းထားပါသေးတယ်။ အဓိပ္ပါယ်ကတော့ “Whoever saves one life, saves the world entire.” “ဘဝတစ်ခုကို ကယ်တင်သူဟာ တလောကလုံးကို ကယ်တင်သူပါပဲ” တဲ့။ အဲ့ဒီလက်စွပ်လေးကို ရပြီး​ဝတ်လိုက်ချိန်မှာတော့ Oskar ဟာ ငိုကြွေးပြီး သူ့နောင်တတွေကို ထုတ်ပြောပါတော့တယ်။ သူ့မှာ ချမ်းသာခြင်းဆိုတဲ့ ဂုဏ်တွေအတွက် ငွေတွေအလဟဿ သုံးခဲ့မိတယ်။ အခု သူစီးတဲ့ ကားကို သာ မဝယ်ခဲ့ရင် နောက်ထပ် လူ ၁၀ ယောက်လောက် ကယ်လို့ ရနိုင်တယ်။ သူ့ရင်ဘတ်က ရွှေနဲ့လုပ်ထားတဲ့ နာဇီ တံဆိပ်ဟာ လူ နှစ်ယောက် အသက်ကို ကယ်လို့ ရနိုင်သေးတယ်.. ဆိုပြီး ငိုကြွေး ပါတော့တယ်။ သူနေ့ရာမှာ ကိုယ်လည်း ဝင်ခံစားကြည့်မိပြီး လူ ၁၂၀၀ ကျော်တောင် ကယ်နိုင်မှတော့ နောက်ထပ် ၁၀ ယောက် ၁၅ ယောက် ထပ်ကယ်နိုင်လည်း ကယ်ဖို့ကိုပဲ​ ကြိုးစားမိတော့မှာပါပဲ။ သူ့ရဲ့ ယူကျုံးမရခြင်းဟာ ကိုယ့်ကိုလည်း သင်ခန်းစာတွေ အများကြီး ပေးသွားပါတယ်။ အသက်တွေ ကယ်နိုင်လျက်နဲ့ အတ္တ နဲ့ ကိုယ့်အတွက်ကို သာယာ ဖို့ သုံးဖြုန်းမိခဲ့တဲ့ Oskar ကို ကြည့်ရင် ကိုယ်လည်း တစ်ကျပ် တစ်ပြားကအစ အကျိုးရှိရှိ လေးနက်စွာ နဲ့ အတ္တဟိတ ပရဟိတ မျှတစွာနဲ့ လူဖြစ်ရကျိုးနပ်အောင်၊ လူပိီသအောင် သုံးတတ်ရမှာပါလား ဆိုတာကို ကွက်ကွက်ကွင်းကွင်း ခံစားသင်ယူမိစေပါတော့တယ်။ Oskar နေရာကနေပြီး သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ကျွန်မ ဝင်ခံစားကြည့်မိပါတယ်။ အသက်တွေ ထောင်ချီ ကယ်တင်နိုင်ခဲ့တဲ့ သူရဲ့ ကုသိုလ်ပါရမီဟာ ဆန်းကျယ်လိုက်တာ၊ သေခါနီးမှာ ပီတိ တွေ ဘယ်လောက် ဖြစ်ရပြီး လူဖြစ်ရကျိုးနပ်၊ လူပီသပြီး သေပျော်ရမှာပဲ လို့ကို တွေးပြီး သင်ယူမိပါတယ်။ Goeth ကတော့ နောက်ဆုံး ကြိုးပေးချိန်အထိ Hail ဟစ်တလာ အော်ပြီး ခေါင်းမာမာနဲ့ သေသွားတာကို ပြသွားပါသေးတယ်။ သေချိန်အထိ ခေါင်းမာသွားခွင့်သာရှိပြီး မိုက်မဲခြင်းကနေ ရုန်းမထွက်လိုက်နိုင်အောင်ကို လူသတ်ကွင်းမှာတင် ရှင်သန်ရတဲ့ ဘဝ မျိုးဟာလည်း ဝဋ်ကြွေးကြီးတာပဲ လို့ သံဝေဂ ရမိပါတယ်။ ကိုယ်တွေလည်း လူသာ မသတ်တာ၊ နောင်တ ရသင့်တဲ့အချိန် မရ၊ ပြုပြင်သင့်တဲ့ အခွင့်အရေးရှိလည်း ခေါင်းမာမာနဲ့ “ငါ” ဆိုတဲ့ မာန်ပိုက်ပြီး မိုက်မဲနေတာတွေ ဘယ်လောက်တောင် များလိုက်သလဲ… တစ်ကားလုံး ဟာကွက်မကျန် အကုန်ကောင်းပြီး နဲ့ ဇာတ်သိမ်းခါနီးရောက်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဝမ်းသာ ဝမ်းနည်း တွေ အများကြီး ဖြစ်ရပါတယ်။ နောက်ဆုံး ရုပ်ရှင်ပြီးလို့ ဇာတ်သိမ်းတော့ ဒီရုပ်ရှင် ကောင်းလိုက်တာ၊ ငါ ဒီနေ့ ကြည့်ရတာ တန်လိုက်တာ၊ ဒါရိုက်တာ ဘယ်သူများပါလိမ့်၊ Steven Spielberg လက်ရာများလားလို့ စာတန်းထိုးကို စောင့်ကြည့်ခါမှ ဒါရိုက်တာက Steven Spielberg ဖြစ်နေတာ တွေ့လိုက်ရတော့ ဝမ်းတွေသာ ကျေနပ်အားရလိုက်တာ ပြောမနေပါနဲ့တော့… အားလုံးအတွက် ခွန်အား၊ သတ္တိ နဲ့ ပညာ တွေ အများကြီး ရစေတဲ့ ရုပ်ရှင်ကားကောင်းလေးမို့ အခုလို မျှဝေလိုက်ရပါတယ်။ ရသ ထက် တစ်ဘဝ စာကို နောင်တကင်းကင်းနဲ့ နေနိုင်အောင် သင်ပေးတဲ့ ကမ္ဘာမှာ ကျန်ရစ်မယ့် ရုပ်ရှင်မျိုးမို့ ကြည့်ဖြစ်အောင် ကြည့်သင့်တယ်လို့ လည်း ပြောချင်ပါတယ်။ မေတ္တာဖြင့် Eliza Pru

9 1993 195 mins
Schindler’s List