YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

2 Weeks.2013.EP8.WEB-DL720P.PP.mp4

611.36 MB N/A video/mp4 1201 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kudimahaan
7

Kudimahaan(2023) IMDb-9.7/10 အရက်သစ္စာ အရက်မေတ္တာတွေ အရက်နဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မာကြောင်းတွေက အရက်တစ်ပိုင်းနဲ့ ကူဖိုက်ပေးဖို့ဝန်မလေးတဲ့အကြောင်းတွေ အရက်နဲ့ရင်းရင်ဘတ်ချင်းနီးတဲ့ ဘော်ဒါအချင်းချင်းမှသိကြတာမဟုတ်လား ဒီကားထဲမှာတော့ မင်းသားကစစချင်း မသောက်မစားတဲ့ ဘဏ်ဝန်ထမ်း လူရိုးသား တစ်နေ့ အဖေဖြစ်သူကိုဆေးရုံလိုက်ပို့ရင်း ဆေးရုံက ကော်ဖီကိုမှာသောက်လိုက်မိတယ်။ သူ့နဲ့ဘာဓာတ်မတည့်ဖြစ်သွားမှန်းမသိ အရက်သောက်လိုက်မိသလိုကို မျက်စိထဲ တကယ်မရှိတာတွေမြင်လာပြီး အမူးသမားလုံးလုံးဖြစ်သွားလေရဲ့။ ဒီလိုနဲ့ လုံးဝအသိစိတ်လွတ်နေတဲ့လူလို ဆေးရုံမှာပတ်ပွဲကြမ်းရင်း လူတွေဝိုင်းဆွဲကြနဲ့ ပွက်လောရိုက်သွားပါ‌လေရော နောက်ထပ်လည်း မိတ်ဆွေတစ်ယောက်ရဲ့ပွဲမှာ အရက်ထည့်ထားတဲ့ အအေးကိုသောက်မိပြီး ပွဲပျက်တက်ထိ ရမ်းကားမိပြန်ပါတယ်။ ဒါပေမဲ့ သူအိမ်ပြန်ရောက်တိုင်း ဒါတွေတစ်ခုမှ မမှတ်မိဘဲ အဖေနဲ့ ဇနီးဖြစ်သူက အရက်သမားလို့စွပ်စွဲလေတော့ လူရိုးသား အရက်သမားဇာတ်လိုက်လေး ဘုမသိဘမသိနဲ့ စိတ်ညစ်နေရပါတယ်။ ဘဏ်ဝန်ထမ်းဖြစ်တဲ့ ဇာတ်လိုက်ဟာ ထုံးစံအတိုင်း နမော်နမဲ့နဲ့ သူ့တပည့်လေးရဲ့ မုန့်ပဲသွားရည်စာကို စားမိပြီး ဟက်ကာတစ်ယောက်ဟက်ခ်ထားတဲ့ အေတီအမ်စက်ထဲကို ပိုက်ဆံတွေ အရွက်မှားထည့်မိတဲ့အချိန်မှာတော့ ပြဿနာတွေအကြီးကြီးတက်ကုန်ပါတော့တယ် ကွိုင်တွေတက် အစွပ်စွဲခံ မသောက်ပဲမူးနေတဲ့ဖိုးသခွားလေးတစ်ယောက် ဒီလိုပဲဒုက္ခပင်လယ်ဝေနေမလား ထိပ်ဆုံးမှာပြောခဲ့တဲ့ အရက်ရဲ့ဂုဏ်ကျူးတွေက ဘယ်နေရာမှာဘယ်လိုပါဝင်ဆက်စပ်သွားမလဲဆိုတာ ရှုစားကြည့်ပါဦး File size…2.56GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2 h 20 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team

Comedy • Drama • Sci-Fi & Fantasy
7 2023 142 mins
Kudimahaan
Riceboy Sleeps
7.2

Riceboy Sleeps (2022) IMDb - 7.6/10, Rotten Tomatoes - 95% ~ 90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။ နိုင်ငံကြီးသားဆိုတာ နိုင်ငံက "ကြီး" နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ "နိုင်ငံကြီး"မှာနေသလောက် "နိုင်ငံကြီးသား" မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။ အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ဒီထဲက ဆိုယွန်းဟာ ကိုယ့်အမေ မဟုတ်၊ ကိုယ်အမေနဲ့ တစ်စက်မှ မတူသည့်တိုင် အမေ့ကို ပြန်သတိရစေမယ့် ခံစားမှုမျိုးကို ပေးနိုင်တဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ခုပါ။ ရုပ်ရှင်သမားတွေအတွက်ပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ တစ်ကားထဲမှာတင် Aspect Ratio ၂ခု သုံးသွားတယ်ဆိုတာလေးပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းသွားပြီး ဘာကြောင့်များ ပြောင်းသုံးသလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းကြည့်လိုက်ရုံပါပဲ။ ရုပ်ရှင်ဖန်တီးသူ Anthony Shim ဟာ သူ့ငယ်ဘဝရဲ့ တမ်းတစရာတချို့တွေကို ဒီရုပ်ရှင်မှာ ဖော်ပြသွားတာ ရင်နှင့်အမျှပါပဲ။ နောက်ပြီး TIFF တို့ Busan တို့လို ပွဲကြီးတွေရဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၃ ဆုရရှိထားပါသေးတယ်...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 935MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 57Min Genre - Drama, Family, History Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama • History
7.2 2023 117 mins
Riceboy Sleeps
Jaadugar
6.6

