YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

68.Kill.2017.720p(CM).mp4

585.97 MB 720p video/mp4 162 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Seven Sundays
8.1

သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေ‌ပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။ လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရ‌အောင် ပေးစွမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ Captain Manuel Bonifacio ဆိုတဲ့ ရပ်ရွာရဲ့လူကြီးလူကောင်း အဖိုးကြီးတစ်ယောက်ဟာ သားသမီးလေးယောက်၊ မြေးတွေများစွာရှိပါလျက်နဲ့ အိမ်မှာ တူဖြစ်သူ Jun နဲ့ နှစ်ဦးထဲ နေရသူပါ။ သူ့ရဲ့ ၆၉ နှစ်ပြည့်မွေးနေ့မှာ လာဖို့ သားသမီးတွေကိုခေါ်ပေမယ့် ဘယ်သူမှမအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူ ဒီမွေးနေ့မှာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိပဲ ဖြတ်သန်းလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ နောက်ဆုံးဧည့်သည်က ဆရာဝန်ဖြစ်နေပြီး သူဟာ အဆုတ်ကင်ဆာရှိနေတာကြောင့် ၂လပဲ နေရတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီအခါမှာ သားသမီးတွေကို ဆက်သွယ်ပြီး နှစ်လတာကာလအတွင်းက တနင်္ဂနွေခုနှစ်ရက် (Seven Sundays) ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တနင်္ဂနွေ ခုနှစ်ရက် အတွင်းမှာ ဒီဖခင်နဲ့ ညီကိုမောင်နှမလေးယောက် ဘာ‌တွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ရသမျိုးစုံခံစားရင်း ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyan Hlyan Chit မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/85  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.9 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….02:08:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Nyan Hlyan Chit

Drama
8.1 2017 128 mins
Seven Sundays
The Twins Effect
6

၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။ အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:43:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Drama • War
6 2003 107 mins
The Twins Effect
All the Moons
7.6

IMDb Rating - 6.7/10 ၁၉ ရာစုအပြီး စပိန်နိုင်ငံမှာ တတိယ ကာလစ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာပေါ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လိုက်ကောင်မလေးနေတဲ့ မိဘမဲ့ဂေဟာအပေါ်ကို ဗုံးတစ်လုံးကျသွားခဲ့ပြီး အကုန်အနိစ္စရောက်သွားခဲ့တယ်။ သူသတိပြန်ရလို့ ကြည့်လိုက်တော့ ဂေဟာကလူတွေ တစ်ယောက်မှအသက်မရှိတော့ဘူး။ သူကိုယ်တိုင်လည်း သေအံ့ဆဲဆဲဖြစ်နေပြီ။ အဲ့အချိန်မှာ ထူးဆန်းတဲ့ အမျိုးသမီး ကြီးတစ်ယောက်က သူ့ကိုခေါ် ပြီးဆေးကု‌ပေးလိုက်တယ်။ ကောင်မလေး ပြန်နိုးလာတော့ ဒဏ်ရာတွေက ယူပစ်လိုက်သလိုပျောက်သွားပြီး နာကျင်မှု ဆိုတာလည်းမရှိတော့ဘူး။ ဘယ်လိုကုပေးလိုက်လဲလို့မေးလိုက်တော့လည်း "အနမ်းတစ်ပွင့်" နဲ့ ကုလိုက်တယ်လို့ပဲပြန်ဖြေတယ်။ နောက်သူထပ်ပြီးသိလိုက်ရတာ အဲ့အမျိုးသမီးကြီးတင်မဟုတ် သူနဲ့အတူ အခြားလူတွေပါရှိ‌သေးတယ်ဆိုတာပဲ၊ အားလုံးက စစ်သားတွေဆီကနေပုန်းပြီး နေနေကြတယ်။ နောက်နေ့ရောက်တော့ စစ်သားတွေက သူတို့ပုန်းတဲ့နေရာ သိသွားလို့ ဝင်စီးခံရတဲ့အခါ အမျိုးသမီးကြီးနဲ့ကောင်မလေးတို့ နှစ်ယောက်က အတူတူထွက်ပြေးကြတာပေါ့။ ပြေးရင်းပြေးရင်း ချောက်ကမ်းပါး‌နားရောက်သွားတဲ့ အခါမှာ အမျိုးသမီးကြီးက သေနတ်နဲ့ အပစ်ခံလိုက်ရပြီး ကောင်မလေးက ချောက်ထဲကျရော။ အထက်မှာပြောသွားတာတွေက ဇာတ်လမ်းရဲ့ အစပိုင်းအဖြစ်အပျက်တွေလောက် ပါပဲ။ တကယ့်နောက်ဆက်တွဲတွေကတော့ Horror ဆန်ဆန်ဆက်ကြည့်ရမယ့် အခန်းတွေအများကြီးကျန်ပါသေးတယ် . ဇာတ်လမ်းက ဇာတ်ရှိန်အေးအေးနဲ့ Horror ကား ကြိုက်တဲ့သူတွေအတွက်ကြည့်လို့ကောင်းမယ့် ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size - (1.2 GB) / (540 MB) / (340 MB) Quality – Web-Rip 1080p/ 720p / 480p Duration - 1Hr 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Horror Translator – Khant Sett Naing Encoder – SWM

