YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

24 (2001) S04E17 1080p.(CM).mp4

1.14 GB N/A video/mp4 24 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
In the Shadow of the Naga
6.5

ပန် ပေါ် စင်ဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ငွေသယ်ဆောင်လာတဲ့ကားကို ဓားပြတိုက်ခဲ့ပြီး ရဲတွေလိုက်ဖမ်းတာခံရလို့ ပေါ်ဟာငွေအိတ်ယူသွားပြီး ပါလွမ့်ဘုန်းကြီးကျောင်းမှာဖွက်ထားခဲ့ပါတယ် ပေါ်နဲ့ပန်ဟာ မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးချင်လို့ စင်နဲ့ပေါင်းပြီးဓားပြတိုက်ဖို့ဆုံးဖြတ်ခဲ့တာပါ ဒါပေမယ့် ဘုန်းကြီးကျောင်းကိုပြန်လာတဲ့အချိန်မှာတော့ ပေါ်ငွေအိတ်ဖွက်ထားတဲ့နေရာမှာ ကျောင်းတော်ကြီးဆောက်ထားပါတယ် ဒါနဲ့ပဲ ဘုန်းကြီးကျောင်းမှာငွေအိတ်ရှာဖို့အတွက် နေနိုင်တဲ့တနည်းကတော့ ဘုန်းကြီးဝတ်တာပါပဲ ဘုန်းကြီးအတုအနေနဲ့ဘုန်းကြီးကျောင်းမှာနေနိုင်ဖို့ စင်ဟာ ဆရာတော်ချင့်ကို သူနဲ့ပန်ကိုဘုန်းကြီးဝတ်ပေးဖို့ဖိအားပေးပါတော့တယ် ဒီလိုနဲ့ပဲ စင်နဲ့ပန်ဟာဘုန်းကြီးအတုတွေလုပ်ပြီး ငွေအိတ်ကိုရှာနေခဲ့ပါတယ် ငွေအိတ်ကိုရှာနိုင်ပါ့မလား ရဲတွေရော သူတို့ကိုဖမ်းနိုင်မလား ပေါ်နဲ့ပန်ရော မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးနိုင်မလားဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်ပါနော် ? File Size__(1.6GB) Quality__1080p IMDb Rating__6.8/10 Format__mp4 Duration__01:32:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Action • Adventure
6.5 2008 92 mins
In the Shadow of the Naga
X
6.8