ဒီနေ့မှာတော့ IMDb 7.2/10 ရ အိန္ဒိယ Comedy, Fantasy ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ “Jaadugar” .. “မျက်လှည့်ဆရာ” လို့အဓိပ္ပာယ်ရပြီး ထူးထူးဆန်းဆန်းပဲ အားကစားနဲ့မျက်လှည့်ပညာ ဘာမှမဆိုင်တဲ့အရာနှစ်ခုကိုပေါင်းစပ်သရုပ်ဖော်ထားပြီးရိုက်ကူးထားတာပါ Neemuch လို့ခေါ်တဲ့ မြို့လေးက အိန္ဒိယနိုင်ငံရဲ့ဘောလုံးအားကစားချစ်မြတ်နိုးသူများ ဆုံစည်းရာမြို့ငယ်လေးပေါ့။ နှစ်စဥ်နှစ်တိုင်းလည်း အိမ်နီးချင်းမြို့တွေနဲ့ပြိုင်ပွဲတွေကျင်းပသလို အဲဒီပြိုင်ပွဲမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်တဲ့ ယောက်ျားသားတွေ ဝင်ရောက်ကစားကြတာပေါ့။ အဲဒီထဲမှာ Meenu တော့မပါခဲ့ပါဘူး။ အဖေဖြစ်သူက မြို့ရဲ့ “ငွေတံဆိပ်ဘုရင်” ဂိုးသမားတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့အဖေနဲ့အမေကိုသေရတာ ဒီဘောလုံးကြောင့်လို့စိတ်ထဲစွဲနေပြီး Meenu တစ်ယောက်ဘောလုံးကိုယောင်လို့တောင်မကန်ဘဲနဲ့ ငယ်စဥ်တည်းကအိပ်မက်ဖြစ်တဲ့ မျက်လှည့်ပညာရှင်ဖြစ်ဖို့အရေးကိုပဲ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ဘဝရဲ့နောက်ဆုံးအချစ်ကိုရှာတွေ့သွားပြီး အချစ်ရဲ့စေခိုင်းမှုနဲ့ ဘောလုံးပြိုင်ပွဲရဲ့ဖလားဆုကြီးကိုအရယူမှဖြစ်တော့မယ့် အခြေအနေရောက်ရှိလာပါတော့တယ်။ ဒီတော့ ဘောလုံးဆိုခြေဖျားနဲ့တောင်မထိခဲ့တဲ့ Meenu ရယ် .. နှစ်အတော်ကြာ ဘာဆုမှမရဘဲ ဘိတ်ချေးဖြစ်နေတဲ့သူတို့အသင်းရယ် .. ဘယ်လိုအလွဲတွေနဲ့နှစ်ပါးသွားကုန်ကြမလဲဆိုတာတော့ ကိုယ်တိုင်ရှုစားရင်းရယ်မောလိုက်ပါတော့။ File size…2.68GB / 1.27GB Quality…1080p NF WEB DL AAC5.1CH / 720p  Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Guu Guu & Yunni & Lai laii

