YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

2.Good.2.Be.True.2022.EP9.WEB-DL720P(CM).mp4

264.76 MB N/A video/mp4 320 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Wandering Earth II
7.2

ဒီတရုတ်ရုပ်ရှင်ကတော့ သိပ္ပံစိတ်ကူးယာဉ် အာကာသစွန့်စားခန်းရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ မူရင်းနာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ထားတာမို့ ဇာတ်အိမ်ကလည်း ကြီးပါတယ်။ ပြသချိန်ကလည်း ၃ နာရီတောင်ရှိပါတယ်။ ဒီရုပ်ရှင်က တရုတ်ရဲ့ ပထမဆုံး Full-scale သိပ္ပံရုပ်ရှင်လို့ သတင်းတွေမှာတောင် ရေးကြပါတယ်။ ဒီရုပ်ရှင်ရဲ့အဓိက မင်းသား ဝူကျင်းဆိုရင်လည်း ပထမဆုံးအနေနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပဲ ပါဖို့သဘောတူထားပေမဲ့ ဒါရိုက်တာက သူ့ကိုသဘောကျလို့ သူပါတဲ့အခန်းတွေ ဆက်တိုက်ထည့်သွင်းရိုက်ကူးခဲ့ရပါတယ်။ နောက်ဆုံးမှာ သရုပ်ဆောင်ကြေးက ဒေါ်လာ ၁၀ သန်းကျော်လာပြီး ရုပ်ရှင်ကိုလည်း အရမ်းကောင်းမွန်အောင် မွန်းမံရင်းနဲ့ ဘက်ဂျက်ကျော်သွားတာမို့ ဒါရိုက်တာက ဝူကျင်းကို ပိုက်ဆံမယူဘဲ ဆက်ရိုက်ပေးဖို့ အကူအညီတောင်းခဲ့ရတဲ့အထိပါပဲ။ ဝူကျင်းက ရုပ်ရှင်ကို အရမ်းသဘောကျနေပြီမို့ ပိုက်ဆံမယူတဲ့အပြင် အိတ်ထဲကနေ ၉ သန်းပါ ထပ်စိုက်ပြီး ရိုက်ကူးစေခဲ့ပါတယ်။ အခုချိန်မှာတော့ သန်း ၁၀၀ နီးပါးရင်းခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း ၅ ရာကျော် ဝင်သွားပြီး အတော်မြတ်သွားခဲ့ပြီဖြစ်ပါတယ်။ အရင်ရိုက်တတ်တဲ့ တရုတ်သိပ္ပံကားတွေနဲ့ယှဉ်ရင်တော့ another level ကိုရောက်လာတဲ့ ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကမ္ဘာကြီးဟာ Solar Crisis လို့ခေါ်တဲ့ နေမင်းကြီး ပေါက်ကွဲပြန့်ကားလာတဲ့အန္တရာယ်ကြောင့် နှစ်ပေါင်း ၃၀၀ နေရင် ကမ္ဘာပျက်တော့မယ့် အခြေအနေကိုရောက်လာပါပြီ။ ဒီအခြေအနေက‌နေ ရုန်းထွက်ဖို့ ကမ္ဘာ့နိုင်ငံပေါင်းစုံအဖြေရှာကြရင်းနောက်ဆုံးမှာတော့ ကမ္ဘာကြီးကို နေအဖွဲ့အစည်းကနေ ဝေးရာကိုသယ်ထုတ်သွားပြီး အခြားနေအဖွဲ့အစည်းတစ်ခုထဲမှာရှင်သန်ဖို့ ကမ္ဘာ့အင်ဂျင်ပေါင်း ၁၀၀၀၀ ကိုတည်ဆောက်ပြီး ခရီးသွားကမ္ဘာစီမံကိန်းကို စတင်ခဲ့ကြပါတော့တယ်။ အဲဒီခရီးစဉ်ဟာ လဆွဲအားကနေ လွတ်အောင် လကို တွန်းထုတ်တာတွေ၊ အရံအစီအစဉ်အနေနဲ့ လကိုဖောက်ခွဲရတာတွေ စတဲ့အဆင့်ပေါင်းများစွာပါပြီး နှစ်ပေါင်း ၂၅၀၀ ကြာမြင့်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအစီအစဉ်ကို ဆန့်ကျင်ပြီး လူတွေကို Matrix ရုပ်ရှင်ထဲကလို ဒစ်ဂျစ်တယ်သက်ရှိတွေအဖြစ် ရှင်သင်စေချင်တဲ့အဖွဲ့ကလည်း လိုက်ပြီးတိုက်ခိုက်လာတဲ့အခါ အခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရပါတော့တယ်။ File size…(2.7 GB)/(1.4 GB)/(850 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:53:00 Genre...Drama, Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Drama • Romance
7.2 2023 173 mins
The Wandering Earth II
She Said
7.3

~ IMDb - 7.4/10, Rotten Tomatoes - 87% ~ 2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Adventure • Family • Fantasy • Horror
7.3 2022 129 mins
She Said
Love and Leashes
6.9