~ IMDb Rating - 7.2/10, Rotten Tomatoes - 96% ~ Horror Thriller တွေမှာ Robert Eggers တို့ Peele တို့ Ari Aster တို့နဲ့တွဲပြီး မာစတာပိစ်တွေ မနည်းဖန်တီးခဲ့တဲ့ A24 က ဒီနှစ်ရဲ့အကောင်းဆုံး Horror ကားလို့ ပြောနေကြတဲ့ X ကို Ti West နဲ့တွဲပြီး ဖန်တီးလိုက်ပါတယ်။ X ဟာ A24 Fan တွေကြားမှာရော Horror ကား ဖန်တွေကြားမှာပါ ဒီနှစ်ရဲ့ အကောင်းဆုံး Horror ကားအဖြစ် နာမည်ကျော်နေပါတယ်။ Personal Rating 10 out of 10 ပေးနေကြတာတွေလည်း မနည်းပါဘူး။ သူ့စာအုပ် The Shining ကို ရုပ်ရှင်အနုပညာရဲ့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ စတန်လေကူးဘရစ်ရိုက်တာကိုပါ ဖောင်းထုခဲ့တဲ့ စတီဖင်ကင်းတောင် X ကို မာစတာပိစ်ရုပ်ရှင်ဆိုပြီး ထောပနာပြုထားပါတယ်။ Horror Thriller မာစတာပိစ်တွေ မွေးထုတ်နေကျ ကင်းကြီးတောင် မာစတာပိစ်လို့ ချီးကျူးခံထားရတဲ့ကားဆိုတော့ Horror ကားတွေထဲက ရှားရှားပါးပါး ရွှေကားတစ်ကားပါပဲ။ စီနီမာတိုကလည်း Texas Chainsaw Massacre 1974 အငွေ့အသက်အပြည့်နဲ့ဆိုတော့ ရှေးကမာစတာပိစ်တွေကို Nostalgia ဖြစ်စေမယ့် ကားကောင်းဆိုလည်းမမှားပါဘူး။ Female Characterတွေကို Ti West ရိုက်ပြထားတဲ့ ပုံစံကလည်း ဆွဲဆောင်မှုအပြည့်နဲ့ လက်ဖျားခါလောက်စရာပါပဲ။ လက်ရှိအောင်မြင်မှုအပြည့်ရ ရေပန်းစားနေတဲ့ X ဟာ Pearl ဆိုပြီး Prequel တစ်ကားလည်း ထွက်ဦးမှာပါ။ ဒီနှစ်ထဲထွက်သမျှကားတွေထဲမှာ Rating လည်းကောင်းပြီး တကယ်လည်းမိုက်တဲ့ကားအနည်းစုထဲကတစ်ကားပါပဲ။ အထူးသဖြင့် ထိတ်လန့်သည်းဖို Thriller ကားကောင်းတွေငတ်နေတဲ့ပရိသတ်အတွက်တော့ အိုအေစစ်လို့ပဲဆိုရမှာပါ။ ဇာတ်အိမ်ကိုတော့ 1970 ခုနှစ် အမေရိကန်နိုင်ငံရဲ့ ရှေးရိုးစွဲနဲ့ခေတ်သစ်အတွေးအခေါ်တော်လှန်ရေးတွေစတင်နေတဲ့ကာလတစ်ခုကိုအခြေတည်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ သရုပ်ဆောင်ကောင်းတွေ ကင်မရာသမားကောင်းတွေရှိပေမယ့် နာမည်သိပ်မရသေးတဲ့ အပြာကားထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ဟာ ဒီတစ်ခါတော့ပေါက်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ဖန်တီးပြီး ရိုက်ကူးရေးစဖို့ ကျေးလက်ဒေသတစ်ခုကအိမ်တစ်အိမ်ကိုငှားရမ်းလိုက်ပါတယ်။ အစပိုင်းမှာတော့အစစအရာရာ အဆင်ပြေချောမွေ့နေပေမယ့် ဒီလိုရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူသူကင်းမဲ့နေတဲ့ကျေးလက်ကအိမ်ကြီးတစ်လုံးကိုရောက်နေတဲ့လူတစ်စုက အေးအေးချမ်းချမ်းနဲ့လုပ်စရာရှိတာလုပ်ပြီး ပြန်သွားတယ်ဆိုတာမျိုးမဟုတ်မှာတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အဓိကဇာတ်ကောင်တွေကိုက အပြာကားရိုက်ကူးရေးအဖွဲ့ဆိုတော့ အရှင်းကြီးဖော်ချွတ်တာမျိုးတွေနဲ့ 18+ ဇာတ်ဝင်ခန်းတွေဖောဖောသီသီပါဝင်တဲ့အပြင် သွေးထွက်သံယိုအခန်းတွေကလည်းသာမန်ထက်ကြမ်းတဲ့အတွက် အသည်းငယ်တဲ့သူတွေ၊ မိသားစုနဲ့ကြည့်ရှုမယ့်သူတွေအတွက်မသင့်တော်ပါဘူး။ ခင်ဗျားဟာ Horror ကားတွေကို ကြိုက်တဲ့သူပဲဖြစ်ဖြစ်၊ A24 ကားတွေကို ကြိုက်တဲ့သူပဲဖြစ်ဖြစ် X ဟာ မကြည့်လို့ မဖြစ်တဲ့ကားပါပဲ။ လူတိုင်းက မာစတာပိစ်ပါလို့ ချီးကျူးကြတဲ့ ဟော်ရာကားဆိုတာ ရှားပါတယ်။ စတီဖင်ကင်းပါ ချီးကျူးခံရတဲ့ ဟော်ရာကားဆို ပိုရှားသပေါ့။ သေချာတာတော့ X ကိုမကြည့်ရင် ခင်ဗျား သေချာတာတော့ Horror ဖန်ရော A24 ဖန်ရော ဖြစ်ရကျိုးမနပ်သေးပါဘူး။ (ဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo နဲ့ Min Khant Bo တို့မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 610MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo & Min Khant Bo Encoded by Y

