YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

4Th Class (2009).mp4

803.81 MB N/A video/mp4 1975 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ella Enchanted
6.4

Ella Enchanted (2004) ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။ Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။ Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် နဲ့ အိုင်ယာလန် ရုပ်ရှင်ကုမ္မဏီသုံးခု ပေါင်းရိုက်ခဲ့တာ။ ဒါပေမဲ့ Box Office မှာတော့ အရှုံးပေါ်ခဲ့တယ်။ ဇာတ်လမ်းကတော့ ဖရဲလ် မြို့လေးမှာမွေးတဲ့ အယ်လာ ကို သောက်တလွဲ အရက်သမား နတ်သမီးတစ်ပါးက ကပေါက်တိကပေါက်ချာ ဆုတစ်ခု ချီးမြှင့်သွားတာက စတာပဲ။ ကလေးကို နာခံတတ်တဲ့သူဖြစ်အောင် ဂါထာနဲ့ ပြုစားသွားတယ်။ အယ်လာ လေးက ဘယ်သူ ဘာပြောပြော မငြင်းဆန်နိုင်ပဲ လုပ်ပေးနေရရင်း အရွယ်ရောက်လာသတဲ့။ တိုင်းပြည်က လူထွားကြီးတွေ၊ နတ်သူငယ်တွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ ဟန်ချက်ညီညီစုပေါင်းနေထိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘုရင်ကြီး နတ်ရွာစံအပြီး သူ့ညီနဲ့ ဘုရင်ကြီးသားတော်တို့လက်ထက်အရောက်မှာ ဘီလူးတွေကို နှင်ထုတ်၊ လူထွားကြီးတွေကို ခိုင်းစား၊ နတ်သူငယ်လေးတွေကို ဖျော်ဖြေရေးသမားလုပ်ခိုင်းပြီး လူသားတွေကြီးစိုးတဲ့အချိန်ပေါ့။ အယ်လာ ရဲ့ ဖခင်က နောက်အိမ်ထောင်ပြု၊ မိထွေးနဲ့ သမီးနှစ်ယောက်ပါလာ၊ စင်ဒရဲလားဇာတ်လည်း ပါသေးသဗျ။ မိထွေးကပါလာတဲ့ ညီအစ်မက အယ်လာ ရဲ့ အားနည်းချက်ကိုသိသွားတဲ့အခါမှာ အမျိုးမျိုးအနိုင်ကျင့်ခံရပါတော့တယ်။ တိုင်းပြည်အရှုပ်အထွေးကြားမှာ အယ်လာ တစ်ယောက် ကျိန်စာပြယ်အောင်လုပ်ရင်း ကြုံတွေ့ရပုံတွေကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်း သုံးခုလောက်ကို ရောသမမွှေထားတဲ့ဟန်ပဲ‌ပြောပါတော့။ ကဲ ကျွန်တော်ပြောခဲ့သလိုပဲ။ မင်းသမီးနဲ့တင် ကြည့်ထိုက်နေပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 36Min Genre - Comedy, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy
6.4 2004 96 mins
Ella Enchanted
Vaalvi
6.5