ရုပ်ရည်ချောမောပြီး ယောက်ျားဆန်ဆန်ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေးတွေကြားမှာ နာမည်ကြီးရေပန်းစားလှတဲ့ .. Jung Ji Hoo ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Jung Ji Hoo အပေါ် တိတ်တခိုးခံစားချက်ရှိနေတဲ့ .. Jung Ji Woo တစ်နေ့မှာတော့ Jung Ji Hoo ဆီကိုပို့လိုက်တဲ့ ပါဆယ်ထုပ်က ကံကြမ္မာရဲ့လှည့်ကွက်ကြောင့်လို့ပဲဆိုရမလား နာမည်ချင်းဆင်ပြီး သူ့အပေါ်စိတ်ဝင်စားနေတဲ့ Jung Ji Woo ဆီကိုမှ ရောက်သွားပါတော့တယ်။ အဲဒီကနေတဆင့် အရာအားလုံးပြီးပြည့်စုံပြီး သူမတူတဲ့ sexual taste ရှိတဲ့ ကောင်ချောလေး Jung Ji Hoo ရဲ့ လျှို့ဝှက်ချက်ကြီးကို Jung Ji Woo သိရှိသွားပြီး နှစ်ဦးသဘောတူ ၃ လတာ relationship တစ်ခုကို စတင်လိုက်ကြတဲ့အခါ ..။ (Brace yourself ပါ SONE အပေါင်း သူတော်ကောင်းတို့xP) နာမည်ကြီး Webtoon “Moral Sense” ကို အခြေခံရိုက်ကူးထားတဲ့ Rom-com movie အမျိုးအစားဖြစ်တာမို့ အချိုတွေ အခွီတွေစုံအောင် ခံစားရမှာဖြစ်သလို Cast တွေအနေနဲ့ - U-KISS အဖွဲ့ဝင်ဟောင်း - Lee Jun Young - Girls’ Generation ရဲ့ maknae - Seohyun တို့က အဓိကပါဝင်ထားပြီး 2022 အတွက် Netflix ရဲ့ ပထမဆုံး ပွဲဦးထွက် movie လည်းဖြစ်ပါတယ်။ Age rating ကို 18+ သတ်မှတ်ထားတာကြောင့် ကြည့်ချင်သလိုကြည့်ကြပါလို့ပဲလက်တို့ရင်း ..။ အညွှန်းကိုတော့ Lai Laii က ဘာသာပြန်ပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Lai Laii, Thuu Thuu, Shwe Pyae တို့ပဲ ဖြစ်ကြပါတယ်။ Genre.....Romance, Comedy Quality….WEB-DL 1080p and 720p and 360P File size…1.6GB and 857MB and 277MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX, Lai Laii, Thuu Thuu, Shwe Pyae Encoder ..... August

Thriller
6.9 2022 118 mins
Love and Leashes
The Equalizer 2
6.7

ကွန်မန်ဒိုဟောင်းရောဘတ် မက်ကောလ်ဟာ မက်ဆာချူး ဆက်မြို့ပြင်မှာ အိမ်ခန်းငှားနေ ရင်း Lyft ကုမ္ပဏီမှာ ဒရိုင်ဘာ လုပ်ပြီး ဘဝကို အေးအေးချမ်း ချမ်း ဖြတ်သန်းနေခဲ့ပါတယ်။ မက် ကောလ်ရဲ့ကားကို ပုံမှန်စီးနေတဲ့ ဆမ်ရက်ဘင်စတိန်းက သူ့ညီမရဲ့ ပန်းချီကားကို လိုက်ရှာချင်တဲ့ အကြောင်း ပြောခဲ့ပါတယ်။ ဆမ် က ဂျူးလူမျိုးတွေ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုကနေ လွတ်မြောက်လာသူဖြစ် ပြီးကွဲကွာနေ တဲ့ သူ့ညီမဖြစ်သူကို ရှာချင်နေ တာပါ။ အဲဒါနဲ့ မက်ကောလ်ဟာ စီအိုင်အေက သူ့သူငယ်ချင်း ဆူ ဇန်ကို ပန်းချီတွေနဲ့ပတ်သက်ပြီး စုံစမ်းပေးဖို့ အကူအညီတောင်းခဲ့ ပါတယ်။ တစ်ရက်မှာတော့ ဘရပ် ဆဲလ်က တိုက်ခန်းတစ်ခုမှာ လူ သေမှုဖြစ်တဲ့အတွက် စီအိုင်အေ က မက်ကောလ်ရဲ့ လုပ်ဖော်ကိုင် ဖက်ဟောင်း ဒေ့ဗ်နဲ့ ဆူဇန်တို့ သွားစုံစမ်းခဲ့ကြပါတယ်။ အဲဒီက နေ ဟိုတယ်အပြန်မှာတော့ ဆူဇန်ကို လူနှစ်ယောက်က တိုက်ခိုက်ခဲ့ ပြီး ဆူဇန်သေဆုံးခဲ့ပါတယ်။ ဆူဇန်သေဆုံးမှုနဲ့ပတ်သက် နေသူတစ်ယောက်ဟာ မက် ကောလ်ရဲ့ကားမှာ ခရီးသည်အ သွင်ဆောင် လိုက်ပါစီးနင်းခဲ့ပြီး မက်ကောလ်ကို လုပ်ကြံဖို့ ကြိုး ပမ်းတဲ့အတွက် မက်ကောလ်နဲ့ အသေအလဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလူရဲ့ ပစ္စည်းတွေကို ရှာဖွေ စစ်ဆေးကြည့်ရင်း ဒေ့ဗ်နဲ့ နောက်ဆုံးဖုန်းအဆက်အသွယ်လုပ်ထား တယ်ဆိုတာ တွေ့ခဲ့ပါတယ်။ အဲဒါနဲ့ မက်ကောလ်က ဆူ ဆန်သေဆုံးမှုဟာ ဒေ့ဗ်နဲ့ပတ် သက်နေတယ်ဆိုတာ သေချာ သလောက်ဖြစ်နေပြီမို့ ဒေ့ဗ်ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံခဲ့ပါတယ်။ နောက်တော့ အပြင်ရောက်နေတဲ့ စီအိုင်အေအဖွဲ့ဝင်ဟောင်းတွေနဲ့ မက်ကောလ်ချိတ်ဆက်ပြီး ဒေ့ဗ်နဲ့ ပတ်သက်တာတွေ ဖော်ထုတ်ဖို့ လုပ်ခဲ့ပါတယ်။ ဒေ့ဗ်ကလည်း ခေသူတစ် ယောက်မဟုတ်တာမို့ မက် ကောလ်ကိုပါ အပြတ်ရှင်းဖို့လုပ် တဲ့အခါမှာ နှစ်ယောက်သား ထိပ် တိုက်တွေ့ပြီး ဘာတွေဆက်ဖြစ် မှာလဲ၊ ဆူဇန်က ဘာတွေသိထား လို့ အပြတ်ရှင်းခံရတာလဲ၊ မက် ကောလ်တစ်ယောက် ဆူဇန်အ တွက် ဘယ်လိုတွေ လက်တုံ့ပြန် မလဲဆိုတာတော့ အမိုက်စား အက်ရှင်ဇာတ်ကွက်တွေနဲ့အတူ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ဒန်ဇဲလ်ဝါ ရှင်တန်၊ ပတ်ဒရိုပက်စ်ကယ်၊ မလစ်ဆာလီယို၊ အက်ရှ်တန်ဆန် ဒါစ်၊ ဘီလ်ပူးလ်မန်း၊ ဆက်ကီနာ ဂျက်ဖရီ၊ ဂျိုနသန်စကာ့ဖ်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : 2.0 GB Quality : Blu-Ray 1080p 5.1 CH x264 Running Time : 2h 01min Format : Mp4 Genre : Action , Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-FGT Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Action & Adventure • Crime • Drama • Mystery
6.7 2018 121 mins
The Equalizer 2
Honey, I Shrunk the Kids
6.4

