YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

6 Hours Away 2024 - 1080p [RMC].mp4

1.76 GB N/A video/mp4 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Throne of Blood
8

~ IMDb - 8.1/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။ တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ မက္ကဘတ်ကို ရိုက်ချင်နေတာကြာပြီ။ Rashomon (1950) ကို ရိုက်ပြီးတဲ့နောက် ရိုက်ဖို့ လုပ်ခဲ့ပေမဲ့ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာသိတော့ ခဏနောက်ဆုတ်လိုက်တယ်။ ၁၉၅၆ရောက်တော့ Throne of Blood, The Hidden Fortress နဲ့ Revenge ကို သူပရိုဂျူဆာလုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ အခန့်မသန့်ချင်တော့ သူခန့်ချင်တဲ့ ဒါရိုက်တာတွေက အကြောင်းအမျိုးမျိုးနဲ့မရိုက်ဖြစ်တော့ သူကိုယ်တိုင်ပဲရိုက်လိုက်ရတယ်။ ဒီလိုနဲ့ ခမ်းနားလှတဲ့ Throne of Blood ထွက်လာတာပါပဲ။ Throne of Blood ဟာ မက္ကဘတ်ကိုပဲယူတယ်ဆိုပေမဲ့ Ozymandias ကဗျာအငွေ့လည်း သွင်းထားတယ်လို့ ထင်ရပါတယ်။ "The Most Successful Film Version of Macbeth" လို့လည်း ဝေဖန်ရေးသမားတွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရတယ်။ ကူရိုဆာဝါဟာ ဒီဇာတ်ကို အကြောင်းမဲ့ရိုက်ပြခဲ့တာတော့မဟုတ်ဘူး။ သူ့အမြင်မှာ အလယ်ခေတ်ကာလအတွင်း စကော့တလန်နဲ့ ဂျပန်မှာဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ပြဿနာတွေဟာ ဆင်တူခဲ့သလို ဒီပြဿနာတွေက ဒီနေ့ခေတ်အတွက် သင်ခန်းစာပေးစရာတွေရှိနေတယ်လို့ သူယုံခဲ့တယ်။ ဒါကြောင့်လည်း သူ ဒီရုပ်ရှင်ကို ထွက်လာစေချင်ခဲ့တယ်။ နောက်ဆုံး သူပဲရိုက်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ သူကားပေါင်းများစွာမှာ ထည့်သုံးနေကျဖြစ်တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားတွေဖြစ်သွားကြတဲ့ Toshiro Mifune, Takashi Shimura တို့ကို သုံးထားတယ်။ Throne of Blood ဟာ နောက်ပိုင်း ဒါရိုက်တာတွေ Homage ခဏခဏပေးခံရတဲ့ ဂျပန်ဂန္ထဝင်ကားလည်းဖြစ်လာခဲ့တယ်။ အန်နမဲဆရာတစ်ပါးဖြစ်တဲ့ စတိုရှိခွန်ရဲ့ Millennium Actress မှာဆို သိသိသာသာကိုမြင်နိုင်ပါတယ်။ ဇာတ်ကတော့ မက္ကဘတ်ဇာတ်ဆိုတော့ တော်တော်များများသိပြီးသား ဇာတ်လမ်းပါပဲ။ ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းဘူး။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မက္ကဘတ်ထဲဆိုရင်တော့ စုန်းမ၃ကောင်ပေါ့။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။ ဒီလိုနဲ့ တစ္ဆေပြောတဲ့ ရာထူးတွေ မြောက်စားခံရတော့ ဝါရှိဇုရဲ့မိန်းမက ဒီကိစ္စကို အရှင်သိသွားရင် ဒီတိုင်းထားမှာမဟုတ်တာရော မိခိကို မယုံတာရော သူ့ယောက်ျားကို ကြီးကျယ်စေချင်တာရောပေါင်းပြီး အရှင့်ကိုသတ်ပြီး ပင့်ကူအိမ်ရဲတိုက်ရဲ့ အရှင်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းတယ်။ ဝါရှိဇုဟာ စစချင်းတော့ တွေဝေနေပေမဲ့ အခြေအနေကလည်းပေးနေ ဆန္ဒကလည်းရှိနေ မိန်းမစကားကိုလည်း နားဝင်နေတဲ့အခါ သူ့အရှင်ကိုသတ်ချလိုက်တယ်။ ဒီကစပြီး ထီးရေးနန်းရေးအရှုပ်အထွေးတွေဖြစ်လာတယ်။‌ ဒီဇာတ်ကိုမှ ကူရိုဆာဝါစတိုင်နဲ့ ဂျပန်အငွေ့အသက်နဲ့ မြင်ရမှာပါ။ ရှိတ်စပီးယားဇာတ်ကို ပြန်ရိုက်ထားတယ်ဆိုပေမဲ့ သူပြန်ရိုက်ထားတဲ့ကားတွေဟာ သူ့နည်းသူ့ဟန် သူ့အလှနဲ့သူ လှပနေတာကို မျက်ဝါးထင်ထင်မြင်ကြရမှာပါပဲ။ သေချာတာတော့ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲဆိုတာကို ဘယ်သူမှငြင်းဆိုနိုင်မယ်မထင်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 840MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 50Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime
8 1957 108 mins
Throne of Blood
Onoda: 10,000 Nights in the Jungle
7.1

