YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

24 (2001) S05E01 720p.(CM).mp4

670.07 MB 720p video/mp4 142 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Minority Report
7.3

တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။ precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ အထူးတာဝန်နဲ့ရောက်လာတဲ့ ဖယ်ဒရယ်အေးဂျင့် ဒန်နီဝစ်တ်ဝါကလည်း အထက်ဌာနတို့ထုံးစံအတိုင်း မာန်တကြွကြွနဲ့ဖြစ်တာကြောင့် ရဲအဖွဲ့မှူး အန်ဒါတန်တို့နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ တစ်နေ့မှာတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လူသတ်မှုတားဆီးဖို့ precogs တွေခန့်မှန်းပေးတဲ့ လူသတ်သမားနာမည်ပါတဲ့ ဘောလုံးအနီကို အန်ဒါတန်တစ်ယောက် ကြည့်မိချိန်မှာ လူသတ်သမားနာမည်ဟာ သူကိုယ်တိုင်ဖြစ်နေတာ တွေ့လိုက်ရပါတော့တယ်။ အန်ဒါတန်အနေနဲ့ ဒါဟာ Precrime စနစ်ရဲ့ဟာကွက်ကို ‌မျက်စိဒေါက်ထောက်ကြည့်နေပြီး သူ့ကိုလည်းမကြည်တဲ့ ဖယ်ဒရယ်အေးဂျင့် ဝစ်တ်ဝါရဲ့ ထောင်ချောက်ဆင်မှုဖြစ်ကြောင်း သံသယဖြစ်မိပြီး ထွက်ပြေးဖို့ကြံပါတော့တယ်။ အန်ဒါတန်အနေနဲ့ precogs တွေခန့်မှန်းသလို တကယ်ပဲ လူသတ်မိမှာလား၊ ပြီးပြည့်စုံတယ်လို့ထင်ရတဲ့ Precrime စနစ်ရဲ့အားနည်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ အန်ဒါတန်ကို တကယ်ပဲ ဝစ်တ်ဝါကထောင်ချောက်ဆင်ခဲ့သလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရှုစားကြည့်ကြပါ။ အခြား sci-fi တွေလို ဂြိုဟ်သားတွေ၊ လက်နက်ဆန်းတွေ၊ သတ္တဝါကြီးတွေ မပါပေမယ့် စိတ်ကူးစိတ်သန်းဆန်းသစ်စွာနဲ့ သာမန်မှုခင်းဇာတ်အိမ်မျိုးကို ပုံစံတစ်မျိုးနဲ့ရိုက်ကူးပြထားတာဖြစ်လို့ ဇာတ်လမ်းအဆုံးထိ ရင်တမမနဲ့ကြည့်သွားရမယ်လို့ ရဲရဲကြီးအာမခံပါတယ်။ ဇာတ်လမ်းမှာပါတဲ့ လှည့်ကွက်လေးတွေ၊ အချိတ်အဆက်တွေကလည်း ဇာတ်အီမသွားအောင် သေသေသပ်သပ်ထည့်ထားတာဖြစ်လို့ ဘောလိဝုဒ်၊ တောလိဝုဒ်ကားတွေလို expected twist မျိုးဖြစ်မသွားပါဘူး။ File size…(4.4 GB)/(1.5 GB) Quality…BluRay 1080p / 720p Format…mp4 Duration….02:25:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ninja

Drama
7.3 2002 145 mins
Minority Report
Moon-young
6.7

စကားမပြောတတ်တဲ့ ကောင်‌မလေး "မွန်ယောင်း" ဟာ မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး အမြဲအရက်မူးနေတဲ့ ဖခင်နဲ့ နေထိုင်နေရသူပါ ။ သူမဟာ လက်ထဲမှာ Camera Recorder လေးတစ်ခုကို အမြဲတမ်းကိုင်ထားပြီး လူတွေရဲ့ မျက်နှာ‌တွေကို တိတ်တဆိတ်မှတ်တမ်းတင်ထားလေ့ရှိတယ် ။ ဖခင်ရဲ့ အရက်မူးသွေးဆိုးမှုတွေကို မခံနိုင်တော့တဲ့အဆုံးမှာတော့ မွန်ယောင်းတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပြီး ကောင်လေးနဲ့လမ်းခွဲခဲ့ရလို့ အသည်းကွဲနေတဲ့ ဂျန်ဟီဆူး ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုပတ်သက်မှုတွေရှိလာမလဲ? မွန်ယောင်းက ဘယ်လိုအကြောင်းတွေကြောင့်များ လူတွေရဲ့မျက်နှာကို မှတ်တမ်းတင်နေခဲ့ရတာလဲ? ဆိုတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေအပြင် အသက် ၁၀ နှစ်ကွာတဲ့ ကောင်မလေးနှစ်ယောက်ကြားက ပတ်သက်မှုလေးကိုပါ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama, Short Quality….WEB-DL 1080p and 720p File size…955MB and 495MB Format…mp4 Duration….1h 5min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Action • Adventure • Mystery
6.7 2017 64 mins
Moon-young
The In Between
7.4