Honey, I Shrunk the Kids (1989) ======================= IMDb Rating – 6.4/10 ကာတွန်းစာအုပ်တစ်ခုကနေ Live Action ရိုက်ပြီး ဝက်ဝက်ကွဲအောင်မြင် သွားတဲ့ သိပ္ပံစိတ်ကူးယဉ် ဟာသ မိသားစုဇာတ်လမ်းတစ်ခု ဟောလိဝုဒ်နဲ့ ဒစ်စနေး ရုပ်ရှင်သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ လုံးဝမမျှော်လင့်ထားပဲ ဝင်ငွေ အရ အမြတ်အစွန်းကြီးသွားလို့ အတည်အခံ့ ရုပ်ရှင်ကြီးတွေကြားမှာတောင် ဝင်ငွေအကောင်းဆုံးကားတွေထဲ ကန့်လန့် ကန့်လန့် ပါသွားသေးတယ်။ ပထမကတော့ ရုပ်ရှင်ဆက်တင်တွေကို အသေးစိတ် ဖန်တီးထားပုံပါ။ ဒီဘက်ခေတ်လို CGI တွေ တစ်လှေကြီးနဲ့ နုရွဖုထနေတာမျိုးမဟုတ်ဘဲ တစ်ခု ချင်းစီကအစ သေသေချာချာ လုပ်ထားရတာမလို့ အထင်ကြီးမိပါတယ်။ ဒုတိယကတော့ မိသားစုဇာတ်လမ်းပီပီ စိတ်ထားသင်ခန်းစာတွေ၊ မိဘနဲ့ သားသမီးကြားက အထင်အမြင်လွဲပုံလေးတွေ၊ မောင်နှမတွေကြားထဲက အချစ်တွေကို လှလှပပ ကြည့်ရဦးမှာပါ။ အဲဒါနဲ့ပဲ တီဗီဇာတ်လမ်းတွဲတွေ၊ sequel ရုပ်ရှင်တွေ ဆက်ထွက်လာခဲ့တဲ့ အမှိုက်ထဲကရွှေဖြစ်ဇာတ်ကားပေါ့။ ဒီဇာတ်ကားကို Young Sheldon ထဲမှာ မစ်စီ က တဖွဖွ ထည့်ပြောနေတာ သတိထားမိမှာပါ။ Honey I Shrunk the Kids တဲ့။ ဇာတ်လမ်းကတော့ မအောင်မြင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်က အရာဝတ္ထု တွေကို မူလအရွယ်အစားကနေ သေးသွားအောင် ချုံ့ချင်နေတာပါ။ သူ့ရဲ့ရည် ရွယ်ချက်က အာကသခရီးတွေမှာ ပစ္စည်းများများစားစား ယဉ်ပေါ်တင်လို့ ရနိုင် ဖို့ပေါ့။ ဒါပေမဲ့ သူ့စက်က မအောင်မမြင် ဖြစ်နေတုန်း သူ့ရဲ့သားနဲ့သမီးရယ် အိမ်နီးချင်းလင်မယားရဲ့ သားတော်မောင်နှစ်ယောက်ရယ်တို့ဟာ မတော်တဆ စက်ရဲ့ပစ်ကွင်းထဲရောက်ပြီး အချုံ့ခံလိုက်ရပါတယ်။ သိပ္ပံပညာရှင်က ဒါကိုမသိလိုက်ဘဲ ကလေးတွေကို အမှိုက်တွေနဲ့တကွ လှည်း ကျင်း အိတ်ထဲထည့်ပြီး အိမ်နောက်ဖေး ပို့လိုက်ပါသတဲ့။ ပုရွက်ဆိတ်လောက်ပဲ အရွယ်အစားရှိတော့တဲ့ ကလေးတွေဟာ အိမ်နောက်ဖေး ကွင်းပြင်ကို သူတို့အ ရွယ်အစားလေးတွေနဲ့ ခရီးကြမ်းဖြတ်လို့ အိမ်ကိုပြန်၊ ဖခင်ကိုအကူအညီတောင်း ပြီး နဂိုအရွယ်ပြန်ဖြစ်အောင်လုပ်ရမယ့် အဖြစ်ကို သဘောတကျ ကြည့်ရှုရမှာပါ။ ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2.26 GB) / (1.06 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Family Translator…….Arr Khun Winchester Encoder……….SWM