IMDb - 7.3/10 Rotten Tomatoes - 100% 4 Wins and 19 Nominations ၂၀၁၄ဇန်နဝါရီမှာ The Gurdianသတင်းစာမှာ " ဆယ်စုနှစ်သုံးခုကြာအညံ့မခံခဲ့သော ဂျပန်စစ်သား ဟိရိုး အိုနိုဒ သေဆုံးခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ပါခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ အိုနိုဒအကြောင်းကို ပြင်သစ်ဒါရိုက်တာ Arthur Harariက ရိုက်ထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပါ။ အနောက်ဥရောပမှာ အစပြုခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို စစ်မကြေညာဘဲ ဗုံးကြဲရာကစလို့ အရှေ့တိုင်းကိုကူးစက်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးလည်း ဂျပန်နဲ့ အင်္ဂလိပ်တို့ရဲ့ စစ်တလင်းဖြစ်ခဲ့ပါတယ်။ စစ်ရေးအတွက်ကြိုပြင်ထားခဲ့တဲ့ ဂျပန်တွေဟာ အသာစီးရပြီး ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတွေကို သိမ်းနိုင်ခဲ့ပါတယ်။ ၁၉၄၂နှစ်ဝက်လောက်မှာ ဖိလစ်ပိုင်ကျွန်းစုတွေကို ဂျပန်က သိမ်းထားနိုင်ခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးခါနီး ဂျပန်အရေးစနိမ့်လာတဲ့ ၁၉၄၅နှစ်ဦးလောက်မှာ လက်ဖတင်နင်အိုနိုဒဟာ ဖိလစ်ပိုင်က ကျွန်းတွေကို အမေရိကန်လက်ထဲမကျအောင် ကာကွယ်ဖို့ ရောက်လာခဲ့တယ်။ မလာခင်မှာ သူစစ်ရေးလျှို့ဝှက်သင်တန်းတစ်ခုတက်ခဲ့ပြီး အဲဒီသင်တန်းက အိုနိုဒတို့ကို အတတ်နိုင်ဆုံးရှင်ကျန်နေနိုင်အောင်နေပြီး ဆက်တိုက်နေဖို့ကို အဓိကထားသင်ပေးခဲ့တယ်။ ဖိလစ်ပိုင်ကို ရောက်ရောက်ချင်းကတည်းက အကြီးအကျယ်အရေးနိမ့်ပေမဲ့ အိုနိုဒတို့ဟာ ဖိလစ်ပိုင်တောထဲမှာနေရင်း ပင်မတပ် အင်အားပြန်စုစည်းနိုင်ပြီး လာတိုက်မယ့်အချိန်ကို စောင့်နေခဲ့ကြတယ်။ "အိုနိုဒ"တို့လို့ ဆိုပေမဲ့ တကယ်တမ်း လေးယောက်ပဲကျန်တာပါ။ မသေစာ စားရင်း အားမလျှော့ဘဲ စောင့်နေကြသူတွေပါပဲ။ သို့ပေမဲ့ အဲဒီနှစ်ဩဂုတ်လအစမှာ နာဂစခိနဲ့ ဟိရိုရှိမတို့ အနုမြူဗုံးကြဲခံရပြီးနောက် တိုကျိုကနေ ဖိလစ်ပိုင်က ဂျပန်တပ်တွေကို အညံ့ခံလိုက်ဖို့ အမိန့်ပေးပြီးခဲ့ပါပြီ။ ဒါကို အိုနိုဒါတို့က မသိခဲ့ပါဘူး။ တောထဲမှာပဲ ဆက်ကြံ့ကြံ့ခံနေနေခဲ့ကြတယ်။ ဒီရုပ်ရှင်ဟာ ၁၉၄၅မှာ ဂျပန်စစ်ရှုံးခဲ့ပေမဲ့ စစ်ရှုံးတာကိုမသိဘဲ စစ်ဖြစ်နေသေးတယ်ထင်ပြီး ဖိလစ်ပိုင်ကတောထဲမှာ ၁၉၇၄အထိ ၂၉နှစ်လုံး ဂျပန်ပြန်အသာစီးရမယ့်အချိန်ကိုစောင့်ရင်း ကုန်လွန်ခဲ့တဲ့ လက်ဖတင်နင်အိုနိုဒ ဖိလစ်ပိုင်ကို စစသွားကတည်းကနေ နောက်၂၉နှစ်အကြာ ဂျပန်ကို သူပြနလာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ဘဝအကြောင်းရိုက်ပြထားပါ။ အိုနိုဒဟာ သူ့အမိမြေကို ချစ်တဲ့စိတ်နဲ့ မျှော်လင့်ရင်း ရက်ပေါင်းတစ်သောင်းလုံး ဖိလစ်ပိုင်တောထဲမှာနေရင်း အသက်ဆက်ခဲ့ပါတယ်။ ၁၉၇၄မှာမှ အညံ့ခံခဲ့ပြီး ၂၀၁၄ဇန်န၀ါရီမှာသေဆုံးခဲ့ပါတယ်။ လက်ဖတင်နင် ဟိရိုးအိုနိုဒ အညံ့ခံလိုက်တဲ့အချိန်မှာမှပဲ ဂျပန်စစ်ရှုံးပြီး စစ်ကြီးပြီးသွားခဲ့သလို ခံစားခဲ့ရတယ်လို့ တစ်ချို့ကဆိုကြပါတယ်။ Onoda: 10,000 Nights in the Jungle ကို ကိန်းရုပ်ရှင်ပွဲတော်မှာ စပြခဲ့ပြီး ယူကေက ရုပ်ရှင်ရုံတွေမှာတော့ ဒီနှစ်ဧပြီလမှရုံတင်မှာပါ။ ခရမ်းချဉ်သီး တစ်ရာအပြည့်ရထားပြီး တငွေ့ငွေ့နဲ့တဖြည်းဖြည်းချင်း အရသာရှိစေမယ့် ရုပ်ရှင်မျိုုးလို့ ဝေဖန်ရေးသမားအချို့ကဆိုပါတယ်။ Ref - Wikipedia and The Guardian အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Adventure, War Quality….WEB-DL 1080p and 720p and 480P File size…2.36GB and 1.19GB and 334MB Format…mp4 Duration….2h 53min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Action • Comedy • Crime • Thriller
7.1 2021 167 mins
Onoda: 10,000 Nights in the Jungle
Spider-Man 3
6.4