Drishyam ဇာတ်လမ်းနဲ့ပုံစံတူ လူသတ်မှုကို ရဲတွေ CCTV တွေ မျက်မြင်သက်သေတွေနဲ့ တစ်ပတ်လှည့်ပြီး အလီဘိုင်ရှာမဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ် တစ်မိနစ်မှအလွတ်မခံချင်လောက်အောင်ဟာကွက်မရှိတဲ့ လူသတ်အစီအစဉ်တွေနဲ့ Drishyam ကိုလွမ်းနေမဲ့လူတွေအတွက်အလွမ်းပြေကြည့်ရှူနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် အာဗီနီ နဲ့ အာနီကတ်ဆိုတာက လင်မယားတွေ အိမ်ထောင်သက် ၁၄နှစ်ထဲဝင်လာပေမဲ့ကလေးမရတဲ့အပြင် အာ‌ဗီနီက စိတ်ရောဂါအထူးကုနဲ့ပြနေရတဲ့အထိကျန်းမာရေးမကောင်းဖြစ်နေသူပေါ့ ဒါကိုယောကျာ်းဖြစ်သူ အာနီကတ်ကစိတ်ကုန်နေပါတယ် စိတ်ကုန်တဲ့အပြင်ကို သွားဆရာဝန်မ ဒီဗီကာဆိုသူနဲ့ကြိတ်ပုန်းခုတ်နေခဲ့တာပါ ဒီတော့ ကြားထဲကစိတ်ရောဂါဝေဒနာသည်ကို‌အပျောက်ဖျောက်ဖို့အရေး နှစ်ယောက်ပေါင်းအကြံထုတ်ကြပါတော့တယ် သူတို့ရဲ့အစီအစဉ်ကတော့ CCTV ရှေ့ လူမြင်ကွင်းရှေ့မှာ အလီဘိုင်ရဖို့ပါ မိန်းမတို့ရဲ့ဉာဏ်နီဉာဏ်နက်ကို ဘယ်သူမှလိုက်မမှီတာမို့ ဒီလိုဟာကွက်မရှိတဲ့အစီအစဉ်က အောင်မြင်သွားမလားဆိုတာ ကြားထဲမှာရီရခက်ငိုရခက် plot twist တွေလဲပါသေးတာမို့ ကြည့်ရတာ ရင်တမမနဲ့ dark comedy ဆန်ဆန်လေးဖြစ်တာမို့ ပရိသတ်များကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင် File size… 1.6GB /  788MB Quality…1080p WEB DL /720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~BpL~Yunni

Horror • Mystery • Thriller
6.5 2023 106 mins
Vaalvi
The Novelist's Film
6.3

~ IMDb - 7/10, Rotten Tomatoes - 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist's Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist's Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.73GB, 1.13GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 32Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
6.3 2022 92 mins
The Novelist's Film
C'mon C'mon
7.3

နာမည်ကျော် A24 က ထွက်ရှိလာတဲ့ ဒါရိုက်တာမိုက်မေးလ်နဲ့ ဝါကင်းဖီးနစ်တို့ရဲ့ ရုပ်ရှင်ပါ။ တစ်ချို့ A24 ပရိတ်သတ်တွေက C'mon ကို what a masterpiece ဆိုပြီး ဩဘာပေးကြသလို တစ်ချို့ကတော့ ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ပြောကြပြီး A24 ရဲ့ နောက်ထပ်မာစတာပိစ်တစ်ကားလို့လည်း ပြောကြပါတယ်။ ဇာတ်လမ်းကတော့ တိုင်းပြည်အနှံ့ပတ်သွားပြီး ကလေးတွေကို အင်တာဗျူးလုပ်ရတဲ့ ရေဒီယိုဂျာနယ်လစ်နဲ့ သူ့တူလေးနဲ့ကြားက Chemistry သက်သက်ပါပဲ။ သို့ပေမဲ့ ရယ်စရာကောင်းတဲ့ဇာတ်၀င်ခန်းတွေနဲ့ တစ်ချိန်တည်းမှာပဲ ကြည့်ရှုသူရဲ့ ခံစားချက်ကို ခလုတ်တိုက်စေမယ့် ရုပ်ရှင်တစ်ကားပါ။ C'monမှာ အဓိကအနေနဲ့ လူ၃ယောက်ပဲပါပေမဲ့ အဲဒီလူ၃ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်က လက်ဖျားခါလောက်စရာပါပဲ။ ဝါကင်းဖီးနစ်တို့ ဂါဘီဟော့ဖ်မန်းတို့က‌တော့ သိပြီးသားဆိုတော့ ထားပါတော့။ ချစ်စရာကောင်းတဲ့ မျက်နှာပေးလေးနဲ့ ဝူဒီနော်မန်ဆိုတဲ့ ၁၂နှစ်သားကလေးပေါက်စလေးကပါ သရုပ်ဆောင်ကောင်းနေတာပါ။ တစ်ချို့ကတော့ သူ့ကို မြင်ဖူးသမျှထဲ အကောင်းဆုံး ကလေးသရုပ်ဆောင်လို့ ချီးကျုးနေကြပါတယ်။ ဒါရိုက်တာ Mike Mills ဟာ 20th Century Women ရဲ့ ဒါရိုက်တာဖြစ်ပြီး ဇာတ်ညွှန်းဆုတွေ အ‌တော်ရထားတဲ့သူပါ။ C'mon ရုပ်ရှင်နဲ့လည်း သူအတော်ချီးကျုးခံခဲ့ရပါတယ်။ "Mike Mills ရဲ့ ရုပ်ရှင်အသစ်က ‌လုံး၀ကို အံ့မခန်းပါပဲ။ သူ့ရုပ်ရှင်တွေက ၀မ်းနည်းစရာ ကောင်းနေရင်းနဲ့ကို တစ်ချိန်တည်းမှာ နှစ်သိမ့်မှုပေးနိုင်တဲ့ ရုပ်ရှင်တွေလို့ဆိုရမယ်။ သူက ဒီနေ့ခေတ်ရဲ့ Wim Wenders ဆိုလည်း မမှားပါဘူး" လို့တောင် အပြောခံရပါတယ်။ C'monဟာ အရိုးရှင်းဆုံးရုပ်ရှင်ပါ။ အဖြူအမဲနဲ့ တင်ဆက်ထားပြီး ဇာတ်ကောင်ဆိုလည်း ဒီလူ၂ယောက်ကိုပဲ ပြနေတာပါပဲ။ ဒီရုပ်ရှင်ဟာ ကျွန်တော့်ကို တာကော့စကီးရဲ့ စကားတစ်ခွန်းကို သတိရစေပါတယ်။ " အဓိပ္ပာယ်တစ်ခုကိုရှာနေရင် ဖြစ်နေတာတွေအကုန်လုံးကို လွတ်ကုန်လိမ့်မယ်"တဲ့။ C'mon ဟာ ဒီတိုင်းကြည့်ဖို့ပါပဲ။ အရိုးရှင်းဆုံးကို အလှပဆုံး ခံစားရမယ့် ရုပ်ရှင်တစ်ကားပေါ့။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.7GB, 980MB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 1H 49Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Sci-Fi & Fantasy
7.3 2021 109 mins
C'mon C'mon
Mutt
6.3

