YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

4 Kings 2 2023 - 1080p Web-DL AAC5.1 [RMC].mp4

2.26 GB 1080p video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Longest Nite
6.9

The Longest Nite (1998) ================= IMDb Rating - 7.2/10 Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကို ကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူး တယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက် က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။ တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်း ဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကို ကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြ ထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်း အရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲ ကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကို ကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြော လည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက Patrick Yauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie To ရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့ တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiက ပြောခဲ့တယ်။ သူလည်းခေတော့မခေဘူး။ Johnnie Toရိုက်တဲ့ ဟောင်ကောင်ဂန်း ကားတိုင်း ကောင်းတယ်ဆိုကြသလို အဲဒီကားတစ်ဝက်လောက်ကို Wai Ka-faiက ဇာတ်ညွှန်းရေးခဲ့ထုတ်ခဲ့တာ။ ဒီကားကလည်း သူတို့ စစပူးတွဲလုပ်ခဲ့တဲ့ကားပဲ။ ပြောရရင် ဒီကားက Johnnie Toနာမည်မခံ ထားခဲ့ပေမဲ့ Johnnie Toအပြည့်ရိုက်ထားတဲ့ကားပဲ။ Johnnie Toက နောက်ပိုင်းကားမရိုက်တော့ပေမဲ့ သူရိုက်ခဲ့သမျှ တစ်ကားမှပစ်စရာ မရှိတာ သူ့ကားတွေကြည့်ဖူးတဲ့လူတွေတော့ ကောင်းကောင်းသိမှာပဲ။ အာရှဖန်တစ်ချို့ဆို သူရိုက်သမျှက မာစတာပိစ်လို့တောင်ပြောကြတယ်။ ဒီကားက ဘယ်လိုကားလဲဥပမာပေးရရင် Face OFf ကို မကာအိုမှာ ဇာတ်အိမ်တည်ထားသလိုလို ကားပဲ။ တစ်ညတည်းဖြစ်နေတာတွေကို ပြထားတာတောင် ဇာတ်က တော်တော်ကြည့်ကောင်းတယ်။ မင်းသား တွေကလည်း စမောလ်တိုနီခေါ် တိုနီလျောင်ချူဝေ နောက် Johnnie Toရဲ့ ပင်တိုင်မင်းသားလိုဖြစ်နေတဲ့ Sean Lau။ ၂ယောက်လုံး ဒိတ်ဒိတ် ကြဲတွေပဲ။ Johnnie To*ရိုက်တာလို့ နာမည်မတပ်ထားပေမဲ့ နောက်ပိုင်း ကားတွေဟာ ဒီကားရဲ့လွှမ်းမိုးမှူမကင်းလောက်ဘူးလို့ ထင်ရတဲ့အထိ သူ့အရသာအပြည့်ပါတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.1 GB) / (913 MB) / (514 MB) Quality............BLU-RAY 1080p / 720p  / 480p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Mystery Translator.......WiRa Aung Encoder..........SWM

Comedy • Drama • Family
6.9 1998 81 mins
The Longest Nite
The Point Men
6.6

Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men! ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။ အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။ Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 706MB | 354MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Drama
6.6 2023 108 mins
The Point Men
Under the Fig Trees
8.4