ပထမဆုံး စပိုက်ဒါမန်း ဇာတ်လမ်းရဲ့ 2007 မှာထွက်ရှိခဲ့တဲ့ သုံးကားမြောက်ဇာတ်ကားဖြစ်သလို..သုံးကားထဲမှာအကောင်းဆုံးနဲ့နောက်ဆုံးကားလို့ ပြောရမှာဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းကိုတော့မပေးတော့ဘူးနော်... အရင် ကား ၂ ကားလည်း တင်ပြီးသားမို့ ဒီဇာတ်ကားကိုသာဆက်လက်ကြည့်ရှုကြပါ... မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.8 GB)/(1.1 GB) Quality….BluRay DS4K HEVC 1080p / 720p Format…mkv/mp4 Duration….02:19:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Drama
6.4 2007 139 mins
Spider-Man 3
Babaylan

Babaylan (2023) Babaylan ဆိုတဲ့ဝေါဟာရဟာ ဖိလစ်ပိုင်နတ်ဆရာတွေကိုရည်ညွန်းတဲ့စကားလုံးဖြစ်ပြီး အ‌ဆိုပါနတ်ဆရာတွေဟာသဘာဝတရားကြီးကိုအသုံးချနိုင်စွမ်းရှိတဲ့သူတွေပါ။ ဖိလစ်ပိုင်နိုင်ငံကိုလိုနီခေတ်မှာ နယ်ချဲ့တွေကိုစတင်တော်လှန်ခဲ့ကြသူတွေက Babaylan နတ်တွေပဲဖြစ်ပါတယ်။ ဒီ Babaylan(2023)ကို ဒါရိုက်တာဘိုနာဖာဂျာဒိုကနေရိုက်ကူးတင်ဆက်ထားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ နတ်ဆရာတွေဟာသူတို့အစွမ်းတွေကိုလက်ဆင့်ကမ်းသယ်လာပြီး နယ်ချဲ့တွေကိုတော်လှန်ရာ နတ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုဝီဟာ သူချစ်တဲ့သူရဲ့သစ္စာဖောက်တာကိုခံရမှန်းသိလိုက်ရတော့ ဒဏ်ရာတွေနဲ့ထွက်ပြေးရင်း ရန်သူတွေသူ့အလောင်းကိုမရပါစေနဲ့လို့ ဘုရားမှာတိုင်တည်ဆုတောင်းလိုက်တယ်။ အဲ့မှာ ဆန်းကြယ်စွာပဲ သူ့ဟာအစွမ်းတွေရရှိသွားခဲ့တယ် ။ ဒီအစွမ်းတွေကဘာတွေလဲ။လူတွေက ဘာလို့သူ့ကိုလိုချင်ရတာလဲဆိုတာတွေတော့ ဇာတ်လမ်းလေးမှာပဲဆက်ပြီးရှူစားတော်မူကြပါခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre…..Action, Drama, Fantasy Quality…. 1080p | 720p File size… 1.3GB | 663MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

0 2023
Babaylan
The Nun II The Nun 2
6

Conjuring ရုပ်ရှင်စကြဝဠာထဲက တစ်ကားဖြစ်တဲ့ Nun 2 လာပါပြီ။ ဒီရုပ်ရှင်ကတော့ Ed and Lorraine ရဲ့ ယနေ့ခေတ်ကာလမဟုတ်ဘဲ သီလရှင်နတ်ဆိုး သောင်းကျန်းခဲ့တဲ့ ရှေးခေတ်ကာလမှာ သူ့ကိုရှင်ဆိုင်ခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေအကြောင်းပါပဲ။ ဒီဇာတ်လမ်းအစမှာတော့ စိန့်ကာတာဘုရားကျောင်းမှာ သီလရှင်တွေဆက်တိုက် သေဆုံးမှုတွေဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးနဲ့ သီလရှင်တစ်ပါးက သွားရောက်အဖြေရှာတဲ့အခါ နတ်ဆိုးတစ်ကောင်ရဲ့ လက်ချက်ဖြစ်နေတာကြောင့် နှိမ်နင်းခဲ့ရပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာပဲ အဲဒီနတ်ဆိုးရဲ့လုပ်ရပ်တွေနဲ့ ခပ်ဆင်ဆင်တူတဲ့ သေဆုံးမှုတွေ ဘုန်းတွေကြီးတွေနဲ့သီလရှင်တွေထပ်ကြုံလာရပြီးဥရောပတဝှမ်းမှာဖြစ်လာတာကြောင့် ဘုရားကျောင်းက ဒီအမှုတွေကိုစုံစမ်းဖို့ စိန့်ကာတာက နတ်ဆိုးကို အနိုင်ယူခဲ့တဲ့ သီလရှင်ကိုတာဝန်ပေးလိုက်ပါတော့တယ်။ အဲဒီတုန်းက ဘုန်းတော်ကြီးက သေသွားပြီဖြစ်လို့ပါ။ အဲဒီသီလရှင်နဲ့အတူ သီလရှင်အသစ်လေးတစ်ယောက် လိုက်လာပြီး နတ်ဆိုးက ဒီလိုလုပ်နေရတဲ့အကြောင်းရင်းကို လိုက်စုံစမ်းတဲ့အခါ…. ဒီရုပ်ရှင်ထဲမှာ သူတော်စင် လူစီအကြောင်းကို အခြေခံထားပါတယ်။ ရောမအင်ပါယာခေတ် Pagan ဗာရီဟဝါဒီ အားကောင်းနေတဲ့အချိန်မှာ ခရစ်ယာန်ကိုးကွယ်သူတွေ အမြောက်အမြား အသတ်ခံခဲ့ရပါတယ်။ သူတော်စင်လူစီကတော့ နောက်ဆုံးနဲ့အပြင်းထန်ဆုံးသတ်ဖြတ်တာခံရတဲ့သူပါပဲ။ မှတ်တမ်းအရတော့ သူတော်စင်လူစီကို မီးတင်ရှို့ပပေမဲ့ မီးမစွဲတာကြောင့် မျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပြီး ကွက်မျက်ခဲ့ပါတယ်။ ဒါကြောင့် သူတော်စင်လူစီကို မျက်မမြင်တို့ရဲ့သူတော်စင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲက နတ်ဆိုးနဲ့ အသတ်ခံရသူတွေဘယ်လိုပတ်သတ်လဲ၊ သူတော်စင်လူစီနဲ့လည်း ဘယ်လိုပတ်သတ်လဲဆိုတာ သိအောင် ဆက်ကြည့်လိုက်ပါဦး။ Conjuring ဇာတ်လမ်းတွေက အချိန်အစဉ်လိုက် ကြည့်ချင်တယ်ဆိုရင်တော့ The Nun (2018) https://channelmyanmar.to/the-nun-2018/ Annabelle: Creation (2017) The Nun 2 (2023) Annabelle (2014) The Conjuring (2013) Annabelle Comes Home (2019) The Conjuring 2 (2016) The Conjuring: The Devil Made Me Do It (2021) ဒီလိုကြည့်ရှုနိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)