Mutt (2023) ~ IMDb – 6.5/10, Rotten Tomatoes – 88% ~ ဒီဘက်ခေတ်တွေမှာ LGBT အကြောင်း ပုံဖော်ရိုက်ပြတဲ့ ရုပ်ရှင်တွေ ပေါသည်ထက်ပေါများလာပေမဲ့ LGBT ထဲက‌ ထရန်ဂျန်ဒါတွေအကြောင်း သီးသန့်ရုပ်ရှင်တော့ ရိုက်ပြကြတာတော့ ရှားတယ်လို့ ပြောရပါမယ်။ ဒီတစ်ခါ Mutt ကတော့ အမျိုးသမီးဘဝကနေ အမျိုးသားအဖြစ် ပြောင်းလဲလိုက်တဲ့ ထရန်ဂျန်ဒါတစ်ယောက်အကြောင်းကို စေ့စေ့ငှငှရိုက်ပြထားတယ်။ ဂေးတို့ ဘိုင်တို့ လတ်တို့ထက် ထရန်တွေကို မိသားစုဝင်တွေအတွက် လက်ခံဖို့ ပိုခက်ခဲမယ်ထင်ရတာပါပဲ။ ဘာလို့ဆို သူက ခန္ဓာကိုယ်ကိုပါလိုက်ပြောင်းလဲပစ်လိုက်သကိုး။ ဒီရုပ်ရှင်ကလည်း အဲဒီလို လက်ခံဖို့ခက်ခဲနေကြသူတွေအကြောင်းနဲ့ သူ့ရွေးချယ်မှု သူတောင် ပြန်သံသယဝင်မိလာတဲ့ ထရန်ဂျန်ဒါတစ်ယောက်အကြောင်းပဲ။ မိဘတွေ ရည်းစားဟောင်းတွေ အကုန်လုံးက သူ့ဖြစ်တည်မှုကို လက်မခံနိုင်ကြတဲ့အပြင် အမကနေ အထီးပြောင်းတဲ့နောက် နာမည်ပါပြောင်းပစ်ရတာဆိုတော့ ဘဏ်အကောင့် ဘာညာပြဿနာတွေလည်း ကြုံရတဲ့အကြောင်းတွေအစုံပြထားတယ်။ ဒီရုပ်ရှင်က ပုံမှန် LGBT ကားတွေမှာ အတွေ့ရများသလို သမီးရည်းစားအချစ်အကြောင်းတော့ ဟုတ်မနေဘူး။ ရွေးချယ်မှုတစ်ခုအကြောင်း၊ အဲဒီရွေးချယ်မှုရဲ့ နောက်ဆက်တွဲတွေအကြောင်း၊ အဲဒီနောက်က ခံစားချက်တွေအကြောင်းပဲ။ ဒီလိုဆိုလို့ အချစ်အကြောင်းမပါဘူးလားဆိုရင်တော့ ပါတယ်။ ဒါပေမဲ့ အချစ်ရဲ့လက်ခံလိုက်ခြင်းအကြောင်းပေါ့။ လက်မခံခြင်းတွေကတော့ ရှေ့ဆက်နေဦးမယ်။ ဘယ်လိုပဲစာဖွဲ့ဖွဲ့ အချစ်အားလုံးက အချစ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 825MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 27Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.3 2023 87 mins
Mutt
[18+] Thai Female Secretary
Opponent
6.6