တူနီးရှားကျေးလက်ဒေသက သဖန်းသီးခြံထဲကို တစ်ရက် လောက် အလည်သွားကြရအောင်… ဒီဇာတ်လမ်းလေးမှာ ကျောင်းပိတ်ရက် သစ်သီးခြံထဲမှာ သစ်သီးခူးရင်းအလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ် နေ့တာကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ မနက်အရုဏ်တက် သူတို့ကို လာ ကြိုမဲ့ကုန်တင်ကားကို စောင့်ရင်း စကားမမြည်ပြောနေကြ တာနဲ့ အစပြုထားပါတယ်။ ခဏနေတော့ သစ်သီးခြံက သူဌေးရဲ့ ကားရောက်လာပြီး အသီးသီး ကားပေါ်တက်ကြ ပါတယ်။ ဒီထဲမှာ ဖီဒဲဆိုတဲ့ ခပ်သွက်သွက်ပုံစံနဲ့ ကောင်မ‌လေး က သူများတွေလို နောက်မှာမထိုင်ဘဲ ရှေ့ခန်းက သူဌေးဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။ ထုံးစံအတိုင်း အနောက်ခန်းကလူတွေ အတွက် အတင်းပြောဖို့ အကြောင်းရသွားတောပေါ့။ ခြံထဲကို ရောက်တော့ သစ်သီးခြင်းတွေ ရေပုံးတွေ တစ်ပင်နဲ့ တစ်ပင်ကူးပြီး သစ်သီးခူးကြပါတော့တယ်။ သူတို့တစ်နေ့တာမှာ အတူအလုပ်လုပ်တဲ့ ကောင်လေးတွေနဲ့ မထိတထိ စကြပြောကြ တာတွေရှိမယ်။ သူတို့အချင်းချင်း အချစ်အကြောင်း အိမ်ထောင် ရေးအကြောင်းတွေ ပြောကြမယ်။ စားကြသောက်ကြရင်း ရယ် စရာလေးတွေ ပြောကြမယ်။ အချင်းချင်း သူ့ရည်းစားကိုယ့်ရည်း စားစွပ်စွဲကြရင် ရန်သတ်ကြတာတွေလည်း ရှိမယ်။ အလုပ်ရှင်ရဲ့ အနိုင်ကျင့်တာ ခေါင်းပုံဖြတ်တာတွေလည်း မြင်ရမှာပါ။ တစ်နေ့ တာရဲ့ အနိမ့်အမြင့် အတက်အကျတွေကြား ဇာတ်လမ်းအဆုံးမှာ တော့ ပျော်ပျော်ပါးပါးပဲ သီချင်းတွေဆိုပြီး အိမ်ပြန်သွားကြပါတယ်။ “Under the Fig Trees” ဆိုတဲ့ နာမည်အတိုင်းပဲ သဖန်းပင်တွေ အောက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကို တွေ့မြင်ရမှာပါ။ သူတို့အချင်းချင်း ပြောဆိုဆက်ဆံကြတာတွေ၊ ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတဲ့ သူတို့ရဲ့ အမြင်တွေ၊ လူငယ်ပီပီ စိတ်ကစားကြတာတွေ၊ သမီး ရည်းစားဆက်ဆံရေးတွေကို တွေ့ရမှာပါ။ တူနီးရှားကျေးလက်ဒေသ သဖန်းပင်တွေအောက်က လူငယ်လေးတွေရဲ့ တစ်နေ့တာကို ခံစား ကြည့်လိုက်ပါဦးနော်… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size..........(1.5 GB) / (700 MB) / (395 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Phu Myat Thwe Encoder..........SWM

Action • Adventure • Crime
8.4 2022 92 mins
Under the Fig Trees
Urvasivo Rakshasivo
5.5

ဒီတစ်ခါမှာတော့ Netflix ကထွက်ရှိလာပြန်တဲ့ အချစ်ကားလေးတင်ဆက်ပေးချင်ပါတယ် ဒီကားက ၂၀၁၈ထွက် Pyaar Prema Kaadhal ကို Remake ပြန်လည်ရိုက်ကူးထားပေမယ့် လူကြိုက်များခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲ ဇာတ်လမ်းအညွှန်း ဆရီးကူမားကတော့ မိန်းမမရသေးတဲ့လူပျိုကြီးမို့လို့ သူ့အမေကိုယ်တိုင်ကချွေးမလိုက်ရှာပေးနေသူပေါ့ ဒါပေမယ့် ဆရီးကြိုက်နေတဲ့ကောင်မလေးရှိနေပါတယ် သူတို့ရုံးရဲ့မျက်စောင်းထိုးရုံးကကောင်မလေးစင်ဒူပါ ဆရီးထိုင်ခုံနဲ့စင်ဒူခုံနဲ့က ပြတင်းပေါက်ကကြည့်ရင်အတိုင်းသားဆိုတော့ လူပျိုကြီးဆရီးကနေ့တိုင်းရုံးတက်ရုံးဆင်းထိုင်ငေးတော့တာပေါ့ ဒါပေမယ့် စင်ဒူကခေတ်ဆန်ပြီး ဆရီးက အရက်ဆိုင်မှာအအေးမှာသောက်တတ်တဲ့ကောင်မျိုးပါ စော်လိုက်နည်းမသိလို့ ဦးလေးဖြစ်သူကသင်ပြပေးရတဲ့အထိကိုတုံးပါတယ် သူတို့နှစ်ယောက်ကြားဆရီးမျှော်မှန်းထားသလိုဖြစ်လာမလား အချစ်စစ်တို့လမ်းမှန်ရင် မဖြောင့်ဖြူးဘူးမို့လို့ ဒီနှစ်ယောက်ကြား ဘယ်လိုအလှည့်အပြောင်းတွေကြုံမလဲဆိုတာဆက်လက်ရှုစားကြပါရှင် File size…1.8GB / 966MB Quality…1080p  HQ /720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Yunni