Drama • Comedy • Romance
6.4 1989
Honey, I Shrunk the Kids
Priscilla
7

Priscilla (2023) ~ IMDb – 7/10, RT – 82%, Meta – 78% ~ ဖရန်စစ်ဖို့ဒ်ကော်ပိုလာကြီးကတော့ ၂၀၁၁ကတည်းက ဘာကားမှမထွက်ဘဲ ၂၀၁၉လောက်ကမှ Megalopolis ဆိုတဲ့ ရုပ်ရှင်အသစ်အကြောင်းထအော် သူဒီကားအတွက် ဇာတ်ညွှန်းရေးနေတာ ၁၉၈၀ကတည်းက ဖြစ်ကြောင်း ထအော်ပြီး ပျောက်သွားလောက်တာ အခု ၂၀၂၄ စတော့မယ့်အထိ ပြန်ကိုပေါ်မလာသေးပါဘူး။ Megalopolis ဆိုလည်း ရိုက်ကူးပြီးစီးပြီတော့ကြားပေမဲ့ အခုထိ ပိုစတာတောင် မလာသေးပါဘူး။ ရိုက်ကွင်းမှာလည်း ကော်ပိုလာထုံးစံအတိုင်း တော်တော်ကသောင်းကနင်းဖြစ်ခဲ့တယ်တော့ ကြားထားတာပါပဲ။ သူ့သမီး ဆိုဖီယာကော်ပိုလာကတော့ ၃နှစ်တစ်ကားဆိုသလို ပုံမှန်ရိုက်နေကျအတိုင်း ဒီနှစ်မှာ Priscilla နဲ့ ပြန်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါတော့ A24 က ဖြန့်ဝေပေးထားပါတယ်။ ၁၉၈၅မှာ Elvis Presley ရဲ့မိန်းမ Priscilla Presley က “Elvis and Me” ဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပြီး အဲဗစ်နဲ့ သူ့အကြောင်းကို ရေးသားခဲ့ဖူးတယ်။ ၂၀၂၂ မှာတော့ ဆိုဖီယာကော်ပိုလာက ဒါကို ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ ကြေညာခဲ့တယ်။ ဆိုဖီကာကော်ပိုလာဟာ ဒီစာအုပ်ကို ဖတ်ပြီး တော်တော်လေးထိသွားခဲ့တယ်တော့ ဆိုပါတယ်။ ဘယ်လိုထိသွားသလဲတော့ မသိဘူးပေါ့။ ဒီကားဟာ ပရက်စလေ ဘိုင်အိုဂရပ်ဖီကားတစ်ကားလို့ပြောလို့ရပေမဲ့ Baz Luhrmann ရဲ့ Elvis (2022) နဲ့ ဆန့်ကျင်စွာပဲ ဒီရုပ်ရှင်မှာ အဲဗစ်ရဲ့အောင်မြင်ခဲ့တဲ့ဘဝအကြောင်း သေချာထည့်သွင်းပြသသွားတာမျိုးမရှိဘူး။ အဲဗစ်ရဲ့ စိတ်အမှောင်ဘက်ခြမ်းကို ပိုအသားပေးပြသွားတယ်။ ဆိုဖီကာကော်ပိုလာဟာ သူတို့၂ယောက်ဆက်ဆံရေးထဲကမှ Priscilla ရဲ့ဘက်ကို ပိုပြသချင်ခဲ့ပြီး Priscilla ကို အဲဗစ်က ရုပ်ပိုင်း စိတ်ပိုင်း အနိုင်ကျင့်ခဲ့တာတွေကို ပေါ်လွင်အောင် ပြသချင်ခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ဆိုဖီယာဟာ အဲဗစ်ကို အရမ်းဆိုးဆိုးရွားရွားကြီးတော့ ပြမထားဘူး။ ဒါပေမဲ့လည်း အဲဗစ်ရဲ့သမီးကတော့ သူ့အဖေအကြောင်း ဒီလိုပြသတဲ့ရုပ်ရှင်ကို သဘောမကျခဲ့သလို သူ့အမေဘက်ကမြင်တဲ့ သူ့အဖေအပေါ်အမြင်အကြောင်းလည်း သူစိတ်မဝင်စားဘူးလို့ဆိုခဲ့တယ်။ ဇာတ်ကတော့ အဲဗစ်ကို အမေရိကန်စစ်တပ်က ဂျာမနီမှာ မထမ်းမနေရ စစ်မှုထမ်းခိုင်းတဲ့အချိန်မှာစထားတယ်။ ဒီအချိန်မှာ သူအဆိုတော်အနေနဲ့ တော်တော်လေး အောင်မြင်ပြီးနေပြီ။ တစ်ရပ်တကျေးမှာပဲ ဂျာမနီကို တာဝန်ကျတဲ့ ဗိုလ်မှူးတစ်ယောက်ရဲ့သမီး Priscilla နဲ့တွေ့ပြီး သူချစ်ကျွမ်းဝင်မိခဲ့တယ်။ ပြဿနာကတော့ သူတို့စတွေ့တဲ့အချိန်မှာ Priscilla အသက်က ၁၅နှစ်ပဲရှိသေးတယ်။ ကလေးမလေးကို အဲဗစ်က ကြွေဆင်းသွားခဲ့သလို သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ အဲဗစ်ရဲ့ အရှိန်အဝါကိုလည်း ကလေးမလေးက မလွန်ဆန်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ၁၅နှစ်ကလေးနဲ့ နာမည်ကျော်အဆိုတော်ကြီးတို့ရဲ့ ဇာတ်လမ်းလေးစခဲ့တယ်။ အဲဒီဇာတ်လမ်းကနေမှ Priscilla