Comedy • Family
6.6 2022 167 mins
Jaadugar
Drifting
7.3

အတိအကျတော့မမှတ်မိတော့ပေမဲ့ မနှစ်တုန်းက တရုတ်တစ်ချို့က Johhnie Toတို့ ဂျွန်ဝူးတို့က ကားဆက်မရိုက်တော့၊ ဝေါင်ကာဝေးတို့ စတီဖင်ချောင်တို့က ပြည်မ ရောက်သွားကြ၊ နိုင်ငံခြားရောက်သွားတဲ့သူတွေလည်းရှ်ိလိုရှိနဲ့ ဟောင်ကောင်ရုပ်ရှင်ရဲ့ အရည်အသွေးကျလာတဲ့အကြောင်း ငိုချင်းချထားတာ ဖတ်လိုက်ရပါသေးတယ်။ ဟောင်ကောင်ရုပ်ရှင်ရဲ့ တစ်ချိန်က Legendတွေဟာ လုံးပါးပါးကုန်ကြပါပြီ။ သို့ပေမဲ့ မနှစ်ကတော့ Limboတို့ DRIFTINGတို့ Hand-rolled cigarettesတို့ Timeတို့လို ဒါရိုက်တာမသစ်တသစ်တွေရဲ့ ဇာတ်ကာကောင်းတွေထွက်ခဲ့တာကြောင့် မျှော်လင့်ချက်တော့ရှိသေးတယ်ဆိုပါတယ်။ Driftingဟာ မနှစ်က‌ ဟောင်ကောင်ရဲ့ ရှားရှားပါးပါးထွက်ထားတဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတစ်ချို့ရထားပါတယ်။ မင်းသားကတော့ Johhnie Toရုပ်ရှင်တွေထဲ ပါနေကျ Francis Ngပါ။ ဇာတ်ကြောင်းကတော့ ၂၀၁၂မှာ တကယ်ဖြစ်ခဲ့တဲ့ ဟောင်ကောင် အိမ်ခြေရာမဲ့တွေနဲ့ ပတ်သက်နေတဲ့တရားခွင်ကို အခြေခံရိုက်ကူးပါတယ်။ ဟောင်ကောင်မှာလည်း ဒီကလို ကျူးကျော်တဲဆန်ဆန်တွေ၊ အိမ်ခြေရာမဲ့တွေရှိပါတယ်။ သူတို့ထဲက အများစုကတော့ ပြန်စရာ အိမ်မရှိတော့တဲ့လူတွေပါ။ သူတို့အားလုံးဟာ ဘာမှလုပ်စရာမရှိတဲ့ဘ၀မှာ အချိန်တွေကို ဆေးသုံးရင်း အကုန်မြန်အောင် လုပ်ပစ်တတ်ကြတဲ့သူတွေပါပဲ။ တစ်နေ့ကျ သူတို့အိမ်လို့သတ်မှတ်ထားတဲ့ လမ်းဘေးနေရာလေးကို စည်ပင်၀န်ထမ်းတွေက လာပြီး သန့်ရှင်းရေးလုပ်ပါတယ်။ သူတို့အသုံးအဆောင်တွေ အားလုံးကို အမှိုက်တွေဆိုပြီး သူတို့တားနေကြတဲ့ကြားက အမှိုက်ကားပေါ် တင်ပစ်လိုက်ကြတယ်။ ဒါက သူတို့အတွက်တော့ အဖိုးတန်တွေပါ။ ဒီလိုနဲ့ သူတို့ စည်ပင်ကို တရားစွဲခဲ့ကြတယ်။ ဒါက‌တော့ကျောရိုးပါပဲ။ ဒီကျောရိုးကိုမှ အိမ်ခြေရာမဲ့တစ်ယောက်ချင်းစီရဲ့ အိမ်ခြေရာမဲ့မဖြစ်ခင်ဘ၀တွေ၊ ဖြစ်ပြီးနောက်ပိုင်း ရှင်သန်ပုံတွေ၊ သူတို့နေတဲ့ ဆင်းရဲသားရပ်ကွက်ကြီး တိုးတက်လာပြီး ကွန်ဒိုတွေဆောက်နေတဲ့နောက် သူတို့ရဲ့ အိမ်ဆိုတဲ့နေရာလေးပါ ပျောက်ရပုံတွေကို ပြန်ယှက်ဖောက်ပြီး heart-touchingဖြစ်တဲ့ ဇာတ်၀င်ခန်းများစွာနဲ့ ဒရာမာချိုးပြီး ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ‌ပြောရရင် ရှေ့ကို တဟုန်ထိုး သွားနေတဲ့ မြို့ကြီးတစ်မြို့က ပြန်ငဲ့ကြည့်ဖို့လိုတဲ့ ပိုခက်တဲ့ဘ၀တွေအကြောင်း ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.1GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Adventure • Animation • Science Fiction
7.3 2021 112 mins
Drifting
[21+]Pink Cut: Love Me Hard, Love Me Deep
3.5

Nikkatsu Pink Films တွေထဲက ရှားရှားပါးပါး အချစ်ဟာသပုံစံနဲ့ ကားလေးတစ်ကားပါ။ Mami ဆိုတဲ့ ဆံသဆိုင်ပိုင်ရှင်ကောင်မလေးဟာ ငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေကို ဆိုင်မှာခန့်ထားပြီး ယောက်ျားလေးဖောက်သည်တွေကို ဆွဲဆောင်ပါတယ်။ သူကိုယ်တိုင်လည်း ကောလိပ်ကို ဖြတ်လမ်းကနေ အတန်းမတက်ပဲအောင်ဖို့ ကောလိပ်ဆရာကြီးတစ်ယောက်ကိုဝင်အောင်းထားပါတယ်။ သူ့ဆိုင်မှာလာညှပ်နေတဲ့ ကောလိပ်ကျောင်းသားလေး Akira ကတော့ ချစ်သူနဲ့နီးစပ်ဖို့ အလုပ်ရှာနေပေမယ့်အလုပ်ကံခေလို့ ချစ်သူရဲ့ငြိုငြင်မှုကို ခံနေရသူဖြစ်ပါတယ်။ Akira နဲ့ချစ်သူကောင်မလေး၊ Mami နဲ့ကောလိပ်ဆရာ၊ Mami ရဲ့ဆိုင်ကဆံသဆရာမလေးတွေနဲ့ဖောက်သည်တွေရဲ့ ဇာတ်လမ်းအစုံစုံတို့ကို ဟာသနှောပြီး ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားတာပါ။ မြင်နေကျကားတွေမှာလို ကြိုးတုပ်တာတွေ ဖယောင်းစက်ချတာတွေ နှိပ်စက်အဓမ္မတွေမပါဝင်ပဲ အချစ်ဟာသ ဇာတ်ကားလေးတစ်ကားအတိုင်း အရောင်စုံပေါ့ပေါ့ပါးပါး ရှုစားခံစားဖီးတက်ရမယ့် ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 620MB Quality - 1080p, 720p IMDb Rating - 5.1/10 Format - mp4 Duration - 1H 8Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror • Mystery
3.5 1983 68 mins
[21+]Pink Cut: Love Me Hard, Love Me Deep
Gundala
6.3

ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။ BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီး လစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။ အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။ အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။ သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။ အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ငွေကြေးအခက်အခဲကြောင့် ဆန်ချာကာအမေဖြစ်သူဟာ တစ်နေ့မှာ အပြင်ထွက်အလုပ်ရှာရင်းအပြီးတိုင်ပျောက်သွားခဲ့ပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ဆန်ချာကာလေးဟာ အိမ်ကနေထွက်၊ ကြုံရာလိုက်တောင်းရမ်းရင်း တခြားကလေးတွေလိုက်ရိုက်တာခံခဲ့ရပါတယ်။ ဆန်ချာကာကို နောက်ထပ်မိဘမဲ့လေးတစ်ယောက်က ကယ်တင်ခဲ့ပြီး နောက်နောင်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်အောင် သိုင်းတွေလည်း သင်ပေးခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ သိုင်းလည်းတတ် ၊ ကိုယ်ကိုယ်၌ကမသိသေးတဲ့အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ဆန်ချာကာလေးဟာ နောက်ထပ်ဆယ်နှစ်လောက်ကြာတဲ့အခါမှာတော့.... ဒီဇာတ်ကားလေးဟာ comic ကိုအသက်ပြန်သွင်းထားတဲ့ BumiLangit Cinematic Universe ရဲ့ ပွဲဦးထွက်ဇာတ်ကားဖြစ်တာကြောင့် Gundala စတင်ဖြစ်လာပုံတွေ၊ Hero အသစ်တွေနဲ့ သူတို့ရဲ့ ဗီလိန်တွေကို မိတ်ဆက်တဲ့ ကနဦးဇာတ်ကားအနေနဲ့ပဲရှိပါသေးတယ်။ ဒါပေမယ့် ထင်ရက်စရာမရှိတာက ဇာတ်လမ်းကို အတတ်နိုင်ဆုံးဇာတ်အိမ်ကောင်းကောင်းဖွဲ့ပြီး ဗီလိန်နဲ့ ဟီးရိုးတွေကိုမိတ်ဆက်ပေးသွားတာပါပဲ။ စူပါဟီးရိုးကားသာဆိုပေမယ့် အချိတ်အဆက်မိတဲ့ အက်ရှင်ခန်းလေးတွေကလည် း The Raid ဇာတ်ကားထက်မလျော့တဲ့ ခံစားမှုမျိုးကိုပေးစွမ်းတာမို့ အားရစရာကောင်းလှပါတယ်။ IMDB Rating ကလည်း 7/10 တောင်မှဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်ကတော့ ကျွန်တော် သဲသွေး (နေရဲနီ)ပဲဖြစ်ပါတယ်။ File Size : (900 MB)  Quality : WEB-DL 720p Running Time : 2hr 03min Format : Mp4 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL AAC x264-NonDRM Translated by Nay Yell N Encoded by Thanhtike Zaw

Romance
6.3 2019 123 mins
Gundala
The Monkey King
8.6

နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။ နာမည်အတိုင်းပါပဲ မရိုးနိုင်တဲ့ စွန်းဝူခုန်းဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ ဇာတ်လမ်းကိုနည်းနည်းပြောင်းထားပြီး ဟာသတွေ၊ အက်ရှင်ကောင်းကောင်းတွေကို ပုံကောင်းကောင်းနဲ့ ပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖန်တရာတေပါပဲ ကျောက်ဆောင်တစ်ခုကနေ မွေးဖွားလာတဲ့မျောက်ဟာ စွမ်းအားတွေရှိနေပါတယ်။ ဒါပေမဲ့ သူ့ကို မျောက်တွေက လက်မခံသလို နတ်တွေကလည်း လက်မခံတာကြောင့် တစ်ယောက်တည်းဖြစ်နေပါတယ်။ အဲဒီတော့ သူဟာ နတ်ပြည်မှာနေရာရဖို့ မသေမျိုးဖြစ်အောင်ကြိုးစားရင်းနဲ့ ငရဲမင်း၊ နဂါးမင်း၊ နတ်မင်းတွေ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရပုံကို ပြထားတာပါ။ ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ပါဦး။

Action & Adventure • Drama • War & Politics
8.6 2023 92 mins
The Monkey King
Guardians of the Galaxy
7.9

Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2.12 GB) and (1.2 GB in Openload) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tariq L Walker

