YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

99.Moons.2022.GERMAN.480p.WEBRip.(CM).mp4

349.68 MB N/A video/mp4 1008 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
It's a Wonderful Life
8.3

~ IMDb - 8.6/10, RT - 93%, Meta - 89% ~ It's a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can't Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသား James Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။ ထူးတာက It's a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It's a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။ တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It's a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘဝကို It's a Wonderful Life လို့ ရဲရဲကြီးပြောမိစေနိုင်မယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ခရစ္စမတ်ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုလို့ ပြောလို့မရပေမဲ့ ခရစ္စမတ်ကာတွန်းတွေ ခရစ္စမတ်စာအုပ်တွေ ခရစ္စမတ်ရုပ်ရှင်တွေကို ကျွန်တော်တို့ ဘဝထဲက ပိုင်းခြားပစ်လို့မရတော့ ခရစ္စမတ်ဟာ ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးသူစိမ်းလိုဖြစ်နေတဲ့အရာပါပဲ။ ဒါပေမဲ့ ခရစ္စမတ်ရောက်လို့ ခရစ္စမတ်ကားတစ်ကားကြည့်လိုက်မိပြီဆိုရင် ခရစ္စမတ်ပီသစွာပဲ ချစ်တဲ့စိတ်တွေနဲ့ ပြည့်လာတတ်တာပါပဲ။ ဒီလောကမှာ မျှဝေဖို့ အကောင်းဆုံးအရာဟာ ချစ်ခြင်းမေတ္တာပဲမလား။ ချစ်ခြင်းတွေလွှမ်းနေတဲ့ ခရစ္စမတ်တွေကိုလည်း မျှဝေယူလိုက်ကြတာပေါ့။ ဒီဇင်ဘာဆိုတဲ့ နေ့တာအတိုဆုံး ဒက္ခိဏယဉ်စွန်းချိန်ရဲ့လမှာ ကမ္ဘာရဲ့ဝင်ရိုးတစ်ဖက်ဟာ နေရဲ့ဟိုးအဝေးဆုံးကို ရောက်ရှိသွားတတ်တယ်။ အအေးစက်အမှောင်မိုက်ဆုံး အချိန်လို့ပဲ ယေဘုယျဆိုလိုက်ကြတာပေါ့။ ဒုက္ခတွင်းထဲက အချိန်တွေဟာ ချစ်ခြင်းတွေရဲ့ အထင်ရှားဆုံး အချိန်ပဲမလား။ ဒီရုပ်ရှင်ဟာလည်း အလားတူအကြောင်းအရာပါပဲ။ နောက် အမှောင်မိုက်ဆုံးအချိန်ကို အလင်းလက်ဆုံးဖြစ်စေမယ့် ညတစ်ညအကြောင်းရောပေါ့။ အဲဒီညဟာ ခရစ္စမတ်ညပါပဲ။ အားလုံးပဲ မယ်ရီခရစ္စမတ်ပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 615MB Quality - 1080p, 720p, 480p IMDb Rating - 8.6/10 Format - mp4 Duration - 2H 10Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Comedy • Romance
8.3 1946 130 mins
It's a Wonderful Life
Lady Chatterley's Lover
6.7