Valentine Day အမှီ အေးဆေးဖီးလ်နဲ့ကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ တက်စ်ဆာဆိုတာ အချစ်ကိုအယုံကြည်မရှိဘဲ ဘ၀ထဲကိုဝင်လာတဲ့ လူမှန်သမျှ တွန်းထုတ်နေမိတဲ့ ကောင်မလေးတစ်ယောက်ပေါ့ .... အဖြူအမည်းကင်မရာနဲ့ဓာတ်ပုံ‌ေ‌တွရိုက်ရတာ သဘောကျပြီး အချစ်အကြောင်းတွေကိုအများကြီးပြောတတ်တယ်... ပျော်ရွှင်စရာအဆုံးသတ်တွေကိုမယုံတဲ့ တက်စ်ဆာဟာ စကိုင်လာဆိုတဲ့ ကောင်လေးနဲ့ရုပ်ရှင်တစ်ရုံမှာတေ‌ွ့ရာကနေ ချစ်သူတွေဖြစ်လာပြီး သူ့အတွက် ပျော်စရာအဆုံးသတ်တစ်ခုဖြစ်လာမယ်ထင်ထားခဲ့တယ် ဒါပေမယ့် ကားအက်စီးဒင့်‌ေကြာင့် စကိုင်လာဟာသေဆုံးခဲ့ပြီး တက်စ်ဆာလည်း မသေရုံတမယ်အသက်ရှင်ခဲ့ပါတယ် ... နောက်ပိုင်းမှာ စကိုင်လာရဲ့ ဝိဉာည် ‌ပေါ်လာကာ တက်စ်ဆာကို တမလွန်က ဆက်သွယ်လာပြီး မပြီးပြတ်ခဲ့တဲ့ အရာ...မပြောဖြစ်ခဲ့တဲ့စကားတေ‌ွကို In-Between ဆိုတဲ့ ဝိဉာည်လောက ကနေ ဆက်သွယ်ပြောဆိုလာခဲ့တဲ့အခါမှာတော့...... သဘာ၀လွန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဘယ်လိုအဆုံးသတ်သွားမလဲ ကိုယ်တိုင်ပဲခံစားလိုက်ကြည့်လိုက်ပါ. အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance, Sci-fi Quality….WEB-DL 1080p and 720p File size…1.6GB, 834MB, 278MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....Thiha Yan Naing Encoder ..... August

Action • Fantasy
7.4 2022 116 mins
The In Between
Skyline

ဒီကားလေးကတော့ Survival ကားမျိုးလေးပါ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမှာက ဒီကမ္ဘာပေါ်က သားရဲတွေ ဇွန်ဘီတွေမဟုတ်ဘဲ အဲ့တာတွေထပ်ပိုဆိုးတဲ့ အခြားကမ္ဘာက ဂြိုဟ်ကောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်လို့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ် ဇာတ်လမ်းလေးကတော့ ဂျယ်ရော့ဒ်နဲ့အယ်လိန်းတို့ချစ်သူနှစ်ဦးဟာ ဂျယ်ရော့ဒ်ရဲ့သူငယ်ချင်းဖြစ်သူ တယ်ရီရဲ့မွေးနေ့ပွဲကိုတက်ရောက်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကိုလာခဲ့ကြပါတယ် ကံဆိုးစွာနဲ့ပဲ အဲ့ညမှာ ထူးဆန်းတဲ့အလင်းတွေကြောင့် ဂျယ်ရော့ဒ်တို့နိုးသွားကြပြီး ထကြည့်ကြတဲ့အခါ အဲ့အလင်းကိုမြင်တဲ့သူတွေတိုင်းဟာ စိတ်လွတ်ပြီး အဲ့အလင်းထုတ်တဲ့သတ္တဝါကြီးတွေရဲ့ထိန်းချုပ်မှုကိုခံလိုက်ရတယ်ဆိုတာ သိလိုက်ကြတယ် ထိုအလင်းကြီးကိုမမြင်မိဖို့ ပြတင်းပေါက်တွေကို အိပ်ရာခင်းတွေနဲ့ကာကြရတယ် အပြင်ကိုလည်းထွက်လို့မရဘဲ အဲ့တိုက်မှာပဲ ဂျယ်ရော့ဒ်တို့လူတစ်စုပိတ်မိနေတော့တယ် နောက်တော့ ပိုဆိုးလာပြီး အဲ့ဂြိုဟ်သားတွေဟာ ပြတင်းပေါက်တွေကိုပါဖွင့်ပြီးဝင်လာကြတဲ့အခါ သူတို့ဘယ်လိုလွတ်မြောက်အောင်ကြိုးစားရမလဲဆိုတာ စိတ်လှုပ်ရှားစရာကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.5 GB)/(840 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Adventure, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2010
Skyline
[18+] Salitan
6.5