5.5 2022 144 mins
Urvasivo Rakshasivo
Den of Thieves
6.8

အားလုံးစောင့်မျှော်နေကြတဲ့ Den of Thieves လာပါပြီ။ ဒုန်းဒုန်းဒက်ဒက် တုံးလုံးပတ်လက် အဆဲတစ်လိုင်း ခပ်ရိုင်းရိုင်းမှ ကြည့်ချင်သူတွေအတွက် ၂၀၁၈ ရုံတင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ရေတပ်စစ်သားဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ ဘဏ်ကို ဒုစရိုက်သမားတွေက ဘယ်လိုဝင်ခိုးကြမလဲ၊ နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းက အများကြီးချဲ့ပြောလေ၊ မြုပ်ကွက်တွေပေါ်လေ ဖြစ်မှာစိုးတဲ့အတွက် အနည်းငယ်ပဲ ညွန်းထားတာဖြစ်ပါတယ်။ မင်းသားကြီးတွေကလဲ အကြမ်းပတမ်းသမားတွေဖြစ်တာကြောင့် ကြည့်ရတာ တကယ်ကိုအားရတဲ့ ကားကောင်းတစ်ကားဖြစ်မှာပါ။ IMDb Rating 7 တောင်ရရှိထားတဲ့အတွက် အက်ရှင်ကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။ ခေါင်းဆောင်မင်းသားဖြစ်သူ Gerard Butler ဟာဆိုရင် 300, Olympus has Fallen လို ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဆဲအဆိုစကားတွေ အများကြီးပါတဲ့အတွက် ဘာသာပြန်တဲ့နေရာမှာ ဆဲဆိုတဲ့စကားတွေ ပါတဲ့အကြောင်း ကြိုတင်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။ အားလုံးပဲ သင်္ကြန်အကြိုရက်မှာ ဝုန်းဒိုင်းကြဲ မိုက်ရိုင်းထွားကြိုင်းနိုင်ကြပါစေ ? File Size : (0.99 GB) Quality : WEB-DL 720p Running Time : 2hr 20min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.H264.AC3-EVO Translated by Thura & Arkar Phyo Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
6.8 2018 140 mins
Den of Thieves
The Dead Don't Die
5.4