Action • Science Fiction • Thriller
7.9 2014 121 mins
Guardians of the Galaxy
Jigarthanda DoubleX
8.4

Jigarthanda DoubleX (2023) IMDb-8.4/10 တောင်ပိုင်းပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာခဲ့ပါပြီ။ Jigarthanda (2014)ဆိုပြီး ရှေ့မှာ တစ်ကားရှိပါတယ်။ ဒါက Prequelအနေနဲ့ထွက်ရှိလာခဲ့တာဆိုတော့ ရှေ့ကားကြည့်မထားရသေးလည်း ကြည့်လို့ရပါတယ်ဗျ။ ပထမကားမှာတုန်းက ဆုတွေအများကြီးရ Remakeရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။ ၁၉၇၃ခုနစ်မှာ ရဲဖြစ်ချင်ပေမယ့် ကံတရားရဲ့ရက်စက်မှုကြောင့် ထောင်သားဖြစ်သွားရသူ လေးယောက်။ တစ်ဦးချင်းစီမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေနဲ့အတူ ထောင်ထဲကိုရောက်လာခဲ့ရတာပါ။ အဲဒီလေးယောက်ကို ထောင်ထဲကထွက်ဖို့နဲ့ ရဲအဖြစ် တာဝန်ထမ်းဆောင်ဖို့အခွင့်အရေးကိုပေးပြီး အစိုးရအတွက် လျှို့ဝှက်လူသတ်မစ်ရှင်တွေ လုပ်ခိုင်းတဲ့အခါ။ ၁၉၇၅မှာ နိုင်ငံခြားမင်းသား Clint Eastwoodရဲ့ဖန်အကြီးစား လူမိုက်ခေါင်းဆောင်ကြီးက အက်ရှင်ဟီးရိုးမင်းသားတစ်လက်ဖြစ်ချင်ဖို့ကြိုးစားနေတဲ့အချိန်။ အဲဒီလို မတူညီတဲ့အခြေအနေ မတူညီကြတဲ့အဖြစ်အပျက်တွေကနေပြီး ဘယ်လိုတွေပေါင်းစပ် ဖြစ်ပေါ်လာမလဲဆိုတာ ပထမရုပ်ရှင်ကားကြီးထက် ပိုပြီးအောင်မြင်တဲ့ရုပ်ရှင်ကားဖြစ်မလားဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.4 2023 172 mins
Jigarthanda DoubleX
Slow
7.4