(18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) 1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ကြည့်နေရသလိုပါပဲ။ ကျွန်တော်သဘောကျတဲ့ မြင်ကွင်းတစ်ခုဆိုရင် အပြာရောင်ကောင်း‌ကင်တစ်ဝက်၊ အစိမ်းရောင်မြက်ခင်းပြင်တစ်ဝက်နဲ့ အလယ်ဗဟိုမှာ သရုပ်ဆောင်နှစ်ယောက်ရဲ့ အရိုင်းဆန်စွာနဲ့ လှုပ်ရှားနေတဲ့ ကင်မရာရိုက်ချက်ပါပဲ။ ဇာတ်လမ်းအကျဉ်းလေး ပြောရရင်တော့ ... လက်ထပ်ပြီးမကြာခင်မှာပဲ ပထမကမ္ဘာစစ်ကြောင့် Connie ရဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ခါးအောက်ပိုင်း သေသွားပါတယ်။ စစ်ကြီးပြီးလို့ ခင်ပွန်းသည်ရဲ့ Wragby အမွေခံအိမ်ကြီးဆီ ပြန်လာနေကာ ကျောက်မီးသွေးမိုင်းတွင်းတွေကို ဦးစီးလုပ်ကိုင်ရပါတယ်။ ခင်ပွန်းဟာ အောက်ပိုင်းသေနေတဲ့အတွက် လိင်မှုကိစ္စလည်း လုပ်နိုင်စွမ်းမရှိတဲ့အပြင် သူ့အပေါ်ကို ချစ်သူဇနီးမယားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ နာ့စ်တစ်ယောက် အိမ်အကူတစ်ယောက်အဖြစ် မှီခိုလာပါတော့တယ်။ ရုတ်တရက် မြို့ကြီးပြကြီးကနေ ကျေးလက်ဒေသကို ပြောင်လာမှုကြောင့် အသားမကျမှု၊ ခင်ပွန်းရဲ့ တဖြည်းဖြည်းအေးစက်လာမှု၊ ကာမ လိုအင် မပြည့်ဝမှု စတာတွေကြောင့် Wragby ခန်းမဆောင်ဟာ သူ့အတွက် မည်းမှောင်တိတ်ဆိတ်တဲ့ နေရာအဖြစ်မြင်လာပါတော့တယ်။ ဒီအရာတွေဟာ သူတို့အိမ်တော်က မွေးမြူရေးအလုပ်သမား Oliverနဲ့ တွေ့တဲ့အခါ အသစ်တဖန်ပြန်အသက်ဝင်လာပါတယ်။ ဝိဉာဉ်မဲ့နေတဲ့ Connieအတွက် Oliverဟာ ပြန်လည်အသက်ဆက်စရာ ကြိုးတစ်‌ချောင်း ဖြစ်လာတဲ့အခါ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size          : 3.1GB, 1.1GB, 507MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 6mins Genre              : Drama, Romance Translated by Jane  Encoded by Kinnov

6.7 2022 126 mins
Lady Chatterley's Lover
Lightyear
7.1

ဒီ ကာတွန်းရုပ်ရှင်လေးကတော့ Toy Story ရဲ့ အဓိကဇာတ်ကောင် တစ်ကောင်ဖြစ်တဲ့  ဘက်ဇ် လိုက်ရီးယားကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ အရုပ်လေးတွေရဲ့ ဇာတ်လမ်းမဟုတ်တော့ပါဘူး။ ၁၉၉၅ ခုနှစ်မှာ အန်ဒီဆိုတဲ့ကောင်လေးက ဘက်ဇ်လိုက်ရီးယားဆိုတဲ့ အရုပ်ကို မွေးနေ့လက်ဆောင်ရရှိခဲ့ပါတယ်။ အဲဒီအရုပ်လေးက ရုပ်ရှင်တစ်ခုထဲက ဇာတ်ကောင်ဖြစ်ပြီး အန်ဒီက အဲဒီရုပ်ရှင်ကို အရမ်းကြိုက်တဲ့သူပါ။ အခုကြည့်ရမယ့် ရုပ်ရှင်ကတော့အန်ဒီအရမ်းကြိုက်ခဲ့တဲ့ လိုက်ရီးယားရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း =============== ဘက်ဇ်လိုက်ရီးယားဟာ ကြယ်တာယာစခန်းကြီးရဲ့ လေ့လာရေးအဖွဲ့မှာပါဝင်တဲ့ ကပ္ပတိန်အဆင့် အာကာသရိန်းဂျားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဂြိုလ်တစ်ခုကို သွားလေ့လာရင်း ဂြိုလ်ပေါ်က ဂြိုလ်သားတွေနဲ့တိုက်ပွဲတွေဖြစ်ပြီး သူ့တို့ကြောင့်ပဲ ယာဉ်ပျက်ကျသွားခဲ့ပြီး အလင်းအလျှင်ကိုပေးတဲ့စနစ်ပါ ပျက်စီးသွားပါတယ်။ ဒီတော့ အိမ်ပြန်လို့မရတဲ့ယာဉ်ပေါ်ကအဖွဲ့သားတွေဟာ အဲဒီဂြိုလ်ပေါ်မှာ အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။ တချိန်တည်းမှာပဲ ဘက်ဇ်ကတော့ ယာဉ်ကို အလင်းမြန်နှုန်းနဲ့ ပြန်မောင်းနိုင်အောင်ပြုပြင်ပြီး အားလုံးကို အိမ်ကိုပြန်ပို့နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရပါတော့ တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(5.8GB) / (1.81 GB) / (900 MB) / (514 MB) Quality............WEB-DL 4k HEVC / 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......Mr.Anderson Encoder..........SWM / YK