Horror
6.8 2022 106 mins
X
Star Wars: The Last Jedi
6.8

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်- Star Wars IV : A New Hope 1977 ဒေါင်းရန် Link Star Wars V  : The Empire Strikes back 1980 ဒေါင်းရန် Link Star Wars VI  :  Return Of The Jedi 1983 ဒေါင်းရန် Link Star Wars I  : The Phantom Menace 1999 ဒေါင်းရန် Link Star Wars II  :  Attack of the Clones 2002 ဒေါင်းရန် Link Star Wars III  :  Revenge of the Sith 2005 ဒေါင်းရန် Link Star Wars VII  :  The Force Awakens 2015 ဒေါင်းရန် Link Rogue One : A Star Wars Story 2016 ဒေါင်းရန် Link  ဆိုပြီးတော့ ကြည့်ကြရမှာဖြစ်ပါတယ် အခုနောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်လမ်းလေးကတော့ StarWars VIII ဖြစ်ပြီး ၉ ကားမြောက် ရုပ်ရှင်လည်းဖြစ်ပါတယ်။ The Force Awakens ကနေ ဆက်ထားတာပါ။ နောက်ဆုံးသော ဂျဒိုင်းဖြစ်တဲ့ လုခ်စကိုင်းဝေါ်ကာကို သွားပြီးတွေ့ဆုံတဲ့ Rey, ဖါ့စ်အော်ဒါ ကို ဆက်တော်လှန်နေတဲ့ လေယာ၊ ပိုး၊ ဖင်းန် တို့ရဲ့ စွန့်စားခန်းတွေ လာပါတော့မယ်။ စနုတ်နဲ့ ကိုင်လိုရမ်တို့ကရော ဘယ်လိုတန်ပြန်လာမလဲပေါ့။ ဒီကားမှာ A New Hope, Empire strikes back နဲ့ Return of the jedi ထဲက အခိုက်အတန့်တွေကို ပြန်သတိရမိစေမယ့် အခန်းတွေပါလာပါလိမ့်မယ်။ အစဉ်လိုက်ကြည့်ချင်ရင်တော့ Star Wars 451236 rogue one 7 8 ဆိုပြီးကြည့်ဖို့ အကြံပေးချင်ပါတယ်။ အခု ထပ်မံပြီးတော့ Star war ရဲ့ အဌမမြောက်ကားဖြစ်တဲ့ The Last Jedi ကိုလဲမြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ် File Size : (1.3 GB) and (555 MB) Quality : Blu-Ray 720p Running Time : 2hr 32min Format : Mp4 Genre :Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Little Neo Encoded by Thanhtike Zaw

Action • Comedy • Romance
6.8 2017 152 mins
Star Wars: The Last Jedi
The Drop
5

သမီးရည်းစားလင်မယားတွေအနေနဲ့ လက်ထပ်ကြမယ် ဒါမှမဟုတ် လက်ထပ်ပြီးခဲ့ပြီရှိသော် နောက်ထပ်တက်လှမ်းရမယ့် အဆင့်တွေထဲက တစ်ခုကတော့ သားသမီးထွန်းကားရေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ခေါင်းစဉ် Drop ဆိုတဲ့အတိုင်း မန်နီနဲ့ လက်စီတို့ လင်မယားဟာ ကျွန်းပေါ်မှာ ကျင်းပမယ့် သုငယ်ချင်း မင်္ဂလာဆောင်ကို လာကြရင်း မယားဖြစ်သူ လက်စီက သူများကလေးကို ပွေ့ချီထားရင်း လွတ်ကျမိတာကနေ ဇာတ်လမ်းကို အခြေတည်ထားပါတယ်။ ဇနီးဖြစ်သူရဲ့ ကလေးတစ်ယောက်ကို လက်လွတ်စပယ်လွတ်ကျမှုဟာ မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါရဲ့လားဆိုတာကနေ ဇာတ်လမ်းကို ဆွဲခေါ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီကားကို လင်မယားတွေ သမီးရည်းစားတွေအနေနဲ့ သင်ခန်းစာလည်းရ အပန်းလည်းပြေအောင် ကြည်သင့်တယ်လို့ အကြံပြုပါရစေ File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:30:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2022
The Drop
Allelujah
5.9