Slow (2023) မှတ်မိသလောက်ဆို တစ်ခါသား ပလေတိုက သူ့ဆရာသမားဆော့ခရိတ္တိကို “အချစ်ဆိုတာ ဘာလဲ ဆရာ”လို့ လာမေးတယ်။ ဆော့ခရိတ္တိက ပလေတိုကို တောထဲသွားပြီး မင်းအလှဆုံး ထင်တဲ့ ပန်းတစ်ပွင့်ခူးခဲ့ဆိုပြီး မှာလိုက်တယ်။ ပလေတိုက တောထဲသွားပြီး သူ့အလှဆုံးထင်တဲ့ ပန်းတစ်ပွင့်ကို သွားခူးလာတယ်။ ပြန်လာတော့ ပန်းက လမ်းမှာကြာတာကြောင့်ရော သူ့ဘာသာကိုက အပင်ကခူးပြီးရင် မခံတာကြောင့်ရော ညှိုးသွားတယ်။ ဒီတော့ ဆော့ခရိတ္တိက ပလေတိုကို နောက်တစ်ခေါက်ထပ်သွားခိုင်းတယ်။ ဒီတစ်ခါကျ ပလေတိုက တော်တော်နဲ့ပြန်ပေါ်မလာဘူး။ လနဲ့ချီလာတော့ ဆော့ခရိတ္တိက တောထဲလိုက်လာတယ်။ တောတွင်းတစ်နေရာမှာ ပလေတိုက တဲထိုးပြီးနေနေတာတွေ့ရတယ်။ သူ့အလှဆုံးလို့ထင်တဲ့ ပန်းပွင့်ရှိတဲ့အပင်နားမှာ တဲထိုးနေနေတာပေါ့။ အဲဒီမှာ ဆော့ခရိတ္တိက ပလေတိုကို အချစ်ဆိုတာ ဘာလဲ မင်းသိပြီကိုးလို့ ပြောသတဲ့။ “ပလေးတိုးနစ်အချစ်” ဆိုတာ ပိုင်ဆိုင်ရ ပေါင်းဆုံရမှမဟုတ်ဘဲ အချစ်ကိုအချစ်အတိုင်း ချစ်နေတဲ့အချစ်လို့ တာရာမင်းဝေ က သင်နဲ့နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်ထဲ ရေးဖူးတယ်။ သူ့ဖွင့်ဆိုချက်ကတော့ ပလေတိုးနစ်အချစ်ဆိုတာ လိင်ဆန္ဒတွေ ရိုမန့်တစ်တွေ မရှိနေတဲ့အချစ်မျိုး ဒါမှမဟုတ် အဲဒီအရာတွေကို ဖိနှိပ်ထားပြီးနေတဲ့အချစ် သန့်စင်အောင်နေတဲ့ အချစ်မျိုးပေါ့။ ဒါပေမဲ့ ဒီတိုင်း ခင်မင်မှုထက်တော့ ပိုတယ်တဲ့။ ပုံမှန်ဆိုရင်တော့ တစ်ဖက်သတ်အချစ်မှာ ဒါမျိုးခပ်ဆင်ဆင်မြင်ရမလားပဲ။ ဒီကားမှာတော့ တစ်မျိုးတစ်ဘာသာဆန်းစွာနဲ့ ပြထားတယ်။ ဒီရုပ်ရှင်က ပလေတိုးနစ်အချစ်ကနေ ရိုမန့်တစ်အချစ်ကို ကူးပြောင်းသွားတဲ့ အတွဲတစ်တွဲကြောင်း ရိုက်ပြထားတဲ့ဇာတ်ပဲ။ ပလေတိုးနစ်အချစ်ဖြစ်သွားရတဲ့အကြောင်းက ဒီရုပ်ရှင်က ကောင်လေးက ဘယ်လိင်ကိုမှ လိင်စိတ်တိမ်းညွတ်မှုမရှိနေလို့ပဲ။ သူ့အမြင်ကတော့ ဆက်ဆံရေးတစ်ခုမှာ အတွဲတစ်တွဲမှာ ဘယ်လိုဘယ်ပုံ ဘယ်လိုဘယ်ဝါချစ်ရမယ်ဆိုတဲ့ ပုံသေနည်းတွေမရှိဘူးလို့ဆိုတယ်။ ဒီတော့ သူ့ကောင်မလေးက တခြားကောင်တွေနဲ့အိပ်ပြီး သူနဲ့တွဲနေလည်း အဆင်ပြေတယ်ပေါ့။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်လည်း အပြည့်အဝနားလည်ကြတယ်။ ဒီလိုနဲ့ ဒီအချစ်ကနေ ရွေ့လျောလာတဲ့အခါ သူတို့ဆက်ဆံရေးကြား ဖြစ်လာတဲ့ ပြဿနာကို အဖြေမရှာဘဲ ရှောင်ပြေးဖို့ကြိုးစားတယ်။ ဒီလိုရှောင်ပြေးဖို့ ကြိုးစားပေမဲ့လည်း အဖြေကိုရှာဖို့ အချိန်က သူ့ဘာသာဆိုက်ရောက်လာတဲ့အခါ ဘယ်လိုအဖြေမျိုး သူတို့တွေ့ရှိသွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲကွဲပြားနေပါစေ။ တကယ်တမ်းအခြေခံအကျဆုံးအချက်တွေပြန်ကြည့်ရင် အကုန်အတူတူတွေပါပဲ။ ကိုယ်ကိုယ့်ကိုယ်သေချာနားလည်ရင် သူများကို နားလည်ပြီလို့ဆိုသလိုပေါ့။ ကိုယ့်ကိုယ်ကိုယ်နားလည်ရင် အားလုံးကို နားလည်ပြီဆိုတဲ့ စကားလည်းရှိနေတယ်။ ဘယ်လိုအခြေအနေပဲက ဘယ်လိုလူတွေပဲဖြစ်ဖြစ် များသောအားဖြင့်တော့ လူတွေဟာ လူတွေပဲမို့။ အဖြေတွေက အမြဲတမ်းအတူတူတွေပါပဲ။ ဒီရုပ်ရှင်က ဆက်ဆံရေးဟာ ကျွန်တော်တို့ ဆက်ဆံရေးတွေကို တစ်စိတ်တစ်ဒေသဖြစ်စေ ထင်ဟပ်နေမယ့် ရုပ်ရှင်ပါပဲ။ အချစ်ဆိုတဲ့အရာကလည်း တငွေ့ငွေ့ချင်း ကျွမ်းအောင်လောင်တတ်တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.4 2023
Slow
MadS
6.5

MadS (2024) IMDb Rating (6.5) / Rotten Tomatoes (93%) အမိုက်စား ပြင်သစ် Horror ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တစ်ခုသောညနေခင်းမှာ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ မူးယစ်ဆေးအရောင်းသမားဆီမှာ ပစ္စည်းသွားဝယ်ပြီး ပြန်အလာ ခဏနေရင် အန်နာဆိုတဲ့ သူ့ကောင်မလေးရယ် ဘော်ဒါတသိုက်ရယ် ပါတီမှာ ဆေးချပျော်ပါးဖို့ ကြံရွယ်ထားတုန်း လမ်းမှာ ဒဏ်ရာရထားတဲ့ သွေးရူးသွေးတန်းအမျိုးသမီးတစ်ယောက်ကို ကူညီချင်စိတ်နဲ့ ကားပေါ်တင်လိုက်ရာမှာ ငါးပါးတွေမှောက်ပြီး သွေးပျက်စရာကောင်းလောက်အောင် အိပ်မက်ဆိုးလား ဆေးကြောင်နေတာလား မသဲကွဲတော့တဲ့ တစ်ညတာဘယ်လိုဖြစ်လာမှာလဲ ခံစားကြည့်ရှုပေးပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(3.4 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:29:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Sike Tan