Comedy • Drama
7.6 2020 102 mins
All the Moons
Romeo and Juliet
7.4

Romeo and Juliet (1968) ~ IMDb - 7.6/10, Rotten Tomatoes - 95% ~ " မိုက်မိုက်ကန်းကန်း ချစ်ခဲ့ကြရုံတင်မကဘဲ တစ်ခါတလေ အချစ်လွန်သွားတဲ့အခန်းလေးတွေပါ ပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး " ရှိတ်စပီးယားရဲ့ နာမည်အကျော်ဆုံးပြဇာတ်တစ်ဖြစ်လဲ သမိုင်းတစ်လျှောက် နာမည်အကြီးဆုံးရိုမန့်ဇာတ်လမ်းဖြစ်တဲ့ ရိုမီရိုဂျူးလိယက်ကို ရုပ်ရှင်အနေနဲ့ ပြန်တင်ဆက်ထားတဲ့ ဂန္ထဝင်ရုပ်ရှင်ပါ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ဟာ ခေတ်အဆက်ဆက်အတင်စားဆုံးအချစ်ဇာတ်လမ်းလည်းဖြစ်ခဲ့တော့ အမျိုးမျိုးအဖုံဖုံပြန်တင်ဆက်ကြတာတွေရှိပေမဲ့ ဒီတစ်ခုကတော့ စာအုပ်နဲ့တော်တော်လေးထပ်တူကျပါတယ်။ ဒီစကားက မှားတောင်မှားနေလောက်တယ်။ စာအုပ်ကြီးအတိုင်းပါပဲဆို ပိုမှန်လိမ့်မယ်။ အမှန်ဆို ဒီကားကို ကျွန်တော်ငယ်ငယ်ကတော့ တစ်ခါကြည့်ဖူးခဲ့တယ်။ ဘာသိမှာလဲ ကြားဖူးနားဝအတိုင်း ရိုမီရို ဂျူးလိယက်ဆိုတဲ့ အသက်ပေးပြီးချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလို့ပဲ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ပြန်ကြည့်တဲ့အချိန်မှာ ရှိတ်စပီးယားဟာ အဲဒီလောက်ပဲပြတတ်တဲ့ ဘဲမဟုတ်ဘူးဆိုတာ ပိုသိလာတယ်။ ပြောရရင် သူ ရိုမီရိုကို ပုံဖော်ခဲ့တဲ့ပုံတွေက လူငယ်လေးတစ်ယောက်ရဲ့ ရူးသွပ်ခြင်းတွေအပြည့်လွှမ်းနေတယ်။ ဖာသာကြီးရဲ့စကားမှာ အချစ်ရဲ့သဘောသဘာဝအမှန်ပါနေပေမဲ့ ရိုမီရိုက နားမဝင်ခဲ့ဘူး။ မိုက်ကန်းရူးရဲ လူငယ်လေးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒီတစ်ခါမှာတော့ ရှိတ်စပီးယားဟာ ဒီဇာတ်ကို အခမ်းနားဆုံးအချစ်ဇာတ်လမ်းအနေနဲ့တင် ပုံဖော်ထားတာမဟုတ်ဘဲ လက်တွေ့အကျဆုံး အချစ်အကြောင်းဇာတ်လမ်းအနေနဲ့ပါ ပုံဖော်ထားတယ်။ ဒါကြီးကို လက်တွေ့ကျတယ်လို့ ပြောတာ ရူးရာကျမယ်လို့တော့ ခင်ဗျားထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရိုမီရို ကာရိုက်တာနဲ့ ဖာသာကြီးစကားတွေကို ယှဉ်မြင်ကြည့်တဲ့အခါ ဒီလိုပဲမြင်ပါတယ်။ ရှိတ်စပီးယားဇာတ်ကို ရှိတ်စပီးယားဟန်အတိုင်း မြည်းစမ်းကြည့်ချင်တဲ့လူတွေကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nay Htet Walar Kyaw မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.05GB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 2H 18Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Nay Htet Walar Kyaw Encoded by Y

Crime • Drama • Mystery
7.4 1968 138 mins
Romeo and Juliet
[18+] Panibugho
7.9

Panibugho (2023) ~ IMDb rating – 8/10 ~ ဆွန်ညာ အက်စ်သာ လီယာ ဆိုတဲ့ညီအစ်မသုံးယောက်ဟာ တောအုပ်အစပ်က အိမ်ကြီးတစ်ခုမှာ သုံးဦးတည်းနေထိုင်ကြပါတယ်။ သူတို့ဟာ ဖခင်သေဆုံးပြီးတဲ့နောက် ကျန်ခဲ့တဲ့အမွေကိစ္စတွေရှင်းလင်းဖို့အတွက် ခေတ္တရောက်နေကြတာဖြစ်ပြီး အချိန်တန်ရင် ကိုယ့်လမ်းကိုယ် ခရီးဆက်ကြမှာပါ။ အကြီးဆုံးအစ်မဖြစ်တဲ့ ဆွန်ညာနဲ့ အလတ်မအက်စ်သာက အသေးအဖွဲလေးတွေကအစ တကျက်ကျက်ရန်ဖြစ်လေ့ရှိပြီး အငယ်ဆုံး ညီမလေးဖြစ်တဲ့ လီယာကတော့ သီးသန့် အေးဆေးနေတတ်သူဖြစ်ပါတယ်။ တစ်ညမှာတော့ သူတို့အိမ်ကို မဖိတ်ခေါ်တဲ့ဧည့်သည် သူစိမ်းယောက်ျားတစ်ယောက် မုတ်ဆိတ်ကျင်စွယ်အထပ်ထပ် ဒဏ်ရာဗရပွနဲ့ရောက်လာခဲ့ပြီး နဂိုကတည်းက မအေးချမ်းတဲ့ သူတို့ အိမ်တွင်းရေးမှာ ပြဿနာတွေ ပူလောင်ဆူဝေလာပါတော့တယ်။ ယောက်ျားတွေနဲ့ဝေးနေတဲ့ညီအစ်မသုံးယောက်ထဲကို ရောက်လာတဲ့ ရုပ်ရည်မဆိုးတဲ့လူငယ်တစ်ယောက်၊ သူတို့အချင်းချင်းကြားက အမုန်းအငြိုး၊ ရာဂမီးတွေနဲ့ ဘယ်လိုဆက်ပြီးလောင်ကျွမ်းကြမလဲဆိုတာဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 820MB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Adventure • Comedy • Family • Science Fiction
7.9 2023
[18+] Panibugho
The New Boy
6.5