Salitan (2024) အန်နီက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ရဲ့ဇနီးဖြစ်ပြီး သူ့ရဲ့နေ့တာတွေကို သူ့ခင်ပွန်းနဲ့လက်ထောက်ကောင်မလေးကို သံသယဝင်ပြီး ကုန်ဆုံးလေ့ရှိပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရဲ့ ဘာလီခရီးစဉ်မှာ အဲဒီလက်ထောက်မိန်းကလေးကိုပါခေါ်သွားမှာဖြစ်တဲ့အတွက် သံသယတွေဝင်ပြိး သူကိုယ်တိုင်နောက်ကလိုက်ချောင်းပါတော့တယ်။ ဒါပေမဲ့လည်း ခရီးစဉ်မှာတွေ့ခဲ့တဲ့ သူစိမ်းလူချောတစ်ယောက်ကြောင့် ဖောက်ပြန်မှုကိုလိုက်စုံစမ်းတဲ့ သူကိုယ်တိုင်က ဖောက်ပြန်သူဘ၀ကျရောက်သွားတဲ့အခါမှာတော့… ရှေ့နေ အယ်လ်ဘတ်၊ လက်ထောက်ကောင်မလေး ခရစ်စတီ၊ အယ်လ်ဘတ်ရဲ့ဇနီး အန်နီနဲ့ သူနဲ့ဖောက်ပြန်မိသူ သူစိမ်း အယ်လ်မာတို့ကြား လေးပွင့်ဆိုင်ဇာတ်ရှုပ်တစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ မင်းသမီးသစ်လေး Vern Kaye နဲ့ မသစ်တသစ်လေး Angelica Hart တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 1GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 45Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Mystery • Thriller
6.5 2024 105 mins
[18+] Salitan
Lolo and the Kid

အဖွင့်မှာတော့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ အစပြုထားပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ဆွဲခေါ်သွားမယ် သံယောဇဉ်တွေ မေတ္တာတွေအကြောင်း လှလှပပဖော်ပြသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ သူတစ်ပါးကို လိမ်လည်လှည့်ဖြားရင်း အသက်မွေးကြတဲ့ မြေးအဘိုးနှစ်ယောက် ဘယ်လိုတွေဉာဏ်ဆင်ကြမလဲ။ လမ်းဘေးမှာနေရပေမယ့် မြေးဖြစ်သူက လိမ္မာယဉ်ကျေးကာ လူရမ်းကားမဖြစ်စေလိုတဲ့ အဘိုးတစ်ယောက်ရဲ့ဆန္ဒ ၊ဘဝအကြောင်းမလှသော်လည်း မြေးဖြစ်သူအားမငယ်အောင် မိမိတို့ဘဝကို ကြံဖန်ဂုဏ်ယူပြောတတ်သော အဘိုးတစ်ယောက်ရဲ့မေတ္တာ အဆုံးသတ်မှာ မြေးလေးကောင်းစားဖို့ အဘိုးတစ်ယောက်ရဲ့ အနစ်နာခံပုံတို့ကို ရင်နင့်အောင်ခံစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2024
Lolo and the Kid
Hellboy: The Crooked Man