Animation • Family • Comedy • Mystery
6.5 2024 89 mins
MadS
Young Werther
5.8

ဒီတစ်ခါ Channel Myanmar ပရိတ်သတ်ကြီးကို ကနေဒီယန် အချစ်ဒရာမာကားလေးနဲ့မိတ်ဆက်ပေးပါရစေ.. ဇာတ်လမ်းကတော့ ဝယ်သာဆိုတဲ့ ကောင်လေးတစ်ယောက် မြို့ကြီးပြကြီးက သူ့အဒေါ်ဆီကနေ အမွေပစ္စည်းတစ်ခုကို လာယူရင်းနဲ့ နန်းဆန်တဲ့ ပန်းခြံ အဲမဟုတ်သေးဘူး ပန်းမာန်လိုလှတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့မိရင်း မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဝယ်သာဟာလူချစ်လူခင်များအောင်နေတတ်သူတစ်ယောက်မလို့ ကောင်မလေးအနားကိုအဆင်ပြေပြေ ချဉ်းကပ်ဖို့ကတော့ မခက်ခဲ လှပါဘူး။ ဒါပေမဲ့ မမျှော်လင့်ထားတာကတော့ ကောင်မလေးက လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ သတို့သားလောင်းနဲ့ စေ့စပ်ထားတာပါပဲ။ ဟင် ဒါဆိုမင်းဇာတ်ကားကြီးက သူများဆော် ကြောင်တောင်နှိုက်တဲ့ ကားကြီးပေါ့လို့ပြောစရာရှိပါတယ်။ ဟုတ်ပါတယ် ဒါပေမဲ့ ကျွန်တော်လက်ခံထားတာကတော့ ဇာတ်လမ်းတွေဟာ ဇာတ်လမ်းပြောသူရဲ့ ရှူထောင့်ပေါ်မူတည်ပြီး ရသတွေ အမြင်တွေ ကွာကုန်တာပါပဲ။ ဥပမာပြောရရင် ရာမယနဇာတ်ဟာ နိုင်ငံတော်တော်များများမှာ ဒဿ ကို လူဆိုးအနေနဲ့ပဲ ဖော်ကျူးခဲ့ကြပေမဲ့ မြန်မာမှာတော့ ဆရာချစ်ဦးညို လက်စွမ်းပြလိုက်တာ ဒဿဟာ သနားစရာ အချစ်ရှုံးသမားအဖြစ် ပြောင်းလဲသွားတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ ဝယ်သာက ဒဿလိုပဲ စာတွင်တဲ့အချစ်ရှုံးသမားပဲဖြစ်မလား၊ အနိုင်ရတဲ့သူပဲဖြစ်မလားဆိုတာကိုတော့……….. ထူးခြားချက်အနေနဲ့ ဒီကားက ကနေဒီယန်ကားပေမဲ့ ၁၇၇၄ က The Sorrows of Young Werther ဆိုတဲ့ ဂျာမန်ဝတ္တုကိုအခြေခံ ထားတာဖြစ်ပြီး အော်ပရာအနေနဲ့ကထားတာတွေလည်းရှိပါတယ် ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ José Lourenço ကဇာတ်ညွန်းကိုယ်တိုင် ရေးသားရိုက်ကူးထားပြီး Douglas Booth, Alison Pill, Iris Apatow , Patrick J. Adams တို့လိုသရုပ်ဆောင်တွေပါဝင်ရိုက်ကူးထားပါတယ် File size… (1.35GB) / (760MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

Drama • Romance
5.8 2024 101 mins
Young Werther
September 5
7.2

September 5 (2024) IMDb Rating (7.2) 1972 ခုနှစ် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ဖြစ်ခဲ့သည့် လူသတ်မှုဖြစ်စဉ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားသော ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နွေရာသီ အိုလံပစ်ပွဲတော်အတွင်း ဖြစ်ပွားခဲ့ပြီး အစ္စရေး အားကစားသမား ၁၁ ဦးနှင့် နည်းပြများကို ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့ Black September မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို ABC Sports အဖွဲ့၏ ရှုထောင့်မှ ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်တာကြောင့် မတူညီတဲ့ ပုံစံမျိုးနဲ့ ရင်တမမကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ABC Sport ရိုက်ကူးရေးအဖွဲ့က အိုလံပစ်ပွဲကို သတင်းထောက်လှမ်းရင်း မတော်တဆ သမိုင်းဝင် ဖြစ်ရပ်ကြီးကို မှတ်တမ်းတင်မိသွားသည့် ဇာတ်လမ်းဖြစ်ပြီး ဖြစ်ရပ်မှန်မှတ်တမ်းဗီဒီယိုများကို ထည့်သွင်းရိုက်ကူးထားတာကြောင့် ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီအချက်တွေအပြင် ဇာတ်လမ်းအဆုံးမှာ ဒီဇာတ်ကားကို ဖန်တီးထားတဲ့ဒါရိုက်တာ၊ စာရေးဆရာ၊ အယ်ဒီတာတွေနဲ့အတူ ဇာတ်လမ်းပုံဖော်ဖန်တီးခဲ့စဉ် နောက်ကွယ်က လျှို့ဝှက်ချက်လေးတွေကို ပြောကြားထားပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.8 GB) / (810 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….01:55:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Family • Adventure • Comedy • Action
7.2 2024 94 mins
September 5
The Old Guard 2
7.2