The New Boy (2023) =============== IMDb Rating – 6.5/10 ဒါရိုက်တာ Warwick Thornton ရဲ့ လက်ရာဖြစ်ပြီး မင်းသမီးကြီး ကိတ် ဘလန်းချက်က သီလရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလကို အခြေခံထားပြီး ဩစတြေးလျတောင်ပိုင်းရဲ့ အလှအပ တွေနဲ့ ခရစ်ယာန်ဘာသာရေးနဲ့ မူရင်း ဒေသခံ အဘိုရီဂျီနယ်မျိုးနွယ်တွေရဲ့ ယုံကြည်မှု လွန်ဆဲပုံကို သရုပ်ဖော်ထားတာပါ။ ဒါရိုက်တာ Warwick Thornton ဟာ ဘာသာရေးဆက်နွယ်ပြီး တွေးစရာတွေပေးတဲ့ လေးနက်တဲ့ ကားမျိုး တွေကို ရိုက်တတ်တဲ့သူမို့ ဒီရုပ်ရှင်ဟာလည်း လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က တည်းက သူကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့တာဖြစ်ပြီး ကိတ်ဘလန်းချက်နဲ့ စကားပြောရင် သူရိုက်ချင်တယ်ဆိုလို့ ဖြစ်မြောက်လာခဲ့တာပါ။ ဩစတြေးလျ တောင်ပိုင်းက လူသူမနီးတဲ့ ခရစ်ယာန်ကျောင်းတစ်ကျောင်းမှာ မိဘမဲ့ ကောင်လေးတွေ အများကြီးကို စစ္စတာအိုင်လင်းဆိုတဲ့ သီလရှင်က စောင့်ရှောက်ထားပါတယ်။ အဲဒီဘုရားကျောင်းကို တကယ်ဦးစီးသူက ဒွန်ပီ တာ ဆိုတဲ့လူဖြစ်ပြီး သူသေသွားတာ တစ်နှစ်ကျော်တာတောင် စစ္စတာအိုင် လင်းတို့က ဖုံးကွယ်ထားပြီး သူရှိသေးသယောင်နဲ့ ဘုရားကျောင်းကို ဆက်ဦး စီးနေခဲ့တာပါ။ တစ်နေ့မှာတော့ အဲဒီကျောင်းကို ဒေသခံမျိုးနွယ် အဘိုရီဂျီနယ် အနွယ်ဝင်ကောင်လေးအသစ်တစ်ယောက်ရောက်လာပါတယ်။ ဒေသခံတွေ ဟာ ဘုရားသခင်ကို ယုံကြည်သူတွေမဟုတ်ဘဲ သဘာဝတရားနဲ့ ဘိုးဘေးဝိ ညာဉ်တွေကို ကိုးကွယ်တဲ့သူတွေပါ။ အဲဒီကောင်လေးကလည်း ထူးဆန်းတဲ့အစွမ်းတစ်ခုပါလာပြီး အဲဒီအစွမ်းဟာ မျိုးနွယ်ယုံကြည်မှုကလာသလား ဘုရားသခင်နဲ့ဆိုင်သလားဆိုတာကို ပဟေဠိ ဖြစ်အောင်ပြထားပါတယ်။ အဲဒီထူးဆန်းတဲ့အချက်နဲ့အတူ ကလေးငယ်တွေရဲ့ ရိုးသားမှုတွေ စူးစမ်းလိုစိတ်တွေကို ပြသထားပြီး ကြည့်ပြီးရင် ကိုယ့်ဘာသာ အဓိပ္ပါယ်ဖော်ကြည့်ရမဲ့ ရုပ်ရှင်အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(1.8 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Fantasy, History Translator……Mr.Anderson Encoder……….SWM

6.5 2023 116 mins
The New Boy
Fatum

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် စပိန်စကားပြော crime,drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်….ဒီရုပ်ရှင်ကဆုတစ်ဆုရရှိထားပြီး ဇကာတင်ဆုငါးခုရရှိထားပါတယ်… ဇာတ်လမ်းကတော့ မိသားစုနှစ်ခုအပေါ်အခြေခံပြီးရိုက်ကူးထားပါတယ်….ပထမမိသားစုကတော့ လောင်းကစားသမား ဆာဂီယိုနဲ့လစ်ဒီယာတို့ပါ…ဆာဂီယိုကလောင်းကစားမပြတ်နိုင်တဲ့အတွက်လစ်ဒီယာကကွဲချင်နေတာပါ…တစ်ရက်ကျဆာဂီယိုကသားနဲ့သမီးကိုလိုက်ပို့ရင်း နောက်ဆုံးအနေနဲ့ဘောလုံးပွဲလောင်းဖို့သွားခဲ့ပါတယ်…ဒါကိုလစ်ဒီယာသိသွားပြီးသူမလည်းလောင်းကစားရုံကိုရောက်ရှိလာပါတယ်….သူတို့လင်မယားချင်းပြဿနာတက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာပဲ လောင်းကစားဆိုင်ထဲကိုဓားပြတွေဝင်လာပြီး ဓားပြတိုက်ပါတော့တယ်…. နောက်မိသားစုတစ်စုကတော့ ရဲအရာရှိပါဘလိုတို့မိသားစုပါ…ပါဘလိုရဲ့သားလေးဟာနှလုံးအစားထိုးကုသဖို့လိုအပ်နေသူပါ….အဲ့တော့ခုနကဓားပြတိုက်တဲ့နေရာကဓားစာခံတွေကိုကယ်ထုတ်ဖို့ပါဘလို‌လည်းရောက်ရှိလာခဲ့ပါတယ်… ရုပ်ရှင်ရဲ့နာမည်ကတော့ fate ကံကြမ္မာလို့အမည်ရပါတယ်…ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှူကြပါခင်ဗျာ….. File size…(1.4 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Crime, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