အတွက် အဲဗစ်နဲ့ပတ်သက်ပြီး ကြုံခဲ့ရတာတွေကို ဆိုဖီယာကော်ပိုလာက ဆက်တင်ပြသွားတယ်။ ပြောရရင် ဒီရုပ်ရှင်မှာ အဲဗစ် နဲ့ Priscilla တို့ရဲ့ အိမ်ထောင်ရေး ဇာတ်လမ်းကို စဆုံးတင်ပြထားတယ်။ အဲဗစ်အဖြစ် ဆိုဖီယာရွေးထားတာက Jacob Elordi… သူ့အဆိုအရတော့ အဲဗစ်နဲ့ တူတဲ့ သရုပ်ဆောင်မျိုးရှိမှာမဟုတ်ပေမဲ့ ဂျက်ကော့ကလည်း အဲဗစ်လို ညှို့ဓာတ်ရှိပြီး မိန်းကလေးတွေသည်းသည်းလှုပ်သဘောကျခံရတဲ့သူမို့ သူရွေးခဲ့တာဆိုတယ်။ Priscilla ရဲ့ ၁၅နှစ်ကနေ ၂၇နှစ်အထိအပိုင်းအခြားကို သရုပ်ဆောင်ရမှာက Cailee Spaeny… သူလည်း ကောင်းခဲ့ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူ မင်းသမီးဆုဆန်ခါတင်ဝင်ထားသေးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကတော့ Priscilla ဟာ “Lost in Translation” နောက်ပိုင်း ဆိုဖီယာကော်ပိုလာရဲ့အကောင်းဆုံးကားလို့ ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူ့အဖေကြီး ဖရန်စစ်ရဲ့ကား ဘယ်တော့ဘယ်ဆီမှ ထွက်မယ်မှန်းလည်းမသိနိုင်တော့ ဘာမှမဆိုင်ပေမဲ့ အဆာပြေ ဆိုဖီယာကော်ပိုလာရဲ့ကားလေးကြည့်ရင်းပဲ စောင့်လိုက်ကြတာပေါ့။ ဆိုဖီယာကော်ပိုလာဟာ ဒီရုပ်ရှင်ကို သူ့ဝသီအတိုင်း အမျိုးသမီးဆန်တဲ့ အမြင်နဲ့ အသက်သွင်းသွားခဲ့တယ်။ ထူးတာကတော့ အဲဗစ်ပရက်စလေရဲ့ ဘိုင်အိုကားလို့ပြောလို့ရပေမဲ့ အဲဗစ်သီချင်းတွေမပါဘဲ ဆိုဖီယာ့ယောက်ျားနဲ့ သူ့ဝိုင်းတော်သားတွေက ဒီရုပ်ရှင်ရဲ့ သီချင်းတွေကို ဖန်တီးပေးထားတယ်။ အောင်မြင်တဲ့ယောက်ျားတွေအကြောင်း ကျွန်တော်တို့ အလုံအလောက်နီးပါးကြည့်ပြီးပါပြီ။ ဆိုဖီယာကော်ပိုလာကတော့ အဲဒီအောင်မြင်တဲ့ယောက်ျားတွေထဲက တစ်ယောက်ဒဏ်ကိုခံခဲ့ရတဲ့ မိန်းမတစ်ယောက်အကြောင်းကို ကျွန်တော်တို့ကို ပြသသွားခဲ့တယ်။ Priscilla ကို ဆိုဖီယာကော်ပိုလာရဲ့ လျှပ်ပြေးဖော်ပြတဲ့ပုံစံအတိုင်းပဲ တင်ပြထားတာမို့ သူ့တင်ဆက်ဟန်ကို သဘောကျတဲ့လူတွေ‌တော့ ကြိုက်ကြမှာပေမဲ့ အားလုံးတော့ ကြိုက်ကြမယ်မထင်ဘူး။ ဒါပေမဲ့လည်း အော်စကာမှာ တစ်နေရာရာက ဝင်ကောင်းဝင်နိုင်တဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်အမြင်တော့ အဲဗစ်ကို ဆိုဖီယာ ပုံဖော်သွားတဲ့ပုံစံက နားလည်ပေးလို့ရသလို သိပ်အဆိုးကြီးတော့လည်း မဟုတ်တာမို့ အဲဗစ်ဖန်တွေလည်း ကြည့်လို့အဆင်ပြေမှာပါပဲ။ Priscilla ရဲ့ တစ်ထောင့်မှာ အချစ်နဲ့အောင်မြင်ခြင်းဟာ ဘယ်တော့မှ ထပ်တူမကျနိုင်တဲ့အကြောင်းတွေကိုလည်း ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ Priscilla Presley အချစ်ဆိုတာ နတ်ပြည်နဲ့ငရဲလက်တွဲထားတဲ့ ကမ္ဘာပဲ Priscilla ရေ မင်းရင်ခုန်ခဲ့တဲ့အချစ်ဟာ မင်းကိုနာကျင်စေခဲ့ပြီ အသက်ရှင်ခြင်းကလည်း ဘယ်လောက်ချစ်နိုင်ခဲ့သလဲ ဘုရားသခင်ပေးတဲ့ ကဗျာပဲ။ ။ ~ သုခမိန်လှိုင် P.S – Special thanks to Sayar Thukhamein Hlaing who wrote this poem exclusively for Channel Myanmar… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4.06GB, 2.15GB, 810MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 53Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