The Old Guard 2 (2025) ဒါကတော့ ၂၀၂၀ မှာ ထွက်ရှိခဲ့တဲ့ The Old Guard 1 ရဲ့ အဆက်ဖြစ်ပြီးတော့ တော်တော်များများ စောင့်မျှော်နေကြတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အခုမှ စကြည့်မဲ့သူတွေကတော့ မသေမျိုးတွေ သူတို့ရဲ့ ရည်ရွယ်ချက်တွေ အဖြစ်သနှစ်တွေကို လုံးစေပတ်စေ့ နားလည်ဖို့ဆိုရင် အပိုင်းတစ်ကို ပြန်သွားကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဒုတိယအပိုင်းမှာတော့ အန်ဒီဟာ သူမရဲ့ မသေမျိုးဘဝကို ဆုံးရှုံးသွားခဲ့တာ ၆ လကျော်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ အန်ဒီဟာ သူမရဲ့ မသေမျိုးစစ်သည်တော်တွေရဲ့ လူသားမျိုးနွယ်ကို အန္တရာယ်ပြုလာနိုင်တဲ့ကိစ္စတွေကို လိုက်လံတားဆီး ကာကွယ်နေဆဲဖြစ်ပါတယ်။ အဲအချိန်မှာ သူမထက်တောင် ပိုပြီးတော့ ကမ္ဘာပေါ်မှာ နေထိုင်လာတာသက်တမ်းကြာပြီဖြစ်တဲ့ ရှေးကျတဲ့ မသေမျိုး အမျိုးသမီး ဒစ်စကော့က သူမနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ သမိုင်းကြောင်းတွေကို ခိုးယူသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အန်ဒီနဲ့အတူ ကတိအပြန်အလှန်ထားရှိခဲ့တဲ့ ကွင်ကလည်း ပိတ်လှောင်ခံထားရတဲ့နေရာကနေ လွတ်မြောက်လာခဲ့ပါတယ်။ ဒီတော့ အန်ဒီတစ်ယောက် ဘာလို့ မသေမျိုးဘဝကို ဆုံးရှုံးလိုက်ရတာလဲ၊ ဒစ်စကောဆိုတဲ့ ထူးဆန်းတဲ့မသေမျိုးကလည်း ဘာတွေကြံစည်နေတာလဲ၊ ကွင် ပြန်လွတ်လာတာနဲ့ရော ဆက်စပ်မှုရှိနေလား၊ သူတို့ကို ဘယ်လိုကြီးမားတဲ့အန္တရာယ် စောင့်ကြိုနေလဲ၊ ဒါကို ဘယ်လိုတားဆီးကြမလဲဆိုပြီး သိချင်စိတ်တဖွားဖွားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Matteo ဖြစ်ပါတယ်။) File size… (6.4 GB) / (1.6 GB) / (940 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Fantasy, Thriller Duration…. 01:47:41 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Matteo & Act Molemy

7.2 2025 107 mins
The Old Guard 2
London Fields

London Fields (2018) IMDb တွေ ဘာညာ Rating တွေအသာထားလိုက်. မင်းသမီး Amber Heard ရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူးပြထားတာနဲ့တင် ဒီကားက နင်းကန်လှနေပါပြီ။ ပုရိသတွေ ကြွေကျ မြေခရမယ့် အလှတရားတွေနဲ့ အဲ့ဒီအချိန်တုန်းကတော့ မမ Amber Heard က နင်းကန်လှခဲ့တာပါ။ ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းဆက်ရရင်ဖြင့်…. ဒီကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Johnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်… ဇာတ်ကားက စိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ။ ဇာတ်လမ်းအစလေးကတော့… ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြား လန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်… တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်… အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီး ဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာနေထိုင်တဲ့သူဖြစ်နေတယ်… ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာ အနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ သူသိထားပြီးဖြစ်နေတယ်.. ဒီကိစ္စကို စာရေးဆရာသိသွားပြီးနောက်မှာ ကောင်မလေး အသတ်ခံရတဲ့အကြောင်း ဖြစ်ရပ်မှန်ဝတ္ထုရေးဖို့ ကောင်မလေးကိုတောင်းဆိုရာကနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ…..။ Amber Heard ရဲ့ Nudity အခန်းတွေ တော်တော်များများပါတဲ့အတွက် မိသားစုနဲ့တော့ ကြည့်လို့မပြေပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှ တင်ဆက်ထားပါတယ်။)

0 2018 118 mins
London Fields