6 2023
The Nun II The Nun 2
Christmas at the Chalet
6.5

ခရစ္စမတ်ရဲ့ အငွေ့အသက်အပြည့်ခံစားရမယ့် မိသားစုကားကောင်းလေးတစ်ခုပါ။ Lex Rileyက ကွာရှင်းထားတာ မကြာသေးတဲ့ အရွယ်ရောက်နေတဲ့ သားတစ်ယောက်ရှိတဲ့ အမေတစ်ယောက်ပါ။ သားဖြစ်သူကတော့ Influencerတစ်ယောက်ဖြစ်ပြီး သူ့အမေကို ချက်နည်းပြုတ်နည်းတွေ အွန်လိုင်းပေါ်မှာ ဝေမျှဖို့အတွက် အမြဲ အားပေးနေခဲ့ပါတယ်။ ခရစ္စမတ်မှာ သားဖြစ်သူက သူ့အဖေနဲ့အတူ Aspen မှာသွားပြီး အချိန်ကုန်မှာမို့လို့ သူပါ လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတည်းရမဲ့ အပန်းဖြေအိမ်လေးမှာ ဟိုတယ်bookingက အမှားဖြစ်ပြီး အခန်းမရတော့ပါဘူး။ ဒါနဲ့ ဟိုတယ် ပိုင်ရှင်ဖြစ်တဲ့ Ericကလည်း အကူဝန်ထမ်းအသစ်လိုနေတာနဲ့ အလုပ်နဲ့ အခန်း လဲလှယ်ပြီး သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်။ သဘောထားကောင်းဖော်ရွေတတ်တဲ့ Ericနဲ့ ခင်မင်သွားပြီး Ericက Lexကို နှင်းလျှောစီးသင်ပေးရင်း ပိုပြီး ရင်းနှီးခဲ့ကြပါတော့တယ်။ ၂၀ကျော် ၃၀ကျော်တွေရဲ့ အချစ်ဇာတ်လမ်းမဟုတ်ပေမဲ့ ၅၀ကျော် နှစ်ယောက်ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းက ကြည့်ရှုသူတွေကိုလည်း ကြည်နူးစေပါလိမ့်မယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Action • Thriller • Crime
6.5 2023
Christmas at the Chalet
Age of Heroes
5.5

ရိန်းစ်က ထူးချွန်တဲ့တပ်သားတစ်ယောက်ပါ၊ ဒန်ကပ်စစ်ဆင်ရေးမှာကိုယ့်တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်လာရင်းနဲ့ နောက်တန်းတစ်နေရမှာအမိန့်ဖီဆန်လို့ဆိုပြီး ထောင်ကျသွားတယ်။ တစ်ဖက်မှာ ဗြိတိန်စစ်တပ်ဟာ နာဇီတို့ရဲ့နောက်ဆုံးပေါ်ရေဒါနည်းပညာကိုအသည်းအသန် လိုအပ်နေတယ်။အကြောင်းကတော့ ဗြိတိန်စစ်တပ်က လွှတ်လိုက်တဲ့ လေယာဉ်တွေ စစ်သင်္ဘောတွေဟာ ဂျာမနီရဲ့ နောက်ဆုံးပေါ်ရေဒါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတယ်။ အဲ့ဒါကြောင့်စစ်ဆင်ရေးလုပ်ဖို့နဲ့အထူးတပ်ဖွဲဖွဲ့စည်းဖို့ ဗိုလ်မှူးဂျုန်းစ် နဲ့ ဒုဗိုလ် မော်တန်ဆန်တို့ကိုတာဝန်ပေးအပ်လိုက်တယ်။ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က ဂျာမနီပင်မဆက်သွယ်ရေးဌာနထဲကို ဝင်ပြီး နောက်ဆုံးပေါ်ရေဒါနည်းပညာနဲ့ ပစ္စည်းတွေကိုအကောင်းပကတိအတိုင်း သယ်ဆောင်လာရမှာဖြစ်တယ်။ ခေတ်မှီတဲ့ဂျာမနီစစ်တပ်ထဲကို ခြောက်ပတ်တာလေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ကဘယ်လိုပြီးမြောက်အောင် ဆောင်ရွက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ File size…2.05GB / 938MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.5 2011 90 mins
Age of Heroes
Suze