Action
7 2023
Priscilla
Jurassic World
6.9

GOTG ထဲက Starlord သရုပ်ဆောင် Chris Pratt နဲ့ Spiderman ထဲက ဂွမ်သရုပ်ဆောင် Bryce Dallas Howard တို့ ပါဝင်ထားတဲ့ အမိုက်စား ဒိုင်နိုဆောကားကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးထားပြီး Universal Pitcure ကနေ ထုတ်လုပ်ထားပါတယ်။ IMDb 6.9 နဲ့ RT 71% ရရှိထားတဲ့ သိပ္ပံအက်ရှင်ကား ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ ဒီအန်အေတွေကနေတစ်ဆင့် မျိုးဗီဇအင်ဂျင်နီယာ ပညာရပ်နဲ့ သက်ရှိ ဒိုင်နိုဆောတွေကို ဖန်တီးပြီး ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့ အပန်းဖြေဥယျာဉ်ကို တည်ဆောက်ထားပါတယ်။ လာရောက်အပန်းဖြေသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်အသစ်သော ဒိုင်နိုဆောတွေကို မျိုးဗီဇပေါင်းစပ်ပြီး ဖန်တီးလိုက်တဲ့အခါ ဂြိုဟ်ဆိုးစဝင်ပါတော့။ တစ်ဖက်မှာလည်း အိုဝမ်တို့က ရက်ပ်တာ ဒိုင်နိုဆောတွေရဲ့ ဉာဏ်ရည်ကို စမ်းသပ်ဖို့ ရက်ပ်တာသုံးကောင်ကို မွေးမြူလေ့ကျင့်ပေးနေကြတယ်။ ဒီကောင်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုဖို့အတွက် ကွင်းဆင်းစမ်းသပ်ချင်နေတဲ့သူက ရှိနေပြန်ပါတယ်။ အသစ်ဖန်တီးလိုက်တဲ့ ဒိုင်နိုဆော လွတ်ထွက်သွားတဲ့အခါမှာ သူ့အတွက် ဂွင်တွေ့သွားပြီး ပြဿနာတွေက ပိုရှုပ်လာပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှ ကြိုက်တယ်ဆိုသူများအတွက် ဇ ာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်မှာပါပဲ။ ကြည့်ရှုလိုက်ကြပါဦး… File size… 4.7 GB / 1.5 GB / 890 MB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Action/Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by EL MoH

Comedy • Family • Fantasy
6.9 2015
Jurassic World
The Tearsmith
5.5

အီတလီဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ The Tearsmith ဟာ ၂၀၂၄ ဧပြီ ၄ ရက်ကမှ ထွက်ရှိ ထားတာဖြစ်ပါတယ်။ Erin Doom ရေးသားထားတဲ့ The Tearsmith ဝတ္တုကိုအခြေခံပြီး Alessandro Genovesi က ရိုက်ကူးပေးထားတာပါ။ Simone Baldasseroni နဲ့ Caterina Ferioli က ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပြီး Gen Z ပရိသတ်တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** မိဘတွေက ကားမတော်တဆမှုကြောင့်ဆုံးပါးသွားတဲ့အတွက် နီကာဟာ ဂရေ့ဗ်လို့နာမည်ပြောင်ခေါ်ကြတဲ့မိဘမဲ့ဂေဟာကို ရောက်ရှိလာခဲ့ပါတယ်။ ဂရေ့ဗ်မှာ နီကာဟာ သူ့ကိုရင့်ရင့်သီးသီး ဆက်ဆံလေ့ရှိတဲ့ရီဂျယ်ဆိုတဲ့ကောင်လေးနဲ့သာမက သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်လာတဲ့ အာဒဲလင်နဲ့ပါဆုံတွေ့ခဲ့ပါတယ်။ နီကာ အရွယ်ရောက်လာချိန်မှာတော့ မီလီဂန်မိသားစုက ရီဂျယ်နဲ့ အတူမွေးစားဖို့ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ မိသားစုတစ်ခုအမြဲ လိုချင်နေခဲ့တဲ့နီကာဟာ မိဘအသစ်တွေရဲ့မေတ္တာကိုအပြည့်အဝ ရရှိပေမယ့် မပျော်ရွှင်နိုင်သေးဘဲ ဂရေ့ဗ်မှာကြုံခဲ့ရတဲ့နှိပ်စက် ညှင်းပန်းမှုတွေရဲ့အကျိုးဆက်ကိုခံစားနေရဆဲဖြစ်သလို ရီဂျယ်က သူ့ကိုဘာလို့ရင့်ရင့်သီးသီးဆက်ဆံနေခဲ့လဲဆိုတဲ့အကြောင်းရင်းကို သိရှိသွားတဲ့အခါမှာတော့ နီကာဘာဆက်လုပ်မှာလဲဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.25GB / 574MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024
The Tearsmith
Dangerous Evidence
5.8

ဘဝမှာအဆင်ပြေဖို့အတွက် အလွယ်နည်းလိုက်ပြီးပိုက်ဆံရှာချင်တဲ့ မိန်းကလေးတစ်ယောက်ဟာ မပတ်သက်သင့်တဲ့သူနဲ့ပတ်သက်မိပြီး မယူသင့်တဲ့ပစ္စည်းကိုယူခဲ့မိတဲ့အတွက်ကြောင့် လိုက်သတ်ခံနေရတယ်။ ရဲအရာရှိတစ်ယောက်ဟာ မိန်းကလေးကိုကယ်တင်ခဲ့တဲ့အတွက် သူ့သမီးလေးကိုပါ ပြန်ပေးဆွဲခံလိုက်ရတယ်။ အရေးကြီးသက်သေဖြစ်နေတဲ့မိန်းကလေးကို ခေါ်လာပြီး သမီးလေးနဲ့လဲယူလို့ရမယ်လို့ပြန်ပေးသမားတွေကပြောလာတဲ့အခါ…… ပြစ်မှုကျူးလွန်တဲ့ နောက်ကွယ်ကအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ဟာဘာတွေဖြစ်နေမလဲ…… ဘာကြောင့်များ မိန်းကလေးလက်ထဲကသက်သေပစ္စည်းကို လိုချင်နေကြတာဖြစ်မလဲ….. အမှန်တရားနဲ့သမီးလေးကြားမှာ ဘာကိုရွေးရပါ့မလဲ……