သေခြင်းတရားဟာ မသေဆုံးပါဘူး။ အဆို‌တော်တစ်ယောက်ရဲ့နာမည်ကြီးဇာတ်ဝင်သီချင်းတစ်ပုဒ်။ လူ‌တွေဟာ Polar Fracking ကနေ စွမ်းအင်ထုတ်ယူ သုံးစွဲခဲ့ကြတယ်။ အလွန်အကျွံ သုံးစွဲမှုတွေရဲ့နောက်ဆက်တွဲ အနေနဲ့ ကမ္ဘာ‌‌မြေကြီးဟာ Polar Fracking ကြောင့် သူ့ဝင်ရိုးပေါ်ကနေ တိမ်းစောင်းခဲ့ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ..... နေ့အလင်းရောင်ဟာ တော်တော်နဲ့မကုန်တော့ပါဘူး။ နေ့တာရှည်လာပါတယ်။ ရေဒီယိုတွေ လိုင်းမကောင်းချင်တော့ပါဘူး။ ဖုန်းလိုင်းတွေ ပြတ်တောက်ကုန်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေ ပျောက်တဲ့ကောင်ပျောက်ကုန်ပါတယ်။ အမူအကျင့်တွေ ‌ပြောင်းလဲကုန်ပါတယ်။ အဲဒီထက် ဆိုးတာကတော့ ဒီဇာတ်လမ်းရဲ့ ခေါင်းစဉ်အတိုင်းပါပဲ။ သေဆုံးခြင်းက မသေဆုံးတော့တဲ့အခါ ..... တစ်နည်းအားဖြင့် သေပြီးသားလူတွေ အသက်ပြန်ရှင်လာကြတဲ့အခါ ..... ခင်ဗျားတို့ရော တွေးကြည့်ဖူးလား????? Zombie ကားကို အတွေးအခေါ်တစ်မျိုးနဲ့ ထပ်ကြည့်ကြည့်ပါ။ Horror ကား ကောင်းကောင်း ကြိုက်တတ်သူများ လက်မလွှတ်စေချင်ပါဘူး။ အဲ ..... တစ်ခု လက်တို့စရာ ကျန်သွားလို့ Selena Gomez လေးလည်း ပါတယ်ဗျ။ ? ? ?? ? ဘာသာပြန် နဲ့ Review ကတော့ August ပါ။

Drama
5.4 2019 104 mins
The Dead Don't Die
Poupelle of Chimney Town
6.4

Poupelle of Chimney Town (2020) ========================= IMDb Rating – 6.4/10 Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့မြို့လေးက လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက် ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။ လုဘိချိရဲ့ အဖေဖြစ်သူ ဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။ အဲ့မြို့ကလူတွေက‌တော့ “ဟာ ဒီကောင် င‌ပေါကြီး” ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက် ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့ အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့ နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။ ဒီ ဇာတ်ကားလေးက နာမည်ကြီးရုပ်ပြကာတွန်းစာအုပ်ဖြစ်တဲ့ “Poupelle of Chimney Town” ကို anime အဖြစ် ပုံဖော်ထားတဲ့ကားလေးဖြစ်ပြီး ဇာတ်လမ်းရော animation ကရော ကောင်းတဲ့ထဲပါတာမို့လို့ ကြည့်ရှူဖို့အတွက် recommend ပေးပါတယ်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.6 GB) / (850 MB) / (550 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 40mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Family, Fantasy Translator…….Khant Sett Naing Encoder……….SWM

Comedy • Drama • Western
6.4 2021
Poupelle of Chimney Town
Unknown: Cave of Bones

Cave Of Bones ( 2023 ) ကမ္ဘာကြီးဟာ လျို့ဝှက်ဆန်းကြယ်ပါတယ် ဟိုးခေတ်အစက ဘယ်အချိန်ဘယ်နေရာတွေမှာ ဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့သလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး ဒီ Documentary film မှာဆိုရင်တော့ ရုပ်ကြွင်းမနုဿဗေဒပညာရှင် Lee Bergerက တောင်အာဖရိကမှာရှိတဲ့ Rising Star လိုဏ်ဂူက ကမ္ဘာ့ရှေးအကျဆုံးသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့ အဲဒီ သင်္ချိုင်းတွေ ကို ဖန်တီးခဲ့တဲ့ ဟိုမိုနလယ်ဒီလို့ခေါ်တဲ့မျိုးစိတ်တစ်မျိုးရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ခဲ့တဲ့ ခရီးစဉ်ပါဝင်ပါတယ် ဟိုမိုနလယ်ဒီတွေရဲ့ နေထိုင်မှုဘဝ ၊ အသွင်အပြင်နဲ့ အမူအကျင့်တွေကို အသေးစိတ်ကျကျဖော်ထုတ်ပြထားပြီးတော့ ကြည့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့လူသားတွေ ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဇစ်မြစ်ကို အနည်းငယ် တီးမိခေါက်မိဖြစ်သွားစေမှာပါ စိတ်ဝင်စားစရာလည်းကောင်းပြီး ဗဟုသုတတွေ အများကြီးရမဲ့ Documentary filmကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 2.9 GB / 1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO

0 2023 93 mins
Unknown: Cave of Bones
Heist 88

ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Crime/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်တွေအပေါ် အခြေခံထားတဲ့ ဒီကားလေးမှာဆိုရင်တော့ မင်းသားကြီး Courtney B. Vance (61st Street) က အဓိကခေါင်းဆောင်ပါဝင်ထားပြီး ၁၉၈၈ ခုနှစ်က ဘဏ်စနစ်တွေရဲ့ လုံခြုံမှုမရှိပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ ၁၉၈၈ ခုနှစ်တွေတုန်းက ချီကာဂိုရဲ့ဘဏ်စနစ်က အလုံးစုံ ကွန်ပျူတာစနစ်အဖြစ် မပြောင်းလဲရသေးချိန်မှာ ငွေလွှဲပြောင်းမှုတွေကို လေလှိုင်းပေါ်က ဖုန်းခေါ်ဆိုမှုနဲ့ပဲ အတည်ပြုလေ့ရှိပါတယ်။ ကုမ္ပဏီတစ်ခုက ငွေလွှဲချင်တဲ့သူက ကုတ်နံပါတ်တစ်ခုနဲ့ လွှဲချင်တဲ ပမာဏကို ဘဏ်ကိုဖုန်းခေါ်ပြီး ပြောလိုက်ရင် ဘဏ်ကဝန်ထမ်းက အဲဒီကုမ္ပဏီရဲ့တခြားဘဏ္ဍာရေးအရာရှိကို ဖုန်းခေါ်ပြီး ကုတ်နံပါတ်ကို အတည်ပြုခိုင်းပါတယ်။ ဘဏ္ဍာရေးအရာရှိက ကုတ်နံပါတ်ကို အတည်ပြုပေးလိုက်တာနဲ့ လွှဲပြောင်းမှုက အထမြောက်အောင်မြင်သွားပြီဖြစ်လို့ ကုတ်နံပါတ်နဲ့ ဘဏ်ငွေစာရင်းလက်ကျန်ကိုသာ သိရရင် သေချာပေါက် ခိုးထုတ်ဖို့ မခက်ခဲတဲ့ ဘဏ်စနစ်ရဲ့ ယိုယွင်းမှုလို့ ဆိုရမလိုပါပဲ။ ဂျယ်ရမီဟောန်က လိမ်လည်မှုတွေမှာ ကျွမ်းကျင်တဲ့ ကြိုးကိုင်သူဖြစ်ပြီး ဘယ်သူ့ကို ဘယ်လိုခိုင်းရမယ်၊ ဘယ်နေရာကို ဘယ်လိုလိမ်ရမယ်ဆိုတာ အကွက်ကျကျ စီစဉ်တတ်သူပါ။ အဲဒီလို ကြိုးကိုင်သူဆရာကြီး ဂျယ်ရမီဟောန်တစ်ယောက် သူ့တူလေးရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားပေးရင်း အမှတ်မထင်ဘဲ သူ့တူလေးက ဘဏ်မှာလုပ်တဲ့ မိတ်ဆွေတွေနဲ့ သိကျွမ်းကြောင်း သိရှိသွားခဲ့ပါတယ်။ ဘဏ်စနစ်ရဲ့ ချို့ယွင်းချက်တွေကို ကောင်းကောင်းနားလည်ထားတဲ့ ဂျယ်ရမီဟောန်က သူ့တူရဲ့မိတ်ဆွေတွေကို စည်းရုံးပြီး ကုမ္ပဏီတွေက ပိုက်ဆံတွေကို ဘဏ်ကနေတစ်ဆင့် ခိုးထုတ် လွှဲပြောင်းဖို့ ကြံစည်ပါတော့တယ်။ ဘဏ်စနစ်မှာ အားနည်းချက်ရှိတာမှန်ပေမဲ့ တကယ်တမ်း ခိုးထုတ်ဖို့ကြံစည်တဲ့အခါမှာတော့ ထင်သလောက်မလွယ်ကူဘဲ ခက်ခဲမှုတွေရှိနေခဲ့တာမို့ ဂျယ်ရမီဟောန်နဲ့ သူ့အဖွဲ့က အဲဒီအခက်အခဲတွေ၊ အတားအဆီးတွေကို အောင်မြင်အောင် ဖြတ်ကျော်ပြီး ငွေတွေကို အောင်အောင်မြင်မြင် လှည့်ထုတ်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.5 GB)/(834 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama
0 2023
Heist 88
3:10 to Yuma
7.7