Science Fiction • Mystery • Drama • Thriller
0 2023
Fatum
A Touch of Zen
7.5

Directed by King Hu Genre – Action,Adventure,Drama IMDb – 7.5/10 ကင်းဟူဟာ ဟောင်ကောင်ရဲ့ အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ရှောဘရားသားကုမ္ပဏီမှာ မင်းသားအဖြစ်ရော ရိုက်ကွင်းပြင်ဆင်သူအဖြစ်ရော စာရေးဆရာအဖြစ်ရော လုပ်ခဲ့ပြီးတဲ့နောက် ဒါရိုက်တာပါ လုပ်ခဲ့တယ်။ အကူအဖြစ်နဲ့ပဲရိုက်ခဲ့ရတာများပြီး နောက်ပိုင်းမှာ ရှောဘရားသားရဲ့ အကျော်ကြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Come Drink with Me (1966)ကို ရိုက်ခဲ့ပြီးတဲ့နောက် ၁၉၆၇မှာ ရှောဘရားသားကနေ ထွက်လာခဲ့ပြီး ထိုင်ဝမ်မှာ ကိုယ်ပိုင်စတူဒီယိုထောင်ခဲ့တယ်။ ၁၉၆၇မှာပဲ ထိုင်ဝမ်ကနေ သူ့ရဲ့နာမည်အကျော်ဆုံး ရုပ်ရှင်ဖြစ်သလို Wuxia ရုပ်ရှင်တွေရဲ့ သမိုင်းမှာ အပြောင်းအလဲတစ်ခုဖြစ်စေခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ Dragon Innကို ရိုက်ခဲ့တယ်။ ဒရာဂွန်အင်းဟာ အန်းလီရဲ့ နာမည်ကျော် Crouching Tiger, Hidden Dragon (2000) နဲ့ ကျန်းရိမူရဲ့ House of Flying Daggers တို့လို ကားတွေအပါအဝင် Wuxiaကား တော်တော်များများရဲ့ အတုယူစရာ ဖြစ်ခဲ့တယ်။ (2004)နောက် A Touch of Zenကို ရိုက်ခဲ့တယ်။ Raining in the Mountain (1979)တို့ Legend of the Mountain ( 1979)တို့ကိုလည်း ရိုက်ခဲ့တယ်။ ဒီကားတွေဟာ ထိုင်ဝမ်မှာ သူရိုက်ခဲ့တဲ့ကားတွေဖြစ်သလို ကင်းဟူက ထိုင်ဝမ်နယူးဝေ့မတိုင်ခင်ကာလမှာ ထိုင်ဝမ်ရဲ့ နာမည်အကျော်ဆုံး ဒါရိုက်တာတစ်ယောက်ဖြစ်ခဲ့သလို ထိုင်ဝမ်နယူးဝေ့က လူတွေကလည်း သူ့ရုပ်ရှင်တွေနဲ့မကင်းနိုင်ခဲ့ဘူး။ Tsai Ming-liangဆိုလည်း Goobye Dragon Innဆိုပြီး ရိုက်ခဲ့ဖူးတယ်။ လက်ရှိမှာတော့ ကင်းဟူကိုဟာ Wuxia ရုပ်ရှင်တွေရဲ့ ဂုရုကြီးတစ်ဆူအဖြစ် သိကြတယ်။ Criterion ကလည်း သူ့ကားအများစုကို ပြန်ထုတ်ခဲ့တယ်။ A Touch of Zenကိုတော့ Pu Songlingရဲ့ Strange Stories from a Chinese Studio ဆိုတဲ့ စာအုပ်က ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာ Raining in the Mountain နဲ့ Legend of the Mountainတို့ကိုလည်း ကင်းဟူက ဒီစာအုပ်က ဇာတ်လမ်းတွေကိုပဲ အခြေခံပြီး ရိုက်ခဲ့ဖူးတယ်။ 1975 Cannes Film Festivalမှာလည်း ဆုရခဲ့ဖူးတယ်။ A Touch of Zenရဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အမြင်အရတော့ ဒရာဂွန်အင်းနဲ့ ဆင်တယ်ပဲ ပြောရမယ်။ ဇာတ်ကတော့ နယ်ဘက်ကျေးဘက်မြို့ကလေးမှာ ပန်းချီဆွဲစာရေးပေးတဲ့ အလုပ်နဲ့ အသက်မွေးနေတဲ့ လူငယ်လေးတစ်ယောက်ကနေ စပြထားတယ်။ အမေတစ်ခု သားတစ်ခုခုနေနေကြလို့ အမေက သားကို ဖြစ်စေချင်ပေမဲ့ မကောင်းတဲ့ခေတ်မှာတော့ အရာရှိမဖြစ်ချင်ဘူးဆိုပြီး အရာရှိစာမေးပွဲမဖြေဘဲ ပေကပ်နေနေတဲ့သူပေါ့။ ဒီလိုနဲ့ အဲဒီမြို့ကလေးကို အပြင်လူတွေ ထူးထူးဆန်းဆန်း တစ်ယောက်ပြီး တစ်ရောက်ရောက်လာခဲ့တယ်။ သူ့ကို လာကပ်နေကြတဲ့သူတွေလည်းရှိကြတယ်။ ဒီလိုနဲ့ ဒီလူတွေက ဘာတွေလဲ ဘာလိုချင်လို့ရောက်လာတာလဲ။ ဒီမြို့ကလေးမှာ ဘယ်လိုပဟေဠိတွေရှိနေလဲဆိုတာကို အစောကပြောခဲ့တဲ့ တခြား Elementsတွေ ထည့်သုံးပြီး အသက်သွင်းထားတဲ့ ဇာတ်ပါပဲ။ သိုင်းကားပေမဲ့လည်း အစပျိုးကနေ သိချင်စိတ်ကို တဖြည်းဖြည်းစွသွားတဲ့ ပုံစံမှာတင် ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံ သေသပ်မှုကို အထင်းသားမြင်နေရတယ်။ ဒီကားမှာ ကင်းဟူဟာ သိုင်းကားကိုမှ ဇန်ဗုဒ္ဓဘာသာအငွေ့အသက်နဲ့ တရုတ်ရိုးရာရှေးအငွေ့အသက်တွေကိုအပြင် တရုတ်ဂန္တဝင် ဇာတ်အိမ်တွေရဲ့ theme တစ်ခုဖြစ်တဲ့ စာသင်သားနဲ့ မိန်းမလှလေးကြားက မေတ္တာဘွဲ့ကိုဖော်ပြတဲ့ ဟန်ကိုလည်း ထည့်သုံးထားခဲ့တယ်။ File size… 4.4 GB / 1.6 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 3h 20m Genre ….. Action / Adventure / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7.5 1971
A Touch of Zen
Mr. Brooks
7.3