The American Society of Magical Negroes, Tiny Beautiful Things, You Hurt My Feelings, Robot Chicken, Family Guyတို့လို လူကြိုက်များတဲ့ ရုပ်ရှင်စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Michaela Watkinsနဲ့ Julie and the Phantoms,Speed Kills, Runt, Love You Anyway, The Rest of Usတို့ရဲ သရုပ်ဆောင်ဖြစ်တဲ့ Charlie Gillespieတို့ ၂ယောက်သား chemistry မိမိ သရုပ်ဆောင်ထားတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ IMDb 6.7 ရရှိထားပြီး Audience Score ကလည်း 91%ထိ ရရှိထားပါတယ်။ ဆုလည်း ၂ခု ဆုခူးထားအပြင် nominations ၂ခုလည်း ဝင်တဲ့အထိ အောင်မြင်ခဲ့တဲ့ comedy အမျိုးစား ရုပ်ရှင်လေးဖြစ်ပါတယ်။ ဆူဆန်ဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖောက်ပြန်သွားပြီးနောက်မှာ ဘရွတ်လာဆန်လို့ခေါ်တဲ့ သမီးလေးကို ကိုယ်တိုင်စောင့်ရှောက်ပျိုးထောင်လာခဲ့တာဖြစ်ပါတယ်။ ဆူဆန်ရဲ့ဘဝကြီးထဲမှာ သမီးလေး ဘရွတ် တစ်ယောက်တည်းကိုပဲ ဦးစားပေးလာခဲ့တာပါ။ ဂေ့ခ်ျကတော့ ဘရွတ်ရဲ့ရည်းစားပါ။ ဒီလိုနဲ့ ဘရွတ်က အထက်တန်းအောင်ပြီး သူရဲ့ အမေရော ဂေ့ခ်ျရောကိုပါ ထားခဲ့ပြီး တက္ကသိုလ်တက်ဖို့ဖြစ်လာပါတော့တယ်။ ဂေ့ခ်ျကတော့ အထက်တန်းကို ကျကျန်ခဲ့ပါတယ်။ ဘရွတ် တစ်ယောက် တက္ကသိုလ် သွားတက်တော့ ဂေ့ခ်ျ တစ်ယောက်ကို ဖြတ်ပါတော့တယ်။ ဒီလိုနဲ့ စော်ပစ်ခံလိုက်ရတဲ့ ဂေ့ခ်ျ တစ်ယောက်က သတ်သေမယ် ဘာညာတွေဖြစ်လာလို့ ဆူဆန်က ဂေ့ခ်ျအဖေ မရှိခိုက်မှာ စောင့်ရှောက်ဖို့ဖြစ်လာပါတော့တယ်။ ဆူဆန်နဲ့ ဂေ့ခ်ျတို့ ၂ယောက် ထားခံခဲ့ရတဲ့ခံစားချက်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဘယ်လိုပြဿနာတွေတက်မလဲ၊ ထားခံခဲ့ရတဲ့ ၂ယောက်သား ဘယ်လိုဖေးမကြမလဲ၊ ၂ယောက်သား ဘယ်လိုတွေ ပြဿနာတက်ပြီး ဘယ်လိုတွေ အတူတူဖြေရှင်းကြမလဲဆိုတာကို ဟာသလေးတွေနဲ့ နှောပြီးကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ထားခံခဲ့ရတဲ့လူတွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့ ခံစားနေရတဲ့လူတွေ၊ အထီးကျန်နေတဲ့ လူတွေ ကြည့်မယ်ဆိုရင် အရမ်းကိုက်ညီတဲ့ ရုပ်ရှင်ဖြစ်မှာပါ။ ဆွေးမြေ့ရမယ့် ဇာတ်လမ်းမျိုး မဟုတ်တော့ အားတက်ချင်တဲ့လူတွေ ကြည့်ရှု့ဖို့ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမှ မဟုတ်လည်း ဒီအတိုင်း အပျော်ကြည့်မယ်ဆိုရင်လည်း ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ပျော်တဲ့ရုပ်ရှင်လေးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.2 GB)/(643 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy,Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Suze
White Bird
7.3

ဒီဇာတ်ကားကတော့ မင်းသမီးကြီး Helen Mirrenပါဝင်ထားပြီး IMDb 7.3/10 ရရှိထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ဇာတ်အိမ်က ယနေ့ခေတ်မှာတည်ထားပေမယ့် အဓိကကတော့ ပြင်သစ်ကို နာဇီတွေမင်းမူနေပြီး သိမ်းပိုက်ထားတဲ့အချိန်မှာ ဂျူးလူမျိုးကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်ကြောင်းပြန်ပြောပြတဲ့အနေနဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ယနေ့ခေတ်မှာ ဂျူလီယန်ဟာ အရင်ကျောင်းအဟောင်းကနေအထုတ်ခံခဲ့ရပြီး ကျောင်းအသစ်ကိုရောက်ခဲ့ပေမယ့် အရင်ကျောင်းကအတိတ်တွေကြောင့် သူ့စိတ်ထဲမှာ အမြဲတမ်း တစ်ခုခုဆိုရင်သေချာမဆုံးဖြတ်နိုင်ပဲ လမ်းပျောက်နေခဲ့တာပါ။ ဒါ့ကြောင့်ပဲ သူ့ရဲ့အဖွားဟာ ဂျူလီယန်ရဲ့ဘဝကိုပြောင်းလဲစေနိုင်ဖို့ သူမရဲ့ငယ်ဘဝအကြောင်းကိုပြောပြခဲ့ပါတယ်။ သူမရဲ့ငယ်ဘဝကတော့ ဂျာမန်တွေအပိုင်သိမ်းထားတဲ့ပြင်သစ်မှာ သူမဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်နေခဲ့တာကြောင့်ထွက်ပြေးရင်းနဲ့ ကောင်လေးတစ်ယောက်က သူမကိုကယ်ခဲ့ပါတယ်။ အဲဒီကနေ သူတို့က အချစ်ဦးတွေဖြစ်ခဲ့ကြတာတွေ၊ စပါးကျီထဲမှာပုန်းနေရတဲ့သူမအတွက် စိတ်ကူးယဉ်ကမ္ဘာကိုဖန်တီးကြတာတွေ၊ ဂျာမန်တွေကိုပုန်းရှောင်ခဲ့ရတာတွေနဲ့ ကောင်လေးရဲ့မိဘတွေဟာ သွေးမတော်သားမစပ်ပေမယ့် သူမကိုအတတ်နိုင်ဆုံးစောင့်ရှောက်ခဲ့တာတွေကို ပုံပြင်ရှည်ကြီးတစ်ခုလို ပြောပြသွားတာကြောင့် မိတ်ဆွေတို့လဲ လိုက်ပါစီးမြောမိမှာပါ။ ဒီတော့ ဒုတိယကမ္ဘာစစ်ထဲက ဇာတ်လမ်းလေးတစ်ပုဒ်ကို အခုပဲကြည့်ရှုခံစားလိုက်ကြတာပေါ့။ File size…(1.9 GB GB)/(930 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre… Adventure, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