7.1 2022 105 mins
Lightyear
The Glass House
5.9

Channel Myanmar ရဲ့ပရိတ်သတ်တွေအတွက် ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလို ဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့ နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်း ဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါး ဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်​တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်း ဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ ဒါပေမယ့် ဘဝနဲ့လူတွေက ခန့်မှန်းလို့မရနိုင်တာ အားလုံးအသိပဲ မဟုတ်လားဗျာ။ ဒီလင်မယားရဲ့ ချိုသာပြီး နွေးထွေးတဲ့မျက်နှာဖုံးရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဂလပ်စ်တို့ရဲ့ ဖန်သားအတိကာထားတဲ့ အိမ်ကြီးမှာ ရူဘီကြုံတွေ့လာရမယ့် အရာတွေကဘာလဲ။ ရူဘီ သူလွတ်မြောက်နိုင်ပါ့မလား။ ဒါတွေကို ရင်တထိတ်ထိတ်နဲ့ ဒီရုပ်ရှင်မှာပဲ အပြည့်အဝ ခံစားကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2GB / 1GB Quality…1080p BluRay H.264 AAC 5.1CH / 720p Format…mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Go-O

Drama
5.9 2001 107 mins
The Glass House
Needle in a Timestack
5.5

အနာဂတ်ကာလမှာ အချိန်ခရီးသွားခြင်းကိုအောင်မြင်ခဲ့ကြပါတယ်။ ပိုက်ဆံရှိတဲ့ သူဌေးတွေကတော့ ပိုက်ဆံအများကြီးပုံပေးရင်း အတိတ်ကိုပြန်သွားပြီး သမိုင်းဝင်ဖြစ်ရပ်တွေကိုကြည့်ကြတာ၊ အတိတ်ကို မတော်တဆ (သို့) တမင်ပြောင်းလဲတာမျိုးတွေ လုပ်ပစ်ကြလေ့ရှိပါတယ်။ သူတို့ပြောင်းလဲလိုက်တာတိုင်းက အနာဂတ်အချိန်ကို အချိန်ကူးပြောင်းမှုဆိုတွေလှိုင်းတွေနဲ့ရိုက်ခတ် လေ့ရှိပြီး တချို့လူတွေ၊ ဖြစ်ရပ်တွေက ပြောင်းလဲသွားတတ်ကြပါတယ်။ နစ်ခ်နဲ့ ဂျန်နင်ကတော့ ပျော်ရွှင်စွနေထိုင်နေကြတဲ့အတွဲလေးဖြစ်ပြီး လတ်တလောလေးမှာတင် အချိန်ကူးပြောင်းမှုလှိုင်းသုံးခုလောက် ရိုက်ခတ်တာခံထားရတာပါ။ ဒီလိုနဲ့ နစ်ခ်ကလည်း ဂျန်နင်ရဲ့ ခင်ပွန်းဟောင်း သူဌေး တွမ်မီက အချိန်ခရီးသွားပြီး သူတို့ရဲ့ ဖြစ်တည်မှုကိုဖျောက်ဖျက်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ သံသယဝင်လာခဲ့ပါတော့တယ်။ တနေ့မှာတော့ နစ်ခ်နဲ့ဂျန်နင်တို့ ခရီးသွားဖို့လုပ်နေကြတုန်းမှာပဲ အချိန်ကူးပြောင်းမှုလှိုင်းရိုက်ခတ်တာကိုခံလိုက်ရပြီ ဂျန်နင်က တွမ်မီဆီကိုပြန်ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နစ်ခ်လည်း အနာဂတ်ကာလအချိန်မှာပဲ ပိတ်မိနေမလား၊ သူ့မိန်းမဂျန်နင်ကို ပြန်ရအောင်ကြိုးစားမလား၊ သူ့မိန်းမနဲ့အတူ ပြန်ရှိနေနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Drama • Thriller
5.5 2021 111 mins
Needle in a Timestack
If I Stay
6.7