Mr. Brooks (2007) *********************** IMDb – 7.3/10_____Rotten – 55% အခုတစ်ခါ တင်ဆက်ပေးမှာကတော့ 2007 ခုနှစ်က ထွက်ခဲ့တဲ့ Mr. Brooks ဆိုတဲ့ မှုခင်းဒရမ်မာ ဇာတ်ကားပါ… အားလ်ဘရွတ် အမည်ရတဲ့ လူတစ်ယောက်ဟာ လူတွေလေးစားခံရလောက်အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ… ဒါပေမဲ့ သူ့မှာ ဘယ်သူမှ ထင်မထားတဲ့ စွဲလမ်းမှု တစ်ခုရှိနေခဲ့တယ်…. အဲဒါကတော့ လူသတ်ရကို နှစ်ခြိုက်နေတာပါပဲ …သူ့ရဲ့ မကောင်းတဲ့စိတ်ကို ၂ နှစ်ကျော်အောင် ထိန်းချုပ်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ကချေသည်စုံတွဲ ကို စိတ်မထိန်းနိုင်ဘဲ ပြန်သတ်မိရာကနေ ဇာတ်လမ်းစလာပါတော့တယ်… သိပ်မကြာခင်မှာပဲ သူ့ဆီကို ဓာတ်ပုံတစ်ချို့ရောက်လာတယ်… ဒီဓာတ်ပုံတွေမြင်ပြီးတဲ့ သူသွေးပျက်သွားတယ်.. တစ်ချိန်တည်းမှာပဲ ပြသနာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျောင်းတက်တက်နေတဲ့သမီးဟာ ပြန်ရောက်လာတယ်… ကိုင်း အားလ်ဘရွတ် တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ… ဓာတ်ပုံထဲမှာရော ဘာတွေများပါနေလို့လဲ… ဒီကားထဲက မင်းသားကြီး Kevin Costner ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်… ကိုင်း plot twist လေးတွေနဲ့ စိတ်ဝင်စားစရာတွေ ရိုက်ပြထားတဲ့ မှုခင်းဇာတ်ကားတစ်ကားပါ IMDb rating ကလည်း 7.3 ထိရထားလေတော့ ခပ်ကြောင်ကြောင်ကားတွေ ကြိုက်တဲ့သူတွေအဖို့ မိုက်ရူးဆန်စွာကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ဖြစ်ပါတယ်….) File Size : 1.88GB/ 800MB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:01:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Tiff