2011တုန်းက ထွက်တဲ့ A Seperation ဆိုတဲ့ အီရန် ရုပ်ရှင်ကားကိုကြည့်ဖူးရင် ဒီရုပ်ရှင်မင်းသား Payman Maadi ကို သိကြမှာပါ။ ဒီကားထဲမှာ သူက အီရန်ဒုက္ခသည် နပန်းသမားဟောင်း Iman အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းက ဒုက္ခသည်တွေရဲ့ ဘဝကို နောက်ခံထားရိုက်ထားပေမယ့် Imanရဲ့ ပဋိပက္ခတစ်ခုကိုလည်း ထည့်သွင်းရိုက်ကူးထားပါတယ်။ အီရန်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ကြည့်နေရတယ်လို့ မခံစားရဘဲ လက်တွေ့ဘဝကိုကြည့်နေရသလို နစ်ဝင်စီးမြောသွားစေမယ့်ကားပါ။ ဇာတ်လမ်းအနေနဲ့ Iman ရယ် သူ့မိန်းမနဲ့ သမီးလေးနှစ်ယောက်က အီရန်နိုင်ငံကနေ ဆွီဒင်နိုင်ငံကို ဒုက္ခသည်အနေနဲ့ ထွက်ပြေးခဲ့ပါ တယ်။ ဆွီဒင်မှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့အတွက် တစ်ခုပြီး တစ်ခု ကြိုးစားပါတယ်။ နောက်ဆုံးမှာ ဆွီဒင်နိုင်ငံအတွက် နပန်းပြိုင်ပွဲဝင်ပေးရင် နေထိုင်ခွင့်ရမယ်အထင်နဲ့ နပန်းကိုပြန်လေ့ကျင့်ခဲ့ပါတယ်။ သူမေ့ချင်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်နဲ့ သူကိုယ်တိုင် သူ့ကိုယ်သူဝန်မခံချင်ဘဲ ထွက်ပြေးနေတဲ့ အရာက ဘာများလဲ။ သူတို့မိသားစုရော ဘာဆက်ဖြစ်မှာလဲ သိရဖို့ ရုပ်ရှင်ကိုပဲ ဆက်ကြည့်ရှုလိုက်ပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Horror • Fantasy
6.6 2023
Opponent
Nunchucks
5.6