If I Stay (2014) IMDb-6.7/10 အထက်တန်းကျောင်းပြီးသွားလို့ ကောလိပ်ရွေးချယ်ရတော့မဲ့ ဆယ်လိုပညာရှင် ဆယ်ကျော်သက်မလေး မီယာဟော တစ်ယောက် သူ့ရဲ့ အချစ်ဆုံးကောင်လေးဖြစ်သူအဒမ်နဲ့ အတူဆက်ရှိ‌နေမလား၊ ဒါမှမဟုတ် သူ့အိပ်မက်ဖြစ်တဲ့ ဂီတလမ်းကြောင်းကို ရွေးချယ်ဖို့ မွေးရပ်မြေနဲ့ မိုင်သုံးထောင်ကျော်ဝေးတဲ့ နယူးယော့ခ်မြို့မှာ ကောလိပ်တက်ရမလားဆိုပြီးရွေးချယ်ဖို့ ခက်ခဲနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျူးလိယက်ကောလိပ်ဝင်ခွင့် ရ၊ မရ စာကရောက်လာတော့မှာဖြစ်လို့ မီယာတစ်ယောက် ပိုလို့တောင် စိတ်တွေရှုပ်ထွေးနေခဲ့ပါပြီ။ ကောလိပ်ဝင်ခွင့်စာရောက်လာမဲ့နေ့မှာ ဆီးနှင်းတွေကျနေတာကြောင့် မီယာတို့မိသားစုလည်း မိတ်ဆွေတွေဆီအလည်သွားကြရင်း လမ်းချော်ပြီး ကားမှောက်သွားခဲ့ပါတယ်။ မတော်တဆမှုကြောင့် မီယာရဲ့ ခန္ဓာကိုယ်က ကိုမာဝင်သွားခဲ့ပြီး သတိရှိမနေပေမဲ့ မသိစိတ်ဝိဉာဉ်ကတော့ ဝိဉာဉ်အနေနဲ့ ခန္ဓာကိုယ်အပြင်ဘက်ရောက်သွားပြီး လောကကြီးမှာ ဆက်ရှင်သန်မလား၊ ဒါမှမဟုတ် ဒီတိုင်းလက်လျော့ပြီး သေဆုံးလိုက်မလားဆိုတာကိုတော့ မီယာတစ်ယောက်ရွေးချယ်ရပါတော့မယ်။ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး Kiss Ass (2010) မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Chloë Grace Moretz ကဇာတ်လိုက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ် ဒရာမာကားကောင်းလေးဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 829 mb / 684 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