7.3 2007
Mr. Brooks
One Night with Adela Una noche con Adela
5.4

One Night with Adela (2023) IMDb Rating (5.4) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ အဒယ်လာဟာ မက်ဒရစ်စည်ပင်က သန့်ရှင်းရေးကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဒီညမှာတော့သူဟာ တစ်သက်လုံးစာရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ ဒီဘ၀ရောက်အောင်တွန်းပို့ခဲ့သူတွေကို ရက်ရက်စက်စက်ပြန်ကလဲ့စားချေဖို့ စိတ်ကူးထားပြီး အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း ကိုယ်တွေ့ဇာတ်လမ်းတွေရင်ဖွင့်ရာ ရေဒီယိုအစီအစဉ်ကိုဖုန်းဆက်ပြီးပြောပြနေပါသေးတယ်။ သူကလဲ့စားချေမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ ? သူ့အပေါ်ဘယ်လိုလုပ်ရပ်တွေကျူးလွန်ခဲ့လို့ ဒီလောက်အထိနာကျည်းနေရတာလဲ? ကလဲ့စားချေဖို့အတွက် သူ့အစီအစဉ်တွေကဘာတွေဖြစ်နေမလဲ? ဇာတ်လမ်းအစအဆုံးကို one-shot ရိုက်ချက်နဲ့ဖန်တီးထားပြီး စကားလုံးတွေ၊ တင်ပြပုံတွေကိုလည်းစိတ္တဇဆန်ဆန် ဖွဲ့စည်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေ၊ မူးယစ်ဆေးသုံးစွဲမှုတွေ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့သတိထားရမယ့် ဇာတ်ကားလည်းဖြစ်ပါ တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.8 GB) / (910 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:47:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Mystery • Action • History • Comedy • Crime
5.4 2023 105 mins
One Night with Adela Una noche con Adela
45 Years
7.1

45 Years (2015) IMDb Rating (7.1) / Rotten Tomatoes (97%) Andrew Haighရဲ့ပုံစံအတိုင်း လူ၂ယောက်ရဲ့ Relationshipကို အဖြစ်အပျက်နည်းနည်း အချိန်ကာလတိုတိုကိုပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက်၄၅နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား ၇၀ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီးအဘွားကြီး၂ယောက်ပေါ့။ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီးရဲ့ မေ့ထားသလား မေ့ချင်ယောင်ဆောင်ထားသလား မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလားမသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။ လွန်ခဲ့တဲ့အနှစ်၅၀လောက်က ရေခဲမြစ်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီးကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။ အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက်၇၀နားနီးနေတဲ့အဘွားကြီးရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ အသက်၇၀ကျော်အဘိုးကြီးရဲ့ ဘဝဟောင်းမှာ ကျန်နေတဲ့ အလွမ်းတွေပါပဲ။ ဒီ၂ခုက အားပြိုင်တယ်လို့တောင် ပြောမရလောက်ဘူး။ ပျော့ပျော့လေး တွန်းနေဆွဲနေတာလို့ပြောရမယ်။ သူတို့အသက်ရဲ့လက်ကျန်အင်အားနဲ့ပေါ့။ ဒီဘာမှမပါတဲ့ဇာတ်ရဲ့အသက်ကလည်း အပျော့စားအားပြိုင်မှုလေးတွေနဲ့ နောက်ဆုံးရလဒ်တွေပဲ။ ရွေးချယ်မှုတွေ အချစ်တွေ ခင်ဗျားဖွင့်ချင်သလို ဖွင့်လို့ရတယ်။ ဘယ်လိုပဲဖွင့်ဖွင့် သူ့အခြေအနေကြီးက မတရားဘဝမြောက်လွန်းနေတယ်။ အဘိုးကြီးက အဲဒီအတိတ်ကို သွားကြည့်ချင်ခဲ့တယ်။ ဒါကိုလည်း အဘွားကြီးကသိတယ်။ ဘယ်လိုသိဆို မိန်းမတွေရဲ့အလိုလိုသိစိတ်နဲ့သိတယ်။ ယောက်ျားတွေမှာလည်း ဒီလို အလိုလိုသိစိတ်ရှိတတ်ပေမဲ့ သူတို့ကိုတော့ မမီဘူးကိုး။ ခေတ်အဆက်ဆက် လူနေမှုမှာကိုက မိန်းမတွေဟာ စတင်သူမဟုတ်ခဲ့ဘူး။ ယောက်ျားတွေကတော့ သူတို့လိုချင်တာကို ထုတ်ပြထုတ်ပြောပြီး ယူဖို့ကြိုးစားခွင့်ရှိခဲ့ပေမဲ့ မိန်းမတွေကတော့ များသောအားဖြင့် သူတို့လိုချင်တာကိုရဖို့ လမ်းကြောင်းပေးရတာ အခြေအနေအချိန်အခါ စိတ်ကိုအကဲခတ်တာတွေက ဒီဘက်ခေတ်အထိတောင် သုံးနေရသေးတာပဲ။ ဒီတော့ သူချစ်လို့ယူထားတဲ့ နှစ်ပေါင်းများစွာပေါင်းလာတဲ့ ယောက်ျားကို သူပိုအကဲခတ်လို့ရ ပိုရိပ်မိတယ်။ လေ့ကျင့်လာသလိုဖြစ်သွားလို့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီကိုး။ ဒီတော့ အဘိုးကြီးဘယ်ခြေလှမ်း လှမ်းလှမ်းအဘွားကြီးက သိတယ်။ သိတော့ စကားနဲ့ဖြစ်စေ သက်သေနဲ့ဖြစ်စေ မကြီးပေမဲ့ ထိခတ်တဲ့ပြဿနာလေးတွေကလာတယ်။ အဘွားကြီးက အကုန်သိနေတော့ အဘိုးကြီးမှာ ဘယ်လိုမှမလှိမ့်တပတ်လည်းလုပ်မရ အကြောင်းပြချက်လည်းပေးမရဘူး။ ဒီတော့ နောက်ဆုံးရွေးချယ်မှုပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ယုံကြည်တဲ့ အချစ်ဆိုတဲ့အရာတော့ တကယ်ရှိမရှိတော့ မသိဘူး။ သေချာတာကတော့ ခံစားချက်တွေကတော့ တကယ်ရှိတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အချစ်ဆိုတဲ့ ဘော်ဒီကြီးတစ်ခုလုံးကို မသေချာပေမဲ့ အဲဒီဘော်ဒီကြီးကို ဖွဲ့စည်းထားတဲ့ ခံစားချက်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုတော့ သေချာတယ်လို့ ပြောဖူးတယ်။ ဒါလည်းဟုတ်တာပါပဲ။ ကျွန်တော်သိပ်မသေချာတာက ခံစားချက်ဆိုတာက ဘော်ဒီကြီးဖြစ်ပြီး အချစ်က အဲဒီထဲက အစိတ်အပိုင်းဖြစ်နေမလားဆိုတာကိုပဲ။ အချစ်ထဲမှာပဲ ခံစားချက်ရှိရှိ ခံစားချက်ထဲမှာပဲ အချစ်ရှိရှိ ဘာနေနေ လိုရင်းကတော့ အတူတူပါပဲ။ ဒါတွေဟာ တစ်ဦးဆိုင်တစ်ဦးပိုင်ဆိုတာရဲ့ သဘောကိုကျော်ပြီး ရွေ့လျောတတ်တယ်။ အဲဒီရွေ့လျောမှုကို ရွေ့လျောမှုအတိုင်း အမြဲလိုက်ရွေ့လျောနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့။ အတွေ့အကြုံနဲ့ ကံတရားကို မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ကွဲပေမဲ့ လူအများစုမှာတော့ ပြန်ထိန်းကျောင်းသွားတဲ့ အရာတွေတော့ ရှိလာတတ်တယ်။ အရင်းအနှီးသိပ်ကြီးတဲ့အရာတွေရောပေါ့။ ဒီတော့ အဘိုးကြီးရဲ့ ခံစားချက်က အတိတ်ကိုရွေ့လျောနေတာကို ကျွန်တော်တို့မြင်နေရပေမဲ့ အဆုံးသတ်မှာ အဘိုးကြီးဟာ ထိန်းကျောင်းမှုအတိုင်းပဲ ရွေးချယ်ခဲ့တယ်။ ဒါရွေးချယ်တာလည်း ဟုတ်ချင်မှဟုတ်ပါမယ်။ သူပြောသလို ဘဝမှာ ရွေးချယ်စရာတွေအများကြီးနဲ့လာခဲ့ကြပေမဲ့ ကြာလာလေ ရွေးချယ်မှုတွေက သုံးလို့ကုန်လာလေဖြစ်ပြီး ဒါဟာရွေးချယ်ရမယ့်အပိုင်းမဟုတ်တော့လို့လည်း ဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူ့ခံစားချက်ရဲ့လမ်းကြောင်းကိုလိုက်ရင် ပေးရမယ့် အရင်းအနှီးသိပ်ကြီးလို့လည်းဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူတကယ်ရွေးသင့်တယ်လို့ ထင်ရတဲ့အရာကိုပဲ ရွေးမှန်းမသိ ရွေးသွားခဲ့တယ်။ ဒါကို အဘွားကြီးကလည်း သိခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးသတ်က အဘွားကြီးရဲ့မျက်နှာဟာ သူ့အလိုလိုသိစိတ်ရဲ့အဖြေလို့ပြောလို့ရတယ်။ ဒီဘာမှမပါတဲ့ ရုပ်ရှင်ဟာ ကျွန်တော်တို့ဘာသာတောင် ဝန်ခံဖို့ခက်တဲ့ အချစ်နဲ့ ရွေးချယ်မှုရဲ့ တကယ့်သဘာဝအမှန်ကို ကောင်းကောင်းကြီး ပုံဖော်သွားနိုင်ခဲ့တယ်လို့ ကျွန်တော်တော့မြင်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.6 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:35:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