၂၀၀၇ ခုနှစ်ကထွက်ရှိထားပြီး IMDb 7.7 ရထားတဲ့ ခပ်လန်းလန်း Cowboy ကားလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ် Walk The Line ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Mangold က ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ Russell Crowe, Christian Bale တို့ပဲ ဖြစ်ပါတယ်။ ဒီကားလေးက အော်စကာ ဆု၂ဆု အတွက်နာမည်စာရင်းပါခဲ့ပြီး တခြား ရုပ်ရှင်ဆု ၃ ဆုနဲ့ ဆုပေါင်း ၃၀ ရရှိခဲ့ပါတ်ယခပ်ကြမ်းကြမ်း အက်ရှင်ကားလေး ဖြစ်တာမို့ Cowboy ပရိတ်သတ်တွေအနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဗျ ဇာတ်လမ်းအကျဉ်းလေးကတော့ Rancher Dan Evans ဟာသူ့ ရဲ့မြေယာပြသနာအတွက် Bisbee ကိုလာခဲ့ပြီး မထင်မှတ်ဘဲ Ben Wade ဦးဆောင်တဲ့ ဓားပြမူ နဲ့ကြုံလိုက်ရပါတယ် သိပ်မကြာခင်မှာပဲ Wade ဟာ အဖမ်းခံလိုက် ရပြီး Wade ကို ခုံရုံးတင်ဖို့ Yumaမြို့ကို ပို့ဆောင်ပါတော့တယ် ပို့ဆောင်ရာမှာ Wade ကို လိုက်လံစောင့်ကြပ်ဖို့ အတွက် ဆုငွေ USD200 ထုတ်ပါတော့တယ် ဒီလိုနဲ့ Evans တယောက် ၎င်းအလုပ်ကို လက်ခံလိုက်တဲ့အခါမှာတော့ လမ်းတလျှောက် မှာ ရှိတဲ့ ဒေသခံ Red Indian တွေနဲ့ Wade ရဲ့ အဖွဲ့သားတွေကို ဖြတ်ကျော်ပြီး Yuma မှာရှိတဲ့ ခုံရုံးကို ပို့နိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ကြပါတော့ ဗျာ File size…(2.7 GB)/(1.9 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Thriller, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ko Khaing Lin

7.7 2007
3:10 to Yuma
Turtle
6.9

Turtle (2018) “လိပ်ကလေး” IMDb – 6.9/10 ၂၀၁၈ကထွက်ရှိခဲ့ပြီး အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ပို့သရုပ်ဆောင် ဆန်ဂျေးမီရှရာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ ရွာမှာ မိုးခေါင်ရေရှားဖြစ်ပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်တာ ရှစ်နှစ်ကြာခဲ့ပါပြီ။ ဒါကို ရွာလူကြီးရမ်ကာရန်ရဲ့ ကျိန်စာသင့်နေတဲ့မြေးဖြစ်သူကံဆိုးမှုကြောင့်လို့ ယိုးမယ်ဖွဲ့ကြပါတယ်။ မြေးဖြစ်သူကိုအပြစ်တင်ကြတာ မခံနိုင်တဲ့ရမ်ကာရန်က သူ့ခြံဝင်းထဲမှာ ဘိုးဘေးတွေမြှုပ်ထားခဲ့တဲ့ ရွှေချောင်းတွေရှိတယ်။ အဲဒါတွေကို တူးပြီး ရေကန်အကြီးကြီးဆောက်ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒီမှာပဲ ရွာသူရွာသားတွေစုရုန်းပြီး ရွာလူကြီးရမ်ကာရန်ရဲ့ခြံဝန်းထဲမှာ ရွှေချောင်းတွေရှာဖို့ မြေတူးကြရာကစ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်လာခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunniတို့ဖြစ်ပါတယ်)