6.7 2014 106 mins
If I Stay
Joe
8

Joe (2023) “ဝေးများဝေးရင်…” IMDb – 8.0/10 ရင်မှာနွမ်းလို့ အလွမ်းရယ်ဝေရမဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် တမီလ်အချစ်ဇာတ်လမ်းလေး တပုဒ်ကိုတင်ဆက်ပေးပါရစေ ချစ်သူတွေ၊ အိမ်ထောင်သည်တွေကြားမှာ ပြဿနာတွေများလာရင် အရင်နဲ့မတူတော့ဘူးဆိုတဲ့စကားကို လက်ကိုင် ထားကြလေ့ရှိပါတယ်။ တကယ်တော့လည်း ချစ်ခြင်းမေတ္တာက ပြောင်းလဲသွားတာမျိုး မဟုတ်တောင် သည်းခံမှု၊ အလိုလိုက်မှုတွေပြောင်းလဲသွားကြတာပါ။ ချစ်သူတွေ မဖြစ်ခင်နဲ့ ဖြစ်ခင်စအချိန်တုန်းက သူဆေးလိပ်တဲ့ ပုံစံလေးကိုက သဘောကျချင်စရာလို့ မြင်ချင်မြင်ပေမဲ့ အချိန်တစ်ခု ကြာလာတဲ့အခါမှာတော့ ကျန်းမာရေးကို စိတ်ပူတာပဲဖြစ်ဖြစ်၊ အနံ့မခံနိုင်တော့တာပဲ ဖြစ်ဖြစ် တားကြတဲ့အခါ နှစ်ဦးနှစ်ဖက်လုံး အမြင်မှာ အရင်နဲ့မတူတော့ဘူးဆိုတာမျိုးတွေ ဖြစ်လာကြတယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရတဲ့ကိစ္စတွေထဲက အကြောင်းအရာတစ်ခုပါပဲ။ ဒီလိုပဲ ဂျိုးနဲ့ ဆူချီတို့နှစ်ယောက် သိပ်ချစ်ကြပေမဲ့ ကြားလေသွေးလို့ ဝေးရတာတွေ၊ အရင်နဲ့မတူတော့ဘူးဆိုတဲ့စိတ်တွေ ဝင်လာတဲ့အခါမှာ နှစ်ယောက်သား ရင်ဆိုင်ရတာတွေက မလွယ်ကူလှ။ ဒီလိုပဲ သူတို့အချစ်ခရီးလမ်း ဘယ်လိုဆက်မလဲ၊ ဂျိုးဘ၀မှာ ရှရူသီဆိုတဲ့ အမျိုးသမီးလေးထပ်ရှိလာတဲ့အခါ..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

TV Movie • Comedy • Romance
8 2023
Joe
A Girl in My Room
6.6

A Girl In My Room (2022) ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။ Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။ Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။ သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။ စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာက တစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါ‌တော့တယ်။ တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီး အဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။ Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့ Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။ သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့ အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Romance Quality…. 1080p | 720p File size… 1GB | 472MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

6.6 2022
A Girl in My Room
Perrier’s Bounty
6.3

ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက် ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီး သူ့ရဲ့ အဖေဖြစ်သူရယ် .. အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ် လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေး ကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲ တစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက် ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လို မသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲ သေချာပေါက် ပြောလိုက်ပါရစေ။ File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.3 2009
Perrier’s Bounty
Family Pack
5.8