ဒီတစ်ခေါက်မှာတော့ CM က အတိုက်အခိုက်ကြိုက်တဲ့ ဖန်တွေအတွက် နမ်ချပ်ကူ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းက ဇာတ်ညွှန်းရေးရင်း ကိုယ်ပိုင်ဘဝပျောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပေါ့… တုန်းဖန်ကျယ်ဆိုတဲ့လူဟာ ငယ်စဉ်တည်းက လီရှောင်လုံကို သဘောကျခဲ့ပြီးတော့ အနုပညာလောကထဲ ကျင်လည်နေခဲ့သူတစ်ယောက်ပေါ့… ဒါကြောင့်လည်း သူ့သားကိုတောင် လုံရှင်းလို့ နာမည်ပေးခဲ့တာ… ဒီလိုနဲ့ သူက လီရှောင်လုံရဲ့ ဘဝနဲ့ စိတ်ဓာတ်ကို လက်ဆင့်ကမ်းပေးဖို့ ကြိုးစားရင်းနဲ့ နမ်ချပ်ကူ ဇာတ်ညွှန်းကို ရေးရင်း ဇာတ်ညွှန်းရေးရအဆင်မပြေခဲ့တဲ့အတွက် တောထဲထွက်သွားခဲ့တယ်… နောက်ဆုံးမှာ မိန်းမလည်းထွက်ပြေး ကလေးလည်း တောထဲ ပျောက်သွားခဲ့ရတယ်… ဒီလိုနဲ့ ကလေးပျောက်လိုက်ရှာရင်းနဲ့ တောလည်ခဲ့ရတယ်… ကဲ ကလေးကို ပြန်ရှာတွေ့မှာလား… နောက်ပြီး သူ့ဇာတ်ညွှန်းကရော ဘာဖြစ်လာမှာလဲ… ထုံးစံအတိုင်း ဇာတ်လမ်းလေးကတစ်ဆင့် အဖြေရှာကြည့်တာပေါ့…

5.6 2012
Nunchucks
Dedh Bigha Zameen
7

Dedh Bigha Zameen (2024) “အဖေ့အမွေ တစ်ဧကခွဲမြေ” ဒီတစ်ခါ တင်‌ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ IMDb rating မှာ 7/10 ရရှိထားတဲ့ 2024 ခုနှစ်ထွက် ဟိန္ဒူဘာသာစကားပြော ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးကို Pulkit မှ ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့ Pratik Gandhi နဲ့ Khushali Kumar တိုက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ အသက် 28 နှစ်အရွယ် ဂျုံရောင်းဝယ်ရေးသမား အန်နီးလ်ဟာ သူရဲ့ အမေ ညီမနဲ့ အမျိုးသမီးဖြစ်သူတိုနဲ့ အတူတူနေပါတယ်။ တစ်ရက်မှာတော့ သူ့ညီမလေး နေဟာ‌တစ်ယောက် မိသားစုအသိုင်းအဝိုင်းကောင်းက အစိုးရဝန်ထမ်းအလောင်းအလျာလေး အာဂျေးဆိုတဲ့ ကောင်လေးနဲ့ လက်ထပ်ဖို ဖြစ်လာတဲ့အခါမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ရဲ့ ပိုင်ဆိုင်မှုလယ်ယာမြေကို ရောင်းချပြီး ညီမဖြစ်သူမင်္ဂလာပွဲမှာ သုံးဖို စီစဉ်ခဲ့ရပါတော့တယ် ဒါပေမဲ့လည်း ဒီ‌မြေကို အာဏာပိုင်အရာရှိတစ်ယောက်က လုယူဖို ကြိုးစားတဲ့အချိန်မှာတော့ အန်နီးလ်တစ်ယောက် တရားမျှတမှုအတွက် ရင်ဆိုင်တိုက်ခိုက်ရင်း ခြိမ်းခြောက်မှုတွေသာမက သစ္စာဖောက်မှုတွေပါ ရင်ဆိုင်လာရတဲ့အခါ….. ဘာဆက်ဖြစ်မလဲဆိုတာ‌ကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်