Allelujah (2022) ============ IMDb Rating – 5.9/10 လူရယ်လိုဖြစ်လာရင် သေခြင်းတရားနဲ့အိုမင်းခြင်းကိုရင်ဆိုင်ရမှာက မလွဲဧကန်ပါပဲ လူအိုချင်းတူနေရင်တောင်မှ ကိုယ်ရဲ့သားသမီး၊ မြေး မြစ်တွေနဲ့ ပျော်ရွှင်စွာနေထိုင်ရတဲ့သူတွေရှိသလို တစ်ကိုယ်တည်း အထီးကျန်စွာရှင်သန်နေရတဲ့သူတွေလည်း ရှိပါတယ်။ အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ လောကဓံကိုတစ်ကိုယ်တည်းရင်ဆိုင်နေတာထက် ဘေးလူတွေရဲ့အကူအညီကလည်း အထောက်အကူဖြစ်စေနိုင်ပါ တယ်။ ဒီဇာတ်လမ်းမှာ သက်ကြီးစောင့်ရှောက်ရေးဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ သက်ကြီးဘိုးဘွားတိုရဲ့အပေးအယူမျှမှုကို အလှပဆုံး ဖြစ်အောင်ရိုက်ပြထားပါတယ်။ သားသမီးရှိသည်ဖြစ်စေ မရှိသည်ဖြစ် စေ အထီးကျန်စွာဖြတ်သန်းနေရတဲ့သူတွေကို ဒေါက်တာဗယ်လင်တိုင်း နဲ့စစ်စတာဂဲလ်တွေက ဘယ်လိုစိတ်မျိုးထားပြီး ကူညီ စောင့် ရှောက် ပေးလဲ၊ ဒီကြားထဲ ဆေးရုံနဲ့ပတ်သက်တဲ့အရှုပ်အရှင်းတွေကလည်း ပေါ်လာတဲ့အခါမှာတော့ . . . ဒီဇာတ်ကားလေးဟာကြည့်ရှူသူတွေအတွက် အသိပညာတစ်ခုခု ရသွားစေမယ့်ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.28 GB) / (478 MB) / (264 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….ZWT Encoder……….SWM

Animation • Fantasy • Adventure • Family
5.9 2022 99 mins
Allelujah
Mary Cherry Chua
6.9

Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023) IMDb – 6.3/10 ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မ တရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့ လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ ကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်.. တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ် ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင် အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲ တစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ် ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ် ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ.. အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလား နောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့… ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~KKKZ တို့ပဲဖြစ်ပါတယ်

TV Movie • Thriller
6.9 2023
Mary Cherry Chua
A Royal Recipe for Love
6

A royal recipe for love (2023) A Christmas Masquerade ကားထဲက ခေါင်းဆောင်မင်းသားဖြစ်တဲ့ David Lafotaine ဦးဆောင်ပါဝင်ထားတဲ့ Rom-Com ကားလေးတစ်ကားကို ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးပါရစေ CM ပရိသတ်ကြီးတို့ ဇာတ်လမ်းပေါင်းစုံ အမျိုးအစားပေါင်းစုံကို ကြိုက်နှစ်သက်သလို ခုလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ မိသားစုစုံညီ ပိတ်ရက်လေးမှာ ကြည့်လို့ရမယ့်ဇာတ်ကားလေးတွေလည်း တခါတလေကြည့်ချင်မှာပါပဲ ငယ်ဘဝမှာ တီဗီကလာတဲ့ဇာတ်လမ်းမျိုးကြည့်ရတဲ့ အရသာပေါ့…. ခုဇာတ်လမ်းလေးကတော့ တော်ဝင်မင်းသားလေး အိုလီဗာက အချက်အပြုတ်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ မုန့်ဖုတ်ဆရာမလေး အမ်မာနဲ့ စူပါးမားကတ်တစ်ခုမှာ ဆုံခဲ့ပါတယ် ဟင်းချက်တာကိုပဲ ဝါသနာပါပြီး ဟိတ်ဟန်နဲ့မနေချင်တဲ့ အိုလီဗာနဲ့ မုန့်ဖုတ်လက်ရာကောင်းပြီး မအောင်မြင်သေးပေမဲ့ စိတ်ထားကောင်းတဲ့ အမ်မာလေးတို့ဟာ မင်းသားအိုလီဗာရဲ့ မိဘတွေနှစ်ပတ်လည်မှာ အစားအသောက်တာဝန်ယူချက်ပြုတ်ဖို့ အိုလီဗာရဲ့ညီမ မင်းသမီး အဲလက်ဇန်ဒရာကဖိတ်ခေါ်လိုက်တဲ့အခါမှာ Rom com တို့ရဲ့ဇာတ်လမ်းသွားလေးအတိုင်းပဲ ဟာသလေးတွေ ကြည်နူးစရာလေးတွေ ပေါ့ပေါ့ပါးပါးဒိုင်ယာလော့ခ်လေးတွေနဲ့ မေတ္တာတရားကို ပုံဖော်သွားမှာဖြစ်လို့ မိသားစုနဲ့အတူ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ် Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.3GB | 656MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