Jumanji ရုပ်ရှင်တွေလိုမျိုး လက်တွေ့ကမ္ဘာကနေ ဂိမ်းထဲကို ရောက်သွားမဲ့ ပြင်သစ် Fantasy ရုပ်ရှင်တစ်ကားကိုတင်ဆက် ပေးလိုက်ချင်ပါတယ်။ ဂျာဟုမ်းတို့မိသားစုဟာ အားလပ်ရက်မှာ သူတို့အဖေဆီသွားလည် ကြရင်း မိသားစုဝင်တွေစုံတုန်း Werewolves of Miller’s Hollow ဆိုတဲ့ Board gameကို ဆော့ဖို့လုပ်ကြပါတယ်။ အဲဒီဂိမ်းကတော့ တော်တော်များများသိကြတဲ့ မာဖီးယားဂိမ်းလို imposter ရှာရတဲ့ဂိမ်းပါ။ ကစားသမားတွေမှာ ကိုယ်ပိုင် ကာရိုက်တာတွေရှိကြပြီး မတူညီတဲ့ အစွမ်းတွေရှိပါတယ်။ အဲဒီအစွမ်းတွေကိုအသုံးချပြီး ညဘက် ရောက်တိုင်း ရွာထဲကလူတွေကိုအမဲလိုက်စားသုံးတဲ့ လူယောင်ဆောင် Werewolves တွေရဲ့သရုပ်မှန်ကိုဖော်ထုတ်ရမဲ့ဂိမ်းမျိုးပါ။ ဂျာဟုမ်းတစ်ယောက်ကတော့ ငယ်ငယ်က သူ့အဖေနဲ့ဆော့ခဲ့တဲ့ ဒီ ဘုတ်ဂိမ်းကို ဆော့ဖို့စိတ်အားထက်သန်နေပေမဲ့ ကျန်တဲ့ မိသားစုဝင်တွေကတော့ မဆော့ချင်ကြပါဘူး။ အသက်အရွယ်ကြီးလို့ မှတ်ဉာဏ်ချို့တဲ့နေပြီဖြစ်တဲ့ ဂျာဟုမ်းရဲ့ အဖေကလည်း ဂိမ်းရဲ့စည်းမျဉ်းတွေကို ဘာတစ်ခုမှမမှတ်မိတော့လို့ ကာရိုက်တာကတ်တွေပဲ ဝေပြီး ဆက်မဆော့ဖြစ်ဘဲ ကစားပွဲ ပျက်သွားပါတယ်။ ဂျာဟုမ်းတစ်ယောက် ကတ်တွေကို သိမ်းနေတုန်းမှာ ရုတ်တရက် Board game boxကြီးက လှုပ်ခါလာပြီး ငလျင်တွေလှုပ်လာပါ တော့တယ်။ ငလျင်လှုပ်လို့ မိသားစုဝင်တွေအကုန် မြေအောက်ခန်းထဲ ရောက်သွားပြီး အပြန်အထွက်မှာ 1497 ခုနှစ်ဆီကိုရောက်သွား ကြပါတော့တယ်။ အဲဒီကနေမှသိရလိုက်တာက သူတို့ဟာ ဆော့လက်စ board gameထဲကိုရောက်နေတာဖြစ်ပြီး မီလာဟောလိုးက သမန်း ဝံပုလွေတွေကိုရှာဖွေသတ်ဖြတ်နိုင်မှ ဂိမ်းထဲကထွက်နိုင်မယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ဂျာဟုမ်းတို့မိသားစု ကိုယ်စီအစွမ်းတွေနဲ့အတူ အလယ်ခေတ်ကနေ လွတ်မြောက်အောင်ကြိုးစားကြပါတော့တယ်။ Jumanji နဲ့တူမယ်လို့ ထင်ထားခဲ့ပေမဲ့ သူတို့ရောက်သွားတဲ့ timeline ကအလယ်ခေတ်ဖြစ်ပြီး မိသားစုကိုအသားပေးရိုက်ပြ‌ထားပုံက ဒီရုပ်ရှင်ကိုထူးခြားစေတာပါ။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.71GB / 910MB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Adventure , Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2024 95 mins
Family Pack
The Age of Adaline
7.2

The Age of Adaline (2015) IMDb Rating (7.2) ဒီရုပ်ရှင်ကတော့ မင်းသမီး Blake Lively ကို အလှပဆုံးမြင်တွေ့ရမယ့်ဇာတ်ကားဖြစ်ပြီး Harrison Ford , Michiel Huisman တို့လိုမင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။ အချစ်ဒရမ်မာဆိုပေမယ့် သဘာဝလွန်စွမ်းအားနဲ့တွဲဖက်ရိုက်ကူးထားတာကြောင့် တခြားရိုမန့်ကားတွေနဲ့မတူဘဲ အရသာတမျိုးနဲ့လူကြိုက်များကြတဲ့ကားပါ။ ဇာတ်လမ်းကတော့… ၁၉၃၀ ဝန်းကျင်ကာလမှာအစပြုပါတယ်… Adaline ဆိုတဲ့ မိန်းမလှလေးတယောက်ဟာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကောင်းကင်ကစွမ်းအားတခုကိုရရှိသွားပါတယ်… ဒါကတော့ အသက်မကြီးလာတော့တာပါပဲ။ သူမဟာ အမြဲတမ်း ၂၉နှစ် အရွယ်တိုင်းရှိနေပြီးတော့ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပါတော့တယ်။ ဒါပေမယ့် သူမဘဝဟာ အေးချမ်းနေတာတော့မဟုတ်ပါဘူး သူမ အသက်မကြီးလာတာကို သတိထားမိသွားကြတဲ့ စစ်ဆေးစမ်းသပ်ချင်သူတွေလက်ထဲက လွတ်အောင်ပြေးရင်းလွှားရင်းနဲ့ သူမရဲ့မိသားစုဘဝကိုပါ ဖုံးကွယ်ထားခဲ့ရပါတော့တယ်။ သူမဟာ ခေတ်အဆက်ဆက်မှာ အသက်မကြီးခဲ့တာကြောင့် ဇာတ်မြုပ်ဖုံးကွယ်ခြင်းကိုသာ တွင်တွင်သုံးခဲ့ပြီး သူမရဲ့ သမီးလေးကစလို့ ချစ်ရသူတွေပါမကျန် အဆက်ဖြတ်ရင်းနဲ့ ရင်နာတဲ့လမ်းကိုသာရွေးချယ်ခဲ့ရသူပါ။ ဒါပေမယ့် တချိန်မှာတော့ သူမအရမ်းချစ်ရတဲ့ချစ်သူတယောက်ကို ထပ်ရခဲ့ပြန်ပါတယ်… ဒီတယောက်နဲ့တော့ သူမဘဝကို အမြဲတမ်းမြုပ်နှံတော့မယ်လို့ တွေးလိုက်ပြီး မိဘအိမ်တွေထိရောက်သွားတဲ့အခါမှာတော့…. တကယ့်ရှော့ရစရာအဖြစ်အပျက်ကြီးက စောင့်ကြိုနေပါတော့တယ်။ လူတိုင်း အသက်အရွယ်မကြီးရင့်ဘဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား? ဒါပေမယ့် တစ်ကယ်တမ်း အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား? ” ရှင်သန်ခြင်းမှာလဲ နာကျင်ခြင်းတွေအမြဲရှိနေပါတယ်။ ”