အခု အသစ်ထွက်တဲ့ ဟဲလ်ဘွိုင်းရုပ်ရှင်ကတော့ ပထမဆုံး နှစ်ကားရဲ့အဆက်မဟုတ်သလို ၂၀၁၉ ရဲ့ အဆက်လည်းမဟုတ်ဘဲ reboot ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၅၀ ကို အခြေခံထားတဲ့ သဘာဝလွန်ဟော်ရာ စူပါဟီးရိုး ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ ဟဲလ်ဘွိုင်းအဖြစ် Jack Kesy က သရုပ်ဆောင်ထားပြီး Crank ရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Brian Taylor က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၅၀ ဝန်းကျင်မှာ ဟဲလ်ဘွိုင်း နဲ့ B.P.R.D ( ပရလောက သုတေသန နဲ့ ကာကွယ်ရေး ဗြူရို) ရဲ့ သုတေသန သမား ဘော်ဘီဂျို တို့ဟာ Appalachian Mountains တောင်တန်းတွေဘက်ကို တာဝန်တစ်ခုနဲ့ထွက်လာရင်း စုန်းတွေချည်းပဲ လွှမ်းမိုးနေတဲ့ နယ်တစ်ခုထဲကိုရောက်သွားပါတယ်။ အဲဒီနယ်ထဲကို ပြန်လာတဲ့၊ စုန်းဘဝကနေ ထွက်ပြေးရင်း ဒုက္ခရောက်နေတဲ့လူတစ်ယောက်ကိုကူညီရင်း စုန်းတွေကို လိုက်ပြီး ဝိညာဉ်နုတ်သိမ်းနေတဲ့ စေတန်ရဲ့ လက်ပါးစေ လူကောက်ကွေးကြီးဆိုတဲ့ မိစ္ဆာနဲ့ ရင်ဆိုင်ရပါတော့တယ်။ စူပါဟီးရိုးအက်ရှင်ထက် ဟော်ရာနဲ့ အခြောက်အလှန့်ဘက်ကို များများ အသားပေးထားတာမို့ ဟော်ရာကြိုက်တဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ရုပ်ရှင်တစ်ခုပါပဲ။ File size… (2.8GB) /(1.4 GB)/(707 MB) Quality….Webrip 4K HEVC /1080p / 720p Format…mp4 Duration….01:48:00 Genre… Action, Adventure, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet, Ka Naung Translated by Mr. Anderson

Comedy • Fantasy
0 2024
Hellboy: The Crooked Man
Two Days, One Night Deux jours, une nuit
7.3

Two Days, One Night (Aka) Deux jours, une nuit (2014) IMDb Rating (7.3) Allied , Inception, Taxi စတဲ့ရုပ်ရှင်တွေနဲ့နာမည်ကြီးတဲ့ ပြင်သစ်မင်းသမီး Marion Cotillard ရဲ့ Rating မြင့်တဲ့ ဒရမ်မာရုပ်ရှင်ကားပါ။ ဇာတ်လမ်းကတော့… ဆန်ဒရာဆိုတဲ့ အမျိုးသမီးဟာ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီကနေ အလုပ်ပြုတ်တော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါဟာလဲ စိတ်ဓာတ်မကောင်းတဲ့ အလုပ်သမားခေါင်းဆောင်ရဲ့ လုပ်ကြံမှုကြောင့်တစ်စိတ်တစ်ပိုင်းပါနေပါတယ်။ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲမပေးရင် သူတို့အလုပ်ထွက်ရမယ်ဆိုပြီး ကျန်တဲ့အလုပ်သမားတွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် အားလုံးဟာ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲပေးခဲ့ခြင်းပါ။ ကံကောင်းစွာနဲ့ ဆန်ဒရာဟာ သူတို့ရဲ့ သူဌေးရဲ့ ခွင့်ပြုချက်နဲ့ လျှို့ဝှက်မဲပေးစနစ်ကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ သူ့အလုပ်မထွက်ရစေဖို့ သူ့ဘက်ကမဲမေးဖို့ ကျန်တဲ့သူ တွေကို သူလိုက်ပြီး အကူအညီတောင်းရပါတော့တယ်။ အလုပ်သမားအများစုက သူ့အတွက် မဲပေးခဲ့ရင် ဆန်ဒရာဟာ အလုပ်ထွက်စရာမလိုတော့ပါဘူး။ သို့ပေမယ့် ဒီအတွက် အကူညီလိုက်တောင်းဖို့ရာ ဆန်ဒရာမှာ နှစ်ရက်နဲ့တစ်ညသာ အချိန်ရှိပါတော့တယ် …… နှစ်ရက်နဲ့တစ်ညအတွင်းမှာ လုံလောက်တဲ့မဲအရေအတွက်ရဖို့ သူစည်းရုံးနိုင်ပါ့မလားဆိုတာ…။

Comedy • Action • Fantasy
7.3 2014 95 mins
Two Days, One Night Deux jours, une nuit