6 2023
A Royal Recipe for Love
The Last Family
7.4

ဒီတစ်ခါ ဖြစ်ရပ်မှန်အပေါ်ပြန်လည်အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ပိုလန် ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ ဇဂျီစွာဗ် ဘက်စင်စကီဟာ သူ့ရဲ့ စိတ္တဇဆန်ဆန် အိပ်မက်ဆန်ဆန် ပန်းချီကားတွေကြောင့် နာမည်ကျော်ကြားခဲ့သူတစ်ဦးပါ။ ပန်းချီဝါသနာပါသူတွေနဲ့ ပန်းချီကားတွေအကြောင်း လေ့လာရတာသဘောကျသူတွေကတော့ သူ့လက်ရာပန်းချီကားတွေကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဇဂျီစွာဗ်ရဲ့ပန်းချီကားတွေဟာ ခေတ်သစ် အနုပညာလက်ရာတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ပြောရင်လည်း မှားမယ်မထင်ဘူးဗျ။ Horrorဆရာတစ်ဆူဖြစ်တဲ့ Guillermo del Toroကလည်း သူ့ရဲ့ပရိတ်သတ်တစ်ဦးဖြစ်တယ်လို့ ပြောဖူးပါသေးတယ်။ ဒါကြောင့်မို့လို့လည်း သူတို့ရဲ့ဖန်တီးမှုတွေဟာ ပဟေဠိဆန်ပြီး ခြောက်ခြားဖို့ကောင်းနေတာလို့ ထင်တယ်ဗျ။ ဒီရုပ်ရှင်ကတော့ ဇဂျီစွာဗ် ဘက်စင်စကီရဲ့ ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဇဂျီစွာဗ် ဘတ်စင်စကီရဲ့ ဘဝဟာလည်း သူဆွဲခဲ့တဲ့ ပန်းချီကားတွေလိုပဲ ရှုပ်ထွေးပြီး ထူးဆန်းပါတယ်။ သူ့မှာ ဇိုရှာလို့ခေါ်တဲ့ မိန်းမတစ်ယောက်ရှိပြီး တောမက် ဘက်စင်စကီဆိုတဲ့ သားတစ်ယောက်လည်း ရှိပါသေးတယ်။ တောမက်ကတော့ ပြဿနာခဏခဏရှာတတ်တဲ့ စိတ်ဝေဒနာသည်လေးတစ်ဦးလို့ပဲ ပြောရမယ်ဗျ၊ ဒါပေမယ့် သူကလည်း ရုပ်ရှင်ဘာသာပြန်နဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ဦး ဖြစ်ခဲ့ပြန်ပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီမိသားစုဝင်တွေရဲ့ သေဆုံးပုံတွေကလည်း တစ်မျိုးစီ ထူးခြားပြီး စဉ်းစားစရာဖြစ်နေတာပါပဲ။ ဒီလိုအဖြစ်ဆိုးတွေကပဲ ဇဂျီစွာဗ်ရဲ့ ပန်းချီတွေကို ခြောက်ခြားဖို့ကောင်းစေခဲ့တာလား၊ ပန်းချီကားတွေရဲ့ အဓိပ္ပာယ်ကရော ဘာလဲ စတာတွေက အဖြေရှာရခက်တဲ့ မေးခွန်းတွေပါ။ ဒီလိုထူးဆန်းတဲ့ပန်းချီတွေကိုဆွဲခဲ့တဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ ဘဝအကြောင်းကို နားလည်ချင်ရင်တော့ ဒီရုပ်ရှင်ကိုသာကြည့်လိုက်ပါဗျ။ ရိုက်ကူးထားသူကလည်း ပိုလန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jan P. Matuszyńskiဖြစ်ပါတယ်။ Ratingရလဒ်ကောင်းတွေလည်း ရရှိထားတာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ညွှန်းချင်ပါတယ်ဗျာ။ File size… 1.5 GB / 750 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato

7.4 2016
The Last Family
The Bridge of San Luis Rey
6

စပိန်စုံစမ်းစစ်ဆေးမှုအတွင်း ဖရန်စစ်စကန်ဘုန်းတော်ကြီး ညီအစ်ကို ဂျူနီပါ (Gabriel Byrne) က ပီရူးနိုင်ငံ၊ လီမာမြို့ရှိ တံတားပြိုကျမှုကို မျက်မြင်တွေ့ရှိခဲ့ပြီး လူငါးဦးကို သေစေနိုင်ရန် ဘုရားသခင် အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို အံ့ဩစရာဖြစ်ခဲ့တယ် ပီရူးနိုင်ငံရဲ့ ဧကရာဇ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး (Robert De Niro) ဦးဆောင်သည့် ခုံရုံးတွင် ဘုန်းတော်ကြီးက သူမရဲ့သမီး (Émilie Dequenne) နှင့် ချောမောလှပသော သခင်မ (Pilar López de Ayala) တို့ ငြင်းပယ်ခံရသော မာကီဆာ (Kathy Bates) အပါအဝင် အဖြစ်ဆိုးရဲ့ သားကောင်များအကြောင်း တွေကို ဖော်ပပေးထားတာပါ File size_(3GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Drama, History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

6 2004 120 mins
The Bridge of San Luis Rey
Taste of Freedom
6.6

ဒီကားလေးကတော့ ၂၀၂၃ ကထွက်ရှိခဲ့တဲ့အပြင်မှာတကယ်ရှိတဲ့ ယူကရိန်းဟင်းချက်စာအုပ်ကိုအခြေခံထားတဲ့ Comedy/Romance ရုပ်ရှင်‌လေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အဆင့်မြင့်တဲ့စားသောက်ဆိုင်တစ်ခုမှာစာဖိုမှူးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ကသူ့ဇာတိရွာသေးသေးလေးကနေထွက်ပြေးလာရင်နဲ့နာမည်ကျော်စာဖိုမှူး Olga Franko ရဲ့ ၁၉၂၉ကရေးခဲ့တဲ့ဟင်းချက်စာအုပ်ကိုရှာတွေ့သွားတာကနေစပြီးတော့ သူကြုံ‌တွေ့လာရတဲ့အခက်အခဲတွေသူ့ဘဝပြောင်းလဲသွားပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရူရမယ့်စာဖိုမှူးရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.7 GB)/(925 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:57:00 Genre… Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

6.6 2023 116 mins
Taste of Freedom
Aku Jati, Aku Asperger
7.8

Aku Jati, Aku Asperger (2024) IMDb Rating (7.8) ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ကောင် Jati ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေးက သူ့မှာ အခြားသူတွေနဲ့ ဆက်ဆံရေးခက်ခဲတဲ့ Asperger’s syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိတယ်။ အဲဒီရောဂါကြောင့် Jati က နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ၊ အချိန်ဇယားတွေကို အလွန်အမင်းအားကိုးပြီး သူ့ရဲ့အချိန်ဇယားတွေ ပျက်သွားရင် စိတ်မထိန်းနိုင်ဖြစ်တတ်တယ်။ Jati က သူ့အစ်ကို Daru နဲ့ Daru ရဲ့ချစ်သူ Kiara နဲ့ တစ်အိမ်တည်းမှာ အတူနေတယ်။ ဒါပေမဲ့ Daru နဲ့ Kiara ပြတ်သွားပြီး Kiara အိမ်ပေါ်ကနေ ဆင်းသွားပြီးနောက်မှာတော့ Jati ရဲ့ နေထိုင်မှုပုံစံကလည်း အကုန်ပြောင်းသွားတယ်။ သူ့အတွက် ဒီအပြောင်းအလဲဆိုတာက လက်မခံနိုင်တဲ့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတော့ Jati တစ်ယောက် သူ့အစ်ကိုအတွက် ချစ်သူအသစ်ရှာပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ ချစ်သူအသစ်ရှာခရီးစဉ် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (760 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:21:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Horror
7.8 2024 88 mins
Aku Jati, Aku Asperger
The Devil’s Bride (aka) Pengantin Setan
5.1