7.1 2015 95 mins
45 Years
The Promise
5.5

တစ်ကားလုံး ဟိုဇာတ်ဝင်ခန်းပြလိုက် ဒီဇာတ်ဝင်ခန်းပြလိုက်နဲ့ ရှုပ်ရှတ်ခတ်နေတာမျိုးတွေမကြိုက်ဘဲ ဇာတ်ကောင်တစ်ယောက် အကြောင်းအရာတစ်ခုတည်းကိုပဲ သီးသန့်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုမြင်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ The Promise ဆိုတဲ့ဇာတ်ကားကလည်း ဒီလိုဇာတ်ကားမျိုးပဲ ဖြစ်ပြီး ရိုးရိုးရှင်းရှင်းဆိုပေမဲ့ သည်းထိပ်ရင်ဖိုဖွယ်ကောင်းအောင် ရိုက်ကူးထားနိုင်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီတစ်ကားလုံးအဓိကတွေ့ရမဲ့ဇာတ်ကောင်ကတော့ မာယာဆိုတဲ့ အမျိုးသမီးဖြစ်ပြီး သူကတော့ ဆုံးပါးသွားတဲ့ အစ်မဖြစ်သူရဲ့သား သူ့တူလေး မက်တီရက်စ်ကိုကြည့်ရှုစောင့်ရှောက်ပေးနေရသူ ဖြစ်ပါတယ်။ဒါပေမယ့် အသက်ကလည်းငယ်သေးတဲ့အပြင် အမေဖြစ်သူကိုပါ ဆုံးရှုံးခဲ့ရတဲ့ မက်တီရက်စ်က အရမ်းဆိုးသွမ်း လွန်းပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာတော့ သူ့ကိုမိဘမဲ့ ဂေဟာပို့ဖို့ မာယာတစ်ယောက်သွားစုံစမ်းပြီး ကားမောင်းကာ ပြန်လာခဲ့ပါတော့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာပဲ ဇာတ်လမ်းက စလာပါတော့တယ်။မက်တီရက်စ်က သူ့ဆီဖုန်းဆက်ပြီး ပိုက်ဆံတွေ လှမ်းလွှဲခိုင်းတဲ့အတွက် မာယာတစ်ယောက်မေးမြန်းကြည့်တဲ့ အခါမှာ သူ့တူက လူဆိုးဂိုဏ်းဝင်တစ်ယောက်ဆီက ဂျာကင် အကောင်းစား၀ယ်ရင်း ဇယားတွေရှုပ်နေတယ်ဆိုတာကိုသိ လိုက်ရပါတော့တယ်။နောက်ပိုင်းမှာတော့ သူ့တူပြန်ပေးဆွဲခံ လိုက်ရပြီး တူတော်မောင်ဇောနဲ့ ဖုန်းတွေလိုက်ဆက် နေရာစုံ လိုက်ရှာရင်း နောက်ဆုံးမှာ တူ၀ရီးနှစ်ယောက်ပြန်ဆုံစည်း နိုင်သွားပါ့မလားဆိုတာကို ရှုစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.23GB) / (668MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Romance • Comedy • Drama
5.5 2024 86 mins
The Promise
K.O.
6