Thriller • Crime • Action
6.9 2018
Turtle
[18+] Sci-Fi Vixens From Beyond
5.5

(၁၈ ယောက်စုကြည့်ရမယ့် ဇာတ်လမ်းဖြစ်တဲ့အတွက် မိသားစု/ကလေးများ ကြည့်ရှုရန် မသင့်ပါ) တခြားဂြိုလ်ကနေ ကမ္ဘာမြေ ဂြိုလ်စနစ်ထဲကို ရောက်ရှိလာတဲ့ ပရော်ဖက်ဆာနဲ့ ကျောင်းသူလေး။ ကျောင်းသူလေးကို ကမ္ဘာမြေ ယဉ်ကျေးမှုဘာညာအကြောင်း စာတမ်းရေးခိုင်းတယ် ဒါကြောင့် သူ့ကို ကမ္ဘာမြေပေါ် သွားလည်ပတ်ခွင့် ပြုမယ်ပေါ့။ အဲဒီမှာတင် ဂြိုလ်သားကျောင်းသူလေး ကမ္ဘာမြေအကြောင်း သိမှတ်စရာတွေ ယူပြီး ကမ္ဘာမြေပေါ် ရောက်ခဲ့ရာကနေ ယောက်ျားလေး ၁ ယောက် မိန်းကလေး ၂ ယောက်နဲ့ ဆက်တွေ့ပြီး ဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TRA ပဲဖြစ်ပါတယ်။) File size…(2.4 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:15:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TRA

Family • Drama
5.5 2024
[18+] Sci-Fi Vixens From Beyond
Pyaar Diwana Hota Hai
5

Pyaar Diwana Hota Hai (2002) – ထူးဆန်းသောချစ်ခြင်းတရား သီတင်းကျွတ်အခါသမယလေးမှာ အိမ်တွင်းအောင်းကြမယ့် ပရိသတ်တွေအတွက် ဘောလီးဝုဒ်အချစ်ဟာသကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ (၂၀၀၂) ကထွက်ထားတာဆိုတော့ ကားဟောင်းလေးဆိုပေမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ နယူးဒေလီလို မြို့ကြီးမှာ အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ မြို့ပေါ်တက်လာတဲ့ ကျေးလက်ဒေသရွာလေးတစ်ရွာက ဆွန်ဒါ…အနုပညာမှာထူးချွန်သလို ရုပ်ရည်ကလည်းသန့်ပြန်ချောမောပေမယ့် ဂေါ်မစွံသေးတဲ့လူပျိုကြီးဆွန်ဒါ… မြို့ပေါ်က လူလည်ကြီးသားသမီး သူငယ်ချင်းတွေက ဗျူဟာတွေခင်းပေးပေမယ့် ဂေါ်မစွံဖြစ်နေရှာတဲ့ ဆွန်ဒါတစ်ယောက် ပါယယ်ခူရာနာဆိုတဲ့ မိန်းမချောလေးတစ်ယောက်နဲ့ အမှတ်မတင်ဆုံစည်းခဲ့မိပြီး မိန်းမချောလေးရဲ့အချစ်ကိုရဖို့ ဟန်ဆောင်လိမ်ညာခဲ့ရင်းကနေအစပြုပြီးတော့…… ဇာတ်လမ်းလေးအဆုံးမှာ ဂေါ်မစွံလူပျိုကြီးတစ်ယောက် မိန်းမချောလေးနဲ့ပေါင်းဖက်ခွင့်ရမလားဆိုတာကို ကြည့်ရှုခံစားရင်း သီတင်းကျွတ်အခါသမယကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ကြရအောင်လား။ (အညွန်းနဲ့ဘာသာပြန်ကိုတော့ Bollywood Team မှ ရေးသားပေးထားတာဖြစ်ပါတယ်)