“The Devil’s Bride” (aka) Pengantin Setan (2025) နတ်ဆိုးရဲ့သတို့သမီး Imdb 5.2 အင်ဒိုနီးရှားရဲ့ ထိတ်လန့်ဖွယ်ရာ ဇာတ်လမ်းအိမ်ကနေ နောက်ဆုံးပေါ် ကြောက်မက်ဖွယ်ရာ အတွေ့အကြုံတစ်ခု ပေးစွမ်းဖို့ “The Devil’s Bride” ရုပ်ရှင် ရောက်ရှိလာပါပြီ ဒီရုပ်ရှင်က သာယာခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ နတ်ဆိုးတစ်ပါးရဲ့ ခြောက်လှန့်မှုအကြောင်းကို ရင်တထိတ်ထိတ်ဖြစ်အောင် ပုံဖော်တင်ဆက်ပေးထားပါတယ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေကတော့ အီချာနဲ့ အာရီယယ်ဆိုတဲ့ ဇနီးမောင်နှံပါ သူတို့ရဲ့ အိမ်ထောင်ရေးက အစပိုင်းမှာ ပျော်ရွှင်စရာကောင်းခဲ့ပေမဲ့ မကြာခင်မှာပဲ အက်ကြောင်းထပ်လာခဲ့ပါတယ် အိမ်ထောင်ရေး အဆင်မပြေဖြစ်နေချိန်မှာ အီချာက သူ့ရဲ့အိပ်မက်တွေထဲမှာ ချောမောတဲ့ အမျိုးသားတစ်ဦးနဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါပေမဲ့ အဲဒီအိပ်မက်ထဲက အမျိုးသားက အိမ်ထောင်ရေးတွေကို ဖျက်ဆီးဖို့ ဖြစ်တည်နေတဲ့ နတ်ဆိုးတစ်ပါးရဲ့ အသွင်အပြင်ဖြစ်နေကြောင်း မကြာခင်မှာပဲ ကြောက်မက်ဖွယ်ရာ နည်းလမ်းနဲ့ သိလိုက်ရပါတော့တယ် ဒီနတ်ဆိုးရဲ့ ခြောက်လှန့်မှုတွေက အီချာရဲ့ ဘဝကို ခြိမ်းခြောက်လာရုံသာမက သူတို့အိမ်ထောင်ရေးကိုပါ ပိုပြီးဆိုးရွားလာစေလာလို့ သူတို့နှစ်ဦးက အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာပဲ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များစွာနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာချိန် မှာတော့ နတ်ဆိုးရဲ့ လက်ထဲကနေ သူတို့ ဘယ်လိုလွတ်မြောက်မလဲ သူတို့ရဲ့ အချစ်နဲ့ အိမ်ထောင်ရေးကို ကယ်တင်နိုင်ပါ့မလားဆိုတာကတော့ ပရိသတ်ကို ဇာတ်ကားအဆုံးထိ မျက်တောင်မခတ်တမ်း စောင့်ကြည့်စေမဲ့ အချက်ပါပဲ ဒီကားမှာဆိုရင် အင်ဒိုနီးရှား ရိုးရာပုံပြင်တွေနဲ့ ဘာသာရေးဆိုင်ရာ နတ်ဆိုးနှင်ထုတ်ခြင်း ဇာတ်ဝင်ခန်းတွေက ရုပ်ရှင်ကို ပိုပြီး ထူးခြားတဲ့ ထိတ်လန့်မှုအရသာကို ပေးစွမ်းမှာဖြစ်လို့ ထိတ်လန့်သည်းဖိုရုပ်ရှင်တွေကို နှစ်သက်သူတွေ အင်ဒိုနီးရှား သရဲကားတွေရဲ့ ထူးခြားတဲ့ အရသာကို ခံစားချင်သူတွေအတွက် လက်လွှတ်မခံဘဲ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါလိမ့်မယ် အချစ်နဲ့ နတ်ဆိုးရဲ့ တိုက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် )