7.3 2024
White Bird
Inu-Oh
7.1

Inu-oh (2021) အေးချမ်းတဲ့ ဒါနိုအူရာရွာ‌လေးမှာ နေထိုင်တဲ့ တိုမိုနာတစ်ယောက် တစ်နေ့မှာ မတရားမှုနဲ့ ကြုံတွေ့လိုက်ရတာကြောင့် အဖေသေပြီး မျက်စိအမြင်ကွယ်ခဲ့ရပါတယ်။ မတရားသေဆုံးသွားရတာကြောင့် ငြိမ်းချမ်းရာမရနိုင်တဲ့ အဖေအတွက် လက်စားချေရမဲ့ တိုမိုနာတစ်ယောက် ဟီကဲတွေရဲ့ ပျောက်ဆုံးသွားတဲ့ရွာတွေကို လိုက်လံရှာဖွေနေပါတယ်။ တစ်နေ့ ဘီဝါဘုန်းတော်ကြီး ထီအိချီနဲ့ တွေဆုံပြီး တပည့်အဖြစ်လက်ခံသင်ကြားရင်း ဘီဝါတီးခတ်ဖျော်ဖြေသူတစ်ယောက် ဖြစ်လာပါတော့တယ်။ ကျောမှာအကြေးခွံ ဗိုက်မှာအမွေးအမျှင်တွေနဲ့ မျက်စိကလည်း ရှိသင့်တဲ့နေရာမှာမရှိ ခြေတံလက်တံတွေ ရှည်လျားပြီး လူနဲ့မတူတာကြောင့် မကောင်းဆိုးဝါးလို့ အများက သမုတ်ခံထားရတဲ့ အီနူအို။ ကျိန်စာမိထားတယ်လို့ သတ်မှတ်ခံထားရတဲ့ အကျည်းတန်ရုပ်ရည်ကြောင့် မျက်နှာဖုံးစွပ်ထားရသူ အီနူအိုတစ်ယောက် ဘီဝါတီးခတ်နေတဲ့ တိုမိုနာနဲ့အတွေ့ အနုပညာဂီတပိုးတွေ နိုးကြွလာပါတော့တယ်။ အီနူအိုနဲ့ တိုမိုနာနှစ်ယောက်ပေါင်းလို့ ကျဆုံးဟီကဲစစ်သည်တွေရဲ့ ဇာတ်လမ်းကို ကပြဖျော်ဖြေရင်း သာမန်ပြည်သူတွေကြားမှာ တစ်စတစ်စနာမည်ကြီးလာပါတော့တယ်။ ပြည်သူတွေရဲ့ အသည်းကျော် အီနူအိုဇာတ်အဖွဲ့ရဲ့ ကောင်းသတင်းက ရှိုးဂန်းတွေဆီကို ရောက်သွားလေတော့ ရှိုးဂန်းကြီးရဲ့ အိမ်တော်မှာ လာဖျော်ဖြေဖို့ အဖိတ်ခံရပါပြီ။ တောင်းဆိုချက်ကတော့ တစ်ခုတည်းပါပဲ။ နောက်ဆုံးအပိုဒ်မှာ အီနူအို မျက်နှာဖုံးချွတ်ပြီး ဖျော်ဖြေရမှာပါ။ ငြိမ်းချမ်းရာမရနိုင်တဲ့ ဟီကဲဝိညာဉ်တွေအစား တစ်လောကလုံးသိအောင် ဇာတ်လမ်းတွေ ပြောပြရင်း ဖျော်ဖြေနေတဲ့ အီနူအိုနဲ့ တိုမိုနာတို့မိတ်ဆွေနှစ်ဦးရဲ့ ဂီတတွေဟာ တိုင်းပြည်အာဏာစုစည်းရမဲ့ ရှိုးဂန်းတွေအတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာတဲ့အခါ ….. (အညွှန်းနဲ့ ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်) File size… 1.2 GB / 607 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Animation/Drama/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Juno Saurus