5 2002
Pyaar Diwana Hota Hai
Five Star Princess (aka) Putri Bintang Lima

Five Star Princess (aka) Putri Bintang Lima (2024) “ရွှေဘုံစံမင်းသမီးနဲ့ ကော်ဖီအဖျော်ဆရာလေး” အားလပ်ချိန်မှာအပျင်း‌ပြေဖို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ အင်ဒို-အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသဆိုပေမဲ့အရှေ့တောင်အာရှနိုင်ငံ တော်တော်များများက ဘွဲ့ရလူငယ်တွေရဲ့ လက်တွေ့ဘ၀ကိုလည်း ထင်ဟပ်ပြထားပါတယ်။ ဇာတ်လမ်းထဲမှာ ပါဒန်နာဟာ မာစတာဘွဲ့ရထားတဲ့ အလုပ်လက်မဲ့လူငယ်တစ်ယောက်ပါ။ ဘွဲ့ရပေမဲ့လည်း အလုပ်ရှားပါးတာကြောင့် အိမ်မှာဒီတိုင်းနေနေတဲ့ ပါဒန်နာကို အဖေဖြစ်သူက ကြည့်မရပါဘူး။ ထုံးစံအတိုင်း ပါဒန်နာကို နေ့စဉ်နဲ့အမျှ အလုပ်လုပ်ဖို့ ဖိအားပေးတတ်ပါတယ်။ အဲဒီအလုပ်အကိုင်ကိစ္စကြောင့်ပဲ ပါဒန်နာဟာ လက်ရှိရည်းစားဖြစ်သူနဲ့ ဝေးရကိန်းဆိုက်ပါတော့တယ်။ သူ့ရည်းစားရဲ့အဖေက အမေရိကမှာ အခြေချမှ သူ့သမီးနဲ့ပေးစားမယ်ပြောလိုက်လို့ပါ။ ဒါကြောင့် ပါဒန်နာလည်း အလုပ်တစ်ခုရှိမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့ စပ်တူကော်ဖီဆိုင်လေး ဖွင့်ပါတော့တယ်။ ဇာတ်လမ်းက အဲဒီတော့မှ စတာပါ။ ပါဒန်နာတို့ကော်ဖီဆိုင်ရဲ့ရှေ့နားမှာ အိမ်ကြီးအိမ်ကောင်း တစ်အိမ်ရှိပါတယ်။ တစ်နေ့တော့ အဲဒီအိမ်က ပါကျန်ကာဆိုတဲ့ ကောင်မလေးနဲ့ ပါဒန်နာတို့ အကြည့်ချင်းဆုံပြီး ရင်တွေခုန်ကြပါတော့တယ်။ ပါကျန်ကာရဲ့အဖေဟာ အငြိမ်းစားစစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်ပြီး သမီးဖြစ်သူအပေါ် အရမ်းစည်းကမ်းတင်းကျပ်သူပါ။ ပါကျန်ကာကလည်း အဲဒီလိုအဖေလက်အောက်မှာကို ရည်းစားတွေ နေရာစုံအောင်ထားလာတဲ့ လက်လက်ထကောင်မလေးပေါ့။ ဒီလိုနဲ့ ရွှေဘုံစံမင်းသမီးလေးပါကျန်ကာနဲ့ သာမန်ကော်ဖီအဖျော်ဆရာလေးပါဒန်နာတို့ရဲ့ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မှာလဲ၊ ကောင်မလေးမိဘတွေ လက်ခံအောင် ပါဒန်နာကရော ဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်သုံးမလဲ ဆိုတာ ရယ်ရယ်မောမော ကြည့်ရှုကြည့်ရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~Zwe Yan~Star~ToMo ပါ။)

Drama
0 2024
Five Star Princess (aka) Putri Bintang Lima