5.1 2025 78 mins
The Devil’s Bride (aka) Pengantin Setan
Last Swim
6.4

Last Swim (2025) IMDb Rating (6.4) / Rotten Tomatoes (100%) လန်ဒန်မှာ‌နေတဲ့ အီရန် ဗြိတိသျှ ကပြား ဇီဘာဆိုတဲ့ဆယ်‌ကျော်သက် ကောင်မလေးတစ်‌ယောက်ဟာ သိပ်မကြာခင်မှာ ကင်ဆာရောဂါကို ကုသမှုခံယူရတော့မယ့် တက်သစ်စ လူငယ်တစ်ယောက်ဖြစ်ပြီး အဲ့တာနဲ့ အတူပဲ သူ့ရဲ့ လွတ်လပ်ခွင့်တွေကို ဆုံးရှုံးရ‌တော့မှာပါ။ စိတ်ကူးထားတဲ့ အိပ်မက်တွေအပါအဝင်ပေါ့၊ အသက်အရွယ်ကလည်း ခုမှ လူကြီးဘဝကို စတင်ဝင်ရောက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အသင့်စောင့်ကြိုနေတဲ့ အချိန် ၊ ယခုမှ အမှတ်ကောင်းကောင်းနဲ့ အထက်တန်းပြီးလာတဲ့ ကောင်မလေးတစ်ယောက် ၊ စိတ်ဝင်စားရာ အာကာသ ပညာကို တက္ကသိုလ်ဆက်တက်ကာသင်ကြား လေ့လာ ချင်သူလေး ၊ သူ့ဘဝဟာ မစ ရသေးခင်မှာ အဆုံးသတ်တော့မလို ရောဂါဆိုးဟာ ရက်စက်လှပါပေတယ်။ A လယ်ဗယ် အောင်စာရင်းထွက်မယ့်နေမှာ ဇီဘာဟာ သူ့သူငယ်ချင်းအဖွဲ့နဲ့ လျောက်လည်ကြဖို့ ချိန်းထားကြတာပါ။ အဲ့လိုနဲ့ ရောဂါအခြေနေပိုဆိုးလာတဲ့ ဇီဘာဟာ ၊ကုသမှုမ ခံယူခင်မှာ သူ့ သူငယ်ချင်းတွေနဲ့ အတူတူ ၊သူ့ရဲ့ နောက်ဆုံးကျန်ရှိတဲ့ အချိန်လေးအတွင်းမှာ ဘာတွေဘယ်လို လုပ်ကြမလဲဆိုတာ ၊ လူငယ်တစ်ယောက်နေရာကနေ လိုက်ပါ ခံစားရမယ့်အမျိုးစားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kafka ဖြစ်ပါတယ်။) File size… (1.7 GB) / (990 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:36:27 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Kafka

Comedy • Drama
6.4 2025 96 mins
Last Swim
Little Big Man
7.5

ဂျက်ခ်ခရက်ဘ်ဟာ အသက်အရွယ်အားဖြင့် ၁၂၁ နှစ်ရှိပြီဖြစ်ပြီး လူဖြူ-အင်ဒီးယန်းစစ်ပွဲ လစ်တဲဘစ်ဟွန်းမှာ တစ်ဦးတည်းသောအသက်ရှင်ကျန်ခဲ့တဲ့ လူဖြူအမျိုးသား။ ၁၂၁ နှစ်ထိ ရှင်သန်ဖြတ်သန်းလာခဲ့ရတဲ့ သူ့ဘ၀အကြောင်းကို သူ့အသက် ၁၀ နှစ်သားကနေ စတင်ပြောပြထားပါတယ်။ သူ ၁၀ နှစ်သားအရွယ်မှာ သူတို့တစ်မိသားစုလုံးကို အင်ဒီးယန်းတစ်အုပ်စုကသတ်သွားခဲ့လို့ သူနဲ့ သူ့အစ်မပဲ ကျန်ခဲ့တယ်။ သူတို့ကို နောက်ထပ်အင်ဒီးယန်းတစ်အုပ်စုကခေါ်ယူသွားခဲ့တယ်။ သူ့အစ်မကကြောက်လို့ ထွက‌်ပြေးလွှတ်မြောက်သွားခဲ့ပေမဲ့ ဘာမှန်းမသိဘဲကျန်ခဲ့တဲ့ ဂျက်ခ်ကို အင်ဒီးယန်းတွေက မွေးစားလိုက်တယ်။ သူဟာ သူ့အသက်အရွယ်နဲ့စာရင်သေးငယ်နေပြီး အင်ဒီးယန်းတွေကြားထဲ သေးကွေးနေခဲ့ပဲမဲ့ သူ့ရဲ့ရဲစွမ်းသတ္တိကြောင့် ” Little Big Man” ဆိုတဲ့နာမည်ကိုရသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ သူဟာ လူဖြူတွေကြားထဲပြန်ရောက်သွားခဲ့ပြီး သူ့ဘ၀ကိုပြန်စရပါတော့။ ဂျက်ခ်ခရက်ဘ်ရဲ့ဘ၀တစ်သက်တာ ဖြတ်သန်းရပုံက တကယ့်ကိုစိတ်၀င်စားစရာပဲမို့လို့ ပရိသတ်ကြီးတို့ လက်လွှတ်မခံဘဲ ခံစားကြည့်ရှုသင့်ကြောင်း‌ပါ…..။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:19:00 Genre… Adventure, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Comedy • Romance
7.5 1970 139 mins
Little Big Man