Drama • Romance
7 2024
Dedh Bigha Zameen
Ted 2
6.3

IMDB: 6.3 Rotten Tomatoes:44% Genre: Comedy Ted 2 ကတော့ Ted 1 ရဲ့အဆက်ဖြစ်ပါတယ်။ Seth MacFarlane ရဲ့ထုံးစံအတိုင်း “Random” ဆန်တဲ့ဟာသတွေကိုမြင်ရမှာဖြစ်ပါတယ်။ အတော်လေးလည်း ရယ်ရပြီး အတော်လေးလည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဇာတ်လမ်းအစမှာတော့ တက်ဒ်နဲ့ တယ်မီလင်းတို့နှစ်ယောက် မင်္ဂလာဆောင်လိုက်ပါပြီ။ ဂျွန်ကလည်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလိုမှိုင်တွေနေပါပြီ။ ခက်တာက တက်ဒ်ဟာ လူသားတစ်ယောက်စစ်စစ်မဟုတ်ဘူးဆိုပြီး မင်္ဂလာဆောင်ကိုပြန်ရုတ်သိမ်းလိုက်ပါတယ်။ သူ့ကို”ပစ္စည်း” တစ်ခုအနေနဲ့သက်မှတ်လိုက်တဲ့အတွက် ဒီကိစ္စခေါင်းငုံ့ခံလို့မဖြစ်ဘူးဆိုပြီး တရားထစွဲပါတော့တယ်။ ဒါပေမယ့် နောက်ကွယ်မှာ သူတို့မသိတဲ့ အကြောင်းအရင်းလေးတွေကရှိနေပါသေးတယ်။ ဘယ်လိုပေါက်ကရတွေလာဦးမလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါ။ တက်ဒီအဖြစ်မင်းသား/ဒါရိုက်တာ Seth MacFarlane John အဖြစ်အချစ်တော် မင်းသား Mark Wahlberg ရှေ့နေမလေး Sam အဖြစ် မင်းသမီးချော Amanda Seyfried Morgan Freeman လည်းပါဝင်ထားပါသေးတယ်။ File Size : 2.3 GB / 1 GB Quality : Blu-Ray (Unrated) 1080p / 720p Running Time : 1h 46m Format : Mkv and Mp4 Audio : AAC Genre : Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

6.3 2015
Ted 2
Demonte Colony
7

Demonte Colony (2015) “ဒီမွန့်စံအိမ်ကြီး” IMDb 7.0 တမီးလ် horror ရုံတင်ကားဟောင်းလေးကို တောင်းဆိုမှုလေးတွေရှိနေတာဖြစ်တဲ့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် မကြာသေးခင်ကမှ ဒုတိယကားထွက်ထားတာဖြစ်ပြီး အဲဒီကားကိုလည်း တင်ဆက်ပေးခဲ့ပြီးပါပြီ ဇာတ်လမ်းအကျဥ်းကတော့ ရုပ်ရှင်ရိုက်ချင်ပေမယ့် ပရိုဂျူဆာရှာမရတဲ့ ရာဂါဗာ၊ အလုပ်မှာအဆင်မပြေတဲ့ စက်ပြင်သမားဆာဂျစ်၊ အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ဗီမယ်နဲ့ ကြုံရာကျပန်းလုပ်တဲ့ ဆရီနီတို့ … သူငယ်ချင်းလေးယောက်သား တစ်ညမှာ စိတ်ပြေလက်ပျောက် အရက်သွားသောက်ကြပြီး အိမ်ကိုတန်းမပြန်ဘဲ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဒီမွန့်စံအိမ်ကြီးကို ရောက်သွားပါတယ် အကောင်းပကတိအိမ်ပြန်ရောက်ခဲ့ပေမယ့် မကောင်းဆိုးဝါးဝိညာဥ်ပါ ကပ်ပါလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ CM ပရိသတ်ကြီး ဆက်လက်ခံစားလိုက်ကြပါဦး ဒါပြီးလို့ရှိရင် ဇာတ်အိမ်လည်းပိုကျယ်ပြီး ပိုအောင်မြင်ခဲ့တဲ့ ဒုတိယကားပါ ဆက်လက်အားပေးကြပါဦးခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ ~ ToMo ~ Alex ~ Bluri တို့ပဲ ဖြစ်ပါတယ်