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ရဲ့ အသစ်ထွက် Netflix အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အန်ဇို ဟာ MMA ချန်ပီယံတစ်ယောက်ဖြစ်ပြီး ဘက်ရှန်ကတော့ ချန်ပီယံခါးပတ်စိန်ခေါ်သူတစ်ယောက်ပါ။ ဒီလိုနဲ့ ပြိုင်ဆိုင်ကြရင်း ခါးပတ်စိန်ခေါ်ပွဲမှာ ဘက်ရှန်က အန်ဇိုကို အမှောက်သိပ်လိုက်တာ လက်လွန်ပြီး အန်ဇိုတစ်ယောက်တစ်ခါတည်း ဆုံးပါးသွားပါတော့တယ်။ အန်ဇိုမှာ ဇနီးဖြစ်သူ အမ်မာ နဲ့ သားဖြစ်သူ လီယို တို့ ကျန်ခဲ့ပြီး လီယိုက စိတ်ဒဏ်ရာရကာ တလောကလုံးကို အမုန်းကြီးမုန်းပြီး မာဆေးလ်မြို့ကို ထွက်သွားပါတော့တယ်။ ဒီလိုနဲ့ပဲ မာဆေးလ်မြို့က မူးယစ်ဆေးဂိုဏ်းတစ်ခုနဲ့ပတ်သတ်မိပြီး မမြင်သင့်တာတွေမြင်လိုက်ရလို့ ထွက်ပြေးပုန်းအောင်းရင်း ပျောက်သွားပါတော့တယ်။ ဒီလိုနဲ့ပဲ အမေဖြစ်သူ အမ်မာက ဘက်ရှန်ကို အကူအညီတောင်းပြီး သားပျောက်ဖြစ်သူကို ရှာခိုင်းပါတော့တယ်။ ဘက်ရှန်နဲ့ မာဆေးလ်ရဲတပ်ဖွဲ့က လီယိုကို ရှာတွေ့နိုင်မလား… ဘယ်လို အန္တရာယ်တွေကျရောက်နေမလဲဆိုတာကိုတော့ စိတ်ဝင်တစား ကြည့်ရှုကြရမှာပါ။ File size… (1.32 GB) / ( 703 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 30m Genre …..Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Action • Comedy • Drama
6 2025 84 mins
K.O.
Syndromes and a Century
7.3

ဒီကားလေးကတော့ အပိုင်းလေးနှစ်ပိုင်းခွဲပါပြီးတော့ စိတ်အေးအေးလေးနဲ့ ဇာတ်ကားတွေရဲ့ plot ကိုအရမ်းကြီးစိတ်မဝင်စားဘဲစိတ်ပြေလက်ပျောက်ကြည့်ချင်သူများအတွက် recommended လေးပေးချင်တဲ့ ကားလေးပါဗျ။ ဇာတ်ကားလေးရဲ့အကြောင်းအရာကတော့ ဒေါက်တာနောန်လိုခေါ်တဲ့ဆရာဝန်ဟာ နယ်ဝေးဆေးရုံသေးလေးမှာ အလုပ်ကျပြီးတော့အဲ့ဒီက ဘဝကို ဘယ်လိုဖြတ်သန်းပြီး တစ်ခြားသူတွေနဲ့ဘယ်လိုဆက်ဆံရင်း character တစ်ဦးချင်းဆီရဲ့ အမြင်ကိုပြထားတာဖြစ်တဲ့ ဇာတ်ကြောင်းလေးဖြစ်ပါတယ်။ ဒုတိယ အပိုင်းမှာကြတော့ ဒေါက်တာဟာမြို့ပေါ်က ဆေးရုံကြီးမှာအလုပ်ပြန်ကျပြီး အဲ့ဒီဆေးရုံမှာပဲ သာမန်ဆရာဝန်ရဲ့ဘဝဖြတ်သန်းပုံ ဟာသတွေပါရောနှောပါဝင်ပြီးတော့ ကြည့်ရသူမငြီးငွေ့အောင် ရိုက်ကူးထားတဲ့ကားလေးဖြစ်တာကြောင့် ဘယ်လိုဇာတ်လမ်းလေးဖြစ်မလဲ အားလုံးပဲအတူတူ ကြည့်ရှုခံစားလိုက်ကြရအောင်။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Noah

Drama • Crime
7.3 2006 105 mins
Syndromes and a Century