5.8 2024
Dangerous Evidence
Kleks Academy
5.5

ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက် ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့ စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်.. ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာ ကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာ တက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီး အလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက် နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာ တက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေး အရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်း မမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာ မသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်း ဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖို ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာ ပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့ အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်း သူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူ မိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့….။ File size…2.15GB / 1.02GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 10m Genre ….. Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • Romance
5.5 2023
Kleks Academy
In October
6

In October (2024) *********************** ဒီတစ်​ခေါက် ရုပ်ရှင်က​တော့ 2024ခုနှစ်မှာ ရိုက်ကူးထားပြီး ထရော့အဆို​တော် Lim Young-woong ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပြီး The Good Bad Mother, My Dearest ထဲက မင်းသမီး Ahn Eun-jin နဲ့ အတူ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ‘In October’ဆိုတဲ့ Short Film လေးပါ။ ဇာတ်လမ်း​အကျဥ်းက​တော့ ​​​ရေ​တွေ​ပျောက်ကွယ်သွားပြီး​ ကူးစက်​ရောဂါတွေ ပျံ့နှံ့​နေတဲ့ Dystopia ကာလကို ​နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ​ရောဂါကူးစက်မခံရဘဲ ​ဘေးနားက လူ​တွေ​သေဆုံးသွားပြီး တစ်ဦးတည်းကျန်ရှိ​နေတဲ့ Lim Young-woong၊ အ​ဖေဖြစ်သူ ​ရောဂါကူးစက်ခံရပြီး ​သေဆုံးသွားလို့ တစ်​ယောက်တည်း ကျန်ရစ်တဲ့ Ahn Eun-jin။ အထီးကျန်မှု ​ကြောက်ရွံ့မှု​တွေနဲ့အတူ ​ခြေဦးတည့်ရာ ခရီးဆက်ရင်း ​တစ်ဦးနဲ့တစ်ဦး ​ဖေးမပြီး ​နေထိုင်ရာက ​နောက်ဆုံး​မှာ ကိုယ့်ချစ်သူက ​ရောဂါကူးစက်ခံလိုက်ရတဲ့အခါ… ဆိုးရွားလွန်းတဲ့အ​ခြေအ​နေမှာ​တောင် အချစ်တွေ မွေးဖွားလာနိုင်ပြီး ဒီအချစ်နဲ့ပဲ ချစ်သူနှစ်ဦး ဘယ်လိုတွေ အားတင်းကျော်ဖြတ်မလဲဆိုတာကို ဆွေးဆွေးမြည့်မြည့်လေးကြည့်ရမဲ့ ဇာတ်လမ်းတိုလေးပဲ ဖြစ်ပါတယ်။ File size…320MB / 120MB Quality…WEB-DL 1080p/ 720p Format…mp4 Duration…. 32m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary

6 2024
In October
My Own Sky aka Apna Asmaan
6.1

Apna Asmaan(2007) “သင်းကွဲငှက်” IMDb 6.1 မင်းသား Arrfan Khan ရဲ့ ဟင်ဒီဒရာမာ ရုပ်ရှင်အဟောင်းလေးကို ပြန်လည်တင်ဆက်လိုက်ပါတယ် ဘူဒီဆိုတဲ့ အော်တင်ဇင် ဝေဒနာရှင်ကလေးဟာ ဉာဏ်ရည်မဖွံဖြိုးတဲ့အတွက် ကျောင်းတွေကလည်း လက်မခံသလို လူတချို့ကလည်း သူ့ကိုအနိုင်ကျင့်ချင်ကြပါတယ် သူ့အဖေအမေတို့ဟာလည်း ဒါကြောင့်ပဲ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတာပေါ့ ဒေါက်တာဆပ်တရာဆိုသူက Brain Booster ဆိုတဲ့ ဆေးတစ်မျိုးကို မျောက်ဝံတွေမှာ စမ်းသပ်တီထွင်လိုက်တဲ့အခါမှာတော့ ဘူဒီ့မိဘတွေဟာ အဲဒီဆေးကို သူတို့သားလေးကို ထိုးပေးခဲ့တယ် ဒီလိုနဲ့ ဉာဏ်ရည်မြင့်တဲ့ကလေးတစ်ယောက် ဖြစ်လာခဲ့ပေမယ့် မထင်မှတ်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဘယ်လိုရှိလာမှာလဲ သူတို့မိသားစု ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့ အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ ~ Alex ~ ToMo တို့ပဲ ဖြစ်ပါတယ်