7.2 2015 112 mins
The Age of Adaline
The Decoy Bride
6.1

The Decoy Bride (2011) ********************** IMDb….6.1 နာမည်ကျော်ရုပ်ရှင်မင်းသမီး လာရာတိုင်လာဟာ သူ့ဘဝကို လိုက်အနှောင့်အယှက်ပေးနေတဲ့ ပါပါရာဇီတွေကို မုန်းတီးလွန်းတာကြောင့် စာရေးဆရာချစ်သူ ဂျိမ်းစ်အာဘာနဲ့ မင်္ဂလာဆောင်ကို ပါပါရာဇီတွေတစ်ယောက်မှ မသိလိုက်ရအောင်လုပ်ပြမယ်လို့ ကြိမ်းဝါးထားခဲ့ပါတယ်။ လူဦးရေ ၇၅ ဦးသာရှိတဲ့ စကော့တလန်ကျွန်းငယ်လေးဟက်ဂ်မှာ ကေတီဟာ ရောဂါကြောင့်သေရတော့မယ့်မိခင်နဲ့အတူ ဟိုတယ်စားသောက်ဆိုင်လေးတစ်ခုဖွင့်ထားပြီး တစ်ရက်မှာတော့ လူသူအရောက်အပေါက်နည်းတဲ့ကျွန်းလေးကို လာရာနဲ့ ဂျိမ်းစ်တို့ မင်္ဂလာဆောင်ဖို့ရောက်ရှိလာရာကနေ ကေတီနဲ့ ဂျိမ်းစ်တို့တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လာရာနောက်ကို အသည်းအမဲလိုက်နေတဲ့ ပါပါရာဇီ ဘယ်လာနီကြောင့် လာရာထွက်ပြေးသွားတဲ့အခါ ကေတီက သတို့သမီးအတုလုပ်ပေးဖို့ငှားရမ်းခံခဲ့ရပြီး ဂျိမ်းစ်နဲ့လည်း ပိုနီးစပ်လာခဲ့ပါတယ်။ ကေတီနဲ့ဂျိမ်းစ်ဟာ အချင်းချင်းချစ်မိခဲ့ကြပေမဲ့ ဂျိမ်းစ်ကတော့ လာရာနဲ့ကတိထားခဲ့တာကြောင့် လာရာ့ဆီပဲ ပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဂျိမ်းစ်တစ်ယောက် တကယ်ပဲလာရာနဲ့လက်ထပ်သွားမှာလား။ တကယ်ချစ်ရတဲ့ ကေတီကို ရွေးချယ်သွားမှာလားဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ JULY ပဲ ဖြစ်ပါတယ်…) File Size : 1.19GB/ 590MB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…01:29:00 Genre : Drama, Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JULY Encoded by Tiff