7.1 2021 99 mins
Inu-Oh
Crimson Rivers II: Angels of the Apocalypse

နာမည်ကြီးရုပ်ရှင် Leon: The Professional ထဲက မင်းသား Jean Reno ခေါင်းဆောင်ပါဝင်တဲ့ ပြင်သစ်စကားပြော လျှို့ဝှက်သည်းဖို/မှုခင်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ပြင်သစ်ဘုရားကျောင်းတစ်ခုရဲ့နံရံထဲမှာ အလောင်းတစ်လောင်းရှာတွေ့ပြီးနောက် ရဲအုပ်နီးမန်းစ်နဲ့ စုံထောက်ရီဒို‌နှစ်ယောက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပါတော့တယ်။ ဒီလူသတ်မှုက ကွင်းဆက်လူသတ်မှုဖြစ်ပြီး ယေရှုရဲ့တမန်တော်တွေဆိုတဲ့ လူ ၁၂ နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက်အသတ်ခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘာသာရေးသိပ္ပံပညာရှင်မလေး မာရီတစ်ယောက် စုံစမ်းဖို့ပူးပေါင်းလာပါတော့တယ်။ လျှို့ဝှက်နက်နဲလွန်းတဲ့ ဒီအရှုပ်အထွေးမှာ တကယ်ပဲ အဖြေမှန်ပေါ်သွားမှာလား ပြင်သစ်ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း မညှာစတမ်း အနိဌာရုံတို့ကို ပေါ်ပေါ်လွင်လွင် ဒီကားမှာ မြင်တွေ့ရမှာပါ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Action, Thriller , Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2004
Crimson Rivers II: Angels of the Apocalypse
Dark Figure of Crime
6.7

Dark Figure of Crime (2018) **************************** 2018ကထွက်ရှိထားတဲ့ Dark Figure of Crime ဆိုတဲ့ ဒီမှုခင်းဇာတ်ကားလေးမှာတော့ Kingdom ထဲက မင်းသားဂျူဂျီဟွန်းနဲ့ The Frog ထဲက ဝါရင့်သရုပ်ဆောင်ကြီး ဂင်ယွန်းဆော့တို့ အဓိက ပါဝင်ထားပါတယ် .. တခြားဇာတ်လမ်းတွေနဲ့ မတူတဲ့အပိုင်းကတော့ ဒီဇာတ်လမ်းက 2010 ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ******************** ချစ်သူကောင်မလေးကို သတ်မှုနဲ့ အချုပ်ကျသွားတဲ့ ဂန်ထယ်အိုတစ်ယောက် ဘူဆန်မြို့ရဲ့စုံထောက်ဖြစ်သူ ဂင်ဟျောင်းမင်ဆီ ဆက်သွယ်လာပါတယ်။ ဆက်သွယ်လာရတဲ့အကြောင်းရင်းကတော့ သူကျူးလွန်ထားတဲ့ နောက်ထပ် လူသတ်မှု 7 ခု အကြောင်းကို ဝန်ခံဖို့ပါပဲ။ ဒါပေမဲ့ ဒီပြစ်မှုတွေကို ဂန်ထယ်အိုက စုံထောက်ဂင်ဟျောင်းမင်တစ်ယောက်တည်းဆီပဲ ဝန်ခံခဲ့ပါတယ်။ သူဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ဂင်ဟျောင်းမင်ကရော ဒီအမှုတွေအကုန်လုံးကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအောက်မှာပဲ လူသတ်သမားနဲ့ စုံထောက်တို့ကြားက အားပြိုင်မှုကို ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကို Double M မှ ရေးသားထားပါတယ်) File size…1.76GB / 732MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

6.7 2018 111 mins
Dark Figure of Crime
Dhakshina
6.4

Dhakshina (2024)”ပဟေဠိ” ===================== ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ တေလေဂူးစကားပြော မှုခင်းရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အေးချမ်းတဲ့ ဗိုင်ဇက်မြို့လေးထဲမှာ ကွင်းဆက်လူသဝာ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ သေဆုံးသူတွေဟာ မိန်းကလေးတွေဖြစ်ပြီး အလောင်းရဲ့လက်တွေကို သံမှိုနဲ့ရိုက်ထားကာ ခေါင်းလည်း အဖြတ်ခံထားကြရပါတယ်။ ရဲတွေလည်း စုံစမ်းပေမဲ့ ဘာသဲလွန်စမှရှာမတွေ့ဘဲ အခင်းဖြစ်နေရာတိုင်းမှာ တွေ့ရတတ်တဲ့ မိန်းကလေးတစ်ယောက်ကိုသာ သတိထားမိသွားပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ဒါပေမဲ့ လူသဝာ်မှုတွေက ရပ်တန့်မသွားဘဲ ဆက်ဖြစ်နေတဲ့အခါမှာတော့…။ ရဲတွေ လူသဝာ်သမားကို ဖမ်းမိသွားမလား၊ အခင်းဖြစ်နေရာတွေမှာတွေ့ရတဲ့မိန်းကလေးက ဘယ်သူလဲ၊ လူသဝာ်သမားရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့အဖြေရှာကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan နဲ့ ToMo တို့ပဲဖြစ်ပါတယ်။)