6.1 2007 110 mins
My Own Sky aka Apna Asmaan
Monster Summer
5.8

Monster Summer ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် PG13 adventure, mystery, horror ပုံစံ ဇာတ်ကာလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Trailler လေး ဖွင့်ကြည့်မိရင် Stranger Things လို Vibes မျိုး ခံစားရမှာဖြစ်ပြီး ဇာတ်လမ်းလေး ကလည်း ဒီလို Vibe မျိုး ခံစားနေရမှာပဲ ဖြစ်ပါတယ်။ အမြည်းပြောပြရရင် Noah တို့ နေထိုင်တဲ့ ကျွန်းလေး နွေရာသီဆို လူတွေ လာလာလည်ကြတဲ့ Vacation ကျွန်းလေးမှာ တစ်နေ့ကျတော့ ဘာကြောင့်မှန်းမသိ ဆယ်ကျော်သက်ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လာပါတယ်။ သူ့ဖခင်လို စွန့်စားခန်းစာရေးဆရာဖြစ်ချင်တဲ့ Noah တစ်ယောက် ဒီ လျှို့ဝှက်စရာကိစ္စတွေကို အငြိမ်းစား ရဲစုံထောက်တစ်ယောက်နဲ့အတူ ဖော်ထုတ်ဖို့ ကြိုးစားရင်း ပြဿနာတွေက ပြေလည်သွားမလား ပိုကြီးလာမလား လျှို့ဝှက်ချက်တွေနဲ့ အနောက်မှာ ဘာတွေ ရှိနေမလဲ စတာတွေကို Mystery ဆန်ဆန် ကြည့်ရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.58GB) / (810MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Adventure , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.8 2024
Monster Summer
100 Girls
5.8

100 Girls (2000) IMDb Rating (5.8) / Rotten Tomatoes (60%) မိန်းကလေးအယောက်တစ်ရာ….။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒီဇာတ်လမ်းမှာ မိန်းကလေးအယောက်တစ်ရာပါခဲ့ပါတယ်။ ဘယ်လိုပါလဲဆိုတော့ မက်သရူးဆိုတဲ့ကောင် ပါတီကနေအပြန် ဓာတ်လှေကားပေါ်မှာကုန်ဆုံးခဲ့ရတဲ့တစ်ညနဲ့စပါတယ်။ မီးပျက်သွားလို့ရပ်နေတဲ့ ဓာတ်လှေကားမှာ မက်သရူး စော်လေးတစ်ဗွေနဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ်။ တစ်ညတာမတ်တပ်ရပ်ခဲ့ရပေမဲ့ စော်လေးကိုချစ်မိသွားတဲ့ မက်သရူးတစ်ယောက် စင်ဒရဲလားကိုလိုက်ရှာရတဲ့မင်းသားလိုပဲ သူ့ဆီမှာကျန်ခဲ့တဲ့ပင်တီတစ်ထည်နဲ့ အဲဒီစော်လေးကို လိုက်ရှာဖို့ဖြစ်လာခဲ့တယ်။ ရှာရမှာကလည်း မိန်းကလေးအယောက်တစ်ရာတောင်ရှိတဲ့ မိန်းကလေးဆောင်မှာ။ မက်သရူးတစ်ယောက် သူချစ်မိသွားတဲ့ကောင်မလေးကို ရှာနိုင်မှာလားဆိုတာကို အဆောင်သူလေးတွေရဲ့အလှကိုငမ်းရင်းခံစားကြည့်ရှုကြပါဦး။ အဖော်အချွတ်များတာနဲ့ စကားပြောရိုင်းစိုင်းလွန်းတာတွေကြောင့် ၁၈နှစ်အောက်ကလေးတွေ မကြည့်ချင်ရင်မကြည့်ကြပါနဲ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(2.9 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:35:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo

5.8 2000 94 mins
100 Girls
The Dog won’t Eat it, but Charlie Laughs
6.7

The Dog won’t Eat it, but Charlie Laughs (2022) Inu mo Kuwane do Charlie wa Warau (2022) *************************************** ယူဂျီရို တာမူရာ နဲ့ ဟီယောရိတို့က အိမ်ထောင်သက် ၄နှစ်ရှိတဲ့ လင်မယားတွေဖြစ်ပြီး လူအများအမြင်မှာ အေးချမ်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားလို့ အများကအားကျတာကို ခံနေရတဲ့ အိမ်ထောင်သည်တွေဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အိမ်ထောင်သက် နှစ်တွေရှည်လာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် အဆိုးမြင်တာတွေ တစ်ဖက်လူရဲ့အမြင်ကို လျစ်လျူရှုမိတာတွေကနေတဆင့် အစိုင်အခဲတွေ ဖြစ်လာပြီး တဖြည်းဖြည်း စစ်အေးတိုက်ပွဲပမာ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟီယောရိရဲ့ သူငယ်ချင်းကပြောပြခဲ့တဲ့ ခင်ပွန်းသည် သေမင်းမှတ်စုဆိုတဲ့ website မှာ ချာလီဆိုတဲ့နာမည်နဲ့ သူ့ရဲ့‌ ယောက်ျားအပေါ် မကျေနပ်ချက်တွေကို ပေါက်ကွဲပါတော့တယ်။ ယူဂျီရိုကလည်း အလုပ်က မိတ်ဆွေတစ်ယောက်ပြလို့ ခင်ပွန်းသည်သေမင်းမှတ်စုအကြောင်းသိသွားပြီး လူကြိုက်များနေတဲ့ ချာလီဆိုတဲ့စာရေးသူရဲ့စာတွေကို သိသွားပြီးတဲ့နောက် သတိထားမိလာရာကနေ သူတို့အိမ်ထောင်ရေးက တဖြည်းဖြည်း ယိုယွင်းသထက် ယိုယွင်းလာခဲ့ပါတယ်။ ဒီလိုယိုယွင်းနေတဲ့ အိမ်ထောင်ရေးကို သူတို့နှစ်ယောက်သား ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦးနော်။ (အညွှန်းကို Cherry မှ ရေးသားထားပါတယ်) File size…1.62GB / 829MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 58m Genre ….. Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Cherry Encoded by AHtet

Drama • Comedy • Romance
6.7 2022 117 mins
The Dog won’t Eat it, but Charlie Laughs