Drama
6.1 2011 89 mins
The Decoy Bride
Honeymoon Crasher
5.5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပြင်သစ်စကားပြော Comedy အမျိုးအစားဇာတ်ကားလေးပဲ ဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာဆိုရင် အမေတစ်ယောက်နဲ့ သားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့စွန့်လွှတ်အနစ်နာခံမှုတွေကို မော်ရစ်တီးယပ်စ် ကျွန်းအလှအပများကို နောက်ခံပြုကာ ဟာသနှော ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်.. Lucas Duvivier တစ်ယောက်ဟာ လက်ထပ်ပွဲမှာတင် ရည်းစားဟောင်းဆီပြန်သွားသော သတို့သမီး ထားသွားတာ ခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်… သတို့သမီးမရှိတော့သောကြောင့် မင်္ဂလာပွဲပျက်သွားသော်လည်း ငွေပေးချေပြီးပြီဖြစ်သော ဟန်းနီးမွန်းခရီးစဉ်ဟာ ငွေလည်း ပြန်မအမ်းတော့တာမို့ အရှုံးမခံဘဲသွားရာမှာ Lucas ဟာ မိခင်ဖြစ်သူကိုပါ ခေါ်ဆောင်ခဲ့ရပါတယ်… အရွယ်ချင်းမတူတဲ့ မင်္ဂလာမောင်နှံလို့ယူဆနေတဲ့ ဟိုတယ် ဝန်ထမ်းများဟာ ၎င်းတို့သားအမိကို အထူးအခွင့်အရေးပေးကာ ဈေးကြီးအခန်းကို တစ်ပြားတစ်ချပ်မှ ထပ်တိုးမကောက်ခံဘဲ နေခွင့်ပေးတဲ့အခါမှာတော့ သားအမိနှစ်ယောက်ဟာ ဇနီး မောင်နှံတွေအဖြစ် ဟန်ဆောင်ဖို့ဖြစ်လာပါတယ်… Lucas တစ်ယောက်ဟာတော့ သူ့ကိုထားသွားခဲ့တဲ့ သတို့သမီးလောင်း ဖြစ်ခဲ့သူကိုသာ တမ်းတနေပြီး ပင်လယ်ပြင်တွေ စိမ်းလန်းတဲ့ တောင်တန်းတွေ ကျွန်းပေါ်ကျနေတဲ့နေရောင်ခြည်တွေကို ခံစားနိုင်စွမ်းကင်းမဲ့ရင်း အပူမိနေခဲ့ပါတယ်… သို့နှင့် ကျွန်းပေါ်မှာနေရင်း တစ်ခုသောခရီးစဉ်အရောက်မှာ ဆုံဆည်းရတဲ့ ဧည့်လမ်းညွှန်မိန်းမချောလေးဆီကို စိတ် တိမ်းညွှတ်မှုဖြစ်သွားတဲ့အခါမှာတော့… ဒီကားလေးမှာဆိုရင် သားဖြစ်သူကို အရွယ်ရောက်သည်အထိ မျက်ခြေမပြတ်စောင့်ရှောက်ရင်း မိမိဆန္ဒတွေကို လျစ်လျူ ရှုထားရသူမိခင်နဲ့ မိခင်ရဲ့အနစ်နာခံမှုတွေကိုမမြင်နိုင်ဘဲ အပြစ်သာဆိုတတ်သူသားဖြစ်သူတို့ကြား နားလည်မှုရသွားတဲ့ ဟန်းနီးမွန်းခရီးစဉ်ကို ရှုခင်းအလှအပများနဲ့ ဟာသနှောကာ ရယ်ရွှင်ဖွယ်ရာရိုက်ကူးတင်ဆင်ထားတာဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်များ စိတ်အပန်းပြေဖွယ်ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ… File size… (1.92 GB) / (0.97 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Family • Comedy • Fantasy
5.5 2025 93 mins
Honeymoon Crasher