7 2015 116 mins
Demonte Colony
Jeepers Creepers III
4.2

Jeepers Creepers III ဟာဆိုရင်တော့ ယခင် Jeepers Creepers I နှင့် Jeepers Ceeper II တို့ရဲ့အဆက် ယခုနှစ်၂၀၁၇ကမှထွက်ထားတဲ့ Horror ဇာတ်ကားကောင်းလေးပါ။ ေ့ရှနှစ်ကားမှာအောင်မြင်မှုတွေရခဲ့ပြီး ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ Jeeper ကြီးကို နောက်ထပ် ၂၃နှစ်ပြည့်လို့ ပြန်လည်ရောက်ရှိလာတာကို တွေ့ရမှာပါ။ သူ့ရဲ့ဖြစ်စဉ်အတိုင်းပဲ ပြန်ရောက်လာတဲ့အချိန်ကစပြီး ၂၃ရက်တိုင်တိုင်သတ်ဖြတ် စားသောက် ပါတော့တယ်။လူသားတွေရဲ့ကြောက်စိတ်ကိုအနံ့ခံပြီး လိုက်လံသတ်ဖြတ်နေတဲ့သူ့ကို ယခုအခါမှာတော့ ပြန်လည်တိုက်ခိုက်မည့် လူ့အဖွဲ့အစည်းတွေပေါ်လာပါတယ်။ ဒီအပိုင်းမှာတော့ ေ့ရှနှစ်တွေမှာသူသောင်းကျန်းခဲ့တာတွေကို ပြန်လည် တန်ပြန်တိုက်ခိုက်ဖို့စီစဉ်ရင်း Jeeper ဆိုတဲ့အဲဒီသတ္တဝါကြီးရဲ့ လျို့ဝှက်ချက်တွေကိုသိလာပါတော့တယ်။တကယ်ကိုထိတ်လန့်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရမည့်ကားပါပဲ။ယခုအပိုင်းမှာရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့တဲ့ Jeeper ကြီးရဲ့လျို့ဝှက်ချက်ကိုပါ သိသွားတဲ့သူတွေရှိလာပြီဆိုတော့ ဇာတ်ရှိန်တက်လာပြီပဲဖြစ်ပါတယ်။ ဒီတော့ အဲဒီလျို့ဝှက်ချက်ဟာဘာလဲ၊အဲဒီသတ္တဝါကြီးကိုရော အဆုံးသတ်နိုင်ပါ့မလား၊လူသားတွေအနေနဲ့ တွန်းလှန်နိုင်ပါ့မလား။ဒါမှမဟုတ် ထင်သလောက်မလွယ်ကူဘဲ နောက်ထပ်၂၃နှစ်စောင့်လိုက်ရဦးမလား။ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့ စိတ်ဝင်စားမှုအပြည့်နဲ့ ရင်တထိတ်ထိတ်ဆက်ကြည့်လိုက်ကြပါဦး…။ File size…(1.5 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ye Yint

Horror
4.2 2017 100 mins
Jeepers Creepers III
Independence Day
7

Independence Day (1996) ************************** IMDb…..7.0 (4K available on CM APP) မင်းသားကြီး Will Smith ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့တဲ့ Independence Day (1996) ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 1996 ခုနှစ်က ရုပ်ရှင်ကားမို့ Graphic တွေကို အထင်မသေးလိုက်နဲ့နော် ယနေ့ခေတ် CGI တွေကို ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပြီး Best Visual Effect Award ရရှိခဲ့တဲ့ကား ဖြစ်ပါတယ်။ ကမ္ဘာမြေကို ဂြိုဟ်သားတွေ သိမ်းပိုက်ဖို့ လာရောက်တိုက်ခိုက်မှုကို အမေရိကန်သမ္မတအနေနဲ့ ဘယ်လို ကာကွယ်မလဲ.. Area 51 အကြောင်းလေ့လာချင်သူတွေအတွက်လည်း Area 51ရဲ့ မြှပ်ကွက်တွေကို တွေ့မြင်ရမဲ့အပြင်… Pilot တစ်ဦးဖြစ်တဲ့ Will Smith အနေနဲ့ရော ဂြိုလ်သားတွေကို ဘယ်လိုပြန်လည်တိုက်ခိုက်မလဲဆိုတာတွေကို သိချင်တယ်ဆိုရင်တော့ အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဘာသာပြန်နဲ့ အညွှန်းကိုတော့ Abby မှ ရေးသားထားပေးပါတယ်။) File Size : 3.12GB/ 1.34Gb Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:34:00 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Abby Encoded by Tiff

Drama • Family
7 1996 145 mins
Independence Day