Drama
6.4 2024 105 mins
Dhakshina
You Are Not Me
7

မိဘအိမ်နဲ့ဝေးရာကိုသွားပြီး အိမ်ပြန်လာတဲ့အချိန်မှာ ကိုယ့်ကိုမကြည်ဖြူတော့ဘဲ ကိုယ့်နေရာမှာလည်း တခြား သူစိမ်းတစ်ယောက်ကိုအစားထိုးထားပြီဆိုရင် ဘယ်လို ခံစားရမလဲလို့စဉ်းစားကြည့်လိုက်ပါ။ ဒါမျိုးကမရှိတာတော့မဟုတ်ပေမဲ့ ထူးထူးခြားခြားဖြစ်တဲ့ အတွက် ဒီအိုင်ဒီယာကိုယူပြီး ဇာတ်ကားတစ်ကားအဖြစ် ဖန်တီးလိုက်တဲ့အခါမှာတော့ အခုတင်ဆက်ပေးမဲ့သည်းထိပ် ရင်ဖိုဇာတ်ကားလေးထွက်လာပါတော့တယ်။ နာမည်ကိုတော့ You Are Not Me(နင်က ငါမဟုတ်ဘူး)လို့ ပေးထားပြီး လက်ရှိ IMDb Rating 7.0 အထိရရှိထားတဲ့ အတွက် သည်းထိပ်ရင်ဖိုပရိသတ်တွေအတွက် ကြည့်လို့ ကောင်းမယ်ဆိုတာကတော့ အသေအချာပါပဲ။ အိုက်တာနာဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့ရဲ့လိင်တူ ချစ်သူဂါဘီနဲ့ သူတို့ရဲ့မွေးစားသားလေး ဂျိုးတို့နဲ့အတူ ခရစ္စမတ် အကြိုနေ့ညမှာ မိဘတွေရှိရာအိမ်ကို ကြိုအသိမပေးဘဲ စပရိုက်စ်ပြန်လာခဲ့ပါတော့တယ်။အိုက်တာနာစိတ်ထဲမှာတော့ မိဘတွေပျော်သွားမယ်လို့ထင်ခဲ့ပေမဲ့ သူတို့ကိုတွေ့လိုက်တဲ့ အခါမှာ မိဘတွေကမျက်စိပျက်မျက်နှာပျက်တွေဖြစ်နေခဲ့ ကြပါတော့တယ်။ဒါနဲ့တင်မပြီးသေးဘဲ သူ့အခန်းထဲမှာလည်း သူစိမ်းအမျိုးသမီးတစ်ယောက်ဝင်အိပ်နေလို့ လန့်တောင်လန့် ခဲ့ရပါသေးတယ်။အဲ့ဒီအမျိုးသမီးကတော့ နာဒီယာဖြစ်ပြီး သူ့မိဘတွေကသနားလို့မွေးစားထားတဲ့ လမ်းဘေးကကောင်မလေး ပဲဖြစ်ပါတယ်။ဒါပေမယ့် သူ့မိဘတွေက သူ့ထက်နာဒီယာကိုပဲ အရေးပေး ဂရုစိုက်နေပြီး သူ့ကိုတော့ရှိလေတယ်လို့တောင်မထင်တဲ့ အတွက် အိုက်တာနာတစ်ယောက် ဒေါသလည်းဖြစ် ရှုပ်လည်း ရှုပ်ထွေးရင်းနဲ့ သူ့အိမ်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က တကယ့်အကြောင်းအရင်းကိုစုံစမ်းတဲ့အခါမှာတော့ ဘယ်လို ထိတ်လန့်စရာတွေကိုသိလာရမယ်ဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (669 MB) / (406 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre …. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Action • Thriller
7 2024 98 mins
You Are Not Me
Twelve O’Clock High
7.7

ဒုတိယကမ္ဘာစစ်ကြီးမှာ ၂၁သန်းကနေ ၂၅သန်းကြားရှိ စစ်သားတွေ ကမ္ဘာတစ်ဝှမ်းအများအပြား အသက်ပေးခဲ့ကြရပါတယ်။ စစ်ပွဲမှာ ယောက်ျားအရင့်အမာကြီးတွေ အနေနဲ့ ဘယ်လောက်စိတ်ဓာတ်မာကြောနိုင်ကြနိုင်မလဲဆိုတာ တစိမ့်စိမ့်ခံစားကြည့်ရှုနိုင်မယ့် IMDb 7.7 ရထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်း လေတပ်ဗိုလ်ကြီး ဒဗန်ပေါ့ဦးဆောင်တဲ့ အင်္ဂလန်ကိုရောက်ရှိနေတဲ့ အမေရိကန်လေတပ် တပ်ရင်းအမှတ် ၉၁၈ဟာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားပြီး အကျအဆုံးနဲ့အထိအခိုက် များလာတဲ့အတွက် ဗိုလ်ကြီး ဒဗန်ပေါ့ အထောင်းခံနေရပါတယ်။ တပ်သားတွေကို မိသားစုဝင်လို ချစ်ခင်ဆက်ဆံတတ်ပြီး သက်ညှာတတ်တဲ့ ဗိုလ်ကြီး ဒဗန်ပေါ့ကို အေးဆေးတည်ငြိမ် ခက်ထန်လွန်းတယ်လို့နာမည်ကြီးတဲ့ သူငယ်ချင်းဖြစ်သူ ဗိုလ်ချုပ် ဖရန့်ခ်ဆားဗေ့နဲ့ အထက်က အစားထိုးလိုက်ပါတယ်။ ရောက်ရောက်ချင်း စောက်နဲ့ထွင်းဆိုသလိုပဲ မိန့်ခွန်းပြောအပြီးမှာတင် တပ်သားအားလုံးက ဖရန့်ခ်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ဘဲ ရွှေ့ပြောင်းမိန့်အတွက် အားလုံးတစ်ညီတည်း စာတင်ကြပါတော့တယ်။ ဒီလိုအခြေအနေကနေ ဖရန့်ခ်တစ်ယောက် ဒီတပ်ရင်းကို လိုချင်တဲ့ပန်းတိုင် ရောက်အောင် ဘယ်လိုကြိုးစားမလဲ။ တပ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုရော ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ ကြည့်ရမှာပါ။ မျက်ရည်မချူ မျက်ရည်မကျစေဘဲ ကမ္ဘာစစ်တွေအတွင်းက ယောက်ျားသားတွေရဲ့ မျိုးစုံသော ဖိအားကို လက်တွေ့ဘဝမှာ အနုပညာဆန်ဆန် တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size… 4.1 GB GB / 2.62 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 12m Genre ….. Drama / War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Mahaw Htike Lay

Drama • Thriller
7.7 1949 132 mins
Twelve O’Clock High